← Chapters

လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာ

Vol. 9 Ch. 127

လျှို့ဝှက်ဆန်းကြယ်သော ကျောက်စာ

Vol. 9 Ch. 127

သူ့ရှေ့ရှိ ရှေးဟောင်းစတိုင်လ်ဆင်မြန်းထားသော အလှလေးကြောင့် ယဲ့ချန်း အံ့ဩမှင်တက်သွားသည်။

ဤနေရာကား မိုတုမြို့ထဲတွင် အခမ်းနားဆုံးဗီလာဖြစ်နေသည်မှာ အံံ့ဩစရာတော့ မဟုတ်ပေ။ ယခုလိုအလှပဂေးအိမ်တော်ထိန်းတစ်ယောက်ပင် ခန့်ထားပေးသည်။

မိုက်လိုက်တာ..

ယဲ့ချန်းလည်း သူ့ရှေ့ရှိ အလှလေးကို အထက်အောက်စုန်ချည်ဆန်ချည် ကြည့်လိုက်မိသည်။ သူ(မ)၏ရုပ်ရည်၊ ကောက်ကြောင်းနှင့် စိတ်နေစိတ်ထားတို့မှာ ထိပ်တန်းအဆင့်ပင်။

ယဲ့ချန်း အလွန်စိတ်တိုင်းကျသွားသည်။

"သခင်..ကျွန်မနာမည်က လင်းဝမ်ယိုပါ။ ရှင့်ကားကို ကားပါကင်ထဲမှာ သွားထားပေးရမလား"

"အတူသွားကြတာပေါ့။ အဲဒါမှ ငါလည်း ဘေးပတ်ဝန်းကျင်နဲ့ ရင်းနှီးသွားမှာ။ ကားထဲဝင်ခဲ့"

"ကောင်းပါပြီ"

လင်းဝမ်ယိုလည်း ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။

ယဲ့ချန်းကတော့ မြေအောက်ကားပါကင်တွင် ကားရပ်လိုက်လေသည်။ မြေအောက်ကားပါကင်မှာ အလွန်ကျယ်ဝန်းလှသဖြင့် ကားပါကင်ဆယ်နေရာစာလောက် ရှိ၏။

လင်းဝမ်ယို၏ လမ်းပြမှုဖြင့် ယဲ့ချန်းတစ်ယောက် ဓာတ်လှေကားထဲသို့ ဝင်လာခဲ့ပြီးနောက် ဧည့်ခန်းဆီသို့ တန်းသွားလိုက်သည်။

ဗီလာတစ်ခုလုံးကို ရှေးဟောင်းစတိုင်လ်ဖြင့် အလှဆင်ထားခြင်းပင်။

ပတ်ဝန်းကျင်ကလည်း အလွန်ကြော့မော့ကာ အခြားတစ်ခေတ်သို့ အလည်ရောက်သွားသလို ခံစားရစေသဖြင့် စိတ်ကို အလွန်တည်ငြိမ်စေသည်။

ထို့ကြောင့်လည်း ဟွားအိမ်တော်ကို ဒိတ်ဒိတ်ကြဲသူဌေးများက ဝယ်ယူထားကြခြင်းပင်။

"သခင်.. ရေချိုးခန်းထဲက ရေကို ရှင့်အတွက် အပူအအေးချိန်ထားပြီးပါပြီ။ အချိန်မရွေး ရေချိုးလို့ရပါတယ်"

"ကောင်းပြီလေ။ ကျေးဇူးပဲ"

လင်းဝမ်ယိုက ပြုံး၍ ပြောလိုက်၏။

"သခင်.. ကျွန်မ ရှင့်ကို ဒီဗီလာကို အရင်လိုက်ပြပါရစေ"

ဗီလာတစ်ခုလုံးတွင် မြေအောက်ခန်းနှစ်ခန်းနှင့် အပေါ်ထပ်သုံးထပ်ရှိ၏။ မြေအောက်ထပ်တွင် ကားပါကင်နှင့် အားကစားခန်းမတို့ရှိပြီး ပထမထပ်တွင် ဧည့်ခန်း၊ ထမင်းစားခန်းနှင့် မီးဖိုချောင်တို့ရှိ၏။ ဒုတိယထပ်တွင်မူ စာကြည့်ခန်းရှိပြီး တတိယထပ်တွင်မူ အိပ်ခန်းရှိသည်။

"ကျွန်မ ရှင့်အတွက် နေ့တိုင်း အခန်းသန့်ရှင်းရေးလုပ်ပေးပြီး မီချယ်လင်းကြယ်သုံးပွင့်အဆင့် အစားအသောက်တွေကို ပြင်ဆင်ပေးမှာပါ။ ရှင့်အဝတ်အစားတွေကိုလည်း နေ့တိုင်းမီးပူတိုက်ပေးမှာမို့ နောက်တစ်ရက်မှာ အမြဲအဆင်သင့်ဖြစ်နေမှာပါ"

ယဲ့ချန်းလည်း မအံ့ဩဘဲ မနေနိုင်တော့ချေ။ ဟွားအိမ်တော်၏အထူးအိမ်တော်ထိန်းက စင်စစ်အံ့ဩဖွယ်ရာပင်။

ဤသည်မှာ အဆင့်အမြင့်ဆုံးဝန်ဆောင်မှုပင်တည်း။

သို့သော် ယဲ့ချန်းမှာ အချိန်အတော်ကြာ တစ်ကိုယ်တည်းသမားဖြစ်လာခဲ့သည့်အတွက် ယခုလိုဂရုစိုက်ခံရခြင်းမျိုးမှာ အနည်းငယ်စိတ်မသက်မသာဖြစ်မိသည်။

သူ ခေါင်းညိတ်ပြလိုက်သည်။

"အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်ကျနေပြီဆိုတော့ မင်းလည်း စောစောနားလိုက်ပါဦး"

လင်းဝမ်ယိုက ပြုံးပြပြီး ပြောလိုက်၏။

"သခင့်ကို အလုပ်အကျွေးပြုဖို့ဆိုတာ ကျွန်မတာဝန်ပါ။ ယဉ်ကျေးနေဖို့မလိုပါဘူး။ လိုအပ်တာတစ်ခုခုရှိရင်သာ ခေါ်လိုက်ပါ။ ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ပါဘူး။ ကောင်းသောညပါ"

ဤသို့ဖြင့် လင်းဝမ်ယိုက ဦးညွှတ်၍ အိပ်ခန်းထဲမှာ ကျက်သရေရှိရှိလေး ထွက်ခွာသွားသည်။

ယဲ့ချန်းလည်း တစ်ခဏမျှတွေးကြည့်လိုက်ပြီးနောက် ရုတ်တရက်ပြောလိုက်လေသည်။

"ဟုတ်သားပဲ ဝမ်ယို.. ကိစ္စတစ်ခုရှိသေးတယ်"

"ဘာမှာကြားစရာရှိလို့လဲ သခင်"

"အမ်..ငါ့ကို သခင်လို့မခေါ်ပါနဲ့။ ကျင့်သားမရဘူးဖြစ်နေလို့။ သခင်လေးယဲ့လို့သာခေါ်ပါ"

"ဟုတ်ကဲ့ သခင်လေးယဲ့"

လင်းဝမ်ယိုလည်း သက်မချ၍ အခန်းထဲမှ ထွက်ခွာသွားလေတော့သည်။

အစတုန်းကတော့ အိမ်ရှင်က လူအိုကြီးတစ်ယောက်ဟု လင်းဝမ်ယို ထင်ခဲ့မိသည်။ ဟွားအိမ်တော်၏ ဗီလာနံပါတ်တစ်ကို ပိုင်ဆိုင်ထားသူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

သို့သော် တစ်ဖက်လူက ငယ်ရွယ်ချောမောသော လူတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရချိန်မှာ သူ(မ) လုံးဝအံ့ဩသွားရ၏။

ယဲ့ချန်း၏ ချောမောခန့်ညားမှုကြောင့် သူ(မ)၏နှလုံးသားလေး တလှပ်လှပ်လှိုက်ဖိုသွားရကြောင်းကိုမူ သူ(မ) မငြင်းသာပေ။

လင်းဝမ်ယိုက လျှောက်ထားသူအယောက်တစ်သောင်းထဲမှာမှ ရွေးချယ်ခံထားရခြင်းဖြစ်သောကြောင့် သူ(မ) မည်မျှထူးခြားသလဲဆိုသည်မှာ သိသာလှ၏။

သူ(မ)အနေနှင့် ယဲ့ချန်းကို ကောင်းကောင်းဝန်ဆောင်မှုပေးမှဖြစ်မည်။ ချောမောခန့်ညားလှသော ဤသခင်ကို စိတ်ပျက်အောင်မလုပ်သင့်ပေ။

ယဲ့ချန်း ပြောင်းရွှေ့လာခြင်းကြောင့် အိမ်တော်ပိုင်ရှင်များအုပ်စုထဲတွင်လည်း အသက်ဝင်လှုပ်ရှားနေချေသည်။

အစ်ကိုထန် : "အစ်ကိုယွင်.. ဗီလာနံပါတ်တစ်ရဲ့ပိုင်ရှင် ရောက်နေပြီလို့ ကျွန်တော်ကြားထားတယ်။ အဲဒီသူဌေးက ဘယ်သူလဲဆိုတာ ခင်ဗျားသိလား"

အစ်ကိုယွင် : "ငါလည်းသိချင်နေတာ။ အစတုန်းက ငါ အဲဒီဗီလာနံပါတ်တစ်ကို ဝယ်ချင်ခဲ့ပေမဲ့ အဲဒီဗီလာကို လျှို့ဝှက်ဆန်းကြယ်တဲ့ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က ကြိုမှာယူထားပြီးသားတဲ့လေ"

အစ်ကိုသုန်း : "အမလေး.. ဗီလာနံပါတ်တစ်ကို အစ်ကိုယွင်ပိုင်တယ်လို့ထင်နေတာ။ ငါတို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဒီလုပ်ငန်းရှင်ကြီးနဲ့ တွေ့ရမှဖြစ်မယ်"

...

နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာစောစောနိုးသောအခါ မွှေးကြိုင်လှသော ရနံ့တစ်ခုကို ရလိုက်သည်။ ထမင်းစားခန်းထဲသို့ ဝင်သွားလိုက်သောအခါ လင်းဝမ်ယိုက မနက်စာကို ပြင်ဆင်ထားပြီးလေပြီ။

သခွားသီးစိတ်များနှင့်အတူ နှမ်းဆီဆော့၊ ခရမ်းသီး၊ ရေဘဝဲလက်တံနှင့် ကောက်ညှင်းတို့ပင်။ အဓိကဟင်းပွဲကမူ ဆန်ပြုတ်တစ်ပန်းကန်နှင့် တို့ဟူးစွပ်ပြုတ်တစ်ပန်းကန်ဖြစ်၏။ ဤသည်မှာ စင်စစ်လက်ရာမြောက်လှသည်။

မနက်စာစားနေရင်း ယဲ့ချန်းထံသို့ လီရုန်ရုန်က ဖုန်းဆက်လာသည်။

"ယဲ့ချန်း အားရဲ့လား။ ကျွန်မကို လာခေါ်ပေးလို့ရမလား"

လီရုန်ရုန်က ရတနာစံအိမ်တော်၏ ပိုင်ရှင်ဖြစ်သောကြောင့် သူ(မ)တွင် ကားတစ်စီးရှိ၏။ သို့သော် ယခုနောက်ပိုင်းတွင် ယဲ့ချန်း၏ကားနှင့်သာ အပြင်ထွက်လေ့ရှိသည်မှာ သူ့ကို စိတ်ဝင်စားနေသောကြောင့် ဖြစ်ဟန်တူသည်။

"ကောင်းပြီလေ။ နာရီဝက်အတွင်း လာခဲ့မယ်"

မနက်စာစားသောက်ပြီးနောက် ယဲ့ချန်းကို လင်းဝမ်ယိုက ဗီလာအပေါက်ဝနားအထိ လိုက်လံပို့ဆောင်ပေးရှာသည်။

သူ့အနောက်ရှိ တင့်တယ်ကြော့မော့လှသော ပုံရိပ်လေးကိုကြည့်ရင်း ယဲ့ချန်း၏စိတ်ထဲ စင်စစ်အံ့ဩဖွယ်ရာတစ်ခုကို ခံစားမိသည်။

ထို့နောက် ကားမောင်း၍ လီရုန်ရုန်၏အိမ်သို့ ရောက်လာခဲ့သည်။

ယနေ့တွင် လီရုန်ရုန်က ပရော်ဖက်ရှင်နယ် OLစကတ်နှင့် အနက်ရောင်ဒေါက်ဖိနပ်ကို ဆင်မြန်းထားပြီး ကိုယ်ကျပ်ဘောင်းဘီဝတ်ဆင်ထားခြင်းမရှိသည့်အတွက် သူ(မ)၏ခြေထောက်များက ဖြူဖွေးသွယ်လျကာ အလွန်မျက်စိပသာဒဖြစ်လှသည်။

ကားထဲသို့ဝင်ပြီး ယဲ့ချန်း၏ မိန်းမောနေလေဟန်အကြည့်ကို မြင်သောအခါ လီရုန်ရုန် ခပ်ဖွဖွပြုံးလိုက်မိသည်။

"ကားဆရာကြီး.. စက်မနှိုးဘူးဆိုရင် ကျွန်မ ရီဗျူးကောင်းကောင်းမပေးတော့ဘူးနော်"

ယဲ့ချန်းလည်း အလျင်အမြန်ကားစက်နှိုးလိုက်ရသည်။

"မင်းရဲ့အဝတ်အစားက အရမ်းဆက်စီကျနေတာပဲ။ ဘာပွဲတက်မလို့လဲ"

လီရုန်ရုန်မှာ ယဲ့ချန်းကို မျက်စောင်းထိုးလိုက်လေတော့သည်။

ကျွန်မက ပွဲတက်ဖို့ ဆက်စီကျကျဝတ်စားလာတာတဲ့လား?

ဒါက ရှင့်အတွက် ဝတ်စားလာတာပါနော်...

သူ(မ)၏စိတ်ထဲမှာတော့ အထွန့်တက်နေမိသော်ငြား လီရုန်ရုန် ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ချန်ပင်း မှောင်ခိုသွင်းခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေထဲမှာ ကျောက်စာတစ်ခုပါတယ်လေ။ ဒီဂူသင်္ချိုင်းက ရှေးဟောင်းသုတေသနပညာရှင်တွေအတွက် အရမ်းအရေးကြီးတယ်လေ။ အဲဒါကြောင့် စာတမ်းဖတ်ပွဲ သွားတက်မလို့"

"အိုး!"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

ထိုကဲ့သို့သော စာပေအခမ်းအနားမျိုးကို ယဲ့ချန်း သိပ်စိတ်မဝင်စားပေ။

လီရုန်ရုန်ကို လိုက်ပို့ပေးပြီးနောက် ယဲ့ချန်း အပြုံးလေးနှင့် ပြောလိုက်လေသည်။

"အလှလေး.. ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးဖို့ မမေ့နဲ့နော်"

လီရုန်ရုန်လည်း ခေါင်းညိတ်ပြ၍ ကြယ်ငါးပွင့်ရီဗျူးပေးလိုက်လေသည်။

[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် hostကို ဂုဏ်ပြုပါတယ်။ တတိယမြောက်ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်(၃/၅)ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ရှေးဟောင်းစာပေကျွမ်းကျင်မှုဖြစ်ပါတယ်]

အမလေး.. ဒီတစ်ခေါက်တော့ ပေါက်တတ်ကရစွမ်းရည်ကြီးတစ်ခုကို ရလိုက်တာပဲ...

ရှေးဟောင်းစာပေကျွမ်းကျင်မှုတဲ့..သေလိုက်ပါတော့။ ငါကဖြင့် ရှေးဟောင်းသုတေသနပညာကိုတောင် စိတ်မဝင်စားတာ..

သို့သော် ယဲ့ချန်းအနေနှင့် ကြယ်ငါးပွင့်ကို သုံးခုရရှိထားပြီဖြစ်ရာ ခရီးသည်မစ်ရှင်ပွင့်ဖို့အတွက် နောက်ထပ်ကြယ်ငါးပွင့်နှစ်ခုသာ လိုတော့သည်ဟု ဖြေသိမ့်နိုင်သေးသည်။

အစည်းအဝေးခန်းသို့ရောက်သော် လီရုန်ရုန် အထဲသို့ ဝင်သွားလိုက်ချိန်မှာပင် အလွန်အမင်းစိတ်ရှုပ်ဖို့ကောင်းသော အသံတစ်သံကို ကြားလိုက်ရသည်။

"ရုန်ရုန် ရောက်လာပြီိလား။ ကိုယ် အခုလေးတင် နည်းပြနဲ့ မင်းအကြောင်းကို ပြောနေတာ"

စကားပြောလိုက်သူမှာ ခုန်းရွှီပင်။

လီရုန်ရုန်ကမူ ခုန်းရွှီကို လျစ်လျူရှုပြီး အကြီးအကဲကိုသာ နှုတ်ဆက်လိုက်သည်။

"ဆရာဖန်း..နေကောင်းရဲ့လား"

"အိုး..ရုန်ရုန် မတွေ့ရတာကြာပြီနော်"

"ဆရာ.. တလောတုန်းက ဆရာနေမကောင်းဘူးလို့ သတင်းကြားလိုက်သေးတယ်။ စာတမ်းဖတ်ပွဲကို ဘာလို့လာတက်နေသေးတာလဲ"

ဖန်းချန်က ချောင်းတဟွတ်ဟွတ်ဆိုးလျက် ပြောလိုက်၏။

"ဒီတစ်ခေါက် ရှာဖွေတွေ့ရှိမှုကြီးက အရမ်းအရေးကြီးတယ်လေ။ ဒီသင်္ချိုင်းစာက ဟန်ဧကရာဇ်ရဲ့ဂူသင်္ချိုင်းက ဖြစ်ဖို့များတယ်။ ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာကတော့ သက္ကတဘာသာစကားနဲ့ ရေးထားတာမို့ စာလုံးတော်တော်များများကို ဘာသာပြန်လို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ပညာရှင်တွေက ဆွေးနွေးဖို့အတွက် စုဝေးနေကြတာ"

ခုန်းရွှီက ပြောလိုက်၏။ု

"ဆရာဖန်း.. စိတ်မပူပါနဲ့။ ပြည်တွင်းက ပညာရှင်တွေအများကြီးရှိနေမှတော့ သေချာပေါက်ဖြေရှင်းနိုင်မှာပါ"

ဖန်းချန်ကား ခေါင်းတညိတ်ညိတ်။

"ငါက ဟန်မင်းဆက်သမိုင်းကို တစ်ချိန်လုံးသုတေသနလုပ်နေခဲ့တာ။ ဒီဧကရာဇ်က အငြင်းပွားစရာအကောင်းဆုံးပဲ။ ပြီးတော့ အရမ်းလည်းပြောင်မြောက်တယ်။ သူသာ အမှန်ဆိုရင် ဒီရှာဖွေတွေ့ရှိမှုက သိပ်အသုံးဝင်တယ်"

စာတမ်းဖတ်ပွဲ စတင်လေပြီ။ သူတို့က ဖန်သားပြင်ထက်တွင် သက္ကတစာသားအပိုင်းအစတစ်ခုကို ဖော်ပြထားလိုက်သည်။

ဟွားနိုင်ငံရှိ ပညာရှင်တော်တော်များများ လာရောက်ကြသော်ငြား ထိုစာကိုမြင်သောအခါ သူတို့အားလုံး ခေါင်းတခါခါလုပ်လိုက်ကြသည်။ အကြောင်းမှာ ထိုကဲ့သို့သောစာလုံးများကို သူတို့ ယခင်က တစ်ခါမှမမြင်ဖူးသောကြောင့်ပင်။

ဤမြင်ကွင်းကိုမြင်သော် အကြီးအကဲဖန်းကလည်း သက်ပြင်းချလိုက်မိသည်။

ထိုအချိန်ဝယ် ဖုန်းရွှီက ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။

"အကြီးအကဲဖန်း..ကျွန်တော် အဖြေတစ််ခုထုတ်နိုင်ပြီ"

ခုန်းရွှီတွင် အဖြေရှိလေကြောင်း ကြားလိုက်ရချိန်၌ အကြီးအကဲဖန်း၏မျက်ဝန်းအစုံမှာ လင်းလက်သွားလေသည်။

"မင်း ဘာအဖြေထုတ်နိုင်လိုက်တာလဲ"

"ဆရာဖန်း.. ကျွန်တော်တို့ရဲ့ရှေးဟောင်းစာပေပညာရှင်တွေအများကြီးက ဒီစာလုံးတွေကို အဖြေမထုတ်နိုင်ကြဘူး။ အဲဒါတွေက စာလုံးတွေလည်း ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ပုံစံကွက်တစ်ခုခုလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ထူးထူးခြားခြားအဓိပ္ပာယ်မရှိတာမျိုးပေါ့"

အကြီးအကဲဖန်းမှာ မျက်မှောင်ကြုတ်လိုက်မိသည်။

"ပုံမှန်ဆိုရင် ဂူသင်္ချိုင်းတွေမှာ ထွင်းထုထားတဲ့ သင်္ချိုင်းစာတွေမှာ ထူးခြားတဲ့အဓိပ္ပာယ်တွေရှိကြတယ်။ သင်္ချိုင်းပိုင်ရှင်ရဲ့ဘဝအကြောင်းကို ဖော်ပြထားတာမျိုးပေါ့။ အဲဒါကြောင့် အဓိပ္ပာယ်မရှိတာတော့ မဖြစ်နိုင်ဘူး"

အစတုန်းကတော့ ခုန်းရွှီက လီရုန်ရုန့်ရှေ့မှာ ဟိတ်ဟန်ထုတ်ပြချင်ခဲ့သော်ငြား အကြီးအကဲဖန်းထံမှ အငြင်းခံလိုက်ရသဖြင့် စိတ်ကျဉ်းကျပ်စွာ ပြန်ထိုင်လိုက်ရသည်။

အကြီးအကဲဖန်းလည်း သက်ပြင်းချမိလေတော့သည်။

"ငါ့တစ်သက် ဟန်မင်းဆက်အကြောင်း သုတေသနလုပ်လာခဲ့တာ။ ဒဏ္ဍာရီဆန်တဲ့ ဒီဧကရာဇ်ရဲ့ထူးခြားဆန်းကြယ်မှုကို မဖော်ထုတ်နိုင်တာတော့ နောင်တရမိတယ်"

အကြီးအကဲဖန်း၏ မျက်ဝန်းထဲရှိ နောင်တအငွေ့အသက်များကို မြင်သောအခါ လီရုန်ရုန်လည်း အတန်ငယ်ဝမ်းနည်းမိသည်။

သူ(မ) ရုတ်ခြည်းဆိုသလို လူတစ်ယောက်ကို အမှတ်ရလိုက်သည်။

ယဲ့ချန်းရော ဒီစာကို ဖတ်နိုင်လောက်လား?

•••••••••••

All Chapters