လေကြောင်းမှပို့ဆောင်ထားသော သစ်သီးများ
Vol. 9 Ch. 129
ဖန်းချန် မေးလိုက်မိသည်။
"အကြီးအကဲဝူ.. ဒီလူငယ်လေးရဲ့ဘာသာပြန်က အကုန်မှန်တယ်လို့ ပြောချင်တာလား"
"ဟုတ်တယ်။ ဟုတ်တယ်။ တစ်လုံးတောင်မလွဲဘူး။ ကျုပ်ကိုယ်တိုင်တောင် ဒီလောက်တိတိကျကျဘာသာမပြန်နိုင်ဘူး။ အကြီးအကဲဖန်း.. ခင်ဗျား ဒီလူငယ်လေးနဲ့ မိတ်ဆက်ပေးရမယ်နော်"
"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် အကြီးအကဲဝူ.. ကျုပ် အဆင်ပြေရင် ခင်ဗျားတို့နှစ်ယောက်ကို မိတ်ဆက်ပေးပါ့မယ်"
ဖုန်းချလိုက်ပြီးနောက်တွင်မူ အစည်းအဝေးခန်းမထဲရှိ လေထုအခြေအနေကား အလွန်ကိုးရိုးကားရားနိုင်လှလေသည်။
အစောကပင် ပညာရှင်ဟုခေါ်သော လူများအားလုံးက ယဲ့ချန်းကို လှောင်ပြောင်ခဲ့ကြသည်။ သို့သော် ယခုမူ ယဲ့ချန်း၏ဘာသာပြန်က အကုန်မှန်နေကြောင်း အတည်ပြုပြီးလေပြီ။
ခုန်းရွှီက ပို၍ပင်ကြောင်အနေချေသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? သူက တက္ကစီဒရိုင်ဘာတစ်ယောက် မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ရှေးဟောင်းစာပေတွေကို နားလည်နေရတာလဲ?
အကြီးအကဲဖန်းကတော့ ယဲ့ချန်း၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
"မစ္စတာယဲ့.. ကျေးဇူးအများကြီးတင်ပါတယ်။ ဒါက ကျုပ်တို့ရှေးဟောင်းသုတေသနသမိုင်းကြောင်းရဲ့ တိုးတက်မှုတစ်ခုပါပဲ"
ယဲ့ချန်းလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ပြဿနာမရှိပါဘူး။ ဒါက ရိုးရိုးလေးပါ။ ယဉ်ကျေးမှုအစဉ်အလာအကြောင်း နည်းနည်းပါးပါးသိတဲ့လူတွေတောင် ဘာသာပြန်နိုင်ပါတယ်"
ထိုနေရာရှိ ပညာရှင်များ : ".."
အကြီးအကဲဖန်းမှာ ခုန်းရွှီကို စူးစူးရဲရဲစိုက်ကြည့်လိုက်လေသည်။
"ခုန်းရွှီ.. မင်း မစ္စတာယဲ့ကို တောင်းပန်သင့်တယ်မဟုတ်ဘူးလား"
အစောကပင် ခုန်းရွှီသည် ယဲ့ချန်းအား လူလိမ်ဟု သမုတ်ခဲ့သည်မဟုတ်ပါလား။
ယခု ယဲ့ချန်း၏ဘာသာပြန်က မှန်ကန်ကြောင်း သက်သေပြပြီးလေပြီဖြစ်ရာ သူလည်း တောင်းပန်သင့်လေသည်။
ခုန်းရွှိီ၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားချေသည်။
သူက အင်တင်တင်ဖြစ်နေသော်ငြား ယဲ့ချန်းရှေ့ကို တိုးသွားလိုက်၏။
"ယဲ့ချန်း တောင်းပန်ပါတယ်"
ယဲ့ချန်းကတော့ နားကို တကုတ်ကုတ်လုပ်ရင်း ပြောလိုက်၏။
"ဘာပြောလိုက်တာလဲ? မကြားရဘူး"
အကြီးအကဲဖန်းက ခုန်းရွှီကို ကန်ထည့်လိုက်လေတော့သည်။
"မင်း ဘာမှမစားထားဘူးလား"
သူ့အလုပ်သင်၏အပြုအမူကြောင့် အကြီးအကဲဖန်းခမျာ အလွန်စိတ်မကျေမနပ်ဖြစ်နေလေသည်။
ကံကောင်းချင်တော့ ယဲ့ချန်းက သဘောထားကြီးရှာသည်။ အကယ်၍ သူစိတ်ဆိုးပြီး ပြန်သွားပါက သူတို့လည်း ကြီးကျယ်မြင့်မြတ်သူတစ်ယောက်နှင့် လွဲချော်ရပေတော့မည်။
ခုန်းရွှီခမျာ အံတင်းတင်းကြိတ်၍ အကျယ်ကြီးပြောလိုက်ရသည်။
"ယဲ့ချန်း ငါမှားသွားပါတယ်"
ပညာရှင်အများကြီးရှေ့မှာ သူ့အမှားကိုဝန်ခံပြီး တက္ကစီဒရိုင်ဘာတစ်ယောက်ကို တောင်းပန်ရခြင်းမှာ သူ့အတွက် အရှက်ကွဲခြင်းတစ်ရပ်ပင်။
ယဲ့ချန်းလည်း ခုန်းရွှီ၏ပခုံးကို ပုတ်လိုက်၏။
"မသိနားမလည်တာက သိပ်ကြောက်ဖို့မကောင်းပါဘူး။ တကယ်ကြောက်ဖို့ကောင်းတာက ပညာမဲ့ခြင်းနဲ့ ပါးစပ်စည်းကမ်းမရှိခြင်းပဲ။ နောက်တစ်ခါကျရင် မင်းနားမလည်ရင် ပါးစပ်က လျှောက်မပြောနဲ့ပေါ့။ သင်ခန်းစာယူလိုက်ပါ"
ဤသို့ဖြင့် ယဲ့ချန်းက ခပ်ဖွဖွပြုံးပြီး ထွက်ခွာရန် ပြင်လေတော့သည်။
ဖန်းချန်က အလျင်အမြန်ပြောလိုက်ရသည်။
"မစ္စတာယဲ့.. ကျုပ်တို့ရှေးဟောင်းသုတေသနဌာနမှာ အလုပ်ဝင်ဖို့ စိတ်ဝင်စားလားမသိဘူး။ ကျုပ်တို့ မင်းကို လစာကောင်းကောင်းပေးမှာပါ"
ဖန်းချန်၏စကားကို ကြားသောအခါ လူတိုင်း သက်ပြင်းမချဘဲ မနေနိုင်ချေ။
ဤလူငယ်လေးက အလွန်ကံကောင်းလှ၏။ အကြီးအကဲဖန်း၏ အသိအမှတ်ပြုမှုဖြင့် တက္ကစီဒရိုင်ဘာဘဝမှ အလားအလားအပြည့်ရှိသော လူမှုဝန်ထမ်းတစ်ယောက်အဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤစကားကိုကြားသော် ခုန်းရွှီလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ဘွဲ့ရပြီးလျှင် ရှေးဟောင်းသုတေသနဌာနတွင် ဆက်နေရန် ကြံရွယ်ထားသော်ငြား အကြီးအကဲဖန်းက သူ့အား အရည်အချင်းမပြည့်ဝဘူးဟုဆိုလေသည်။ သို့သော် ယဲ့ချန်းကိုမူ ကိုယ်တိုင်ကိုယ်ကျဖိတ်ခေါ်နေပေသည်။
တက္ကစီဒရိုင်ဘာတစ်ယောက်အနေနှင့် အတည်တကျအလုပ်တစ်ခု ရလိုက်ပြီဖြစ်ရာ ယဲ့ချန်း ငြင်းဆန်နိုင်လိမ့်မည်မဟုတ်ဟု သူတို့အားလုံး ထင်ထားကြသည်။
သို့သော် ယဲ့ချန်းက ခေါင်းခါယမ်းပြလိုက်သဖြင့် သူတို့အားလုံး အံ့ဩသွားရသည်။
"တောင်းပန်ပါတယ်။ ကျွန်တော် စိတ်မဝင်စားလို့ပါ။ ကျွန်တော့်အိပ်မက်က နေ့တိုင်း ကြယ်ငါးပွင့်ရီဗျူးရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက် ဖြစ်ရဖို့ပါ"
လူတိုင်း : "..."
လီရုန်ရုန်လည်း ယဲ့ချန်းကို တံခါးနားအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
"ယဲ့ချန်း.. ဒီတစ်ခေါက်အတွက် အများကြီးကျေးဇူးတင်ပါတယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မပြောပလောက်ပါဘူး။ ဒီလောက်ရိုးရှင်းတဲ့ကျောက်စာလေးကို ပညာရှင်ဆိုတဲ့လူတွေက ဘာလို့များ နားမလည်လဲဆိုတာ မစဉ်းစားတတ်တော့ဘူး"
လီရုန်ရုန် : "အဲဒါက ရှင့်လို ဉာဏ်ကြီးရှင်တစ်ယောက်အတွက်တော့ ရိုးရှင်းနေမှာပေါ့။ ဒီပညာရှင်တွေက ဒီကျောက်စာတွေကို တစ်ချိန်လုံး သုတေသနလုပ်နေခဲ့ရတာ"
ယဲ့ချန်း သက်ပြင်းချလိုက်မိသည်။
"အာ..ပညာရှင်ဆိုတဲ့လူတွေက.. သူတို့ရဲ့ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါပေတယ်"
လီရုန်ရုန်ကမူ စာတမ်းဖတ်ပွဲကို ဆက်လက်တက်ရောက်ရဦးမည်ဖြစ်၏။ ယဲ့ချန်းကတော့ တက္ကစီဆက်မောင်းနေလိုက်သည်။
နှစ်ခေါက်မှ တက္ကစီဆွဲပြီးနောက် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။
ခေါ်ဆိုသူကား ချန်းဝမ်ပင်။
"ဥက္ကဋ္ဌယဲ့..ခင်ဗျားဘယ်မှာလဲ"
"ဥက္ကဋ္ဌချန်း.. ဘာကိစ္စလဲ"
"ကျုပ် နိုင်ငံခြားကနေ ခရစ္စတယ်စပျစ်သီးနည်းနည်းဝယ်လာခဲ့တယ်။ ဒီစပျစ်သီးတွေကို ဝေးလံခေါင်ဖျားတဲ့ဒေသတွေက ခူးယူလာပြီး လေယာဉ်နဲ့တင်သွင်းတာလေ။ ခင်ဗျား ဒီစပျစ်သီးတွေကို လေးဆယ့်ရှစ်နာရီအတွင်း စားမှဖြစ်မယ်။ မဟုတ်ရင် ပုပ်ကုန်မှာ။ ကျုပ် ခင်ဗျားအတွက် တစ်ဘူးပြင်ထားပေးတယ်"
"ဥက္ကဋ္ဌချန်း..ခင်ဗျားက သဘောကောင်းလွန်းနေပါပြီ"
"လုပ်ရကျိုးနပ်တယ်လေဗျာ။ ဒီတစ်ခေါက် ကျုပ်တို့ကုမ္ပဏီရဲ့ပရောဂျက်က ဥက္ကဋ္ဌယဲ့ရဲ့ကျေးဇူးကြောင့် ရလိုက်တာလေ။ ဒါက ကျုပ်ရဲ့စေတနာလေးပါဗျာ"
ယဲ့ချန်းက ဆို၏။
"ကျုပ်က ကုမ္ပဏီနားမှာဆိုတော့ လာခဲ့လိုက်မယ်လေ"
ကုမ္ပဏီဝင်ပေါက်သို့ ရောက်သောအခါ ချန်းဝမ်က ဘူးကြီးတစ်ဘူးကိုသယ်ထားပြီး နောက်ဖုံးထဲသို့ ထည့်ပေးလေသည်။
"ဥက္ကဋ္ဌယဲ့.. ခင်ဗျား ဒီစပျစ်သီးတွေကို မြန်မြန်စားရမှာနော်။ အမှန်အတိုင်းပြောရရင် ဒီစပျစ်သီးတွေက အရမ်းဈေးကြီးတာ။ တစ်ဘူးကို ငါးရာခြောက်ရာလောက်ပေးရတယ်"
"အင်း..ဥက္ကဋ္ဌချန်း.. ခင်ဗျားက အရမ်းတွေးပေးတတ်တာပဲ"
ယဲ့ချန်းမှာ ထိုစပျစ်သီးများကို သူ့မိဘများကို ပေးရန်အတွက် အိမ်ပြန်တော့မည့်ဆဲဆဲမှာပင် လီယွမ်ယွမ်၏အဖေဆီက ဖုန်းဝင်လာသည်။
"ဟယ်လို ဦးလေးလား"
"ငါပါ..ယွမ်ယွမ် ကျေးဇူးပါပဲ ယဲ့ချန်း"
"အိုး..မင်း သတိရပြီလား"
ယဲ့ချန်း ဝမ်းသာစွာပြောလိုက်၏။
"ဟုတ်တယ်။ ငါ အကုန်သိပြီးပြီ။ ငါ နင့်ကို ကျေးဇူးကြွေးတင်သွားပြီ။ စကားမစပ် ငါ မိုတုမြို့က ရန်အိုက်ဆေးရုံကို ရောက်နေပြီ။ အဲဒါက အိမ်နဲ့နီးတော့ ပိုအဆင်ပြေတယ်လေ"
"တကယ်လား? ငါ နင့်ကို အခုလာတွေ့မယ်လေ"
ယဲ့ချန်းလည်း ဆေးရုံသို့ ရောက်ချလာပြီး ဘူးထဲမှ စပျစ်သီးနှစ်ခိုင်ကို ယူလာခဲ့လိုက်သည်။
လီယွမ်ယွမ်က တော်တော်သက်သာနေလေပြီ။
ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။
"ဒါက မိတ်ဆွေတစ်ယောက်ပေးထားတဲ့ စပျစ်သီးတွေလေ။ ဆေးကြောပြီး စားလိုက်ဦး။ တကယ်အရသာရှိတယ်"
လီယွမ်ယွမ်ကလည်း ကျေးဇူးတင်စကားဆိုလိုက်၏။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်။ ငါ နင့်ကို အများကြီးကျေးဇူးကြွေးတင်သွားပြီ"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြသည်။
"အရင်တုန်းကလည်း နင် ငါ့ကို အများကြီးကူညီပေးထားတာလေ။ ဒီတော့ ကျေသွားပြီ"
ယဲ့ချန်း၏စကားများက လီယွမ်ယွမ်၏နှလုံးသားကို နွေးထွေးသွားစေသည်။
"ယဲ့ချန်း နင် ကုမ္ပဏီတစ်ခုထောင်ထားတယ်ဆို။ ငါ သက်သာလာရင် နင့်ဆီမှာ လာအလုပ်လုပ်မယ်လေ။ ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ လစာမယူတော့ဘူး"
ယဲ့ချန်း မရယ်ဘဲ မနေနိုင်တော့ချေ။
"အရူးမလေး.. ငါက အခု ပိုက်ဆံပြတ်လပ်မနေတော့ဘူးနော်။ နင် အလုပ်လာလုပ်မယ်ဆိုရင် အချိန်မရွေးကြိုဆိုပြီးသားပဲ။ လစာကလည်း ထိပ်တန်းအဆင့်ဖြစ်စေရမယ်"
လီယွမ်ယွမ်၏မိဘများမှာ ယဲ့ချန်းကို အလွန်ကျေးဇူးတင်နေချေသည်။ ခဏမျှစကားစမြည်ပြောဆိုပြီးနောက် ယဲ့ချန်းလည်း ပြောလိုက်၏။
"ဦးလေးနဲ့အန်တီ.. ကျွန်တော် တက္ကစီမောင်းရဦးမှာမို့ နောက်မှပဲ ယွမ်ယွမ့်ကို လာတွေ့ပါတော့မယ်"
ဆေးရုံကမပြန်ခင် ယဲ့ချန်းလည်း လီယွမ်ယွမ်၏ တာဝန်ခံဆရာဝန်ဒေါက်တာလီကို သွားရှာပြီး လီယွမ်ယွမ်ကို စောင့်ရှောက်ပေးဖို့ မှာလိုက်သေးသည်။
ယဲ့ချန်းက အဓိကရှယ်ယာရှင်တစ်ယောက်ဖြစ်ကြောင်း သိနေသည့်အတွက် ဒေါက်တာလီကလည်း ခေါင်းတညိတ်ညိတ်လုပ်ပြလိုက်သည်။
"မစ္စတာယဲ့ စိတ်မပူပါနဲ့။ ကျုပ် မိန်းကလေးယွမ်ယွမ်ကို ဂရုစိုက်လိုက်ပါ့မယ်"
ယဲ့ချန်း ပြန်သွားသောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်က အေးတိအေးစက်သရော်လိုက်၏။
"ဆင်းရဲသားတွေနဲ့ တစ်ခန်းတည်းအတူနေရတာ တော်တော်ကံဆိုးတာပဲ"
လီယွမ်ယွမ်က ဤဆေးရုံသို့ ယာယီပြောင်းရွှေ့လာခြင်းဖြစ်၏။ မိုတုမြို့ရှိ ရန်အိုက်ဆေးရုံခုတင်များမှာ အလွန်ကျပ်တည်းလှသည်ဖြစ်ရာ တစ်ခန်းတည်းတွင် အတူနေကြရသည်။
သို့သော် ဤအခန်းထဲရှိ တစ်ဖက်လူနာမှာ သူဌေးလက်သစ်တစ်ယောက်ဖြစ်ပြီး မိသားစုစည်းစိမ်ကို အမှီပြုပြီး လီယွမ်ယွမ်၏မိသားစုကို အထင်သေးနေပေသည်။
သူ(မ)က အဆက်မပြတ်လှောင်ပြောင်သရော်နေချေသည်။ လီယွမ်ယွမ်တို့မိသားစုက စိတ်နေသဘောထားကောင်းမွန်နေသောကြောင့်သာ မဟုတ်ပါက အစောကတည်းက စကားများပြီးနေလောက်ပြီ။
လီယွမ်ယွမ်လည်း မျက်မှောင်ကြုတ်လိုက်မိပြီး ပြန်ပြောရန် ဟန်ပြင်လိုက်သော်ငြား သူ(မ)၏အမေက တားလိုက်လေသည်။
"ယွမ်ယွမ် လောလောဆယ်တော့ သည်းခံလိုက်ကြရအောင်ပါ။ သမီးလည်း မကြာခင် ဆေးရုံဆင်းရတော့မှာပဲ။ ယဲ့ချန်းကို ဒုက္ခမပေးဘဲ နေကြရအောင်"
ထိုအချိန်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီး၏သမီးက သစ်သီးတချို့ယူ၍ ရောက်ချလာသည်။
"အမေ.. သမီးအတွက် အရှေ့တောင်အာရှလိုင်ချီးသီးတွေ ဝယ်လာခဲ့တယ်။ ဒါတွေကို ဒီမနက်တုန်းကမှ လေယာဉ်နဲ့ပို့ပေးထားတာလေ။ ဒီလက်တစ်ဆုပ်စာလောက်လေးကို ယွမ်ခြောက်ရာပေးရတယ်"
ထိုအမျိုးသမီးက ဂုဏ်မောက်လေဟန်ဖြင့် ပြုံးလိုက်၏။
"မြင်လား? ငါ့သမီးဝယ်လာတဲ့ လိုင်ချီးသီးတွေက နိုင်ငံခြားကမှာထားတာ။ ဟမ့်.. နင်တို့ဆီမှာရှိတဲ့ စပျစ်သီးကို အဲဒီကောင်လေးက ဆေးရုံအပေါက်ဝကနေ ဝယ်လာခဲ့တာပဲဖြစ်မယ်။ အဲဒါတောင် နင်တို့က ရတနာလိုသဘောထားနေကြတာ။ ဆင်းရဲသားတွေများ.. ဘာမဟုတ်တဲ့စပျစ်သီးလေးကိုတောင် ထူးခြားတဲ့အရာတစ်ခုလို သဘောထားနေကြတာ"
ထိုအချိန်မှာပင် ဆေးရုံတံခါး ပွင့်လာပြီးနောက် ဒေါက်တာလီက လှည့်လည်စစ်ဆေးရန်အတွက် သူနာပြုတစ်ယောက်နှင့်အတူ ဝင်လာလေသည်။
ဒေါက်တာလီကိုမြင်သောအခါ လီယွမ်ယွမ်၏အမေက ခပ်မြန်မြန်ပြောလိုက်လေသည်။
"ဒေါက်တာလီ.. စပျစ်သီးလေးစားပါဦး။ ကျွန်မ အခုပဲ ဆေးကြောထားတာ"
ထိုအမျိုးသမီးကြီးက လှောင်ပြုံးပြုံးလိုက်လေသည်။
"နင်တို့က အမှိုက်လို စပျစ်သီးကိုများ ဒေါက်တာလီကို ကျွေးရဲတယ်ပေါ့။ ဒေါက်တာလီ..ကျွန်မရဲ့လိုင်ချီးသီးတွေကို သုံးဆောင်ပါဦး။ ဒါတွေက အရှေ့တောင်အာရှကနေ လေယာဉ်နဲ့တင်ပို့ထားတာ။ အရမ်းချိုတယ်"
••••••••••••••