ပေါက်ကရစည်းမျဉ်းများ
Vol. 9 Ch. 131
လင်းယောင်ယောင်၏ ဆွဲဆောင်ဖမ်းစားဖွယ် အမူအရာကို မြင်သောအခါ ယဲ့ချန်း၏စိတ်ထဲ၌ အတွေးများပြည့်နှက်သွားရသည်။
ဒီကောင်မလေးက ဘာတွေကြံနေတာလဲ?
လင်းယောင်ယောင်က ရုံးခန်းထဲသို့ ပြန်လာခဲ့လိုက်ပြီးနောက် အံ့ဩဖို့ကောင်းလောက်အောင် ရိုးတိုးရွတွဖြစ်ဖို့ကောင်းသည့် ဝတ်စုံကိုဝတ်၍ ပြန်ထွက်လာသည်။
သေစမ်း! ဒါက အရမ်းလန်းလွန်းတယ်!
ချက်ပေါ်အင်္ကျီ၊ အလွန်တိုလှသည့် စကတ်နှင့် သွယ်လျလှသော ခြေတံရှည်တစ်စုံ…
ယဲ့ချန်းမှာ သူ့ရှေ့ရှိ လင်းယောင်ယောင်ကို စိုက်ကြည့်ရင်း လုံးဝကြက်သေသေသွားသည်။
"သွားကြစို့။ ကျွန်မတို့ နေရာကောင်းလေးတစ်ခုကို သွားကြမယ်"
လင်းယောင်ယောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။
ယဲ့ချန်းလည်း လင်းယောင်ယောင်နှင့်အတူ အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ အစတုန်းကတော့ ယဲ့ချန်းက ကားမောင်းချင်ခဲ့သော်ငြား လင်းယောင်ယောင်က သူ့ကို တားလိုက်သည်။
သူ(မ)က ယဲ့ချန်း၏လက်မောင်းကိုချိတ်၍ မြေအောက်ရထားဘူတာရုံထဲသို့ တန်းတန်းမတ်မတ်သွားလေတော့သည်။
ယဲ့ချန်းမှာ အတန်ငယ်အံ့ဩသွားရသည်။ ကားကိုမယူဘဲ မြေအောက်ရထားဘူတာရုံကို ဝင်လာခြင်းမှာ အဘယ်ကြောင့်နည်း။
ဤအချိန်ကား ရုံးတက်ရုံးဆင်းချိန်ဖြစ်သောကြောင့် မြေအောက်ရထားဘူတာရုံတွင် လူများဖြင့် ပြည့်နှက်သွားသည်။
မြေအောက်ရထားစထွက်သည်နှင့် မူမမှန်သောတစ်စုံတစ်ရာကို ယဲ့ချန်း သတိထားမိလိုက်သည်။
လင်းယောင်ယောင်က ယဲ့ချန်း၏ပခုံးထက်တွင် မှီတွယ်ထားရင်း တီးတိုးဆိုလာသည်။
"ကျွန်မပြောတဲ့နေရာက ဒီနေရာလေ.."
ဒီနေရာလား?
ယဲ့ချန်း တဒင်္ဂမျှ မှင်တက်သွားသည်။ သို့သော် ထို့နောက်တွင်မူ လင်းယောင်ယောင်၏လက်က ထင်မှတ်မထားသော တစ်စုံတစ်ရာကို လုပ်လာသည့်အတွက် ကြက်သီးတဖြန်းဖြန်းထသွားရသည်။
ဟစ်!
ဒါက များလွန်းသွားပြီ…
လင်းယောင်ယောင် ပျော်တတ်ပါးတတ်လိမ့်မည်ဟု ယဲ့ချန်း လုံးဝထင်မထားချေ။
….
ဂိတ်ဆုံးသို့ရောက်မှသာ သူတို့နှစ်ယောက်သား မြေအောက်ရထားထဲမှ ဆင်းလာခဲ့လိုက်သည်။
ယဲ့ချန်းက အောင်နိုင်သူတစ်ယောက်အလား ပြုံးနေလေသော လင်းယောင်ယောင်ကို ကြည့်လိုက်မိသည်။
"မင်း ဒါကို ဘယ်ကသင်လာတာလဲ"
လင်းယောင်ယောင်ကမူ ခေါင်းခါပြ၍ ကလူကျီစယ်လေဟန် ပြုံးလိုက်၏။
"ကျွန်မကိုယ်တိုင် တီထွင်ထားတာ။ ရှင်က အဲဒါကိုခံစားနိုင်တဲ့ ပထမဆုံးလူပဲ။ ဒါပေမဲ့ နောက်ဆုံးလူလည်း ဖြစ်လိမ့်မယ်လို့ထင်တယ်။ အံ့ဩသွားလား"
"အရမ်းမိုက်တယ်"
အဆုံးမှာတော့ ယဲ့ချန်း နားလည်လိုက်လေပြီ။ မိန်းကလေးတစ်ယောက် ပိုလှလေလေ ပို…
"ဟားဟား.. ရှင် ထပ်ကစားနိုင်သေးလား"
ယဲ့ချန်းက ပြောလိုက်သည်။
"ဒါပေါ့။ ငါတို့ အပြန်ရထားကို စီးရဦးမှာမလား"
လင်းယောင်ယောင်လည်း မစနောက်ဘဲ မနေနိုင်တော့ပေ။
"ရှင် မရတော့ရင် အရှုံးပေးလို့ရတယ်နော်"
ယဲ့ချန်းက အေးတိအေးစက်လှောင်ရယ်လိုက်သည်။
"အရှုံးပေးရမှာတဲဓ့လား။ ငါက မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီး အရှုံးပေးရမှာလဲ။ ငါ့အစွမ်းအစကို အခုချက်ချင်းထုတ်ပြမယ်"
သိပ်မကြာခင်မှာပင် ရထားရောက်လာပြီး လူနှစ်ယောက်မှာ မြို့သို့ပြန်ရန်အတွက် အပြန်ရထားကို စီးလိုက်ကြရသည်။
ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့လည်း မြေအောက်ရထားဘူတာရုံသို့ ပြန်ရောက်လာခဲ့သည်။
မြေအောက်ရထားက ငါးမိနစ်အတွင်း ရောက်လာမည်ဖြစ်လေရာ ယဲ့ချန်းက ဆို၏။
"ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်"
ယဲ့ချန်းက သန့်စင်ခန်းထဲသို့ ရောက်သောအခါ စနစ်ကို တိတ်တဆိတ်ဖွင့်ကြည့်လိုက်သည်။
"ယောကျ်ားစွမ်းအားတိုးဆေးရည်၊ တစ်သန်း"
ယဲ့ချန်းမှာ တွေဝေတုံ့ဆိုင်းမနေဘဲ ဝယ်ယူပြီးနောက် သောက်ပစ်လိုက်သည်။
ယခင်တုန်းကဆိုလျှင် ယဲ့ချန်းမှာ ဆေးရည်တစ်ခုအတွက်နှင့် ပိုက်ဆံတစ်သန်းကို သုံးလိမ့်မည်မဟုတ်။ သို့သော် ယခုမူ မတူတော့ပေ။
ယဲ့ချန်းတွင် သန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီဖြစ်၏။ တစ်သန်းဆိုသည်မှာ သူ့အတွက်တော့ တစ်ရာနှင့် မခြားတော့ပေ။
ဤသည်မှာ ယောကျ်ားမာနနှင့် သက်ဆိုင်သော ကိစ္စပင်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းက ထိုမိန်းကလေးက သူ့အား လှောင်ပြောင်ရယ်မောခဲ့သည်။ ထို့ကြောင့် ဤတစ်ခေါက်တော့ သူ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်မှဖြစ်မည်။
မြေအောက်ရထား ရောက်လာသောအခါ လင်းယောင်ယောင်နှင့် ယဲ့ချန်းတို့လည်း ရထားပေါ် တက်လိုက်ကြသည်။
သူတို့ စုစုပေါင်း မှတ်တိုင်အခုနှစ်ဆယ်ကို စီးခဲ့ကြရသည်။
လင်းယောင်ယောင်ခမျာ ယဲ့ချန်း၏ကူညီဖေးမမှုဖြင့် ရထားပေါ်က ဆင်းခဲ့ရသည်။
"ကြမ်းတမ်းလိုက်တဲ့လူ.. မိန်းကလေးတွေအပေါ် ညင်သာရမယ်ဆိုတာ ရှင် နားမလည်ဘူးလား"
ယဲ့ချန်း၏မျက်နှာထက်တွင် ဘဝင်ခိုက်နေလေဟန် အမူအရာတစ်ခု ရှိနေပေသည်။
"အခု ငါက ဘယ်လောက်အံ့ဩဖို့ကောင်းလဲဆိုတာ သိပြီမလား"
ယဲ့ချန်းက လှည့်ကွက်တစ်ခုကို သုံးထားလိမ့်မည်ဟု လင်းယောင်ယောင် ထင်မထားပေ။
သူတို့နှစ်ယောက်သားလည်း ကားပါကင်ကိုသွားလိုက်ကြသည်။ ယဲ့ချန်းက ပြုံးလျက် ဆိုလိုက်လေသည်။
"မင်းကို ဈေးဝယ်ထွက်ဖို့ ခေါ်သွားပေးမယ်"
ယခုရက်ပိုင်းအတွင်း လင်းယောင်ယောင်မှာ ကုမ္ပဏီတည်ထောင်ရေးကိစ္စများနှင့် အလွန်အလုပ်များနေသည့်အပြင် ယနေ့တွင်လည်း သူ့အား ကောင်းစွာဆက်ဆံခဲ့ရသည်။
ယဲ့ချန်းလည်း လင်းယောင်ယောင်အား ဆုချရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"မင်း ဘယ်သွားချင်လဲ"
ယဲ့ချန်း မေးလိုက်လေသည်။
"ပင်ကျန်းစင်တာကို သွားကြရအောင်"
ပင်ကျန်းစင်တာဆိုသည်မှာ မိုတုမြို့ထဲတွင် အကြီးဆုံးဈေးဝယ်စင်တာတစ်ခုဖြစ်ပြီး ဇိမ်ခံဘရန်းအားလုံးကို ထိုနေရာတွင် တွေ့ရှိနိုင်သည်။
ထို့ပြင် ထိုဈေးဝယ်စင်တာကား အဆင့်မြင့်ပြီး ဂန္ဒဝင်ဆန်လှသည်။ ထိုနေရာမှာ မိုတုမြို့ရှိ အထက်တန်းလွှာများအတွက် အကောင်းဆုံးဈေးဝယ်စင်တာတစ်ခုပင်။
"ကောင်းပြီလေ။ ပင်ကျန်းစင်တာကို သွားကြစို့"
ယဲ့ချန်းလည်း ပင်ကျန်းစင်တာသို့ မောင်းလာခဲ့ပြီးနောက် ပါကင်ထိုးလိုက်သည်။ လင်းယောင်ယောင်က သူ(မ)၏ဖုန်းကို ထုတ်ယူလိုက်သည်။
"ရှင် ကျွန်မကို ဈေးဝယ်လိုက်ပို့တဲ့အနေနဲ့ ကျွန်မ ရှင့်ကို ကြယ်ငါးပွင့်ရီဗျူးပေးမယ်"
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ လေးခုမြောက်ကြယ်ငါးပွင့်(၄/၅)ကို အသက်သွင်းနိုင်ခဲ့ပါပြီ။ ဆုလာဘ်ကတော့ ပင်ကျန်းဈေးဝယ်စင်တာဖြစ်ပါတယ်]
ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။ သူ့နာမည်အောက်တွင် နောက်ထပ်ဈေးဝယ်စင်တာတစ်ခု ရောက်လာခြင်းမှာ အလွန်မြန်လွန်းလှ၏။
ပင်ကျန်းဈေးဝယ်စင်တာဆိုသည်မှာ စတိုးဆိုင်ပေါင်း တစ်ထောင်နီးပါးရှိသော အဆင့်မြင့်ဈေးဝယ်စင်တာကြီးတစ်ခုဖြစ်ပြီး ဇိမ်ခံဘရန်းများနှင့်လည်း ပြည့်နှက်နေသေးသည်။
ယဲ့ချန်း နှစ်စဉ်နှစ်တိုင်း သန်းပေါင်းများစွာကို အသာလေးရနိုင်သည်။
ဤဆုလာဘ်ကိုတော့ ယဲ့ချန်း တကယ်သဘောကျမိသည်။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်ဆိုသူကား လင်းဝမ်ယိုပင်။
"မစ္စတာယဲ့.. အခုပဲ ပင်ကျန်းဈေးဝယ်စင်တာက ဖုန်းဝင်လာပါတယ်။ ရှင် ပင်ကျန်းဈေးဝယ်စင်တာက ရှယ်ယာတွေကို ဝယ်ယူလိုက်တဲ့အတွက် ပင်ကျန်းဈေးဝယ်စင်တာရဲ့ ပိုင်ရှင်ဖြစ်သွားပြီတဲ့"
ဖုန်းတစ်ဖက်ရှိ လင်းဝမ်ယိုမှာ ယဲ့ချန်းကြောင့် အံ့ဩမှင်တက်နေချေသည်။ သူ(မ)၏ဘော့စ်က အလွန်အံ့ဖွယ်ကောင်းလှသည်။ မိုတုမြို့ထဲရှိ အကြီးဆုံးဈေးဝယ်စင်တာကို အသာလေးဝယ်ယူနိုင်သည်။
"သိပြီ"
ယခုမူ ယဲ့ချန်းတွင် ဖုန်းနှစ်လုံးရှိသောကြောင့် ဖုန်းတစ်လုံးကို သူနှင့်ရင်းနှီးသော မိန်းကလေးများအတွက် ထားပြီး ကျန်တစ်လုံးကိုမူ လင်းဝမ်ယိုခေါ်ရန်အတွက် သီးသန့်ထားသည်။ ဤသည်မှာ အလုပ်ကိစ္စသီးသန့်ဖြစ်၏။
လုပ်ငန်းကိစ္စတော်တော်များများကို လင်းဝမ်ယိုကပင် ကိုင်တွယ်ဖြေရှင်းပေးရသည်။
MITစီးပွားရေးပါရဂူဘွဲ့ရတစ်ယောက်ဖြစ်သော လင်းဝမ်ယိုက ယဲ့ချန်းအတွက် နေ့စဉ်လုပ်ငန်းဆောင်တာများကို ယုံကြည်စိတ်ချစွာ လုပ်ဆောင်ပေးသည်။
"ခုနတုန်းက ပင်ကျန်းလုပ်ငန်းစုရဲ့ဥက္ကဋ္ဌချန်းဟူ ဖုန်းဆက်သေးတယ်။ သူက ဒီည ရှင့်ကို ညစာစားဖို့ ဖိတ်ချင်လို့တဲ့"
"ပင်ကျန်းလုပ်ငန်းစုက ပင်ကျန်းဈေးဝယ်စင်တာကို စီမံခန့်ခွဲရတဲ့ လုပ်ငန်းစုမလား"
"ဟုတ်ပါတယ်။ ကြည့်ရတာတော့ သူတို့ရဲ့ဘော့စ်က ပိုင်ရှင်အပြောင်းအလဲကြောင့် သူတို့ကုမ္ပဏီကို အစားထိုးခံရမှာစိုးနေပုံပဲ။ အဲဒါကြောင့် ရှင်နဲ့ရင်းနှီးချင်နေတာလေ"
ယဲ့ချန်းက ဆို၏။
"ငါမအားဘူးလို့ ပြောလိုက်။ နောက်မှပဲ ရက်သတ်မှတ်ကြမယ်လို့"
"ဟုတ်ကဲ့ပါ သခင်လေး"
ဖုန်းချလိုက်ပြီးနောက် ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့နှစ်ယောက်မှာ ပင်ကျန်းဈေးဝယ်စင်တာ၏ အဝင်ဝသို့ သွားလိုက်သည်။
အဝင်ဝ၌ စကားများရန်ဖြစ်သံများကို ကြားနေရသည်။
"အစ်ကို.. ကျွန်တော့်ကို အထဲဝင်ခွင့်ပေးပါ။ ဖောက်သည်တစ်ယောက်က ဒီဆိုင်ကနေ လက်ဖက်ရည်မှာထားတာ။ ကျွန်တော် အချိန်မီပို့မပေးနိုင်ရင် ရီဗျူးမကောင်းဘဲနေလိမ့်မယ်"
"မရဘူး။ ငါတို့ကုမ္ပဏီရဲ့စည်းမျဉ်းအရ ပစ္စည်းပို့သမားတွေကို ဈေးဝယ်စင်တာထဲကို ဝင်ခွင့်မပေးဘူး"
"ဒါပေမဲ့ မနေ့တုန်းကတောင် ကျွန်တော် ဝင်လို့ရတယ်လေ"
"ဒါက ငါတို့ရဲ့ဥက္ကဋ္ဌစွန်း အသတ်ချမှတ်လိုက်တဲ့စည်းမျဉ်းပဲ။ အားနာပေမဲ့ ငါလည်း ဘာမှမတတ်နိုင်ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ထိုပစ္စည်းပို့သမားလေးကို သတိထားမိလိုက်သဖြင့် ယဲ့ချန်း ခဏမျှကြက်သေသေသွားလေသည်။
"ဆရာလီ.. ခင်ဗျားက တက္ကစီမောင်းနေတာမဟုတ်ဘူးလား။ ဘာလို့ အစားအသောက်တွေလိုက်ပို့နေတာလဲ"
လီရှန်းလည်း ယဲ့ချန်းကို မြင်လိုက်ရသည့်အတွက် အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက အာမန်နီအနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး မိန်းမလှလေးတစ်ယောက်ကလည်း သူ့ဘေးတွင် ရှိနေလေသည်။
သူ အောင်မြင်သွားသည်မှာ သိသာလှ၏။
"ချန်းဇီ..မင်းလားကွ? ကြည့်ရတာ မင်း အဆင်ပြေနေပုံပဲ။ ငါ့ထက် သာပါ့ကွာ။ ငါကတော့ ကားတိုက်မှုတစ်ခုဖြစ်လို့ ကားလည်း သုံးစားလို့မရတော့တာနဲ့ အကြွေးတင်နေတယ်။ အခု စားဝတ်နေရေးအတွက် အစားအသောက်လိုက်ပို့နေရတာ"
"အစ်ကိုလီ ဘယ်လိုဖြစ်ရတာလဲ"
လီရှန်းက ဒေါသတကြီး ပြောလိုက်လေသည်။
"ပင်ကျန်းဈေးဝယ်စင်တာက အရင်တုန်းကတော့ ငါတို့ကို အစားအသောက်ဝင်ပို့ခွင့်ပေးပါတယ်။ ဒါပေမဲ့ ဒီနေ့ကျတော့ ငါတို့ကို ဝင်ခွင့်မပေးဘူးတဲ့။ ငါက အမှာစာကို လက်ခံထားပြီးပြီ။ တကယ်လို့ အချိန်မီမပို့ပေးနိုင်ရင် ရီဗျူးကောင်းကောင်းရမှာမဟုတ်ဘူး"
ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိပြီး လုံခြုံရေးအစောင့်ကို မေးလိုက်၏။
"ပစ္စည်းပို့သမားတွေကို အထဲဝင်ခွင့်မပေးဘူးဆိုတာ ဘယ်သူက စည်းကမ်းသတ်မှတ်ထားတာလဲ"
"ငါပဲ!"
အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာချေသည်။ လူငယ်လေးတစ်ယောက်က အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေကိုင်းတပ်မျက်မှန်ကိုတပ်ကာ မောက်မောက်မာမာ လျှောက်လှမ်းလာသည်။
လုံခြုံရေးများက ထိုလူငယ်ကိုမြင်သောအခါ ဦးညွှတ်လိုက်ကြသည်။
"မင်္ဂလာပါ မန်နေဂျာစွန်း"
"ငါတို့က အဆင့်မြင့်ဈေးဝယ်စင်တာတစ်ခုပဲ။ ဒီနေရာကိုလာတဲ့လူတွေကလည်း အထက်တန်းလွှာတွေ။ ဒီပစ္စည်းပို့သမားတွေက ငါတို့ဖောက်သည်တွေရဲ့ခံစားချက်ကို ထိခိုက်စေနိုင်တယ်။ နောက်နောင်ဆိုရင် ဒီလိုပစ္စည်းပို့သမားတွေအတွက်နဲ့ လေကုန်ခံမနေနဲ့။ ဒီအတိုင်းမောင်းထုတ်လိုက်"
စွန်းထောင်က အေးတိအေးစက်ပြောလိုက်၏။
ယဲ့ချန်းမှာ ထိုစကားကိုကြားသော် မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီတော့ အခုလိုပေါက်ကရစည်းမျဉ်းတွေချထားတာက မင်းကိုး"
••••••••••••••