← Chapters

ဘယ်သူက ပိုချမ်းသာလဲဆိုတာ ယှဉ်ပြိုင်ခြင်း

Vol. 9 Ch. 133

ဘယ်သူက ပိုချမ်းသာလဲဆိုတာ ယှဉ်ပြိုင်ခြင်း

Vol. 9 Ch. 133

စွန်းထောင်ခမျာ ပါးရိုက်ခံလိုက်ရသည့်အတွက် ရုတ်ခြည်းအံံ့အားသင့်သွားသည်။

"ဥက္ကဋ္ဌချန်း..ကျွန်တော်မှားသွားပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကုမ္ပဏီရဲ့ကောင်းကျိုးအတွက် လုပ်ခဲ့တာပါ"

"ပေါက်ကရတွေ စွန်းထောင်.. မင်းကိုအလုပ်ထုတ်လိုက်ပြီ။ ငွေစာရင်းရှင်းပြီးတာနဲ့ အခုချက်ချင်းထွက်သွားတော့"

ချန်းဟူက ဒေါသတကြီး အော်ပြောလိုက်၏။

ကုမ္ပဏီရဲ့ကောင်းကျိုးအတွက်တဲ့လား?

ငါ့ကုမ္ပဏီက မင်းကြောင့် ပျက်ကိန်းဆိုက်တော့မလို့ကွ..

ချန်းဟူ၏စကားကို ကြားသောအခါ စွန်းထောင်၏ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပုံခနဲလဲကျသွားလေတော့သည်။

ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ?

"ဦးလေးချန်း..ကျွန်တော့်အဖေရဲ့မျက်နှာကို ထောက်ထားပြီးတော့ ကျွန်တော့်ကို နောက်တစ်ကြိမ်အခွင့်အရေးပေးပါဗျာ"

ချန်းဟူက အေးတိအေးစက်သရော်လိုက်၏။

"မင်းကို အခွင့်အရေးပေးရမှာလား။ ဒါဆို ငါတို့ပင်ကျန်းလုပ်ငန်းစုမှာ ဘာအခွင့်အရေးမှ မရှိတော့ဘဲ နေလိမ့်မယ်"

ဤသို့ဖြင့် ချန်းဟူက စွန်းထောင်ကို ဘေးဘက်သို့ကန်ထုတ်၍ လုံခြုံရေးအစောင့်များကို ပြောလိုက်၏။

"ဒီကောင့်ကို ဆွဲထုတ်သွားကြစမ်း"

စွန်းထောင်၏အဖေက ချန်းဟူနှင့် အဆက်အသွယ်ရှိထားသောကြောင့်လည်း အထွေထွေလက်ထောက်မန်နေဂျာရာထူးသို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။

ထင်မှတ်မထားပါဘဲ ဤလူမှာ ယဲ့ချန်းကို စော်ကားမိသွားမှန်း မသိရှာပေ။ ထို့ကြောင့် ယဲ့ချန်းကို စိတ်ကျေနပ်စေရန်အတွက် သူ့ကို ဖယ်ရှားပစ်လိုက်ရသည်။

စွန်းထောင်က လုံခြုံရေးများ၏လက်ထဲမှ ရုန်းထွက်လာပြီးနောက် ယဲ့ချန်းရှေ့တွင် ဒူးထောက်လိုက်၏။

"မစ္စတာယဲ့.. ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ခင်ဗျားကို အထင်သေးခဲ့မိတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။ အဲဒါမှ ကျွန်တော် အလုပ်ထုတ်မခံရမှာ"

ယဲ့ချန်းက စွန်းထောင်ကို အေးတိအေးစက်စိုက်ကြည့်လိုက်သည်။

"မင်းလိုလူတစ်ယောက်သာ အထွေထွေလက်ထောက်မန်နေဂျာဖြစ်နေမယ်ဆိုရင် ဒီကုမ္ပဏီက အဲဒီလောက်မဟန်ဘူးဆိုတဲ့သဘောပဲ"

ချန်းဟူနှင့် အခြားရှယ်ယာရှင်များမှာ ယဲ့ချန်း၏စကားကြောင့် အနည်းငယ်တုန်လှုပ်သွားကြသည်။

"မင်းတို့က ဘာစောင့်နေတာလဲ။ ဒီကောင့်ကို ဒီနေရာကနေ ချက်ချင်းဆွဲထုတ်သွားကြလေ"

ချန်းဟူက အော်ပြောလိုက်၏။

လုံခြုံရေးတချို့ကလည်း စွန်းထောင်အား ဝရုန်းသုန်းကားဖြင့် ဆွဲခေါ်သွားကြလေသည်။

ချန်းဟူခမျာ ယဲ့ချန်းရှေ့သို့ အတုန်တုန်အယင်ယင်ဖြင့် ရောက်ချလာသည်။

"ဥက္ကဋ္ဌယဲ့.. စိတ်ချပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့စံချိန်စံနှုန်းနဲ့ကိုက်ညီအောင် အစစအရာရာပြင်ဆင်ပေးပါ့မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျားတို့ရဲ့စီမံခန့်ခွဲပုံကို ကြည့်ရသေးတာပေါ့။ ပစ္စည်းပို့သမားတွေကို ဝင်ခွင့်မပေးတဲ့ကိစ္စကနေ အရင်စလိုက်"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ချန်းဟူလည်း သူ့ချွေးများကို သုတ်လိုက်ပြီးနောက် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။ ကျုပ် စင်တာထဲကို ပတ်ကြည့်လိုက်ဦးမယ်။ ကျုပ်ကို လာမနှောင့်ယှက်ကြနဲ့"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ချန်းဟူနှင့် အခြားရှယ်ယာရှင်များလည်း ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကြ၏။

ယဲ့ချန်းမှာ တစ်စုံတစ်ရာကို ရုတ်တရက်သတိရလိုက်မိသည်။

"စကားမစပ်.. အခု ခင်ဗျားတို့ရဲ့အထွေထွေလက်ထောက်မန်နေဂျာရာထူးက လစ်လပ်နေတယ်မလား"

ချန်းဟူက ခေါင်းညိတ်ပြ၍ ပြောလိုက်၏။

"ဟုတ်ပါတယ် ဥက္ကဋ္ဌယဲ့.. ခင်ဗျားမှာ ညွှန်ကြားစရာတစ်ခုခုများရှိလို့လား"

ယဲ့ချန်းက လီရှန်းကို လှမ်းကြည့်လိုက်၏။ ယဲ့ချန်း တက္ကစီမောင်းခဲ့စဉ်အခါတုန်းက လီရှန်းက သူ့အား မကြာခဏ ခရီးသည်ရှာပေးခဲ့ဖူးသည်။

ယဲ့ချန်းလည်း ပြောလိုက်၏။

"တာ့ရှန်း.. ခင်ဗျား ဒီကုမ္ပဏီရဲ့ အထွေထွေလက်ထောက်မန်နေဂျာရာထူးကို စိတ်ဝင်စားလား"

လီရှန်းခမျာ ကြက်သေသေသွားရပြီး သူ့ကိုယ်သူလက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ယဲ့ချန်း မင်း ငါ့ကိုပြောနေတာလား"

"ဟုတ်တယ်လေ"

ယဲ့ချန်းလည်း ပြုံးပြုံးကြီး ခေါင်းညိတ်ပြလိုက်သည်။

"စိတ်ဝင်စားတာပေါ့"

လီရှန်းမှာ အပျော်လွန်သွားလေတော့သည်။

လီရှန်း၏မိသားစုက ခက်ခဲနေရှာသည်။ သူ့မိန်းမက နာမကျန်းဖြစ်နေပြီး သူ့ကလေးများကလည်း ကျောင်းတက်နေဆဲပင်။ ထို့ပြင် တက္ကစီမောင်းရသည်မှာ သူတို့၏ဘဝများကို မဖူလုံစေနိုင်ပေ။

ကားအက်ဆီးဒင့်ဖြစ်ပြီးနောက် သူ့မှာ တစ်ဖက်လူကို ငွေပမာဏအများကြီး လျော်ပေးခဲ့ရသည့်အပြင် သူ့ကားကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် သူတို့အခြေအနေမှာ ပိုဆိုးဝါးလာခဲ့သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလျက် ချန်းဟူကို ပြောလိုက်၏။

"အစ်ကိုလီကို လစ်လပ်ရာထူးမှာ ခန့်ထားပေးဖို့ စီစဉ်လိုက်ပါ"

"ဟုတ်ကဲ့..ဟုတ်ကဲ့ ကျွန်တော် HRဌာနကိုမေးမြန်းပြီး ချက်ချင်းစီစဉ်လိုက်ပါ့မယ်"

ချန်းဟူမှာ ခေါင်းတဆတ်ဆတ်ညိတ်ပြနေချေသည်။

လီရှန်းကတော့ ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်၏။

"ချန်းဇီ.. ကျေးဇူးပါပဲကွာ။ မင်းက ငါ့မိသားစုရဲ့ကယ်တင်ရှင်ပါပဲ"

ယဲ့ချန်းမှာ လီရှန်းကို အမြန်ထူမလိုက်ရသည်။

"အစ်ကိုတာ့ရှန်း.. ကျွန်တော်တို့က ညီအစ်ကိုတွေလေ။ ခင်ဗျားက အရင်တုန်းက ကျွန်တော့်ကို ကူညီဖူးထားတဲ့အတွက် ကျွန်တော်လည်း ပြန်လုပ်ပေးသင့်တာပေါ့"

ဤအခြင်းအရာကိုမြင်သော် ချန်းဟူလည်း နောင်အနာဂတ်တွင် လီရှန်းကို ကပ်ဖားရမည်ဟု စိတ်ထဲ တေးမှတ်ထားလိုက်သည်။

လီရှန်းကို ခယခြင်းမှာ ယဲ့ချန်းကို ခယခြင်းဖြစ်ကြောင်း သူ သိသည်။

....

လင်းယောင်ယောင်က ယဲ့ချန်း၏လက်မောင်းကိုချိတ်တွယ်လျက် စင်တာထဲတွင် လမ်းလျှောက်နေချေသည်။

"ယဲ့ချန်း. ခုနတုန်းက ရှင် တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"

"တကယ်လား? ငါကတော့ မြေအောက်ရထားပေါ်မှာတုန်းက ပိုအထင်ကြီးဖို့ကောင်းတယ်လို့ထင်တာပဲ"

"လူယုတ်မာ.. အဲဒီအကြောင်း ထပ်ပြောပြန်ပြီလား"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ခဏနေရင် ထပ်ကစားကြည့်ချင်လား"

လင်းယောင်ယောင်က ကလူကျီစယ်လိုဟန်ဖြင့် ပြုံးလိုက်လေသည်။

"ပိုစိတ်လှုပ်ရှားဖို့ကောင်းတာလေးတစ်ခုလောက် ရှာထားလိုက်မယ်"

ယဲ့ချန်းနှင့် လင်းယောင်ယောင်တို့နှစ်ယောက်သား Gucciအရောင်းဆိုင်သို့ ရောက်လာခဲ့ကြသည်။ Gucciအိတ်အသစ်တစ်လုံးက လင်းယောင်ယောင်ကို ချက်ချင်းဆွဲဆောင်လိုက်၏။

သူ(မ)လည်း ထိုအိတ်ကိုကောက်ကိုင်၍ မှန်ကြည့်လိုက်လေသည်။ ယဲ့ချန်းကတော့ အနားရှိ အရောင်းစာရေးမတစ်ယေောက်နှင့် စကားပြောနေလေသည်။

"Gucciရောင်းအားက အခြေအနေ ဘယ်လိုရှိလဲ"

"သိပ်တော့မဟန်ဘူး။ စီးပွားရေးကျဆင်းမှုကြောင့်များလားမသိဘူး။ အခြေခံရောင်းအားက ထိုးကျသွားတယ်"

"အဲဒီလိုကိုး"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် Gucci၏ရှယ်ယာရှင်တစ်ယောက်ဖြစ်လေရာ ရောင်းအားကျဆင်းပါက သူလည်း အမြတ်သိပ်မရပေ။

ယခုမူ ဖြေရှင်းနည်းတစ်ခုကို စဉ်းစားရပေလိမ့်မည်။

လှပပြီး ကျက်သရေရှိသော လင်းယောင်ယောင်က Gucciအရောင်းဆိုင်ထဲရှိ ဗိုက်ပူပူအမျိုးသားကြီးများကို ဆွဲဆောင်လိုက်နိုင်သည်။

ထိုအမျိုးသား၏မိန်းမက အဝတ်လဲခန်းထဲမှ ထွက်လာပြီးနောက် အဝတ်အစားနှင့် လိုက်ဖက်ရဲ့လားဆိုတာကို သူ(မ)ယောက်ျားအား စစ်ဆေးခိုင်းချင်သော်ငြား သူ(မ)၏ယောက်ျားကတော့ အခြားမိန်းမတစ်ယောက်အား ငေးနေတာကို မြင်လိုက်ရ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ ချက်ချင်းဆိုသလို မပျော်မရွှင်ဖြစ်သွားသည်။

"မြေခွေးမ.. ဘာကြည့်နေတာလဲ။ အဲဒါတွေ နင်မဝယ်နိုင်တဲ့အတွက် ငါ့ယောက်ျားကို မြှူဆွယ်ဖို့ ကြိုးစားနေတာလား"

လင်းယောင်ယောင်က မှန်ကြည့်နေခြင်းပင်။ တစ်စုံတစ်ယောက်က သူ(မ)အား မြေခွေးမဟု ခေါ်လာသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"ကျေးဇူးပြုပြီး စကားပြောဆင်ခြင်ပေးပါ"

လင်းယောင်ယောင်လည်း ကိုယ့်ဒေါသကိုယ်ထိန်းချုပ်၍ ထိုအမျိုးသမီးကြီးကို ပြောလိုက်၏။

ထိုအမျိုးသမီးကြီးမှာ ဟွန့်ခနဲ နှာမှုတ်လိုက်သည်။

"ဟမ့်.. နင့်လိုမိန်းမတွေအကြောင်း ငါ ကောင်းကောင်းသိတယ်။ နင်က ဒီအရောင်းဆိုင်ထဲကို ပစ္စည်းဝယ်ဖို့ လာတာမဟုတ်ဘူး။ ယောက်ျားတွေကို မြှူဆွယ်ဖို့မလား။ ဒီအိတ်ကိုကြည့်လိုက်.. ၁၈သိန်းတောင် ပေးရတယ်။ နင် ဝယ်နိုင်လို့လား"

လင်းယောင်ယောင် ဒေါသထွက်တော့မည့်ဆဲဆဲမှာပင် ယဲ့ချန်း ရောက်ချလာသည်။

"အချစ်ရေ.. မင်းက အဲဒီအိတ်လေးနဲ့ အရမ်းလိုက်တာပဲ။ အလှပဂေးလေးက အလှလေးတွေနဲ့ပဲ လိုက်ဖက်တယ်ဆိုတာ အမှန်ပဲ။ ဒေါ်လာတစ်သန်းတန်အိတ်တွေနဲ့တောင်မှ ထင်ပေါ်မသွားတဲ့ တချို့အဘွားကြီးတွေလိုမှမဟုတ်တာ"

"ချာတိတ်.. မင်း ဘာတွေလာပြောနေတာလဲ"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက ငတုံးမဟုတ်ချေ။ ယဲ့ချန်းက သူ(မ)ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သူ(မ) တပ်အပ်သိလိုက်သည်။

ယဲ့ချန်းက သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"အဒေါ်.. ခင်ဗျားက ကိုယ့်ကိုယ်ကိုယ်တော့ သိပ်သိတာပဲ"

"ဟမ့်.. ချာတိတ် မင်းကောင်မလေးက ဒီအိတ်ကို သဘောကျတယ်ဆိုရင် ဘာလို့ဝယ်မပေးတာလဲ"

ထိုအမျိုးသမီးကြီးက သရော်လိုက်လေသည်။

ယဲ့ချန်းက ထိုအမျိုးသမီးကြီးကိုကြည့်၍ ပြောလိုက်၏။

"မသိရင် ခင်ဗျားက သိပ်ချမ်းသာနေသလိုပဲ"

သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးမှာ လှောင်ပြုံးပြုံးလိုက်ပြန်သည်။

"ငါက ချမ်းသာပြီးသား။ ဒီတော့ ဘာဖြစ်လဲ။ ဆင်းရဲသား.. ငါနဲ့ပြိုင်ရဲလား။ နင်ဝယ်သမျှ ငါအကုန်လိုက်ဝယ်ပြမယ်"

ပတ်ပတ်လည်ရှိ လူအုပ်ကြီးကတော့ ခေါင်းတခါခါလုပ်လိုက်မိကြသည်။

ဤမိန်းမက ဒီဇိုင်နာဘရန်းများ အပြည့်ဆင်ထားသည်ဖြစ်ရာ လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း သိသာလှသည်။ ယဲ့ချန်းကမူ ငယ်သေးသောကြောင့် ဤမိန်းမကြီးကို မည်သို့များ ယှဉ်နိုင်မည်နည်း။

"ကြောက်လို့လား"

သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက အောင်နိုင်သူတစ်ယောက်အလား ရယ်မောလိုက်၏။

ယဲ့ချန်းကတော့ စကားတစ်ခွန်းမှမပြောဘဲ အရောင်းစာရေးကို ပြောလိုက်၏။

"ဒီအိတ်တွေထဲက စတိုင်လ်တစ်ခုချင်းစီကို အကုန်ယူမယ်"

ဝိုး!

ယဲ့ချန်းက တစ်ချီတည်းနှင့် တစ်သန်းကျော်ကို ထုတ်သုံးလိုက်၏။

"ဒီလူက တော်တော်မိုက်တာပဲ! အသုံးအဖြုန်းကလည်း လက်ဖွာလိုက်တာ"

"အစတုန်းကတော့ ယဲ့ချန်းကို ငနုလေးလို့ထင်နေတာ။ တကယ်တော့ သူက တကယ့်ဆရာကြီးဖြစ်နေတာပဲ"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးလည်း ကြက်သေသေသွားလေသည်။ ဤလူက ဤမျှအထိချမ်းသာလိမ့်မည်ဟု သူ(မ) ထင်မထားပေ။

သူ(မ)မှာ ဟိတ်ဟန်ထုတ်ထားပြီးဖြစ်လေရာ ပြန်ရုပ်သိမ်းလိုက်ပါက လူရယ်စရာဖြစ်ချေတော့မည်။

"ငါ ဒီအိတ်ရဲ့စတိုင်လ်တစ်ခုချင်းစီကို အကုန်ယူမယ်။ ပြီးတော့ ငါ့ဆိုဒ်နဲ့တော်တဲ့ အဲဒီအဝတ်အစားတွေကိုလည်း ယူမယ်"

သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာ အံတင်းတင်းကြိတ်၍ ပြောလိုက်၏။

ထိုအမျိုးသမီးကြီးကတော့ နှစ်သန်းလောက် သုံးပစ်လိုက်သည်။

ထိုအမျိုးသမီးကြီးက သရော်ပြုံးပြုံးလိုက်ပြန်သည်။

"ချာတိတ်.. ငါနဲ့ ချမ်းသာတာချင်း လာပြိုင်နေတာလား? မင်းက ငယ်ပါသေးတယ်"

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဒီမှာ..ဒီမိန်းကလေးနဲ့တော်တဲ့ အဝတ်တစ်စုံနဲ့ ငါ့အတွက် တစ်စုံကိုပါ ပေးလိုက်"

ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

ဝိုး! ဒီလူငယ်လေးက အရမ်းမိုက်တာပဲ!

အဝတ်အစားတွေရဲ့တန်ဖိုးက သုံးသန်းကျော်သွားပြီ!

•••••••••••••

All Chapters