← Chapters

ဒိတ်ဒိတ်ကြဲသူဌေး

Vol. 9 Ch. 135

ဒိတ်ဒိတ်ကြဲသူဌေး

Vol. 9 Ch. 135

လူအုပ်ထဲတွင်မူ ပိုင်တင်းတင်းနှင့် သူ(မ)၏အချစ်ဆုံးသူငယ်ချင်းတို့က အနားက ဖြတ်သွားဖြစ်သည်။ သူ(မ)၏သူငယ်ချင်းက ပြောလိုက်၏။

"ဟိုကားကိုကြည့်လိုက်ဦး။ အရမ်းမိုက်တာပဲ"

ပိုင်တင်းတင်းက ကားဘေးတွင်ရပ်နေသော အမျိုးသားငယ်ကို လှမ်းကြည့်ပြီးနောက် မှင်တက်သွားချေသည်။

အဲဒီလူက သူ(မ)ဘလိုင်းဒိတ်လုပ်ရမဲ့လူ မဟုတ်ဘူးလား?

အရေးအကြီးဆုံးမှာ သူသည် တောင်ပြောင်လှသော ထိုကား၏သော့ကို ကိုင်ထားလေသည်။

သို့ဖြစ်လေရာ တစ်သန်းကျော်တန်ဖိုးရှိသော ဤကားမှာ ထိုလူ၏ကားတဲ့လား!

ဘုရားရေ..ငါ့တွဲဖက်က သာမန်ရုံးဝန်ထမ်းတစ်ယောက် မဟုတ်ဘူးပဲ.. သူက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ပဲ!

ပိုင်တင်းတင်းလည်း စဉ်းစားမနေတော့ဘဲ အပြေးသွားလိုက်လေသည်။

"လက်ဖက်စိမ်းမ.. ငါ့ရည်းစားနဲ့ ဝေးဝေးနေစမ်း"

ယဲ့ချန်းခမျာ အံ့အားသင့်သွားရလေသည်။ သူ(မ)ကို သူလည်း မှတ်မိသည်။ ဤသည်မှာ ဘလိုင်းဒိတ်နောက်ကျနေသည့် အမျိုးသမီးပင်။

ပိုင်တင်းတင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"မစ္စတာယဲ့ ကျွန်မ တကယ်တောင်းပန်ပါတယ်။ ယာဉ်ကြောတွေ တအားပိတ်နေလို့ နောက်ကျသွားတာပါ"

ယဲ့ချန်းက အေးတိအေးစက်ပြန်ဖြေလိုက်သည်။

"ငါက နောက်ကျတတ်တဲ့လူတွေကို သဘောမကျဘူး။ ငါ မင်းကို နာရီဝက်တောင် စောင့်ခဲ့ရတာ။ ဒီတော့ မင်းမှာ ဘာအခွင့်အရေးမှ မရှိတော့ဘူး"

ယာဉ်ကြောပိတ်တာတဲ့လား?

ဟာသပဲ..

ယဲ့ချန်းမှာ ဖုန်းထဲကတစ်ဆင့် အားကစားရုံ၏အချက်ပေးသံကို ကြားထားပြီးဖြစ်၏။ လိမ်ညာတတ်သော မိန်းကလေးတစ်ယောက်ကို သူ ဘာအခွင့်အရေးမှ ပေးမည်မဟုတ်။

ပိုင်တင်းတင်း၏ရုပ်ရည်က ၈၅မှတ်မျှသာရှိ၏။ သူ့ရှေ့ရှိ ရုပ်ရည်ရမှတ်၉၅မှတ်ရှိသော အလှလေးလောက်တောင် မကောင်းချေ။

ယဲ့ချန်းက မိန်းမလှလေးတော်တော်များများကို မြင်ဖူးတွေ့ဖူးထားပြီးဖြစ်လေရာ သူ့စံနှုန်းကလည်း မြင့်မားသွားလေပြီ။ ပိုင်တင်းတင်းက သူ့မျက်စိကို မဖမ်းစားနိုင်ပေ။

"မဟုတ်ဘူး။ မဟုတ်သေးဘူးလေ။ ကျွန်မကို အခွင့်အရေးတစ်ခုလောက် ထပ်ပေးပါဦး"

ပိုင်တင်းတင်းခမျာ စိတ်လှုပ်ရှားစွာ ပြောလိုက်မိသည်။

ယဲ့ချန်းကတော့ သူ(မ)ကို လျစ်လျူရှုပြီး တစ်ဖက်ရှိ အလှလေးကို ပြောလိုက်၏။

"အလှလေး.. ငါ မင်းကို ကားနဲ့ တစ်ပတ်လောက်ခေါ်သွားပေးရမလား"

ထိုအလှလေးကလည်း ခေါင်းညိတ်ပြပြီးနောက် ယဲ့ချန်း၏Lykanကားထဲသို့ ဝင်သွားလေသည်။

ဤအခြင်းအရာကိုမြင်သော် ပိုင်တင်းတင်းမှာ နောင်တရသွားချေသည်။ သူ(မ)သာ အားကစားရုံမှာ တွယ်ကပ်မနေပါက ထိုကားထဲသို့ ဝင်သွားရသူမှာ သူ(မ) ဖြစ်ပေလိမ့်မည်။

Lykanပြိုင်ကား၏ ကားနောက်မီးက ခပ်ဝေးဝေးသို့ တိုးဝင်ပျောက်ကွယ်သွားတာကို စောင့်ကြည့်ရင်း ပိုင်တင်းတင်း ဒေါသတကြီး ခြေဆောင့်လိုက်မိသည်။

"ယဲ့ချန်း..ကျွန်မ ရှင့်ကို လက်မလွှတ်နိုင်ဘူး။ ရှင်က ကျွန်မအပိုင်ဖြစ်လာမှာ"

လူအုပ်ကြီးမှာ ဖြစ်ပျက်သွားသည့်ကိစ္စများကို သဘောပေါက်သွားကြသည်။

"ဒီတော့ အဲဒီမိန်းကလေးက ဟိုလူချောလေးနဲ့ ဘလိုင်းဒိတ်လုပ်ထားပေမဲ့ နောက်ကျနေလို့ ဒိတ်ဒိတ်ကြဲသူဌေးက တခြားမိန်းကလေးဆီမှာ ပါသွားတာပေါ့"

ဤဇာတ်လမ်းကား အလွန်စွဲမက်ဖွယ်ကောင်းလှသည်။

ကားထဲတွင်မူ အလှလေးခမျာ ပြင်းထန်လှသော ပြန်ကန်အားကြောင့် စိတ်လှုပ်ရှားခြင်းကြီးစွာ ရေရွတ်မိသည်။

"ဝိုး အရမ်းမိုက်တယ်။ စိတ်လှုပ်ရှားဖို့ကောင်းလိုက်တာ"

ယာဉ်ကြောကျပ်လာချိန်မှာ ယဲ့ချန်းလည်း အရှိန်လျှော့ချလိုက်သည်။

"အချောလေး.. ရှင့်ကားက အရမ်းမိုက်တာပဲ"

ထိုအလှလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ယဲ့ချန်းလည်း ရယ်လိုက်မိ၏။

"တကယ်လား? တကယ်တော့ ငါက တက္ကစီဒရိုင်ဘာတစ်ယောက်ပါ။ လိုက်စီးချင်လား"

"တက္ကစီဒရိုင်ဘာလား? ကိုယ့်လူ..လာနောက်နေတာမလား? သန်းတစ်ရာကျော်တန်ကားနဲ့ တက္ကစီမောင်းတာလား"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"ဟုတ်တယ်။ ငါ့အိပ်မက်က ကြယ်ငါးပွင့်ရီဗျူးတွေ နေ့တိုင်းရတဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်ဖို့ပဲ"

အလှလေးလည်း တက္ကစီအငှားappထဲသို့ ဝင်ကြည့်လိုက်လေရာ ယဲ့ချန်းသည် တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသည်။

"ဝိုး ရှင်က တကယ်တက္ကစီမောင်းတာပဲ။ အရမ်းမိုက်တယ်"

ယဲ့ချန်းလည်း အလှလေးကို မိုတုမြို့အနှံ့ တစ်ပတ်မောင်းပေးပြီးနောက် အိမ်ပြန်ပို့ပေးလိုက်သည်။

ထိုအလှလေးက ယဲ့ချန်းကို ဟိုတယ်သို့ သွားနိုင်ကြောင်း ခဏခဏအရိပ်အမြွက်ပေးခဲ့သော်လည်း သူကတော့ ငြင်းဆန်လိုက်သည်။

ယဲ့ချန်းမှာ သူစိမ်းမိန်းမများကိုမူ သတိထားနေဆဲပင်။

ယဲ့ချန်းအနားတွင် မိန်းမမရှားပေ။ သို့သော် လှပမှုအပြင် သူ့အနားတွင် ထာဝရရှိနေပေးနိုင်မည့် သန့်ရှင်းဖြူစင်သူတစ်ယောက်ကို လိုအပ်သည်။

အိမ်သို့ပြန်ရောက်သောအခါ လင်းဝမ်ယိုက သူ့အား ကြိုဆိုရန်အတွက် တံခါးနားတွင် ရပ်စောင့်နေပေသည်။

ဤခံစားချက်မျိုးကို ယဲ့ချန်း အလွန်ကျေနပ်မိသည်။

လင်းဝမ်ယိုကိုမြင်သော် ယဲ့ချန်း၏စိတ်ထဲ သက်သောင့်သက်သာဖြစ်သွားမိသည်။ အစောတုန်းက အလှလေးနှင့်ယှဉ်ပါက လင်းဝမ်ယိုက ယဲ့ချန်းသဘောကျသောပုံစံနှင့် ပိုကိုက်ညီသည်။

"သခင်လေး.. ဗီလာနံပါတ်သုံးက ခုနတုန်းက ရှင့်ဆီကို လာလည်သွားပါတယ်။ ရှင်က အိမ်မှာမရှိလို့ သူလည်း သူ့ဝီချက်အိုင်ဒီကိုချန်ထားခဲ့တယ်။ သူ့ကို အချိန်မရွေးလာအပ်နိုင်ပါတယ်တဲ့"

ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီးနောက် ထိုလူ့အား အပ်လိုက်သည်။ ဝီချက်အိုင်ဒီကိုမြင်လိုက်ရချိန်၌ ယဲ့ချန်း အံ့ဩမှင်တက်သွားလေသည်။

ဝိုး ဒီအိုင်ဒီကတော့ တကယ့်ကို တစ်ခုခုပဲဟ...

မကြာခင်မှာပင် တစ်ဖက်လူကလည်း သူငယ်ချင်းပေးပို့မှုကို လက်ခံလိုက်သည်။

"မင်္ဂလာပါ ဗီလာနံပါတ်တစ်က ဒိတ်ဒိတ်ကြဲသူဌေးကြီးက နောက်ဆုံးတော့ ပေါ်လာပြီပေါ့"

အစ်ကိုထန်က ယဲ့ချန်းအား မက်ဆေ့ချ်တစ်စောင် ပို့လိုက်၏။

"မင်္ဂလာပါ အစ်ကိုထန်.. တွေ့ရတာဝမ်းသာပါတယ်။ ကျေးဇူးပြုပြီး စောင့်ရှောက်ပေးပါဦး"

"ဟားဟား.. ဗီလာနံပါတ်တစ်ပိုင်ရှင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာကို သိချင်နေတာ။ နည်းနည်းလောက်ပြောပြပေးနိုင်မလား"

"ကျွန်တော့်နာမည်က ယဲ့ချန်းပါ"

"ယဲ့ချန်း? ဒီတော့ ခင်ဗျားကိုး။ သိပ်မကြာခင်တုန်းက အစ်ကိုမာက ခင်ဗျားအကြောင်း ခဏခဏပြောတယ်။ တိုကျိုမှာရှိတဲ့ ခင်ဗျားအိမ်က တော်ဝင်မင်းသားအိမ်တော်တဲ့"

"ဟုတ်တယ်။ နည်းနည်းလောက်လေးပိုကြီးတဲ့ခြံဝင်းတစ်ခုပါဗျာ"

"ခင်ဗျားက အဲဒီစကားတစ်ခွန်းနဲ့ ကျုပ်တို့ကို အလဲထိုးလိုက်တာပဲ"

"တင်!"

အစ်ကိုထန်က ယဲ့ချန်းအား ဟွားအိမ်တော်ပိုင်ရှင်များဂရုထဲသို့ ထည့်ပေးလိုက်သည်။

"အားလုံးပဲ.. ကျုပ်မှာ သတင်းကောင်းတစ်ခုရှိတယ်။ ဗီလာနံပါတ်တစ်ရဲ့ပိုင်ရှင်ကို ကျုပ် ဂရုထဲကို ထည့်ပေးလိုက်ပြီ။ သူက ဘယ်သူလဲဆိုတာ မှန်းကြည့်ပါလား"

အစ်ကိုမာ : "ကျုပ်ရှုံးသွားတာ မဆန်းတော့ပါဘူး။ မစ္စတာယဲ့ဖြစ်နေတာကိုး။ ကျုပ်ရဲ့အရှုံးကို လက်ခံလိုက်ပါပြီ"

အစ်ကိုထန် : "ခင်ဗျားမသိဘူးနော်။ အစ်ကိုမာက ဗီလာနံပါတ်တစ်ကိုမရလို့ ဘယ်လောက်တောင် စိတ်ညစ်ခဲ့ရသလဲ။ အထူးသဖြင့် အဲဒီအိမ်တော်ထိန်းအလှလေးကိုပေါ့"

....

ယဲ့ချန်း ဂရုထဲသို့ ဝင်လိုက်သည်နှင့် စကားပြောခန်းမှာ တက်ကြွလှုပ်ရှားသွားလေသည်။

သူတို့၏စကားအကြောင်းအရာကတော့ ယဲ့ချန်းအကြောင်းပင်။

ယဲ့ချန်းက အစ်ကိုမာနှင့် အဆက်အသွယ်ရှိထားဖူးသည်ဖြစ်ရာ သူတို့မှာ ခပ်မြန်မြန်ရင်းနှီးသွားကြသည်။

ထိုအချိန်ဝယ် တင်ခနဲအချက်ပေးသံတစ်ခုနှင့်အတူ ဟွားအိမ်တော်ပိုင်ရှင်များဂရုထဲတွင် ယဲ့ချန်းက ဂရုခေါင်းဆောင်ဖြစ်သွားသည်။

အစ်ကိုမာက ပြောပြလေသည်။

"ကျုပ်တို့ရဲ့စည်းမျဉ်းက ဗီလာနံပါတ်တစ်ပိုင်ရှင်က ကျုပ်တို့ဂရုရဲ့ခေါင်းဆောင်လုပ်ရမှာ။ အစ်ကိုယဲ့.. ကျုပ် ဒီဂရုရဲ့ခေါင်းဆောင်ရာထူးကို ခင်ဗျားဆီပေးလိုက်ပြီနော်"

တစ်နေ့တွင် ဤဒိတ်ဒိတ်ကြဲသူဌေးကြီးများနှင့် ညီအစ်ကိုဖွဲ့ရသည့်အပြင် ဂရုခေါင်းဆောင်ပါ ဖြစ်လာလိမ့်မည်ဟု ယဲ့ချန်း လုံးဝမမျှော်လင့်ထားပေ။

ယဲ့ချန်း : "တကယ်တော့ ကျွန်တော်က ဒီထဲမှာ အငယ်ဆုံးလေ။ အလွန်ဆုံးရှိလှ ကျွန်တော်က ခင်ဗျားတို့ညီလေးပဲ ဖြစ်သင့်တာလေ"

ဝူယန်ယန် : "ဘယ်လောက်တောင်ငယ်တာမိုလို့လဲ"

အစ်ကိုမာ : "အခုမှ တက္ကသိုလ်က ဘွဲ့ရထားတာလေ"

ဝူယန်ယန် : "ဘာ? တက္ကသိုလ်က ဘွဲ့ရခါစပဲရှိသေးတာတောင် ဗီလာနံပါတ်တစ်ကို ဝယ်နိုင်တယ်ပေါ့? မိုက်လိုက်တာ"

ယဲ့ချန်းက ဂရုထဲတွင် မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

"လူတိုင်းက ကျွန်တော့်ကို ယုံကြည်နေကြမှတော့ ဒီလိုလုပ်ကြရအောင်လေ။ ဗီလာနံပါတ်တစ်ပိုင်ရှင်က ဂရုခေါင်းဆောင်လုပ်ရမယ်ဆိုတော့ ဟွားအိမ်တော်ပိုင်ရှင်တွေ စုဝေးနိုင်အောင်လို့ ကျွန်တော် ညစာစားပွဲတစ်ခု စီစဉ်လိုက်မယ်"

"ကောင်းသားပဲ။ ကျုပ်တို့ကလည်း အရင်ကတည်းက စုဝေးပွဲလုပ်ချင်နေကြတာ"

"ကောင်းပြီလေ။ ခင်ဗျားတို့ ဘယ်အချိန်အားလဲဆိုတာ ပြောပေးကြပါ။ ကျွန်တော် စီစဉ်ထားလိုက်မယ်"

ထိုအချိန်မှာ လင်းဝမ်ယိုက ညစာပြင်ပြီးသွားလေပြီ။

ကြာစွယ်အသားလွှာ၊ ငှက်သိုက်အရွက်ကြော်၊ ဆော့စ်၊ တို့ဟူးငါးအသားလိပ်နှင့် တို့ဟူးစွပ်ပြုတ်တို့ပင်။

ဟင်းလျာများကား အရောင်အဆင်းရော အနံ့အရသာပါ ထူးကဲကောင်းမွန်လှသည်။

ယဲ့ချန်းလည်း ဂရုထဲရှိ လူတိုင်းကို နှုတ်ဆက်လိုက်၏။

"ညစာသွားစားလိုက်ဦးမယ်။ နောက်မှ စကားပြောကြတာပေါ့"

ဂရုထဲမှထွက်ပြီးနောက် ယဲ့ချန်း အံ့အားသင့်မိသည်။

"ဝမ်ယို.. ဒီဟင်းတွေအကုန်လုံးကို မင်းချက်ထားတာလား"

"ဟုတ်ပါတယ်။ အရသာမကြိုက်လို့လား"

"ကြိုက်ပါတယ်။ ကြိုက်တယ်။ မင်းက ထိပ်တန်းစားဖိုမှူးတွေရဲ့အဆင့်လောက်ရှိတယ်မလား"

လင်းဝမ်ယိုလည်း ပြုံးလိုက်မိသည်။

"အချက်အပြုတ်စွမ်းရည်က ကျွန်မတို့ အိမ်တော်ထိန်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တစ်ခုလေ။ ကျွန်မတို့ရဲ့စွမ်းရည်က ကျွမ်းကျင်အဆင့်ကို ရောက်နေလို့ လိုပါတယ်"

ယဲ့ချန်းလည်း ရုတ်တရက်သဘောပေါက်သွားသည်။

"အစ်ကိုမာက ဝမ်ယိုအကြောင်းပဲ စဉ်းစားနေတာ မဆန်းတော့ပါဘူး။ ဒီအိမ်တော်ထိန်းက တော်တော်ထူးခြားတာပဲ"

"အိုး ဟုတ်သားပဲ။ ငါ မကြာခင် ဗီလာပိုင်ရှင်တွေနဲ့ ညစာစားပွဲတစ်ခုလောက်လုပ်မလို့။ မင်းပဲ စီစဉ်ရမှာနော်"

လင်းဝမ်ယို ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မ မှတ်ထားလိုက်ပါ့မယ် သခင်လေး"

ညစာစားပြီးနောက် ယဲ့ချန်းလည်း ဆေးကြောသန့်စင်၍ အိပ်တော့မည့်ဆဲဆဲမှာပင် ထန်းလုဆီမှ မက်ဆေ့ချ်ဝင်လာသည်။

"ယဲ့ချန်း.. ရှင် ကျွန်မဆီကို လာမလည်တာ တော်တော်ကြာပြီနော်။ ကျွန်မ ရှင့်ကိုလွမ်းနေပြီ"

ယဲ့ချန်းက ထျန်းချန်ယိပင်တွင် ထန်းလုကို နေစရာတစ်ခုစီစဉ်ပေးထားပြီး သူကိုယ်တိုင်ကလည်း လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဟွားအိမ်တော်မှာသာ နေနေခဲ့သည်။

ခဏမျှတွေးကြည့်ပြီးနောက် ယဲ့ချန်းလည်း ထန်းလုကို ဝီချက်မက်ဆေ့ချ်မှတစ်ဆင့် ပြန်ပြောလိုက်၏။

"မနက်ဖြန်ကျရင် ငါ မင်းကိုလာတွေ့မယ်"

ထန်းလုက အပြုံးအီမိုဂျီလေးတစ်ခုကို ပို့လာသည်။

"ကောင်းပြီလေ။ ဒါဆို မနက်ဖြန်ကျရင် ရှင် ကျွန်မနဲ့အတူ ရေပူစမ်းကို လိုက်ခဲ့လို့ရမလား"

ယဲ့ချန်း ချက်ချင်းပြန်စာပို့လိုက်၏။

"ရတယ်လေ"

••••••••••••••

All Chapters