← Chapters

ထျန်းယွင်ဂိုဏ်း၏ ကျဆုံးခန်း

Vol. 11 Ch. 154

ထျန်းယွင်ဂိုဏ်း၏ ကျဆုံးခန်း

Vol. 11 Ch. 154

~ကူချင်းရွှမ်း၌ အသက်ရှင်သန်ခြင်း လက္ခဏာ တစ်စုံတစ်ရာမျှ မကျန်ရှိတော့ပေ။ သူသည် သေတာထက်ပင် ပို၍ သေဆုံးနေခဲ့လေပြီ။

ကူချင်းရွှမ်း သေဆုံးသွားသည်နှင့်အမျှ၊ ထျန်းယွင်ဂိုဏ်း တစ်ခုလုံးလည်း အပြည့်အဝ ကျဆုံးပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

ဤနေ့မှစ၍၊ ယန်ဟော်အင်ပါယာတွင် ထျန်းယွင်ဂိုဏ်း ဟူ၍ လုံးဝ တည်ရှိတော့မည် မဟုတ်ချေ။

"အစ်ကိုကြီးဖုန်း... အစ်ကိုကြီးရဲ့ နည်းလမ်းက တကယ်ကို ထိရောက်တာပဲ။"

ကောင်းကင်ယံ အမြင့်တစ်နေရာ၌ လွင့်မျော‌နေသော လင်ရှောင်ရှောင်က ပြုံးလျက် ပြောလိုက်သည်။

ဖုန်းဝူချန် ကမူ ခံစားချက်မပါသည့် လေသံဖြင့် ပေါ့ပေါ့ပါးပါး ပြန်လည် တုံ့ပြန်လိုက်၏။

"ကူချင်းရွှမ်းလို လူစားမျိုးကို ရှင်းဖို့ဆိုရင် ဒီနည်းလမ်း တစ်ခုပဲ ရှိတာ။ မဟုတ်ရင် အစ်ကိုတို့အားလုံး ပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတိုက်ပွဲအပြီးမှာတော့ ငါတို့ အနိုင်ရသွားခဲ့ပြီလေ။"

ဟုတ်ပေ၏။ ထျန်းယွမ်ဘုံ စွမ်းအားရှင်တစ်ဦး၏ အစွမ်းသည် အမှန်တကယ်ပင် ဖြုံရ‌လေသည်။

ကောင်းကင်၌ ပျံဝဲ သွားလာနိုင်စွမ်း ရှိသောကြောင့် အင်ပါယာ၏ စစ်သည်အင်အား တစ်သိန်းဖြင့်ပင်လျှင် ထိုစွမ်းအားရှင်တို့ကို လှမ်းမီနိုင်မည် မဟုတ်ပေ။

"ကူချင်းရွှမ်းရဲ့ အသက်စွမ်းအား လုံးဝ ပျောက်ကွယ်သွားပြီ.."

" ဝေးဟေးဟေး…ကူချင်းရွှမ်း သေပြီ.."

"သတ်တာ ကောင်းတယ်.. ဒီနေ့ကစပြီး အင်ပါယာမှာ ထျန်းယွင်ဂိုဏ်း မရှိတော့ဘူး.."

တိုက်ပွဲကွင်းပြင်ပေါ်ရှိ လူအားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် အောင်ပွဲခံ အော်ဟစ်လိုက်ကြတော့သည်။

စစ်သည်တစ်သိန်း၏ အောင်ပွဲခံသံမှာ ကောင်းကင်ယံကို ထိုးဖောက်

တက်သွားပြီး ပတ်ဝန်းကျင်ရှိ တောင်တန်းများအထိပါ ပဲ့တင်ထပ်သွားခဲ့လေသည်။

"သခင်လေးကတော့ တကယ်ကို လေးစားဖို့ကောင်းတာပဲ.. အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်းချုပ်တောင်မှ သခင်လေးရဲ့ လက်ချက်နဲ့ သေခဲ့ရပြီ.. နောက်ဆုံးတော့ ငါတို့ ကျဆုံးသွားတဲ့ မိသားစုဝင်တွေအတွက် လက်စားချေနိုင်ခဲ့ပြီ.."

ဖုန်းမိသားစုဝင်များမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

သူတို့၏ အစောပိုင်းက စိုးရိမ်ပူပန်မှုများ အားလုံးမှာ အခုအခါ၌ စိတ်လှုပ်ရှားမှုများဖြင့် လုံးလုံး အစားထိုးသွားခဲ့လေပြီ။

"ဟိုမိန်းကလေးရဲ့ ကာကွယ်ရေးစွမ်းအင်က ကူချင်းရွှမ်းကို အာရုံနောက်သွားအောင် လုပ်နိုင်ခဲ့လို့သာပဲ။ မဟုတ်လို့ကတော့ ဖုန်းဝူချန်နဲ့ ဟိုကောင်မလေး နှစ်ယောက်ပေါင်းရင်တောင် ကူချင်းရွှမ်းကို အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။ ဟူး…အဲ့ဒီ အဘိုးကြီးက သိပ်ကို ကြောက်စရာ

ကောင်းလွန်းတယ်။"

သွမ့်ထျန်းဟွမ်သည် သက်ပြင်း တစ်ချက်ကို ခပ်အုပ်အုပ် ချလိုက်မိသည်။

ကူချင်းရွှမ်း သေဆုံးသွား ပြီဖြစ်သောကြောင့် ခြိမ်းခြောက်မှုအားလုံးမှာ မီးခိုးငွေ့များကဲ့သို့ပင် လွင့်ပြယ်သွားခဲ့ပြီ ဖြစ်၏။

ယန်ထျန်းရှန် ကမူ ပျော်ရွှင်စွာ ပြုံးရင်း ပြောလာသည်။

"ဆရာက ကူချင်းရွှမ်းကို ဘယ်လို ရှင်းရမလဲဆိုတာ အစကတည်းက အစီအစဉ် ဆွဲပြီးသား ဖြစ်ပုံ ရတယ်။"

"ဒီတစ်ကွက်ကတော့ ကူချင်းရွှမ်းကို တကယ် အငိုက်မိသွားစေတာပဲဗျာ။"

စစ်ထူကျန့်ထျန်းကလည်း ခေါင်းညိတ်ရင်း ပြုံးလျက် ထောက်ခံလိုက်လေသည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ နှစ်ဦး ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်း ဆင်းသက်လာကြသည်။ လင်ရှောင်ရှောင်မှာ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့သော်လည်း၊ ဖုန်းဝူချန်မှာမူ အစစ်အမှန်ယွမ် အများအပြား သုံးစွဲလိုက်ရသောကြောင့် မျက်နှာမှာ ဖြူဖျော့လျက် ရှိပြီး ဒဏ်ရာများကလည်း

အနည်းငယ် ပြင်းထန်နေခဲ့၏။

ဖုန်းဝူချန်သည် ဆေးလုံး တစ်လုံးကို ထုတ်၍ မျိုချလိုက်ပြီးနောက်၊ ကူချင်းရွှမ်း၏ အလောင်းကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ပြီးသည်နှင့် မီးလျှံဓားကို ဆွဲထုတ်ကာ လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။ တဆက်တည်း၌ အစိမ်းရောင် မီးတောက်ငယ် တစ်ခုသည် ကူချင်းရွှမ်း၏ ခန္ဓာကိုယ်အပေါ်၌ လောင်ကျွမ်းသွားပြီး ခဏအကြာတွင် ပြာမှုန့်အဖြစ် လွင့်ပြယ် ပျောက်ကွယ်

သွားခဲ့လေတော့သည်။

သည်းကြီးမည်းကြီး တိုက်ပွဲကြီးမှာ နောက်ဆုံး၌ ပြီးဆုံးသွားခဲ့လေပြီ။

ဒဏ်ရာပြင်းထန်စွာ ရရှိထားသည့် သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ကို ကြည့်၍ ပြုံးလျက် ပြောလာသည်။

"ဖုန်းဝူချန်... မင်း တကယ် ပင်ပန်းသွားပါပြီ။"

"မင်းကြီးရဲ့ ဒဏ်ရာတွေ အခြေအနေ ဘယ်လိုရှိလဲ ခင်ဗျာ။"

ဖုန်းဝူချန်က အပြုံးကလေးဖြင့် ပြန်လည်မေးမြန်းလိုက်သည်။

"အင်း..သိပ် အရေးမကြီးပါဘူးကွယ်။ အချိန်တစ်ခုလောက် နားနားနေနေ ကုသလိုက်ရင် ပြန်ကောင်းသွားမှာပါ။"

သွမ့်ထျန်းဟွမ်က သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ခါပြကာ တုံ့ပြန်လိုက်၏။

ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦးဖြစ်သော ယန်ထျန်းရှန်၏ ပဉ္စမအလွှာ ကုစားဆေးလုံးများသည် အစွမ်းထက်လှ ပေသည်။ အလွန်ဆုံး လအနည်းငယ်အတွင်း ဧကရာဇ်သည် အပြည့်အဝ ပြန်လည် နာလန်ထူလာနိုင်မည် ဖြစ်သည်။

"ဟွမ်ယန်... လူတွေကို စစ်မြေပြင်က ရသမျှ ပစ္စည်းတွေအားလုံး အင်ပါယာအတွက် သိမ်းဆည်းဖို့ အမိန့်ပေးလိုက်ပါ။ ပြီးတော့ ကျဆုံးသွားတဲ့ စစ်သည်တော်တွေနဲ့ ဗိုလ်ချုပ်တွေကိုလည်း သင့်တော်သလို သင်္ဂြိုဟ်ပေးလိုက်ပါ။"

ဖုန်းဝူချန်က ဟွမ်ယန်ကို ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ စစ်သူကြီးချုပ်.."

ဟွမ်ယန်က ရိုသေစွာဖြင့် အမိန့်ကို နာခံလိုက်၏။

ထို့နောက် ဖုန်းဝူချန်သည် ရှိနေသော လူအားလုံးဘက်သို့ လှည့်၍ ပြောလိုက်သည်။

"အားလုံးပဲ အခုလို အင်နဲ့အားနဲ့ ပံ့ပိုးကူညီပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ အကူအညီကြောင့်ပဲ ကျွန်တော်တို့ ထျန်းယွင်ဂိုဏ်းကို အမြစ်ဖြတ်နိုင်ခဲ့ပြီး ကူချင်းရွှမ်းကို သတ်နိုင်ခဲ့တာပါ။ ဒီကျေးဇူးကို ကျွန်တော် အမြဲတမ်း မှတ်ထားမှာဖြစ်ပြီး၊ တစ်နေ့နေ့မှာ ဒီကျေးဇူးကို အဆတိုးပြီး ပြန်ဆပ်သွားပါမယ် "

"အာ..စစ်သူကြီးချုပ်... အဲ့လို ယဉ်ကျေးနေစရာ မလိုပါဘူး.. ထျန်းယွင်ဂိုဏ်းကို ရှင်းပစ်လိုက်တာက ကျွန်တော်တို့အတွက်လည်း လက်စားချေရာ ရောက်ပါတယ်ခင်ဗျာ။"

"ဟုတ်တယ်.. ဟုတ်တယ်.. ထျန်းယွင်ဂိုဏ်းက ကျွန်တော်တို့လူတွေကို အများကြီး သတ်ခဲ့တာ၊ သူတို့ကို ရှင်းပစ်ရမှာပဲ.."

လူအများက တစ်ယောက် တစ်ပေါက်စီ ဝမ်းသာအားရ ပြန်လည် တုံ့ပြန်ကြသည်။ သူတို့၏ မျက်နှာများထက်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

‘အတွေးဖြင့် ပုံဖော်ခြင်း’စွမ်းအားရှင် ဆရာဖုန်းနှင့် ဆက်ဆံရေးကောင်း တစ်ခု တည်ဆောက်ခွင့်ရခြင်းမှာ ဤနေရာ၌ ရှိနေသူတိုင်း အိပ်မက်မက်နေရသည့် အခွင့်အရေး တစ်ခုပင် မဟုတ်ပါလော။

ဖုန်းမိသားစု၏ သခင်လေး...

ဒုတိယအဆင့် သိုင်းဝိညာဉ်အား ပိုင်ဆိုင်ခဲ့ပြီး ချစ်သူ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသော လူတစ်ယောက်...

ယခုအချိန်တွင် ၊

အင်ပါယာ၏ အသန်မာဆုံးဂိုဏ်း ဖြစ်သည့် ထျန်းယွင်ဂိုဏ်းကို ထိပ်တိုက် ရင်ဆိုင်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်ခဲ့မိမည်နည်း။

အားနည်းသူ တစ်ယောက်ဘဝမှ အင်အားကြီးသူ တစ်ယောက်

ဖြစ်လာသည့်တိုင် ဖုန်းဝူချန်သည် တစ်လှမ်းချင်း တက်လှမ်းလာခဲ့သည်။

သူသည် မော့မိသားစုကို အပြတ်ဖြုတ်ခဲ့၏၊ ဟွမ်ဖူမိသားစုကို ရင်ဆိုင်ခဲ့ပြီး၊ နောက်ဆုံးတွင် ထျန်းယွင်ဂိုဏ်းကိုပင် စစ်ကြေညာကာ ဂိုဏ်းသားအားလုံးကို သတ်ဖြတ်ပြီး ဂိုဏ်းချုပ်ကိုပါ အနိုင်ယူခဲ့လေပြီ။

သိပ်မကြာမီ အချိန်အတွင်း၊ ထျန်းယွင်ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားသည့် သတင်းသည် အင်ပါယာတစ်ခုလုံးသို့ လျင်မြန်စွာ ဟိုးလေးတကျော်ဖြစ်သွားတော့မည် ဖြစ်သည်။ ထိုသတင်းသည် မရေမတွက်နိုင်သော အင်အားစု အသေး၊ အကြီးများကို တုန်လှုပ် ခြောက်ခြားသွားစေမည်မှာ သေချာလှသည်။ ထို့အပြင် မရေမတွက်နိုင်သော ကျင့်ကြံသူများကိုလည်း အံ့အားသင့်သွားစေမည်မှာ အသေအချာပင် ဖြစ်၏။

ထျန်းယန်အကယ်ဒမီမှ ပါရမီရှင် စာရင်း ပြိုင်ပွဲများ၏ သတင်းကလည်း စတင် ပျံ့နှံ့နေခဲ့ပြီ။ သိပ်မကြာမီ၊ ဖုန်းဝူချန်၏ အမည်သည် အင်ပါယာ တစ်ခုလုံး၌ ဟိန်းထွက်လာတော့မည် ဖြစ်သည်။

"ထျန်းယွင်ဂိုဏ်းတော့ ရှင်းပြီးသွားပြီ။ အကြီးဆုံး ခြိမ်းခြောက်မှုကို ဖယ်ရှားနိုင်ခဲ့ပြီပေါ့။ ဒါပေမဲ့ တချို့ ခြိမ်းခြောက်မှုတွေကတော့ ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး။"

ဖုန်းဝူချန်က ဖြည်းညှင်းစွာ ပြောလိုက်သည်။

ထိုအခါ ဖုန်းကျိန့်ရှုံးက ခေါင်းညိတ်ရင်း ဆိုသည်။

"ဟွမ်ဖူမိသားစုက ခြိမ်းခြောက် မှုတစ်ခုအဖြစ် ကျန်နေသေးတယ်။ ဟွမ်ဖူထျန်းပါးက ဒီကိစ္စကို လွယ်လွယ်နဲ့ အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဟွမ်ဖူမိသားစုရဲ့ အင်အားကလည်း အကြီးအကျယ် ယုတ်လျော့သွားပြီ။ သူတို့ ခုထိတောင် ပြန် နာလန်ထူနိုင်ဦးမှာ မဟုတ်လောက်ဘူး။"

သွမ့်ထျန်းဟွမ်က မျက်မှောင်ကို အနည်းငယ်ကြုတ်လျက် ဆိုလာ၏။

"ဒီဘုရင်ကတော့ ဟွမ်ဖူ မိသားစုက ထျန်းယွင်ဂိုဏ်းကို ဝင်ကူလိမ့်မယ်လို့ ထင်နေခဲ့တာ။ ဒါပေမဲ့ အခု ကြည့်ရတာတော့ ဟွမ်ဖူထျန်းပါးနဲ့ သူ့လူတွေက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ပဲ စဉ်းစားနေကြပုံပဲ။"

"ဟွမ်ဖူမိသားစုကိုလည်း အမြစ်ဖြတ်ပစ်ရမယ်။"ဟု ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်သည်။ သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ချက် ဖြတ်ပြေးသွားခဲ့၏။

ဟွမ်ဖူမိသားစုသည် အကြိမ်ပေါင်းများစွာ လှုပ်ရှားခဲ့ပြီးပြီ ဖြစ်သည်။

သူ၊ ဖုန်းဝူချန်၏ စရိုက်နှင့် ရန်သူ တစ်ယောက်ကို ဤသို့ လွတ်လွတ်လပ်လပ် သွားလာနေခွင့် ပေးထားမည်လော။

လျိုချင်းယန်ကလည်း ဝင်ရောက်ထောက်ခံလိုက်သည်။

"အစ်ကိုဖုန်း ပြောတာ မှန်တယ်။ ဟွမ်ဖူ မိသားစုက အကြိမ်ပေါင်းများစွာ လှုပ်ရှားခဲ့ပြီးပြီ၊ သူတို့ကို လုံးဝ လွှတ်ပေးထားလို့ မဖြစ်ပါဘူး.."

ထိုစဉ် ရှောင်ချင်းချင်းက စိုးရိမ်တကြီးဖြင့် ပြောလာသည်။

"ချန်အာ... မေမေ စိုးရိမ်တာက ဟွမ်ဖူထျန်းပါးနဲ့ သူ့လူတွေက ငါတို့ အားနည်းနေတုန်း အခွင့်ကောင်း ယူသွားမှာကိုပဲ။ သားတို့အားလုံး ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရထားကြတာ၊ သူတို့နဲ့ ရင်ဆိုင် တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး.."

"စိတ်မပူပါနဲ့ မေမေ။ သူတို့သာ လာရဲရင် လာခဲ့ပါစေ၊ သူတို့ကို အပြန်လမ်း မရှိအောင် ကျွန်တော် လုပ်ပြနိုင်ပါတယ်။"

ဖုန်းဝူချန်က အပြည့်အဝ ယုံကြည်မှုရှိသော လေသံဖြင့် ပြောရင်း၊ ရှောင်ချင်းချင်းကို စိတ်အေးလက်အေး ရှိနေရန် အချက်ပြလိုက်၏။

ဤသို့ ပြောလိုက်ရင်း၊ သူ၏အကြည့်မှာ မူထျန်းယွင် ဘက်သို့ ရောက်ရှိသွားသည်။ ဖုန်းဝူချန်က ပြုံးလျက် ပြောလိုက်၏။

"ဂိုဏ်းချုပ်ဟောင်း မူ... ဒီကိစ္စတွေအားလုံး ပြီးသွားရင်၊ ကျွန်တော် ရွှမ်းထျန်းဂိုဏ်းကို ကိုယ်တိုင် လာလည်ပါ့မယ်။ ခင်ဗျားကို ပေးထားတဲ့ ကတိကို ကျွန်တော် မဖျက်ပါဘူး။"

ထိုအခါ မူထျန်းယွင်က ခေါင်းညိတ်လိုက်ပြီး ကျေနပ်နေသည့် အပြုံးဖြင့် ပြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်.. စစ်သူကြီးချုပ် ရွှမ်းထျန်းဂိုဏ်းကို ကြွရောက်လာမယ့် အချိန်ကို ကျုပ် အသင့် စောင့်ကြိုနေပါ့မယ်.."

ယခု အချိန်တွင်မူ၊ မူထျန်းယွင်၏ မျက်လုံးထဲမှ လေးစားမှုသည် အရင်ကထက်ပင် ပို၍ ပြင်းထန်လာခဲ့သည်။

ပဉ္စမအဆင့် ဆေးပညာရှင် လူရှင်းချန်ပင်လျှင် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် ပုရွက်ဆိတ် တစ်ကောင်ပမာ၊ ခုခံနိုင်စွမ်း နည်းနည်းလေးမျှ မရှိခဲ့သည် မဟုတ်ပါလော။

ဖုန်းဝူချန်၏ ဆေးပညာလမ်းစဉ် အပေါ်မှ ထူးချွန် ပြောင်မြောက်မှုသည် မူထျန်းယွင်ကို လုံးဝ လက်မြှောက် အရှုံးပေးသွားစေရန် လုံလောက်လျက် ရှိနေခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲ မြေပြင်ကို ရှင်းလင်းပြီးသည့်နောက်တွင် အင်ပါယာ၏ စစ်တပ်သည် စတင်၍ ပြန်လည် ဆုတ်ခွာခဲ့ကြသည်။

သွမ့်ထျန်းဟွမ်နှင့် ယဲ့ချန်းချုံး ကဲ့သို့သော ဗိုလ်ချုပ်ကြီးများလည်း တစ်ဦးပြီးတစ်ဦး ပြန်လစ်သွားခဲ့ကြသလို၊ ယွင်ကျိုး နယ်မှ အဓိက အင်အားစုများ၏ စွမ်းအားရှင်များလည်း သူတို့၏ ဒဏ်ရာများကို ကုသရန် ကိုယ့်နေရာ ကိုယ် ပြန်သွားခဲ့ကြ၏။

ဖုန်းဝူချန် မပြန်မီတွင်၊ သူသည် ထျန်းယွင်ဂိုဏ်းကို မြေပြင်နှင့် တစ်သားတည်းကျသွားအောင် ဖြိုချပစ်ခဲ့သည်။ ခမ်းနားလှသော နန်းတော်ဆောင်ကြီး အများအပြားမှာ ပျက်စီးသွားခဲ့ပြီး ဂိုဏ်းတစ်ခုလုံးမှာ အပျက်အစီးပုံကြီးအဖြစ်သာ ကျန်ရစ်ခဲ့လေတော့သည်။

ဤတိုက်ပွဲတွင် ထျန်းယွင်ဂိုဏ်းတစ်ခုလုံး အပြတ်အသတ် ချေမှုန်းခံခဲ့ရပြီး၊ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်မျှ မရှိခဲ့ပေ။ ဖုန်းဝူချန်သည် အလုံးစုံ အောင်နိုင်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

—-------

စစ်တပ်များအားလုံး ပြန်လည် ဆုတ်ခွာသွားပြီးသည့် နောက်တွင်မူ၊ ဟွမ်ဖူထျန်းပါးနှင့် ဟွမ်ဖူယွင်ကျုံးတို့ အပါအဝင် စွမ်းအားရှင် အချို့သည် တောင်ကုန်း တစ်ခု၏ ထိပ်ထက်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြသည်။

သူတို့သည် အစောကြီးကတည်းက ရောက်ရှိနေခဲ့ကြသည်မှာ သိသာသော်လည်း၊ အခုအချိန်အထိ သူတို့ကိုယ်သူတို့ လူရိပ်မပြဘဲ ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်သည်။

"အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်းကြီးတောင်မှ ပျက်စီးသွားခဲ့ပြီ.."

ဟွမ်ဖူထျန်းပါးက လေးနက်သည့် လေသံဖြင့် ရေရွတ်လိုက်သည်။ သူ၏ အိုမင်းနေသော မျက်လုံးများထဲတွင် ရှုပ်ထွေးလှသည့် ခံစားချက်တို့ ပြည့်လွှမ်းနေခဲ့၏။

"ဖုန်းဝူချန်က ဒီလောက်တောင် ကြောက်စရာ ကောင်းလိမ့်မယ်လို့ တကယ် မထင်ခဲ့ဘူး။ ထျန်းယွင်ဂိုဏ်းကိုတောင် အမြစ်ဖြတ်ပစ်နိုင်ခဲ့တယ်ဆိုတော့... သူက တကယ်ကို ရက်စက်ပြီး သွေးအေးလွန်းတာပဲ။" ဟု ဟွမ်ဖူယွင်ကျုံးက တုန်လှုပ်ခြောက်ခြားနေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

သူ၏မျက်စိရှေ့တွင် အဖြစ်မှန်ကို တွေ့နေရသော်ငြား၊ ၎င်းမှာ တကယ် ဖြစ်ပျက်ခဲ့သည် ဆိုခြင်းကို ဟွမ်ဖူယွင်ကျုံး ယုံရ ခက်ခဲနေဆဲ ဖြစ်သည်။

"ဖုန်းဝူချန်ရဲ့ ကြီးထွားလာမှုက မြန်လွန်းတယ်၊ သူ့အစွမ်းကလည်း အရမ်း ကြောက်စရာကောင်းနေပြီ။ သူက ငါတို့ ဟွမ်ဖူမိသားစုကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ ကြိုတင် ပြင်ဆင်ထားဖို့ လိုပြီ။"

ဟွမ်ဖူရှောင်ယွင်က စိုးရိမ်တကြီးဖြင့် ပြောလာသည်။

ဖုန်းဝူချန်၏ နောက်တွင် အင်ပါယာရော၊ ယွင်ကျိုးနယ်မှ အဓိက အင်အားစုများပါ ထောက်ခံပေးနေသောကြောင့်၊ သူတို့ ဟွမ်ဖူမိသားစုမှာ သူ၏ ပြိုင်ဘက် လုံးဝ မဟုတ်နိုင်တော့ချေ။

ယခု ထျန်းယွင်ဂိုဏ်းလည်း ပျက်စီးသွားပြီဖြစ်၍၊ ဟွမ်ဖူမိသားစုသည် သူတို့၏ နောက်ခံ အားကိုးရာအား လုံးဝ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။

ထို့အပြင် ဟွမ်ဖူမိသားစု၏ အင်အားမှာ အကြီးအကျယ် ယုတ်လျော့သွား

ခဲ့သောကြောင့်၊ ဖုန်းဝူချန်နှင့် ရင်ဆိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

ဖုန်းဝူချန်က အင်ပါယာ၏ အသန်မာဆုံး ဂိုဏ်းကိုပင် ချေမှုန်းနိုင်ခဲ့သည်၊ ဟွမ်ဖူမိသားစု ဆိုသည်ကရော အဘယ်သို့ အရေးပါတော့မည်နည်း။

ဟွမ်ဖူထျန်းပါးက လေးနက်စွာ ပြောလိုက်သည်။

"အခြေအနေက ပြန်ကယ်တင်လို့ မရတော့ဘူး။ ငါတို့ အသက်ရှင်ချင်သေးတယ် ဆိုရင်၊ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။ ဖုန်းဝူချန်နဲ့ သူ့လူတွေလည်း ဒဏ်ရာတွေကို ကုသဖို့ အချိန်လိုသေးတယ်၊ ဒါကြောင့် ငါတို့မှာ အချိန် နည်းနည်းတော့ ကျန်သေးတယ်။"

အကယ်၍ သူတို့သာ မထွက်သွားခဲ့ပါလျှင်၊ သေခြင်းတရားကသာ သူတို့ကို စောင့်ကြိုနေမည် ဖြစ်သည်။

ဟွမ်ဖူယွင်ကျုံးက မျက်မှောင် အနည်းငယ် ကြုတ်လျက် ဆိုသည်။

"ဒါဆို ငါတို့က ချင်းအာနဲ့ ထျန်းအာအတွက် လက်စားပြန်

မချေတော့ဘူးလား။ ငါတို့ ဟွမ်ဖူမိသားစုဝင်တွေ အများကြီး သေခဲ့ရတာ၊ ဒီအတိုင်းပဲ အဆုံးသတ်လိုက်တော့မှာလား။"

သူတို့သည် ဖုန်းဝူချန်ကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သိနေသော်လည်း၊ ဟွမ်ဖူယွင်ကျုံးမှာမူ ဤသို့ နှလုံးမသာမယာဖြင့် အင်ပါယာမှ ထွက်ပြေးရန် စိတ်မပါချေ။

"ဟွမ်ဖူမိသားစုက အစကတည်းက မော့မိသားစုကို မကူညီခဲ့သင့်တာ။"

ဟွမ်ဖူထျန်းပါးက နောင်တရစွာဖြင့် သူ၏ခေါင်းကို ခါယမ်းလိုက်၏။

သူသည် ဖုန်းဝူချန်အား ရန်သွားစခဲ့မိသည့်အတွက် ယခုအခါ၌ နောင်တရနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း၊ ဒုတိယအဆင့် သိုင်းဝိညာဉ်ကိုသာ ပိုင်ဆိုင်သော ဖုန်းမိသားစု၏ သခင်လေး တစ်ယောက်က မျက်စိတစ်မှိတ်အတွင်း ကောင်းကင်သို့ ထိုးတက်သွားပြီး၊ အရပ်လေးမျက်နှာလုံးကို ထိတ်ပျာသွားစေလောက်

သည့် ဖြုံလောက်သော စွမ်းအားရှင် တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူကများ ကြိုတွေးမိခဲ့မည်နည်း။

လက်ရှိ အခြေအနေအရမူ ဟွမ်ဖူမိသားစု၌ နောက်ပြန်ဆုတ်စရာ လမ်း မရှိတော့ပေ။

ဖုန်းဝူချန်နှင့် သေသည်အထိ တိုက်ခိုက်မည်လော၊ သို့တည်းမဟုတ် အင်ပါယာမှ ထွက်ပြေးမည်လော။

ဤနှစ်လမ်းသာ ရှိတော့သည်။

"ဖုန်းဝူချန်နဲ့ သူ့လူတွေ အခု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေကြတုန်း။ ဒီအခွင့်အရေးကို အသုံးချပြီး ဖုန်းဝူချန်ကို ရှင်းပစ်လိုက်ရင် မကောင်းဘူးလား။ အနည်းဆုံးတော့ ချင်းအာနဲ့ ထျန်းအာအတွက် လက်စားချေရာ ရောက်တာပေါ့.. ဒါ ငါတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ။ ငါတို့သာ အချိန်ဆွဲနေရင်၊ အဲ့ဒီအချိန်ကျရင် ဖုန်းဝူချန်ကို လုံးဝ ယှဉ်နိုင်တော့မှာ မဟုတ်မှာ ငါ ကြောက်တယ်။"ဟု

ဟွမ်ဖူယွင်ကျုံးက တင်းမာသော လေသံဖြင့် ပြောလိုက်သည်။

အဆို ရှိသည့်အတိုင်း၊ လဲနေစဉ် ထပ်ကန်ရမည် မဟုတ်ပါလော။

ထိုအခါ ဟွမ်ဖူရှောင်ယွင်ကလည်း ဟွမ်ဖူယွင်ကျုံး၏ အကြံကို သဘောတူဟန်ဖြင့် မေးလိုက်သည်။

"ခေါင်းဆောင်၊ ပြောတာလည်း ဟုတ်တန်ရာရဲ့။ အကြီးအကဲချုပ်ကရော ဘယ်လို သဘောရလဲ။"

ဤမျှ ကြီးထွားနှုန်း မြန်ဆန်လှသော ဖုန်းဝူချန်သည်၊ ယွမ်တန်ဘုံ စတုတ္ထအလွှာ ကျင့်ကြံမှု အဆင့်ဖြင့်ပင်လျှင် သတ္တမ အလွှာနှင့် တန်းတူညီမျှသော အစွမ်းကို ပိုင်ဆိုင်နေခဲ့ပြီ။ ဟွမ်ဖူထျန်းပါးမှလွဲ၍၊ ဟွမ်ဖူမိသားစုတွင် မည်သူမျှ ဖုန်းဝူချန်ကို ယှဉ်နိုင်မည် မဟုတ်ချေ။

ဟွမ်ဖူထျန်းပါး ခဏတာ တိတ်ဆိတ်သွား၏။

ဟုတ်ပေသည်။ ဒါက အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး၊ ဤအခွင့်အရေးကိုသာ လက်လွှတ်လိုက်ရပါက နောက်တစ်ကြိမ် ပြန်လည် ရရှိတော့မည် မဟုတ်ပေ။

ဟွမ်ဖူထျန်းပါးကို စိုးရိမ်စေသည့် အချက်မှာ လင်ရှောင်ရှောင်၏ ကြောက်မက်ဖွယ်ရာ ကာကွယ်ရေး အတားအဆီးပင် ဖြစ်သည်။

အကယ်၍ သူတို့သာ မအောင်မြင်ခဲ့ပါလျှင်၊ ထွက်ပြေးရန် အခွင့်အရေးပင် ရလိုက်မည် မဟုတ်ဘဲ၊ ဟွမ်ဖူ မိသားစု တစ်ခုလုံး အဆုံးသတ်သွားနိုင်ပေသည်..။

ဟွမ်ဖူထျန်းပါးသည် ဤလောင်းကြေးကို မထပ်ရဲခဲ့ပေ။ ထိုမျှမက ဖုန်းဝူချန်သည်လည်း နလပိန်းတုံး တစ်ယောက် မဟုတ်ကြောင်း သူ သိနေသည်။

ထိုကောင်လေးက သူတို့အား ထောင်ချောက်ဆင်ရန် အဘယ်အရာများ ပြင်ဆင်ထားမည်ကို မည်သူ သိနိုင်မည်နည်း။

ဟွမ်ဖူယွင်ကျုံးပင်လျှင် ဤအချက်ကို တွေးမိသေးလျှင်၊ ဖုန်းဝူချန်က ထိုအချက်ကို ထည့်မတွက်ဘဲ နေမည်လော။

အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင်တော့၊ ဟွမ်ဖူထျန်းပါးသည် ဤအကြံကို လက်လျှော့လိုက်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"ဟင့်အင်း၊ ငါတို့ အင်ပါယာကနေ အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ်။"

"ဖုန်းဝူချန်.. မင်းကို ငါ ဘယ်တော့မှ ခွင့်လွှတ်ဘူး.."

ဟွမ်ဖူယွင်ကျုံးက ဒေါသတကြီးဖြင့် အံကို ကြိတ်လိုက်သည်။

သူ၏ မကျေမချမ်း ဖြစ်နေသော စိတ်များမှာ သိသာလွန်းလှပြီး၊ တင်းတင်း ဆုပ်ထားသည့် လက်သီးကြောင့် သူ၏လက်သည်းများမှာ အသားထဲသို့ပင် စူးဝင်သွားခဲ့လေသည်။

...

အင်ပါယာ၏ ဤမျှ ကြီးမားသော လှုပ်ရှားမှုကြီးအား ထျန်းကျိုး နယ်ထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများထံမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

စစ်သည်အင်အား တစ်သိန်း ပြန်လည် ဆုတ်ခွာသွားပြီးသည့်နောက်၊ ထျန်းကျိုးနယ်မှ ကျင့်ကြံသူ အများအပြားသည် အဘယ်အရာများ ဖြစ်ပျက်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းရန်အလို့ငှာ ထျန်းယွင်ဂိုဏ်းဆီသို့ အုပ်စုလိုက် ထွက်လာခဲ့ကြသည်။

သို့သော် သူတို့ ရောက်ရှိလာသောအခါ၊ နေရာအနှံ့ ဟိုတစ၊ သည်တစ ဖြစ်နေသည့် မြင်မကောင်း၊

ရှုမကောင်းသော အလောင်းများနှင့် မြေပြင်နှင့် တစ်သားတည်း ကျအောင် ညှိခံထားရသော ထျန်းယွင်ဂိုဏ်း၏ မြင်ကွင်းကို တွေ့လိုက်ရချိန်တွင်မူ၊ သူတို့အားလုံး ကြောက်လန့်တကြားနှင့် သွေးပျက်သွားခဲ့ကြ၏။

ဤတုန်လှုပ်ခြောက်ခြားဖွယ် မြင်ကွင်းကြီးမှာ မျက်မြင်တွေ့လိုက်ရသူတိုင်းအတွက် တစ်သက်မမေ့နိုင်မည့် အိပ်မက်ဆိုး တစ်ခု ဖြစ်လာတော့မည်မှာ သေချာလှသည်။

"ဘုရား... ဘုရား... ထျန်းယွင်ဂိုဏ်း... တကယ်ကြီး ပျက်စီးသွားခဲ့ပြီ.."

"အင်ပါယာရဲ့ အသန်မာဆုံး ဂိုဏ်းကြီးကို အင်ပါယာကပဲ သွေးချောင်းစီး သုတ်သင်ခဲ့တာပဲ... အသက်ရှင်

ကျန်ရစ်သူ တစ်ယောက်မှ မရှိဘူးတဲ့.."

"စစ်သူကြီးချုပ်ရဲ့ လုပ်ရပ်တွေက တကယ်ကို ကြောက်စရာ

ကောင်းလိုက်တာ။ အူး..ဟွမ်ဖူမိသားစုလည်း မကြာခင် ထျန်းယွင်ဂိုဏ်းရဲ့ နောက်ကို လိုက်ရတော့မှာ သေချာနေပြီ.."

ကျင့်ကြံသူများအားလုံးကို ကြောက်ရွံ့မှုများက လွှမ်းခြုံသွားပြီး၊ တစ်ကိုယ်လုံး တုန်ယင်ကာ ချွေးစေးများပါ ပြန်လာခဲ့ကြသည်။

ထျန်းယွင်ဂိုဏ်း ပျက်စီးသွားပြီဟူသော သတင်းသည် ထိုနေရာမှ စတင်၍ ပျံ့နှံ့သွားခဲ့လေတော့သည်။

နာရီအနည်းငယ်အတွင်း၊ ဤသတင်းသည် ထျန်းကျိုးနယ်တစ်ခွင်၊ ထို့နောက် အင်ပါယာတစ်ခုလုံးသို့ အမြန်ပျံ့သွားတော့မည် ဖြစ်သည်။

ဖုန်းဝူချန်နှင့် သူ၏လူများ ဒဏ်ရာများကို ကုသရန် ဖုန်းမိသားစုဆီ ပြန်ရောက်သည့် အချိန်လောက်တွင်၊ ထျန်းယွင်ဂိုဏ်း ပျက်စီးသွားပြီဟူသော သတင်းသည် ထျန်းကျိုးနယ်တစ်ခွင်လုံး၌ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းအဟုန်ဖြင့် ကျော်ကြားသွားခဲ့လေပြီ။

ထျန်းကျိုးနယ်အတွင်းရှိ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အင်အားစု အသီးသီးမှ စွမ်းအားရှင်များ၊ ထို့အတူ မရေမတွက်နိုင်သော ကျင့်ကြံသူများပါ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။

ဤသတင်းကို ကြားကြားချင်း၌ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ "မယုံနိုင်ခြင်း" ပင် ဖြစ်သည်။

ထျန်းယွင်ဂိုဏ်း၏ အစွမ်းအစမှာ လူတို့၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သည်မှာ ကြာပြီဖြစ်၍၊ မရေမတွက်နိုင်သော လူငယ်များ အိပ်မက်မက်ခဲ့ရသည့် ကျင့်ကြံခြင်း၏ မြင့်မြတ်ရာ နေရာ တစ်ခုကို ကိုယ်စားပြုနေခဲ့သည်။

ယခု ရုတ်တရက်ကြီး ပျက်စီးသွားပြီဟူသော သတင်း ထွက်ပေါ်လာသောအခါ၊ မည်သူက ချက်ချင်း ယုံနိုင်မည်နည်း။

သို့သော်၊ လူတိုင်းက ဤအကြောင်းကိုပင် တညီတညွတ်တည်း ပြောဆိုလာကြ

သည့်အခါ၊ သူတို့၌ မယုံချင်သော်လည်း ယုံလိုက်ရုံမှတပါး တခြား ရွေးချယ်စရာ မရှိတော့ပေ။

ထို့အပြင်၊ အင်ပါယာမှ စစ်သည် အင်အား တစ်သိန်း အလုံးအရင်းဖြင့် ချီတက်ခဲ့ခြင်းဖြစ်ပြီး၊ ပစ်မှတ်ကလည်း ထျန်းယွင်ဂိုဏ်းမှ လွဲ၍ တခြား မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

နောက်ထပ် နှစ်နာရီအကြာတွင်၊ ထျန်းယွင်ဂိုဏ်း ပျက်စီးသွားသည့် သတင်းသည် အင်ပါယာ တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။

ထျန်းကျိုး၊ ယွင်ကျိုး၊ ကျုံးကျိုး ... အနှံ့…..

အင်ပါယာ တစ်ခုလုံးသည် ဤသတင်းကြောင့် အုံးအုံးကျွတ်ကျွတ်နှင့် ပွက်လောရိုက်

သွားခဲ့လေတော့သည်။

All Chapters