← Chapters

ခြောက်လှန့်ခြင်း

Vol. 11 Ch. 156

ခြောက်လှန့်ခြင်း

Vol. 11 Ch. 156

~"ခစ်ခစ်၊ အစ်ကိုကြီးဖုန်းကတော့ လူကို ညာနေပြန်ပြီ..."

လင်ရှောင်ရှောင်သည် သူမ၏ ပါးစပ်ငယ်လေးကို လက်ဖြင့် အုပ်လျက် တခစ်ခစ် ရယ်မောရင်း တီးတိုး ပြောလိုက်သည်။

လျိုချင်းယန်နှင့် ချီဟွမ်တို့မှာလည်း သူတို့၏ ရယ်မောချင်စိတ်ကို အနိုင်နိုင် ထိန်းထားရ၏။

ထိုစဉ် ကြောက်ရွံ့ထိတ်လန့်နေသော စစ်ဗိုလ်ချုပ်ကို ကြည့်ရင်း ဖုန်းဝူချန်မှာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရလေသည်။

"ဒီနေရာမှာ ဘယ်သူ တာဝန်ခံလဲ။"

ဖုန်းဝူချန်က လေသံတင်းတင်းဖြင့် မေးလိုက်သည်။

"စစ်သူကြီးချုပ်ကို..သတင်းပို့ရရင်.. ဒီလ တာဝန်ကျတာက ဗိုလ်ချုပ်လင် ဖြစ်ပါတယ် ခင်ဗျာ။"

ထိုဗိုလ်ချုပ်က ပြန်လည် ဖြေကြား၏။

"ဒီမှာပဲ ဆက်ပြီး စောင့်ကြပ်နေလိုက်ပါ။"

ဖုန်းဝူချန်က ပြုံးလျက် ညွှန်ကြားလိုက်ပြီး တောင်တန်းကြီးထဲသို့ ဦးဆောင် ဝင်ရောက်သွားရာ၊ လင်ရှောင်ရှောင်နှင့် အခြားသူများလည်း သူ၏ အနောက်မှ လိုက်ပါသွားကြတော့သည်။

ထိုစစ်ဗိုလ်ချုပ်မှာ သူတို့ကို တားဆီးရန် မဝံ့ရဲခဲ့ပေ။

ဖုန်းဝူချန်၏ လက်ရှိ အဆင့်အတန်းမှာ အလွန်အမင်း ကြောက်မက်ဖွယ်

ကောင်းလှပြီး၊ သူသည် ဖုန်းဝူချန်ကို ရန်မစရဲပါချေ။

နတ်ဘုရားတောင်ကြား၏ တောင်ခြေနှင့် အနည်းငယ် အလှမ်းဝေး

သေးသော်လည်း၊ တောင်တန်းကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့မှာ သူတို့၏ ခြေလှမ်းများကို အမြန်နှုန်း

မြှင့်လိုက်ကြသည်။ သူတို့သည် ယခင် တစ်ခေါက် လာရောက်ခဲ့စဉ်က လမ်းကြောင်းကို မှတ်ဉာဏ်၌ စွဲထင်နေကြ၏။

လမ်းတစ်လျှောက်တွင်၊ ဖုန်းဝူချန်သည် မည်သည့် အဖိုးတန် ရတနာကိုမျှ လက်လွတ်မခံစေရပေ။ အထူးသဖြင့် သန့်စင်သော စွမ်းအင်များ ပါဝင်သည့် ရတနာများကို သိမ်းပိုက်ရာတွင် သူသည် အမှန်တကယ်ပင် အားနာနေခြင်း မရှိခဲ့ချေ။

ဟုတ်ပါသည်။

ဤရတနာများမှာ နတ်ဘုရားတောင်ကြားမှ မဟုတ်သောကြောင့် သူတို့ ယူချင်လျှင် ယူလိုက်ရုံသာ ဖြစ်သည်။

နာရီပေါင်းများစွာ ကြာပြီးနောက်၊ ကောင်းကင်ကြီး အမှောင်ကျတော့

မည်အပြုတွင်၊ ဖုန်းဝူချန်နှင့် သူ၏အဖွဲ့သည် နတ်ဘုရား

တောင်ကြား၏ တောင်ခြေ၊ ပါရမီရှင် တိုက်ပွဲများအတွက် သီးသန့်ထားရှိသော စင်မြင့် တည်ရှိရာ နေရာသို့ ရောက်ရှိလာခဲ့ကြသည်။

စင်မြင့်ထက်တွင် ဗိုလ်ချုပ်ကြီး အချို့ စကားစမြည် ပြောဆိုနေကြသော်လည်း၊ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို အာရုံခံမိသည်နှင့် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကြ၏။

"ဘယ်သူတုန်း.."

ဗိုလ်ချုပ်တစ်ဦးက လှမ်း၍ အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန်ပဲ.."

အခြား ဗိုလ်ချုပ်သုံးဦးက ဖုန်းဝူချန်ကို မှတ်မိသွားကြသည်။

သူတို့၏ မျက်နှာအမူအရာများမှာ အံ့အားသင့်ခြင်း၊ ရှုပ်ထွေးခြင်းတို့ဖြင့် ပြည့်နှက်နေ၏။

အံ့အားသင့်ရခြင်းမှာ ဖုန်းဝူချန်အား တွေ့မြင်လိုက်ရသောကြောင့် ဖြစ်ပြီး၊ ရှုပ်ထွေးရခြင်းမှာမူ သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာသနည်း ဆိုသည့်အချက်ကြောင့် ဖြစ်သည်။

"ဒီအရာရှိက စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်.."

ထိုအခိုက်အတန့်၌ လင်ကျန့်ထျန်းသည် ဒူးတစ်ဖက်ထောက်၍ လျင်မြန်စွာ အရိုအသေပေးလိုက်ခြင်းပါ။

"ထပါ။"

ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးကာ ပြောလိုက်၏။

"ဘာ... ဘယ်လို.. စစ်သူကြီးချုပ်.."

"ဖုန်းဝူချန်က ယန်ဟော် အင်ပါယာရဲ့ စစ်သူကြီးချုပ် ဟုတ်လား.."

"အဲ့... အဲ့ဒီ ရာထူးက နည်းနည်း မမြင့်လွန်းဘူးလား.."

အခြား ဗိုလ်ချုပ် သုံးဦးမှာ သိသိသာသာပင် တုန်လှုပ်သွားကြပြီး၊ သူတို့၏ မျက်လုံးများမှာ မျက်လုံးအိမ်များထဲမှ ပြုတ်ကျလာမတတ် ဖြစ်သွား၏။

လင်ကျန့်ထျန်းက ရယ်မောလျက် ပြောလိုက်သည်။

"စစ်သူကြီးချုပ်ကို ခန့်အပ်ပြီးသွားပြီ... ခင်ဗျားတို့ပဲ မသိကြသေးတာ။ အခုဆို သူက ယန်ဟော်အင်ပါယာရဲ့ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ရဲ့ တပ်မှူးချုပ်လည်း ဟုတ်တယ်။"

"ယန်ဟော်အင်ပါယာရဲ့ အတော်ဆုံး စစ်သည်တော်တွေရဲ့ တပ်မှူးချုပ်.."

ဗိုလ်ချုပ်သုံးဦးမှာ နောက်တစ်ကြိမ် ထပ်မံ၍ တုန်လှုပ်

ခြောက်ခြားသွားကြပြန်သည်။

ဖုန်းဝူချန်မှာ အင်ပါယာ၏ စစ်သူကြီးချုပ်အဖြစ် ခန့်အပ်ခံရရန် မည်သည့် အရည်အချင်း၊ မည်သည့် စွမ်းဆောင်ရည်များ ရှိနေ၍နည်း။

ထို့အပြင် ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့နှင့် အလံနက် တပ်မတော်ကိုပါ အုပ်ချုပ်ခွင့် ရရှိထားသေးသည်..။

လင်ကျန့်ထျန်းက ဂုဏ်ယူစွာ ရယ်မောလျက် ဆိုလိုက်သည်။

"စစ်သူကြီးချုပ်ရဲ့ အရည်အချင်းတွေက ခင်ဗျားတို့ နားလည်နိုင်မယ့် အရာတွေမှ မဟုတ်တာ။"

အခြား ဗိုလ်ချုပ်သုံးဦးမှာ သံသယဝင်နေကြဆဲ ဖြစ်သည်။

ထိုစဉ် တစ်ဦးက မေးမြန်းလိုက်၏။

"စစ်သူကြီးချုပ်က ဒီ နတ်ဘုရား တောင်ကြားကို ဘာကိစ္စနဲ့ ကြွလာတာလဲ ဆိုတာ သိခွင့်ရှိမလား ခင်ဗျာ။"

"နတ်ဘုရားတောင်ကြားထဲ ဝင်မလို့ပါ"

ဖုန်းဝူချန်က ရိုးရှင်းစွာ ဖြေလိုက်သည်။

"နတ်ဘုရားတောင်ကြားထဲ ဝင်မလို့.."

ဗိုလ်ချုပ်လေးဦးလုံး၏ မျက်နှာများမှာ ရုတ်ချည်း ပြောင်းလဲသွားကြ၏။

ဗိုလ်ချုပ် လင်ကျန့်ထျန်းက လျင်မြန်စွာ ပြောလိုက်သည်။

"စစ်သူကြီးချုပ်... အင်ပါယာကြီး လေးခုက ချမှတ်ထားတဲ့ စည်းကမ်းချက်တစ်ခု ရှိပါတယ် ခင်ဗျာ။ ပါရမီရှင်တိုက်ပွဲ ကာလကလွဲရင်၊ သတ်မှတ်ထားတဲ့ အချိန်မရောက်မချင်း နတ်ဘုရားတောင်ကြားထဲကို ဘယ်သူမှ ကျူးကျော် ဝင်ရောက်ခွင့် မရှိပါဘူး။ စစ်သူကြီးချုပ်လည်း ဒီစည်းကမ်းကို သိပြီးသား ဖြစ်မှာပါ။ ကျူးကျော်ဝင်ရောက်ခဲ့ရင် အကျိုးဆက်က ဆိုးရွားနိုင်ပါတယ်။"

အခြား ဗိုလ်ချုပ်တစ်ဦးကလည်း မျက်မှောင်ကြုတ်လျက် တောင်းပန်လာ၏။

"စစ်သူကြီးချုပ်... နတ်ဘုရားတောင်ကြားကို ကျူးကျော်ဝင်ရောက်တာက အင်ပါယာတွေအကြား စစ်ပွဲကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါက နောက်စရာ ကိစ္စ မဟုတ်ပါဘူး။ အင်ပါယာကြီးလေးခုက ဆယ်စုနှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့တာပါ၊ ဘယ်သူကမှ စစ်ပွဲကို မလိုလားကြပါဘူး။ စစ်သူကြီးချုပ် အနေနဲ့ ဒီစည်းကမ်းကို မဖောက်ဖျက်သင့်ပါဘူး။"

သူတို့ စကားအား ဖုန်းဝူချန်က ခေါင်းညိတ်လျက် လက်ခံလေသည်။

"ခင်ဗျားတို့ ပြောတာတွေ ကျုပ် သိပြီးသားပါ။ ကျုပ်လည်း စည်းကမ်းကို မဖောက်ဖျက်ချင်ပါဘူး။ အင်ပါယာကြီး လေးခုကြား စစ်ဖြစ်တာမျိုးလည်း မလိုလားပါဘူး။"

"စစ်သူကြီးချုပ် ဒီလို တွေးပေးနိုင်ရင်တော့ ကျွန်တော်တို့ စိတ်အေးရပါပြီ။"

ဗိုလ်ချုပ် လေးဦးလုံး သက်ပြင်းချနိုင်သွားကြသည်။

ဖုန်းဝူချန်၌ ကြောက်မက်ဖွယ် ကောင်းသော အစွမ်းအစများ ရှိနေသည်။

အကယ်၍ သူသာ အတင်းအကျပ် ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့လျှင်၊ သူတို့ထဲမှ မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။

ထို့နောက် လင်ကျန့်ထျန်းက ဆက်ပြောလာသည်။

"စစ်သူကြီးချုပ်သာ ဒီနေရာမှာ ကျင့်ကြံချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ တားဆီးမှာ မဟုတ်ပါဘူး။"

"တကယ်တော့ ကျုပ်လည်း မလာချင်ပါဘူး... ဒါပေမဲ့ နတ်ဘုရားတောင်ကြားထဲကို မဝင်မဖြစ် ဝင်ရမှာမို့လို့ဗျာ။ ကျုပ်မှာ တခြား ရွေးစရာလမ်း မရှိတော့ဘူး။"

ဖုန်းဝူချန်က စိတ်မပါ့တပါ အပြုံးဖြင့် ပြောလိုက်၏။ သူက အမှန်တကယ် အခက်တွေ့နေသည့်ပုံ ပေါက်နေ၏။

"တခြား ရွေးစရာလမ်း မရှိတော့ဘူး.."

လင်ကျန့်ထျန်း အနည်းငယ် အံ့အားသင့်သွားပြီး ပြန်မေးလိုက်မိသည်။

"စစ်သူကြီးချုပ်... တိတိကျကျ ဘာကိစ္စ ရှိလို့ပါလဲ ခင်ဗျာ။"

ထိုအခါ ဖုန်းဝူချန်က ရှင်းပြလိုက်သည်။

"အရင် တစ်ခေါက် ပါရမီရှင် တိုက်ပွဲတုန်းက... ခင်ဗျားတို့ အားလုံး ဟို ကြောက်စရာ ကောင်းတဲ့ စွမ်းအားကြီးကို သိကြမှာပါ။ အဲ့ဒီစွမ်းအားက ကျုပ်တို့ အင်ပါယာကြီး လေးခုကို မျက်စိတစ်မှိတ်အတွင်း ပြာကျသွားအောင် ဖန်တီးနိုင်တယ်။"

လင်ကျန့်ထျန်းနှင့် အခြား ဗိုလ်ချုပ်သုံးဦးမှာ ကြောက်ရွံ့မှုများဖြင့် ခေါင်းညိတ်လိုက်ကြသည်။

ထိုစဉ်က ကြောက်မက်ဖွယ် စွမ်းအားကြီးကို သူတို့ မျက်ဝါးထင်ထင် မှတ်မိနေကြဆဲ ဖြစ်၏။

ဖုန်းဝူချန်က လေသံခပ်လေးလေးဖြင့် ဆက်ပြောလိုက်သည်။

"ဝိညာဉ်ရေကန်မှာ... ကျုပ်တို့ အဲ့ဒီ ရှေးဟောင်း ဝိညာဉ်သားရဲကြီးနဲ့ တွေ့ခဲ့ကြတယ်။ သူက ကျုပ်ကို အကူအညီ တောင်းခဲ့ဖူးတယ်လေ။ အခုတလော သူက ကျုပ်ကို ထပ်ပြီး ဆင့်ခေါ်နေပြန်ပြီ။ ဘာကိစ္စလဲတော့ ကျုပ်လည်း မသိသေးဘူး။ အဲ့ဒီ ဝိညာဉ်သားရဲကြီးရဲ့ ကျင့်ကြံမှုက အရမ်းကို ကြောက်စရာကောင်း

လွန်းတာမို့ ကျုပ် သူ့ကို စိတ်မဆိုးစေချင်ဘူး။ မဟုတ်လို့ကတော့... ဒီ နတ်ဘုရား တောင်ကြားတင် မကဘူး၊ အင်ပါယာကြီး လေးခုလုံး ပျက်စီးသွားမှာ‌ မဟုတမလား။"

ဗိုလ်ချုပ် လေးဦးမှာ ကြားရလေ ကြောက်ရွံ့လာလေ ဖြစ်ကာ မျက်နှာများပင် ဖြူဖျော့သွားကြသည်။

ထိုဝိညာဉ်သားရဲကြီး၏ ကြောက်မက်ဖွယ်ရာ ကောင်းပုံကို သူတို့ ကြားသိထားပြီး ဖြစ်သည့်အပြင်၊ ၎င်းက ဖုန်းဝူချန်အား အကူအညီ တောင်းခံခဲ့ဖူးသည်ကိုလည်း သူတို့ သိထားကြသည်။

ဖုန်းဝူချန်၏ စကားများက သူတို့ကို သံသယ တစ်စုံတစ်ရာမရှိဘဲ ယုံကြည်သွားစေခဲ့လေသည်။

သူတို့၏ မျက်နှာများမှ ကြောက်ရွံ့မှုကို မြင်တွေ့ရသောအခါ၊ ဖုန်းဝူချန်က ဆက်လက်၍ စကားဆက်လိုက်သည်။

"ဒါကြောင့်မို့လို့ ကျုပ် မလာချင်ဘဲ လာခဲ့ရတာပါ။ ဗိုလ်ချုပ်လင်... ခင်ဗျားလည်း သိသားပဲ၊ စစ်ပွဲက ပြီးကာစ... ဖုန်းမိသားစုမှာလည်း ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိသေးတယ်။"

"ဒီအရာရှိ နားလည်ပါတယ် ခင်ဗျာ။"

လင်ကျန့်ထျန်းက ခေါင်းညိတ်လိုက်ပြီး အခြား ဗိုလ်ချုပ် သုံးဦးကို ကြည့်လျက် ဆိုသည်။

"ဗိုလ်ချုပ် သုံးယောက်ရော ဘယ်လို သဘောရကြလဲ။"

"ကိစ္စ... ကိစ္စ မရှိပါဘူး.. အဲ့ဒီ ဝိညာဉ်သားရဲကြီးကို စိတ်မဆိုးအောင် လုပ်နိုင်သ၍... ကျွန်တော်တို့ ဘာမှ မမြင်လိုက်ဘူးလို့ပဲ သဘောထားလိုက်ပါ့မယ်။ ဗိုလ်ချုပ်ကြီး သိသွားရင်တောင် သူ ကန့်ကွက်မှာ မဟုတ်ပါဘူး။"

ဗိုလ်ချုပ် တစ်ဦးက ကြောက်လန့်တကြားဖြင့် သူ့လက်များကို အလျင်အမြန် ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ဟုတ်... ဟုတ်ပါတယ်.. စစ်သူကြီးချုပ်... ကျေးဇူးပြုပြီး အမြန်သာ ဝင်သွားပါတော့... ကျွန်တော်တို့ အဲ့ဒီ ဝိညာဉ်သားရဲကြီးကို တ... တကယ် ရန်မစရဲပါဘူး.."

"ဟုတ်တယ်.. ဟုတ်တယ်.. တွေးကြည့်တာနဲ့တင် ကြောက်စရာကြီး.. စစ်သူကြီးချုပ်... အထဲရောက်ရင် အဲ့ဒီ ဝိညာဉ်သားရဲကြီးကို စိတ်မဆိုးအောင် လုပ်ပါနော်... မဟုတ်ရင် ကျွန်တော်တို့အားလုံး သေကုန်ကြမှာ.."

ဗိုလ်ချုပ်သုံးဦးစလုံး မည်သူမျှ မကန့်ကွက်ရဲကြတော့ပေ။

ထိုကြောက်မက်ဖွယ် ဝိညာဉ်သားရဲကြီး အကြောင်း တွေးမိသည်နှင့် ဖုန်းဝူချန် အမြန်ဆုံး ဝင်ရောက် အကူအညီပေးစေလိုစိတ်များသာ တဖွားဖွား ပေါ်ပေါက်လာကြ၏။

"ကဲ... အချိန်မဆွဲဘဲ အမြန်ဝင်ကြရအောင်.."

ဖုန်းဝူချန်က မှင်သေသေဖြင့် ဆိုလိုက်သည်။

"ဟိတ်... နတ်ဘုရားတောင်ကြားထဲက ဘယ်အရာကိုမှ ဝင်မထိရဘူးနော်... နားလည်လား။"

"ဟုတ်ကဲ့.."

ချီဟွမ်နှင့် အခြားသူများကလည်း အလိုက်တသိ ပူးပေါင်း၍ ပြန်လည် ဖြေကြားလိုက်ကြသည်။

"စစ်သူကြီးချုပ်... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ ခင်ဗျာ။"

လင်ကျန့်ထျန်းက အလွန် စိုးရိမ်ပူပန် နေရှာသော လေသံဖြင့် ဆိုလိုက်ရင်း၊ သူ၏ မျက်နှာထက်၌ ချွေးစများပင် စို့လာခဲ့သည်။

"သူ ကျုပ်ကို ဒုက္ခပေးမှာတော့ မဟုတ်လောက်ပါဘူး။ မဟုတ်ရင် အရင်တစ်ခေါက်ကတည်းက ကျူပ်ကို အလွတ်ပေးခဲ့မှာ မဟုတ်သလို၊ အင်ပါယာကြီးလေးခုက အကယ်ဒမီ ကျောင်းသားတွေကို ဝိညာဉ်ရေကန်မှာ ကျင့်ကြံခွင့် ပေးခဲ့မှာ မဟုတ်ဘူးလေ။"

ဟု ဖုန်းဝူချန်က ခေါင်းညိတ်လျက် ဖြောင်းဖြလိုက်သည်။

ဤသို့နှင့် ဖုန်းဝူချန်နှင့် သူ့လူများ ဒါဇင်ကျော်ပါသော အဖွဲ့သည် နတ်ဘုရားတောင်ကြားထဲသို့ လျင်မြန်စွာ ပြေးဝင်သွားကြတော့သည်။

သူတို့ မသိလိုက်သည့်အချက်မှာ၊ ဖုန်းဝူချန် နတ်ဘုရားတောင်ကြားသို့ ရောက်ရှိလာသည့် အခိုက်အတန့်ကတည်းက၊ အတွင်းပိုင်းမှ ကြမ်းကြုတ်သားရဲများမှာ သူ၏ တည်ရှိမှုကို ကြာမြင့်စွာကတည်းက အာရုံခံမိခဲ့ပြီး ဖြစ်ကာ၊ ချီလင်မျိုးနွယ် နန်းတော် အပျက်အစီးများရှိရာသို့ ကြောက်လန့်တကြားဖြင့် စုရုံးနေခဲ့ကြပြီ ဖြစ်သည်။

"အစ်ကိုဖုန်း... ခင်ဗျား သူတို့ကို ခြောက်လှန့်လိုက်တာ တကယ်... တကယ် လန်ထွက်သွားတာပဲဗျာ.."

နတ်ဘုရားတောင်ကြားထဲသို့ ဝင်ရောက်လိုက်သည်နှင့် လျိုချင်းယန်က ဖုန်းဝူချန်အား လက်မထောင်

ပြလိုက်သည်။

"ဟဟ..ငါတော့ မင်းကို တကယ် လေးစားသွားပြီကွာ..”

ကျန်းကျွင့်လန်ကလည်း ရွှတ်နောက်နောက် ဦးညွှတ်လျက် ဆိုသည်။

"အခြေခံပေါ့ကွာ.. အခြေခံ.."

ဖုန်းဝူချန်ကလည်း ထိုနည်း၎င်း ပြန်လည် တုံ့ပြန်လိုက်သည်။

"အစ်ကိုဖုန်း... အဲ့ဒီ ဝိညာဉ်သားရဲကြီးက တကယ်ပဲ အဲ့လောက် ကြောက်စရာကောင်းတာလားဟင်။"

မြောင်ချင်းချင်းက အနည်းငယ် ကြောက်ရွံ့နေသည့် လေသံဖြင့် မေးလိုက်သည်။

"သူ့ကျင့်ကြံမှုက ကြောက်စရာကောင်းတာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ ဒီမှာ မရှိတော့ဘူး။ အင်ပါယာကြီးလေးခုက ဒါကို မသိသေးတာ၊ ပြီးတော့ ဝိညာဉ်ရေကန်ထဲက ဝိညာဉ်စွမ်းအင်ကလည်း လျော့ကျသွားမှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ငါတို့ ဒီကို လာတာက မင်းတို့ကို ဝိညာဉ်ရေကန်မှာ ကျင့်ကြံစေဖို့ပဲ။ ဆေးလုံးတွေအပြင် နတ်ဘုရားတောင်ကြားထဲက သဘာဝရတနာတွေပါ ပေါင်းထည့်လိုက်ရင်၊ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က မိုင်းခွဲသလို မြင့်တက်သွားလိမ့်မယ်.."

ဖုန်းဝူချန်က ပြုံးလျက် ရှင်းပြလိုက်သည်။

"အဟေး…ဒါဆို သိပ်ကောင်းတာပေါ့ဗျာ.. ကျွန်တော်တို့လည်း ဝိညာဉ်ရေကန်မှာ ကျင့်ကြံလို့ ရပြီ.."

လျိုချင်းယန်က ရွှင်မြူးသော အသံဖြင့် အော်ဟစ်လိုက်သည်။

ရွှယ်ဖုန်းကမူ ရှုပ်ထွေးသော လေသံဖြင့် မေးလာသည်။

"ထူးဆန်းလိုက်တာ... ဘာလို့ ကြမ်းကြုတ်သားရဲ တစ်ကောင်မှ မတွေ့ရတာလဲ။ သားရဲဟိန်းသံတွေလည်း မကြားရပါလား။ သူတို့တွေ အပြင်ထွက် မလှုပ်ရှားကြဘူးလား။"

"ဟုတ်ပါ့။ ကျွန်တော်လည်း အတော်လေး ထူးဆန်းနေတာ... ဗိမာန်သခင်... ကျွန်တော်တို့ သတိထားသင့်တယ် ထင်တယ် နော်။"

လိန်မူချန်က လေသံခပ်လေးလေးဖြင့် ဆိုသည်။

ဖုန်းဝူချန်က ပြုံးလိုက်ပြီး ဆို၏။

"မင်းတို့ အရင် ဝိညာဉ်ရေကန်ဆီကို သွားနှင့်ကြ... ဝိညာဉ်စွမ်းအင်တွေ လာရာနောက်ကို လိုက်သွားလိုက်ရုံပဲ။ ရှောင်ရှောင်... ငါတို့နှစ်ယောက် သဘာဝရတနာတွေ သွားရှာကြရအောင်။"

"ဟုတ်ကဲ့ပါ.."

လင်ရှောင်ရှောင်က လိမ်မာစွာ ခေါင်းညိတ်လိုက်သည်။

ထိုအခါ လျိုချင်းယန်၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

"ငါတို့ဘာသာ သွားရမယ်... ကြမ်းကြုတ်သားရဲတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။ ဝိညာဉ်ရေကန်မှာ ကောင်းကင်ပျံ မြွေပြာကြီး ရှိတယ် မဟုတ်လား။"

"ဒါက မင်းတို့ သူ့ကို သွားမစသရွေ့တော့ သူက လူတွေကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။"

ဖုန်းဝူချန်က တည်ငြိမ်စွာ ရှင်းပြလိုက်ပြီးနောက်၊ လင်ရှောင်ရှောင်ကို ဦးဆောင်ကာ ချီလင် မျိုးနွယ် နန်းတော် အပျက်အစီးများ ရှိရာသို့ ထွက်ခွာသွားလေသည်။

ဖုန်းဝူချန်သည် ချီလင် ချပ်ဝတ်ကို စိတ်ကူးတစ်ချက်ဖြင့် ဆင့်ခေါ်လိုက်ပြီး လင်ရှောင်ရှောင်နှင့်အတူ ပျံသန်းထွက်ခွာသွား၏။ သူတို့၏ အမြန်နှုန်းမှာ အလွန် လျင်မြန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်း တောအုပ်ထဲ၌ ပျောက်ကွယ်သွားကြသည်။

"အစ်ကိုကြီးဖုန်း... ကြမ်းကြုတ်သားရဲတွေ အားလုံး ရှေ့မှာ စုရုံးနေကြတယ်။ ကျွန်မတို့ အဲ့ဒီကို သွားပြီး ဘာလုပ်ကြမလို့လဲ။ သားရဲဝိညာဉ် ရှာမလို့လား။"

လင်ရှောင်ရှောင်က စပ်စုစွာ မေးလိုက်သည်။ မလှမ်းမကမ်း ရှေ့နေရာတွင် ကြမ်းကြုတ်သားရဲ အမြောက်အမြား စုရုံးနေသည်ကို သူမ ရှင်းလင်းစွာ အာရုံခံမိနေ၏။

ထိုအခါ ဖုန်းဝူချန်က ခေါင်းခါလျက် ပြုံးလိုက်သည်။

"အစ်ကိုတို့ သားရဲဝိညာဉ်တွေ မလိုအပ်ဘူး။ နတ်ဘုရား တောင်ကြားက သူတို့ရဲ့ နယ်မြေပဲ။ သူတို့က ငါတို့ထက် ဒီနေရာကို ပိုပြီး ကျွမ်းကျင်တယ်။ ဘယ်နေရာမှာ ဘာရတနာတွေ ရှိလဲဆိုတာ သူတို့ အားလုံး သိတယ် လေကွာ။"

"သြော်... ဒီလိုကိုး။"

လင်ရှောင်ရှောင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

အနက်ရောင် အရိပ် နှစ်ခုသည် အံ့မခန်း အမြန်နှုန်းဖြင့် ဖြတ်သန်းသွားကြပြီး၊ မကြာမီပင် ချီလင်မျိုးနွယ် နန်းတော် အပျက်အစီးများထံသို့ ရောက်ရှိသွားကြသည်။

"အစ်ကိုကြီးဖုန်း... ဒီနေရာက ဘာနေရာကြီးလဲဟင်။"

ရှေ့မှောက်မှ ပျက်စီးနေသော နန်းတော်ကို မြင်တွေ့ရသောအခါ လင်ရှောင်ရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။

"ဒီနေရာက အရင်တုန်းက ချီလင်မျိုးနွယ်ရဲ့ နယ်မြေပဲ။ အစ်ကို့ရဲ့ ချီလင် ချပ်ဝတ်ကို ဒီနေရာကနေ ရခဲ့တာ။ ချီလင်မျိုးနွယ်က ဘိုးဘေး

တစ်ယောက်က လက်ဆောင်ပေး

ခဲ့တာလေ... ဒါပေမဲ့ သူက ဒီကနေ ထွက်သွားခဲ့ပါပြီ။"

ဖုန်းဝူချန်က လင်ရှောင်ရှောင်အား မည်သည့် အရာကိုမျှ ဖုံးကွယ်မထားဘဲ အရာအားလုံးကို ရှင်းပြလိုက်သည်။

"မဆန်းပါဘူး... အစ်ကိုကြီးဖုန်းရဲ့ ချပ်ဝတ်ဆီကနေ ချီလင်မျိုးနွယ်ရဲ့ အရှိန်အဝါကို ကျွန်မ အာရုံခံလို့ ရနေတယ် ထင်တာ။ ဒီနေရာက ချီလင်မျိုးနွယ်ရဲ့ နယ်မြေ ဖြစ်နေလိမ့်မယ်လို့ ကျွန်မ တကယ် မထင်ထားခဲ့မိဘူး။"

လင်ရှောင်ရှောင်မှာ ပို၍ပင် အံ့အားသင့်သွားရသည်။

ထိုအခိုက်အတန့်၌ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ ဆင်းသက်လာသည်နှင့်၊ ကြမ်းကြုတ်သားရဲ ရာပေါင်းများစွာမှာ မြေပြင်ပေါ်တွင် ဝပ်တွားနေကြပြီး ခေါင်းပင် မဖော်ဝံ့ကြဘဲ တုန်တုန်ယင်ယင် ဖြစ်နေကြ၏။

နဂါးမျိုးနွယ်အပေါ် သူတို့၏ ကြောက်ရွံ့မှုမှာ ဝိညာဉ်နှင့် သွေးသားထဲမှ အရင်းခံလာခြင်း ဖြစ်ပြီး၊ သူတို့ ထိန်းချုပ်နိုင်စွမ်း မရှိသော အရာ ဖြစ်သည်။

သူတို့နှစ်ဦးသည် ပျက်စီးနေသော နန်းတော်တစ်ခု၏ အပေါ်သို့ ဆင်းသက်လိုက်ကြသည်။ ဖုန်းဝူချန်က မြေပြင်ပေါ်တွင် ဝပ်တွားနေသော ကြမ်းကြုတ်သားရဲများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဆိုသည်။

"မင်းတို့အားလုံး လူစကား နားလည်ကြလိမ့်မယ် ထင်တယ်။ ငါ မင်းတို့ကို အန္တရာယ် ပေးမလို့ လာတာ မဟုတ်ဘူးကွ။ ငါ့ကို အကူအညီတစ်ခု ပေးစေချင်ရုံပဲ။ ငါ လိုချင်တာက မင်းတို့ နယ်မြေတွေထဲက ရတနာတွေပဲ။ ဒါမှမဟုတ် နတ်ဘုရားတောင်ကြားထဲမှာ ရှိတဲ့ စွမ်းအင်သန့်သန့်တွေ ပါတဲ့ ရတနာတွေကို ငါ့အတွက် ရှာပေးက နော်.."

တစ်ချက် ရပ်လိုက်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။

"သဘောတူရင် ခေါင်းညိတ်ပြကြ။"

ဤစကားကို ကြားသောအခါ၊ ပတ်ဝန်းကျင်မှ ကြမ်းကြုတ်သားရဲ ရာပေါင်းများစွာတို့မှာ ကြောက်လန့်တကြားဖြင့် သူတို့၏ ခေါင်းများကို အလျင်အမြန် ညိတ်ပြကြလေသည်။

"သိပ်ကောင်းတယ်.."

သားရဲများ လိမ်လိမ်မာမာ ခေါင်းညိတ်ပြသည်ကို တွေ့ရ၍ ဖုန်းဝူချန် ကျေနပ်သွားပြီး ပြုံးလျက် ခိုင်းစေလိုက်တော့သည်။

"မင်းတို့ အချိန် နာရီဝက် ရမယ် နော်။"

"အူး.. ဝူး..ဝူး.."

သားရဲများမှာ ကြောက်လန့်တကြားဖြင့် နေရာအနှံ့သို့ ပြေးထွက်သွားကြရာ မြေပြင်ကြီးပင် တုန်ခါသွား၏။

သားရဲ ရာပေါင်းများစွာမှာ မျက်စိတစ်မှိတ်အတွင်း သည်နေရာမှာ မရှိနေသလို ပျောက်ကွယ်သွား

ကြတော့သည်။

"ရှောင်ရှောင်... အစ်ကိုတို့ ဆေးပင် ရှာဖို့ သွားကြရအောင်။ အခု ငါက စတုတ္ထအဆင့် ဆေးပညာရှင်နယ်ပယ်ကို ခြေချနိုင်ခဲ့ပြီ၊ ပဉ္စမအဆင့် ဆေးပညာရှင် ဖြစ်ဖို့လည်း သိပ်မလိုတော့ဘူး။ အစွမ်းထက်တဲ့ ဆေးလုံးတချို့ ဖော်စပ်ဖို့ အချိန်တန်ပြီ လေ။"

ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို ကြည့်လျက် ပေါ့ပေါ့ပါးပါး ပြုံးရင်း ပြောပြလိုက်သည်။

နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များကြောင့် သူ၏ ဆေးပညာအဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူ၏ ဝိညာဉ်စွမ်းအားသာ လုံလောက်နေသရွေ့၊

ဘုံအဆင့်များ ကျော်ဖြတ်ရန်မှာ လက်ဖဝါး ဟိုဘက်၊ သည်ဘက် လှန်လိုက်သကဲ့သို့ လွယ်ကူလှပေသည်။

"အစ်ကိုကြီးဖုန်း သွားတဲ့ နေရာတိုင်းကို ကျွန်မ လိုက်ခဲ့မှာပေါ့။"

လင်ရှောင်ရှောင်က ချိုသာစွာ ပြုံးလျက် ပြန်ပြောလိုက်လေသည်။

"အခုက အစ်ကိုတို့ အင်အား တိုးမြှင့်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ.. ဟို မြေခွေးအိုကြီး ဟွမ်ဖူထျန်းပါးက... သူ ထျန်းယွမ်ဘုံကို ခြေချပြီးတာနဲ့ ငါ့ကို လက်စားချေဖို့ သေချာပေါက် ပြန်လာလိမ့်မယ်.. အစ်ကို အဆင်သင့် ပြင်ထားမှ ဖြစ်မယ်။"

ဖုန်းဝူချန်က လေသံခပ်တင်းတင်းဖြင့် ကြွေးကြော်လိုက်ရင်း သူ၏မျက်လုံးများထဲ၌ ပြင်းထန်သော အရောင်တစ်ချက် လက်ခနဲ ဖြတ်ပြေးသွားလေတော့သည်။

All Chapters