← Chapters

သူ့ကို သတ်ပစ်လိုက်

Vol. 11 Ch. 160

သူ့ကို သတ်ပစ်လိုက်

Vol. 11 Ch. 160

~"ရွှေယွဲ့အင်ပါယာက ပါရမီရှင် အဆင့်သတ်မှတ်ပွဲရဲ့ သိုင်းပြိုင်ပွဲမှာ ပထမနေရာကို လက်လွှတ်လိုက်ရတာကို လက်မခံနိုင်လို့ ဖြစ်မှာပေါ့။ အရင်တုန်းကဆို သူတို့က အမြဲတမ်း ပထမနေရာကို ယူခဲ့ပြီး၊ နိုင်ငံကြီးလေးခုရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရတာလေ။ အခု စစ်သူကြီးချုပ်က ရုတ်တရက် ပထမနေရာကို လုယူသွားတော့၊ သူတို့ သဘာဝအတိုင်း မျိုသိပ်ထားနိုင်မှာ မဟုတ်ဘူးပေါ့။"

မူယွင်ရှန်းက သူ၏ တွေးထင်ချက်ကို အသံထုတ် ပြောကြားလိုက်သည်။

သို့မဟုတ်ပါလျှင် ရွှေယွဲ့ အင်ပါယာက ရုတ်တရက်ကြီး စိန်ခေါ်လွှာ ပေးပို့လာမည် မဟုတ်ပေ။

"ရွှေယွဲ့ အင်ပါယာရဲ့ ဧကရာဇ်ကတော့ အရှုံးကို အလွယ်တကူ ဝန်ခံမှာ မဟုတ်ဘူးလေ။"

ဟု မူထျန်းယွင်က ခပ်ရေးရေးပြုံးကာ သုံးသပ်လိုက်၏။

ထိုအခါ ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ပုခုံး တွန့်လိုက်ပြီး ဆိုလိုက်သည်။

"ရွှေယွဲ့ အင်ပါယာက စိန်ခေါ်စာ ပို့လာမှတော့၊ ကျွန်တော်က လက်မခံဘူးဆိုရင် ကျွန်တော်တို့ အင်ပါယာအတွက် အရှက်ရစရာ ဖြစ်သွားမှာပေါ့။"

"ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက အရမ်း အစွမ်းထက်တယ်။ စစ်သူကြီးချုပ်... သူ့ကို လုံးဝ လျှော့မတွက်သင့်ဘူးနော်။"

မူထျန်းယွင်က သတိပေးလိုက်သည်။

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး၊ ချီဟွမ်ဘက်သို့ လှည့်လျက် အမိန့်ပေးလိုက်၏။

"ချီဟွမ်... ခင်ဗျား အရင် ပြန်နှင့်လိုက်တော့၊ ကျုပ် ခဏနေရင် ဧကရာဇ်မြို့တော်ဆီ ထွက်လာခဲ့မယ်။"

"ဟုတ်ကဲ့ပါ.."

ချီဟွမ်က ရိုသေစွာ ဖြေကြားလိုက်ပြီး၊ သူ၏ ကိုယ်ရိပ်သည် လှစ်ခနဲ ပြန်လည် ပျောက်ကွယ်သွားလေသည်။

"ဟစ်..."

ချီဟွမ်၏ ကြောက်မက်ဖွယ် လှုပ်ရှားမှု သိုင်းကွက်ကို မြင်တွေ့လိုက်ရသောအခါ၊ တပည့်များအားလုံးမှာ တုန်လှုပ်မှုကြောင့် အသက်အောင့်မိသွားကြရသည်။

ဒါကို ကောလာဟလများဖြင့်သာ ကြားဖူးခဲ့ရပြီးနောက်၊ ယခု သူတို့ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီ ဖြစ်သည်။

"ဒါ... ဒါ မယုံနိုင်စရာပဲ... မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတာဟ.."

"ဒါ ငါတို့ အစ်ကိုကြီး ပြောပြတဲ့ ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှု သိုင်းကွက်လား။ မျက်စိတစ်မှိတ်

အတွင်းမှာ... သူ့ရဲ့ တည်ရှိမှု အရှိန်အဝါတောင် ပျောက်သွားတယ်နော်.."

"မယုံနိုင်ဘူးကွာ... ထျန်းယွမ်ဘုံက စွမ်းအားရှင်တွေတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ အမြန်နှုန်းမျိုး မပိုင်ဆိုင်လောက်ဘူး... ဟုတ်တယ်မလား။"

ရွှမ်းထျန်းဂိုဏ်းမှ တပည့်များမှာ အုံကြွသွားကြပြန်ပြီး၊ သူတို့၏ စိတ်ထဲတွင် ကြောက်ရွံ့မှု၊ အားကျမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးလျက် ရှိနေ၏။

နေရာရွှေ့ပြောင်းနိုင်သည့် အစွမ်းသည် ရွှမ်းထျန်းဂိုဏ်း တပည့်များအားလုံး၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်လျက် ရှိနေခဲ့သည်။

"ဂိုဏ်းချုပ် မူ... ကျွန်တော် ပြောပြခဲ့တဲ့ နည်းလမ်းအတိုင်းသာ လိုက်လုပ်ပါ၊ နှစ်လကြာတဲ့အခါ သူတို့ရဲ့ ခွန်အားက အတိုင်းအတာတစ်ခုအထိ သေချာပေါက် တိုးတက်လာပါလိမ့်မယ်။ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

ဖုန်းဝူချန်က မူထျန်းယွင်အား ဆိုလိုက်သည်။

ထို့နောက် သူသည် ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်။

၎င်း၏ အလွန်တရာ ကြမ်းတမ်းပြီး သွေးဆာသော အရှိန်အဝါတို့သည် အရိုင်းအစိုင်း ပျံ့လွင့်ထွက်ပေါ်လာ၏။ သူ၏ အတောင်ပံများ တစ်ချက် ခတ်လိုက်သည်နှင့်၊ ဖုန်းဝူချန်သည် အလွန်အမင်း မြန်ဆန်သော အမြန်နှုန်းအဟုန်ဖြင့် ကောင်းကင်သို့ ထိုးတက်သွားကာ၊ လေပွေဝဲ တစ်ခုကိုပင် ချန်ထားရစ်ခဲ့လေသည်။

ရွှမ်းထျန်းဂိုဏ်းမှ တပည့်များမှာ နောက်တစ်ကြိမ် ထပ်မံ၍ မှင်တက်သွားကြရပြီး၊ သူတို့၏ မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားကြ၏။

"စစ်သူကြီးချုပ်ကို ဂါရဝပြု ပို့ဆောင်ပါတယ်.."

မူထျန်းယွင်နှင့် လူတိုင်းက ရိုသေလေးစားစွာ ပြန်လည် နှုတ်ဆက်လိုက်ကြသည်။

"ဘုန်း.."

ကောင်းကင်ယံ အမြင့်၌၊ သူ၏ အတောင်ပံများ နောက်တစ်ကြိမ် ခတ်လိုက်သည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး၊ ဖုန်းဝူချန်သည် အနက်ရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ပျံဝဲသွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်ယံ၌ ပျောက်ကွယ်

သွားခဲ့လေတော့သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းကို မြင်တွေ့လိုက်ရသောအခါ၊ ယွမ်တန်ဘုံ နဝမအလွှာ၌ ရှိနေသော မူထျန်းယွင်ပင်လျှင် မထိန်းချုပ်နိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။

ချူဝူဟန်နှင့် ရွှမ်းထျန်းဂိုဏ်းမှ တပည့်များမှာမူ ယခုအခါ၌ ထိုနေရာတွင် ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြပြီး၊ သူတို့၏ မျက်နှာများမှာ အကြောက်တရားနှင့် အထင်ကြီး လေးစားမှုတို့ဖြင့် ပြည့်နှက်နေခဲ့ တော့သည်။

"စစ်သူကြီးချုပ်ရဲ့ အမြန်နှုန်းက တကယ်ကို ကြောက်စရာ

ကောင်းလွန်းတယ်။ ယွမ်တန်ဘုံ သတ္တမအလွှာက သိုင်းသမားတွေတောင် ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အမြန်နှုန်းမျိုး ပိုင်ဆိုင်ကြမှာ မဟုတ်ဘူး။"

မူယွင်ရှန်းက မှင်သက်စွာ ဆိုလိုက်ပြီး၊ မိမိကိုယ်မိမိ နိမ့်ကျသွားသကဲ့သို့ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဖုန်းဝူချန်၏ လက်ရှိ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ဆိုလျှင်၊ ဧကရာဇ် မြို့တော်သို့ ပျံသန်းသွားရန်မှာ အချိန်များစွာ လိုအပ်လိမ့်မည် မဟုတ်ချေ။

တစ်နာရီခန့် ကြာမြင့်ပြီးနောက်၊ ဖုန်းဝူချန်သည် ဧကရာဇ် မြို့တော်သို့ ရောက်ရှိလာခဲ့လေပြီ။

ဧကရာဇ် မြို့တော်သည် သိပ်သည်းစွာ တည်ရှိနေသော အဆောက်အအုံများဖြင့် ယှက်ဖြာနေပြီး၊ အလွန်တရာ ကျယ်ပြန့်လှကာ၊ ထျန်းတုမြို့နှင့် နှိုင်းယှဉ်၍ မရနိုင်၊ အပုံတစ်ရာပုံ တစ်ပုံမျှပင် မယှဉ်နိုင်ချေ။

ဧကရာဇ် မြို့တော်၏ အလယ်ဗဟိုတည့်တည့်တွင်၊ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားလှသော နန်းတော်ကြီး တစ်ဆောင် တည်ရှိနေ၏။ ၎င်းမှာ ခံ့ညားထည်ဝါ၍ ကြီးကျယ်ခမ်းနားလှပေသည်..။

ထိုနေရာသည် အင်ပါယာ၏ ဧကရာဇ် စံမြန်းရာ နန်းတော်ပင်တည်း..။

သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ဧကရာဇ်မြို့တော်မှ အရာရှိများစွာကို ထိတ်လန့်

မသွားစေရန်အလို့ငှာ၊ ဖုန်းဝူချန်သည် မြို့၏ အပြင်ဘက်၌ ဆင်းသက်လိုက်ပြီး၊ ဧကရာဇ် မြို့တော်ထဲသို့ တစ်လမ်းလုံး ပြေးဝင်သွားခဲ့သည်။

အကယ်၍သာ ရွှေယွဲ့ အင်ပါယာမှ စိန်ခေါ်လွှာကြောင့် မဟုတ်ခဲ့ပါလျှင်၊ ဖုန်းဝူချန်သည် ဧကရာဇ် မြို့တော်သို့ လာရောက်ရန် လုံးဝ စီစဉ်ထားခဲ့မည် မဟုတ်ပေ။

ဧကရာဇ် မြို့တော်သည် အရာရှိများဖြင့် ပြည့်နှက်နေပြီး၊ သူတို့၏ တပည့်များမှာ နေရာအနှံ့တွင် ရှိနေသည်။ အလွန်အမင်း ပရိယာယ်များပြားပြီး ဒုက္ခများလှသော နေရာ ဖြစ်၏။

ဖုန်းဝူချန်သည် ဧကရာဇ် နန်းတော်ဆီသို့ အမြန်နှုန်းအဟုန်ပြင်းစွာဖြင့် ပြေးဝင်သွားရာ၊ သူသည် လေပြင်းတစ်ချက်နှယ် ဖြစ်နေပြီး၊ သူ၏ ပုံသဏ္ဌာန်ကို မပီမသပင် မြင်တွေ့နိုင်လေသည်။

ကျယ်ပြန့်လှသော ဧကရာဇ်မြို့တော်ကို ဖြတ်သန်းသွားရင်း၊ သူသည် ဖြောင့်တန်းသော လမ်းတစ်လျှောက် ပြေးလွှားသွားရာ၊ ကင်းမျှော်စင် တစ်ခုပြီးတစ်ခုမှာ သူ၏ နောက်ကျောဘက်၌ လျင်မြန်စွာ ကျုံ့ဝင် ပျောက်ကွယ်သွားကြသည်။

ကျယ်ပြန့်သော လမ်းမကြီးထက်တွင်၊ မြို့များထဲမှ တစ်ခုမှ ယာဉ်တန်းတစ်ခု ထွက်ပေါ်လာခါစ ဖြစ်၏။ ထိုယာဉ်တန်းကို မြင်းတစ်စီးပေါ်မှ လူတစ်ဦးက ဦးဆောင်လျက် ရှိပြီး၊ သူ၏ ကျင့်ကြံမှုအဆင့်မှာ စွမ်းအား ကြီးမားလှသည်။ သူ့တွင်နောက်လိုက် ဒါဇင်ပေါင်းများစွာနှင့်အတူ ဇိမ်ခံ ရထားလုံးတစ်စီးလည်း ပါဝင်လေသည်။

ဤအုပ်စု မြို့ထဲမှ ထွက်ပေါ်လာသည်နှင့်၊ မြို့တံခါး အပြင်ဘက်မှ လူအုပ်ကြီးမှာ လမ်း၏ ဘေးတစ်ဖက်တစ်ချက်စီသို့ ရှဲတိမ်းပေးလိုက်ကြသည်။

ဇိမ်ခံ ရထားလုံးထဲ၌ ထိုင်နေသော ပုဂ္ဂိုလ်မှာ အလွန် မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်မှာ ထင်ရှားလှပေသည်။

"သခင်ကြီး... တော်ဝင်သမက်ရွေးပွဲမှာ၊ သခင်လေးက ထိပ်ဆုံးက အောင်ပွဲခံနိုင်မှာ သေချာပါတယ်... သခင်ကြီး စိုးရိမ်နေစရာ မလိုပါဘူး။"

ဇိမ်ခံ ရထားလုံး၏ ဘေးမှ မြင်းစီးနေသော အခြားလူတစ်ဦးက ထိုပုဂ္ဂိုလ်အား ရိုသေစွာ ပန်ကြားလိုက်သည်။

ရထားလုံးထဲမှ ပေါ့ပါးသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။

"အင်း... တော်ဝင်မင်းသားတွေက လွဲရင်၊ ဧကရာဇ်မြို့တော်က လူငယ် မျိုးဆက်သစ်တွေထဲမှာ လင်အာက အကောင်းဆုံးပဲလေ၊ ဟားဟားဟား။"

"သခင်လေးရဲ့ လုပ်ရပ်က သဘာဝအတိုင်း မင်းသမီးလေး

အတွက်ပါပဲ။ သခင်လေးက အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဖြစ်နေပေမဲ့၊ ကျွန်တော်တို့ သခင်လေးကလည်း သူ့ကို ရှုံးမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ သခင်လေးက မင်းသားလေးထက် အသက် နှစ်အနည်းငယ် ပိုကြီးတာပဲ။"

မြင်းစီးနေသော ထိုလူက ရယ်မောလျက် ဆိုလိုက်သည်။

"ရွှစ်.."

သူတို့ စကားပြောနေကြစဉ်မှာပင်၊ ရုတ်တရက်၊ အနက်ရောင် အရိပ်တစ်ခုသည် မြို့တံခါး၏ ဘယ်ဘက်ခြမ်းမှ အမြန်နှုန်းအဟုန်ပြင်းစွာဖြင့် ပစ်ထွက်လာခဲ့ရာ၊ ၎င်း၏ အမြန်နှုန်းမှာ အံ့မခန်းဖွယ်ရာ ကောင်းလှသည်။

"ဧကရာဇ်မြို့တော်မှာတောင် ဒီလောက် ရမ်းကားရဲရအောင် မင်း သတ္တိ သိပ်များနေပြီ.."

ဦးဆောင်နေသော မြင်းစီးသမားသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး၊ ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ၊ လမ်းကို ပိတ်ဆို့ရန် ပြင်ဆင်လိုက်သည်။

သို့သော် အနက်ရောင် အရိပ်မှာ အလွန်တရာ မြန်ဆန်လွန်းလှ၏။ မျက်စိတစ်မှိတ်အတွင်း၌၊ ၎င်းသည် ဦးဆောင်နေသော လူ၏ ရှေ့မှောက်မှ လှစ်ခနဲ ဖြတ်သန်းသွားရာ၊ စစ်မြင်းကြီးမှာ ထိတ်လန့်တကြား ဖြစ်သွားပြီး၊ ဇိမ်ခံ ရထားလုံးမှာလည်း မြင်းဇက်ကြိုးကို အရေးပေါ် ဆောင့်နင်း ရပ်တန့်လိုက်ရသည်။

ရုတ်တရက် ရပ်တန့်လိုက်မှုတွင်၊ ရထားလုံးထဲမှ ပုဂ္ဂိုလ်သည်၊ လှုပ်ရှားမှု အမြန်နှုန်းကြောင့်၊ အပြင်သို့ လွင့်စင် ထွက်ကျသွားရသည်။ သူ၏ ဦးခေါင်းမှာ မြင်း၏ နောက်ပိုင်းနှင့် ဆောင့်မိကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားလျက်၊ နာကျင်စွာ အော်ဟစ်လိုက်လေသည်။

"သခင်ကြီး.."

အစောင့်များအားလုံး တုန်လှုပ်ခြောက်ခြားသွားကြသည်။

"မချေမငံနိုင်လိုက်တာ.. အခုချက်ချင်း ရပ်လိုက်စမ်း.."

ရထားလုံးဘေးမှ ထိုလူက အော်ဟစ်လိုက်သည်။ "သခင်ကြီးယန်ကိုတောင် ခြောက်လှန့်ရဲတဲ့ သတ္တိပဲ.."

ထိုလူနှစ်ဦးသည် သူတို့၏ အစစ်အမှန်ယွမ်ကို လှုံ့ဆော်လိုက်ပြီး၊ အမြန်နှုန်းကုန် လိုက်ပါသွားကြသည်။

သူတို့ကို ဖြတ်ကျော်သွားသော အနက်ရောင် အရိပ်သည် ရုတ်တရက် ရပ်တန့်သွား၏။

ဤပုဂ္ဂိုလ်မှာ တော်ဝင်နန်းတော်သို့ အလျင်စလို သွားနေသော ဖုန်းဝူချန်မှလွဲ၍ အခြား မည်သူမျှ မဟုတ်ချေ။

ဖုန်းဝူချန်၏ အမြန်နှုန်းအဟုန်မှာ အံ့မခန်းဖွယ်ရာ ကောင်းလှသည်။ သူသည် မြို့ထဲတွင် ကွေ့ကောက် ပတ်ရှောင်သွားရန်မှာ မဖြစ်နိုင်ဘဲ၊ မြို့တံခါးကို ဖြတ်၍ တရှိန်ထိုး ပြေးလွှားရုံသာ တတ်နိုင်ပေသည်။ အကယ်၍ သူသာ အတွင်းသို့ ဝင်ရောက်သွားပါက၊ ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်လာမည်မှာ သေချာလှသည်။

"မင်း... ကောင်စုတ်.. သတ္တိတွေ သိပ်များနေပါလား.. မင်း ဘယ်သူ့ကို လန့်သွားအောင် လုပ်လိုက်မိလဲ သိရဲ့လား။"

လူတစ်ဦးက ဖုန်းဝူချန်အား ဒေါသတကြီး စိုက်ကြည့်လျက် ဟိန်းဟောက်လိုက်သည်။

"မင်း စည်းကမ်း မသိဘူးလား။ ဧကရာဇ်မြို့တော်ထဲမှာ ဒီလိုမျိုး တရှိန်ထိုး ပြေးလွှားရဲရအောင် မင်းက ဘာကောင်လဲ.."

အခြား လူတစ်ဦးကလည်း ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း၊ သူသည် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်ခြင်း မပြုဝံ့သေးပေ။

သူတို့နှစ်ဦးစလုံးမှာ ယွမ်တန်ဘုံ ဒုတိယအလွှာ၌ ရှိနေကြသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းသည် သူတို့၏ အောက်၌ မရှိသည့်အပြင်၊ သူ၏ ခွန်အားမှာလည်း သိသိသာသာပင် ပို၍ ကြီးမားနေခဲ့သည်။

သို့သော်၊ ဤသည်မှာ ဧကရာဇ်မြို့တော် ဖြစ်ပြီး၊ မည်မျှပင် အစွမ်းထက်စေကာမူ၊ မည်သူမျှ ဤနေရာ၌ မဆင်မခြင် ပြုမူရန် မဝံ့ရဲကြချေ။

သူတို့သည် သခင်ကြီးယန်၏ လက်အောက်မှ ဖြစ်ရာ၊ သဘာဝအတိုင်းပင်၊ သူတို့သည် အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိကြပေ..

"ကျွန်တော် တကယ် တောင်းပန်ပါတယ်။"

ဖုန်းဝူချန်က တောင်းပန်သော အပြုံးဖြင့် ဆိုလိုက်သည်။ မြို့ထဲမှ လူတစ်စု ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိပေ။

"ဧကရာဇ်မြို့တော်မှာ ဒီလောက် ရမ်းကားရဲတာ... မင်းက ဒီအရာရှိကို လုံးဝ အလေးမထားတာပဲ.. ဟိုကောင့်ကို ငါ့အတွက် သတ်ပစ်လိုက်စမ်း.."

ရထားလုံးပေါ်မှ ပြုတ်ကျပြီးနောက် ယခုလေးတင် အကူအညီဖြင့် ထရပ်လိုက်ရသော သခင်ကြီးယန်သည် နာကျင်မှုကြောင့် ဖုန်းဝူချန်အား ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

သခင်ကြီးယန်၏ အရာရှိ ဦးထုပ်မှာ မြေသို့ လွတ်ကျသွားခဲ့ပြီး၊ သူသည် ရထားလုံးပေါ်မှ လိမ့်ကျစဉ် ဦးခေါင်းနှင့် ကျခဲ့သောကြောင့်၊ သွေးများ ထွက်နေကာ အလွန်တရာ သနားစရာ ကောင်းသော အခြေအနေ ဖြစ်နေ၏။ မြို့တံခါး အပြင်ဘက်မှ လူပေါင်းများစွာ ကြည့်ရှုနေကြသဖြင့်၊ သူ ဤသို့ ဒေါသထွက်နေခြင်းမှာ အံ့ဩစရာ မရှိပေ။

အစောင့် ဒါဇင်ပေါင်းများစွာတို့မှာ ရှေ့သို့ တိုးဝင်လာကြပြီး၊ ဖုန်းဝူချန်အား ဝန်းရံလိုက်ကြသည်။ ဧကရာဇ်မြို့တော်မှ အစောင့်အကြပ်များပင်လျှင် အောက်သို့ အလျင်အမြန် ပြေးဆင်းလာကြ၏။

"ငါ့ကို သတ်မယ်.."

ဖုန်းဝူချန်မှာ အံ့အားသင့်မှုကြောင့် မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်သွားသည်။ ဤအခြေအနေထိတိုင် ရောက်ရှိသွားရန် လိုအပ်ပါသလား။

"ခဏ... ခဏနေဦး.."

ဖုန်းဝူချန်က လျင်မြန်စွာ ဆိုလိုက်သည်။ "အမတ်မင်း... ကျွန်တော်က တော်ဝင် မိသားစုဆီကို အလျင်စလို သွားစရာ ရှိလို့ပါ၊ ဧကရာဇ်မြို့တော်ကို ဖြတ်သွားရုံ သက်သက်ပါ။ ခင်ဗျားတို့ ထွက်လာလိမ့်မယ်လို့ ကျွန်တော် မသိလိုက်ဘူး။ ဒါက တမင်တကာ လုပ်တာ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော် တောင်းပန်ပြီးပါပြီ။ ဒီ ချို့ယွင်းချက်လေးကို ခင်ဗျား ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"တော်ဝင် မိသားစုဆီ သွားမယ်.."

လူတစ်ဦးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။ တော်ဝင် မိသားစုဆိုသည်မှာ မည်သူမဆို ဝင်ရောက်နိုင်သော နေရာတစ်ခု မဟုတ်ပေ။ ဖုန်းဝူချန်က တော်ဝင် မိသားစုထံသို့ သွားမည်ဟု ဆိုလိုက်ခြင်းက သူ၌ နောက်ခံ အချို့ ရှိနေသည်ကို ညွှန်ပြလျက် ရှိနေသည်။

သို့သော် ဖုန်းဝူချန်သည် သူတို့အဖို့ မရင်းနှီးသောသူ ဖြစ်နေ၏။ သူတို့ သူ့ကို ယခင်က တစ်ခါမျှ မမြင်ဖူးခဲ့ကြဘဲ၊ အင်ပါယာမှ မည်သည့် လူငယ် အဖွဲ့ဝင်မျှ ဤမျှ အံ့မခန်းဖွယ် အမြန်နှုန်းကို ပိုင်ဆိုင်ထားပုံ မရပေ။

"မင်းတို့ ဘာတွေ စောင့်နေကြသေးတာလဲ။ ဟိုကောင့်ကို သတ်ပစ်လိုက်.."

သခင်ကြီးယန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဖုန်းဝူချန်၏ မျက်နှာအမူအရာမှာ အနည်းငယ် မည်းမှောင်သွား၏။

အင်း။ အရာရှိ ရာထူး ကြီးလေ၊ ဒေါသက ကြီးလေ ဖြစ်ပုံရသည်..။

မြို့တံခါး အပြင်ဘက်တွင်၊ ကြည့်ရှုနေသော လူအုပ်ကြီးမှာ တဖြည်းဖြည်း များပြားလာပြီး၊ သူတို့ အချင်းချင်း တီးတိုး ပြောဆိုနေကြသည်။

"ဟိုတစ်ယောက်က သခင်ကြီးယန် မဟုတ်လား။ အဘိုးကြီး ရထားပေါ်က ပြုတ်ကျသွားပုံပဲ။"

"ဘယ်သူက ဒီလောက် သတ္တိရှိလို့ အဲ့ဒီ အဘိုးကြီးကိုတောင် သွား ရန်စရဲတာလဲ။ သူ့ကို ရန်စမိရင် ကျိန်းသေနီးပါး သေဒဏ်ပဲ။"

"ဟိုတစ်ယောက်က စစ်သူကြီးချုပ် ဖုန်းဝူချန် မဟုတ်လား။ ဒုက္ခတော့ တွေ့ပြီ.. ငါတို့ အမြန် သွားရအောင်.."

"အာ၊ ခဏနေဦး.. ဝင်မပါနဲ့... ငါတို့က ဒီတိုင်းပဲ ပွဲကြည့်ဖို့ လာတာ။ သူတို့ကို သူတို့ဘာသာ သင်္ချိုင်း တူးပါစေ.. ငါတို့ နီမိသားစုကို ဆွဲမထည့်နဲ့။"

လူငယ် တစ်စုမှာ အမှန်စင်စစ် နီမိသားစုမှ အဖွဲ့ဝင်များ ဖြစ်ကြပြီး၊ ဦးဆောင်လာသူမှာ အခြားသူ မဟုတ်၊ နီဟန်ပင်တည်း..။

နီမိသားစုသည် ဧကရာဇ်မြို့တော် အတွင်း၌ နေထိုင်ကြသည်..။

အကယ်၍ ဧကရာဇ် မြို့တော်၌ အဖြစ်အပျက် တစ်ခုခု ဖြစ်ပွားခဲ့ပါလျှင်၊ နီမိသားစုသည် ဘေးတွင် ရပ်ကြည့်နေ၍ မရပေ။ သခင်ကြီးယန်သာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက၊ နီမိသားစုက တာဝန်ယူရပေလိမ့်မည်။

ပထမဆုံး တိုးဝင်လာသူများမှာ မြင်းစီးနေသော လူနှစ်ဦး ဖြစ်ပြီး၊ သူတို့သည် သခင်ကြီးယန်၏ အမိန့်ကို မနာခံဘဲ မနေဝံ့ကြချေ။ အခြား အစောင့်များလည်း တိုက်ပွဲထဲသို့ ပါဝင်လာကြသည်။

“အုန်း၊ အုန်း ၊အုန်း”

ဖုန်းဝူချန် လှုပ်ရှားလိုက်၏။

"ဖွီး.. ဖွီး.. ဖွီး.."

လျှပ်စီးပြက်သလို လှုပ်ရှားမှု

တစ်ခုနှင့်အတူ၊ ယွမ်တန်ဘုံ ဒုတိယ အလွှာမှ လူနှစ်ဦးစလုံး သွေးများ အန်ထုတ်လိုက်ရပြီး လွင့်စင်

သွားကြသည်။ မျက်စိ တစ်မှိတ်အတွင်း၌၊ နောက်ထပ် အစောင့်များစွာ သွေးအန်လျက် လွင့်ထွက်သွားကြပြန်သည်။

ဖုန်းဝူချန်၏ အမြန်နှုန်းမှာ တုန်လှုပ်ဖွယ်ရာ ကောင်းလှပြီး၊ သူ၏ စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ နှစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း၊ အစောင့် ဒါဇင်ပေါင်းများစွာတို့မှာ မြေပြင်ပေါ်၌ လူးလိမ့်နေကြရလေပြီ။

ကြည့်ရှုနေသော လူအုပ်ကြီးမှာ မှင်သက် အံ့ဩသွားကြသည်။

နှစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း၊ ယွမ်တန်ဘုံ ဒုတိယ အလွှာမှ လူနှစ်ဦးနှင့် အစောင့် ဒါဇင်ပေါင်းများစွာတို့မှာ မြေပြင်ပေါ်၌ ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။

သခင်ကြီးယန်ပင်လျှင် မှင်တက် အံ့ဩသွားခဲ့သည်။

မည်သည့် လူငယ် တစ်ဦးက ဤမျှ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားသနည်း။

ယွမ်တန်ဘုံ ဒုတိယ အလွှာမှ အစွမ်းထက် လူနှစ်ဦးမှာ ဖုန်းဝူချန်၏ လက်သီး တစ်ချက်တည်းဖြင့်ပင် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်..။

သူ၏ အကြည့်မှာ သခင်ကြီးယန်အပေါ်၌ စူးစိုက်သွားပြီး၊ ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို သတ်ချင်တယ်

ဆိုရင်... သေသေချာချာ စဉ်းစားပြီးမှ လုပ်တာ ပိုကောင်းလိမ့်မယ်.."

သခင်ကြီးယန်၏ မျက်နှာမှာ ဒေါသများဖြင့် ပြည့်နှက်နေပြီး၊ ကြမ်းတမ်းစွာ ရှုံ့တွလျက် ဖုန်းဝူချန်အား ဟိန်းဟောက်လိုက်သည်။

"ကောင်စုတ်.. မင်း ဘယ်သူပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ဧကရာဇ် မြို့တော်မှာ မင်း လာပြီး ရမ်းကားရမယ့် အလှည့် မဟုတ်ဘူး.. မင်းကို ငါ အချိန်မရွေး သတ်ပစ်လို့ ရတယ်.."

သခင်ကြီးယန်သည် အင်ပါယာ၌ မြင့်မားသော အဆင့်အတန်းနှင့် အာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ၊ သဘာဝအတိုင်းပင် ဖုန်းဝူချန်အား ကြောက်ရွံ့နေမည် မဟုတ်ပေ။

သခင်ကြီးယန် စကားဆုံးသည်နှင့်၊ ဧကရာဇ်မြို့တော်ထဲမှ အစောင့်အကြပ် အမြောက်အမြား ထွက်ပေါ်လာကြပြီး၊ သူတို့၏ နောက်တွင် မြို့တော်ဝန်နှင့် အစွမ်းထက် ပုဂ္ဂိုလ်များစွာ လိုက်ပါလာကြသည်။

တစ်စုံတစ်ဦးက ဧကရာဇ်မြို့တော်၏ မြို့တော်ဝန်ထံသို့ သွားရောက် သတင်းပို့ခဲ့သည်မှာ ရှင်းလင်းနေ၏။

မြို့တော်ဝန်နှင့် အစွမ်းထက် ပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာသည်နှင့်၊ နီမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်များလည်း ဂိတ်တံခါးများမှတစ်ဆင့် ထွက်ပေါ်လာခဲ့ကြသည်။

နီမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်များ သခင်ကြီးယန်ထံသို့ ချဉ်းကပ်ရန် ပြင်လိုက်စဉ်မှာပင်၊ နီဟန်က သူတို့ကို တားဆီးလိုက်သည်။

"ဟိတ်၊ ဒီကိစ္စမှာ စစ်သူကြီးချုပ် ပါဝင်နေတယ်... ဝင်မရှုပ်ကြနဲ့။"

နီဟန်က လေသံ ခပ်တိုးတိုးဖြင့် ဆိုလိုက်သည်။

"ဘာ... ဘာကြီး။ စစ်သူကြီးချုပ်.."

နီမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ် ဒါဇင်ခန့်၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး၊ တစ်ချိန်တည်းတွင် လှည့်ကြည့်လိုက်ကြသည်။

ဖုန်းဝူချန်ကို မြင်တွေ့လိုက်ရသောအခါ၊ သူတို့၏ မျက်လုံးများမှာ ကြောက်ရွံ့မှုနှင့် လေးစားကြည်ညိုမှုတို့ဖြင့် ပြည့်နှက်သွားကြသည်။

ထျန်းယွင်ဂိုဏ်း၏ အထက်၌ ပျံဝဲနေသော ထို ကြောက်မက်ဖွယ် လူငယ်၏ ပုံရိပ်သည် သူတို့၏ စိတ်အစဉ်ထဲ၌ ပြန်လည် ထင်ဟပ်လာခဲ့သည်..။

"သခင်ကြီးယန်.. မဂ်လာပါ.."

မြို့တော်ဝန်နှင့် အစွမ်းထက် ပုဂ္ဂိုလ်များစွာတို့က ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။

"ဒီမှာ ဟိုကောင်လေးကို သတ်ပစ်လိုက်.."

ထိုသို့ သခင်ကြီးယန်က ကြမ်းတမ်းစွာ အမိန့်ပေးလိုက်ပြီး၊ သူ၏ မျက်လုံးများမှာ ဖုန်းဝူချန်အား ခြိမ်းခြောက်စွာ စိုက်ကြည့်နေ၏။

ထိုအခါ ဧကရာဇ်မြို့တော်၏ မြို့တော်ဝန်က လေသံ ခပ်လေးလေးဖြင့် မေးလိုက်သည်။

"... ကောင်လေး... မင်း ဘယ်သူလဲ။"

"ခင်ဗျားက သူ့ဘက်က လိုက်မယ်ဆိုရင်လည်း... သွားလိုက်လေ။"

ဖုန်းဝူချန်က ခံစားချက် မပါသော လေသံဖြင့် ဆိုလိုက်သည်။

ပြဿနာများကို ဖြေရှင်းရန်မှာ အင်အားကို အသုံးပြုခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်သည်ကို သူ သိရှိထား၏။

"သတ်... သတ်ပစ်လိုက်.."

ဧကရာဇ်မြို့တော်၏ မြို့တော်ဝန်က တုံ့ဆိုင်းခြင်း မရှိဘဲ အမိန့်ပေးလိုက်သည်။ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး၊ လေးလံသော သတ်ဖြတ်လိုသည့် အရှိန်အဝါတို့သည် ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံသွားလေတော့သည်။

All Chapters