← Chapters

စိန်ခေါ်လွှာအား လက်ခံခြင်း

Vol. 11 Ch. 164

စိန်ခေါ်လွှာအား လက်ခံခြင်း

Vol. 11 Ch. 164

~အင်ပါယာ၏ ဧကရာဇ် နန်းတော်သည် ဖုန်းဝူချန်အဖို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် နေရာတစ်ခု ဖြစ်လေသည်။ ၎င်း၏ ခမ်းနားကျယ်ဝန်းလှသော အတိုင်းအတာနှင့် ခမ်းနားထည်ဝါမှုတို့မှာ သာမန် နန်းတော်ဆောင်များနှင့် နှိုင်းယှဉ်၍ မရနိုင်အောင်ပင် ကွာခြားလှ၏။

(အလိုလေး... နန်းတော်ကြီးက အကြီးကြီးပဲဟ... ငါတို့ တစ်မြို့လုံးစာလောက်တောင် ရှိမလားပဲ... တော်တော် ခမ်းနားတာပဲ...)

ယခင်တစ်ကြိမ် လာရောက်စဉ်က၊ ဖုန်းဝူချန်သည် အဝေးမှသာ လှမ်း၍ ရှုမြင်ခဲ့ပြီးနောက် စစ်တန်းလျားများဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်မူ၊ သူသည် တော်ဝင် နန်းတော် အတွင်းသို့ အမှန်တကယ် ခြေချမိခဲ့လေပြီ။

တော်ဝင် နန်းတော်သို့ ရောက်ရှိသည်နှင့်၊ ဖုန်းဝူချန်သည် ကြောက်မက်ဖွယ် တည်ရှိမှုများကို ချက်ချင်းပင် အာရုံခံလိုက်မိသည်။ အထင်ရှားဆုံးမှာ ထျန်းယွမ်ဘုံမှ အစွမ်းထက် သိုင်းသမားကြီး၊ သွမ့်ထျန်းဟွမ်၏ အရှိန်အဝါပင် ဖြစ်ချေသည်။

(အင်း... ဧကရာဇ်ကြီးရဲ့ အရှိန်အဝါက တကယ်ကို အားကောင်းတာပဲ... ထျန်းယွမ်ဘုံဆိုတာ မဆန်းပါဘူး...)

ဖုန်းဝူချန်သည် အဓိက ခန်းမဆောင်ကြီးထဲသို့ တစ်ဦးတည်း ဝင်ရောက်သွားခဲ့ပြီး၊ ဟွမ်ယန်နှင့် အခြား အတော်ဆုံး စစ်သည်တော်များမှာမူ အပြင်ဘက်၌ စောင့်ဆိုင်းနေခဲ့ကြသည်။

အဓိက ခန်းမဆောင်ကြီးသည် အင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများဖြင့် ပြည့်နှက်နေခဲ့၏။ နန်းတွင်း အကြံပေး၊ မင်းသားများ၊ ဗိုလ်ချုပ်ကြီး၊ အိမ်ရှေ့စံမင်းသားနှင့် အချို့သော ဝါရင့် အရာရှိကြီးများ ပါဝင်လေသည်။

သခင်ကြီးယန်နှင့် သူ၏အဖွဲ့မှာမူ၊ ဤကိစ္စအတွက် မြို့ပြင်သို့ ထွက်ခွာသွားခဲ့ကြသည်။ မမျှော်လင့်ဘဲ၊ သူတို့သည် လမ်းခရီး၌ သူ့အား စော်ကားမိခဲ့ကြပြီး သူတို့၏ နိဂုံးနှင့် ရင်ဆိုင်သွားခဲ့ကြရသည်မှာ၊ ကံဆိုးမိုးမှောင်ကျလှသည်ဟု ဆိုရပေတော့မည်။

"စစ်သူကြီးချုပ်အား ဂါရဝပြုပါတယ်.."

ဖုန်းဝူချန် အဓိက ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လိုက်သည်နှင့်၊ အင်ပါယာ၏ အဆင့်မြင့် အရာရှိကြီးများက သူ့အား ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။

"မင်းကြီးကို ဂါရဝပြုပါတယ်.."

ဖုန်းဝူချန်က အရိုအသေ ပြုသလိုက်သည်။

သူသည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်လင့်ကစား၊ ဧကရာဇ်မင်းအပေါ်၌ အတိုင်းအတာတစ်ခုအထိ ရိုသေလေးစားမှု ပြသရန် လိုအပ်သေး၏။

ဘုရင်ဆိုတော့လည်း... နည်းနည်းတော့ အရိုအသေ ပေးရပါသေးသည်...။

"... ကောင်လေး... နောက်ဆုံးတော့ တော်ဝင် နန်းတော်ကို ကြွလာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ။"

သွမ့်ထျန်းဟွမ်က ပြုံးလျက် ဆိုလိုက်ရာ၊ သူ၏ စကားများထဲ၌ တငွေ့ငွေ့ ကျန်ရှိနေသော မကျေနပ်မှု အရိပ်အယောင်လေး ပါဝင်နေသယောင် ရှိသည်။

“ဆရာ့ကို ဂါရဝပြုပါတယ်..”

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့က မြန်မြန်ဆန်ဆန်ပင် တလေးတစား ဂါရဝပြုလိုက်ကြသည်။

"ဆရာ.."

ဗိုလ်ချုပ်ဝမ်မှာ မှင်တက်သွားပြီး၊ တုန်လှုပ်မှုနှင့် မယုံနိုင်ခြင်းတို့သည် သူ၏ မျက်နှာထက်၌ ပျံ့နှံ့သွားသည်။

သူ၏ မျက်လုံးများမှာ ပြူးထွက်လာမတတ် ဖြစ်သွားလျက်၊ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကျောက်ရုပ်သဖွယ် ဖြစ်သွားလေတော့သည်။

(ဘာ... ဘာကြီးလဲဟ... ဆရာတဲ့လား.. ငါ နားကြားမှားသွားတာလား... တကယ်ကြီး နားကြားလွဲသွားတာလား.. နန်းတွင်း အကြံပေးနဲ့ မင်းသားလေးက ဒီကောင်လေးကို... ဆရာလို့ ခေါ်လိုက်တယ်.. လောကကြီး ပျက်တော့မှာလား.. ဘုရား ဘုရား... ဒီကောင်လေးက ဘယ်လို မှော်အစွမ်းတွေများ ရှိနေလို့လဲ.. သူ ဆေးပညာရှင် ဆိုတာတော့ နတ်ဘုရားတောင်ကြားမှာ ကြားခဲ့သား... ဒါပေမဲ့ ဒီအတိုင်းနဲ့တော့ ယန်ထျန်းရှန်ရဲ့ ဆရာ ဖြစ်နိုင်ပါ့မလား... ငါ့ဦးနှောက်တွေ ချာချာလည်ကုန်ပြီ..)

အံ့မခန်းဖွယ်ရာပင်.. ဗိုလ်ချုပ်ဝမ်မှာ လုံးဝဥဿုံ မှင်တက် အံ့ဩသွားခဲ့လေပြီ..။

ဗိုလ်ချုပ်ဝမ်သည် သံသယများဖြင့် ပြည့်နှက်နေခဲ့သည်။ ဖုန်းဝူချန်သည် ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်း သူ နတ်ဘုရားတောင်ကြား၌ ကြားသိခဲ့ဖူးသည် မှန်သော်လည်း၊ ၎င်းမှာ ယန်ထျန်းရှန်၏ ဆရာ သခင် ဖြစ်လာရန် လုံလောက်ပုံ မပေါ်ခဲ့ပေ။

ထိုအခိုက်အတန့်၌ သွမ့်ထျန်းဟွမ်အား ဝေ့ကြည့်လိုက်ပြီး၊ ဖုန်းဝူချန်သည် သူ၏ နှာခေါင်းကို ပွတ်သပ်လျက် ပြုံးကာ ဆိုလိုက်သည်။

"ဒီလောက် ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးကို ဘယ်သူက မလာချင်ဘဲ နေမှာလဲ ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်တွေ အရမ်း များနေလို့ အချိန် မပေးနိုင်ခဲ့တာပါ။"

(ဟဲဟဲ... အလုပ်များတယ် ဆိုတာထက်... ဒီနန်းတော်ထဲက ပရိယာယ်တွေထဲ ဝင်မရှုပ်ချင်တာက ပိုမှန်လိမ့်မယ်...)

ဟုတ်ပါသည်။ ဧကရာဇ်သည် မကျေမနပ် ဖြစ်နေခြင်း မဟုတ်ဘဲ၊ ညည်းညူ ရေရွတ်လိုက်ခြင်းမျှသာ ဖြစ်၏။

"စစ်သူကြီးချုပ်... ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်။"

အချိန်အတော်ကြာ တုန်လှုပ် မှင်တက်နေခဲ့သော ဗိုလ်ချုပ်ဝမ်သည် လျင်မြန်စွာပင် သူ၏ အာရုံကို ဖုန်းဝူချန်ထံသို့ ပြန်လည် စုစည်းလိုက်သည်။

"ဗိုလ်ချုပ်ဝမ် မဂ်လာပါ။"

ဖုန်းဝူချန်က အသိအမှတ်

ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဖုန်းဝူချန်သည် အခမ်းအနားများစွာ ပြုလုပ်မနေဘဲ၊ ပေါ့ပေါ့ပါးပါးပင် နေရာတစ်ခုကို ရှာဖွေ ထိုင်ချလိုက်ပြီး၊ ပြင်ဆင်ထားပြီး ဖြစ်သော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်လေသည်။

(အင်း... လက်ဖက်ရည်ကတော့ သိပ်မဆိုးဘူးပဲ...)

"ဖုန်းဝူချန်... ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ပေးပို့လိုက်တဲ့ စိန်ခေါ်လွှာနဲ့ ပတ်သက်ပြီး... မင်း ဘယ်လို သဘောရလဲ။"

သွမ့်ထျန်းဟွမ်က တည့်တည့်မတ်မတ်ပင် မေးမြန်းလိုက်သည်။

ဤစကားကို ကြားသော်၊ ဖုန်းဝူချန်က ပြန်လည် မေးမြန်းလိုက်သည်

"ဒါက သာမန် ချစ်ကြည်ရေး ယှဉ်ပြိုင်မှုတစ်ခုပဲလား။ ကျွန်တော်တို့ နှစ်နိုင်ငံကြား အငြင်းပွားမှု ဖြစ်လာနိုင်သေးလား သိပါရ‌စေ။ ဒီစိန်ခေါ်ပွဲကသာ ပဋိပက္ခ တစ်ခုကို ဖြစ်ပွားစေမယ်ဆိုရင်တော့... ကျွန်တော် မပါဝင်ဘဲ နေတာက ပိုကောင်းလိမ့်မယ်။"

(စိန်ခေါ်တယ် ဆိုတိုင်းလည်း... လက်ခံလို့ မဖြစ်ဘူးလေ... နိုင်ငံရေး ကိစ္စတွေ ရှုပ်လာရင် ငါ့အတွက် ခေါင်းခဲစရာပဲ...)

ဗိုလ်ချုပ်ဝမ်သည် ဖုန်းဝူချန်ထံသို့ လှည့်လျက် ဆိုလိုက်သည်။

"စစ်သူကြီးချုပ် စိတ်ချပါ... ဒါက နှစ်နိုင်ငံကြား ဘယ်လို ပဋိပက္ခမှ ဖြစ်ပွားစေမှာ မဟုတ်ပါဘူး။ အိမ်ရှေ့စံမင်းသားက အစွမ်းထက်တဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်ရတာကို အလွန် နှစ်သက်ပါတယ်... ပြီးတော့ သူက စစ်သူကြီးချုပ်နဲ့ တိုက်ခိုက်ဖို့ကိုလည်း အရမ်း မျှော်လင့်နေတာပါ... အထူးသဖြင့် စစ်သူကြီးချုပ်က ပါရမီရှင် စာရင်းရဲ့ သိုင်း ပြိုင်ပွဲမှာ ပထမနေရာကို ရယူခဲ့ပြီးတဲ့နောက်ပိုင်းပေါ့။"

(အင်း... ဒီကောင်လေးက လက်ခံဖို့ လွယ်သားပဲ... ဒါပေမဲ့ သူ ဘာလို့ ဒီလောက် အေးအေးဆေးဆေး ရှိနေရတာလဲ... သူ ငါတို့ အိမ်ရှေ့စံရဲ့ အစွမ်းကို လျှော့တွက်နေတာတော့ မဟုတ်ပါဘူးနော်... သတိထားမှ ဖြစ်မယ်...)

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့။"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို... စစ်သူကြီးချုပ်က လက်ခံတယ်လို့ ဆိုလိုတာလား။"

ဖုန်းဝူချန်၏ တုံ့ပြန်မှုကို ကြားလိုက်ရသည်နှင့် ဗိုလ်ချုပ်ဝမ်သည် ချက်ချင်းပင် ဝမ်းမြောက်သွားဟန်ဖြင့် မေးလိုက်သည်။

ဖုန်းဝူချန်က သူ၏ ပခုံးများကို တွန့်လိုက်ပြီး ပြုံးလျက် ဆိုသည်။

"ဒါက ကိစ္စကြီး တစ်ခုမှ မဟုတ်တာ... ဘာလို့ လက်မခံရမှာလဲ။ ကျွန်တော်ကိုယ်တိုင်လည်း ရွှေယွဲ့အင်ပါယာရဲ့ စွမ်းအား အကြီးဆုံး မင်းသားကို တွေ့မြင်ချင်နေတာပါ။ ပြီးတော့... ဒါက ပဋိပက္ခတွေ ဖြစ်ပွားစေမှာ မဟုတ်ဘူးဆိုရင်... ကျွန်တော်တို့ နှစ်နိုင်ငံကြား ချစ်ကြည်ရေးကိုတောင် မြှင့်တင်ပေးနိုင်သေးတယ်... ဒီတော့ ဘာလို့ မလုပ်ဘဲ နေရမှာလဲ။"

(စွမ်းအား အကြီးဆုံး မင်းသားတဲ့လား... ဘယ်လောက် အစွမ်းထက်လဲ သိချင်သား... စမ်းကြည့်ရတာပေါ့... ပြီးတော့... နိုင်ရင် ဆု ဘာရမလဲ မေးကြည့်ရမယ်...)

ရွှေယွဲ့အင်ပါယာ၏ အိမ်ရှေ့စံမင်းသားသည် အသန်မာဆုံး မင်းသားအဖြစ် ကျော်ကြားရာ၊ သဘာဝအတိုင်းပင် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားပေလိမ့်မည်။ ဖုန်းဝူချန်သည်လည်း ၎င်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်လိုစိတ် ပြင်းပြနေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

သွမ့်ထျန်းဟွမ်က ခေါင်းညိတ်လိုက်ပြီး၊ ကျေနပ်သော အပြုံးဖြင့် ထုတ်ဖော် ပြောဆိုလိုက်သည်။

"ဖုန်းဝူချန် ပြောတာ မှန်တယ်။ အင်ပါယာကြီးလေးခု သဟဇာတ ရှိရှိ အတူနေထိုင်ကြတာ ကောင်းတယ်လို့ ငါလည်း ယုံကြည်တယ်။ စစ်ပွဲဆိုတာက အပြစ်မဲ့တဲ့ မိသားစုတွေကို ပိုပြီး ပြိုကွဲစေပြီး အသက်တွေ ဆုံးရှုံးစေရုံပဲ။"

ဗိုလ်ချုပ်ဝမ်က ပျော်ရွှင်စွာ သဘောတူလိုက်တော့သည်။

"ဟုတ်ပါတယ်... မင်းကြီး ပြောတာ အမှန်ပါပဲ။"

ဤသို့ ဖြစ်လင့်ကစား၊ ရွှေယွဲ့အင်ပါယာ၏ အိမ်ရှေ့စံမင်းသားက ယန်ဟော်အင်ပါယာ၏ စစ်သူကြီးချုပ်အား စိန်ခေါ်ခြင်းသည် အနိုင်အရှုံး ကိစ္စတစ်ခုမျှသာ မဟုတ်ဘဲ... အင်ပါယာ၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေပေသည်။

ရွှေယွဲ့အင်ပါယာသည် အင်ပါယာကြီးလေးခုအကြား အစဉ်အမြဲ ထိပ်ဆုံး၌ ရှိနေခဲ့သည်ဖြစ်ရာ၊ ဖုန်းဝူချန်အား ဤသို့ စိန်ခေါ်ခြင်းသည် နိုင်ငံ၏ မျက်နှာကို ပြန်လည် အဖတ်ဆယ်ဖို့ ကြိုးပမ်းမှု တစ်ခု ဖြစ်သည်။

သို့သော်၊ ဖုန်းဝူချန်က ဤမျှ အလွယ်တကူ သဘောတူလိုက်သည့် အချက်က ဗိုလ်ချုပ်ဝမ်အား ပို၍ပင် စိုးရိမ်သွားစေခဲ့သည်။

အကယ်၍ ဖုန်းဝူချန်၌ လုံးဝ ပြည့်စုံသော ယုံကြည်မှု မရှိခဲ့ပါလျှင်၊ သူ ဤမျှ အလွယ်တကူ သဘောတူလိမ့်မည် မဟုတ်ပေ။

ရွှေယွဲ့အင်ပါယာ၏ အိမ်ရှေ့စံမင်းသား၏ ကျင့်ကြံမှုအဆင့်ကို သိရှိလျက်သားနှင့် ဤမျှ လျင်မြန်စွာ လက်ခံဝံ့သည် ဆိုခြင်းကပင် ဖုန်းဝူချန်သည် သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် မည်မျှ ယုံကြည်မှု ရှိသည်ကို ပြသလျက် ရှိနေသည်။

(သွားပြီ... ဒီကောင်လေးကတော့ သေချာပေါက် ယုံကြည်မှု လွန်ကဲနေတာပဲ... ငါတို့ အိမ်ရှေ့စံကို လျှော့တွက်နေတာ သေချာတယ်... ဒါပေမဲ့... သူ ဒီလောက် ယုံကြည်နေတာကရော... တကယ်ပဲ သူ့မှာ အဲ့လောက် အစွမ်း ရှိနေလို့လား... ဒုက္ခပါပဲ...)

"ဗိုလ်ချုပ်ဝမ်... စိန်ခေါ်ပွဲက ဘယ်တော့လဲ ခင်ဗျာ။"

ဖုန်းဝူချန်က မေးလိုက်သည်။

"သုံးရက် ကြာရင်ပါ။"

ဗိုလ်ချုပ်ဝမ်က ပြန်လည် ဖြေကြား၏။ "ဒီသတင်းကို ထျန်းဝူအင်ပါယာနဲ့ လော့ယွင်အင်ပါယာဆီကို ပေးပို့ပြီးပါပြီ... အဓိက အင်ပါယာကြီးတွေအားလုံး ကြည့်ရှုဖို့ ကြွရောက်လာကြမှာပါ။"

"သတင်းကို အဓိက အင်ပါယာကြီးတွေ အကုန်လုံးဆီ ပို့ပြီးပြီ ဟုတ်လား။ ဒါဆို... ကျွန်တော် ငြင်းဆန်ဖို့ အခွင့်အရေး မရှိတော့ဘူး ဆိုတဲ့ သဘောပေါ့။"

ဖုန်းဝူချန် အနည်းငယ် မှင်တက်သွားပြီး၊ ထို့နောက် လက်လျှော့လိုက်သည့် အပြုံးကို ပြသလိုက်သည်။

(ဟိုက်... သတင်းပို့ပြီးပြီ ဆိုပါလား... ဒါဆို ငါ ငြင်းလို့ မရတော့ဘူးပေါ့... ကောင်းပြီလေ... ပြိုင်ရုံပေါ့...)

သွမ့်ထျန်းဟွမ်က ဖြည့်စွက် ပြောလိုက်သည်။

"သုံးရက် ကြာရင်... ပြိုင်ပွဲကို ငါတို့ အင်ပါယာရဲ့ ထျန်းဟွမ်တောင်မှာ ကျင်းပလိမ့်မယ်။"

ဖုန်းဝူချန်က ခေါင်းညိတ်လိုက်ပြီး ဆိုသည်။

"ဒါတွေအားလုံး ဆုံးဖြတ်ပြီးသား ဆိုမှတော့... ဘယ်နေရာမှာ ကျင်းပ ကျင်းပ ကွာခြားမှု မရှိတော့ပါဘူး။ သုံးရက် ကြာရင် ဆိုတော့... ကျွန်တော် ဒီ ခမ်းနားတဲ့ နန်းတော်ကြီးထဲမှာ ရက်အနည်းငယ်လောက် နေရတော့မှာပေါ့။"

(အင်း... နန်းတော်ထဲမှာ ရက်နည်းနည်း နေရမယ် ဆိုတော့လည်း... အစားအသောက် ကောင်းကောင်း စားရတာပေါ့...)

"ကျွန်တော့် ဆရာ သဘောရှိသလောက် ကြာကြာ နေထိုင်ဖို့ ကြိုဆိုပါတယ်.."

ဟူ၍ ယန်ထျန်းရှန်က ဝမ်းမြောက်သော အပြုံးဖြင့် ပြောလိုက်သည်။

"ဒါက မင်းကြီးနဲ့ လူတိုင်းရဲ့ အကူအညီအတွက် ကျေးဇူး ပြန်ဆပ်ဖို့ အခွင့်အရေးကောင်း တစ်ခုပဲ။"

ဖုန်းဝူချန်က ခပ်ရေးရေးပြုံးကာ ဆိုလိုက်ပြီး၊ ကျေးဇူးတရားကို တုံ့ပြန်သင့်သည် ဟူသော နိယာမကို ကိုယ်စားပြုလိုက်သည်။

ဤစကားကို ကြားသောအခါ၊ ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့မှာ အတိုင်းမသိ ဝမ်းမြောက်သွားကြသည်။

ဖုန်းဝ

ဒါက သူတို့ကို ဆေးပညာနှင့် လက်နက် သန့်စင်ခြင်းတို့၌ လမ်းညွှန်မှု ပေးနိုင်သည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

ဖုန်းဝူချန်၏ ကိုယ်တိုင် သင်ကြားမှုဖြင့်၊ သူတို့သည် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိကြမည်မှာ သေချာလှသည်။

အကြီးအကဲ နှစ်ဦး ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်တွေ့ရသောအခါ ဗိုလ်ချုပ်ဝမ်မှာ ပို၍ပင် အူကြောင်ကြောင်

ဖြစ်သွားရသည်။

အဘယ်ကြောင့် အကြီးအကဲများ ဤမျှ စိတ်လှုပ်ရှားနေကြရသနည်း။

ဖုန်းဝူချန်၌ အဘယ်သို့သော အထင်ကြီးစရာများ ရှိနေသနည်း။

ယန်ထျန်းရှန်က ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦးအနေဖြင့် ဖုန်းဝူချန်၏ တပည့် ဖြစ်နေခြင်းမှာ သဘာဝကျသည် ဆိုနိုင်သော်လည်း၊ စစ်ထူကျန့်ထျန်းကရော... စတုတ္ထအလွှာ လက်နက်ပညာရှင် တစ်ဦး မဟုတ်ပါလော။

သူ့အား တပည့်ဟု ခေါ်ဆိုရန်မှာ သင့်တော်ပုံ မပေါ်ခဲ့ပေ... ။

ဟုတ်သည်မလား။

(ဘာတွေလဲ... ဒီ အဘိုးကြီးတွေက ဘာလို့ ဒီလောက် ပျော်နေကြရတာလဲ... ဒီကောင်လေးက ဘာများ ဒီလောက် အထင်ကြီးစရာ ကောင်းနေလို့လဲ... ငါ နားမလည်တော့ဘူး...)

ရှုပ်ထွေးနေသော်ငြား၊ ဗိုလ်ချုပ်ဝမ်သည် မေးမြန်းရန် မဝံ့ရဲခဲ့ပေ။

မည်သို့ပင် ဖြစ်စေ၊ ဖုန်းဝူချန်သည် အင်ပါယာ၏ စစ်သူကြီးချုပ် ဖြစ်ပြီး၊ ဗိုလ်ချုပ်ဝမ်၏ အဆင့်ထက် မြင့်မားသော နေရာ၌ ရှိနေရာ၊ သူသည် ရိုသေမှု ကင်းမဲ့စွာ ပြုမူရန် မဝံ့ရဲချေ။

"စစ်သူကြီးချုပ်က သဘောတူညီခဲ့ပြီ ဆိုမှတော့... ကျွန်တော် ချက်ချင်း ပြန်ပြီး သတင်းပို့လိုက်ပါ့မယ်... မင်းကြီးရော အိမ်ရှေ့စံမင်းသားပါ စောင့်မျှော်နေကြလို့ပါ။"

ဗိုလ်ချုပ်ဝမ်က ရိုသေစွာ ဦးညွှတ်လိုက်သည်။

သွမ့်ထျန်းဟွမ်က ဦးခေါင်းကို ညိတ်လိုက်၏။

"ခရီးလမ်းမှာ ဂရုစိုက်သွားပါ ဗိုလ်ချုပ်ဝမ်။"

ထိုစဉ် ယဲ့ချန်းချုံးက ပြုံးလျက် ကမ်းလှမ်းလာသည်။

"ဗိုလ်ချုပ်ဝမ်... ကျွန်တော် ခင်ဗျားကို လိုက်ပို့ပေးပါ့မယ်။"

သူတို့နှစ်ဦး ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်နှင့်၊ ဖုန်းဝူချန်က မေးလိုက်သည်။

"အရှင်မင်းကြီး... ဒီစိန်ခေါ်ပွဲအတွက် ဆုလာဘ်တွေက ဘာတွေလဲ ခင်ဗျာ။"

(ကဲ... အရေးကြီးဆုံး မေးခွန်းကို မေးရမယ့် အချိန် ရောက်ပြီ...)

"မင်း ဒီလို မေးလာလိမ့်မယ်ဆိုတာ ငါ သိပြီးသားပါ... ငါ့ကောင်လေးရဲ့။"

ဧကရာဇ်က အလုံးစုံ သိမြင်ထားသည့် အပြုံးဖြင့် ဆိုလိုက်သည်။

"မင်းသာ ဒီစိန်ခေါ်ပွဲကို အနိုင်ရခဲ့ရင်... အင်ပါယာရဲ့ 'ဝူကျိ နက်ရှိုင်းချောက်' ထဲမှာ တစ်လတိတိ ကျင့်ကြံခွင့် ငါ ပေးမယ်.."

"'ဝူကျိ နက်ရှိုင်းချောက်'.."

ဖုန်းဝူချန်သည် ဧကရာဇ်အား စူးစမ်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ ဤနေရာအပေါ်၌ စိတ်ဝင်စားသွားမိသည်။

ထိုအခါ သွမ့်ထျန်းဟွမ်က အသာပြုံးလျက် ရှင်းပြလိုက်သည်။

"'ဝူကျိ နက်ရှိုင်းချောက်' ဆိုတာ ငါတို့ အင်ပါယာရဲ့ ဆက်ခံ ဧကရာဇ်တွေအတွက် မြင့်မြတ်တဲ့ လေ့ကျင့်ရာ နေရာတစ်ခုပဲ... ငါတို့ရဲ့ တည်ထောင်သူ ဘိုးဘေးတွေက သူတို့ရဲ့ ဘဝသွေးမျိုးဆက်တွေနဲ့ ဖန်တီးခဲ့တဲ့ ဆန်းကြယ်တဲ့ နေရာလွတ်တစ်ခုပေါ့။ ဒါက နတ်ဘုရားတောင်ကြားထဲက ဝိညာဉ်ရေကန်လောက် ထူးခြားဆန်းကြယ်မှု မရှိပေမဲ့... ဒီနေရာလွတ်ထဲက ဝိညာဉ်စွမ်းအင်တွေက မယုံနိုင်လောက်အောင်..အကျယ်ကြီး အထူကြီးပဲ.. ပြီးတော့... အဲ့ဒါတွေက 'ရှေးဟောင်း ဝိညာဉ်ချီ' တွေပဲ။"

(ဘာ... ဘာတဲ့... ရှေးဟောင်း ဝိညာဉ်ချီ.. ဒါဆို... ဒါဆို...)

"အိုး... ရှေးဟောင်း ဝိညာဉ်ချီ ဟုတ်လား။"

ဖုန်းဝူချန်မှာ တုန်လှုပ်သွားပြီး အာမေဍိတ်ပြုလိုက်မိသည်။

‘ရှေးဟောင်း ဝိညာဉ်ချီတွေကို စုစည်းထားနိုင်တယ် ဆိုကတည်းက... ဒီ ဝင်္ကပါ နေရာလွတ်ထဲမှာ ရှေးဟောင်း ရတနာတစ်ခု ရှိနေရမယ်... မဟုတ်ရင်... ရှေးဟောင်း ဝိညာဉ်ချီတွေက အဆုံးမရှိ စီးဆင်းနေမှာ မဟုတ်ဘူး။’

‘ဟုတ်တယ်.. ဒါက ရှေးဟောင်း ရတနာတစ်ခုပဲ။ ဒါက အင်ပါယာရဲ့ နောက်ဆုံး အားကိုးရာပဲ... အင်ပါယာရဲ့ အသက်ရှင်သန်မှုနဲ့ သေဆုံးမှု ကိစ္စ မဟုတ်ရင် ထုတ်ဖော်ပြသမှာ မဟုတ်တဲ့ အရာပေါ့... ဘယ်လို မတော်တဆမှုမှ မဖြစ်ပွားစေချင်လို့လေ’

'ဒါက ရှေးဟောင်း ရတနာတစ်ခု ဆိုမှတော့... အင်မော်တယ် လက်နက်တစ်ခုများ ဖြစ်နေမလား။ ဒါမှမဟုတ်... နတ်ဘုရား လက်နက်တစ်ခုရော…’

ဖုန်းဝူချန်သည် သူ၏ စိတ်ထဲ၌ တိတ်တဆိတ် တွေးတော မှန်းဆနေမိသည်။

(ဝိုး... ဒါဆိုရင်တော့ တကယ့် ခွင်ပဲ.. ဒီစိန်ခေါ်ပွဲကို မနိုင်နိုင်အောင် ကြိုးစားရတော့မယ်..)

ဤသို့ တွေးတောလိုက်ပြီးနောက်၊ ဖုန်းဝူချန်က ခွင့်ပန်လိုက်သည်။

"မင်းကြီး... တခြား ဘာမှ မရှိတော့ဘူးဆိုရင်... ကျွန်တော့်ကို သွားခွင့်ပြုပါဦး။"

"ကောင်းပြီလေ.. သွားပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်တော့။ ဒီအရှင်က မင်းရဲ့ အစွမ်းကို ယုံကြည်တယ်။"

သွမ့်ထျန်းဟွမ်က ရွှင်လန်းစွာ ဆိုလိုက်သည်။

ရွှေယွဲ့အင်ပါယာ၏ အိမ်ရှေ့စံမင်းသား၏ ခွန်အားကို သိရှိထားသော်ငြား၊ သူသည် ဖုန်းဝူချန်၏ အရည်အချင်းများအပေါ်၌ ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

ဖုန်းဝူချန်က သူ၏ လက်များကို ဖြန့်ကားလိုက်ပြီး ပြန်လည် ဖြေကြား၏။

"ဒါကတော့ ပြောရခက်သားပဲ။ ရွှေယွဲ့ အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက ယွမ်တန်ဘုံ အဋ္ဌမ အလွှာမှာ ရှိနေတယ်လို့ ကျွန်တော် ကြားထားတယ်... ပြီးတော့ သူ့ရဲ့ ခွန်အားကလည်း အလွန် ကြောက်ဖို့ကောင်းတယ် ဆိုတော့... ကျွန်တော် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်လောက်ဘူး။"

(ဟဲဟဲ... နည်းနည်းတော့ ချော့ပြောထားမှပေါ့... အရမ်း ယုံကြည်မှု ပြနေရင် မကောင်းဘူးလေ...)

"ဟက်ဟက်... မင်းရဲ့ အစွမ်းကို ငါ မသိဘဲ နေပါ့မလား... ကောင်စုတ်လေးရဲ့။ မင်းသာ ရှုံးခဲ့ရင်... ငါ မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး.."

သွမ့်ထျန်းဟွမ်က ကြိမ်းမောင်းလိုက် လေသည်။

"..."

ဖုန်းဝူချန်မှာ အကူအညီမဲ့သော အမူအရာကို ပြသလိုက်ရသည်။

"ဆရာ... ကျေးဇူးပြုပြီး ကြွပါ.."

ယန်ထျန်းရှန်က ရိုသေစွာ ဆိုလိုက်သည်။

ဖုန်းဝူချန်သည် ခန်းမဆောင်ထဲမှ ထွက်ခွာသွားခဲ့ပြီး၊ စစ်ထူကျန့်ထျန်းနှင့် ယန်ထျန်းရှန်တို့မှာ သူတို့၏ မျက်နှာများထက်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် သူ၏နောက်မှ လိုက်ပါသွားကြသည်။

"အရှင်မင်းကြီး... 'ဝူကျိ နက်ရှိုင်းချောက်' ဆိုတာ ဆက်ခံ ဧကရာဇ်တွေရဲ့ ဘိုးဘေးဘီဘင် လေ့ကျင့်ရာ နေရာဖြစ်ပြီး အင်ပါယာအတွက် တားမြစ်ထားတဲ့ နယ်မြေတစ်ခုပါ... စစ်သူကြီးချုပ်ကို အဲ့ဒီမှာ လေ့ကျင့်ခွင့် ပေးလိုက်တာက... ကျွန်တော်တို့ ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ စံနမူနာကို ချိုးဖောက်ရာ မရောက်ဘူးလား ခင်ဗျာ။"

အရာရှိတစ်ဦးက မေးမြန်းလိုက်သည်။

"အမတ်ကြီး လီ ပြောတာ မှန်ပါတယ်... အရှင်မင်းကြီး... 'ဝူကျိ နက်ရှိုင်းချောက်' ကို ဧကရာဇ်တွေကလွဲလို့ ဘယ်သူမှ ဝင်ရောက် လေ့ကျင့်ခွင့် မရှိပါဘူး။ စစ်သူကြီးချုပ် အနိုင်ရခဲ့ရင်တောင်... သူ့ကို အဲ့ဒီမှာ လေ့ကျင့်ခွင့် မပေးသင့်ပါဘူး။"

အခြား အရာရှိတစ်ဦးက တင်ပြလိုက်ရာ၊ ကျန်အရာရှိများကလည်း သဘောတူညီလိုက်ကြသည်။

သွမ့်ထျန်းဟွမ်က သူ၏ လက်ကို မြှောက်လိုက်ပြီး ကြေညာလိုက်သည်။

"တော်ကြတော့... စည်းမျဉ်းတွေကို ပြောင်းလဲလို့ ရတယ်။ ဘယ်သူ့ကို လေ့ကျင့်ခွင့် ပေးမလဲဆိုတာ ငါ ဆုံးဖြတ်မယ်။ ငါသာ ယန်ဟော်အင်ပါယာရဲ့ ဧကရာဇ် မဟုတ်တော့ဘူး ဆိုရင်တော့ တစ်မျိုးပေါ့။"

"အရှင်မင်းကြီး... စိတ်တော်ကို ငြိမ်သက်တော်မူပါ.."

အရာရှိများမှာ ထိတ်လန့်တကြား ဒူးထောက် တောင်းပန်လိုက်ကြသည်။

"မင်းတို့အားလုံး ထွက်သွားကြ။ ဒီအရှင် ဆုံးဖြတ်ပြီးသွားပြီ။ နောက်ထပ် ဆွေးနွေးစရာ မလိုတော့ဘူး။ မင်းတို့ ကန့်ကွက်ချင်တယ် ဆိုရင်... ဖုန်းဝူချန်ကို ကိုယ်တိုင် သွား အနိုင်ယူကြည့်ကြပေါ့။"

သွမ့်ထျန်းဟွမ်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူ၏ အသံမှာ အနည်းငယ် အေးစက်နေခဲ့သည်။

အရာရှိများ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး၊ နောက်ထပ် စကားတစ်ခွန်းမျှ မဆိုဝံ့ဘဲ နောက်ဆုတ် ထွက်ခွာသွားကြသည်။

သွမ့်ထျန်းဟွမ်က ဤသို့ ရက်ရောသော ကမ်းလှမ်းချက်ကို ပြုလုပ်ခဲ့ခြင်းမှာ ဖုန်းဝူချန်အား စိတ်အားထက်သန်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ဧကရာဇ်တစ်ပါးအနေဖြင့်၊ အင်ပါယာ၏ ဂုဏ်သိက္ခာသည် သူ၏ အမြင့်ဆုံး ဦးစားပေး ဖြစ်ပေသည်။

အရာရှိများ ထွက်ခွာသွားပြီးနောက်၊ မကျေမနပ် ဖြစ်နေဟန်တူသော သွမ့်ဝူချင်းသည် လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

"ခမည်းတော်... ဖုန်းဝူချန် အနိုင်ရနိုင်စွမ်း ရှိတယ်လို့ ခမည်းတော် တကယ် ယုံကြည်တာလား။ ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားရဲ့ ခွန်အားကို ခမည်းတော် သိရှိထားရမှာပါ... သူ့ရဲ့ အဋ္ဌမအဆင့် သိုင်းဝိညာဉ် ပါရမီနဲ့ဆိုရင်... ဘယ်သူနဲ့မှ ယှဉ်လို့မရနိုင်အောင် ထူးချွန်ပြီး... သူ့ရဲ့ ကြောက်မက်ဖွယ် စွမ်းအားကိုလည်း အင်ပါယာ လေးခုလုံးက အသိအမှတ်ပြုထားကြတာပါ။"

(ဖေဖေကတော့ ဒီကောင်လေးကို တော်တော် ယုံကြည်နေတာပဲ... ဟုတ်ပါတယ်... သူက ပါရမီရှင် စာရင်းမှာ ပထမ ရခဲ့တာ မှန်တယ်... ဒါပေမဲ့ ရွှေယွဲ့ အိမ်ရှေ့စံနဲ့ ယှဉ်ရင်ရော... တကယ် ယှဉ်နိုင်ပါ့မလား...)

သူ့သားတော်စကားကြောင့် သွမ့်ထျန်းဟွမ်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး ပြန်လည် ဖြေကြား၏။

"ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားရဲ့ ခွန်အားက တကယ် ကြောက်ဖို့ကောင်းတာ မှန်တယ်။ နှစ်အနည်းငယ် ကြာရင်... သူ ခမည်းတော်ကိုတောင် ကျော်တက်သွား

နိုင်လောက်တယ်။ ဒါပေမဲ့... ဖုန်းဝူချန်ရဲ့ ကြော်စရာ ကောင်းပုံက မင်း စိတ်ကူးနိုင်စွမ်းထက် အများကြီး သာလွန်တယ်။ သူသာ တကယ် အသက်စွန့်ပြီး တိုက်ခိုက်ရမယ် ဆိုရင်... ဖုန်းဝူချန်က ပိုလို့တောင် ကြောက်စရာကောင်းလိမ့်ဦးမယ်။"

"ပို ကြောက်စရာကောင်းတယ်.."

သွမ့်ဝူချင်းသည် ရေရွတ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူက မယုံသင်္ကာ ဖြစ်နေဟန်တူသည်။

ထိုအခါ သွမ့်ထျန်းဟွမ်သည် သွမ့်ဝူချင်းအား လေးနက်တည်ကြည်စွာ ကြည့်လိုက်ပြီး

"သားတော်... မင်းက ဒီခမည်းတော် ရောက်နေတဲ့ အဆင့်ကို မရောက်သေးဘူး... ဖုန်းဝူချန်ဆိုတဲ့ သားရဲကို မင်း နားလည်နိုင်ဦးမှာ မဟုတ်ဘူး။ ငါ သူ့ကို ငါတို့ ဘက်ကို ဆွဲဆောင်နေရတဲ့ အကြောင်းရင်းက သူ ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာကြောင့်ပဲ။"

သွမ့်ဝူချင်းက မျက်မှောင်ကြုတ်လျက် ပြန်လည် ဖြေကြား၏။

"ခမည်းတော်က ဖုန်းဝူချန်ရဲ့ ဆေးပညာနဲ့ လက်နက် သန့်စင်ခြင်း အရည်အချင်းတွေကို ရည်ညွှန်းနေတာလား။"

သွမ့်ထျန်းဟွမ်က ခေါင်းခါလိုက်သည်။

"ဖုန်းဝူချန်က ဆေးပညာရော လက်နက် သန့်စင်ခြင်းမှာပါ ပါရမီရှင်တစ်ယောက် ဖြစ်တာ မှန်ပေမဲ့... သူက သိုင်းမှာ ပိုလို့တောင် ကြောက်စရာကောင်းတယ်။ သူ့အတွင်းထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်... မင်းကို ပြောဖို့ မလိုပါဘူး... ခမည်းတော် ကိုယ်တိုင်တောင် သူ့ကို ထွင်းဖောက် မမြင်နိုင်ဘူး။"

"ဖုန်းဝူချန်က ခမည်းတော် ပြောပြသလောက် တကယ် ကြောက်စရာကောင်းတာလား။"

သွမ့်ထျန်းဟွမ်၏ စကားများကို ကြားသောအခါ၊ သွမ့်ဝူချင်းသည် သူ၏ ခမည်းတော်မှာ ချဲ့ကား ပြောဆိုနေခြင်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

ဖုန်းဝူချန်သည် လက်ရှိတွင် အင်ပါယာ၏ ထိပ်တန်း ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပြီး၊ အလွန်အမင်း မြင့်မားသော အရည်အချင်းများကို ပိုင်ဆိုင်ထားသည် မှန်သော်ငြား၊ သွမ့်ဝူချင်းမှာမူ သူသည် သွမ့်ထျန်းဟွမ် ပုံဖော်သလောက် ကြောက်မက်ဖွယ်

ကောင်းသည်ဟု မယုံကြည်နိုင်ခဲ့ပေ။

(ဖေဖေကတော့ လွန်နေပြီ... ဟုတ်ပါတယ်... သူက တော်ပါတယ်... ဒါပေမဲ့ ဒီလောက်ကြီးတော့...)

"အချိန်တန်ရင် မင်း နားလည်လာလိမ့်မယ်။ ရွှေယွဲ့အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက ဖုန်းဝူချန်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်လောက်ဘူး။ ထျန်းယွင်ဂိုဏ်းနဲ့ တိုက်ပွဲတုန်းက... ဖုန်းဝူချန်က သူ့အစွမ်းအကုန်ကို ချန်ထားခဲ့တာ ဖြစ်နိုင်ခြေ တော်တော် များတယ်။"

ဟူ၍ သွမ့်ထျန်းဟွမ်က နက်နဲသော အဓိပ္ပာယ်ဖြင့် ပြောလိုက်လေသည်။

All Chapters