အထွတ်အထိပ် နဂါးနတ်ဘုရားဓား
Vol. 11 Ch. 165
~"သူ့အစွမ်းကို ချန်ထားသေးတယ် ဟုတ်လား။ ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။"
သွမ့်ဝူချင်း၏ မျက်နှာမှာ ရုတ်တရက် သိသိသာသာ ပြောင်းလဲသွားပြီး၊ သူ၏ နှလုံးသားသည် အစွမ်းကုန် တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
ဤအချက်က သူ့အား ပို၍ပင် မယုံနိုင် ဖြစ်သွားစေခဲ့သည်။ ဖုန်းဝူချန်သည် ကူချင်းရွှမ်းနှင့် ရင်ဆိုင် တိုက်ခိုက်စဉ်က သူ၏ အစွမ်းအကုန်ကို အမှန်တကယ်ပင် ချန်ထားခဲ့လေသလော။
(မဖြစ်နိုင်တာ.. ခမည်းတော် ဘာတွေ လျှောက်ပြောနေတာလဲ.. ကူချင်းရွှမ်းဆိုတာ ထျန်းယွမ်ဘုံ စွမ်းအားရှင်ကြီးနော်.. ဒီကောင်လေးက သူ့အသက်ကိုတောင် မငဲ့ဘဲ အစွမ်းကုန် တိုက်ခဲ့ရတာ... ဘယ်လိုလုပ် အစွမ်း ချန်ထားနိုင်မှာလဲ.. ဒါ... ဒါ လုံးဝ မဖြစ်နိုင်ဘူး..ခမည်းတော်က သူ့ကို တော်တော် အထင်ကြီးလွန်းနေပြီ..)
သွမ့်ဝူချင်းသည် ၎င်းကို လုံးဝ စိတ်ကူးဖြင့်ပင် မှန်းဆ၍ မရနိုင်ခဲ့ဘဲ၊ ထိတ်လန့်တကြား တွေးတောလိုက်မိသည်။
သွမ့်ထျန်းဟွမ်၏ စကားများက သွမ့်ဝူချင်းအား တုန်လှုပ်ခြောက်ခြားသွားစေခဲ့သလို မယုံနိုင်လည်း ဖြစ်သွားစေခဲ့ရာ၊ သူသည် ထိုနေရာ၌ မှင်တက် မိန်းမောစွာ ရပ်တန့်နေမိတော့သည်။
သွမ့်ထျန်းဟွမ် လှစ်ခနဲ ထွက်ခွာသွားပြီးသည့်နောက်တွင်ပင်၊ သွမ့်ဝူချင်းသည် သတိ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးပေ။
—--------
နန်းဆောင် တစ်နေရာတွင်မူ၊ အကြီးအကဲ နှစ်ဦးဖြစ်သော ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် ဖုန်းဝူချန်အား ခမ်းနားထည်ဝါလှသော နန်းတော်ဆောင်တစ်ခုဆီသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ထိုနန်းတော်ဆောင်မှာ ခံ့ညားထည်ဝါမှု၌ ပြိုင်ဘက်ကင်းလှပြီး၊ အရေးအကြီးဆုံး အချက်မှာမူ၊ ဝင်ပေါက်၏ အထက်မှ ဆိုင်းဘုတ်တွင် "စစ်သူကြီးချုပ် စံအိမ်တော်" ဟူသော စာလုံးကြီး အချို့ ရေးထွင်းထားခြင်းပင် ဖြစ်လေသည်။
"စစ်သူကြီးချုပ် စံအိမ်တော်" ဟူသော စာလုံး လေးလုံးမှာ နဂါးများ ပျံဝဲပြီး ဖီးနစ်ငှက်များ ကခုန်နေသည့်နှယ်၊
သံမဏိ စုတ်ချက်များနှင့် ငွေရောင် ချိတ်များဖြင့် ရေးသားထားလေဟန် ရှိ၏။
ဆိုင်းဘုတ်အား ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်ရင်း၊ ဖုန်းဝူချန်က အံ့အားသင့်စွာ အာမေဍိတ်ပြုလိုက်သည်။
"စစ်သူကြီးချုပ် စံအိမ်တော် ဟုတ်လား။ ဒါ...ကျွန်တော့်ရဲ့ နန်းတော်လား။"
(ဝိုး... အကြီးကြီးပဲဟ... ငါ့အတွက် သီးသန့်တဲ့လား... ဘုရင်ကြီးကတော့ တော်တော် သဘောကောင်းတာပဲ... ဒါပေမဲ့ ငါက ဒီမှာ အမြဲတမ်း နေနိုင်မှာလဲ မဟုတ်ဘူး...)
"ဆရာ ပြောတာ မှန်ပါတယ်... ဒီနန်းတော်ဆောင်ကို မင်းကြီးက ဆရာ့အတွက် အထူး ပြင်ဆင်ပေးထားတာပါ။"
စစ်ထူကျန့်ထျန်းက ပြုံးလျက် ဆိုလိုက်သည်။
ဖုန်းဝူချန်က သဘောကျစွာ ခေါင်းညိတ်လိုက်၏။
"နန်းတော်ဆောင်က တကယ် ခမ်းနားထည်ဝါတာပဲ...မင်းကြီးက တော်တော် စဉ်းစားပေးတတ်တာပဲ။ မင်းကြီးရဲ့ ရက်ရောမှုတွေအတွက် ကျွန်တော် အမြဲတမ်း နည်းနည်းတော့ မထိုက်တန်ဘူးလို့ ခံစားနေရတယ်။"
ဖုန်းဝူချန်၏ စကားများကို ကြားသောအခါ၊ အကြီးအကဲ နှစ်ဦးမှာ အနည်းငယ် မှင်သက်သွားကြသည်။
ယန်ထျန်းရှန်သည် မအောင့်နိုင်ဘဲ မေးမြန်းလိုက်သည်။
"ဆရာ... အဲ့ဒါ ဘာကို ဆိုလိုတာလဲ ခင်ဗျာ။ ဆရာက ဘယ်နည်းနဲ့များ မင်းကြီးရဲ့ ကျေးဇူးတွေနဲ့ မထိုက်တန်ရတာလဲ။"
ခန့်ညားထည်ဝါသော နန်းတော်ဆောင်ကို ကြည့်လျက်၊ ဖုန်းဝူချန်သည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ဆိုသည်။
"ဒီလောက် ခမ်းနားတဲ့ နန်းတော်ဆောင်က ကျွန်တော့်အပေါ်မှာတော့ အလဟဿ ဖြစ်နေသလိုပဲ... ကျွန်တော် ဒီမှာ နေဖို့ အချိန် ဘယ်တော့ ရမှာလဲ။"
စစ်ထူကျန့်ထျန်းက မေးလိုက်သည်။
"ဆရာက ဘယ်သွားဖို့ စီစဉ်ထားလို့လဲ ခင်ဗျာ။"
"မကြာခင်ဖြစ်ဖြစ်... နောက်ကျမှဖြစ်ဖြစ်...ကျွန်တော်က တိုက်ကြီးကို ဖြတ်သန်းသွားလာဖို့ စီစဉ်ထားတယ်လေ။ အင်ပါယာထဲမှာပဲ ကျွန်တော် ဘယ်လိုလုပ် နေနိုင်မှာလဲ။"
ဖုန်းဝူချန် ခေါင်းခါလိုက်သည်။
(တိုက်ကြီး... အဲ့ဒီမှာမှ ငါ့ရဲ့ တကယ့်စွမ်းရည်တွေကို ထုတ်ပြနိုင်မှာ... ဒီ အင်ပါယာလေးထဲမှာတော့...)
"တိုက်ကြီး ဟုတ်လား။"
အကြီးအကဲ နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြသည်။
(သွားပြီ... ဆရာက တိုက်ကြီးကို သွားမယ်တဲ့လား... ငါတို့တောင် တစ်ခါမှ မရောက်ဖူးတဲ့ နေရာ...)
(သူ့လို ပါရမီရှင်က ဒီလို နေရာကျဉ်းလေးထဲမှာ အကြာကြီး နေမှာ မဟုတ်ဘူးဆိုတာ ငါတို့ သိခဲ့ပါတယ်လေ...)
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သော်လည်း၊ အသေးစိတ် ရှင်းပြခြင်း မပြုခဲ့ပေ။
တိုက်ကြီးကို ဖြတ်သန်း သွားလာခြင်းသည် မကြာမီ သို့မဟုတ် နောက်ကျမှ ဖြစ်စေ ပြုလုပ်ရမည့် အရာတစ်ခု ဖြစ်ပြီး၊ ဖုန်းဝူချန်သည် ၎င်းအတွက် အချိန်အတော်
ကြာကတည်းက စီစဉ်ထားခဲ့ပြီး ဖြစ်သော်လည်း၊ အချိန်အခါမှာမူ ယခုထိတိုင် မကျရောက်သေးပေ။
သူသည် ယခုအခါ၌ စစ်သူကြီးချုပ် ဖြစ်လာခဲ့ပြီး၊ တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အောက်၊ လူပေါင်း သောင်းသောင်း ၊ ထောင်ထောင်၏ အထက်၌ ရှိနေကာ၊ ပါရမီရှင် အဆင့်သတ်မှတ်ပွဲတွင် ပထမနေရာကိုပင် ဆွတ်ခူးနိုင်ခဲ့သော်ငြား၊ အဆုံးစွန်၌ ဖုန်းမိသားစုအတွက် စိတ်မအေးနိုင်ဘဲ ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်၊ လက်ရှိအချိန်တွင်၊ ဖုန်းမိသားစုမှာ အလွန်တရာ အားနည်းနေသေး
သောကြောင့်တည်း။
ထို့အပြင်၊ ကောင်းကင်ဗိမာန်မှာလည်း ဖွံ့ဖြိုးတိုးတက်လာခြင်း မရှိသေးပေ။ အကယ်၍ သူသာ ဤအတိုင်း ထွက်ခွာသွားခဲ့ပါလျှင်၊ ဖုန်းဝူချန်၏ တည်ရှိမှု ကင်းမဲ့သွားသော ကောင်းကင်ဗိမာန်သည် အင်အား ကြီးထွာမလာနိုင်မှာကို သူ စိုးရိမ်နေမိသည်။
သူ၏ ကိုယ်ပိုင် ကြီးကြပ်မှု မရှိဘဲ၊ အင်ပါယာမှ ယခုချက်ချင်း ထွက်ခွာသွားရန် ဖုန်းဝူချန် အမှန်တကယ်ပင် ရတက်မအေးနိုင်ဘဲ ရှိနေခဲ့သည်။
"ကဲ... အထဲဝင်ပြီး ကြည့်ကြရအောင်။"
ဖုန်းဝူချန်သည် နန်းတော်ဆောင်ထဲသို့ ပထမဆုံး ဝင်ရောက်သွားခဲ့ပြီး၊ အကြီးအကဲ နှစ်ဦးမှာလည်း သူ၏နောက်မှ လျင်မြန်စွာ လိုက်ပါသွားကြသည်။
"ဆရာ... ဘယ်ဘက်က နန်းတော်ဆောင်က ဆရာ ကျင့်ကြံဖို့ နေရာပါ... ညာဘက်က တစ်ခုကတော့ ဆေးပညာနဲ့ လက်နက် သန့်စင်ခြင်းအတွက်ပါ။"
နန်းတော်ဆောင်ထဲသို့ ဝင်ရောက်သည်နှင့်၊ ယန်ထျန်းရှန်က ရှင်းပြလိုက်သည်။ ၎င်းကို အကြီးအကဲ နှစ်ဦး၏ နှစ်သက်မှုများအတိုင်း တည်ဆောက်ထားခဲ့ခြင်း ဖြစ်၏။
ဖုန်းဝူချန်သည် ခေါင်းတညိတ်ညိတ် လုပ်ကာ ပတ်ပတ်လည်ကို ကြည့်ရှုရင်း တဖြည်းဖြည်း ပို၍ ကျေနပ်လာခဲ့သည်။
ထို့နောက် ဆေးပညာ အခန်းဆီသို့ ဦးတည် လျှောက်လှမ်းသွားရာ၊ ဆေးဖက်ဝင် အပင်များ၏ ရနံ့ကို သူ ရရှိနေခဲ့ပြီး ဖြစ်လေသည်။
ဆေးပညာ အခန်းမှာ စတုရန်းမီတာ တစ်ရာကျော်မျှ ကျယ်ဝန်းပြီး၊ အလွန် ကြီးမားကာ၊ အမျိုးမျိုးသော ဆေးဖက်ဝင် အပင်များနှင့် လက်နက် သန့်စင် ကုန်ကြမ်းပစ္စည်းများဖြင့် သပ်ရပ်စွာ ခင်းကျင်း ပြင်ဆင်ထားသည်။
"နန်းတွင်း အကြံပေး... မင်းသား... ကျွန်တော် အရင်ဆုံး ခင်ဗျားတို့ ကိုယ်ထဲက မီးအဆိပ်တွေကို ဖယ်ရှားပေးပါ့မယ်။"
ဖုန်းဝူချန်သည် ဆေးပညာ အခန်းကို ဝေ့ကြည့်လိုက်ပြီးနောက်၊ စကားစလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ။"
အကြီးအကဲ နှစ်ဦးစလုံးက ရိုသေစွာ ဆိုလိုက်ကြပြီး၊ မယုံနိုင်လောက်အောင် ရင်တွင်း စိတ်လှုပ်ရှားနေကြသည်ကို ခံစားနေရသည်။
(နောက်ဆုံးတော့... ဒီ မီးအဆိပ်တွေ ကင်းစင်တော့မှာပဲ... ငါ ဘယ်လောက်တောင် ခံစားခဲ့ရလဲ...)
(ဆရာ့ရဲ့ ကျေးဇူးတွေက တကယ်ကို ကြီးမားလှပါပေတယ်...)
ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့် ပို၍ အားကောင်းလာသည်နှင့်အမျှ၊ သူ၏ နည်းလမ်းများမှာလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ အကြီးအကဲ နှစ်ဦးလုံးထံမှ မီးအဆိပ်များကို တစ်ချိန်တည်းတွင် ဖယ်ရှားပေးနေစဉ်၊ သူ၏ အံ့မခန်းဖွယ် နည်းစနစ်သည် သူတို့၏ ကိုယ်တွင်းမှ မီးအဆိပ်များကို လျင်မြန်စွာ ဆွဲထုတ်လိုက်လေသည်။
ဖုန်းဝူချန်သည် စိမ်းပြာရောင် မီးတောက်တစ်ခုကို အသက်သွင်းလိုက်ပြီး၊ မီးအဆိပ်များ ပျံ့နှံ့လာသည်နှင့်၊ ၎င်းတို့အား စိမ်းပြာရောင် မီးတောက်က လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် ဝါးမျို ပျောက်ကွယ်သွားစေခဲ့သည်။
"ဒီ... ဒီလောက် ကြောက်စရာကောင်းတဲ့ မီးတောက်ကြီး.."
အကြီးအကဲများ၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားပြီး၊ သူတို့သည် ချွေးစေးများ ပျံလာခဲ့ကြသည်။
(ဘုရားရေ... ဒီမီးတောက်က ဘယ်လို အစွမ်းတွေ ရှိနေတာလဲ... ငါတို့ရဲ့ မီးအဆိပ်တွေကို ဒီလောက် လွယ်လွယ်နဲ့...)
တစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း၊ အကြီးအကဲများ၏ ကိုယ်တွင်းမှ မီးအဆိပ်များမှာ လုံးဝ ဖယ်ရှားခြင်း ခံလိုက်ကြရပြီး၊ သူတို့သည် မယုံနိုင်လောက်အောင် သက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ကြသည်၊ ဆယ်စုနှစ်ပေါင်းများစွာ ပြန်လည် နုပျိုသွားကြသည့်အလား ဖြစ်နေ၏။
အစွမ်းထက်ပြီး အံ့ဖွယ်ကောင်းသော နည်းစနစ်သည် အကြီးအကဲများကို နောက်တစ်ကြိမ် လှိုက်လှိုက်လှဲလှဲ တုန်လှုပ်ခြောက်ခြားသွားစေခဲ့ပြန်သည်။
"နောင်တစ်ချိန် လက်နက် သန့်စင်တာနဲ့ ဆေးပညာ လေ့ကျင့်တဲ့အခါ... ပိုပြီး ဂရုစိုက်ကြပါ။ ဒီလိုဆိုရင်... မီးအဆိပ်တွေက သိပ် မြန်မြန် စုပုံလာမှာ မဟုတ်တော့ဘူး... ပြီးတော့ ခင်ဗျားတို့ ကိုယ်တိုင်လည်း အချိန်မီ ဖယ်ရှားနိုင်
ပါလိမ့်မယ်။"
ထိုသို့ ဖုန်းဝူချန်က ညွှန်ကြားလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ.."
အကြီးအကဲများက သူတို့၏ လက်များကို ဆုပ်လျက် ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ထိုအခါ ဖုန်းဝူချန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
"ခင်ဗျားတို့က ကျွန်တော့်ကို ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိမှတော့... ဆရာတစ်ယောက်အနေနဲ့ ကျွန်တော်လည်း ခင်ဗျားတို့ကို သိပ်ပြီး စိတ်ပျက်အောင် လုပ်လို့ မဖြစ်ဘူးလေ။"
(ကဲ... တပည့်တွေ ဖြစ်လာမှတော့... နည်းနည်းပါးပါးတော့ လက်ဆောင် ပေးရမှာပေါ့...)
ဤသို့ ဆိုပြီးနောက်၊ သူသည် သူ၏ လက်ဖဝါးကို လှန်လိုက်ရာ၊ စာလိပ် နှစ်လိပ် သူ၏ လက်ဖဝါးထက်၌ ပေါ်ထွက်လာပြီး၊ ၎င်းတို့ကို အကြီးအကဲများထံသို့ ကမ်းပေးလိုက်သည်။
"ဆရာ... ဒါတွေက ဘာတွေလဲ ခင်ဗျာ။"
အကြီးအကဲများက ဖုန်းဝူချန်အား ကြည့်လျက် ဇဝေဇဝါနှင့် မေးလိုက်ကြသည်။
"ဒါတွေက 'ဆေးပညာ
ဆုံးဖြတ်ချက်ကျမ်း' နဲ့ 'လက်နက် သန့်စင်ခြင်း နည်းစနစ်' စာလိပ်တွေပါ... နှစ်ခုလုံးက မြေကမ္ဘာအဆင့်တွေ... ဒါတွေက ခင်ဗျားတို့ရဲ့ ဘုံအဆင့်တွေကို တိုးတက်ဖို့ ကူညီပေးလိမ့်မယ်။ ဘယ်လောက်အထိ တိုးတက်နိုင်မလဲ ဆိုတာကတော့... ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် ကံကြမ္မာတွေအပေါ်မှာပဲ မူတည်လိမ့်မယ်။"
"မြေ... မြေကမ္ဘာအဆင့် နည်းစနစ် စာလိပ်တွေ ဟုတ်လား။"
ဤစကားကို ကြားသောအခါ၊ အကြီးအကဲများ၏ မျက်လုံးများမှာ ချက်ချင်းပင် အစွမ်းကုန် ပြူးကျယ်သွားကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များမှာ ထိုနေရာ၌ပင် တောင့်တင်းသွားကြတော့သည်..
(ငါ... ငါ နားကြားလွဲသွားတာလား.. မြေကမ္ဘာအဆင့်တဲ့.. ဘုရား... ဘုရား... ငါ အိပ်မက် မက်နေတာလား.. ဒါ... ဒါ တကယ် ဖြစ်နိုင်လို့လား..)
(မြေကမ္ဘာအဆင့်... ဆေးပညာဆုံးဖြတ်ချက်ကျမ်း... ငါ့... ငါ့ တစ်သက်မှာ ဒီလိုဟာမျိုး မြင်ဖူးလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး... ဆရာက... ဆရာက တကယ်ပဲ...)
..
မြေကမ္ဘာအဆင့် နည်းစနစ် စာလိပ်များမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိုက်ပါသနည်း။
အစစ်အမှန်ယွမ် ကျင့်ကြံရန်အတွက် မြေကမ္ဘာအဆင့် နည်းစနစ်များသည် တန်ဖိုးဖြတ်၍ မရနိုင်သော ရတနာများ ဖြစ်ကြပြီး၊ ဝယ်ယူ၍ မရနိုင်ဘဲ အလွန်တရာ ရှားပါးလှကာ၊ ရှာဖွေ၍ မရနိုင်ဘဲ ကြုံကြိုက်မှသာ တွေ့ဆုံနိုင်သည့် အရာများ ဖြစ်ကြသည်။
အင်ပါယာကြီးလေးခု၌ မြေကမ္ဘာအဆင့် နည်းစနစ် စာလိပ် တစ်လိပ်မျှပင် မပိုင်ဆိုင်ကြပေ... သူတို့ထံ၌ အမြင့်ဆုံး ရှိသည်မှာ နက်နဲခြင်း အဆင့် အထက်တန်းစား နည်းစနစ် စာလိပ်များမျှသာ ဖြစ်သည်... ဤအချက်ကပင် မြေကမ္ဘာအဆင့် နည်းစနစ် စာလိပ်များနှင့် သိုင်းများမှာ မည်မျှ ရှားပါးပြီး အဖိုးတန်သည်ကို ပြသလျက် ရှိနေ၏။
ဆေးပညာရှင်များနှင့် လက်နက်ပညာရှင်များမှာ ထိုအတိုင်းပင် လုံလောက်စွာ ရှားပါးလှပြီး ဖြစ်ရာ၊ မြေကမ္ဘာအဆင့် ဆေးပညာဆုံးဖြတ်ချက်ကျမ်းများနှင့် လက်နက်သန့်စင်ခြင်း နည်းစနစ်များ ဆိုဖွယ်ရာ မရှိတော့ပေ။ နက်နဲခြင်း အဆင့် စာလိပ်များပင်လျှင် အလွန်တရာ ရှားပါးပြီး အဖိုးတန်လှပေသည်။
ဤအကြောင်းကြောင့်ပင် ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့ ဤမျှ တုန်လှုပ်ခြောက်ခြားသွားခဲ့ကြခြင်း ဖြစ်သည်... သူတို့၏ ကိုယ်ပိုင် ကြားအာရုံကိုပင် သံသယ ဝင်မိသည်အထိ တုန်လှုပ်သွားခဲ့ကြခြင်း ဖြစ်သည်။
အကြီးအကဲ နှစ်ဦး လုံးဝ တုန်လှုပ် မှင်တက်နေသည်ကို ကြည့်လျက်၊ ဖုန်းဝူချန်သည် မထိန်းချုပ်နိုင်ဘဲ မှိန်ဖျော့စွာ ပြုံးလိုက်မိသည်။ ဤအရာက သူတို့ကို ထိတ်လန့်သွားစေလိမ့်မည်ဟု သူ ခန့်မှန်းမိပြီးသား ဖြစ်၏။
(ဟဲဟဲ... ကြည့်ရတာ ဒီအဘိုးကြီးတွေ တော်တော်လေး လန့်သွားပုံပဲ...)
"ဆရာ... ဒါ... ဒါ တကယ်ပဲ မြေကမ္ဘာအဆင့် နည်းစနစ် ဟုတ်ပါတယ်နော်။"
စစ်ထူကျန့်ထျန်းသည် သတိပြန်လည် ဝင်လာပြီးနောက် အံ့အားတသင့် မေးလိုက်ပြီး၊ သူ၏ အကြည့်တို့သည် ဖုန်းဝူချန်အပေါ်၌ မျက်တောင်မခတ်တမ်း စူးစိုက်နေခဲ့သည်။
"ဟုတ်မဟုတ်ဆိုတာ... ခင်ဗျားတို့ ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့။"
ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"ဒါ... ဒါ တကယ်ပဲ မြေကမ္ဘာအဆင့် နည်းစနစ်ပဲ.."
ယန်ထျန်းရှန်သည် ရုတ်တရက် အာမေဍိတ်သံ ပြုလိုက်ရင်း၊ လွှမ်းမိုးခံလိုက်ရလွန်းသဖြင့် အသက်ရှူပင် ခက်ခဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်လာခဲ့သည်။
သူ၏ ဘေးမှ စစ်ထူကျန့်ထျန်းသည် စာလိပ်ကို ဖြန့်လိုက်သည်နှင့်၊ သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားရ၏။ သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ ပါးစပ်မှာ ဟောင်းလောင်း ဖြစ်လျက် လုံးဝ တုန်လှုပ် မှင်တက်သွား
လေတော့သည်။
မြေကမ္ဘာအဆင့် နည်းစနစ်သည် အကြီးအကဲ နှစ်ဦးအား လုံးဝ အံ့ဩသွားစေခဲ့လေပြီ။
"ပြန်ပြီး ကောင်းကောင်း ကျင့်ကြံကြပါ။ ခင်ဗျားတို့ နောင်တစ်ချိန် ဆဋ္ဌမအဆင့် ဆေးပညာရှင်နဲ့ ပဉ္စမအလွှာ လက်နက်ပညာရှင် ဖြစ်လာဖို့က ပြဿနာ မရှိလောက်ပါဘူး... ပြီးတော့ အချိန်ရတဲ့အခါ... ကျွန်တော် ခင်ဗျားတို့ကို လမ်းညွှန်မှု နည်းနည်းပါးပါး ပေးပါ့မယ်။"
ဖုန်းဝူချန်က ခပ်အေးအေး လေသံဖြင့် ဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ.."
အကြီးအကဲ နှစ်ဦးက ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး၊ ရင်တွင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
အကြီးအကဲ နှစ်ဦး ထွက်ခွာသွားသည်နှင့်၊ ဖုန်းဝူချန်သည် တိုက်ပွဲအတွက် စတင် ပြင်ဆင်လိုက်လေသည်။
ရွှေယွဲ့အင်ပါယာ၏ အကြီးဆုံး မင်းသားသည် ယွမ်တန်ဘုံ အဋ္ဌမအလွှာ၏ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားလေရာ ရွှေယွဲ့အင်ပါယာ၏ ပထမ ပါရမီရှင်အဖြစ် သူ၏ ကျော်ကြားမှုနှင့်အတူ၊ သူ၏ တိုက်ခိုက်ရေး ခွန်အားမှာ ယွမ်တန်ဘုံ နဝမအလွှာနှင့် နှိုင်းယှဉ်နိုင်
လောက်သည်ဟု ခန့်မှန်းရသည်။
ဤတိုက်ပွဲသည် အင်ပါယာ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်နေရာ၊ ဖုန်းဝူချန်သည် ပေါ့ဆ၍ မဖြစ်ပေ။
ရွှေယွဲ့အင်ပါယာ၏ အကြီးဆုံး မင်းသားသည် ဖုန်းဝူချန် ရင်ဆိုင်ခဲ့ဖူးသမျှ အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်သည်မှာ သံသယ ရှိဖွယ် မရှိဘဲ၊ သူသည် အပြည့်အဝ ပြင်ဆင်မှုများ ပြုလုပ်ရပေတော့မည်။
(အင်း... သုံးရက်ပဲ အချိန်ရတယ်... ကျင့်ကြံပြီး အင်အား တိုးတက်အောင် လုပ်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး... ဒါပေမဲ့ တစ်လလောက်သာ အချိန်ရရင်... ငါ့ရဲ့ လက်ရှိ ပါရမီနဲ့ နဂါးမျိုးနွယ် သွေးမျိုးဆက်နဲ့ဆို... ယွမ်တန်ဘုံ ဆဋ္ဌမအလွှာကို ချောချောမွေ့မွေ့ တက်လှမ်းနိုင်မှာ သေချာတယ်...)
ဖုန်းဝူချန်သည် သူ၏ စိတ်ထဲ၌ တွေးတောနေမိပြီး၊ သူ၏ ကျင့်ကြံမှု အမြန်နှုန်းအဟုန်အပေါ် ယုံကြည်မှု ရှိနေခဲ့သည်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ၊ သုံးရက်မျှသာ ကျန်ရှိတော့ပြီး၊ ပါရမီ မည်မျှပင် မြင့်မားစေကာမူ၊ လူတစ်ဦး၏ ခွန်အားကို မြှင့်တင်ရန်မှာ ခက်ခဲလှပေလိမ့်မည်။
သူ၏ လက်ကောက်ဝတ်ကို လှုပ်ယမ်းလိုက်သည်နှင့်၊ မီးလျှံဓားမှာ ဆင့်ခေါ်ခံလိုက်ရပြီး၊ ဥက္ကာခဲတစ်ခုသည် သိုလှောင်လက်စွပ်ထဲမှ ပျံထွက်လာခဲ့သည်။
"မီးလျှံဓားကို ဝိညာဉ်လက်နက်အဖြစ် အဆင့်မြှင့်လိုက်ရင်... ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ပိုပြီး အားကောင်းလာလိမ့်မယ်။"
ဒါကလအချိန်တိုအတွင်း သူ၏ တိုက်ခိုက်ရေး ခွန်အားကို မြှင့်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါ၏။
(ကဲ... ဓားကို အဆင့်မြှင့်ကြည့်ရအောင်...)
ဖုန်းဝူချန်သည် အခြား အရန် ပစ္စည်းများကို စုစည်းလိုက်ပြီး၊ စိမ်းပြာရောင် မီးတောက်တစ်ခု လှိုင်းထန် အသက်ဝင်လာကာ၊ မီးလျှံဓား၊ ဥက္ကာခဲနှင့် ဝိညာဉ်
ကျောက်တုံးများကဲ့သို့သော အခြား အရန် ပစ္စည်းများကို ပတ်ရစ်လျက် ၎င်းအတွင်း၌ ထည့်သွင်းလိုက်သည်။
မီးလျှံဓားနှင့် ဥက္ကာခဲကဲ့သို့သော ပစ္စည်းများမှာ လျင်မြန်စွာ အရည်ပျော်သွားကြပြီး၊ ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင်၊ ၎င်းတို့အားလုံး အတူတကွ ပေါင်းစပ်သွားကြသည်။
ဖုန်းဝူချန်၏ လက်ဖဝါးထက်၌၊ အရည်ပျော်နေသော သံရည်လုံးလေးသည် လူးလွန့် လည်ပတ်နေပြီး၊ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှင့်လျက် ရှိနေ၏။
သူ၏ လက်ဖဝါးထဲမှ လုံးဝန်းသော သံရည်ပျော်ကို ကြည့်လျက်၊ ဖုန်းဝူချန်က ခပ်တိုးတိုး မှတ်ချက်ချလိုက်သည်။
"ချီလင် ချပ်ဝတ်က သွေးမျိုးဆက်ကြောင့် ချီလင်မျိုးနွယ်ရဲ့ အရှိန်အဝါကို သယ်ဆောင်ထားတာ... ငါသာ ဒါကို နဂါးမျိုးနွယ် သွေးနဲ့ ပေါင်းစပ်လိုက်ရင်... သူ့ရဲ့ စွမ်းအားက သေချာပေါက် အကြီးအကျယ် တိုးတက်လာလိမ့်မယ်။"
ဖုန်းဝူချန်၏ နှုတ်ခမ်းများမှာ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး၊ သူသည် ချက်ချင်းပင် သူ၏ လက်ညှိုးထိပ်ကို ကိုက်ဖောက်လိုက်ကာ နဂါးမျိုးနွယ် သွေးစက်များကို သံရည်ပျော်ထဲသို့ ထည့်သွင်းလိုက်သည်။
၎င်းက လုံးဝ သွေးနီရောင်အဖြစ် ပြောင်းလဲသွား
သည့်တိုင်အောင်ပင်တည်း။
နဂါးမျိုးနွယ် သွေး ပေါင်းစပ်ခြင်း ခံလိုက်ရသော သံရည်ပျော်သည် ပို၍ပင် ထက်ရှပြီး ခြိမ်းခြောက်နိုင်စွမ်း ရှိသော အရှိန်အဝါများကို ထုတ်လွှင့်လာကာ၊ ဖိနှိပ်နိုင်စွမ်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
"ကောင်းတယ်... ကြမ်းတမ်းတဲ့ နဂါးမျိုးနွယ် အရှိန်အဝါပဲ... ဒါကို ဝိညာဉ်လက်နက်အဖြစ် သန့်စင်ပြီးသွားရင် ပိုလို့တောင် ကြောက်စရာကောင်းလာလိမ့်ဦးမယ်.."
ဖုန်းဝူချန်က ကြည်နူးစွာ ရေရွတ်လိုက်ပြီး၊ ထိုအတွေးတစ်ခုတည်းကပင် သူ့အား စိတ်လှုပ်ရှားသွားစေခဲ့သည်။
ဖုန်းဝူချန်၏ လက်များမှာ ရှုပ်ထွေးသော လက်ဟန်များကို ရေးဆွဲလိုက်သည်နှင့်၊ လုံးဝန်းသော သွေးနီရောင် သံရည်ပျော်သည် ပုံသဏ္ဌာန် ပြောင်းလဲလာ၏။ ၎င်းက ဘေးနှစ်ဖက်သို့ ဆန့်ထွက်သွားကာ၊ ရှည်လျားသော ဓားတစ်လက်၏ အကြမ်း ပုံသဏ္ဌာန်ကို ဆောင်ယူလာခဲ့သည်။
ခဏအကြာတွင်၊ အသစ်စက်စက် ရှည်လျားသော ဓားတစ်လက်သည် ဖုန်းဝူချန်၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့သည်။
ယခင် မီးလျှံဓားနှင့် လုံးဝ ကွဲပြားခြားနားလျက်၊ ပြင်းထန်ပြီး ကြမ်းတမ်းသော အရှိန်အဝါတို့သည် ဓားထံမှ ပျံ့လွင့်ထွက်ပေါ်လာ၏။
ဤ ကြမ်းတမ်းသော အရှိန်အဝါသည် နဂါးမျိုးနွယ်၏ မြင့်မြတ်သော အရှိန်အဝါလည်း ပိန်းဝပ်နေလေသည်..။
"အလယ်အလတ် အဆင့် ဝိညာဉ်လက်နက်ပဲ.. အင်း..မဆိုးဘူး... ဝမ်းနည်းစရာကောင်းတာက ဥက္ကာခဲက သိပ်ပြီး သက်တမ်းမရင့်တာပဲ... မဟုတ်ရင်... ဒါကို အထက်တန်းစား ဝိညာဉ်လက်နက်အဖြစ် အဆင့်မြှင့်တင်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး။"
ဖုန်းဝူချန်က ကျေနပ်စွာ ဆိုလိုက်ပြီး၊ အသစ်စက်စက် ရှည်လျားသော ဓားကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေမိသည်။
(အင်း... အလယ်အလတ်တန်းစား ဆိုတော့လည်း... မဆိုးပါဘူးလေ... နောက်မှ ပိုကောင်းတဲ့ ပစ္စည်းတွေ ရှာပြီး ထပ် အဆင့်မြှင့်တာပေါ့...)
ဖုန်းဝူချန် သန့်စင် ပြုလုပ်လိုက်သော ဓားသည် တစ်လျှောက်လုံး သွေးနီရောင် ဖြစ်နေပြီး၊ ထက်ရှကာ လက်ရာမြောက်လှသည်။ သံကို ရွှံ့စေးကဲ့သို့ ဖြတ်တောက်နိုင်စွမ်း ရှိမည်မှာ သံသယ ရှိဖွယ် မရှိဘဲ၊ သွေးစွမ်းအင် အလင်းတန်းများမှာ ဓား၏ မျက်နှာပြင်တစ်လျှောက် ထူးဆန်းစွာ ကခုန်နေကြ၏။
ရှည်လျားသော ဓား၏ ပုံပန်းသဏ္ဌာန် သက်သက်ကပင် ခြိမ်းခြောက်နိုင်စွမ်း ခံစားချက်ကို ပေးစွမ်းလျက် ရှိနေသည်။
တစ်လျှောက်လုံး သွေးနီရောင် ဖြစ်နေခြင်းက ၎င်းသည် သွေးဆာလောင်မှုများဖြင့် ပြည့်နှက်နေသည့်အလား ထင်မှတ်စေသည်။
ဖုန်းဝူချန်သည် အသစ်စက်စက် ရှည်လျားသော ဓားကို ကြည့်ရှုလိုက်ရာ၊ ကြည့်လေလေ ပို၍ နှစ်သက်လာလေလေ ဖြစ်နေခဲ့သည်။
ဤဓားသည် မီးလျှံဓားကို လုံးဝ အစားထိုးသွားခဲ့လေပြီ။
"ဒါကို နဂါးမျိုးနွယ်ရဲ့ သွေးနဲ့ ပေါင်းစပ်ထားမှတော့... မင်းကို 'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' လို့ ငါ နာမည်ပေးလိုက်မယ်။ နောင်တစ်ချိန်မှာ... ငါသာ ပစ္စည်းတွေ ရှာတွေ့ခဲ့ရင်... မင်းကို အင်မော်တယ် လက်နက်အဖြစ် သေချာပေါက် အဆင့်မြှင့်တင်ပေးမယ်.."
ဖုန်းဝူချန်က ပျော်ရွှင်စွာ ရယ်မောလျက် ဆိုလိုက်ပြီး၊ ထို့နောက် ဓားနှင့် သွေးဖြင့် ချိတ်ဆက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်နှင့်၊ ဖုန်းဝူချန်သည် ဥက္ကာခဲမှ အပိုထပ်ဆောင်း အလေးချိန်ကို ခံစားလိုက်ရပြီး၊ ၎င်းက ဓားကို သူ၏ လက်ထဲ၌ ကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းနေခဲ့ရာ၊ သူ မထိန်းချုပ်နိုင်ဘဲ ၎င်းနှင့်အတူ စတင် လှုပ်ရှား
လိုက်မိတော့သည်။
သူ၏ ဓားသိုင်းကွက်များမှာ လှပတင့်တယ်လှ၏။ ဓားသည် သူ၏ နှလုံးသားနှင့် တစ်သားတည်း ဖြစ်နေသည့်အလား ရွေ့လျားနေပြီး၊ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းမှာ ရှုပ်ထွေးကာ ကျွမ်းကျင်လှလျက်၊ လုံးဝ စွဲမက်ဖွယ်ကောင်းသော ဆွဲဆောင်မှု ရှိသည့် ကကွက်တစ်ခုနှယ် ဖြစ်နေတော့သည်။
(ဝိုး... ဒီဓားက တကယ်ပဲ... လက်ထဲမှာ ကိုင်ရတာ အရမ်း ကောင်းတာပဲ... အရင် မီးလျှံဓားထက် အများကြီး သာတယ်...)
"အထွတ်အထိပ် နဂါးနတ်ဘုရားဓားကို အခု သန့်စင်ပြီးသွားပေမဲ့... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ သွေးမျိုးဆက်
စွမ်းအားနဲ့ဆိုရင်... ငါ အများဆုံး ယွမ်တန်ဘုံ အဋ္ဌမအလွှာလောက်ကိုပဲ ယှဉ်ပြိုင်နိုင်ဦးမှာ... ရွှေယွဲ့အင်ပါယာရဲ့ စွမ်းအား အကြီးဆုံး မင်းသားကို အနိုင်ယူဖို့က ငါ့အတွက် မဖြစ်နိုင်ဘူး။ ငါသာ 'ဝင်္ကပါ ဓားသိုင်းကွက်' ရဲ့ တတိယ ပုံစံကို ထုတ်သုံးခဲ့ရင်တောင်... ငါ့မှာ အခွင့်အရေး ရှိမှာ မဟုတ်လောက်ဘူး။"
ဖုန်းဝူချန်သည် သူ၏ စိတ်ထဲ၌ တီးတိုး ရေရွတ်လိုက်ပြီး ခေါင်းခါလိုက်သည်။
(သွားပြီ... ဒီဓားနဲ့တောင် မနိုင်နိုင်ဘူး ဆိုရင်... ဘယ်လို လုပ်ရမလဲ... ဟိုကောင်က တကယ်ပဲ အဲ့လောက် တော်နေတာလား... ခေါင်းခဲလိုက်တာ...)
ဖုန်းဝူချန်သည် အသန်မာဆုံး မင်းသားဟု ကျော်ကြားသော ရွှေယွဲ့အင်ပါယာ၏ အကြီးဆုံး မင်းသားအား လျှော့မတွက်ရဲပါပေ။
သူ၌ ထိုသို့ ကျော်ကြားရခြင်းမှာ သဘာဝအတိုင်းပင် အကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ရပေမည်။
သို့သော်၊ နောက်တစ်စက္ကန့်တွင်၊ ဖုန်းဝူချန်၏ မျက်လုံးများမှာ ရုတ်တရက် လင်းလက် တောက်ပလာပြီး၊ စိတ်လှုပ်ရှားသွားသည်။
(အား... ဟုတ်သားပဲ.. ငါ့မှာ ဟိုမျှော်စင်လေး ရှိသေးတာပဲ.. အဲ့ဒါက ဖိနှိပ်တဲ့ အစွမ်း ရှိတယ်ဆို..)
လျှို့ဝှက်ဆန်းကြယ်သော မျှော်စင်လေးသည် ဖုန်းဝူချန်၏ လက်ကို လှန်လိုက်သည်နှင့် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ နတ်ဘုရားတောင်ကြားထဲမှ ရရှိခဲ့သော မျှော်စင်လေးပင်တည်း..
ထိုမျှော်စင်ကို ရရှိခဲ့ပြီးကတည်းက၊ ဖုန်းဝူချန်သည် ၎င်းကို အနီးကပ် စစ်ဆေးကြည့်ရှုရခြင်း မရှိသေးပေ။
"ဒီမျှော်စင်မှာ သူ့ရဲ့ နတ်ဘုရားသိုင်းကွက်တွေနဲ့ ဖိနှိပ်နိုင်တဲ့ စွမ်းရည် ရှိနေမှတော့... သူ့ရဲ့ စွမ်းအားက အားကောင်းရမှာပေါ့။ ဒါနဲ့ဆိုရင်... ရွှေယွဲ့အင်ပါယာရဲ့ အကြီးဆုံး မင်းသားကို အနိုင်ယူဖို့ ငါ့မှာ အခွင့်အရေး ရှိလာပြီ.."
ဖုန်းဝူချန်က စိတ်လှုပ်ရှားသော အပြုံးဖြင့် ဆိုလိုက်ပြီး၊ သူ၏ မျက်လုံးများမှာ ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
(ဟားဟား... ဒီတစ်ခါတော့ နိုင်ဖို့ အခွင့်အရေး ရှိလောက်ပြီ... ကဲ... ပြင်ဆင်ထားရမယ်..)
သို့သော်၊ ဖုန်းဝူချန် မသိရှိခဲ့သည့် အချက်မှာ၊ စစ်သူကြီးချုပ် စံအိမ်တော်၏ အပြင်ဘက်၌၊ အင်ပါယာ တော်ဝင် မိသားစု၏ အမြင့်ဆုံး အထက်တန်းလွှာ ပုဂ္ဂိုလ်များ စုရုံး ရောက်ရှိနေကြပြီး ဖြစ်ကာ၊ တစ်ဦးစီတိုင်း၏ မျက်နှာထက်၌ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့ ထင်ဟပ်နေခဲ့သည် ဟူသောအချက်ပင် ဖြစ်သည်။
'အထွတ်အထိပ် နဂါးနတ်ဘုရားဓား' ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်၊ ၎င်း၏ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော
မြင့်မြတ်သည့် အရှိန်အဝါတို့သည် တော်ဝင် အဆင့်မြင့် အရာရှိကြီးများကို သတိပြုမိစေခဲ့ပြီး၊ ဧကရာဇ် ကိုယ်တိုင်ပင်လျှင် ပေါ်ထွက်လာခဲ့လေပြီ။