← Chapters

ဒီကောင်းကင်ကို မင်းပိုင်လို့လား?

Vol. 56 Ch. 827

ဒီကောင်းကင်ကို မင်းပိုင်လို့လား?

Vol. 56 Ch. 827

"ဒါပေမဲ့... ဘာလို့လဲ"

အန်းယန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားပြီး မမေးဘဲမနေနိုင်တော့ချေ။

ရွှယ်အန်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး ခပ်အေးအေး ပြောလာသည်။

"ဘာလို့လဲဆိုတော့ ဒီဂိုဏ်းကြီးတွေက တပည့်တွေရဲ့ အမြင်မှာတော့ အင်မော်တယ်ယောက်ဖြစ်လာဖို့အတွက် လောကီကိစ္စတွေကို တောက်ရမယ်၊ နည်းနည်းလေးတောင် အညစ်အကြေးမစွန်းထင်းရဘူး၊ ပြီးတော့ သူတို့မျက်လုံးထဲမှာ သာမန်လူတွေဆိုတာ ပုရွက်ဆိတ်တွေလိုပဲ၊ လုံးဝ ထည့်သွင်းပြောဆိုစရာမလိုဘူးဆိုသလိုပေါ့"

အန်းယန်၏ မျက်နှာသည် အလွန်အရုပ်ဆိုးသွားသည်။ အဘယ့်ကြောင့်ဆို သူမသည် ရွှယ်အန်း၏ စကားလုံးများကြောင့် တုန်လှုပ်သွားသောကြောင့်ဖြစ်သည်။

"ဒါပေါ့၊ ကောင်းတဲ့ ဂိုဏ်းတွေလည်း အများကြီးရှိတယ်၊ စကြဝဠာဆိုတာက နောက်ဆုံးတော့ အလင်းနဲ့အမှောင်၊ ကောင်းခြင်းနဲ့ဆိုးခြင်း ရောထွေးနေတဲ့ နေရာတစ်ခုပဲ၊ အချိန်တန်ရင် မင်း နားလည်လာမှာပါ"

"အွန်း"

အန်းယန်က တုံ့ပြန်လိုက်ပြီးနောက် ရွျယ်အန်း၏ခါးရှိ ဒဏ်ရာကို နူးညံ့ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ခုထိ နာနေတုန်းပဲလား"

ရွှယ်အန်းသည် ချဲ့ကားပြောလိုက်သည်။

"နာတာပေါ့"

"တောင်းပန်ပါတယ် ယောင်္ကျားရယ်၊ ကျွန်မ အဲ့လောက်ထိ မလုပ်ခဲ့သင့်ဘူး"

အန်းယန်က လျှာလေးလျှစ်ထုတ်ကာ ပြောသည်။

ရွှယ်အန်းသည် အန်းယန်၏ နားနားကပ်ကာ တီးတိုးလေး ကပ်ပြောလိုက်သည်။

"ဒါဆို မင်း ကိုယ့်ကို ဘယ်လို ပြန်ပြီး ဖြေသိမ့်ပေးမလဲ"

အန်းယန်၏ မျက်နှာသည် နီရဲသွားပြီး ခြင်တစ်ကောင်လို ခပ်တိုးတိုးလေး ပြန်ပြောသည်။

"ကလေးတွေ ရှိနေတယ်လေ"

ရွှယ်အန်း၏ နှုတ်ခမ်းပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာပြီးနောက် သူသည် တစ်စုံတစ်ခုအား ခပ်တိုးတိုးလေး ပြောလိုက်သည်။

အန်းယန်၏ မျက်နှာသည် ချက်ချင်း နီရဲတက်သွားပြီးနောက် ရွှယ်အန်းကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်။

"လူယုတ်မာကြီး၊ လူဆိုးကောင်၊ မကောင်းတဲ့လူ"

ရွှယ်အန်းသည် အန်ယန်၏ သုံးကြိမ်တိုင် ကျိန်ဆဲမှုကြောင့် အားရပါးရ ရယ်ချလိုက်သည်။

ထိုအချိန်တွင် ရွှယ်အန်းတို့သည် သွေးကွန်ယက်တောင်တန်းဆီသို့ ခရီးဆက်နေကြသည်။

အမှန်တရား ရှာဖွေခြင်း ပွဲတော် ကျင်းပတော့မည်ဟူသော သတင်းသည် ကွေ့ယီတစ်ခွင်လုံး ပျံ့နှံ့သွားခဲ့ပြီး အထိတ်တလန် ဖြစ်သွားစေခဲ့သည်။

မရေမတွက်နိုင်သော ဂိုဏ်းများ၊ မျိုးနွယ်ကြီးများနှင့် ကျင့်ကြံသူများသည် ထိုသတင်းကြောင့် တုန်လှုပ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ ထိုနေရာသည် သွေးကွန်ယက်တောင်တန်းဖြစ်ပြီး စကြဝဠာ၏ အမြင့်မြတ်ဆုံး ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။

ထို့အပြင် အမှန်တရား ရှာဖွေခြင်း ပွဲတော်သည် နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည့် ရှားပါးပွဲတော်တစ်ခုဖြစ်သောကြောင့် မရေမတွက်နိုင်သော လူငယ်ပါရမီရှင်များကိုလည်း ပါဝင်ရန် ဆွဲဆောင်နေခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်သည် အမှန်တရား ရှာဖွေခြင်း စာရင်းမှာ အဆင့်ကောင်းကောင်းတစ်ခု ရယူနိုင်ခဲ့မည်ဆိုပါက တစ်ခဏအတွင်းမှာပင် ကွေ့ယီတစ်ခွင် ကျော်ကြားသွားသည်။

ထိုသို့သော သွေးဆောင်မှုအောက်တွင် အဓိက ဂိုဏ်းကြီးများနှင့် မျိုးနွယ်ကြီးများ၊ လောကကြီးနှင့် အဆက်ဖြတ်နေခဲ့တာ ကြာပြီဖြစ်သော ရှေးကျသည့် ကျင့်ကြံခြင်း အဖွဲ့အစည်းများ အပါအဝင် ၎င်းတို့၏ အရည်အချင်းရှိသော အမွေဆက်ခံသူများကို စေလွှတ်ခဲ့ကြသည်။

ထို့ကြောင့် သွေးကွန်ယက်တောင်တန်းဆီသို့ သွားသော ကောင်းကင်လမ်းသည် ချက်ချင်းပင် စည်ကားလာပြီး ထူးကဲစွာ သက်ဝင်လှုပ်ရှားလာသည်။

မရေမတွက်နိုင်သော မျက်စိကျိန်းလောက်အောင် တောက်ပသည့် ရထားလုံးများနှင့် ပျံသန်းနေသော လှေများသည် ကောင်းကင်ယံတွင် ဖြတ်သန်းသွားကြပြီး အချို့မှာပင် အရွယ်အစား ပေရာပေါင်းများစွာမှ ထောင်ပေါင်းများစွာအထိ ကြီးမားသော ရှားပါးငှက်မျိုးစုံနှင့် ထူးဆန်းသော သားရဲများအား သူတို့၏ လှေအဖြစ် အသုံးပြုကြသည်။

ဤအရာများနှင့် နှိုင်းယှဉ်ပါက ကြိုးကြာငှက်များဆွဲလာသော ရထားလုံးသည် အနည်းငယ် သာမန်ဆန်ပြီး မလှမပ ဖြစ်နေသည်။

သို့သော် ရထားမောင်းသူ မုယာသည်မူ အနည်းငယ်မှ ရှက်ရွံ့ခြင်းမရှိပေ။

အဘယ်ကြောင့်ဆို ဤအချိန်တွင် သူမ၏ နှလုံးသားသည် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသောကြောင့်ဖြစ်သည်။

ရွှယ်အန်းက သူမအပေါ်တွင် မဖွယ်မရာ အတွေးများ မရှိကြောင်း သူမ ပြောနိုင်သည်။

သို့သော် သူမ၏ အရှင်အတွက် တစ်စုံတစ်ခု လုပ်ပေးနိုင်သောကြောင့် မုယာသည် ပျော်ရွှင်နေမိသည်။

အထူးသဖြင့် ရွှယ်အန်းသည် သူမ၏နောက်ရှိ ရထားလုံးထဲတွင် ထိုင်နေသည်။

ဤသို့ အနီးကပ် အတူတူ ရှိနေနိုင်ခြင်းကြောင့် မုယာသည် ကျေနပ်နေပြီး နောက်ထပ် ဘာမှ မလိုချင်တော့ပေ။

သူတို့သည် ဤအတိုင်းပင် သုံးရက်ကြာ ခရီးဆက်ခဲ့ကြသည်။

ကောင်းကင်လမ်းပေါ်ရှိ ပျံသန်းနေသော လှေများနှင့် ရထားလုံးများသည် ပိုလို့ပင် ပေါများလာပြီး ယာဉ်ကြောပိတ်ဆို့မှုသည်လည်း တိုးပွားလာသည်။

ကံကောင်းစွာဖြင့် မုယာ၏ ရထားမောင်းနှင်မှု စွမ်းရည်သည် အလွန် ကျွမ်းကျင်သောကြောင့် ခရီးအရှိန်သည် အနည်းငယ် နှေးနေသော်လည်း အနှောင့်အယှက် မဖြစ်ခဲ့ကြပေ။

သို့သော် ခရီးသွားနေစဉ်အတွင်း မိုးခြိမ်းသံပမာ ဟိန်းဟောက်သံကြီးတစ်ခုသည် သူတို့ နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

မုယာသည် သူမ၏ခေါင်းကို စောင်းကာ ကြည့်လိုက်သည်။

ပေရာပေါင်းများစွာရှည်သော ကြီးမားလှသည့် ပျံသန်းနေသည့် လှေကြီးတစ်စင်းသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် အပြင်းအထန် တိုးဝင်လာသည်ကို သူမ မြင်လိုက်ရသည်။

ထိုအရှိန်သည် အလွန် ကြောက်စရာကောင်းလှသောကြောင့် လမ်းတစ်လျှောက်ရှိ ယာဉ်များနှင့် ရထားလုံးများသည် လမ်းဖယ်ပေးရန် အပြင်းအထန် ကြိုးစားနေကြရသည်။

မုယာသည်လည်း တုန်လှုပ်သွားပြီး မသိစိတ်ဖြင့် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် သူမ၏နောက်ရှိ ရထားလုံးထဲမှ ရွှယ်အန်း၏အသံသည် ထွက်ပေါ်လာသည်။

"ဂရုမစိုက်နဲ့၊ မင်း သွားနေကျအတိုင်းပဲ ဆက်သွား"

"ဟုတ်"

မုယာသည် ဤသည်ကို ကြားသောအခါ ချက်ချင်းပင် မတွန့်ဆုတ်စွာ တုံ့ပြန်လိုက်ကာ ဘေးသို့ကွေ့ရှောင်ရန် မကြိုးစားဘဲ ဆက်လက် မောင်းနှင်သွားသည်။

ထိုအချိန်တွင် သင်္ဘောကြီးသည် အနီးကပ် တိုးဝင်လာခဲ့ပြီး အပေါ်မှ အမျိုးသမီးတစ်ယောက်၏ အသံသည် ထွက်ပေါ်လာသည်။

"လမ်းဖယ်စမ်း... ဟိုရှေ့က ယိုင်နဲ့နဲ့ လှေစုတ်၊ မြန်မြန် ဘေးဖယ်စမ်း"

မုယာသည် မကြားဟန်ဆောင်ကာ ပုံမှန်အရှိန်ဖြင့် ဆက်လက်မောင်းနှင်နေသည်။

အခြားရွေးချယ်စရာမရှိတော့သဖြင့် ဧရာမ ပျံသန်းနေသော လှေကြီးသည် အရှိန်စတင်လျှော့ချလိုက်ရသည်။

အဆုံးတွင် တိုက်မိရန် ကိုက်အနည်းငယ်အကွာခန့်တွင် ပျံသန်းနေသော လှေကြီးမှာ ရပ်တန့်သွားနိုင်ခဲ့သည်။ အမှန်တကယ်ပင် ကပ်သီးလေးဖြစ်သည်။

ထို့နောက် အပေါ်မှ အမျိုးသမီး၏ ဒေါသတကြီး အော်ဟစ်သံသည် ထွက်ပေါ်လာသည်။

"ဟေး... နင် နားကန်းနေတာလား၊ မကြားချင်ယောင်ဆောင်နေတာလား၊ နင့်ကို လမ်းဖယ်လို့ ငါ ပြောနေတာလေ... ဘာလို့ မဖယ်တာလဲ"

မုယာသည် ထိုသင်္ဘောကြီးကို မထီမဲ့မြင်အပြုံးဖြင့် ဘေးတစောင်း ကြည့်လိုက်ရာ ခရမ်းရောင်ဝတ် မိန်းကလေးတစ်ယောက်သည် သင်္ဘောဦးပိုင်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

အဝေးမှပင် ထိုမိန်းကလေး၏ မောက်မာသော ဟန်ပန်ကို သိသာစွာ မြင်နေရသည်။

"လမ်းဖယ်ရမယ်၊ ဘာလို့ ငါက နင့်အတွက် လမ်းဖယ်ပေးရမှာလဲ၊ ကောင်းကင်က နင် တို့မိသားစု ပိုင်တာလား"

မုယာက ပြန်လည် ချေပလိုက်သည်။

ခရမ်းရောင်ဝတ် မိန်းကလေးသညါ ထိုချေပမှုကြောင့် ဆွံ့အသွားပြီး မုယာကို အကဲဖြတ်လိုက်ပြီးနောက် အေးစက်စွာ ရယ်လိုက်သည်။

"ဒီ အစေခံမလေးက ဘယ်က ရောက်လာတာလဲ၊ ပါးစပ်ကတော့ တော်တော် စူးတာပဲ၊ သူ့ကို ထိန်းကျောင်းပေးမယ့် သခင်။မရှိဘူးလား"

ထိုအချိန်တွင် ရွှယ်အန်းသည် ရထားလုံး၏ ကန်လန့်ကာကို မကာ ထွက်လာပြီး ထိုသင်္ဘောကြီးနှင့် သင်္ဘောဦးပိုင်းရှိ ခရမ်းရောင်ဝတ် မိန်းကလေးကို တစ်ချက် ကြည့်ကာ ပြောလိုက်သည်။

"ငါ့အစေခံကို ဝေဖန်ဖို့ မင်းက တန်လို့လား"

"နင်…"

ခရမ်းရောင်ဝတ် မိန်းကလေးသည် ပြောစရာ စကားလုံးများ ရှာမတွေ့တော့ပေ။

ထိုစဉ်မှာပင် သူမ၏နောက်မှ တည်ငြိမ်မှုအနည်းငယ်ပါသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်အာ... မရိုင်းနဲ့၊ ဘေးကို ဖယ်နေပါ..."

မင်အာဟု အခေါ်ခံရသော မိန်းကလေးသည် ရွှယ်အန်းနှင့် မုယာကို မုန်းတီးစွာ စိုက်ကြည့်ပြီးနောက် ဘေးသို့ ဆုတ်လိုက်သည်။

ထို့နောက် ရဲရင့်‌သောဟန်ပန်ဖြင့် အနီရောင်ဝတ် အမျိုးသမီးတစ်ယောက်သည် သင်္ဘောဦးပိုင်းတွင် ပေါ်လာပြီး ရွှယ်အန်းတို့ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

"တောင်းပန်ပါတယ်၊ ကျွန်မရဲ့ ညီမလေးက ကလေးဘဝကတည်းက အလိုလိုက်ခံထားရလို့ နည်းနည်း ဆိုးပါတယ်၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

ရွှယ်အန်းသည် မတုံ့ပြန်ဘဲ နှုတ်ဆိတ်နေလိုက်သည်။

မုယာသည် အေးစက်စွာ နှာမှုတ်လိုက်သည်။

"အခုမှ လူကောင်းလုပ်ဖို့ သတိရတာလား၊ ခုနက နင်တို့ သင်္ဘောကြီးနဲ့ ငါတို့ကို ဝင်တိုက်မိသွားရင် ဘယ်လိုလုပ်မလဲ"

ရွှယ်အန်းက မခို့တရို့ ပြုံးလိုက်မိသည်။

တစ်ချိန်က စကားနည်းခဲ့သော မုယာသည် ဤမျှအထိ ပါးစပ်စူးရှလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာသွင်ပြင်သည် မည်းမှောင်သွားပြီး သူမ၏ နှလုံးသားထဲတွင် ဒေါသများ တိုးလာသည်။

သူမ၏ အမြင်တွင် သူမသည် မြင့်မားသော နေရာတစ်ခုမှ ဖြစ်ကာ ယဉ်ကျေးစွာ တောင်းပန်စကားကို အရင်ဆိုခဲ့သော်လည်း ရထားလုံးထိန်း အစေခံမလေးတစ်ယောက်သည် သူမကို ပြန်ခံပြောနေသည်။ ဤသည်က သူမကို အလွန် မကျေမနပ်ဖြစ်စေသည်။

သူမသည် ရွှယ်အန်ကိုပင် အထင်သေးသွားခဲ့ပြီး ဤယောက်ျားသည် သူ၏ အစေခံမကိုပင် မဆုံးမနိုင်ပဲ အထက်လူကြီးများအား မလေးစားမှုပြုနိုင်ရန် လွှတ်ထားသည်ဟု ယူဆလိုက်သည်။

ဤသို့သော အမူအကျင့်မျိုးကြောင့် ၎င်းသည် မျိုးရိုးမြင့် မိသားစုမှ သားတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။

ဤအတွေးကြောင့် သူမ၏အသံသည် ပိုလို့ပင် အေးစက်လာသည်။

"တကယ်လို့သာ တိုက်မိခဲ့တယ်ဆိုရင် ကျွန်မတို့ ဟွာယွီနန်းတော်က လိုအပ်သလို လျော်ကြေးပေးမှာပါ"

"လျော်ကြေးပေးမယ်တဲ့လား၊ ဟားဟား ပြောတာ လွယ်လိုက်တာ၊ နင်တို့ တွေ့တာက ငါတို့မို့လို့ပေါ့ တကယ်လို့ တခြားတစ်ယောက်ဆိုရင်ရော၊ မတော်တဆ တိုက်မိလို့ တစ်ယောက်ယောက် သေသွားခဲ့ရင်ရော၊ နင်တို့က သူတို့ကိုလည်း သွားပြီး လျော်ကြေးပေးမှာလား"

မုယာက ရက်စက်စွာ ဆက်ပြောသည်။

ခရမ်းရောင်ဝတ် မိန်းကလေးသည် ထိန်းမနိုင်တော့ဘဲ အော်ပြောလိုက်သည်။

"မမ... ဒီလို သူတောင်းစားလို တန်ဖိုးမရှိတဲ့ လူစားမျိုးနဲ့ ဘာလို့ စကားတွေ အများကြီး ပြောနေတာလဲ၊ သူ့ကို ကြည့်ဦး၊ အဲ့ယိုင်နဲ့နဲ့ စုတ်ပြတ်သတ်နေတဲ့ လှေစုတ်ကို မောင်းနေပြီး သွေးကွန်ယက်တောင်တန်းရဲ့ အမှန်တရားရှာဖွေခြင်း ပွဲတော်ကို တက်ဖို့ အိပ်မက်မက်နေတာလား၊ တကယ့်ကို ရယ်စရာကောင်းတဲ့ အရူးမပဲ"

ရွှယ်အန်း၏ မျက်လုံးများသည် အေးစက်လာသည်။

ထိုအချိန်တွင် အန်းယန်သည် ကန်လန့်ကာနောက်မှ ထွက်ပေါ်လာပြီး အပြင်သို့ ထွက်လာသည်။

"ယောင်္ကျား... ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး"

ရွှယ်အန်းက ပြောလိုက်သည်။

သို့သော် သင်္ဘောဦးပိုင်းတွင် ရှိနေသော အနီရောင်ဝတ် အမျိုးသမီးသည် အန်ယန်ကို မြင်သောအခါ အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆို သူမသည် အန်းယန်၏ လက်ကောက်ရှိ လက်ကောက်ကို မှတ်မိသောကြောင့်ဖြစ်သည်။

"ဒီလက်ကောက်က… လေလံပွဲရုံက ပိုင်ချင်းအာ အမြဲဝတ်တက်တဲ့ တစ်ကွင်းနဲ့ တူလိုက်တာ”

All Chapters