ဒီလောကရဲ့ စစ်မှန်အင်မော်တယ်ဆိုတာ ဒီလောက်ပဲလား
Vol. 56 Ch. 829
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် စင်မြင့်ကို ဝန်းရံထားကြသည်။
လူတိုင်းအား ရှေ့ဆက်မတိုးနိုင်အောင် တားဆီးထားသည့် မမြင်နိုင်သော အတားအဆီးတစ်ခုမှာ ရှိနေသည်။
လူများသည် ထိုရှေးကျကာ မည်းနက်နေသော စင်မြင့်ပေါ်တွင် ရံဖန်ရံခါ ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ရွတ်ဖတ်သံများနှင့်အတူ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်လာသည်ကိုသာ မြင်နိုင်သည်။
သို့သော် ထိုအသံသည် လေနှင့်အတူ လွင့်မျောနေသဖြင့် ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း ကြားနိုင်စွမ်းမရှိပေ။
"ဒါက ရှေးဟောင်းအင်မော်တယ်စင်မြင့်ရဲ့ ဆန်းကြယ်တဲ့ အသွင်အပြင်ပဲ၊ ပြောကြတာတော့ နတ်ဘုရား တစ်ယောက်က ဒီနေရာမှာ အသိဉာဏ်အလင်းရပြီး အင်မော်တယ်သခင်အဆင့် အပေါ် သူ့ရဲ့ နားလည်မှု အစအနတစ်ခုကို ချန်ထားခဲ့တယ်တဲ့၊ နောက်လာနောက်သားတွေက ကံကောင်းလို့ ဒါကို ရှာတွေ့ပြီး နားလည်သဘောပေါက်သွားနိုင်ရင် သူတို့က ခြေတစ်လှမ်းတည်းနဲ့ အင်မော်တယ်သခင်အဆင့်ကို တက်လှမ်းနိုင်ပြီး မဟာတာအိုရဲ့ ပုံစံကို ရရှိနိုင်တယ်၊ ပြီးတော့ ဒီ ရွတ်ဖတ်သံက တာအိုတွေရဲ့ ဆင့်ကဲပြောင်းလဲမှုပဲ"
မုယာက ရှင်းပြသည်။
ဤသည်ကို ကြားသောအခါ ရွှယ်အန်းက အပြုံးဖြင့် ပြောလိုက်သည်။
"အင်မော်တယ်သခင်အဆင့်ရဲ့ အစွန်းအနားကိုတောင် မနည်းထိတွေ့ရတဲ့ စစ်မှန်အင်မော်တယ်တစ်ယောက်က သူ့ကိုယ်သူ နတ်ဘုရားလို့တောင် ခေါ်ရဲသေးတယ်ပေါ့"
သူ့စကားလုံးများ ဆုံးပြီးနောက် ရှေးဟောင်း အင်မော်တယ်စင်မြင့်ရှိ အခြေအနေကို စောင့်ကြည့်နေသော ကန်ကျင့်နှင့် ရွှေ့မင်တို့ နှစ်ယောက်လုံး၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားသည်။
ကန်ကျင့်သည် အနည်းငယ် တော်သေးသည်။ သူမ အတွင်းစိတ်ထဲတွင် အလွန် မကျေမနပ်ဖြစ်နေသော်လည်း အပြင်ဘက်တွင် မပြသခဲ့ပေ။
သို့သော် ရွှေ့မင်ကမူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။
အဘယ်ကြောင့်ဆို သူမသည် ရွှယ်အန်းကို အစကတည်းက သဘောမကျခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် သူမသည် ရွှယ်အန်း၏ ကြွားဝါသောစကားလုံးများကို ကြားသောအခါ လှောင်ရယ်သံဖြင့် တုံ့ပြန်လိုက်သည်။
"ခိခိ... နင် တော်တော် မောက်မာတာပဲ၊ စစ်မှန်အင်မော်တယ်လောက်တဲ့လား၊ နင်ကများ ဘာထူးခြားနေလို့လဲ"
ရွှယ်အန်းသည် ထိုမိန်းကလေးအား မထီမဲ့မြင်ပြုသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။
"ငါ့မျက်စိထဲမှာတော့ ဒီလောကက စစ်မှန်အင်မော်တယ် တစ်ယောက်ဆိုတာ ဒီလောက်အဆင့်ပဲ"
လောကတစ်ခုစီတိုင်းမှာ သူ့ကို ကန့်သတ်ထားသော ကိုယ်ပိုင် ကောင်းကင်ဘုံ တာအို များရှိသည်။
လောကတိုင်းသည် ကျင့်ကြံသူအဆင့်များအားလုံးကို မွေးဖွားပေးနိုင်သည် မဟုတ်ချေ။
ဥပမာ ကွေ့ယီဂြိုဟ်ဆိုလျှင် ကောင်းကင်တာအိုသည် ရွှေရောင်အင်မော်တယ်အဆင့်ကို လွယ်လင့်တကူရောက်နိုင်သော်လည်း စစ်မှန်အင်မော်တယ် အဆင့်ကို ကျော်လွန်သွားသည့်အခါ စွမ်းအင်နှင့် နိယာမတရားများ၏ ကန့်သတ်ချက်ကြောင့် ချို့ယွင်းချက်များ ရှိနေသည်။
အင်မော်တယ်သခင်အဆင့်ဆိုပါက ဤလောက၏ ကောင်းကင်တာအို ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့် နှစ်ပေါင်းများစွာတိုင် ကွေ့ယီဂြိုဟ်ရှိ ထူးချွန်ပြောင်မြောက်သော ကျင့်ကြံသူများမှာ အင်မော်တယ်သခင်အဆင့်ကို ရရှိဖို့ ကြိုးစားခဲ့ကြသော်လည်း အောင်မြင်မှု မရခဲ့ချေ။
ထိုသည်မှာ သူတို့၏ ကြိုးစားမှုသည် လမ်းကြောင်းမှားသောကြောင့် မဟုတ်ဘဲ ကောင်းကင်တာအို ခွင့်မပြုသောကြောင့်ဖြစ်သည်။
ကမ္ဘာမြေသည်တော့ ခြွင်းချက်တစ်ခုဖြစ်သည်။
သူသာအ ကောင်းကင်နှင့်မြေကြီး ဆက်သွယ်မှုတွင် အစွမ်းထက်သော မျိုးနွယ်ကို ဖြတ်တောက်ခဲ့သော်လည်း ၎င်း၏ ကောင်းကင်တာအိုသည် ရွှယ်အန်း မြင်ဖူးသမျှထဲတွင် အပြည့်စုံဆုံးဖြစ်သည်။
ရွှယ်အန်းတောင်မှ ၎င်း၏ ကန့်သတ်ချက်ကို မခံစားခဲ့ရပေ။
သို့သော် ရွှေ့မင်သည်တော့ ထိုအရာများကို နားလည်နိုင်မှာ မဟုတ်ချေ။
သူမသည် ရွှယ်အန်းကို မျက်လုံး၀ိုင်းကြီးဖြင့် စိုက်ကြည့်နေသည်။
"စစ်မှန်အင်မော်တယ်က ဒီလောက်ပဲတဲ့လား"
ရွှယ်အန်းက ပြောလိုက်သည်။
"မင်းမှာ ပြဿနာရှိလို့လား"
ရွှေ့မင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပြီး ကျယ်လောင်စွာ ရယ်မောရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဟွာယွီတို့ သင်္ဘောထက် နှစ်ဆ ကြီးမားသော ဧရာမသင်္ဘောကြီးတစ်စင်းသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။
ထို့နောက် မောက်မာမှု အငွေ့အသက်အနည်းငယ်ပါသော ယောက်ျားတစ်ယောက်၏ အသံမှာ ထွက်ပေါ်လာသည်။
"ဟွာယွီဂိုဏ်းက ဂျူနီယာ ညီအစ်မနှစ်ယောက်ကိုး၊ မင်းတို့နဲ့တွေ့ရတာ တကယ်ကံကောင်းတာပဲ"
ကန်ကျင့်နှင့် ရွှေ့မင်တို့သည် အသံလာရာကို မော့ကြည့်လိုက်ကြသည်။
ဧရာမ သင်္ဘောကြီး၏ ဦးပိုင်းတွင် အရပ်မြင့်မြင့် ယောက်ျားတစ်ယောက် ရပ်နေသည်ကို သူတို့ တွေ့လိုက်ရသည်။
ဤယောက်ျားသည် အသက် နှစ်ဆယ်ကျော်အရွယ်သာရှိကာ မျက်နှာသွင်ပြင်သည် ချောမောပြီး မျက်လုံးများမှာ တောက်ပကာ ထူးကဲလှသည်။
ဤယောက်ျားကို မြင်လိုက်ရသည်နှင့် ကန်ကျင့်နှင့် ရွှေ့မင်တို့ နှစ်ယောက်လုံးသည် အံ့ဩမှုနှင့်အတူ လေးစားသော အမူအရာများ ပြသလိုက်ကြသည်။
"သခင်လေးဝေ့ကို၊ ရှင်တောင် လာတာလား"
ကန်ကျင်းက လေးစားစွာ ဦးညွှတ်လိုက်သည်။
သင်္ဘောဦးပိုင်းရှိ ယောက်ျားသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းပင် ဟွာယွီဂိုဏ်း၏ သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်ရှိလာသည်။
ရွှေ့မင်သည် အပြုံးကြီးတစ်ခုဖြင့် အလျင်အမြန် ချဉ်းကပ်သွားလိုက်သည်။
"အစ်ကိုဟောက်ချန်"
"ညီမလေးရွှေ့က ပိုပြီးတောင် လှလာတာပဲ"
"အစ်ကို ဟောက်ချန်လည်း ပိုပြီးတော့ ထူးချွန်ပြောင်မြောက်ပြီး ထူးကဲလာတာပဲ"
ရွှေ့မင်၏ အပြုံးက သူမ၏ မျက်လုံးများကို ပျောက်ကွယ်သွားလုမတတ် ဖြစ်စေပြီး သူမ၏ ယခင် အေးစက်ခက်ထန်သော အမူအရာနှင့် လုံးဝ ကွာခြားနေသည်။
ဟွာယွီဂိုဏ်းမှ လူများသည် ထိုအမျိုးသားကို အထင်ကြီးနေခြင်းမှာ ဝေ့မိသားစုမှ လူဖြစ်သောကြောင့်ဖြစ်သည်။
ဟွာယွီဂိုဏ်းတည်ရှိရာ အနောက်ဘက်ဒေသများတွင် ဝေ့မိသားစုအား အကြွင်းမဲ့ အရှင်သခင်ဟု ခေါ်ဆိုနိုင်သည်သည်။
ထို့အပြင် ဤဝေ့ဟောက်ချန်သည် ဝေ့မိသားစု၏ သတ္တမမြောက် သခင်လေးလည်းဖြစ်သည်။
ထို့အပြင် သူ၏ ပါရမီသည် အံ့ဩဖွယ်ကောင်းပြီး သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း အလွန်မြင့်မားသည်။ သူသည် ငယ်ရွယ်သော်လည်း ရွှေအင်မော်တယ်အဆင့်သို့ ရောက်ပြီးဖြစ်သည်။
ဝေ့ဟောက်ချန်သည် စစ်မှန်အင်မော်တယ် ပွဲတော်တွင် အလုပ်မအားလပ်၍ မတက်ရောက်နိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူ၏ အမည်သည် စစ်မှန်အင်မော်တယ် စာရင်းတွင် ရှိနေလိမ့်မည်ဟု ကောလာဟလများပင် ထွက်နေခဲ့သည်။
ဤသို့သော မျိုးရိုးမြင့် မိသားစုများမှ မျိုးဆက်သစ်တစ်ယောက်၏ ရှေ့မှတွင် ရွှေ့မင်တို့သည် မည်သို့ မလေးမစား ပြုဝံ့ပါမည်နည်း။
ဝေ့ဟောက်ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
သူ ဤနေရာသို့ လာရခြင်းမှာ စစ်မှန်အင်မော်တယ် ပွဲတော်ကို တက်ရောက်ရန်သာဖြစ်ပြီး ဟွာယွီဂိုဏ်းမှ လှေကို မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့နှင့် အနည်းငယ် စကားစမြည်ပြောရန် တွေးမိခြင်းဖြစ်သည်။
ယခုအခါ ရွှေ့မင်၏ အမူအရာကြောင့် စစ်မှန်အင်မော်တယ် ပွဲတော် ပြီးဆုံးချိန်တွင် သူသည် ဤအခြေအနေကို အခွင့်ကောင်းယူနိုင်လိမ့်မည်ဟု တွက်ဆလိုက်သည်။
ဝေ့ဟောက်ချန်သည် သူ၏ နှလုံးသားထဲတွင် တွက်ချက်နေသော်လည်း သူ၏ မျက်လုံးထောင့်တစ်နေရာသည် ဘေးတွင် ရပ်နေသော ရွှယ်အန်းနှင့် အခြားသူများကို မြင်သွားသည်။
ထိုလူသည် ယောက်ျားတစ်ယောက်ဖြစ်သည့်အပြင် ၎င်း၏ ရုပ်ရည်နှင့် အမူအရာမှာ သူ့ထက် များစွာ သာလွန်နေသော ယောက်ျားတစ်ယောက်ဖြစ်သည်ကို မြင်သောအခါ သူ၏ မျက်နှာသွင်ပြင်သည် မသိမသာ မည်းမှောင်သွားသည်။
"ဒီတစ်ယောက်က…"
"အိုး... ဒီလူက ကျွန်မတို့ လမ်းမှာ တွေ့ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နောက်လိုက်တစ်ယောက်ပါ၊ ပြီးတော့ ပြိုင်ဘက်ကင်း အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပေါ့၊ ခုနကပဲ သူက ဒီလောကရဲ့စစ်မှန်အင မော်တယ်ဆိုတာ ဒီလောက်ပါပဲဆိုပြီး အထင်သေးနေတာ"
ရွှေ့မင်သည် လေသံကို အလွန် ချဲ့ကားထားသည်။
ဤသည်ကို ကြားသောအခါ ဝေ့ဟောက်ချန်သည် ပထမတွင် ကြောင်သွားပြီးနောက် မရယ်ဘဲမနေနိုင်တော့ချေ။
"စစ်မှန်အင်မော်တယ်တောင် ဘာမှ မထူးခြားဘူးလို့ ပြောတာကတော့ တကယ့်ကို သတ္တိရှိတဲ့ စကားပဲ၊ ဒါပေမဲ့ ဒီသူငယ်ချင်းက ဘယ်ဂိုဏ်းကများလဲ၊ ဒါမှမဟုတ် ဘယ်မျိုးရိုးမြင့် မိသားစုက မျိုးဆက်သစ်လဲဆိုတာ သိချင်မိပါတယ်"
ရွှယ်အန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"နှစ်ခုလုံး မဟုတ်ဘူး"
ဝေ့ဟောက်ချန်နှင့် ရွှေ့မင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး သူတို့၏ မျက်နှာများသာ် လှောင်ပြောင်သော အပြုံးဖြင့် ပြည့်နှက်နေသည်။
ဤနေရာရှိ ဆူညံသံသည် ပတ်ဝန်းကျင်ရှိ လှေအများအပြား၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်သွားသည်။
မည်သည့်အရာများ ဖြစ်နေသည်ဆိုသည်အား သူတို့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောအခါ ရွှယ်အန်းကို လှောင်ပြောင်သော အကြည့်ဖြင့် မကြည့်ဘဲ မနေနိုင်တော့ချေ။
လူအချို့ဆိုလျှင်ပင် ရိုင်းစိုင်းစွာ မထီမဲ့မြင် ပြောလာသည်။
"မျိုးရိုးမြင့် မိသားစုက မျိုးဆက်သစ်တောင် မဟုတ်ဘဲနဲ့ ဘယ်သူက သူ့ကို ဒီလို စကားပြောဖို့ သတ္တိပေးလိုက်တာလဲ"
"ငါ ခန့်မှန်းရသလောက်တော့ ဒီကောင့်ရဲ့ ကျင့်ကြံမှုအဆင့်က အများဆုံးမှ ရွှေအင်မော်တယ်တစ်၀က်ပဲရှိမှာ ဒါတောင် သူက စစ်မှန်အင်မော်တယ်တွေကို အထင်သေးနေတာလား"
လှောင်ပြောင်သံများက ဒီရေအလား တိုးဝင်လာသည်။
ရွှယ်အန်းက ထိုနေရာတွင်သာ ရပ်နေပြီး သူ၏ အကြည့်သည် ဤလူများ၏ မျက်နှာများပေါ်သို့ ဖြည်းညှင်းစွာ ဝေ့ဝဲသွားပြီး ပြောလိုက်သည်။
"မျိုးရိုးမြင့်မိသားစုက မျိုးဆက်သစ်ဟုတ်လား၊ ငါက ဒါတွေ မလိုအပ်ဘူး၊ ဘာလို့လဲဆိုတော့ ငါရဲ့တည်ရှိမှုကိုက အဆင့်အတန်းတစ်ခုကို ဖော်ပြနေလို့ပဲ"
ဤစကားသည် ပတ်ဝန်းကျင်ရှိ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ထို့နောက် ရယ်မောသံများ ပေါက်ကွဲသွားသည်။
သူတို့ထဲတွင် ဝေ့ဟောက်ချန်၏ ရယ်သံသည် အကျယ်လောင်ဆုံး ဖြစ်သည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ဒီနေ့တော့ မင်းက စစ်မှန်အင်မော်တယ်တွေကိုတောင် အထင်သေးစရာလို့ ပြောနေတာဆိုတော့ ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ ကိုယ်တိုင် ကြည့်ရသေးတာပေါ့"
ရွှယ်အန်းက ဝေ့ဟောက်ချန်ကို ကြည့်ပြီး ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
"ဘာလဲ၊ ကြောက်သွားပြီလား"
ဝေ့ဟောက်ချန်က အေးစက်စွာ မထီမဲ့မြင်ပြုလိုက်သည်။
ရွှယ်အန်းက ပြောသည်။
"ကြောက်တာ မဟုတ်ဘူး၊ မင်းက အရည်အချင်းမပြည့်မီလို့ပဲ"
ဘမ်း
ထိုစကားသည် ဝိုင်းကြည့်နေသော လူအုပ်ကြီးကို မိုးကြိုးတစ်ဆင်းပစ်သွားသည့်အလား တုန်လှုပ်စေခဲ့သည်။
ရွှေ့မင်နှင့် ကန်ကျင်းတို့၏ မျက်နှာများလည်း သိသိသာသာ ပြောင်းလဲသွားသည်။
၎င်းသည် ဝေ့မိသားစု၏ သတ္တမမြောက် သခင်လေးအား အရည်အချင်း မပြည့်မီဟု ပြောရဲသည်။
ဤလူသည် မည်မျှတောင် မောက်မာပြီး သတ္တိရှိနေသနည်း...
ဝေ့ဟောက်ချန်၏ မျက်နှာသည် ချက်ချင်းပင် ခရမ်းရောင်သန်းလာပြီး သူ၏ မျက်ခွံများသည် တုန်ရီနေကာ မကျေနပ်စွာ ပြောလိုက်သည်။
"ငါက အရည်အချင်း မပြည့်မီဘူးဆိုရင် ကွေ့ယီမှာ ဘယ်သူက အရည်အချင်း ပြည့်မီမှာလဲ"
ရွှယ်အန်းက သူ၏ လက်များကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ ဝတ်ရုံများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ သူ၏ အကြည့်သည် မြူခိုးများ ဖုံးလွှမ်းနေသော အဝေးမှ တောင်တန်းများဆီသို့သာ ကြည့်နေပြီး ပြောလိုက်သည်။
"တောင်တန်းထဲက အဖိုးကြီးကတော့ နည်းနည်း အရည်အချင်းမှီလောက်တယ်”