ငါ လက်သီးတစ်ချက်ပဲသုံးမယ်
Vol. 56 Ch. 830
ဝေ့ဟောက်ချန်သည် ရွှယ်အန်း၏ စကားများ၏ ဆိုလိုရင်းကို နားမလည်ခဲ့ပေ။
ဤအချိန်တွင် သူ၏ မျက်လုံးများသည် ရွှယ်အန်း၏ မကြာသေးခင်က ပြောခဲ့သော စကားများကြောင့် မျက်လုံးများပင် ဒေါသစိတ်ဖြင့် သွေးနီရောင် သန်းနေပြီး သတ်ပစ်ချင်စိတ်များ အုံကြွလာသည်။
"အစ်ကိုဟောက်ချန်... ဒီအချိန်မှာ အလျင်စလိုလုပ်ဖို့ မလိုဘူးလေ၊ ရှေးဟောင်းအင်မော်တယ် စင်မြင့် စတင်တဲ့အခါကျရင် ကျင့်ကြံသူအားလုံးရဲ့ရှေ့မှာ ဒီလူယုတ်မာကို သတ်လိုက်တာက ပိုမကောင်းဘူးလား"
ရွှေ့မင်က တိုးတိုးလေး နှစ်သိမ့်လိုက်သည်။
ဤသည်ကို ကြားသောအခါ ဝေ့ဟောက်ချန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အကြည့်ကို ရွှယ်အန်းပေါ်တွင်သာ အာရုံစိုက်ထားသည်။
"ကောင်လေး... မင်း ထွက်ပြေးဖို့မစဉ်းစားနဲ့၊ သိပ်မကြာခင် ရှေးဟောင်းအင်မော်တယ် စင်မြင့်ပေါ်မှာ မင်းကို ဘယ်လို နေထိုင်ရမလဲဆိုတာ ငါ သင်ပေးမယ်"
ထိုသို့ ပြောပြီးနောက် သူက ယုတ်မာသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး သူ၏ ခြေထောက်ကို ဆောင့်လိုက်ရာ လေနှင့် မိုးကြိုးများလည်း တိုက်ခတ်လာပြီး မျက်စိတစ်မှိတ်အတွင်းပင် သူ၏ ကိုယ်ပိုင် သင်္ဘောကြီးဆီသို့ ပြန်ရောက်သွားသည်။
သူ၏ ထွက်ခွာသွားပုံကို မြင်ရုံမျှဖြင့်ပင် ဝိုင်းကြည့်နေသူများကို အံ့အားသင့်စေရန် လုံလောက်သည်။
ရွှေ့မင်က ရွှယ်အန်းကို အေးစက်သော အပြုံးတစ်ခုပြုံးပြပြီးနောက် လှည့်ထွက်သွားလိုက်သည်။
"သခင်မလေးအန်းရဲ့ မျက်နှာနဲ့ ပိုင် အကြီးအကဲကို ထောက်ထားပြီးတော့ ဒီနေရာကနေ မြန်မြန်ထွက်သွားဖို့ ကျွန်မ အကြံပေးချင်တယ်၊ မဟုတ်ရင် အဲ့ဝေ့ဟောက်ချန်က ရှင့်ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး"
ကန်ကျင်းက အနားတိုးလာပြီး လေးနက်စွာ ပြောသည်။
"ထွက်သွားရမယ်၊ ဘာလို့ ငါက ထွက်သွားရမှာလဲ"
ရွှယ်အန်း ပြန်မေးလိုက်သည်။
ကန်ကျင်းက အနည်းငယ် ကြောင်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလာသည်။
"ရှင် ဒီလောက်ကြီးမားတဲ့ ယုံကြည်မှုကို ဘယ်ကရနေလဲတော့ ကျွန်မ မသိဘူး၊ ဒါပေမဲ့ အနောက်ဘက်ဒေသရဲ့ ဝေ့မိသားစုက မစသင့်တဲ့ မိသားစုပဲ၊ သူတို့ မိသားစုရဲ့ လျှို့ဝှက်နည်းစနစ်က ဂိုဏ်းကြီးတွေရဲ့ စစ်မှန်တဲ့ တာအိုတွေထက် လုံးဝ မနိမ့်ကျဘူး"
ရွှယ်အန်းက အနည်းငယ် ပြုံးလိုက်သည်။
"ဂိုဏ်းကြီးတွေရဲ့ တာအို"
ကန်ကျင်းက နောက်ထပ် ပြောချင်သေးသော်လည်း ရုတ်တရက် ဝေ့ဟောက်ချန်၏ လှောင်ရယ်သံကို အဝေးမှ ကြားလိုက်ရသည်။
"ကောင်လေး... ထွက်ပြေးဖို့ စိတ်မကူးနဲ့နော်၊ ငါ ဝေ့ဟောက်ချန်ကို ရန်စရဲတဲ့ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
ဤသည်ကို ကြားသောအခါ ကန်ကျင်း၏ မျက်နှာလည်း ပြောင်းလဲသွားပြီး ရွှယ်အန်းကို လူသေတစ်ယောက်ပမာ ကြည့်ကာ လှည့်ထွက်သွားသည်။
ဤအချိန်တွင် သူမ၏စိတ်ထဲတွင်လည်း ဒေါသထွက်များဖြင့် ပြည့်နှက်နေသည်။
သူမက ရွှယ်အန်းသည် အလွန် မောက်မာပြီး မိမိကိုယ်ကို အထင်ကြီးလွန်းသည်ဟု ထင်မိသည်။
ရှေးဟောင်းအင်မော်တယ် စင်မြင့်ပေါ်ရောက်မှ အစစ်အမှန်အစွမ်းကို ၎င်း မြင်နိုင်လိမ့်မည့်ဟု ကန်ကျင်း သူမ ဘာသာ တိတ်တဆိတ် တွေးနေလိုက်သည်။
ထိုအချိန်...
တောက်ပသော အလင်းတန်းများစွာသည် ကောင်းကင်မှ ကျဆင်းလာပြီး ရှေးဟောင်းအင်မော်တယ် စင်မြင့်ကို ဝန်းရံထားသော ကြီးမားမြင့်မားသည့် တိုင်ကြီးများစွာပေါ်သို့ ကျရောက်လာသည်။
အလင်းရောင်များ မှိန်ဖျော့သွားသောအခါ လေထဲတွင် လွင့်မျောနေသော ဝတ်ရုံများနှင့်အတူ ခန့်ညားထည်ဝါသော အငွေ့အသက်များ ဖုံးလွှမ်းနေသည့် အကြွင်းမဲ့ အစွမ်းထက်သော ပုဂ္ဂိုလ်များ ထွက်လာသည်။
"ဒီနှစ်ရဲ့ အမှန်တရား ရှာဖွေခြင်း ပွဲတော်ကြီးက ဒီလောက်တောင် ကြီးကျယ်တာလား၊ သွေးကွန်ယက်တောင်တန်းက ထူးကဲတဲ့ အမွေဆက်ခံသူ ငါးယောက်လုံးတောင် ပေါ်လာပါလား"
တစ်စုံတစ်ယောက်သည် တုန်လှုပ်စွာ ပြောလိုက်သည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
သူတို့ ဤမျှ တုန်လှုပ်သွားသည်မှာ အံ့ဩစရာမရှိပေ။
အမှန်ပင် ဤတစ်ကြိမ်တွင် ပွဲတော်၏ ခမ်းနားထည်ဝါမှုသညါ အလွန် ကြီးကျယ်လှသည်။
ထို ပုဂ္ဂိုလ်ငါးယောက်သည် ၎င်းတို့၏ ပတ်ပတ်လည်တွင် အလင်းကွင်းများ ဝေ့ဝဲနေလျှင်နေ သို့မဟုတ် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေခြင်းတို့ကြောင့် ၎င်းတို့၏ အင်အားကြီးသော အငွေ့အသက်များသည် မျက်လုံးဖြင့် ကြည့်ရန်ပင် မဖြစ်နိုင်ချေ။
"ကွမ်လဲ့၊ ဖန်ချီယောင်၊ ယွီထျန်မင်၊ ရွှမ်ယွဲ၊ နန်ဝူချန် တို့ငါးယောက်လုံး ရှိနေပြီး နတ်ဆိုးသလင်လေး လော့စန်းချီကလွဲရင် သွေးကွန်ယက်တောင်တန်းရဲ့ စစ်မှန်တဲ့ အမွေဆက်ခံသူတွေ အကုန်ရောက်နေတာပဲ"
လူတစ်ယောက်သည် လေးလံသော မျက်နှာထားဖြင့် တီးတိုး ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ကြက်သီးထဖွယ် ထူးဆန်းသော ရယ်သံတစ်ခုမှာ ပဲ့တင်ထပ်လာပြီး ဧရာမတိုင်ကြီးတစ်တိုင်၏ ထိပ်တွင် အလင်းတန်းတစ်ခု ပေါ်လာကာ ထိုနေရာတွင် ပုကွကွနှင့် ရုပ်ဆိုးလှသော အကြီးအကဲတစ်ယောက် ထွက်လာသည်။
"ဒါ ရှုန်းမော့ အဘိုးကြီးပဲ၊ ရှုန်းမို တောင်ကြားရဲ့ တောင်ကြားသခင် ကိုယ်တိုင် ရောက်လာတာပဲ၊ ဘုရားရေ... ဒီနေ့ရဲ့ အမှန်တရား ရှာဖွေခြင်း ပွဲတော်ကြီးက ထူးကဲတဲ့ တန်ခိုးရှင် ဘယ်နှစ်ယောက်ကိုတောင် လာမှာလဲ"
လူတိုင်းသည် ၎င်းတို့၏ စိတ်အတွင်းထဲအထိ တုန်လှုပ်သွားကြသည်။
ထို တန်ခိုးရှင်ခြောက်ယောက်၏ ဖိအားသည် နေရာလွတ်ကြီးအတွက်ပင် ခံနိုင်ရည်မရှိလောက်အောင် ဖြစ်နေရပြီး လေးလံသော ဖိအားအောက်တွင် ပြိုကျပျက်စီးသံများပင် ထွက်ပေါ်လာသည်။
ဤအချိန်တွင် ရှုန်းမော့ အဘိုးအို၏ အရူးလို ရယ်မောသံကို ကြားလိုက်ရသည်။
"မင်းတို့ ညီအစ်ကိုတွေအားလုံး ကျင့်ကြံတာကနေ ထွက်လာကြလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ကောင်းတယ်... ကောင်းတယ်၊ စလိုက်ကြစို့... ဒီအဘိုးကြီးက ပွဲကောင်းတစ်ခုကို ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး"
ဤအချိန်တွင် အမျိုးသမီးတစ်ယောက်ပမာ လှပသော ရွှမ်ယွဲသည် ပြုံးကာပြောလိုက်သည်။
"အဘိုးကြီးတော့ အလျင်လိုနေပြန်ပြီ၊ ပွဲကောင်းဆိုတာက အမြဲတမ်း ဖြည်းဖြည်းချင်း ကြည့်ရတာ အကောင်းဆုံးပဲ"
သူ၏ စကားဆုံးသောအခါ သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ လေထဲတွင် ရပ်လိုက်ပြီး အေးစက်သော အသံဖြင့် ကြေညာလိုက်သည်။
"ကျင့်ကြံသူမိတ်ဆွေတို့... ဒီ အမှန်တရား ရှာဖွေခြင်း ပွဲတော်ကြီးကို ကျွန်တော့်ရဲ့ အရှင်ကိုယ်တိုင် အမိန့်ချမှတ်ခဲ့တာပါ၊ သူ့ရဲ့ ရည်ရွယ်ချက်က လောကကြီးက သူရဲကောင်းတွေရဲ့ အဆင့်ကို ပြန်ထူထောင်ဖို့ပဲ၊ ဒါကြောင့် အခု ပွဲတော်ကြီးကို တရားဝင် စတင်ကြောင်း ကျွန်တေယ် ကြေညာပါတယ်"
သူ၏ စကားလုံးများနှင့်အတူ
ရှေးဟောင်း အင်မော်တယ်စင်မြင့်ကို ဖုံးလွှမ်းထားသော မမြင်နိုင်သည့် အတားအဆီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ခဏလေးအတွင်းမှာပင် ပြိုင်ဆိုင်လိုစိတ် ပြင်းပြနေသူများသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်ထဲသို့ အပြေးအလွှား ဝင်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် စတင် စိန်ခေါ်တိုက်ခိုက်ကြတော့သည်။
ထိုသည်မှာ သူတို့၏ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားများ ပါဝင်နေသောကြောင့် ဤအချိန်တွင် မည်သူမျှ လက်မနှေးကြပေ။ သူတို့ လှုပ်ရှားလိုက်သည်နှင့် အပြင်းထန်ဆုံး သတ်ဖြတ်ခြင်း လှုပ်ရှားမှုများ စတင်ထွက်လာသည်။
တလက်လက်တောက်ပသော အလင်းများသည် ခပ်ဖျော့ဖျော့ ဖြာထွက်နေပြီး တိုက်ပွဲသံများသည် ကောင်းကင်ကိုပင် မြည်ဟီးသွားစေသည်။
မကြာမီပင် ရှေးဟောင်းအင်မောါတယ် စင်မြင့်သည် သွေးပင်လယ်ဖြင့် ဆေးကြောခံလိုက်ရသည်။
ထို့နောက် ဝင်ရောက်လာသော ကျင့်ကြံသူများ၏ အရေအတွက်လည်း တဖြည်းဖြည်း နည်းပါးလာသည်။
ထိုအချိန်တွင် ဝေ့မိသားစု၏ လှေပေါ်မှ အလင်းတန်းတစ်ခုသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်ထဲသို့ ဝင်သွားကာ ထိုသည်မှာ အမှန်ပင် ဝေ့ဟောက်ချန် ဖြစ်နေသည်။
သူသညါ လေထဲတွင် ရပ်ကာ ရွှယ်အန်းကို လက်ညှိုးထိုး၍ စိန်ခေါ်လိုက်သည်။
"ကောင်လေး၊ ဒီကို လာပြီး အသေခံစမ်း"
လူအချို့သည် ဝေ့မိသားစု၏ ဤသတ္တမမြောက်သခင်လေးကို မှတ်မိကြပြီး သူ၏ ကျော်ကြားမှုသည် အထူးချွန်ဆုံး မဟုတ်သော်လည်း သူ၏ အစွမ်းသည် ထိပ်တန်းအဆင့် ဖြစ်သည်ကို သိကြသည်။
သို့သော် ဤဝေ့သခင်လေးကို ထိုမျှ ဒေါသထွက်စေရန် မည်သူက ရန်စခဲ့သည်ကိုမူ မသိကြပေ။
ထို့ကြောင့် လူတိုင်းသည် ဝေ့ဟောက်ချန် လက်ညှိုးထိုးထားသော လမ်းကြောင်းအတိုင်း လိုက်ကြည့်ကြသည်။
၎င်းတို့အကြည့်များသည် ရွှယ်အန်းအပေါ်သို့ စုပုံသွားသည်။
တုန်လှုပ်မှုနှင့် မသေချာမရေရာမှုများလည်း ရောယှက်နေကြကာ သနားနေသူများလည်း ရှိသည်။
ထို့အပြင် သူများ ဒုက္ခရောက်သည်ကို ဝမ်းသာသူများစွာလည်း ရှိနေသည်။
ဤသို့သော လူထု၏ သဘောထားများကြားတွင် ရွှယ်အန်းသည် တည်ငြိမ်စွာ ရပ်နေပြီး သူ၏ နှုတ်ခမ်းများမှာ အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားသည်။
"ဒီနေ့… အကြီးအကျယ် သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်လာမယ့်ပုံပဲ၊ ဒီ ရှေးဟောင်းအင်မော်တယ် စင်မြင့်တော့ သွေးနီရောင်ပြ လွှမ်းသွားမလား မသိဘူး"
ရွှယ်အန်း၏အသံသည် အလွန်တိုးသဖြင့် အနားတွင်ရှိနေသော မုယာပင်လျှင် ရှင်းရှင်းလင်းလင်း မကြားလိုက်ရပေ။
"သခင်ကြီး၊ ဘာပြောလိုက်တာလဲ"
ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"
ထိုသို့ပြောပြီး သူသည် ခေါင်းကို ပွဲကြည့်စင်ဘက်သို့ လှည့်လိုက်သည်။
"မင်းက ငါ့ကို စိန်ခေါ်ချင်နေမှတော့ ဧည့်ခံပေးရသေးတာပေါ့"
ရွှယ်အန်းသည် ၎င်းထံကို လက်ညှိုးတစ်ချောင်းတည်းသ ထောင်ပြလိုက်သည်။
ဒါက ဘာကိုဆိုလိုတာလဲ...
လူတိုင်း အနည်းငယ် ရှုပ်ထွေးသွားကြသည်။
ဝေ့ဟောက်ချန်လည်း ကြောင်သွားပြီးနောက် အေးစက်စွာ ပြောသည်။
"လက်ညှိုးတစ်ချောင်း ထောင်တာက ဘာကို ပြောချင်တာလဲ"
ရွှယ်အန်းက ခက်ထန်စွာ ပြုံးလိုက်သည်။
"ပြောချင်တာက… မင်းကို လက်သီးတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ်ဆိုတာပဲ၊ မင်း ဒါကို မရှောင်နိုင်ရင် ငါ့ကို အပြစ်မတင်နဲ့ပေါ့"
ဘမ်း
ဤစကားလုံးများသည် လူအုပ်ကြီးအား ဆူညံပွက်လောရိုက်သွားစေသည်။
မလှမ်းမကမ်းတွင် ရပ်နေသော ရွှေ့မင်လာ်း ရယ်မောလိုက်သည်။
"ဒီလိုအချိန်ထိ ကြွားနေတုန်းပဲလား၊ ဒီလူရဲ့ စိတ်ဓာတ်ကို တကယ် လေးစားမိတယ်"
ဝေ့ဟောက်ချန်၏ မျက်နှာငည် ဒေါသဖြင့် စိမ်းဖန့်ဖန့်အရောင်သို့ ပြောင်းသွားပြီး သူသည် ခြိမ်းခြောက်စွာ ပြောသည်။
"ကောင်လေး... ဝေ မိသားစုရဲ့ လျှို့ဝှက်ကျွမ်းကျင်မှုတွေရဲ့ စွမ်းအားကို မင်း မျက်မြင်တွေ့စေရမယ်"
သူ့ စကားမဆုံးသေးခင်မှာပင် ဝေ့ဟောက်ချန်၏ ခန္ဓာကိုယ်သည် လျှပ်စီးများဖြင့် လင်းလက်သွားပြီး သူ၏ မျက်လုံးများထဲတွင် လျှပ်စီးနတ်ဘုရားနှစ်ပါး၏ ပုံသဏ္ဌာန်များ ပေါ်ထွက်လာသည်။
လျှပ်စီးများသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်အတွင်း တဝုန်းဝုန်း ရိုက်ခတ်နေသည်။
ဤစင်မြင့်ကို လျှို့ဝှက်နည်းစနစ်များဖြင့်သာ မတည်ဆောက်ထားခဲ့ပါက ၎င်းသည် လျှပ်စီးများကြောင့် ပျက်စီးသွားလောက်ပြီ ဖြစ်သည်။
ဤသည်ကို မြင်သောအခါ ပွဲကြည့်စင်မှ ကြည့်ရှုနေသော ပုဂ္ဂိုလ်များပင်လျှင် သဘောကျစွာ ခေါင်းညိတ်လိုက်ကြသည်။
"ဝေ့မိသားစုရဲ့ လျှပ်စီးကျွမ်းကျင်မှုတွေက တကယ်ပဲ သူတို့ရဲ့ ကျော်ကြားမှုအတိုင်း စွမ်းအားကြီးတာပဲ"
"ကောင်လေး၊ မင်း ငါ့ကို လက်သီးတစ်ချက်တည်းနဲ့ ဘယ်လို အနိုင်ယူမလဲဆိုတာ ငါ မြင်ချင်သေးတယ်"
ဝေ့ဟောက်ချန်က အားရပါးရ ရယ်ချလိုက်သည်။
လူတိုင်းသည် သူတို့၏ မျက်လုံးများကို ရွှယ်အန်းဘက်သို့ လှည့်လိုက်ချိန် ၎င်းသည် လှေဦးပိုင်းတွင် မတုန်မလှုပ်ပဲ ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူတို့အားလုံး စိတ်ထဲမှ ခေါင်းခါလိုက်ကြသည်။
ဤတစ်ကြိမ်တွင် ၎င်း သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု ယုံကြည်ကြသည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ရယ်မောလိုက်ပြီးနောက် သူ၏ လက်သီးကို ဖြည်းညှင်းစွာ မြှောက်ကာ ပြောလိုက်သည်။
"အားနည်းလွန်းတယ်"
အသံသညမ ကျယ်လောင်ခြင်းမရှိသော်လည်း လူအုပ်ကြီးကြားထဲကို ပျံ့နှံ့သွားသည်။
တုန်လှုပ်မှုများကြားတွင် ရွှယ်အန်း၏ ပုံသဏ္ဌာန်သည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ နောက်တစ်ကြိမ် ပြန်ပေါ်လာသောအခါ သူသည် ဝေ့ဟောက်ချန်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။
ဝေ့ဟောက်ချန်သည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ရွှယ်အန်း၏ လက်သီးသည် သူ့ဆီသို့ မိုးကြိုးပမာ ထိုးဝင်လာသည်ကို ထိတ်လန့်တကြားသာ ကြည့်နေနိုင်ခဲ့သည်။
ဘမ်း
ဝေ့ဟောက်ချန်သည် ထိုလက်သီးကြောင့် ပျောက်ကွယ်သွားခဲ့သည်။
သွေးမြူခိုးများလည်း ပျံ့လွင့်သွားကာ ရှေးဟောင်းအင်မော်တယ် စင်မြင့်တစ်ခုလုံးဆီသို့ လွင့်စင်သွားသည်။