← Chapters

ဝေ့မိသားစုဘိုးဘေး၊ သေရေးရှင်ရေး တိုက်ပွဲ

Vol. 56 Ch. 831

ဝေ့မိသားစုဘိုးဘေး၊ သေရေးရှင်ရေး တိုက်ပွဲ

Vol. 56 Ch. 831

မြင်ကွင်းတစ်ခုလုံး သေမလောက် တိတ်ဆိတ်သွားသည်။

ဝိုင်းကြည့်နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားကြသည်။

ဤမျှ မထင်မရှားပုံပေါက်သော လူသည် ကြမ်းကြုတ်လှပြီး အနောက်ဘက်ဒေသရှိ ဝေ့မိသားစု၏ သတ္တမမြောက် သခင်လေးကိုပင် လက်သီးတစ်ချက်တည်းနှင့် သွေးမြူခိုးအဖြစ် ကြေမွသွားအောင် လုပ်လိုက်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ချေ။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လှေဦးပိုင်းတွင် ပွဲကောင်းကြည့်ဖို့ အသင့်ရပ်နေခဲ့သော ရွှေ့မင်သည် သူမ၏ မျက်လုံးများကို မယုံနိုင်ခဲ့ချေ။

သူမသည် ထိာလူက ဝေ့ဟောက်ချန်အား အမှန်တကယ်တကယ် အနိုင်ယူနိုင်လိမ့်မယ်ဟု ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးချေ။

ကန်ကျင်းသည်လည်း ပွဲကြည့်စင်မှာ ဖြစ်ပျက်နေသမျှကို မယုံနိုင်မှုများ အပြည့်ဖြင့် ကြောင်ပြီး စိုက်ကြည့်နေမိသည်။

မုယာ တစ်ယောက်တည်းသာ ဤအရာကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

သူမသည် ဤရလဒ်ကို ကြိုတင်မျှော်လင့်ထားခဲ့သောကြောင့် သူမ၏ မျက်နှာပေါ်တွင် အံ့ဩခြင်း အရိပ်အယောင်တစ်စက်မှ မရှိခဲ့ပေ။

ချက်ချင်းဆိုသလိုပဲ လူအုပ်ကြီးသည် ဆူညံပွက်လောရိုက်သွားကြသည်။

၎င်းတို့ မျက်နှာများသည် ထိတ်လန့်မှုမျ ပေါ်လာပြီးနောက် တီးတိုးပြောဆိုလာကြသည်။

"ဒီ ဝေ့ဟောက်ချန်က ဝေ့မိသားစု အကြီးအကဲရဲ့ တန်ဖိုးအထားရဆုံး မျိုးဆက်ပဲ၊ အခု သူသေပြီဆိုတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ"

အမှန်ပင်။

ထိုစကားသံများ မဆုံးသေးခင်မှာပင် ဝေ့မိသားစု၏ လှေပေါ်မှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ငါ့ရဲ့ ချန်အာကို သတ်ရဲတာ၊ မင်း တကယ် သေလမ်းရှာနေတာပဲ"

ဟိန်းဟောက်သံနှင့်အတူ လျှပ်စီးတန်းတစ်ခုသည် ကောင်းကင်ပေါ်ကို ပျံတက်လာပြီး ပွဲကြည့်စင်၏ အလယ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။

၎င်း ဆင်းသက်လာသည့်အခါတွင် ထိုလူသည် ဆံပင်ဖြူ၊မုတ်ဆိတ်ဖြူနှင့် ခန့်ညားသော မျက်နှာထားရှိသည့် အဘိုးအိုတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဒါ ဝေ့မိသားစုရဲ့ အကြီးအကဲပဲ"

"ဝေ့မိသားစု အကြီးအကဲ လှုပ်ရှားလာပြီဆ်ုတော့ ဒါ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ"

လူအုပ်ကြားထဲမှ တီးတိုးသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်မှာ ရွှေ့မင်သည် သူမ၏ နှလုံးသားထဲမှ တုန်လှုပ်မှုကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

သတ္တမသခင်လေးကို သတ်လိုက်တော့ ဘာဖြစ်လဲ...

ယခုအခါ ဝေ့မိသားစု အကြီးအကဲမှ လှုပ်ရှားလာသောကြောင့် ၎င်းသည် ပိုဆိုးရွားသော သေခြင်းကိုရင်ဆိုင်ရမည်ဖြစ်သည်။

"လူငယ်လေး မင်းက ဘယ်ဂိုဏ်းကလဲ၊ မင်းရဲ့ နောက်မှာ အစွမ်းထက်တဲ့ မိသားစုရှိလို့ ဒီလောက် ရက်စက်ကြမ်းကြုတ်နေတာလား၊ ငါ့ချန်အာရဲဲ့ အသက်ကို ဘာလို့ ယူရက်ရတာလဲ"

ဝေ့မိသားစု အကြီးအကဲသည် သူ၏ မျက်ခုံးနှင့် နှုတ်ခမ်းမွှေးများပင် ထောင်ထလာကာ သူ၏ လေသံသည် အေးစက်မှုများဖြင့် ဖုံးလွှမ်းလျက် မေးလိုက်သည်။

သူ့ စကားပြောလိုက်သည်နှင့် ရှေးဟောင်းအင်မော်တယ် စင်မြင့်တစ်ခုလုံးသည် လျှပ်စီးများဖြင့် ပြည့်နှက်သွားပြီး တောက်ပသော အလင်းများသည် ၎င်းပတ်လည်တွင် လိမ်ကျစ်နေကာ လျှပ်စီးတန်းများလည်း လေထဲတွင် အဆက်မပြတ် ဖြတ်ပြေးနေသည်။

အလွန်ဝေးကွာသော နေရာမှပင် ဝိုင်းကြည့်နေသော ကျင့်ကြံသူများမှာ ထိုလျှပ်စီးများကြောင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များ ထောင်ထလာသည်ကို ခံစားလိုက်ရပြီး သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ တုန်ယင်လာကြသည်။

ဤသို့ အင်အားသည် အနောက်ဘက်ဒေသမှ ဝေ့မိသားစုကို အုပ်စိုးသော အကြီးအကဲနှင့် အမှန်တကယ် ထိုက်တန်သည်။

သို့သော် ရွှယ်အန်းသည် ပွဲကြည့်စင်၏ အလယ်တွင် ရပ်နေပြီး လျှပ်စီးများအယး သာယာသော လေပြေတစ်ခုမျှကဲ့သို့ ရင်ဆိုင်နေကာ သူ၏ ဝတ်ရုံအစနားပင် မလှုပ်ခတ်ပေ။

"ရက်စက်ကြမ်းကြုတ်တယ် ဟုတ်လားထ ခင်ဗျား ပြောချင်တာက ခင်ဗျားမိသားစုရဲ့ သတ္တမသခင်လေးက ကျုပ်ကို သေအောင် ရိုက်သတ်တာကို ကျုပ်က ငြိမ်ငြိမ်လေး ရပ်ခံနေရမှာလား"

ရွှယ်အန်းက လှောင်ပြောင်သံ အနည်းငယ်ဖြင့် ပြန်မေးလိုက်သည်။

ဝေ့မိသားစု အကြီးအကဲ၏ မျက်နှာသည် မည်းမှောင်သွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

ရွှယ်အန်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"စကားပြောတာ တော်လောက်ပြီ၊ ခင်ဗျား မကျေနပ်ဘူးဆိုရင် ခင်ဗျားလည်း လာပြီး သေလိုက်တော့"

"မင်း.... မလေးမစားတက်တဲ့ကောင်စုတ်..."

ဝေ့မိသားစု အကြီးအကဲ၏ မျက်နှာသည် သံမဏိပြားကြီးကဲ့သို့ မာတင်းသွားပြီး သူ၏ မျက်လုံးများသည် လျှပ်စီးများ ဖြတ်ပြေးနေပုံမှာ ၎င်း အလွန်အမင်း ဒေါသထွက်နေသည်မှာ ထင်ရှားသည်။

ရွှယ်အန်းကမူ ရယ်သာရယ်လိုက်သည်။

"ဒါပေမဲ့ ခင်ဗျားကို ကျုပ်ကြိုတင် သတိပေးထားရမယ်၊ ဒီစင်မြင့်ပေါ်မှာ ရပ်နေတာက သေရေးရှင်ရေး တိုက်ပွဲကို ကိုယ်စားပြုတယ်၊ ခင်ဗျားရဲ့ အဖိုးတန် သတ္တမသခင်လေးလိုမျိုး ခင်ဗျားရဲ့ ဘိုးဘေးတွေ အကူအညီနဲ့ ဝိညာဉ်လွတ်မြောက်လိမ့်မယ်လို့ မထင်နဲ့..."

သူ ပြောကာနေရင်းမှ လက်ကို ဖွင့်လိုက်ကာ သူ၏ လက်ဖဝါးထဲမှ ဝိညာဉ် အလင်းလုံးတစ်ခုကို ထုတ်ပြလိုက်သည်။

အကယ်၍ ဝေ့မိသားစု အကြီးအကဲသာ အစောပိုင်းတုန်းက သူ့မြေး၏ ရုပ်ခန္ဓာကို ရက်ရက်စက်စက် ဖြိုခွင်းလိုက်သော ရွှယ်အန်း၏ လုပ်ရပ်ကြောင့် ဒေါသထွက်ခဲ့သည်ဆိုလျှင် ယခုအခါ ရွှယ်အန်း၏ လက်ထဲမှ ဝိညာဉ်ကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ကြီးမားလှသော ဒေါသမီးကြီးတစ်ခု တောက်လောင်လာသည်။

"မင်း သတ္တိရှိလှချည်လား..."

ဝေ့မိသားစု အကြီးအကဲက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ရွှယ်အန်း၏ နှုတ်ခမ်းများသည် အေးစက်သော လှောင်ပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။

"ကျုပ် အမုန်းဆုံးက ခင်ဗျားတို့လို ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ထင်နေတဲ့ မျိုးရိုးမြင့်တွေပဲ၊ တခြားသူတွေရဲ့ သေရေးရှင်ရေးကို ကိုယ့်သဘောအတိုင်း ဆုံးဖြတ်နိုင်တယ်ဆိုပြီး ထင်နေပေမဲ့ ကိုယ့်အလှည့်ကျတော့ ငိုယိုတောင်းပန်ပြီး လက်မခံနိုင်ကြဘူး"

"ဒါပေမဲ့ ကျုပ်မျက်စိထဲမှာတော့ ခင်ဗျားတို့အားလုံးက ပုရွက်ဆိတ်တွေထက် မပိုဘူး"

သူ ပြောပြီးသည်နှင့် သူ့မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လက်သွားပြီး သူ၏ လက်ကို ရုတ်တရက် တင်းကြပ်လိုက်သည်။

ဝေ့ဟောက်ချန်၏ အသိစိတ်သည် သွေးပျက်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်... ကျွန်တော် မှားသွားပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ အကြီးအကဲ ကျွန်တော့်ကို ကယ်ပါဦး"

သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် ဝေ့ဟောက်ချန်မှာ ဝေ့မိသားစု၏ သခင်လေးတစ်ယောက်ဆိုသော မာနများ မရှိတော့ဘဲ အသက်လုပြီး ကရုဏာ တောင်းခံလာသည်။

အဘယ့်ကြောင့်ဆို သူ့ဝိညာဉ်သာ ကြေမွသွားလျှင် သူ့ကို စောင့်ကြိုနေမည်မှာ အလုံးစုံပျောက်ကွယ်သွားခြင်းသာ ဖြစ်သည်။

လောက၏ ကြီးကျယ်ခမ်းနားမှုတွေအားလုံးကို ခံစားခဲ့ဖူးသူတစ်ယောက်အတွက် ထိုသည်မှာ အကြောက်စရာအကောင်းဆုံးအရာဖြစ်သည်။

ဝေ့မိသားစု အကြီးအကဲသည်လည်း ဒေါသတကြီး ဟိန်းဟောက်သံတစ်ချက် ပြုလိုက်ပြီး ပြင်းထန်သော လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်သည်။

လူတိုင်းမြင်လိုက်သည်မှာ ၎င်းသည် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး လက်သီးတစ်ချက် ထိုးလိုက်တာကာ သူ့လက်သီးတွင် လျှပ်စီးများ ဝေ့ဝဲနေပြီး လေဟာနယ်တောင် ထိုးဖောက်သွားနိုင်ပုံပေါ်သည်။

ဤမျှလောက် အစွမ်းထက်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တောင် ရွှယ်အန်းသည် မျက်တောင်တစ်ချက် မခတ်ဘဲ ဝေ့ဟောက်ချန် မည်မျှ ရုန်းကန်ပြီး တောင်းပန်နေသည်ကိုလည်း ဂရုမစိုက်ဘဲ ၎င်း၏ အသိစိတ်ကို လက်ဖဝါးဖြင့်ပင် တိုက်ရိုက် ကြေမွပစ်လိုက်သည်။

"မ..."

အော်ဟစ်သံများလည်း ရုတ်တရက် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် ဝေ့မိသားစု အကြီးအကဲ၏ ကြီးမားလှသော ဒေါသများ ပြည့်နေသော လက်သီးသည်လည်း မိုးကြိုးပစ်ချလိုက်သလို ကျရောက်လာခဲ့သည်။

ရွှယ်အန်းသည် သူ၏ တခြားလက်တစ်ဖက်ကို မြှောက်လိုက်ပြီး ဝေ့မိသားစု အကြီးအကဲ၏ လက်သီးကို လက်တစ်ဖက်တည်းနှင့် ရင်ဆိုင်လိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ

ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ မျက်လုံးများကို မမှိတ်ထားဘဲ မနေနိုင်ကြပေ။ ၎င်းတို့သည် ရွှယ်အန်း သေချာပေါက် ပျက်စီးသွားမည်ဟု ယုံကြည်နေကြသည်။

ရွှေ့မင်သည် ပိုလို့တောင် အေးစက်သော အပြုံးကို ပြုံးလိုက်ပြီး ရွှယ်အန်းက ကိုယ့်ကိုယ်သူ အထင်ကြီးလွန်းသောကြောင့် ပုရွက်ဆိတ်သည် ဆင်ကို သတ်ချင်နေသည်ဟူသော အတွေးကို တွေးမိလိုက်သည်။

ဘမ်း

လက်သီးနှစ်လုံး ထိတိုက်မိသွားသည်။

မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတစ်ခုသည် ပွဲနေရာတစ်ခုလုံးကို ဖြတ်သန်းသွားသည်။

ရှေးဟောင်းအင်မော်တယ် စင်မြင့်ပင်လျှင် အကြိမ်အနည်းငယ် တုန်ခါသွားသည်။

အတားအဆီးသာ မရှိခဲ့ပါက ထိုတိုက်ခိုက်မှုကြောင့် ပွဲကြည့်ပရိသတ်များမှာ မလွဲမသွေ ဘေးဒဏ်သင့်ကြမှာ ဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် ပျံသန်းနေသော သင်္ဘောအများအပြားသည် ကိုက်တစ်ရာလောက် နောက်ဆုတ်သွားကြသည်။

ဘယ်လိုဖြစ်သွားလဲ၊ ဘယ်သူနိုင်သွားလဲ...

၎င်းတို့ မျက်လုံးများသည် တုန်လှုပ်မှုနှင့်အတူ သံသယများ ပြည့်နှက်နေသည်။

သူတို့၏ အကြည့်အားလုံးသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်ဆီကို စုပုံသွားကြသည်။

"ဟွန့်၊ ဝေ့မိသားစု အကြီးအကဲကို ဆန့်ကျင်ရဲတော့ အဲ့ဒီကောင် ဝိညာဉ်ရော ခန္ဓာကိုယ်ရော မီးလောင်ပြာကျသွားလောက်ပြီ"

ရွှေ့မင်က လှောင်ပြောင်မှုများဖြင့် ပြောလိုက်သည်။

သူမဘေးတွင်ရပ်နေသော မုယာသည် ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်လုံးများသည် အေးစက်မှုများ လက်သွားသည်။ ဤခေါင်းမာသော မိန်းမ၏ မိုက်မဲမှုကို သူ ထပ်သည်းမခံနိုင်တော့ချေ။

ထို့ကြောင့် အေးစက်သော နှာမှုတ်သံတစ်ခုနှင့်အတူ သူမပြန်ပြောလိုက်သည်။

"သခင်ကြီးကို ထပ်ခါတလဲလဲ စော်ကားနေတာက ပါးရိုက်ခံရသင့်တယ်"

ထိုသို့ ပြောပြီးနောက် သူမသည် လက်ကို မြှောက်လိုက်ပြီး ပါးတစ်ချက်ကို လွှဲရိုက်လိုက်သည်။

အစပိုင်းတွင်တော့ ရွှေ့မင်သည် ထိုအရာကို ဂရုမစိုက်ခဲ့ပဲ သူမ၏ အမြင်သည် ရထားလုံးမောင်းသော အစေခံမလေးတစ်ယောက်မှာ ဘာလုပ်နိုင်မှာလဲဟု ထင်မိသည်။ သူမသည် အဆုံးတွင် အစွမ်းထက်သော လွတ်မြောက်အင်မော်တယ် တစ်ယောက်ဖြစ်ပြီး ထိုလက်ဝါးကို ကိုင်တွယ်ဖို့ဆိုသည်မှာ ကလေးကလားကိစ္စဖြစ်သည်။

ထို့ကြောင့် သူမ လှောင်ပြောင်လိုက်ပြီး ပြန်လည်တိုက်ခိုက်မလို ပြင်လိုက်သည်။

သို့သော် ထိုအခိုက် သူမသည် မုယာလက်ဝါး၏ လေအောက်မှာတောင် မခုခံနိုင်ဘဲ မုယာ၏ လက်ဝါးမှာ သူမဆီကို လာနေသည်ကို အကူအညီမဲ့စွာ ကြည့်နေရုဲသာ တတ်နိုင်သည်။

ဖြောင်း

အလွန် ကျယ်လောင်ပြတ်သားသော အသံတစ်ခုလည်း ထွက်ပေါ်လာသည်။

ရွှေ့မင်သည် လေထဲတွင်ပင် အရိုက်ခံလိုက်ရပြီး သူမ၏ ခန္ဓာကိုယ် ပျံသန်းနေသော သင်္ဘောကြီးကို အပေါက်ကြီးတစ်ပေါက် ဖြစ်သွားအောင် လုပ်မိတော့မလိုဖြစ်သွားသည်။

ပြန်ကျလာပြီးနောက် ရွှေ့မင်၏ မျက်နှာတစ်ခြမ်းသည် ဝက်ခေါင်းလို ရောင်ကိုင်းနေပြီး သူမ၏ ပါးစပ်ထဲတွင် သွေးများနှင့် ကျိုးနေသော သွားများပြည့်နေသည်။

သူမက ပါးရိုက်ခံလိုက်ရသောကြောင့် ခဏလောက် ကြောင်နေခဲ့သော်လည်း ခဏအကြာမှ ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည်။ သူမသည် အော်ဟစ်လိုက်သည်။

"အစေခံမစုတ်၊ နင် ငါ့ကို ပါးရိုက်ရဲတယ်ပေါ့၊ နင့်သခင်တောင် သေနေပြီကို၊ နင်က ဒီလောက် ရိုင်းစိုင်းရဲသေးတယ်..."

သူအ အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။

အဘယ့်ကြောင့်ဆို ထိုအချိန်မှာ ရှေးဟောင်းအင်မော်တယ် စင်မြင်၏ ထိပ်တွင် တောက်ပမှုသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အတွင်းမှ အခြေအနေကို ပေါ်လွင်စေခဲ့သည်။

လူတိုင်း သေပြီဟု ယုံကြည်နေကြသော ရွှယ်အန်းသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး မတုန်မလှုပ်မျက်နှာနှင့် ခံစားချက်ကင်းမဲ့စွာ ရပ်နေခဲ့သည်။

ဒေါသအပြည့်နှင့် ရောက်လာခဲ့သော ဝေ့မိသားစု အကြီးအကဲသည်တော့ လေထဲတွင် ရပ်တန့်နေခဲ့သည်။

ရုတ်တရက်ဆိုသလို သူသည် သွေးအများကြီး အန်ချလာပြီးတော့ နောက်ကို လွင့်စင်သွားသည်။

All Chapters