လက်တစ်ဖက်တည်းဖြင့် ကြေမွစေခြင်း
Vol. 56 Ch. 832
မူလက အရာအားလုံးကို တည်ငြိမ်စွာ ကြည့်ရှုနေခဲ့သော မျိုးရိုးမြင့် မိသားစုများမှ အကြီးအကဲများနှင့် ဂိုဏ်းချုပ်များစွာတို့သည် ရုတ်တရက်ဆိုသလို မတ်တပ်ရပ်လိုက်ကြပြီး သူတို့၏ မျက်နှာများသည် မယုံနိုင်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ရွှေ့မင်အတွက်မူ သူမ၏ ပါးစပ်သည် အဟောင်းသားဖြစ်ကာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ကြောင်တောင်တောင် စိုက်ကြည့်နေမိသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဘာလို့ ဒီလူက ဝေ့မိသားစု အကြီးအကဲကိုတောင် အနိုင်ယူနိုင်တဲ့အထိ ကြောက်စရာကောင်းနေရတာလဲ...
ထို့အပြင် ကန်ကျင်းသည် ပိုလို့ပင် တုန်လှုပ်သွားပြီး ရွှယ်အန်း၏ မာန်အပြည့်ဖြင့် ရပ်နေသေ ပုံရိပ်ကို ကြည့်နေသော သူမ၏ အကြည့်များသည် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။
ထိုလူ့အပေါ်ထားရှိသော သူမ၏ ယခင်အမြင်များသည် မည်မျှတောင် မှားယွင်းပြီး ရယ်စရာကောင်းခဲ့သည်ကို နောက်ဆုံးတော့ နားလည်သွားခဲ့သည်။
သူမသည် သူ့အား မောက်မာပြီး အသိဉာဏ်မဲ့သူတစ်ယောက်အဖြစ်တောင် လှောင်ပြောင်ခဲ့သေးသည်။
သို့သော် ယခုတော့ တကယ် အသိဉာဏ်မဲ့သူက သူမကိုယ်တိုင် ဖြစ်နေသည်။
ကန်ကျင်း၏ နှလုံးသားသည် ရှုပ်ထွေးနေသော ခံစားချက်များဖြင့် ပြည့်နှက်နေပြီး မည်သို့ ခံစားရမလဲဆိုတာတောင် မသေချာတော့ချေ။
ထိုအချိန်တွင် ရှေးဟောင်းအင်မော်တယ် စင်မြင့်၏ အစွန်းသို့ လွင့်စင်သွားပြီး သွေးများဖြင့် ရွှဲစိုနေသော ဝေ့မိသားစု အကြီးအကဲက ပြောနေဆဲဖြစ်သည်။
"ငါ ဒါကို လက်မခံနိုင်ဘူး"
သူ ပြောလိုက်သည်နှင့် သူ၏ မျက်ခုံးများသည် ပင့်တက်လာပြီး သူ၏ ခန္ဓာကိုယ်သည် တောက်ပနေသော မိုးကြိုးအလင်းများ ပေါက်ကွဲထွက်လာကာ သူ၏ ခေါင်းထိပ်တွင် ရစ်သန်းလာပြီး စင်မြင့်ထက်တွင် မိုးကြိုးဧကရာဇ်တစ်ပါး၏ ပုံရိပ်တစ်ခုကို ဖန်တီးလိုက်သည်။
"ဒါ ဝေ့မိသားစုရဲ့ လျှို့ဝှက်နည်းစနစ်၊ ရူးသွပ်မိုးကြိုး ဧကရာဇ်နည်းစနစ်ပဲ"
"တကယ်ပဲ ဝေ့မိသားစု အကြီးအကဲဆိုတာနဲ့ ထိုက်တန်ပါပေတယ်၊ ဒီတိုက်ပွဲရဲ့ အဖြေက မသေချာသေးဘူးထင်တယ်"
ထိုမျိုးရိုးမြင့် မိသားစု အကြီးအကဲများသည် သူတို့အချင်းချင်း ဆွေးနွေးနေကြသည်။
ထိုအချိန်တွင် ဝေ့မိသားစု အကြီးအကဲသည် ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောသည်။
"ကောင်လေး... မင်း ငါ့ကို ဒီလှုပ်ရှားမှုကို အသုံးပြုအောင် တွန်းအားပေးနိုင်ခဲ့တာတစ်ခုတည်းနဲ့တင် မင်း ဂုဏ်ယူလို့ရနေပြီ၊ လာပြီး သေလိုက်တော့"
ထိုသို့ပြောကာ လျှပ်စီးတန်းများသည် ဟိန်းဟောက်သံများဖြင့် စုစည်းလာပြီး သူ၏ နောက်တွင် အလင်းကွင်းတစ်ခု ဖြစ်ပေါ်လာကာ သူနှင့် စင်မြင့်ထက်ရှိ မိုးကြိုးဧကရာဇ်၏ ပုံရိပ်နှစ်ခုလုံးကို မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်ထဲတွင် တောက်ပစေသည်။
ဤစွမ်းအားသည် ပွဲကြည့်စင်ပေါ်ရှိ လူများနှင့် အကြီးအကဲများ၏ မျက်နှာသွင်ပြင်ကိုပင် ပြောင်းလဲသွားစေသည်။
ထို့နောက် ခြေတစ်လှမ်းတိုးလိုက်သည်နှင့် ဝေ့မိသားစု အကြီးအကဲသည် သူ၏ လက်များကို လေထဲတွင် မြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းစွာ ရိုက်ချလိုက်သည်။
ဘမ်း
လယ်ကွင်းတစ်ခုထက် ကျယ်သော ကြီးမားလှသည့် လေးထောင့်ပုံ အမှတ်အသားတစ်ခုသည် ကောင်းကင်မှ ကျဆင်းလာပြီး ရွှယ်အန်ကို ဖျက်ဆီးပစ်ရန် ပစ်မှတ်ထားလိုက်သည်။
"ဒါ မိုးကြိုးဧကရာဇ်ရဲ့ တံဆိပ်တုံးပဲ"
"နှစ်တစ်ရာအတွင်း မမြင်တွေ့ရတာတောင်ကြာပြီပဲ၊ ဝေ့အကြီးအကဲက တကယ့်ကို အများကြီး တိုးတက်လာခဲ့တာဆိုတော့ အဲ့လူငယ်တော့ သွားပြီ"
ဤ တီးတိုးဆွေးနွေးသံများကြားတွင် ရွှယ်အန်းက မော့ကြည့်လိုက်ပြီး ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်။
"အချိန်ကိုက်ပဲ"
သူ ပြောလိုက်သည်နှင့် ရွှယ်အန်းလည်း သူ၏ လက်မောင်းကို ကောင်းကင်သို့ ထောင်လိုက်ပြီး အပေါ်မှ ပြုတ်ကျလာသော မိုးကြိုးဧကရာဇ်၏ တံဆိပ်တုံးကို ဖမ်းလိုက်သည်။
ဘမ်း
ရှေးဟောင်းအင်မော်တယ် စင်မြင့်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများသည် ရွှယ်အန်း၏ ပတ်ပတ်လည်တွင် ကျဆင်းလာသည်။
သို့သော် ဤ ငွေရောင်မြွေကဲ့သို့ လျှပ်စီးများ ကခုန်နေမှုအတွင်းတွင် ရွှယ်အန်းသည် မိုးကြိုးဧကရာဇ်၏ တံဆိပ်တုံးကို ကိုင်ထားကာ ရှေ့သို့ ခြေလှမ်းလိုက်ကာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော ဝေ့မိသားစုအကြီးအကဲကို ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
"မင်းရဲ့ စွမ်းအားက ဒီလောက်ပဲလား"
ထိုသို့ပြောကာ ရွှယ်အန်းသည် သူ၏ လက်ကို ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ခွမ်း ဟူသော အသံတစ်ခုနှင့်အတူ သူသည် မိုးကြိုးဧကရာဇ်၏ တံဆိပ်တုံးကို အပိုင်းပိုင်းဖြစ်အောင် ကြိတ်ခွဲလိုက်သည်။
"ဒီနေ့ ခင်ဗျားကို ကိုးကောင်းကင် မိုးကြိုးဆိုတာ ဘာလဲဆိုတာ ငါ ပြမယ်"
ရွှယ်အန်းသာ် လက်ညှိုးတစ်ချောင်းတည်းကို ကောင်းကင်သို့ ထိုးပြပြီး ခေါ်လိုက်သည်။
"မိုးကြိုး ဆင်းလာ"
တစ်ခဏအတွင်း ကောင်းကင်သည် မိုးကြိုးတိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားပြီး ကြီးမားသော ဝဲဂယက်ကြီးတစ်ခုသည် ရှေးဟောင်းအင်မော်တယ် စင်မြင့်ကို တည့်တည့် ပစ်မှတ်ထားလိုက်သည်။
ထိုဝဲဂယက်အတွင်းတွင် အလင်းများသည် ရူးသွပ်စွာ လှိုင်းထန်လာသည်။
ရုတ်တရက်ဆိုသလို...
ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်သော ခမ်းနားထည်ဝါသည့် မိုးကြိုးတန်းကြီးတစ်ခုသည် ထိပ်ဆုံးတွင် ပေါ်လာပြီးနောက် ဝေ့မိသားစု အကြီးအကဲဆီသို့ ဒေါသတကြီး ပစ်ဆင်းလာသည်။
ဝေ့အကြီးအကဲ၏ တစ်ကိုယ်လုံးသည် ကောင်းကင်ကို တုန်လှုပ်စေသော မိုးကြိုးတန်းကြီးကြောင့် တုန်လှုပ်ခြောက်ခြားသွားပြီး လက်ညှိုးတစ်ချောင်းပင် လှုပ်ရန် မဖြစ်နိုင်ကာ အရာအားလုံးကို အလွန်အမင်း ထိတ်လန့်သော အကြည့်ဖြင့် ကြည့်နေမိသည်။
ဘမ်း
မိုးကြိုးလည်း ပစ်ချလိုက်သည်။
ပထမဆုံး ကြေမွသွားသည့်အရာမှာ ဝေ့အကြီးအကဲ၏ ဝိညာဉ်စင်မြင့်ထက်ရှိ မိုးကြိုးဧကရာဇ်၏ ပုံရိပ်ဖြစ်သည်။
ချက်ချင်းဆိုသလို ဝေ့မိသားစု အကြီးအကဲသည် ထိုနေရာတွင် တောင့်တင်းသွားသည်။
ထို့နောက် သူသည် တဖြည်းဖြည်း ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်။
တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်...
ဝေ့မိသားစု အကြီးအကဲသည် လုံးဝ ပျက်စီးသွားပြီး ဝိညာဉ်ရော၊ ခန္ဓာကိုယ်ပါ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် ရှေးဟောင်းအင်မော်တယ် စင်မြင့်ပေါ်တွင် ရွှယ်အန်း တစ်ယောက်တည်းသာ မားမားမတ်မတ် ရပ်တည် ကျန်ရစ်ခဲ့သည်။
နေရာတစ်ခုလုံးသည် သေရွာကဲ့သို့ တိတ်ဆိတ်သွားသည်။
အစွမ်းထက် မျိုးရိုးမြင့် မိသားစုများ၏ အကြီးအကဲများ ဖြစ်စေ၊ နတ်ဘုရားဂိုဏ်းများ၏ သခင်များ ဖြစ်စေ ဤအချိန်တွင် ၎င်းတို့အားလုံး၏ မျက်နှာသွင်ပြင်များ ပြောင်းလဲသွားကြသည်။
အဘယ်ကြောင့်ဆို ရွှယ်အန်းသည် ဝေ့ဟောက်ချန်ကို တစ်ချက်တည်းဖြင့် သတ်လိုက်သည်ကို မမျှော်လင့်ထားသောကြောင့်သည်။
၎င်းသည် ဝေ့မိသားစု၏ ဘိုးဘေးထံမှ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည့်အချက်ကိုကြည့်ပါက အံ့ဩဖွယ် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်သည်။
သို့သော် ရွှယ်အန်းသည် ဝေ့မိသားစု၏ ဤဘိုးဘေးကို အမှန်တကယ် ချေမှုန်းနိုင်လိမ့်မည်ဟု မည်သူမျှ မတွေးထားခဲ့ပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် တုန်ရီသော အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
"သူ... သူ တိုက်ပွဲတစ်ခုလုံးမှာ လက်တစ်ဖက်တည်း သုံးသွားတာ"
အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ပွဲနေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ထို့နောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။
အမှန်ပင်...
အစကနေ ယခုအချိန်အထိ ရွှယ်အန်းသာ် လက်တစ်ဖက်တည်းသာ အသုံးပြုခဲ့သော်လည်း သူသည် ဝေ့မိသားစုကို လေမုန်တိုင်းထဲမှ သစ်ရွက်များအား တံမြက်စည်းလှဲသည့်ပမာ အလွယ်တကူ ဖျက်ဆီးခဲ့သည်။
ခဏတာမျှ မရေမတွက်နိုင်သော ကြောက်ရွံ့မှုနှင့် လေးစားမှုများဖြင့် ပြည့်နှက်နေသော အကြည့်များသည် ရွှယ်အနအပေါ်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် လှေပေါ်တွင် ရွှေ့မင်နှင့် ကန်ကျင်းတို့၏ မျက်နှာသွင်ပြင်များသည် အလွန်ဆိုးရွားသွားသည်။
အထူးသဖြင့် ရွှေ့မင်ဆိုလျှင် သူမ၏ တစ်ကိုယ်လုံးက တုန်ယင်နေပြီး သူမ၏ ရောင်ကိုင်းနေသော မျက်နှာသည် စတင် အရောင်ကျသွားသော်လည်း သူမ၏ မျက်လုံးများထဲမှ ထိတ်လန့်မှုကို ဝှက်ထား၍ မရနိုင်သေးပေ။
သူမ အမြဲတမ်း အထင်သေးခဲ့သော ထိုလူသည် စစ်မှန်သောစွမ်းအားရှင်ဖြစ်ကြောင်း သူမ သဘောပေါက်သွားသည်။
ချပ် ချပ် ချပ်
လက်ခုပ်တီးသံတစ်ခုသည် လူအုပ်ကြီး၏ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ဒီ ဖျော်ဖြေမှုက တကယ့်ကို ခမ်းနားထည်ဝါတာပဲ၊ ကြည့်ရတာ တကယ်ကို ကြောက်ရွံ့လေးစားမိပါတယ်"
လူအုပ်ကြီးသည် သူတို့၏ ခေါင်းများကို လှည့်ကြည့်လိုက်ကြသည်။
၎င်းတို့သည် ပွဲကြည့်စင်၏ ထိပ်တွင် အလွန် ချောမောလှပသော ရွှမ်ယွဲမှာ လက်ခုပ်တီးလျက် ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
ရွှယ်အန်းက သဘောတူခြင်း၊ မတူခြင်း မပြဘဲ သူ၏ အကြည့်သည် ကြီးမားလှသော ပွဲကြည့်တိုင်ကြီး ခြောက်တိုင်ကို တစ်တိုင်ချင်း ဝေ့ဝဲကြည့်လိုက်ပြီးနောက် ခပြောလိုက်သည်။
"ဒါဆို မင်းတို့အားလုံး ငါဘယ်သူလဲဆိုတာ အစကတည်းက သိနေခဲ့ကြတာပေါ့၊ ဟုတ်တယ်မလား"
သူ ထိုစကားကို ပြောလိုက်သည်နှင့် လူအများအပြားသည် အံ့ဩမှုနှင့် ရှုပ်ထွေးမှု အမူအရာကို မပြဘဲ မနေနိုင်ဖြစ်သွားကြသည်။
"သူ ဘာကို ဆိုလိုချင်တာလဲ"
"ငါလည်း မသေချာဘူး၊ ဒါပေမဲ့ အစီအစဉ်တွေ ပြောင်းလဲသွားတဲ့ပုံပဲ"
ရွှမ်ယွဲသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
"တကယ်ပဲ... ဒီ စစ်မှန်မေးမြန်းခြင်း ပွဲတော်ကို မင်းအတွက် ပြင်ဆင်ခဲ့တာ၊ ရွှယ်အန်း... မင်းက ငါတို့ ညီအစ်ကို ငါးယောက်လုံးကို အတူတူ လှုပ်ရှားစေခဲ့တာ၊ နတ်ဆိုးကြီးကိုတောင် လာပြီး ကူညီဖို့ ဆွဲဆောင်နိုင်ခဲ့တာ၊ မင်း ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသင့်တယ်"
ရွှယ်အန်း...
ဤနာမည်ကို ကြားလိုက်ရသည်နှင့် ပွဲနေရာသည် တိတ်ဆိတ်သွားပြီး ဧရာမ ဗုံးကြီးတစ်လုံး ပစ်ချခံလိုက်ရသလို ဆူညံပွက်လောရိုက်သွားသည်။
"ဘုရားရေ! သူက ကျီလဲ့ပြခန်းကို တစ်ယောက်တည်း ဖျက်ဆီးခဲ့တဲ့ ရွှယ်အန်းလား"
"သူ ဒီလောက် တော်နေတာ မဆန်းတော့ဘူး၊ ဂိုဏ်းတစ်ခုကို သူ့ဘာသာသူ မျိုးဖြုတ်နိုင်ပြီး စစ်မှန်အင်မော်တယ် လော့စန်းချီကို သတ်ဖြတ်နိုင်ခဲ့တော့ တကယ့်ကို ပြိုင်ဘက်ကင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးပဲ"
"သွေးကွန်ယက်တောင်တန်းက အဆင့်မြင့် လူတွေအားလုံး ဒီတစ်ခါ အင်အားအပြည့်နဲ့ ထွက်လာကြတာက သူ့အတွက်ပဲ၊ အခုတော့ ဒီ ရွှယ်အန်းတော့ ဒုက္ခတွေ့လောက်ပြီ"
များပြားလှသော ဆွေးနွေးမှုများကြားတွင်
ရွှေ့မင်သည် အစပိုင်းတွင် ကြောင်သွားပြီး သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ဒါဆို သူက ရွှယ်အန်းကိုး...
၎င်းသည် သွေးကွန်ယက်တောင်တန်းမှ အဆင့်မြင့်သူများအား သူ့ကို ပူးပေါင်းတိုက်ခိုက်အောင် ရန်စနိုင်ခဲ့ပြီဆိုသောကြောင့် ၎င်းသည် စစ်မှန်အင်မော်တယ် ဖြစ်နေလျှင်တောင် ဒီနေရာတွင်သာ ကျဆုံးရလိမ့်မည်။
သို့သော် သူမ၏ ကျေနပ်ပီတိဖြစ်မှုသည် ကြာရှည်မခံလိုက်ပေ။
မွှေးရနံ့တစ်ခုသည် ရုတ်တရက် လေထဲတွင် ပြည့်နှက်သွားသည်။
သူမ ကြောင်သွားပြီး မော့ကြည့်လိုက်သည်။
အစောကမှ အစေခံမလေးတစ်ယောက်လို ဖြစ်နေခဲ့သော မုယာသည် ယခုအခါ သူမ၏ စစ်မှန်သော မျက်နှာကို ဖော်ပြကာ သူမကို အေးစက်သော အကြည့်တစ်ချက်ဖြင့် ဝေ့ကြည့်လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ လှပစွာ လျှောက်လှမ်းသွားကာ ရွှယ်အန်း၏ ဘေးတွင် လာရပ်သည်ကို မြင်လိုက်ရသည်။
"မုယာက သခင်ကြီးရဲ့ ဘေးမှာ အစေခံဖို့ ဆန္ဒရှိပါတယ်"
မုယာ...
လူအများအပြားသည် နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ရှုပ်ထွေးသော အမူအရာများ ဖြစ်နေကြသည်။
ထို့နောက် တစ်စုံတစ်ယောက်သည် အော်ဟစ်ပြောလိုက်သည်။
"ငါ သူမကို မှတ်မိတယ်၊ သူမက ကျီလဲ့သူတော်စင်ပဲ"
ကျီလဲ့သူတော်စင်...
ဤနာမည်ကို ကြားသောအခါ များပြားလှသော ကျင့်ကြံသူများအားလုံး ကြောင်သွားကြပြီး သူတို့၏ အမူအရာများက အနည်းငယ် ထူးဆန်းသွားသည်။
ကျီလဲ့သူတော်စင်မဆိုသည်မှာ ကျီလဲ့ခန်းမ၏ သန့်စင်သူတော်စင်မ မဟုတ်လား?
တွေးကြည့်ပါက ကျီလဲ့ခန်းမကို ရွှယ်အန်းသည် ပျက်စီးသွားခဲ့သောကြောင့် သူမသည် ၎င်းနှင့် အခဲမကြေနိုင်သော ရန်သူများ ဖြစ်သင့်သည်။
သို့သော် ယခုအခါ ကျီလဲ့သူတော်စင်မတောင် လေးစားမှုကို ပြသနေသည်။
ဒါ ဘာတွေ ဖြစ်ကုန်တာလဲ...
သူတို့ တုန်လှုပ်ပြီး ရှုပ်ထွေးနေချိန်တွင် တောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်မှ ပျံသန်းလာပြီး မျက်စိတစ်မှိတ်အတွင်း ပွဲနေရာ၏ အလယ်သို့ ရောက်ရှိလာသည်။
ထို့နောက် အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။
"ရွှယ်လေ့လီက သခင်ကြီးနောက်ကို လိုက်ပြီး တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်”