အားလုံးကို သုတ်သင်ခြင်း
Vol. 56 Ch. 833
စကားသံဆုံးသွားသည်နှင့် ဓားသမားဝတ်စုံဖြင့် ရွှယ်လွေ့လီသည် အလယ်ကွင်းပြင်ထဲတွင် ပေါ်လာသည်။
သူမနှင့်အတူ ကျန်းချီလည်း ပါလာသည်။
သူတို့နှစ်ယောက်လုံးသည် ရွှယ်အန်း၏နောက်တွင် နေရာယူလိုက်ကြသည်။
ဤမြင်ကွင်းကို မြင်သောအခါ လူအုပ်ကြားထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ကျန့်ဟုန်အဆောက်အအုံက ရွှယ်လွေ့လီတောင် လာတာပဲ၊ ဒီနေ့တိုက်ပွဲက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီ"
လူအုပ်ကြီးသည် ဆူဆူညံညံ ဆွေးနွေးနေကြသည်။
စင်မြင့်ပေါ်တွင် ထိုင်နေသော ရွှမ်ယွဲသည် သက်ပြင်းအသာချလိုက်သည်။
"ညီမလေးလွေ့လီ၊ ညီမလေးမုယာ၊ မင်းတို့က ဘာလို့ သူ့ရဲ့ လှည့်စားတာကို ခံချင်နေရတာလဲ မသိတော့ဘူး၊ ဘာပဲဖြစ်ဖြစ် သူက မင်းတို့ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ အဓိက တရားခံပဲလေ၊ ပြီးတော့ ဒီနေ့ သူသေရမှာ သေချာနေပြီ"
ရွှယ်လွေ့လီက အေးစက်စွာ ပြန်ပြောလိုက်သည်။
"ရွှမ်ယွဲ... ကျွန်မ ဘာလုပ်လုပ် ရှင့်ရဲ့ဝေဖန်မှုကို မလိုအပ်ဘူး"
မုယာသည် ပိုလို့ပင် အေးစက်သော ရယ်သံဖြင့် ရယ်လိုက်သည်။
"သူတော်ကောင်းယောင် ဆောင်မနေနဲ့ထ ရ်ှုတို့ သွေးကွန်ယက်တောင်က လူတွေထဲမှာလည်း လူကောင်းဆိုတာ သိပ်ရှိတာမဟုတ်ဘူး"
ရွှမ်ယွဲ၏ မျက်နှာသည် မည်းမှောင်သွားပြီး နှာခေါင်းတစ်ချက်မှုတ်လိုက်သည်။
"မင်းတို့က တကယ်ကို ကုလို့မရတဲ့ အမှိုက်တွေပဲ"
မိစ္ဆာဘိုးဘေးသည် ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်း ငါ့သားကို သတ်ခဲ့တယ်၊ ဒီနေ့ မင်းရဲ့အသက်သွေးနဲ့ ပြန်ဆပ်ရမယ်"
သူစကားပြောနေစဉ်တွင် ဧရာမ ကြည့်စင်တိုင်ကြီးခြောက်ခုပေါ်ရှိ လူအားလုံးသည် စင်မြင့်ကို ဝန်းရံကာ ပျံတက်လာကြပြီး ရွှယ်အန်းကို အလယ်တွင် ပိတ်ထားလိုက်သည်။
"ဒါ... ဒါက ရွှယ်အန်းကို ဝိုင်းသတ်မလို့လား"
လူတစ်ယောက်သည် ထိတ်လန့်တကြား အော်လိုက်သည်။
ထိုအချိန်တွင် ဤပုဂ္ဂိုလ်ခြောက်ဦး၏ ကြောက်မက်ဖွယ် ဖိအားများကြောင့် လူအများအပြား အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။
ထိုသည်တောင် သူတို့သည် ၎င်းတို့နှင့် အတော်လေး အလှမ်းဝေးနေသေးသည်။
စင်မြင့်ပေါ်ရှိ ရွှယ်အန်းဆိုပါက မည်မျှကြောက်စရာကောငသော ဖိအားများ ရင်ဆိုင်နေရမည်ကို တွေးကြည့်ရုံသာ တက်နိုင်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်သေးဘဲ ထိုကြောက်မက်ဖွယ် ဖိအားများကို သူ့မျက်နှာအား ဖြတ်တိုက်သွားသော လေပြေလေညင်းလေးသဖွယ် သဘောထားကာ အေးဆေးစွာ ရပ်နေဆဲဖြစ်သည်ကို လူအုပ်ကြီးက သတိပြုမိလိုက်သည်။
ကြည့်ရှုနေကြသော ကျင့်ကြံသူအားလုံး ယခုအခါ နားလည်သွားကြပြီဖြစ်သည်။
ဤ စစ်မှန်အင်မော်တယ် မေးမြန်းခြင်း ပွဲတော်သည် အတုအယောင်မျှသာ ဖြစ်သည်။
တကယ့်ရည်ရွယ်ချက်မှာ ရွှယ်အန်းကို ရှင်းပစ်ရန် ဖြစ်သည်။
ထို့အပြင် ရွှယ်အန်းကို ဖယ်ရှားရန်အတွက် သွေးကွန်ယက်တောင်သည် အကြီးကြီး ရင်းနှီးမြှုပ်နှံခဲ့ပြီး သူတို့၏ ထိပ်တန်းပုဂ္ဂိုလ်ကြီးငါးဦးကို စေလွှတ်ခဲ့သည့်အပြင် ရှုန်းမော့တောင်ကြားမှ ရှေးဘိုးဘေးကိုယ်တိုင်ပင် လာရောက်ခဲ့သည်။
ဤအင်အားသည် ငြင်းစရာမရှိအောင် အစွမ်းထက်လှသည်။
သို့သော် ဤအရာက ရွှယ်အန်း၏ အစွမ်းကို အခြားတစ်ဖက်မှ ပြသနေပြန်သည်။
အစပိုင်းတွင် သွေးကွန်ယက်တောင်သည် ရွှယ်အန်းကို လုံးဝ အလေးမထားခဲ့ပေ။
သို့သော် ကျီလဲ့ခန်းမဆောင်မှ စုံစမ်းရေးသမားများ ပြန်ရောက်လာပြီးနောက် သူတို့ တင်ပြလာသော သတင်းများကြောင့် ရွှမ်ယွဲ၏ အာရုံစိုက်မှုကို ရရှိသွားသည်။
တောင်များကို အမြစ်မှ ဆွဲနှုတ်ပြီး လူတစ်ယောက်တည်း၏ အစွမ်းဖြင့် ကျီလဲ့ခန်းမဆောင်ကို သုတ်သင်ပစ်ခဲ့သော တိုက်ကွက်ဖြစ်သည်။
ဤအချက်များသည် ရွှမ်ယွဲနှင့် အခြားထိပ်တန်းပုဂ္ဂိုလ်များကို အံ့အားသင့်သွားစေသည်။
အဘယ်ကြောင့်ဆို သူတို့ကိုယ်တိုင်ပင် ထိုသို့ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သိသောကြောင့် ဖြစ်သည်။
ရွှယ်အန်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး စစ်မှန်အင်မော်တယ်အဆင့် ဖြစ်နိုင်သည်မှာ ထင်ရှားနေသည်။
ဤစိုးရိမ်မှုကြောင့် ရွှမ်ယွဲသည် သတင်းကို သူတို့၏ ဆရာသခင်၊ သွေးကွန်ယက်တောင်၏ တောင်သခင်ထံသို့ တင်ပြခဲ့သည်။
ထိုအခါ အချိန်အတော်ကြာ ပေါ်မလာခဲ့သော တောင်သခင်သည် စကားလေးလုံး ပြန်ပြောကြားခဲ့သည်။
"ခြင်္သေ့ဆိုရင်တောင် ယုန်ကို အစွမ်းကုန်တိုက်ရမယ်"
ရွှမ်ယွဲသည် ဤအဓိပ္ပာယ်ကို နားလည်လိုက်သည်။
ခြင်္သေ့သည် သားရဲတို့၏ဘုရင် ဖြစ်သော်ငြား ယုန်တစ်ကောင်ကို အမဲလိုက်သည့်အခါ၌ပင် အစွမ်းကုန် အသုံးပြုတက်သည်။
ယခုအခါ စစ်မှန်အင်မော်တယ် ဖြစ်နိုင်သူကို ရင်ဆိုင်ရမည့်အခြေအနေတွင် ပြောစရာမလိုတော့ပေ။
ဤအတွေးကြောင့် ရွှမ်ယွဲသည် ဤပွဲတော်ကို ချက်ချင်းပြင်ဆင်ပြီး မိစ္ဆာဘိုးဘေးကို ဖိတ်ကြားရန် လူတစ်ယောက်ကို စေလွှတ်ခဲ့သည်။
၎င်းတို့ ရည်ရွယ်ချက်မှာ ရွှယ်အန်းကို ဤနေရာသို့ ဆွဲဆောင်ရန် ဖြစ်သည်။
ဤအစီအစဉ်ကို ဂရုတစိုက် ပုံဖော်ခဲ့ပြီး ယခုအခါတွင် အောင်မြင်မှု ရလဒ်များ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ရွှမ်ယွဲသည် သူ၏ ဂိုဏ်းတူ မောင်နှမများအပြင် မိစ္ဆာဘိုးဘေးတို့နှင့်အတူ ရွှယ်အန်းကို လုံးဝ ဝန်းရံထားလိုက်သည်။
ဤအခိုက်အတန့်တွင်...
လူတိုင်းသည် ရွှယ်အန်း သေရတော့မည်မှာ သေချာပြီဟု ယုံကြည်နေကြသည်။
လူအများအပြားသည် သူ့အတွက် စိတ်ထဲတွင် သနားနေမိကြသည်။
အချို့လူများသည်တော့ တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။
ရွှယ်အန်း၏ ရုတ်တရက် ပေါ်ပေါက်လာမှုသည် ဖိအားများလွန်းခဲ့သည်။ သူသေမှသာလျှင် အနာဂတ်တွင် ဖြစ်လာနိုင်သော ပြဿနာများကို အပြီးတိုင် ဖယ်ရှားနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် ရွှမ်ယွဲသည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ရွှယ်အန်း... မင်းရဲ့ကျင့်ကြံမှုအဆင့်ကို ရဖို့ ခက်ခဲတာကို ထောက်ထားပြီး၊ အခု ဒူးထောက်လိုက်ရင် ငါတို့ မင်းကို သက်သက်သာသာ သေခွင့်ပေးမယ်၊ မဟုတ်ရင်တော့ မင်းကို ငါတို့ သွေးကွန်ယက်တောင်ရဲ့ သွေးချောက်နက်ကြီးထဲ ပစ်ချပြီး အဆုံးမရှိတဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ခံစားခိုင်းမယ်"
သို့သော် ရွှယ်အန်းမှာ ရယ်သာရယ်လိုက်သည်။
သူ့အပြုံးထဲတွင် အေးဆေးတည်ငြိမ်မှုတို့ ပြည့်နှက်နေသည်။
"မင်းတို့လောက်နဲ့ ငါ့ကို ပိတ်ဆို့ပြီးသတ်ဖြတ်နိုင်မယ် ထင်နေတာလား၊ ပြီးတော့ ရွှမ်ယွဲ.... မင်း ဒီလောက် အားထုတ်ကြိုးပမ်းခဲ့တာတွေ အလဟဿပါပဲ၊ မင်း ဒီလို မစီစဉ်ခဲ့ရင်တောင် ငါက ဒီနေရာကို လာမှာပဲ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ညီလေး လော်စန်းချီကို ငါပြောခဲ့ဖူးတယ်၊ သွေးကွန်ယက်တောင်က ငါ့လက်ထဲမှာ ပျက်စီးဖို့ ကံကြမ္မာ ပါလာပြီးသားမို့ပဲ"
ဤစကားများကို ကြားသောအခါ
လူတိုင်းသညါ ရွှယ်အန်းကို အရူးတစ်ယောက်လို ကြည့်လိုက်ကြသည်။
ဤသို့သော သေလမ်းပိတ်နေသည့် အခြေအနေကို ရင်ဆိုင်နေရသည် ၎င်းသည် ရန်စရဲသေးသည့်အပြင် သွေးကွန်ယက်တောင်ကို ဖျက်ဆီးမည်ဟု ကြွားဝါနေသေးသည်။
ထိုသည်မှာ မောက်မာတာထက် ပိုသွားပြီဖြစ်သည်။
ဒါက သေလမ်း ရှာနေတာပဲ...
သူတို့ ထင်ထားသည့်အတိုင်းပင် ဤစကားများသည် ရွှမ်ယွဲနှင့် အခြားသူများကို လုံးဝ ဒေါသထွက်သွားစေသည်။
"ဘာမှမသိတဲ့ငတုံး"
မိစ္ဆာဘိုးဘေးသည် သူ၏ ဒေါသကို မထိန်းနိုင်တော့ဘဲ ပထမဆုံး လှုပ်ရှားလိုက်သည်။
တစ်ချက်အတွင်း သူ၏ ပုံရိပ်သည် ဝေဝါးသွားပြီး ပေပေါင်းသောင်းချီ မြင့်သော သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားကာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... ဒီနေ့ ငါ မင်းကို ကြေမွသွားအောင် ချေမွပစ်မယ်"
သူပြောလိုက်သည်နှင့် မိစ္ဆာဘိုးဘေးသည် အောက်သို့ နင်းချလိုက်သည်။
သူ၏ ဒေါသတကြီး နင်းချလိုက်သော အရှိန်ကြောင့် စင်မြင့်၏ မိုင်တစ်ရာပတ်လည်ရှိ မြေကြီးတွင် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားသည်။
ကောင်းကင်ပေါ်ရှိ သင်္ဘောများအားလုံး လွင့်စင်သွားပြီး လူတိုင်း ထိတ်လန့်သွားကြသည်။
"ဒါ မိစ္ဆာဘိုးဘေးရဲ့ ဗုဒ္ဓကိုယ်ထည်ပဲ၊ မိစ္ဆာဘိုးဘေးက နှစ်တစ်ထောင်ကြာအောင် စစ်မှန်အင်မော်တယ်အဆင့် အစွမ်းထက်သူလို့ သတ်မှတ်ခံရတာ မဆန်းတော့ဘူး၊ ဒီတစ်ချက်နဲ့ အင်မော်တယ်သခင်ရဲ့ တိုက်ကွက်နဲ့တောင် ယှဉ်နိုင်တယ်"
တစ်စုံတစ်ယောက်သည် အံ့ဩတကြီး ပေ့ာလိုက်သည်။
ဤသို့သော ပြင်းထန်လှသည့် အရှိန်အဝါအောက်တွင် ရွှယ်အန်း၊ မုယာ၊ ရွှယ်လွေ့လီတို့လည်း မုန်တိုင်းထဲမှ လှေငယ်လေးများသဖွယ် သူတို့၏ ပုံရိပ်များသည် မတည်မငြိမ်တော့ပဲ ယိမ်းထိုးနေကြသည်။
လူအများအပြားသည် တိတ်တဆိတ် ခေါင်းခါလိုက်ကြသည်။
ဒီ ရွှယ်အန်းတော့ ရှုံးတော့မယ်
သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်းသည် အေးစက်စွာ ပြောလိုက်သည်။
"ငါ မင်းတို့ရဲ့ သွေးကွန်ယက်တောင်ကို ဘာလို့ ဖျက်ဆီးချင်လဲ သိလား"
လူအုပ်ကြီး အနည်းငယ် ကြောင်သွားသည်။
"စစ်ဟွာမြို့က လုယီယွမ်လို့ပြောရင် မင်းတို့အားလုံး သူ့ကို သိကြတယ်မလား"
ဤစကားကို ကြားသောအခါ ရွှမ်ယွဲနှင့် အခြားခေါင်းဆောင်များ တုန်ရီသွားသည်။
"မင်းက..."
ရွှယ်အန်းက ခပ်ရေးရေး ပြုံးလိုက်သည်။
"ဟုတ်တယ်၊ ငါက စစ်ဟွာမြို့ကနေ လာခဲ့တာ"
စစ်ဟွာမြို့...
အဲ့ဒီနာမည်က ဘာလို့ အဲ့လောက် မရင်းနှီးရတာလဲ...
အလယ်ပိုင်းဒေသမှ ကျင့်ကြံသူအများအပြားသည် ရှုပ်ထွေးသော အမူအရာများ ဖြစ်နေကြသည်။
ထိုစဉ်တွင်...
မိစ္ဆာဘိုးဘေး၏ ခြေထောက်သည် သူ၏ ကြောက်မက်ဖွယ် ရယ်သံများနှင့်အတူ ကျဆင်းလာခဲ့သည်။
"ကောင်လေး၊ အခု မင်း သေရတော့မယ်..."
ရယ်သံသည် ရုတ်တရက် ရပ်တန့်သွားပြီး စူးရှသော အော်ဟစ်သံအဖြစ် ပြောင်းလဲသွားသည်။
အဘယ်ကြောင့်ဆို ရွှယ်အန်းသည် သူ၏လက်ကို ဓားအဖြစ် အသုံးပြုကာ လျင်မြန်စွာ ခုတ်ချလိုက်သောကြောင့် ဖြစ်သည်။
ရွှပ်
မိစ္ဆာဘိုးဘေး၏ ခြေထောက်သည် ပြတ်တောက်သွားသည်။
သွေးများ ပန်းထွက်လာသည်နှင့်အတူ သူ ထုတ်ဖော်ထားသော ကြီးမားလှသည့် ဗုဒ္ဓကိုယ်သည် ပျောက်ကွယ်သွားသည်။
"သွေးကြွေးတွေ ဆပ်ရမယ့်အချိန် ရောက်ပြီ၊ သွေးနဲ့ပဲ ပြန်ဆပ်ရတာပေါ့"
ရွှယ်အန်း စကားပြောပြီးနောက် လူတိုင်းလည်း ကောင်းကင်၏ အလင်းရောင် မှိန်ကျသွားသည်ကို ခံစားလိုက်ရသည်။
သူတို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤဓားအလင်းတန်းများသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသော်လည်း ၎င်းတို့အားလုံးသည် ရွှယ်အန်းကို ဗဟိုပြု၍ ဖြည်းညှင်းစွာ လှည့်ပတ်နေကြသည်။
ဓားသိုင်းပညာ၏ စွမ်းအားအောက်တွင် ရွှမ်ယွဲနှင့် အခြားသူများအားလုံးသည် သူတို့အပေါ်သို့ ဖိကျလာသော ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသည်။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ၊ မင်း ဘယ်လိုလုပ် ဒီလို ဓားသိုင်းပညာ ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်နိုင်ရတာလဲ"
ရွှမ်ယွဲပင်လျှင် မျက်နှာ ဖြူဖျော့သွားရသည်။
ရွှယ်အန်းသည် ခပ်ဖွဖွ ပြုံးလိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ အဆုံးမရှိသော ဓားအလင်းတန်းများသည် သူ၏လက်ထဲတွင် လျင်မြန်စွာ စုစည်းသွားပြီး ချက်ချင်းပင် ကောင်းကင်သို့ ထိမတတ် ကြီးမားသော ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
"ဒီနေ့က သွေးကွန်ယက်တောင် ဒီလောကကနေ ပျောက်ကွယ်သွားရမယ့်နေ့ပဲ"
ထိုသို့ ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ဓားကို ကောင်းကင်ယံမှ ဝှေ့ယမ်းလိုက်ပြီး အင်မော်တယ်များဆီ တိုက်ရိုက် ခုတ်ချလိုက်လေသည်။