အမှန်တရားကို ဖော်ထုတ်ခြင်း
Vol. 56 Ch. 836
အဆုံးတွင် အကြီးအကဲ တစ်ယောက်တည်းသာ ကျန်တော့သည်။
၎င်း၏ မျက်နှာသည် အသက်ရှုအောင့်ထားရသဖြင့် ခရမ်းရောင်သမ်းနေပြီး သူ၏ ပေတစ်ထောင်မြင့်သော ရုပ်ခန္ဓာကိုယ်ဖြင့် ထောက်ပံ့ထားကာ ခေါင်းမှ ချွေးများ စိုရွှဲနေသည်။
သို့သော် နတ်ဘုရား၏ ပြစ်ဒဏ်ခတ်ခြင်းနှင့် တူလှသော ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် မည်သည့် ရုန်းကန်မှုမဆို အချည်းနှီးသာ ဖြစ်သည်။
ထို့ကြောင့် အသက်ရှုချိန် ဒါဇင်ကျော်မျှသာ အောင့်ထားနိုင်ပြီးနောက်
ထိုအကြီးအကဲသည် ကျယ်လောင်စွာ အော်လိုက်ရသည်။ အဘယ့်ကြောင့်ဆ်ု သူ၏ ပေတစ်ထောင်မြင့်သော ခန္ဓာကိုယ်သည် ကောင်းကင်ကို ထောက်ပံ့ထားသော လက်မောင်းများမှ စတင်၍ ကြေမွ ပျက်စီးလာသောကြောင့် ဖြစ်သည်။
တစ်ခဏအတွင်းမှာပင် နှစ်ပေါင်း တစ်ထောင်ကျော် ကျော်ကြားခဲ့သော ဤ ပြိုင်ဘက်ကင်း စစ်မှန်အင်မော်တယ်သည် ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် လုံးလုံး ကြေမွသွားပြီး မြူမှုန်များအဖြစ် လွင့်စဉ်သွားသည်။
ထို့နောက် ရွှယ်အန်း၏ ခြေထောက်သည် အတားအဆီးမရှိဘဲ ပြင်းထန်စွာ နင်းချလိုက်သည်။
ဘုန်း...
ချီစွမ်းအင်များသည် နေရာတိုင်းသို့ ပျံ့နှံသွားသည်။
ကောင်းကင်ယံကို ပြည့်နှက်နေခဲ့သော သွေးပင့်ကူတောင်၏ တပည့်များသည် ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ သွေးမှုန်များအဖြစ် ကြေမွသွားကြသည်။
ထိုအချိန် ရွှယ်အန်း၏ ခြေထောက်သည် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ ကောင်းကင်သို့ မော့ကြည့်လိုက်သူတိုင်း တွေ့လိုက်ရသည်မှာ
တစ်ချိန်က ကောင်းကင်တစ်ဝက်ကို သိမ်းပိုက်ထားခဲ့သော သွေးပင့်ကူတောင်မှ တပည့်များသည် ထိုတစ်ချက်တည်းသော နင်းချေမှုဖြင့် အများစုမှာ သေသွားခဲ့ပြီ ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူများမှာ ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်သွားကြသည်။
သွေးပင့်ကူတောင်ရှိ အကြီးအကဲ ဆယ့်သုံးယောက်သည် အရိုးတစ်စပင် မကျန်တော့ပေ။
ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ကျင့်ကြံသူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့ လေးစားရသော အကြီးအကဲများ ဖြစ်စေ ထင်ရှားသော ရှေးဟောင်းမျိုးနွယ်စုများမှ မျက်နှာသာပေးခံရသော ပါရမီရှင်များ ဖြစ်စေ၊ နတ်ဘုရားဂိုဏ်းများမှ ခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များ ဖြစ်စေ၊ ကျင့်ကြံသူအားလုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။
အဘယ်ကြောင့်ဆို လွန်ခဲ့သောအချိန်ပထိတိုင် သူတို့၏ စိတ်ထဲတွင် ရွှယ်အန်းသည် ဒေါသထွက်နေသော သွေးပင့်ကူတောင်ကို မည်သို့ ရင်ဆိုင်ဖြေရှင်းမည်ကို အံ့ဩနေခဲ့ကြသောကြောင့် ဖြစ်သည်။
အချို့ဆိုလျှင် ရွှယ်အန်း မသေလျှင်တောင်မှ အလျင်အမြန် ထွက်ပြေးရလိမ့်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် မည်သူက ထင်မည်နည်း။
အခြေအနေသည် ဤမျှ အံ့ဩဖွယ်ကောင်းပြီး ကမ္ဘာမြေကြီးကို တုန်လှုပ်သွားစေလောက်အောင် တစ်ခဏအတွင်း ပြောင်းလဲသွားလိမ့်မည်ကိုဖြစ်သည်။
တစ်ချိန်က အလွန်အမင်း အင်အားကြီးမားခဲ့သော သွေးပင့်ကူတောင်၏ စစ်မှန်အင်မော်တယ်များသည် ရွှယ်အန်း၏ ခြေဖဝါးအောက်တွင် နင်းခြေ သတ်ဖြတ်ခံလိုက်ရသည်။
အင်မော်တယ်သခင်ပြီးလျှင် အစွမ်းထက်ဆုံးဟု လူသိများသော အကြီးအကဲပင် ပျက်စီးသွားရသည့် အဆုံးသတ်နှင့် ကြုံတွေ့ခဲ့ရသည်။
ဤသည်နှင့်အတူ ရွှယ်အန်းအပေါ် ထားရှိသော လူတိုင်း၏ အမြင်သည် ပြောင်းလဲသွားသည်။
ယခင်က ရွှယ်အန်းသည် အစွမ်းထက်သော်လည်း အသက်ငယ်လွန်းပြီး နှစ်ပေါင်းများစွာ ကျော်ကြားခဲ့သော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများ၏ လက်ဖြင့် ရှုံးနိမ့်ဖွယ်ရှိသည်ဟု ထင်ကြသည်။
ယခုအခါ ရွှယ်အန်းသည် သူ၏ နားလည်ရခက်လောက်အောင် ခွန်အားဖြင့် အားလုံးကို အံ့အားသင့်စေခဲ့သည်။
မည်သူမျှ ရွှယ်အန်းကိုလေးမစား ပြုမူရဲခြင်းမရှိတော့ပေ။
ဤအခိုက်အတန့်တွင် သွေးပင့်ကူတောင်သည် ရုတ်တရက် တုန်ခါလာပြီး မြေကြီးအောက် နက်ရှိုင်းသော နေရာမှ ကြောက်ရွံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် ကောင်းကင်သို့ ပေါက်ကွဲထွက်ပေါ်လာသည်။
ဤအရှိန်အဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်းသဖြင့် မူလကုန်းပြင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။
ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများသည် ဖိနှိပ် ခံရသဖြင့် မြေပြင်ပေါ်တွင် မှောက်လျက် ဝပ်တွားနေကြပြီး သူတို့၏ ခေါင်းများကိုပင် မော့မကြည့်ဝံ့ကြပေ။
ထို့နောက် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသော အသံကြီးတစ်ခု ဟိန်းထွက်လာသည်။
"ရွှယ်အန်း မင်းကို ငါ အရင်က လျှော့တွက်ခဲ့မိတာ ဝန်ခံတယ်၊ မင်း တကယ်ပဲ အစွမ်းထက်ပါတယ်၊ ဘယ်လောက်တောင်လဲဆိုတော့ ငါကိုယ်တိုင်တောင် မင်းကို ဖြေရှင်းဖို့ ငါ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်ပြီး ထွက်လာရတဲ့အထိပဲ၊ ဒါပေမဲ့ ဒါတွေအားလုံး ဒီမှာပဲ အဆုံးသတ်ရမယ်"
ထိုစကားသံများ ထွက်ပေါ်လာသည်နှင့်အမျှ သွေးပင့်ကူတောင်၏ တောင်ထိပ်တွင် ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသည်မှာ သွေးနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏ ခန္ဓာကိုယ်သည် သွေးရောင်တောက်ပမှု အလွှာများဖြင့် ဖုံးလွှမ်းနေကာ နက်ရှိုင်းလှသော ကြက်သွေးရောင် မျက်လုံးတစ်စုံကိုသာ မြင်ရသည်။
ဤလူကို မြင်သောအခါ
မရေမတွက်နိုင်သော လူများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
"ဒါက... နှစ်ပေါင်းတစ်ရာကြာ တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့တဲ့ အင်မော်တယ်သခင်ဖြစ်တဲ့ သွေးပင့်ကူတောင်ရဲ့ တောင်သခင်ကြီး ရွှမ်ယိုမင်လား"
တစ်စုံတစ်ယောက်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ရွှမ်ယိုမင် ဟူသော အမည်ကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် လူတိုင်းကို ဆွံ့အသွားစေသည့် အဆုံးမရှိသော ပညာရပ်တစ်ခု သက်ရောက်လိုက်သွားသလို ဖြစ်သွားသည်။
လူအများအပြားသည် သူတို့၏ မျက်နှာများပေါ်တွင် ခါးသီးသော အပြုံးများကို ဆင်မြန်းထားရင်း စိတ်ထဲမှ ခေါင်းခါလိုက်ကြသည်။
ယနေ့၏ အမှန်တရား ရှာဖွေခြင်း အခမ်းအနားသည် အမှန်ပင် အလှည့်အပြောင်းများစွာ ရှိလှသည်။
ပထမဦးစွာ မည်သူမျှမထင်ထားခဲ့သော ရွှယ်အန်းသည် ကမ္ဘာကို တုန်လှုပ်စေသော ကျင့်ကြံမှုအဆင့်ကို ပြသခဲ့ပြီး သွေးပင့်ကူတောင် တစ်ခုလုံးနီးပါးကို မျိုးဖြုတ်ပစ်ခဲ့သည်။
သို့သော် ယခုအခါ တစ်ဦးတည်း ကျန်ရှိသော အင်မော်တယ်သခင်တစ်ဝက် ရွှမ်ယိုမင်မှာ ပေါ်ထွက်လာသော်လည်း လူအများအပြားသည် စိုးရိမ်နေကြဆဲ ဖြစ်သည်။
ရွှယ်အန်းက ရွှမ်ယိုမင်ကိုတောင် အနိုင်ယူနိုင်လောက်လား...
မဖြစ်နိုင်ဘူး...
ဘာပဲဖြစ်ဖြစ် သူက အခုမှ စစ်မှန်အင်မော်တယ် တစ်ယောက်ပဲရှိသေးတာလေ
လူအုပ်ကြီး သံသယဝင်နေကြသည်။
သို့သော် ရွှယ်အန်းသည် သူ၏ ပုလဲကဲ့သို့ ဖြူဖွေးသော သွားများကို ထုတ်ဖော်ကာ ရယ်မောလိုက်သည်။
"မင်း... နောက်ဆုံးတော့ ကိုယ့်ကိုယ်ကို ပြဖို့ ဆုံးဖြတ်လိုက်ပြီလား"
ရွှမ်ယိုမင်သည် အေးစက်စွာ ဟမ့်ခနဲ အသံပြုလိုက်သည်။
"ရွှမ်အန်း... မင်း ငါ့ရဲ့ မျိုးဆက်တွေကို ချေမှုန်းခဲ့တယ်၊ ဒါက မဖြစ်မနေ အပြစ်ပေးရမယ့်အရာပဲ၊ မင်းက ငါ့ကို အကြိမ်ကြိမ်လည်း ရန်စရဲသေးတယ်၊ င့ မင်းကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား"
သူ၏ စကားများအဆုံးတွင် သွေးရောင်အလင်းတန်း အလွှာများသည် ရွှမ်ယိုမင်၏ ပတ်ပတ်လည်တွင် ခန့်မှန်းမရနိုင်အောင် လှုပ်ခတ်နေပြီ ကောင်းကင်ယံကို ခိုက်ခိုက်တုန်အောင် အေးစက်သော ကြက်သွေးရောင် အရောင်တစ်ခုကို သုတ်လိမ်းလိုက်သလိုထင်ရသည်။
ကောင်းကင်နှင့်မြေကြီးအကြားတွင် ရပ်နေသော ရွှယ်အန်းသည် အသက်တစ်ချက် ရှူလိုက်ရာ မိုင်ပေါင်း ထောင်ချီသော တိမ်တိုက်များ ယိမ်းထိုးသွားပြီး သူလည်း အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။
"ငါ အရင်ကတည်းက ပြောခဲ့တယ်၊ မင်းရဲ့ သွေးပင့်ကူတောင်ကို ငါ မျိုးဖြုတ်ပစ်မယ်၊ ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါ လုပ်ချင်လို့ပဲ"
"မောက်မာလိုက်တာ၊ ရွှေအင်မော်တယ်အဆင့်လောက်နဲ့ ငါ့ သွေးပင့်ကူတောင်ရဲ့ နှစ်ပေါင်း တစ်သောင်းကြာ မျိုးဆက်ကို တုန်လှုပ်စေနိုင်မယ်လို့ ထင်နေတာလား"
ရွှမ်ယိုမင်သညါ လှောင်ရယ်လိုက်ပြီး သူ၏ အသံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
သို့သော် ထိုအခိုက်အတန့်တွင် ရွှမ်အန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။
"နှစ်ပေါင်း တစ်သောင်းကြာ မျိုးဆက် ဟုတ်လား၊ နှစ်ပေါင်း တစ်သောင်းကြာ တံခါးစောင့် လုပ်ခဲ့ရတာကလွဲလို့ ဘာမှမဟုတ်ပဲနဲ့ကို မင်းက ထူးခြားဆန်းကြယ်တဲ့ အရာတစ်ခုခုကို ပြီးမြောက်အောင်မြင်ခဲ့သလိုမျိုး ပြောနေပါလား"
ရွှမ်ယိုမင်၏ ရယ်သံများ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ကြက်သွေးရောင် မျက်လုံးများသည် အပြင်သို့ လျှံကျလုမတတ် ဖြစ်သွားသည်။
"မင်း..."
ရွှယ်အန်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါ ဒါတွေအားလုံးကို ဘယ်လို သိလဲလို့ အံ့ဩနေတာ မဟုတ်လား"
"မင်း... သွေးဦးခေါင်းခွံ ပင်လယ်ဓားပြ ဂိုဏ်းကို မှတ်မိသေးလား"
ဤစကားများကို ကြားသောအခါ ရွှမ်ယိုမင် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။
"အဲဒီနေ့က ငါ့ရဲ့ ကိုယ်ပွားကို ခုတ်ခဲ့တဲ့သူက မင်းလား"
ရွှယ်အန်းက မသိမသာ ပြုံးလိုက်သည်။
"မှန်တယ်"
ရွှမ်ယိုမင်၏ မျက်လုံးများထဲမှ အလင်းရောင်များ တောက်ပလာပြီး သူသည် အရိုးခိုက်အောင် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ မင်းက ဒီနယ်မြေရဲ့ အပြင်ဘက်က ကျင့်ကြံသူတစ်ယောက်လား"
ဒီနယ်မြေရဲ့ အပြင်ဘက်က ကျင့်ကြံသူ...
ကျင့်ကြံသူ အများအပြားသည် ဤစကားကို ကြားသောအခါ နားမလည်နိုင်သော အမူအရာများ ဖြစ်နေကြသည်။
ဘဝ၏ အပြောင်းအလဲများစွာကို ဖြတ်သန်းခဲ့ရသော အသက်အကြီးဆုံး ဘိုးဘေးအချို့သာလျှင် သူတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
အဘယ်ကြောင့်ဆို ကွေ့ယီဂြိုဟ်သည် ကျင့်ကြံခြင်းတွင် ဖွံ့ဖြိုးတိုးတက်သော်လည်း ၎င်းသည် စွန့်ပစ်ခံထားရပုံရပြီး အလွန်ကြာမြင့်သော အချိန်ကတည်းက အပြင်ဘက်မှ ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ မတွေ့မြင်ခဲ့ရသောကြောင့် ဖြစ်သည်။
ရွှယ်အန်းသည် ထိုသူများထဲမှ တစ်ဦး ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ဤအမှန်တရားကို ဖော်ထုတ်လိုက်သည်နှင့်အတူ ယခင်က ရှင်းပြမရနိုင်သော ပြဿနာများစွာသည် ရုတ်တရက် ရှင်းလင်းသွားသည်။
ဥပမာဆိုလျှင် ရွှယ်အန်း၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုအဆင့်သည် အဘယ်ကြောင့် ယခုအချိန်အထိ ကြားသိခဲ့ရခြင်း မရှိသနည်းကို အဖြေရှာနိုင်သွားသည်။
ဤအချိန်တွင် ရွှယ်အန်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"တကယ်တော့၊ ငါ ပင်လယ်ဓားပြတွေရဲ့ ဌာနချုပ်မှာ ရှိနေတုန်းကတည်းက သံသယတွေ ရှိခဲ့တာ၊ ဒီ ကွေ့ယီဂြိုဟ်ကို ရောက်လာပြီးမှ ငါ့ရဲ့ သံသယတွေက ပိုပြီး အားကောင်းလာတယ်"
"ပြီးတော့ ငါ လူတစ်ယောက်ကို တွေ့ခဲ့တယ်၊ သူက မဟာအိပ်မက် ဓားသခင်ဖြစ်ပြီး ဖန်ရှန်ကျွယ်လို့ ခေါ်တဲ့ လူတစ်ယောက်ပဲ"
ဖန်ရှန်ကျွယ်၏ အမည်ကို ပြောလိုက်သည်နှင့် ရွှမ်ယိုမင်သည်လည်း တုန်လှုပ်သွားပြီး ပြန်ပြောလိုက်သည်။
"အဲဒီကောင် ခုထိ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
"သူအသက်ရှင်ခဲ့တာ မှန်တယ်၊ ဒါပေမဲ့ အခု သူအခုသေသွားပြီ၊ ဒါပေမဲ့ သူမသေခင်မှာ ငါ့ကို တစ်ခုခုပြောသွားတယ်၊ အဲဒီ အရာက ငါ့ရဲ့ သံသယတွေကို အတည်ပြုပေးခဲ့တယ်"
ရွှယ်အန်း၏ လေသံသည် ပိုလို့ပင် အေးစက်လာသည်။
"မင်းတို့ သွေးပင့်ကူတောင်ရဲ့ နောက်ကွယ်က တကယ့် ကျောထောက်နောက်ခံက တခြားကမ္ဘာက အဖွဲ့တစ်ခုပဲ မဟုတ်လား၊ ပြီးတော့ ငါ မှန်းတာမမှားဘူးဆိုရင် အဲ့ဒါက သွေးနတ်ဘုရား နယ်မြေဖြစ်ရမယ် ဟုတ်တယ်မလား"
ကျင့်ကြံသူအားလုံး ဆွံ့အ သွားကြသည်။
သို့သော် ရွှမ်ယိုမင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ရွှယ်အန်း... မင်း တကယ်ပဲ ပါးနပ်လွန်းတယ်၊ ဟုတ်တယ်... ငါတို့ သွေးပင့်ကူတောင်က ဒီကမ္ဘာကြီးကို ကြီးကြပ်ဖို့ သွေးနတ်ဘုရားရဲ့ အမိန့်အရ တည်ထောင်ခဲ့တာပဲ"
ဘုန်း
လူအုပ်ကြားထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ရွှယ်အန်း၏ လေသံသည် အေးစက်လာသည်။
"ဒါဆို စစ်ဟွာမြို့က လုယီယွမ်ကိုလည်း မင်းတို့ သခင်ရဲ့ အမိန့်အရ ဖိနှိပ်ချုပ်ချယ်ခဲ့တာ ဖြစ်ရမယ်... ဟုတ်လား"
"ဟားဟား ရွှယ်အန်း... မင်းက ဘာလို့ ဒီကိစ္စတွေကို အဲ့လောက် စိတ်ပူနေလဲဆိုတာ ငါ အခု နားလည်သွားပြီ၊ ငါ မှန်းတာ မမှားဘူးဆိုရင် မင်းကလည်း အဲ့လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ရမယ် မှန်တယ်မလား"
ရွှမ်ယိုမင်က အေးစက်စွာ ရယ်မောကာ ပြောလိုက်သည်။
ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။
"မှန်တယ်"
"အဲ့လူသားမျိုးနွယ်စုက တကယ်ပဲ တစ်ယောက်ပြီးတစ်ယောက် ပါရမီရှင်တွေ မွေးထုတ်ပေးတာပဲ၊ မင်းလို အရည်အချင်းရှိတဲ့ လူငယ် ပါရမီရှင်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ ကံမကောင်းစွာနဲ့. .. မင်း ဒီနေ့ ဒီနေရာမှာ သေရမယ်၊ ဘာလို့လဲဆိုတော့ မင်းက အများကြီး သိလွန်းနေလို့ပဲ”