← Chapters

အခန်း (၈၃၇)

Vol. 56 Ch. 837

အခန်း (၈၃၇)

Vol. 56 Ch. 837

ရွှယ်ယိုမင်သည် အေးစက်စွာ ပြောလိုက်ပြီးနောက် ရုတ်တရက် လှုပ်ရှားလိုက်သည်။

အမှန်တွက် သူ၏ စိတ်ထဲတွင် ရွှယ်အန်းကို အတော်လေး သတိထားနေမိသည်။

ရွှမ်ယိုမင်သည် တစ်ကိုယ်တည်း ကျင့်ကြံနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်မှာ အိပ်စက်နေသော်လည်း သူသည် အပြင်လောကရှိ ကိစ္စအမျိုးမျိုးကို ဖြေရှင်းရန်အတွက် ကိုယ်ပွားတစ်ခု ဖန်တီးရန် သွေးလျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သည်။

သွေးဦးခေါင်းခွံ ပင်လယ်ဓားပြဂိုဏ်း၏ ဌာနချုပ်မှ လူသည် သူ၏ ကိုယ်ပွားများထဲမှ တစ်ယောက်ဖြစ်သည်။

ထိုအချိန်က သူသည် ကြယ်စွမ်းအင်ရင်းမြစ်ကို ဝယ်ယူရန်အတွက် ကြယ်တာရာ ပင်လယ်ဓားပြများနှင့် ညှိနှိုင်းနေခဲ့သည်။

ရွှယ်အန်းက တိုက်ဆိုင်စွာပင် ဝင်ရောက်လာခဲ့ပြီး သူ ထွက်ခွာတော့မည့် ခဏတာအတွင်းမှာပင် ဓားချက်တစ်ချက်ကို လွှတ်ထုတ်ခဲ့သည်။

ဤဓားချက်သည် သူ၏ ပြင်ပကိုယ်ပွားကို ပြန်မရောက်နိုင်လုနီးပါး ဖြစ်စေခဲ့သည်။

အဆုံးတွင် မနည်းပြန်ရောက်အောင် လာနိုင်ခဲ့သော်လည်း ထိုဓားချက်၏ စွမ်းအားသည် သူ၏ အပင်ပန်းခံ မွေးမြူထားသော ပြင်ပကိုယ်ပွားကို ပျက်စီးသွားစေခဲ့သည်။

ဤအရာသည် ရွှယ်ယိုမင်ကို တုန်လှုပ်စေခဲ့သည်။

ရွှယ်အန်း အစောလေးတင် ပြသခဲ့သော ခွန်အားသည် သူ့အတွက် ပိုလို့ပင် တုန်လှုပ်စရာ ကောင်းနေသည်။

ထို့ကြောင့် သူ၏ တိုက်ခိုက်မှုသည် အလွန်အမင်း သေစေနိုင်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"သုတ်သင်ခြင်းသွေးမြစ်"

ဘုန်း

သူ၏ ခေါင်းထက်တွင် မိုင်တစ်ရာ ကျယ်ဝန်းပြီး တဟုန်ထိုး စီးဆင်းနေသော သွေးများဖြင့် ကောင်းကင်သို့ ထိလုမတတ် ဖြစ်နေသော သွေးမြစ်ကြီးတစ်ခု အမှတ်မထင် ပေါ်လာသည်။

ထို့နောက် ဤအဆုံးမရှိသော သွေးများသည် အောက်သို့ တသွင်သွင် စီးကျလာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားကာ ရွှယ်အန်းထံသို့ ချဉ်းကပ်လာသည်။

၎င်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေထုပင်လျှင် အဆိပ်ပြင်းသော သွေးများဖြင့် စွန်းထင်းသွားပုံရပြီး အနက်ရောင် မီးခိုးတန်းများ ထုတ်လွှတ်နေသည်။

"သခင်ကြီး..."

ရွှယ်လွေ့လီ၊ မုယာနှင့် အခြားသူများသည် မထိန်းနိုင်ဘဲ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

ရွှယ်အန်းကမူ သူ၏ မျက်လုံးများထဲတွင် ထက်ရှသော အလင်းရောင်များ လင်းလက်နေပြီး အေးစက်သော အမူအရာ ရှိနေသည်။

"မင်းက ငါ့ရဲ့ လူသားမျိုးနွယ်စု ဘိုးဘေးကို ထိခိုက်စေခဲ့တယ်၊ သူမကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့ပြီး နှစ်ထောင်ချီတဲ့ ဝေဒနာကို ခံစားစေပြီး သူမ သေဆုံးခဲ့ရတယ်၊ သူမရဲ့ လမ်းစဉ် အဆုံးသတ်သွားခဲ့ရတယ်၊ ဒါက မင်းရဲ့ ပထမဆုံး အပြစ်ပဲ"

"သွေးမျိုးနွယ်စုနဲ့ ပူးပေါင်းကြံစည်တယ်၊ မိစ္ဆာရဲ့ လက်ပါးစေအဖြစ် ဆန္ဒအလျောက် အသုံးတော်ခံတယ်၊ ပြီးတော့ အပြစ်မဲ့တဲ့ ကျင့်ကြံသူတွေကို ခံစားချက်မရှိတဲ့ သွေးနတ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်၊ ဒါက မင်းရဲ့ ဒုတိယ အပြစ်ပဲ"

"တခြားဂြိုလ်တွေက စွမ်းအင်ရင်းမြစ်ကို ခိုးယူဖို့ ကြယ်တာရာ ပင်လယ်ဓားပြတွေနဲ့ ပူးပေါင်းတယ်၊ မူလကုန်းပြင်မြင့်ရဲ့ သဘာဝ နတ်ဘုရားစွမ်းအင်ကို ဖြည့်တင်းတယ် ၊ဒါက မင်းရဲ့ တတိယ အပြစ်ပဲ"

ဤသည်ကို ကြားသောအခါ ရွှမ်ယိုမင်သည် လှောင်ရယ်လိုက်သည်။

"ရွှယ်အန်း... မင်းပြောတဲ့ အရာတွေအားလုံးကို ငါ ဝန်ခံတယ်၊ ဒါပေမဲ့ အခု မင်းက သေမင်းရဲ့ တံခါးဝမှာ ရောက်နေပြီ၊ ကိုယ့်ကိုယ်ကိုတောင် ကယ်တင်နိုင်စွမ်း မရှိဘူး၊ မင်းက ငါ့ကို ဘာများ လုပ်နိုင်မှာမို့လို့လဲ၊ ဟားဟားဟား"

ရွှမ်ယိုမင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

အဘယ်ကြောင့်ဆို ရွှယ်အန်း စကားပြောနေစဉ်တွင် သွေးလှိုင်းလုံးကြီးသည် သူ့ထံသို့ ရောက်ရှိလာခဲ့ပြီး သူ့ကို ဖုံးလွှမ်းသွားခဲ့သောကြောင့် ဖြစ်သည်။

ထိုသွေးများနှင့် ထိပြီးနောက် မည်သူမျှ အသက်ရှင်နိုင်မည် မဟုတ်ပေ။

စစ်မှန်အင်မော်တယ်ဆိုလျှင်တောင် ထိုသို့ မလုပ်နိုင်ပေ။

ထို့ကြောင့် သူ၏ အမြင်တွင် ရွှယ်အန်းသည် သေဆုံးရန် ကြမ္မာပါပြီးသား ဖြစ်သည်။

ကြည့်ရှုနေသော ကျင့်ကြံသူများသည် ဤမြင်ကွင်းကြောင့် မျက်နှာ ဖြူဖျော့သွားကြသည်။

ရွှယ်လွေ့လီ၊ မုယာနှင့် အခြားသူများမှာ ပိုလို့ပင် တုန်လှုပ်သွားကြပြီး မုယာသည် ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်သည်။

"သခင်ကြီး..."

ထို့နောက် သူမသည် ရွှယ်အန်းအတွက် လက်စားချေရန် ကောင်းကင်သို့ ပျံတက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်မှာပင် တည်ငြိမ်သော အသံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးအနှံ့ ပဲ့တင်ထပ်လာသည်။

"အပြစ်သုံးခုအတွက်ဆို ပြစ်ဒဏ်က သေခြင်းပဲ"

ထိုအသံနှင့်အတူ ကောင်းကင်ယံရှိ အဆုံးမရှိသော သွေးများဖြင့် ဖန်တီးထားသော သွေးပင်လယ်ကြီးထဲမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်း ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

"မဖြစ်နိုင်ဘူး၊ မင်းမှာ အင်မော်တယ်ရွှေခန္ဓာ ရှိရင်တောင် ဒီသွေးတွေရဲ့ တိုက်စားမှုနဲ့ဆို ဘာမှမကျန်အောင် ပျက်စီးသွားလိမ့်မယ် မင်း ဘယ်လိုလုပ် ထိခိုက်မှုမရှိဘဲ ထွက်လာနိုင်ရတာလဲ"

ရွမ်ယိုမင်သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

ရွှယ်အန်းသည် အေးစက်သော အပြုံးပြုံးလိုက်သည်။

"ဒီလောက် သေးငယ်တဲ့ အရာက၊ ငါ့ကို တားဆီးရဲတယ် ဟုတ်လား..."

ထိုသို့ပြောပြီးသည်နှင့် ရွှယ်အန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့်

ကောင်းကင်ယံရှိ မကုန်ခန်းနိုင်သော သွေးများသည် ရုတ်တရက် လှိုင်းထန်လာပြီး ကြည်လင်ပြီး မနှိုင်းယှဉ်နိုင်အောင် လှပသော သွေးကြာပန်းတစ်ပွင့်အဖြစ် စုစည်းသွားကာ ရွှယ်အန်း၏ ခြေထောက်ကို ပင့်မလိုက်သည်။

ထို့နောက် ရွှယ်အန်း လှမ်းလိုက်သော ခြေလှမ်းတိုင်းတွင် စုစည်းနေသော သွေးများမှ ဖန်တီးထားသည့် သွေးကြာပန်းတစ်ပွင့်သည် သူ၏ ခြေဖဝါးအောက်တွင် သဘာဝအတိုင်း ပေါ်ထွက်လာသည်။

ခြေလှမ်းတိုင်း ကြာပန်း ပွင့်လန်းနေသည့် မြင်ကွင်းသည် ရွှမ်ယိုမင်၏ မျက်လုံးများကိုပင် မယုံနိုင်လုမတတ် ဖြစ်သွားစေသည်။

ငရဲသွေးရေသည် ဘယ်တုန်းက ဤမျှ နာခံမှုရှိပြီး သိမ်မွေ့ခဲ့ဖူးသနည်း။

သို့သော် ရွှယ်အန်းက သူ့ကို ဤမေးခွန်းအား စဉ်းစားရန် အချိန်ပေးမည် မဟုတ်ပေ။

ရွှယ်အန်းသည် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ရွမ်ယိုမင်၏ အနီးသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ လက်သီးကို မြှောက်ကာ ထိုးနှက်လိုက်သည်။

ဤလက်သီးချက်သည် ဖော်ပြရန်ပင် မလွယ်ကူလှပေ။

၎င်းသည် ကောင်းကင်နှင့်မြေကြီး၏တာအိုကို လှုံ့ဆော်လိုက်ပုံရပြီး ၎င်း၏ အရှိန်အဟုန်သည် ကောင်းကင်ကို တုန်လှုပ်သွားစေကာ မည်သူမျှ တိုက်ရိုက် ကြည့်ရှုမဝံ့အောင် ဖြစ်စေသည်။

ရွှမ်ယိုမင်သည် သူ၏ စိတ်ထဲတွင် သတိထားနေသော်လည်း အင်မော်တယ်သခင်၏ အစအနကို ထိတွေ့ဖူးသော အင်အားကြီး ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အလျောက် သူသည် အေးစက်စွာ ပြောလိုက်သည်။

"ပျက်စီးစမ်း"

ဘုန်း

ရွှယ်အန်း၏ လက်သီးရှေ့ရှိ အာကာသသည် ရုတ်တရက် ပြိုကျသွားပြီး အမှောင်ထု အက်ကွဲကြောင်းတစ်ခုပေါ်ကာ လက်သီးချက် စွမ်းအားအားလုံးကို ၎င်းထဲသို့ စုပ်ယူလိုက်သည်။

ဤသည်မှာ ရွှမ်ယိုမင် ကျွမ်းကျင်ထားသော အင်မော်တယ်သခင်၏ အစအန ဖြစ်သည်။

နေရာအာကာသကို ထိန်းချုပ်ခြင်း...

"ရွှယ်အန်း... မင်း တကယ်ပဲ လုံလောက်အောင် အစွမ်းထက်တယ်၊ မင်းကို အချိန်သာ ပေးလိုက်ရင် ငါ့ကိုတောင် ခြိမ်းခြောက်နိုင်လောက်တယ်၊ ဒါပေမဲ့ မင်း မေ့နေတာက ငါက ပြိုင်ဘက်ကင်းနတ်ဘုရားဆိုတာကိုပဲ"

ရွှမ်ယိုမင်သည် လှောင်ရယ်လိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်။

သွေးနှင့် ချီစွမ်းအင်တို့မှ စုစည်းထားသော ဧရာမ လက်သည်းကြီးတစ်ခုသည် ရွှယ်အန်း၏ ခေါင်းဆီသို့ ရိုက်ချလိုက်သည်။

ရွှမ်ယိုမင်သည် ဤတိုက်ကွက်အတွက် ယုံကြည်မှုအပြည့် ရှိနေသည်။

မည်သို့ပင်ဖြစ်စေ ရွှယ်အန်း၏ လက်သီးချက်သည် နေရာအာကာသ၏ ချုပ်နှောင်ခြင်း ခံထားရပြီး ဖြစ်ကာ သူ လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် ရွှမ်ယိုမင်သည် ရွှယ်အန်း၏ ခေါင်း ကြေမွသွားသည့် မြင်ကွင်းကို ကြိုမြင်ယောင်လိုက်သည်။

သို့သော် နောက်တစ်ခဏတွင် သူ၏ ပျော်ရွှင်မှုသည် အေးခဲသွားသည်။

အဘယ်ကြောင့်ဆို သူ၏ ဘေးရှိ နေရာအာကာသသည် ရုတ်တရက် လှိုင်းထလာပြီး ပြင်းထန်စွာ ပေါက်ကွဲထွက်သွားကာ၊ ရွှယ်အန်း၏ လက်သီးသည် ထိုထဲမှ လိုက်ပါလာပြီး သူ၏ ခေါင်းပေါ်သို့ တိုက်ရိုက် ထိုးနှက်လိုက်သောကြောင့် ဖြစ်သည်။

ရွှယ်ယိုမင်သည် ဤ အဖြစ်အပျက်၏ အလှည့်အပြောင်းကို စိတ်ကူးပင် မယဉ်ဖူးသောကြောင့် ထို လက်သီးချက်သည် သူ၏ ခေါင်းရော တစ်ကိုယ်လုံးကိုပါ ကြေမွသွားစေခဲ့သည်။

ထို့နောက် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသော ရွှယ်ယိုမင်၏ အသံသည် လဟာနယ်အနှံ့ ပဲ့တင်ထပ်သွားသည်။

"ဘာတွေ ဖြစ်ကုန်တာလဲ၊ ငါ့ရဲ့ နေရာအာကာသ ထိန်းချုပ်မှုထဲမှာ ပိတ်မိနေပြီးမှ မင်း ဘယ်လိုလုပ် ငါ့ကို ထိမှန်အောင် ထိုးနိုင်ရတာလဲ"

ဤအခိုက် ရွှယ်အန်းသည် သူ၏ လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းရဲ့ အားနည်းတဲ့ တာအိုကို ဆုပ်ကိုင်ထားမှတော့ ငါ့ကို ချုပ်နှောင်ဖို့ လုံလောက်မယ်လို့ ထင်နေတာလား"

လဟာနယ်ထဲတွင် တိတ်ဆိတ်မှုများ ကြီးစိုးသွားသည်။

ထို့နောက် ရွှမ်ယိုမင်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

"ရွှယ်အန်း... မင်းက တကယ်ပဲ အရမ်း အစွမ်းထက်တယ်၊ ငါတို့ သဘောတူညီမှုတစ်ခုလုပ်ကြရင် မကောင်းဘူးလား၊ ဒီကိစ္စကို ငါတို့ထားခဲ့လိုက်ကြရအောင်၊ မင်း ဘယ်လို သဘောရလဲ"

ဤသည်ကို ကြားသောအခါ ကျင့်ကြံသူ အများအပြား လှုပ်ရှားလာကြသည်။

အဘယ်ကြောင့်ဆို ရွှမ်ယိုမင်သည် အားနည်းကြောင်း ပြသနေသည်မှာ ထင်ရှားသောကြောင့် ဖြစ်သည်။

ရွှယ်အန်းသည် အင်မော်တယ်သခင်ကို အမှန်တကယ် အနိုင်ယူလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

လူအများအပြားမှာ ဤကိစ္စသည် အဆုံးတွင် အဆုံးသတ်တော့မည်ဟု ယုံကြည်ကာ သက်ပြင်းချလိုက်ကြသည်။

သို့သော် ရွှယ်အန်း ပြောလိုက်သော စကားများမှာ လူအုပ်ကြီး တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

"ဒီအတိုင်းပဲ ထားခဲ့လိုက်ရုံတဲ့လား၊ ဟားဟား.... ငါ မပြောခဲ့ဘူးလား၊ သွေးပင့်ကူတောင်ကို ငါ ဖျက်ဆီးပစ်မယ်၊ ပြီးတော့ မင်းကလည်း သေချာပေါက် ပျက်စီးရလိမ့်မယ်"

ဘုန်း

လူအုပ်ကြားထဲတွင် တီးတိုးသံတစ်ခု ထွက်ပေါ်လာသည်။

ထိုစဥ် လေဟာနယ်ထဲတွင် ရွှမ်ယိုမင်၏ အသံသည် ပိုလို့ပင် ထိတ်လန့်တကြားနှင့် ဒေါသတကြီး ဖြစ်လာသည်။

"ရွှယ်အန်း... တချို့အရာတွေကို အတင်းအကျပ် မလုပ်နဲ့၊ ပြီးတော့ အခုအချိန်ထိတောင် မင်း ငါ့ကို သတ်ဖို့က မဖြစ်နိုင်ဘူး၊ ငါ..."

ရွှယ်အန်းသည် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။

"မင်းက ဒီ သွေးပင့်ကူတောင်နဲ့ ပေါင်းစပ်သွားခဲ့တာ မဟုတ်လား"

ရွှမ်ယိုမင် အံ့အားသင့်သွားပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

"မှန်တယ်၊ ဒါကြောင့် မင်းကို အချိန်ကုန် မခံဖို့ ငါ အကြံပေး..."

သို့သော် သူ၏ စကားကို ရွှယ်အန်း၏ ရယ်သံများသည် ဖြတ်တောက်လိုက်သည်။

"မင်း ဘာကို ရယ်နေတာလဲ"

ရွှမ်ယိုမင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ရွှယ်အန်းထံမှ ရယ်သံများ ရပ်တန့်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

"မင်းက သွေးပင့်ကူတောင်နဲ့ ပေါင်းစပ်သွားခဲ့မှတော့ ဒီနေ့ ငါက မင်းရော တောင်ကိုပါ ဖျက်ဆီးပစ်မယ်"

"ဟားဟား ရွှယ်အန်း... မင်းက ဒီ သွေးပင့်ကူတောင်ကို သာမန် တောင်ထိပ်တစ်ခုလို့ ထင်နေတာလား၊ ငါ မင်းကို ပြောပြမယ်၊ နှစ်ပေါင်းထောင်ချီတဲ့ တာအို အမွေအနှစ်တွေရဲ့ ကောင်းချီးပေးမှုတွေကြောင့် ဒီသွေးပင့်ကူတောင်ဟာ ကံကြမ္မာရဲ့ အထိအတွေ့ အနည်းငယ်ကို ရရှိထားတယ်၊ ဒါကြောင့် မင်း ဒီနေရာကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူး၊ မင်း လက်လျှော့လိုက်ဖို့ ငါ အကြံပေးချင်တယ်"

ရွှမ်ယိုမင်က လှောင်ရယ်လိုက်သည်။

ရွှယ်အန်းသည် တုန်လှုပ်ခြင်းမရှိဘဲ ထိုအစား သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ၏ ပုံရိပ်သည် ရုတ်တရက် အဆတိုး၍ ကြီးထွားလာသည်။

မျက်တောင်တစ်ခတ်အတွင်း သူသည် ပေပေါင်း တစ်သိန်းခန့် မြင့်မားသော သွေးပင့်ကူတောင်နှင့်ညီမျှသော ဧရာမလူသန်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး မြင့်မားသော သွေးပင့်ကူတောင်ကို ဆုပ်ကိုင်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"ငါ့ရဲ့ ရှေ့မှောက်မှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ ငါ့အတွက်... ပျက်စီးစမ်း"

ဘုန်း

သွေးပင့်ကူတောင်သည် ရွှယ်အန်းကြောင့် ပြင်းထန်စွာ တုန်လှုပ်သွားသည်။

မြေကြီးမှာ တုန်ခါသွားပြီး ကောင်းကင်များပင် လှုပ်ခတ်သွားသည်။

တောင်အတွင်းမှ ရွှမ်ယိုမင်၏ ထိတ်လန့်တကြား အသံကို ကြားလိုက်ရသည်။

"မဖြစ်ဘူး..."

သို့သော် ထိုအချိန်တွင် သူ ဘာပြောပြော အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ရွှယ်အန်းသည် လက်မောင်းများဖြင့် အင်အားသုံး ဆွဲလိုက်ရာ မြင့်မားသော သွေးပင့်ကူတောင်ကို မြေကြီးမှ ဆွဲနှုတ်လိုက်ပြီး တောင်ထိပ်ကို ဆုပ်ကိုင်ကာ လွှဲပစ်လိုက်သည်။

သွေးပင့်ကူတောင်သည် စောက်ထိုးမိုးမျှော် ဖြစ်သွားသည်။

သွေးပင့်ကူတောင်ကို မှောက်လှန်လိုက်သူမှာ ရွှယ်အန်းသာရှိပေမည်။

All Chapters