အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း ရှေ့မှောက်မှာတော့ သာမန်လူသားတစ်ယောက်ပဲ
Vol. 56 Ch. 840
Duan Kong ဘာကြောင့် ထိတ်လန့်သွားရသည်မှာ အံ့ဩစရာ မရှိတော့ပေ။
ရွှေအင်မော်တယ် ဖြစ်လာသည်နှင့် နတ်ဘုရားကျွမ်းကျင်မှုများသည် သဘာဝအတိုင်း ပေါ်ပေါက်လာသည်။
ထိုနတ်ဘုရားကျွမ်းကျင်မှုများသည် ဥပဒေများကို အခြေခံအကျဆုံး အသုံးချမှုတစ်ခုမျှသာ ဖြစ်သည်။
သို့သော် ဥပဒေဟု ခေါ်လို့ မရသေးပေ။
စစ်မှန်အင်မော်တယ်သခင်အဆင့်ကို ရောက်ရှိမှသာလျှင် ဥပဒေများ၏ ကြီးကျယ်ခမ်းနားသော တာအိုကို မြင်တွေ့နိုင်မှာ ဖြစ်သည်။
အင်မော်တယ်သခင်သည်တော့ စကြဝဠာ နယ်မြေပေါင်းများစွာမှာ အသုံးချနိုင်သေ စစ်မှန်သည့် ဥပဒေများကို နားလည်သဘောပေါက်သွားသူများကို ရည်ညွှန်းတာ ဖြစ်သည်။
ထို့အပြင် ဥပဒေများ၏ စွမ်းအားသည်လည်း တာအိုနည်းစနစ်များလို အားကောင်းခြင်းနဲ့ အားနည်းခြင်း အဆင့်များ ရှိသည်။
စစ်မှန်အင်မော်တယ်တချို့ဆိုလျှင် အစွမ်းထက်သော်လည်း သူတို့ နားလည်သဘောပေါက်သော ဥပဒေများသည် အတော်လေး အရေးမပါသည်များ ဖြစ်နေတတ်သည်။ ထို့ကြောင့် ၎င်းတို့၏ အနာဂတ် အောင်မြင်မှုများသည် သိပ်ပြီး မြင့်မားမှာ မဟုတ်ဟု မလွဲမသွေ ဆုံးဖြတ်ပေးလိုက်သည်။
အစွမ်းထက်ဥပဒေများကို နားလည်နိုင်မှသာလျှင် အင်မော်တယ်သခင်ဖြစ်ဖို့ မျှော်လင့်ချက် ရှိနိုင်သည်။ သို့မဟုတ်ပါက အင်မော်တယ်သခင်ဟု မခေါ်ထိုက်ချေ။
Duan Kong သည် အင်မော်တယ်သခင် တစ်ယောက်ဖြစ်သောကြောင့် သွေးမျိုးနွယ်စု၏ မွေးရာပါ အရည်အချင်းများအပေါ် အများကြီး မှီခိုခဲ့ရသော်လည်း သူသည် ကြောက်မက်ဖွယ်ကောင်းသော နေရာအာကာသ နိယာမတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခဲ့သည်။
ထိုသည်မှာ အင်မော်တယ်သခင်မှာတောင် အကောင်းဆုံးထဲမှ တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။
သို့သော် Duan Kong သည် သူ၏ ခွန်အားမှာ ကြယ်တာရာ ကောင်းကင်ယံရှိ နက်ရှိုင်းသောနေရာများမှ ရှေးဟောင်းဂိုဏ်းများနှင့် မျိုးနွယ်စုကြီးများနှင့် နှိုင်းယှဉ်ပါက အများကြီး နိမ့်ကျနေသေးသည်ကို ကောင်းကောင်း သိသည်။
အဘယ့်ကြောင့်ဆို ထိုမျိုးနွယ်စုများသည် နှစ်ပေါင်း သန်းဆယ်ချီသော အမွေအနှစ်များရှိတတ်ပြီး အများအားဖြင့် ဥပဒေများကို ကျင့်ကြံရန် နတ်ဘုရားပညာရပ်များပင် ရှိကြသည်။
ဤသို့ အစွမ်းထက်သာ့် နတ်ဘုရား ပညာရပ်များ၏ ပြုစုပျိုးထောင်မှုအောက်မှ ဂိုဏ်းကြီးများ၏ တပည့်များသည် မယှဉ်နိုင်သော ဥပဒေစွမ်းအားကို ပိုင်ဆိုင်လေ့ ရှိကြသည်။
ဥပမာအားဖြင့် တချို့သည် ဒြပ်စင်ငါးမျိုးကို ထိန်းချုပ်နိုင်ပြီး တချို့ဆို ယင်နှင့်ယန်ကိုတောင် ပြောင်းပြန်လှန်ပစ်နိုင်သည်။
သို့သော် စကြဝဠာ နယ်မြေပေါင်းများစွာထဲမှာ အလွန်ကို လျှို့ဝှက်ဆန်းကြယ်ပြီး လက်ဆုပ်လက်ကိုင် ပြလို့မရသော အစွမ်းထက်သည့် ဥပဒေ အမျိုးအစားလည်း ရှိသည်။ ထိုအရာကို အင်မော်တယ်အဆင့် ဥပဒေဟုလည်း ခေါ်ကြသည်။
အလွန်အမင်း ထက်ရှခြင်းနှင့် ခိုင်မာခြင်းလို ဥပဒေများကို အင်မော်တယ်အဆင့် ဥပဒေဟု ရည်ညွှန်းကြသည်။
Duan Kong တစ်ခါက လေးစားရသော သွေးအရှင်သခင်တစ်ယောက်ဆီမှ မထင်မှတ်ဘဲ ကြားဖူးခြင်းဖြစ်သည်။
၎င်းစကားအရဆို အင်မော်တယ်အဆင့် ဥပဒေများ၏ အထက်တွင် ပိုလို့တောင် အံ့ဩစရာကောင်းတဲ့ အရာများလည်း ရှိနေသည်။
သို့သော် ထိုဥပဒေသည် အလွန်ကို ရှားပါးပြီး နတ်ဘုရားအဆင့်ရှိသော မျိုးနွယ်စုများသာ ၎င်းတို့၏ အမွေအနှစ် တချို့ ရှိနိုင်လောက်သည်။
ထိုဥပဒေထဲတွင် လျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရအခက်ဆုံးသည်တော့ အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း ဥပဒေသာဖြစ်သည်။
ထိုတုန်းက Duan Kongသည် ဆွံ့အသွားခဲ့ပြီး ဒဏ္ဍာရီထဲတွင်သာ ရှိနိုင်လောက်သော အရာတစ်ခုဟု ယုံကြည်ခဲ့သည်။
သို့သော် သူ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူးသည်မှာ ဤသို့ စွန့်ပစ်ထားသော မြေလွတ်ကြီးထဲမှာ အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း ဥပဒေ ပေါ်ထွက်လာသည်ကို အမှန်တကယ် မျက်မြင်တွေ့ရှိရသည်ကိုဖြစ်သည်။
Duan Kong ၏ ကြီးမားလှသော တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုကြားထဲတွင် ရွှယ်အန်းသည် အေးစက်စွာ ပြောလိုက်သည်။
"စကြဝဠာနယ်မြေပေါင်းများစွာမှာ ငါ တစ်ချိန်က အထွတ်အထိပ်မှာ တစ်ယောက်တည်း ရပ်တည်ခဲ့ဖူးတယ်၊ မှတ်ထားပါ... သွေးမျိုးနွယ်စုရဲ့ မျိုးဖြုတ်သတ်ဖြတ်မှုက မင်းဆီကနေ စမယ်"
ရွှယ်အန်း၏ စကားကို ကြားလိုက်ချိန် Duan Kong ကြက်သေသေသွားသည်။ ထို့နောက် တုန်လှုပ်စရာကောင်းသော အတွေးတစ်ခုသည် သူ့စိတ်ထဲ ပေါ်လာသည်။
"မင်းက..."
သူစကားတချို့ပြောချင်သော်လည်း ထိုအခိုက်အတန့်တွင် အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်းကြောင့် သူ၏ တစ်ကိုယ်လုံး မလှုပ်ရှားနိုင်တော့ဘဲ သူ့မျက်လုံးထဲတွင်လည်း အဆုံးမရှိသော ကြောက်ရွံ့မှုများ ခဲသွားတော့တသည်။
အဘယ့်ကြောင့်ဆို သူသည် ရွှယ်အန်း၏ စကားကို နားလည်သွားသောကြောင့်ဖြစ်သည်။
စကြဝဠာနယ်မြေပေါင်းများစွာတွင်...
အင်မော်တယ်သခင်အဆင့် ကြယ်တာရာ နယ်မြေတစ်ခု၏ မင်းသားတစ်ပါးဖြစ်စေ၊ ကြယ်တာရာ ကောင်းကင်ယံ၏ အစောင့်အရှောက်ဖြစ်စေ အင်မော်တယ်ဧကရာဇ်အဆင့် တည်ရှိမှုဖြစ်စေ ထိုအရာများကို စကြဝဠာအနှံ့ရှိ အင်အားအစစ်အမှန်ဟု သတ်မှတ်နိုင်သည်။
သို့သော် ထိုထဲတွင် အားလုံး အသိအမှတ်ပြုခံခြင်းကို ရထားသူမှာ ထိုပုဂ္ဂိုလ်သာရှိသည်။
ထိုလူသည် စကြဝဠာ နယ်မြေပေါင်းများစွာ၏ ပြိုင်ဘက်ကင်း အုပ်စိုးသူအဖြစ် အမှန်တကယ် အသိအမှတ်ပြုခံရသူ တစ်ဦး၊ မရေမတွက်နိုင်သော ဘီလီယံပေါင်းများစွာကြားတွင် အမြင့်ဆုံး အထွတ်အထိပ်တွင် ရပ်တည်နေသော အရှင်သခင်ဖြစ်သည်။
ထို့အပြင် ရွှယ်အန်းသည် စစ်မှန်အင်မော်တယ်တစ်၀က်နှင့်ပင် အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း ဥပဒေကို နားလည်သဘောပေါက်နိုင်ခြင်းမှာ ထိုကြောင့်သာ ဖြစ်နိုင်သည်။
သူသည် ထို အင်မော်တယ် အရှင်သခင် ဝင်စားခြင်းဖြစ်ရမည်။
ထိုအတွေးမှာ Duan Kong ကို အဆုံးမရှိသော နောင်တနှင့် ကြောက်ရွံ့မှုကို ခံစားရစေသည်။
သို့သော် ဤအချိန်ရောက်မှတော့ သူ အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။
သူသည် အင်မော်တယ်သခင်တစ်ယောက် ဖြစ်သော်လည်း အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း ရှေ့မှောက်မှာတော့ သူကလည်း သာမန်လူသားတစ်ယောက်ဖြစ်သည်။
ထို့ကြောင့် တစ်ခဏအတွင်းမှာပဲ သူသည် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ထိုစဉ် ရွှယ်အန်းသည် ပြတ်သားစွာ ဟစ်ကြွေးလိုက်သည်။
"အမြစ်ပြတ်သုတ်သင်"
ရွှယ်အန်းသည် ဤနတ်ဘုရားကျွမ်းကျင်မှုကို ပြောင်းပြန်လှန်နိုင်ရုံသာ လုပ်နိုင်ခဲ့သည်။
သို့သော် ဤအခိုက်အတန့်မှာတော့ သူသည် အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း၏ အစွမ်းထက်သော အမြစ်ပြတ်သုတ်သင်နည်းစနစ်ကို အသုံးပြုနိုင်ခဲ့သည်။
အမြစ်ပြတ်သုတ်သင်...
ဘုန်း
ရွှယ်အန်း၏ အမိန့်ပေးသံနှင့် အတူ သွေးနတ်ဘုရာ၏ ခန္ဓာကိုယ်သည် ကြေမွလွယ်သော စက္ကူတစ်ရွက်လို အကြောင်းကြောင့် အကျိုး ဖြစ်ပေါ်ခြင်း၏ စွမ်းအားကြောင့် ချက်ချင်း ကြေမွသွားကာ ဘာမှမရှိတဲ့ အဖြစ်သို့ ပြောင်းလဲသွားပြီး အပျက်အစီး အစအန တစ်ခုတောင် မကျန်ခဲ့တော့ချေ။
ထိုသည်မှာ တိုက်ကွက် တစ်ချက်တည်းဖြစ်သည်။
သွေးနတ်ဘုရား သတ်ခံလိုက်ရသည့်အပြင် နတ်ဘုရား ဝိညာဉ်သည်လည်း ပျက်စီးသွားခဲ့သည်။
ကောင်းကင်နှင့်မြေကြီးသည် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။
လူတိုင်း တိတ်တဆိတ် ကြည့်နေကြသည်။
ကောင်းကင်၏ အထွတ်အထိပ်မှာ ရပ်နေသော လူသားကို သူတို့ ကြည့်နေကြသည်။
မုယာနှင့် ရွှယ်လွေ့လီ အပါအဝင် တခြားသူများ အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူတို့ တစ်ကိုယ်လုံးပင် တုန်ယင်နေကြသည်။
အထူးသဖြင့် မုယာဖြစ်သည်။
သူမသည် သူမရှေ့ရှိ အရာအားလုံးကို လောဘတကြီး စိုက်ကြည့်နေမိသည်။ ရွှယ်အန်း၏ ပုံရိပ်ကို သူမ၏ စိတ်ထဲမှာ ထာဝရ စွဲထင်သွားစေချင်သလိုမျိုး စိုက်ကြည့်နေသည်။
မည်သူမှ စကား မပြောရဲကြပေ။
စင်မြင်သည့်ကန္တာရကြီးတစ်ခုလို တိတ်ဆိတ်နေသည်။
ခဏအကြာမှ မောပန်းနွမ်းနယ်မှု အရိပ်အယောင် သန်းနေသော ရွှယ်အန်း၏ အသံသည် ပဲ့တင်ထွက်လာသည်။
"သွေးပင့်ကူတောင် မရှိတော့ဘူး၊ ငါ ဒီနေရာမှာ သုံးရက် တစ်ကိုယ်တည်း ကျင့်ကြံမယ်၊ မင်းတို့အားလုံး... ဆုတ်ခွာကြ"
ထိုစကားကြောင့် ကျင့်ကြံသူ အများအပြား နားမလည်နိုင်ဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ရွှယ်အန်း ဒဏ်ရာရသွားတာလား
ထိုအချိန်မှာပဲ ရွှယ်အန်းသည် ကောင်းကင်နှင့်မြေကြီးကြား မျဉ်းတစ်ကြောင်းကို ပေါ့ပေါ့ပါးပါး ဆွဲလိုက်သည်။
ချက်ချင်းဆိုသလို လဟာနယ်ထဲတွင် တစ်မိုင်ကျော် ကျယ်သော ချောက်ကြီးတစ်ခု ပေါ်လာပြီး မိုးကုတ်စက်ဝိုင်းဆီအထိ ရှည်လျားသွားသည်။
"ဒီနေ့ကစပြီး ဒါက သုံးကိုက် တားမြစ်ဇုန်လို့ခေါ်မယ်၊ ဒီမျဉ်းကို ကျော်ဖြတ်တဲ့ ဘယ်သူမဆို သနားညှာတာမှုမရှိဘဲ သတ်ဖြတ်ခံရမယ်"
ထိုသို့ပြောပြီးနောက် ရွှယ်အန်း၏ ပုံရိပ်သည် အောက်ကို ဆင်းသက်သွားပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံနေလိုက်သည်။
ရွှယ်လွေ့လီ၊ မုယာ နှင့် ကျန့်ချီတို့သည် တစ်ခဏလေးတောင် တုံ့ဆိုင်းမနေဘဲ ရှေ့တိုးလာကြပြီး ချောက်ကြီး၏ ရှေ့တွင် မျက်လုံးမှိတ် တရားထိုင်ကာ တိတ်တဆိတ် အစောင့်အကြပ် လုပ်ပေးကြသည်။
ကျန်ရှိနေသော ကျင့်ကြံသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။
ဂိုဏ်းခေါင်းဆောင်တချို့နှင့် မျိုးနွယ်စုကြီးများ၏ ဘိုးဘေးတချို့သည် ရွှယ်အန်း ဒဏ်ရာရနသည်ကိုမြင်ချိန် အတွေးတစ်ခု ပေါ်လာသည်။
သူတို့သာ ၎င်းကို သတ်ချင်ပါက အကောင်းဆုံး အခွင့်အရေးဟူ၍ဖြစ်သည်။
သို့သော် ၎င်းတို့သည် တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်လိုက်ပြီး ထိုအတွေးကို လုံးဝ ဖယ်ရှားလိုက်ကြသည်။
ဤသည်မှာ ရွှယ်အန်း၏ ဉာဏ်ဆင်မှုတစ်ခုသာဖြစ်နိုင်ပြီး သူ့တွင် ခွန်အား အကြွင်းအကျန်တချို့ကို ချန်ထားတာမျိုးဖြစ်နိုင်သည်။
ထို့အပြင် ရွှယ်အန်း လေဟာနယ်ထဲတွင် ဖန်တီးလိုက်တဲ့ မြင်ကွင်းကို ကြည့်ရုံနှင့်တင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေဖို့ လုံလောက်သည်။
ထို့ကြောင့် ၎င်းတို့ ခဏတာ တုံ့ဆိုင်းပြီးနောက် စစ်မှန်အင်မော်တယ်ဖြစ်စေ
သာမန်ကျင့်ကြံသူဖြစ်စေ အားလုံးသည် အဝေးမှာ ရှိနေသော ရွှယ်အန်းကို လေးလေးနက်နက် ဦးညွှတ်လိုက်ကြပြီ ထွက်ခွာသွားကြသည်။
လူအများ ထင်ခဲ့ကြသလို ရွှယ်အန်း ဒဏ်ရာရသွားခဲ့သည်။
သွေးနတ်ဘုရား ကြာပွတ်နှင့် Duan Kong ၏ ရိုက်ချက်ငည် သွေးပင့်ကူတောင်ကို ကြေမွသွားစေခဲ့သည့်အပြင် ရွှယ်အန်း ရွှေခန္ဓာကိုယ်ကိုလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။
ထိုအချိန်မှာ ရွှယ်အန်းလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သည်။
Duan Kongသည် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ထိုအချိန်မှာ ရွှယ်အန်းသည် ရွှေအင်မော်တယ်တစ်ယောက်သာ ဖြစ်သည်။
နယ်ပယ်ကြီးတစ်ခုကို ကျော်ဖြတ်ပြီး စိန်ခေါ်လိုက်သော ထိုစိန်ခေါ်မှုသည် အန္တရာယ်များနှင့် ပြည့်နှက်နေခဲ့သည်။
သို့သော် ရွှယ်အန်းသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ဖောက်ထွက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး စစ်မှန်သောအင်မော်တယ်တစ်၀က် အဆင့်ကို တက်လှမ်းနိုင်ခဲ့သည်။
ထိုတစ်ခုတည်းကတင် ရွှယ်အန်း၏ ခွန်အားကို အဆတစ်ရာကျော် သိသိသာသာ တိုးမြှင့်ပေးလိုက်ပြီး Duan Kongကို အောင်မြင်စွာ သတ်နိုင်ခဲ့သည်။
အခြေအနေများသည် အရေးကြီးနေသောကြောင့် ရွှယ်အန်း၏ အတွင်းပိုင်း စွမ်းအင်များကိုလည်း မတည်မငြိမ် ဖြစ်စေခဲ့သည်။
ထို့ကြောင့် ရွှယ်အန်းသည် သုံးရက်တိုင်တိုင် ကျင့်ကြံဖို့ လိုအပ်ခဲ့ခြင်းဖြစ်သည်။
ရွှယ်အန်း ဒဏ်ရာများကို ပြုပြင်နေသော အချိန်အတွင်း သွေးပင့်ကူတောင်ပေါ်ရှိ အဖြစ်အပျက်များသည် ကွေ့ယီတစ်ခွင်ကို အံ့ဩစရာကောင်းသော အရှိန်နှင့် ပျံ့နှံ့သွားခဲ့သည်။
ကြားရသူတိုင်း ထိတ်လန့်တုန်လှုပ်ပြီး မျက်နှာပျက်သွားကြသည်။
"ဘာ... သွေးပင့်ကူတောင်က အမြစ်ကနေ ဆွဲနှုတ်ခံလိုက်ရတယ်၊ အင်မော်တယ်သခင် ရောက်လာတာတောင် ရွှယ်အန်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ် ဟုတ်လား"
မဟာအိပ်မက်မြို့တော်တွင် ရွှယ်အန်းကို လှောင်ရယ်ရန် စောင့်နေခဲ့ကြသော ကျင့်ကြံသူ အများအပြားသည် ထိုသတင်းကို ကြားလိုက်ရသောအခါ သူတို့အားလုံး ကြက်သီးမွှေးညှင်းများ ထလာပြီး ခေါင်းအစခြေအဆုံး တုန်လှုပ်သွားကြသည်။
ထို့နောက် သတင်းသည် ဝမ်တန်မြို့ကို ရောက်သွားသည်။
လုမိသားစုမှ အဖေနှင့်သမီး နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ဆွံ့အသွားကြသည်။
ရွှယ်အန်း ယခင်က လုပ်ခဲ့သည်များကို သူတို့ သိကြသည်။
သွေးပင့်ကူတောင်မှ အမှန်တရား ရှာဖွေခြင်း အခမ်းအနားကို ကျင်းပပြီး ရွှယ်အန်းကို သတ်ဖို့ ရည်ရွယ်နေစဉ် လုမိသားစု အကြီးအကဲနှင့် လုမိသားစုမှ လူများသည် ဝမ်းသာနေခဲ့ကြကာ ဤတစ်ကြိမ်တော့ ရွှယ်အန်း သေပြီဟု တွေးနေခဲ့ကြသည်။
လုပိုင်ယွဲ့လည်း အကောင်းမမြင်ခဲ့ဘဲ ရွှယ်အန်း အရှုံးနှင့် ကြုံရမည်ဟု သံသယ၀င်မျသည်။
သို့သော် အဖြစ်မှန်မှာ သူတို့မျက်နှာများကို ရိုက်လိုက်သလို လုမိသားစုဝင်များအား မှင်သက်သွားစေခဲ့သည်။
ခဏအကြာ လုလဲ့သည် စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
"အားလုံးကိုေပြာလိုက်ကြ...၊ ဒီနေ့ကစပြီး လက်စားချေဆိုတဲ့ စကားလုံးကို ထပ် မပြောကြနဲ့တော့"
တစ်ချိန်တည်းမှာပင် အလားတူ မြင်ကွင်းတစ်ခုသည် မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းအမျိုးမျိုးတွင် ဖြစ်ပျက်နေခဲ့သည်။