ဂိုဏ်းချုပ်ယွမ်၏ စွမ်းအား
Vol. 46 Ch. 676
ရှေးခေတ်အဓိပဓိနှစ်ယောက် မျက်မှောင်ကျုံ့သွားသည်။
လက်ရှိခေတ်တွင် ပြန်ရှင်သန်လာသည့် မသေမျိုးတစ်ဝက်များဖြစ်၍ ရှေးဟောင်းအဖွဲ့အစဉ်းများအကြောင်း သေချာစုံစမ်းထားပြီးဖြစ်သည်။
ကောင်းကင်ရုံးတော်ဂိုဏ်းဇစ်မြစ်သည် ရှေးဟောင်းခေတ်တွင် အခြေတည်ခဲ့သည်။ သူတို့လှုပ်ရှားမှုတိုင်း တစ်လောကလုံးတုန်လှုပ်သည်။
ပထမဆုံး ဟန်ရွှေမြို့တော်တွင် တိုက်ပွဲဖြစ်သည်။ ကောင်းကင်ရုံးတော်ခေါင်းဆောင် ကောင်းကင်ပဲဝါအရှင်က နိုင်ငံ့ကံကြမ္မာစွမ်းအားကို ထိန်းချုပ်၍ မဟာယုကူးဖြတ်ခြင်းအဆင့်သုံးယောက်ကို အနိုင်ယူခဲ့သည်။
နောက်ပိုင်းတွင် ကောင်းကင်ရုံးတော်သခင်လေးက တာအိုလမ်းစဉ်ဂိုဏ်းတွင် ရဲရဲတင်းတင်းပေါ်လာသည်။ လောက၏ ပါရမီရှင်များကို စိန်ခေါ်သည်။
နောက်ဆုံးတွင် တာအိုလမ်းစဉ်ဂိုဏ်းမှ လုယန်နှင့် လက်ရည်တူတိုက်ခိုက်နိုင်ခဲ့သည်။ ခေါင်းမော့နိုင်ခဲ့သည်။
သိပ်မကြာသေးမီက ဖီးနစ်ဘိုးဘေးလည်း ပြန်ရှင်သန်လာသည်။ အင်ပါယာရာထူးယူခဲ့သည် အရှင်ကျူးထန်ကိုအနိုင်ယူသည်။
ထိုလှုပ်ရှားမှုတိုင်းက ကောင်းကင်ရုံးတော်၏ မယုံနိုင်လောက်အောင်ကြီးမားသည့်စွမ်းအားကို သက်သေခံနေသည်။ သူတို့စွမ်းအားကို ဖုံးကွယ်ဖို့လည်း မကြိုးစား။ ကိုယ်စွမ်းအားကိုယ် ယုံကြည်ကြသည့်သဘောဖြစ်သည်။
ဤအရှင်နှစ်ယောက်သည် တစ်ဘဝလုံး တိုက်ခိုက်ရင်း ရှင်သန်ခဲ့သူများဖြစ်သည်။ ဘွဲ့နာမည်ကြားရုံလောက်ဖြင့် အလွယ်တကူကြောက်တတ်သည်မဟုတ်။
ကောင်းကင်ပဲဝါအရှင်ကိုယ်တိုင် ရောက်လာလျှင်တော့ သူတို့ချက်ချင်းထွက်ပြေးမည်။ ထိုပဲဝါအရှင်သည် မသေမျိုးဖြစ်ဖို့များသည်။ သူတို့ရင်ဆိုင်နိုင်သည့် အဆင့်အတန်းမျိုးမဟုတ်။
ယခုရောက်လာသူက ကောင်းကင်ပဲဝါအရှင်မဟုတ်သဖြင့် ကြောက်စရာအကြောင်းမရှိ. ဖီးနစ်ဘိုးဘေးဖြစ်စေ ဂိုဏ်းချုပ်ယွမ်ဖြစ်စေ သူတို့နှင့်အဆင့်တူ မသေမျိုးတစ်ဝက်များသာဖြစ်သည်။
ရှေးဟောင်းခေတ်မသေမျိုးများသည် နာမည်ရှိကြသည်။ လေးယောက်သာရှိသည်။
ကောင်းကင်ပဲဝါအရှင် ရုတ်တရက်ပေါ်လာခြင်းသည် သိပ်မယုံကြည်ရ။ နောက်ထပ်မသေမျိုးတစ်ယောက် ရုတ်တရက်ပေါ်လာဖို့ဆိုသည်မှာ ခဲယဉ်းလွန်းသည်။
ရှေးဟောင်းမသေမျိုးမဟုတ်လျှင် ဂိုဏ်းချုပ်ယွမ်သည် မသေမျိုးတစ်ဝက်အဆင့်သာဖြစ်လိမ့်သည်။
"နာမည်ကောင်းရချင်လို့ ငါတို့ခေါင်းပေါ်တက်နင်းဖို့ စဉ်းစားနေတာလား။ ဂိုဏ်းချုပ်ယွမ်က သတ္တိအရမ်းကောင်းတာပဲ"
သူတို့အပိုင်နယ်မြေထဲတွင် မသေမျိုးတစ်ဝက်ဆိုသည်မှာ ဘာမှအဓိပ္ပါယ်မရှိ။
တစ်ဘက်လူက လေဟာနယ်လောကကို အလွယ်တကူထိုးဖောက်လာသည်။ လေဟာနယ်အရိယဖလသန္ဓေစွမ်းအားဖြစ်မည်။
ယွမ်ကျိ ထိုနှစ်ယောက်ကို လှမ်းကြည့်သည်။ သူ့မျက်လုံးတွင် နားမလည်သည့်အရိပ်များပေါ်လွင်နေသည်။
"ရှင်တို့ဘယ်သူလဲ"
ရှေးဟောင်းမသေမျိုးတစ်ဝက်နှစ်ယောက်၏ နဖူးမှသွေးကြောများ ဒေါသကြောင့် ဖောင်းထလာသည်။ ထိုသို့အစော်ကားမခံခဲ့ရသည်မှာ အတော်ကြာပြီဖြစ်သည်။
သူတို့ကိုမသိဘဲ ဤနေရာသို့ ဘာလာလုပ်သနည်း။
"သေချင်နေတာပဲ"
"မိုးမြေနိယာမ"
"လက်နက်တစ်ထောင်၊ နက်ရှိုင်းတဲ့ပဟေဠိ"
အရှင်နှစ်ယောက် လက်နက်မျိုးစုံကိုင်၍ နှစ်ဘက်ညှပ်တိုက်ကြသည်။ ယွမ်ကျိကိုသတ်၍ ဝိညာဉ်ကိုဖျက်ဆီးဖို့ ဆုံးဖြတ်ထားသည်။
ချီတစ်ခုအရှင်မျက်နှာ ပို၍ပင်အိုစာသွားသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ပါဝင်ပတ်သက်လာသည်။ ရန်သူမိတ်ဆွေသေချာမကွဲပြားသေး။ တတိယစွမ်းအားရှင် တိုက်ပွဲဝင်လာခြင်းဖြစ်သည်။ တိုက်ပွဲဘယ်လိုဖြစ်လာမည်ကို ပို၍ပင်ခန့်မှန်းမရတော့။
"ဒီနှစ်ယောက်လည်း ဂိုဏ်းချုပ်ယွမ်ကို အထင်သေးရဲပုံမပေါ်ဘူး။ စတိုက်ကတည်းက စွမ်းအားအထက်ဆုံးတိုက်ပွက်တွေ သုံးတယ်"
သူအကဲခတ်နေသည်။
မြို့တော်သခင်လျိုက နားမလည်။
"သူတို့တိုက်ခိုက်တာ ခုနကနည်းလမ်းပဲမဟုတ်လား"
စွမ်းအားက တော်ရုံသင့်ရုံသာ ပါသလိုရှိသည်။ အမှန်တကယ် ထိခိုက်မှုမျိုး လုံးဝမတွေ့ရ။
ချီတစ်ခုအရှင် ခေါင်းခါသည်။
"ခုနက သူတို့မထိခိုက်တာက သူတို့သုံးနိုင်တဲ့စွမ်းရည်တွေချင်းက တူနေလို့လေ။ တစ်ခြားမသေမျိုးတစ်ဝက်တစ်ယောက်ဆိုရင် ဒီလိုတိုက်ကွက်မျိုးတွေကို ထိပ်တိုက်ရင်ဆိုင်ရဲမှာမဟုတ်ဘူး"
မိုးမြေနိယာမစွမ်းအား။ တိုက်ခိုက်ခြင်နှင့်ခုခံခြင်းပေါင်းစပ်ထားသည့် အလွန်စွမ်းအားကြီးသည့် ဓမ္မခန္ဓာပညာဖြစ်သည်။ ဗုဒ္ဓဝါဒ၏ မထိုးဖောက်နိုင်သည့်ရွှေခန္ဓာနှင့်တန်းတူ နာမည်ကြီးသည်။ မဖျက်ဆီးနိုင် မယှဉ်နိုင်သည့် ခုခံနိုင်စွမ်းမျိုးရှိသည်။
လက်နက်တစ်ထောင်ပညာ။ တိုက်ခိုက်သတ်ဖြတ်ဖို့သုံးသည့် မှော်ပစ္စည်းမျိုးစုံဖြင့် တည်ဆောက်သည့်ပညာရပ်ဖြစ်သည်။ တားဆီးမရ။ လက်နက်အရေအတွက်တစ်ခုတည်းကပင် လွှမ်းမိုးနိုင်စွမ်းရှိသည်။ ခုခံမှုမှန်သမျှကို သဲထဲရေသွန်ဖြစ်အောင် လုပ်နိုင်သည်။
ယွမ်ကျိ လက်ကိုမြှောက်သည်။ လက်ကောက်ဝတ်မှ ရွှေခေါင်းလောင်းများ အသံမြည်သွားသည်။ အဆုံးစမဲ့လေဟာနယ်လှိုင်းများဖြစ်လာသည်။
လှိုင်းဂယက်များက လေဟာနယ်ကို တစ်လက်မမကျန် ရိုက်ခတ်သည်။ အရှင်နှစ်ယောက် လက်နက်များကို မြှောက်လျက်သားပုံစံဖြင့် အချုပ်အနှောင်ကျိန်စာမိသကဲ့သို့ မလှုပ်မယှက်ဖြစ်သွားသည်။
ခေါင်းလောင်းသံ နောက်တစ်ကြိမ်မြည်လာသည်။
နောက်ထပ်လေဟာနယ်လှိုင်းဂယက်များ ပြန့်ကျဲသွားသည်။ အရှင်နှစ်ယောက် ရင်ဘတ်ကိုတူဖြင့်ထုခံရသလို ဖြစ်သွားသည်။
စူစူးရှရှအော်ဟစ်၍ နောက်ပြန်လွင့်ထွက်သွားကြသည်။ လေဟာလောကနံရံနှင့်တိုက်မိသည်။ ဦးခေါင်းများမူးဝေလျက် ပုံပျက်ပန်းပျက်ဖြစ်နေသည်။
"မင်းယုံကြည်ချက်တွေ ဘယ်ကရလာတာလဲလို့ တွေးနေတာ။ လက်စသပ်တော့မင်းက လက်ထဲကမသေမျိုးရတနာကို သုံးနေတာကိုး"
နှစ်ယောက်လုံး ယွမ်ကျိလက်ကောက်ဝတ်မှ ရွှေခေါင်းလောင်းကို စိုက်ကြည့်နေသည်။ လေဟာနယ်အရိယဖလသန္ဓေကိုသုံးလျှင်ပင် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်မှုကို ထိုမျှအလွယ်တကူ မဖျက်ဆီးနိုင်ကြောင်း သူတို့နားလည်သည်။
'မိုးမြေပြောင်းပြန်လှန်'စွမ်းအားဖြင့် သူတို့ကိုယ်ပိုင်အချိန်ကို နောက်ပြန်မလှန်ခဲ့လျှင် ခုနက တိုက်ခိုက်မှုဖြင့် သူတို့သေသွားပေလိမ့်မည်။
ပြိုင်ဘက်က မသေမျိုးတစ်ဝက်အဆင့်ထက်လွန်သည့် စွမ်းအားတစ်မျိုးသုံးနေသည်။
"ရှေးဟောင်းကောင်းကင်ရုံးတော်ကလူဖြစ်နေတာ မဆန်းတော့ပါဘူး။ မသေမျိုးရတနာတွေတကယ်ရှိနေတာပဲ။ သဘာဝကျပါတယ်လေ။ ကောင်းကင်ပဲဝါအရှင်ရဲ့အထောက်အပံ့နဲ့ ဒါမျိုးရတနာတွေဘယ်မရှိဘဲနေမလဲ"
အိပ်မက်ဆိုးအရှင်မျက်နှာ လောဘရိပ်သန်းလာသည်။
သူဘာကြောင့် အမွှာမြစ်ကိုရှာဖို့ စိတ်အားထက်သန်နေသနည်း။ ထိုအရာသည် နည်းနည်းထူးဆန်းသော်လည်း မသေမျိုးရတနာတစ်ခုပင်ဖြစ်သည်။
အမွှာမြစ်စွမ်းအားကို သူကျွမ်းကျင်လျှင် မသေမျိုးအဆင့်တက်သည့်လမ်းတွင် လေဟာနယ်အရှင်သည် အရိုးပုံတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
အစက သူတို့နှစ်ယောက် ဂိုဏ်းချုပ်ယွမ်ကို အရင်သတ်ပြီးမှ သူတို့ပြဿနာကိုရှင်းဖို့ ကြံရွယ်ထားသည်။ သို့သော်ယခု တွန့်ဆုတ်ဆုတ်လုပ်နေရမည့်အချိန်မဟုတ်တော့။
မသေမျိုးရတနာခေါင်းလောင်းကို ရသူသည် တစ်ခြားဘယ်သူ့ကိုမဆို အနိုင်ရလိမ့်မည်။
သတ်ရမည်။
"နတ်မယ်၊ အမယွမ်လက်ကောက်ဝတ်ကခေါင်းလောင်းဟာ မသေမျိုးရတနာလား"
လုယန် အံ့အားသင့်နေသည်။
အမယွမ်ကို စတွေ့ကတည်းက ထိုခေါင်းလောင်း လက်ကောက်ဝတ်တွင် အမြဲဝတ်ထားသည်ကို သူသတိထားမိသည်။ သာမန်အဆင်တန်ဆာဟုသာ ထင်ခဲ့သည်။
ထိုရွှေခေါင်းလောင်းသည် မသေမျိုးရတနာလော...
နတ်မယ်က ခန်းမကြာပလ္လင်ပေါ်လှဲနေရင်းမှ ပျင်းရိပျင်းတွဲခေါင်းငြိမ့်သည်။ ပါးတစ်ဘက်ကိုလက်ဖြင့်ထောက်ထားသည်။
ရှောင်ယွမ်လှုပ်ရှားပြီဖြစ်၍ တိုက်ပွဲအခြေအနေကို သူပြောင်းလဲပေးဖို့မလိုတော့။
"မသေမျိုးရတနာဆိုတာမှန်တယ်။ ဒါပေမယ့် ခုနကတိုက်ခိုက်တာနဲ့ ဘာမှမဆိုင်ပါဘူး။ ရှောင်ယွမ်က လက်ဝါးတစ်ချက်ပဲရိုက်ပြီး ဟိုနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ဖျက်ဆီးလိုက်တာ။
ငါပြောဖူးတာပဲ။ မသေမျိုးတစ်ဝက်တွေဟာ အရိယဖလသန္ဓေကို အာရုံခံစားနိုင်တဲ့ ကူးဖြတ်ခြင်းအဆင့်တွေဆိုတာလေ။ သူတို့ရဲ့ရုပ်ခန္ဓာအခြေအနေက မပြောင်းလဲဘူး။
မသေမျိုးဖြစ်လာပြီဆိုမှ တကယ့်ကွာခြားချက်တွေ အများကြီးရှိလာတာ"
...
"ကြယ်ကိုနေရာရွှေ့ တိုက်ပွဲကိုပြောင်းလဲ နေနဲ့လအပြိုင်ပေါ်မယ်"
"ကောင်းကင်သဘာဝကိုပြောင်းပြီး လောကကိုအဆုံးသတ်မယ့် မဟာရေလှိုင်း"
"သေခြင်းရှင်ခြင်းစက်ဝန်း"
"အားရုံငါးပါးဖျက်စွမ်းအား"
ကောင်းကင်တွင် တောက်ပသည့်နေနှင့် ကြည်လင်သည့်လဝန်း ပေါ်လာသည်။ အဆုံးစွန်ယင်နှင့်ယန်ကို ကိုယ်စားပြုသည်။ တစ်ဖြေးဖြေးလည်ပတ်ရင်း ထိုက်ချိပုံရိပ်အစစ်ဖြစ်လာသည်။
ကိုးဆမသေမျိုး မသေမျိုးတစ်ဝက်အဆင့်တွင် သုံးခဲ့သည့်စွမ်းအားဖြစ်သည်။
ရုတ်တရက် ကောင်းကင်တစ်ခုလုံး ကြယ်များပြည့်သွားသည်။ သူတို့လှုပ်ရှားမှုမှ ထူးဆန်းသည့်စွမ်းအားများ ထွက်ပေါ်လာသည်။ အတိတ်တစ်ချိန်က ကမ္ဘာဖျက်ရေလှိုင်းများကို လောကသို့ နောက်တစ်ကြိမ်ထပ်ခေါ်သည်။ စွမ်းအားက ရှေးခေတ်ရေကြီးရေလျှံမှုမျိုးနှင့်မခြားလှ။
ကြီးမားသည့် ကြေးဝါဘီးတစ်ခုပေါ်လာသည်။ သီးနှံကြိတ်သည့်ကျောက်ပြားကြီးတစ်ခုကဲ့သို့ လေးလံသည်။ လည်ပတ်မှုနှေးကွေးသော်လည်း လောကထဲမှ အရာအားလုံးကို ကြိတ်ချေပစ်နိုင်စွမ်းရှိသည်။
ထိုဘီးဝိုင်းသည် ယွမ်ကျိ၏ ဘဝကို ကိုယ်စားပြုသည်။ အမှတ်အသားတစ်ခုချင်းစီက သူ့ဘဝဖြတ်ကျော်ခဲ့သည့်အဆင့်တစ်ဆင့်စီကို ကိုယ်စားပြုသည်။ ဘီးဝိုင်းလည်ပတ်မှုပြီးဆုံးချိန်သည် ယွမ်ကျိ၏သက်တမ်းအဆုံးသတ်ကို ကိုယ်စားပြုသည်။
သေခြင်းရှင်ခြင်းကျိန်စာတစ်ခုဖြစ်သည်။
အာရုံငါးပါးကို ဖယ်ထုတ်ထားသဖြင့် အပြင်လောကကို ယွမ်ကျိအာရုံခံနိုင်မည်ဟုတ်။ သူတို့တိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်။
အပြင်လောကတွင် သူတို့နှစ်ယောက်သည် ထိုမျှအစွမ်းထက်သည့်ပညာမျိုးကို ထုတ်ပြလေ့မရှိ။ သို့သော် ဤနေရာသည် လေဟာနယ်နှင့်အိပ်မက်လောက ပေါင်းစပ်ထားသည့် ထူးခြားနယ်မြေဖြစ်သည်။ သူတို့စိတ်ကြိုက် တိုက်ခိုက်နိုင်သည်။
စိတ်မချသေးသဖြင့် အချင်းချင်းအကြည့်ဖလှယ်ပြီး တိုက်ကွက်တစ်ခုကို ပြိုင်တူလှုပ်ရှားဖို့ ဆုံးဖြတ်ကြသည်။ သို့သော် ထိုစွမ်းအားကိုထုတ်သုံးလျှင် ပေးဆပ်ရမည့်တန်ဖိုးက ကြီးမားသည်။
"အချိန်ရပ်မယ်"
အချိန် ရုတ်တရက်ရပ်သွားသည်။ စည်ကားနေသည့် ချန်ကျန်းမြို့တော်က ပုံရိပ်ပန်းချီတစ်ခုလို ဖြစ်သွားသည်။ ရှေးဟောင်းစွမ်းအားရှင်များသာ အချိန်အားလုံးကို ခြုံငုံကြည့်နိုင်သည်။ ရပ်တန့်ခြင်းမရှိဘဲ လှပ်ရှားနိုင်သည်။
"သေလိုက်စမ်း"
အင်အားများစွာ စိုက်ထုတ်ထားသည့်တိုက်ကွက် ကျဆင်းလာသည်။ ထိုက်ချိနေနှင့်လ မြေပြင်သို့ ကျဆင်းလာသည်။
ဘိုးဘေးတို့၏ အိပ်မက်ဆိုးဖြစ်ခဲ့သည့် အဖျက်ရေလှိုင်း ကောင်းကင်မှဆင်းလာသည်။ ပြင်းထန်သည့် သေခြင်းအရိပ်လွှမ်းခြုံထားသည်။
ကြေးဝါဘီးက လျင်မြန်စွာလည်ပတ်နေသည်။ ဘဝအဆုံးသတ်ကို ကြိုတင်သတိပေးနေသလိုရှိသည်။
အချိန်၏ငြိမ်သက်မှုထဲတွင် ယွမ်ကျိ မျက်တောင်တစ်ချက်ခတ်သည်။ မသေမျိုးတစ်ဝက်နှစ်ယောက်ကို ကြည်လင်သည့်မျက်လုံးများဖြင့် ကြည့်နေသည်။ ခံစားချက်အရိပ်အရောင်လုံးဝမရှိ။
မသေမျိုးတစ်ဝက်နှစ်ယောက် ထိတ်လန့်တုန်လှုပ်သွားသည်။ လုံးဝမူမမှန်သည့်အဖြစ်ကို အာရုံခံမိသည်။
အချိန်ကို ရပ်တန့်ထားချိန်တွင် ထိုမိန်းကလေး ဘာကြောင့်လှုပ်နေသနည်း။
အာရုံငါးပါးကိုလည်း ပိတ်ဆို့ထားသည်။
ယွမ်ကျိလှုပ်ရှားသည်။ ခြေတစ်လှမ်းဖြင့် ရပ်တန့်မှုကိုချေဖျက်သည်။ အချိန်စီးကြောင်း ပြန်လည်ပတ်လာသည်။
လက်တစ်ဘက်ဝှေ့ယမ်းလိုက်သည်။ နေနှင့်လကြေမွပျက်စီးသွားသည်။ ရေလှိုင်းများပျောက်ကွယ်သွားသည်။ ကြေးဝါဘီးလည်း ပျက်စီးသွားသည်။
လောက်ကတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသကဲ့သို့ အားလုံး တိတ်ဆိတ်သွားသည်။
နေနှင့်လပျက်စီးရာမှ ဖြစ်လာသည့် အလင်းရောင်များက ယွမ်ကျိမျက်နှာကို အရောင်ဟပ်နေသည်။ ပျော်ခြင်းဝမ်းနည်းခြင်း လုံးဝမရှိ။
လေဟာနယ်အရှင်နှင့် အိပ်မက်ဆိုးအရှင်တို့ တန်ပြန်စွမ်းအားဒဏ်သင့်၍ သွေးချောင်းဆိုးနေသည်။
မျက်လုံးအိမ်တွင် အကြောက်တရားများပြည့်နေသည်။ သူတို့ဒဏ်ရာကိုပင် သတိမရကြ။
"သူ...သူက မသေမျိုးပဲ"
**********************************