← Chapters

တိုက်ကွက်တစ်ကွက်

Vol. 46 Ch. 677

တိုက်ကွက်တစ်ကွက်

Vol. 46 Ch. 677

"သူတို့ဘာပြောလိုက်တာလဲ။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်က မသေမျိုးတဲ့လား"

မြို့တော်သခင်လျို နားကြားမှားသည်ဟု ထင်လိုက်မိသည်။

မသေမျိုးတစ်ဝက်အဆင့်များ ရှားပါးနေသည့်ခေတ်တွင် မသေမျိုးတစ်ယောက် တကယ်ရှိနိုင်မည်လော။

ဟန်ရွှေ့မြို့တော်တိုက်ပွဲမှာပင် ကောင်းကင်ပဲဝါအရှင်၏ ဝိညာဉ်ကိုယ်ပွားသာ ရောက်လာခြင်းဖြစ်သည်။ ခန္ဓာကိုယ်အစစ်မဟုတ်။

ယခု ချန်ကျန်းမြို့တော်တွင် မသေမျိုးတစ်ဝက်နှစ်ယောက်သာမက မသေမျိုးအစစ်ပါရောက်လာသည်။

ချီတစ်ခုအရှင် အလေးအနက်ခေါင်းငြိမ့်သည်။

"ဟုတ်တယ်။ မသေမျိုးတစ်ယောက်ပဲ ခုနကသုံးတဲ့ တိုက်ကွက်တွေကို အလွယ်တကူဖျက်ဆီးနိုင်မှာ"

ထိုအခြေအနေသို့ရောက်လာပြီဖြစ်၍ အလစ်ဖမ်းတိုက်ခိုက်ဖို့ကိစ္စ သူဆက်မတွေးတော့။

မသေမျိးတစ်ယောက်ကို ဘယ်နည်းလမ်းနှင့်မှ တိုက်ခိုက်၍မရနိုင်။

ချန်ကျန်းမြို့ခံများ သေခြင်းရှင်းခြင်းသည် ယခု ကောင်းကင်ရုံးတော်၏ စိတ်အခြေအနေပေါ်သာ မူတည်တော့မည်။

"ကောင်းကင်ရုံးတော်မှာ မသေမျိုးနှစ်ယောက်ရှိနေမယ်လို့ ဘယ်သူထင်မိမှာလဲ"

လေဟာနယ်အရှင် မျက်လုံးများမှေးစင်းသွားသည်။ သူ့လက်ကောက်ဝတ်တွင် ရှေးမှော်အမှတ်အသားမျိုးစုံ တိတ်တဆိတ်ပေါ်လာသည်။

"မိတ်ဆွေ၊ မင်းနဲ့ငါပူးပေါင်းပြီး ဒီလူကိုအနိုင်ယူနိုင်ရင် ငါတို့နာမည်တွေ ခေတ်အဆက်ဆက်ကျော်ကြားနေလိမ့်မယ်။ မင်းဘယ်လိုသဘောရလဲ"

မသေမျိုးတစ်ယောက်ကို သတ်ခွင့်ဆိုသည်မှာ နှစ်တစ်ထောင်တွစ် တစ်ကြိမ်ကြုံခဲ့သည့် အခွင့်အရေးဖြစ်သည်။

စကားဖြင့်အာရုံလွှဲပြီး အလစ်အငိုက်တိုက်ခိုက်လျှင် အောင်မြင်နိုင်သည်။ စွန့်စားထိုက်သည်။

မသေမျိုးတစ်ယောက်ကို သတ်နိုင်လျှင် မဟာကပ်အပြိုင်အဆိုင်ကာလတွင် အကြီးမားဆုံးအကျိုးအမြတ်ကို ရနိုင်သည်။

"ကောင်းပြီလေ"

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ပြိုင်တည်း လှုပ်ရှားကြသည်။

"ဘုန်း"

အမှန်တော့ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်းတိုက်ခိုက်ပြီး အပြင်ကမ္ဘာဆီ လှည့်ထွက်ပြေးခြင်းဖြစ်သည်။

တစ်ခြားလူကို ယွမ်ကျိနှင့်ရင်ဆိုင်စေပြီး ကိုယ်လွတ်ရုန်းထွက်ပြေးလို့သည့် အတွေးမျိုး နှစ်ယောက်လုံးတွင် ရှိနေကြသည်။

မသေမျိုးတစ်ယောက်ကို ရင်ဆိုင်လျှင် နိုင်ခြေလုံးဝမရှိ။ နည်းနည်းလေးပင်မရှိ။ ထွက်ပြေးမှသာ ရှင်သန်နိုင်ဖို့ မျှော်လင့်ချက်နည်းနည်းရှိမည်။

နှစ်ယောက်လုံး ကိုယ်ပိုင်လောကများကို ဖွင့်ကြသည်။ တစ်ယောက်က လေဟာနယ်လောကကိုဖွင့်သည်။ နောက်တစ်ယောက်က အိပ်မက်လောကကိုဖွင့်သည်။

ကြီးမားသည့် အက်ကြောင်းများ ပေါ်လာသည်။

သူတို့ခန္ဓာကိုယ်တစ်ဝက် အပြင်သို့ရောက်ချိန်တွင် ယွမ်ကျိက ရုတ်တရက် လက်ခုပ်တီးလိုက်သည်။

အက်ကြောင်းများ ပိတ်သွားသည်။ နှစ်ယောက်လုံးကို မမြင်နိုင်သည့်လက်တစ်စုံက ပြန်ဆွဲခေါ်သည်။

စွမ်းအားခြင်းကွာခြားလွန်းသဖြင့် မလွတ်မြောက်နိုင်မှန်း သူတို့နားလည်လာသည်။

ရှင်သန်လိုလျှင် စွမ်းအားကုန်ထုတ်ရမည်။

"လူသားက မြေနောက်ကိုလိုက်တယ်။ မြေက ကောင်းကင်နောက်ကိုလိုက်တယ်။ ကောင်းကင်က တာအိုနောက်ကိုလိုက်တယ်။ တာအိုက သဘာဝနောက်ကိုလိုက်တယ်"

လေဟာနယ်အရှင် ပျောက်ကွယ်သွားသည်။ လေဟာနယ်လောကနှင့် ပေါင်းစပ်သွားသည်။

ယခု သူသည် လေဟာနယ်လောက၊ လေဟာနယ်လောကသည် သူဖြစ်သည်။

လေဟာနယ်လောကက သူ့သိစိတ်အာရုံကို သူနားလည်ပြီး ယွမ်ကျိကိုသတ်ဖို့ ကူညီပေးလိမ့်မည်။

ထိုအခြေအနေသည် အလွန်အန္တရာယ်များသည်။

တစ်ချက်ပေါ့ဆမိသည်နှင့် လေဟာနယ်လောက၏ ဝါးမျိုခြင်းကိုခံရမည်။ ထိုလောက၏ အဟာရဓာတ်စာ ဖြစ်လာမည်။

"တာအိုဟာ ကြီးမြတ်တယ်။ ကောင်းကင်ဟာ ကြီးမြတ်တယ်။ မြေပြင်ဟာ ကြီးမြတ်တယ်။ ငါလည်း ကြီးမြတ်တယ်"

အိပ်မက်ဆိုးအရှင်လည်း အလားတူနည်းလမ်းတစ်ခုသုံးပြီး စွမ်းအားရဖို့ အိပ်မက်လောကနှင့် ပေါင်းစပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အိပ်မက်လောက၏ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး ဘယ်တော့မှ နိုးထမလာနိုင်တော့မည့် အန္တရာယ်လည်း ရှိနေသည်။

ကြီးမားသည့် မျက်နှာပုံရိပ်နှစ်ခု ချန်ကျန်းမြို့အထက်တွင်ပေါ်လာသည်။ သံပြိုင်အော်ဟစ်ကြုံးဝါးသည်။

"ငါတို့ကို ဒီလိုလုပ်ဖြစ်အောင် ဖိအားပေးတာ မင်းပဲ။ ဒီနေ့ မင်းကံကြမ္မာထဲမှာ ဖြတ်သန်းရမယ့် သေခြင်းဆင်းရဲတစ်ခု ရှိတယ်"

လေဟာနယ်လောကနှင့် အိပ်မက်လောက၏ သိစိတ်ဝိညာဉ်များဖြစ်သည်။

ပြောသည့်စကားတိုင်းက လေဟာနယ်လောကနှင့် အိပ်မက်လောက၏ဆန္ဒဖြစ်သည်။ ကြောင်းကျိုးကံကြမ္မာစွမ်းအားလည်း ပါသည်။

ထိုစကားသည် ခြိမ်းခြောက်ခြင်းမဟုတ်။ တကယ့်ကံကြမ္မာကျိန်စာအစစ်တစ်ခုဖြစ်သည်။

အကြောင်းမရှိဘဲ ဝိညာဉ်စွမ်းအင်များ အပြင်းအထန် လှုပ်ရှားလာသည်။ လေဝဲတစ်ခုဖြစ်လာသည်။ ထို့နောက် ကြီးမားသည့်ဝိညာဉ်စွမ်းအင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားသည်။

နှစ်သန်းတစ်ထောင်တွင်တစ်ကြိမ် ဖြစ်ဖို့ခဲယဉ်းသည့် ကပ်ဆိုးမျိုးဖြစ်သည်။

မဟာချန်သမိုင်းတွင် ထိုကပ်ဆိုးမျိုးကြောင့် မြို့တော်တစ်ခုလုံး သေကြေပျက်စီးခဲ့ဖူးသည်။

လေဟာနယ်တွန့်လိမ်လှုပ်ရှား၍ ပြင်းထန်သည့်လေစီးကြောင်းများဖြစ်လာသည်။

ထိုလေဝဲထဲတွင် မည်သည့်ဒြပ်ပစ္စည်းမှ အကောင်းပကတိမကျန်နိုင်။

အချိန်လေဟာနယ်လေဝဲတွင် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်လူတစ်ယောက်သည် သုံးစက္ကန့်သာ ခံနိုင်ရည်ရှိမည်။ ပြီးလျှင် တစ်ကိုယ်လုံး တစ်စစီပြတ်ထွက်သွားမည်။

ရှေး‌ဟောင်းပုံရိပ်များ ပေါ်လာသည်။ အင်အားတစ်သန်းစစ်တပ်။ အလံများ။ နေရာတိုင်းတွင် ပြန့်ကျဲနေသည့်အလောင်းများ။ ထိုအခိုက်အတန့်တွင် အချိန်သည် အဓိပ္ပါယ်မရှိ။

ဖြစ်တောင့်ဖြစ်ခဲ့ အချိန်ခရီးသွားသည့်ပုံရိပ်တစ်ခု ဖြစ်လာသည်။

ဆင်းလာသည့်တပ်ဖွဲ့များက အော်ဟစ်မန်သွင်း၍ ယွမ်ကျိဆီ ပြေးဝင်လာသည်။ သူတို့အလံများက လောကကို စစ်ကြေညာနေသည့် မဟာယုစစ်သည်များဖြစ်သည်။

မဟာချန်ခေတ်အဆုံးသတ်ကာလတွင် အိပ်မက်ဆိုးအဓိပဓိသည် မဟာယု၏ အင်းအားတစ်သန်းစစ်တပ်ကို အိပ်မက်လောကတွင် အနိုင်ယူခဲ့သည်။

ပုံမှန်အားဖြင့် ဖြစ်နိုင်ခြေမရှိသည့် ကိစ္စအားလုံး တစ်ခုပြီးတစ်ခု ဖြစ်လာသည်။ ယွမ်ကျိအတွက် အရေနိမ့်စရာအခြေအနေမျိုးစုံ ဖြစ်လာသည်။

ကြီးမားသည့်အရိပ်တစ်ခု သူ့ဦးခေါင်းပေါ် ဝဲပျံလာသည်။ မညီညာသည့် အနက်ရောင်တောင်တန်းများဖြစ်သည်။ လေဟာနယ်မှ ဖန်တီးထားသည်။ တိုင်းတာ၍မရလောက်အောင် လေးလံသည်။ ဘေးပတ်လည်လေဟာနယ် ပြိုပျက်နေသည့်လက္ခဏာများ ရှိနေသည်။

ကံဆိုးမှု(ကံကြမ္မာစွမ်းအား)နှင့်‌တောင်တန်းနက်များကို ကြုံရသော်လည်း ယွမ်ကျိ မျက်နှာမပျက်။

သက်ပြင်းတစ်ချက်ချ၍ ပျော့ပျောင်းဖြူဖွေးသည့် လက်တစ်ဘက်ကို ဆန့်ထုတ်ပြီး ဓားတစ်လက်အသွင်ဖြင့် ခုတ်ချလိုက်သည်။

လှုပ်ရှားမှုက အလွန်ရိုးစင်းသည်။

ဝိညာဉ်စွမ်းအင်ကပ်ဆိုးလေဝဲ၊ လေဟာနယ်ဓှိုင်းများ၊ အချိန်ခရီးသွားတပ်ဖွဲ့၊ အနက်ရောင်တောင်တန်းများ။ အားလုံးပျောက်ကွယ်သွားသည်။

မိုးနှင့်မြေ ရှင်းလင်းသန့်စင်သွားသည်။

လဟာနယ်လောက အိပ်မက်လောကနှစ်ခုလုံးကို နှစ်ခြမ်းဖြတ်ခွဲလိုက်ချိန်တွင် စူးစူးရှရှအော်သံနှစ်ခု ထွက်လာသည်။ ချန်ကျန်းမြို့တော် နေ့အလင်းရောင်ကို ပြန်မြင်ရသည်။ မူလလောကသို့ ပြန်ရောက်လာသည်။

အရောင်အဆင်းများ ပြန်ဖြစ်ပေါ်လာသည်။ ကြည်လင်သည့်ကောင်းကင်ပြာ ဦးခေါင်းထက်တွင် ပေါ်လာသည်။

အရှင်နှစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားသည်။ သူတို့လောကနှင့် ပေါင်းစပ်ထားသည့်အဖြစ်မှ ခွဲထွက်လာသည်။ ခန္ဓာကိုယ်အောက်ပိုင်း မြေပြင်သို့ပြုတ်ကျသည်။ ကြီးမားသည့်ချိုင့်ခွက်နှစ်ခုဖြစ်လာသည်။

ချီတစ်ခုအရှင် တံတွေးကိုကျိတ်မျိုလိုက်သည်။

တိုက်ကွက်တစ်ကွက်ဖြင့် ရှေးဟောင်းမသေမျိုးတစ်ဝက်နှစ်ယောက်ကို ဖြေရှင်းသည်။

ထိုအရာသည် မသေမျိုးတစ်ယောက်၏ စွမ်းအားဖြစ်လိမ့်မည်။

မူလကမ္ဘာသို့ရောက်ပြီးသော်လည်း အရှင်နှစ်ယောက် လက်မလျှော့သေး။ ခန္ဓာကိုယ်အောက်ပိုင်းများ ပြန်ပေါ်လာသည်။ ကိုယ်အထက်ပိုင်းက အလင်းပေါက်သလင်းကျောက်လို့ ဖြစ်သွားသည်။ နေရာခွဲ၍ ပျံသန်းထွက်ပြေးသည်။

သို့သော် သုံးလေးကိုက်သာ ပျံလိုက်ရသည်။ ယွမ်ကျိက သူတို့ကို မြေပြင်သို့ရိုက်ချသည်။ ပြန်မထနိုင်ကြတော့။

မူလဝိညာဉ်ကိုခွဲထုတ်၍ ထွက်ပြေးရန်ကြိုးစားသည်။ အလွန်မြန်ဆန်လှသည်။ အတွေးတစ်ချက်ဖြင့် မိုင်ထောင်ချီရောက်နိုင်သည်။ ဘယ်သူမှမီနိုင်စရာမရှိ။

သူတို့၏နောက်ဆုံးအသက်ကယ်နည်းလမ်းဖြစ်သည်။ ပထမယုအင်ပါယာ၊ ပထမရှားအင်ပါယာတို့လက်မှ လွတ်ခဲ့သည်မှာ ထိုနည်းလမ်းကြောင့်ဖြစ်သည်။

သို့သော် သူတို့ဝိညာဉ် နှစ်ပေခန့်သာပျံသန်းနိုင်သည်။ ယွမ်ကျိက သူတို့မူလဝိညာဉ်ကို ခန္ဓာကိုယ်ထဲသို့ ပြန်ဖိသွင်းသည်။

"ဒီတစ်ခါဖမ်းမိတာ မသေမျိုးတစ်ဝက်နှစ်ယောက်ဖြစ်မယ်လို့ ထင်မထားမိဘူး"

ယွမ်ကျိက အရှင်နှစ်ယောက်၏ ခန္ဓာကိုယ်များကို ပြန်ဆက်ပြီး ခြေကျင်းဝတ်မှ တစ်ဘက်စီဆွဲ၍ ပျောက်ကွယ်သွားသည်။

ပျောက်မသွားမီ လုယန်နှင့်မုန်ကျင်းကျိုးကို သိစိတ်အာရုံမှ မက်ဆေ့တစ်ခုပို့ခဲ့သည်။

"ချန်ကျန်းက နောက်ဆက်တွဲပြဿနာတွေ ဖြေရှင်းပြီးရင် မြို့တော်အရှေ့ဘက် မိုင်သုံးဆယ်အကွာက တောင်စောင်းမှာ ငါနဲ့လာတွေ့ပါ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ တုန်လှုပ်သွားကြသည်။

ချန်ကျန်းတွင် တရားမျှတမှုအတွက် ကိစ္စများစွာဆောင်ရွက်ထားသော်လည်း ယွမ်ကျိက ထိုသို့ဆင့်ခေါ်လာသဖြင့် မလုံမလဲခံစားမိသည်။ မြို့ထဲတွင် အမှားလုပ်ထားသလိုလိုခံစားရသည်။

"ပြီးသွားပြီလား။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ် ထွက်သွားပြီလား"

ချန်ကျန်းမြို့ခံများ ကောင်းကင်တွင်ပျောက်ကွယ်သွားသည့် သဏ္ဌာန်သုံးခုကိုကြည့်၍ ပျော်ရွှင်စွာအော်ဟစ်နေကြသည်။

မရဏခြောက်ကမ်းပါးစွန်းတွင် လမ်းလျှောက်ပြီးမှ သူတို့ရှင်သန်ခွင့်ပြန်ရခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်က ငါတို့ကို ကယ်ခဲ့တာလား"

"ဟုတ်တယ်။ သူပဲဖြစ်မယ်"

"ထူးဆန်းတယ်။ ခုနကဖြစ်သွားတဲ့ တိုက်ပွဲအကြောင်း ငါဘာလို့မမှတ်မိတော့တာလဲ။ မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်တိုက်ပွဲကိုတော့ အစအဆုံးငါမှတ်မိတယ်"

"အခုမင်းပြောမှပဲ သတိထားမိတယ်။ ငါလည်းအဲလိုပဲကွ"

"မင်းတို့မှတ်ဉာဏ်မကောင်းရင် ငါ့လိုချရေးထားကြလေ။...ဟာ စာရွက်ပေါ်မှာ ဘာမှမရှိတော့ပါလား"

မေ့လျော့ခြင်းအာနိသင်က မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"ချီတစ်ခုအရှင်၊ ဂိုဏ်းချုပ်ယွမ်တိုက်ခိုက်သွားတဲ့ပုံစံကို မှတ်မိသေးလား"

ချီတစ်ခုအရှင် ခေါင်းခါ၍ သက်ပြင်းချသည်။ ဖော်မပြနိုင်သည့် စိတ်အားငယ်မှုမျိုးကို ခံစားရသည်။

"ငါမမှတ်မိဘူး"

ဒဏ္ဍာရီများက အမှန်ဖြစ်လောက်သည်။

ရှေးဟောင်းခေတ် မသေမျိုးတိုက်ပွဲများအကြောင်း မှတ်တမ်းမရှိသည်မှာ မထူးဆန်းတော့။

လူအများက မှတ်တမ်းမယူချင်၍မဟုတ်။ မယူနိုင်သောကြောင့်ဖြစ်သည်။

"အဲ...ယဲ့ရှောက်ဘယ်ရောက်သွားလဲ"

မြို့တော်သခင်လျို ယခုမှ ပြန်သတိရသည်။ ယဲ့ရှောက်ကို လိုက်ပို့ဖို့ သူတို့ပြင်ဆင်ခဲ့ကြသည်။

"ရှာမနေပါနဲ့တော။ မသေမျိုးတစ်ဝက်အဆင့်နှစ်ယောက်ရဲ့ တိုက်ပွဲစက်ကွင်းမှာ သူမိသွားတယ်။ အခု ပြာကျသွားပြီ။

ဟိုဒုဂိုဏ်းချုပ်ကတော့ အသက်ရှင်နေသေးတယ်။ ငါသွားကြည့်လိုက်မယ်"

ချီတစ်ခုအရှင် နာနေသည့် ကျောကုန်းကို ဆန့်လိုက်သည်။ ဒုဂိုဏ်းချုပ်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သူ့ယုံကြည်မှုကို ပြန်မြှင့်တင်ရမည်။

***********************************

All Chapters