← Chapters

အမွှာမြစ်

Vol. 46 Ch. 679

အမွှာမြစ်

Vol. 46 Ch. 679

အဓိပဓိနှစ်ယောက် မြေပြင်တွင် တိတ်ဆိတ်စွာဒူးထောက်နေသည်။ သို့သော် နားထောင်လေလေ တစ်ခုခုလွဲနေသည်ဟု ထင်လာလေဖြစ်သည်။

"ရှေးဟောင်းကောင်းကင်ရုံးတော်က ဥပဒေကို ဒီလောက်တောင်နားလည်နှံ့စပ်တာလား"

"ပြီးတော့ ဒီမိန်းမကို 'ဂိုဏ်းချုပ်'လို့ ခေါ်သင့်တာမဟုတ်လား။ ဘာကြောင့် 'အမ'လို့ခေါ်နေကြတာလဲ"

လုယန်နှင့်မုန်ကျင်းကျိုးတို့က ရုပ်ရည်အမှန်ကို သုံးနေခြင်းဖြစ်သည်။

မြင့်မြတ်သည့်မသေမျိုးတစ်ဝက်များအနေဖြင့် အဓိကအရေးစိုက်သည်က ယနေ့ခေတ် သူတို့ကိုခြိမ်းခြောက်နိုင်သည့် အင်အားစုများအကြောင်း နားလည်ဖို့ပင်ဖြစ်သည်။

နတ်ဝိညာဉ်အဆင့်လောက်ကို သူတို့ မျက်လုံးထဲမထည့်ပါ။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ရွှေသန္ဓေအဆင့်တွင် နာမည်ကျော်ခဲ့သည့် ကိစ္စမျိုးဆိုလျှင် ပြောစရာပင်မလိုတော့။

သူတို့အပြန်အလှန်ရှင်းပြချက်များကို နား‌ထောင်ပြီးနောက် အဓိပဓိနှစ်ယောက်၏တိုက်ပွဲသည် အမှန်တကယ်ပင် သူ့ဂျူနီယာနှစ်ယောက်နှင့် လုံးဝမဆိုင်ကြောင်း ယွမ်ကျိအတည်ပြုလိုက်သည်။

"ရှောင်လု၊ ဒီအရှင်နှစ်ယောက်က ရှေးဟောင်းရတနာတွေခိုးယူဖို့ကြိုးစားနေတယ်လို့ မင်းပြောတယ်နော်။ သူတို့ခိုးချင်နေတာ ဘာရတနာလဲ"

"ဟဲဟဲ၊ ဒီအကြောင်းကို ဒုခေါင်းဆောင်က သိပ်မသိဘူး။ ငါရှင်းပြပါ့မယ်"

နတ်မယ် လုယန်ခန္ဓာကိုယ်ထဲမှ ထွက်လာသည်။

အရှင်နှစ်ယောက် နတ်မယ်ကိုကြည့်၍ ထိတ်လန့်အံ့ဩနေကြသည်။ လုယန်ကိုယ်ထဲတွင် နောက်ထပ်လူတစ်ယောက်ရှိနေသည်ကို သူတို့လုံးဝ သတိမထားမိကြ။

မဖြစ်နိုင်။

ကူူးဖြတ်ခြင်းအဆင့်တစ်ယောက် လုယန်ကိုယ်ထဲတွင် ရှိနေလျှင်ပင် သူတို့ဝိညာဉ်အာရုံစက်ကွင်းမှ မလွတ်နိုင်။

ထိုမိန်းမသည် မသေမျိုးတစ်ဝက်လော....

"ဖူလင်းညီအမအကြောင်းပြောသွားတာ နင်မှတ်မိတယ်မဟုတ်လား"

ယွမ်ကျိခေါင်းငြိမ့်သည်။ ထိုညီအမနှစ်ယောက်အဖြစ်က တကယ်ထူးဆန်းသည်။

"တကယ်တော့ ဒီညီအမနှစ်ယောက်ကို သူ့မိဘတွေက မွေးခဲ့တာမဟုတ်ဘူး။ သူ့အမေက အမွှာမြစ်ကရေကိုသောက်ခဲ့လို့ မွေးလာကြတာ"

"အမွှာမြစ်ဆိုတာဘာလဲ"

ယွမ်ကျိ တစ်ခါမှမကြားဖူး။

"ဒါဆို ငါ့ကြီးမြတ်မှုအကြောင်း ပြောရတော့မှာပေါ့။ ရှေးဟောင်းခတ်မျာတုန်းက ငါ့ကိုကိုးကွယ်တဲ့လူတွေ မရေမတွက်နိုင်အောင် ရှိခဲ့တယ်။ တစ်ချို့နောက်လိုက်တွေက ငါ့ဆီမှာ ကလေးလိုချင်တယ်လို့ တောင်းဆိုကြတယ်။ တစ်ချို့က အမွှာလိုချင်တယ်တဲ့။

ငါလည်းဝမ်းမြောက်ဝမ်းသာသဘောတူလိုက်တယ်။ ငါရဲ့ အဓိပဓိမှော်စွမ်းအားသုံးပြီး သားအမိမြစ်နဲ့ အမွှာမြစ်ကိုဖန်တီးတယ်။

သားအမိမြစ်ကရေကို သောက်တဲ့လူတိုင်း ကိုယ်ဝန်တည်မယ်။ အမွှာမြစ်ရေကို သောက်တဲ့လူတိုင်း အမွှာမွေးမယ်"

အိပ်မက်ဆိုးအရှင် မျက်လုံးပြူးသွားသည်။ နတ်မယ်ကို စိုက်ကြည့်၍ ထိတ်လန့်ခြောက်ခြားနေသည့်လေသံဖြင့်

"မင်း မင်းက ယင်ထန်မသေမျိုးပေါ့"

အမွှာမြစ်ကိုရှာဖို့ ဤနေရာသို့ သူရောက်လာခြင်းဖြစ်သည်။ အမွှာမြစ်ဖန်တီးရှင်ကို တွေ့ရမည်ဟု ထင်မထားခဲ့။

ဒဏ္ဍာရီထဲမှ ယင်ထန်မသေမျိုးက မိန်းမတစ်ယောက်ဖြစ်နေသည်။

လုယန် "..."

ထပ်ပြောစရာမလိုတော့။ နောက်ထပ် သမိုင်းမှတ်ဉာဏ်ပြောင်းလဲထားခြင်းဖြစ်သည်။ နတ်မယ်ပိုင်ဆိုင်မှုများကို ယင်ထန်မသေမျိုးနာမည်တပ်ထားသည်။

ယွမ်ကျိခဏစဉ်းစားနေသည်။ တစ်ချို့ကိစ္စများကို ပြန်သတိရလာသည်။

နတ်မယ်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။ သူ့ခံစားချက်မှာ ရှုပ်ထွေးနေသည်။ ကြားရသည့်အဖြစ်ကို နည်းနည်းမယုံနိုင်သလိုဖြစ်နေသည်။ သူ့လေသံက ခါတိုင်းနှင့်မတူဘဲ နည်းနည်းပြောင်းသွားသည်။

"သားအမိမြစ်ကို ရှင်ဖန်တီးခဲ့တာလို့ ပြောနေတာလား။ အဲဒီ့ဖြစ်ရေကိုသောက်တဲ့လူတိုင်း ကိုယ်ဝန်တည်မယ်ပေါ့"

ယွမ်ကျိ၏ ထူးခြားချက်ကို အရိုးခံဖြစ်သည့် နတ်မယ်က သတိမထားမိဘဲ အလေးအနက်ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ"

"သားအမိမြစ်က အခုဘယ်မှာလဲ"

နတ်မယ်ခေါင်းခါသည်။

"ငါမသိဘူး။ ယင်ထန်တို့လေးယောက်က တိုက်နယ်ကိုပြန်ပြုပြင်ခဲ့တယ်။ ပထဝီအနေအထား ပြောင်းလဲသွားတယ်။ သားအမိမြစ်ကို ဘယ်နေရာရွှေ့ပြောင်းလိုက်လဲ ငါမသိဘူး"

ယွမ်ကျိအမူအရာက ပို၍ထူးဆန်းလာသည်။ တစ်ခုခုပြောမည့်ဟန်ဖြင့် ပါးစပ်ဟလာသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့။

ယွမ်ကျိအမူအရာအပြောင်းအလဲကို လုယန် သတိထားမိသည်။

ဂိုဏ်းသို့ဝင်ပြီးချိန်မှစ၍ ယွမ်ကျိမျက်နှာသည် ပျော်ခြင်းဝမ်းနည်းခြင်းမရှိသည့် အမူအရာမျိုးသာရှိသည်။ ယခုလိုအမူအရာအမျိုးမျိုးပြောင်းနေသည်ကို တစ်ခါမှမမြင်ဖူး။

သို့သော် ယွမ်ကျိကို သူဘာမှမမေးရဲပါ။

"သားအမိမြစ်ကို မရှာနိုင်ပေမယ့် အမွှာမြစ်ကိုတော့ ရှာတွေ့နိုင်ပါတယ်"

"ဒုခေါင်းဆောင်ကို ဟိုကောင်မလေးနှစ်ယောက်ရဲ့ ဆံပင်တစ်‌ချောင်းစီ ခိုးပြီးနှုတ်ခိုင်းထားတယ်။ သူတို့ဆံပင်ကနေတစ်ဆင့် အမွှာမြစ်ရှိတဲ့နေရာကို ငါခြေရာခံနိုင်တယ်"

လုယန် လက်ဝါးဖြန့်ပြသည်။ ဆံပင်နှစ်ချောင်းရှိနေသည်။

နတ်မယ်က ရှုပ်ထွေးသိမ်မွေ့သည် ရှေးဟောင်းမှော်တံဆိပ်တစ်ခု ဖန်တီးသည်။ သူတစ်ယောက်တည်းသာသိသည့် နည်းလမ်းဖြစ်သည်။ ရှေးဟောင်းခေတ်မသေမျိုးလေးယောက်ပင် မသိ။

တံဆိပ်က ဆံပင်နှစ်ချောင်းကို ထိသည်နှင့် အစိမ်းဖျော့ရောင်မီးခိုးအဖြစ် အသွင်ပြောင်းပြီး အဝေးဆီ လွင့်မျောသွားသည်။

"သွားစို့၊ ဒီမီးခိုးငွေ့နောက်လိုက်သွားပြီး အမွှာမြစ်ကို ရှာရအောင်"

နတ်မယ်က လက်တစ်ဘက်ကို ဟန်ပါပါဝှေ့ယမ်းပြီး ရှေ့မှဦးဆောင်ခေါ်သည်။

အားလုံး နောက်မှလိုက်သွားသည်။

အစိမ်းရောင်မီးခိုးက အတော်ကြာအောင် လွင့်မျောနေသည်။ ဘုံကျောင်းတစ်ခုကို ဖြတ်ကျော်ပြီးနောက် အရှိန်နှေးလာသည်။

ထိုဘုံကျောင်းဘေးမှဖြတ်သွားချိန်တွင် ဘုံကျောင်းနာမည်ကို လုယန်မြင်ရသည်။

"ရှေးဟောင်းတောအုပ်ဘုံကျောင်း"

ဘုံကျောင်းက တောင်ခြေတွင်ရှိသည်။ နောက်ကျောဘက်တွင် တောင်တန်းများက အဆုံးမရှိဆန့်ထွက်နေသည်။

မီးခိုးများက တောင်ထိပ်တစ်ဒါဇင်ကျော်ကို ဖြတ်သန်းပြီနောက် မေပယ်လ်တောအုပ်တစ်ခုတွင် ယိမ်းနွဲ့လှုပ်ရှားနေသည်။ ရှေ့ဆက်သွားမည့်လက္ခဏာမျိုးမရျိတော့။

"ဘာလို့ဆက်မသွားတော့တာလဲ"

"အမွှာမြစ်က လျှို့ဝှက်နယ်မြေတစ်ခုမှာရှိနေလို့ပေါ့။ ဝိညာဉ်မီးခိုးများတွေက လျှို့ဝှက်နယ်မြေကို တိုက်ရိုက်မရောက်နိုင်ဘူး။ ဒီတော့ နယ်မြေဝင်ပေါက်ကို ငါတို့ရှာမှဖြစ်မယ်။

ဝိညာဉ်မီးခိုးတွေ လှည့်ပတ်နေတဲ့ပုံစံအရ လျှို့ဝှက်နယ်မြေက ဒီနေရာမှာပဲရှိလောက်တယ်"

နတ်မယ် ရှေ့သို့ခြေနှစ်လှမ်းတိုး၍ တော်အုပ်ထဲမှ မထင်မရှားကျောက်ဆောင်ကြီးတစ်ခုကို လက်ညှိုးထိုးပြသည်။

ဝိညာဉ်မီးခိုးများက ထိုနေရာတွင်လှည့်ပတ်နေသည်။ လှည့်ပတ်နေသည့်စက်ဝန်း၏ဗဟိုက ထိုကျောက်ဆောင်ဖြစ်သည်။

ယွမ်ကျိ လက်ချာင်းတစ်ချက်လှုပ်ရှားလိုက်သည်။ ဝိညာဉ်စွမ်းအင်မျှင်တစ်ခု ကျောက်ဆောင်ထဲသို့ တိုးဝင်သွားသည်။

ကျောက်ဆောင်၏ ချောမွေ့သည့်မျက်နှာပြင်က အနက်ရောင်လေဝဲအဖြစ်ပြောင်းလဲသွားသည်။

"အဲဒါပဲ"

ယွမ်ကျိ တုံ့ဆိုင်းမနေတော့။ မသေမျိုးတစ်ဝက်နှစ်ယောက်ကို လေဝဲထဲပစ်ထည့်သည်။ ထို့နောက် သူကိုယ်တိုင်လည်း လေဝဲထဲလှမ်းဝင်သွားသည်။

နတ်မယ် လုယန်နှင့် မုန်ကျင်းကျိုးတို့လည်း နောက်မှကပ်လိုက်သည်။ အားလုံးဝင်ကြပြီးနောက် လေဝဲပျောက်ကွယ်သွားသည်။ ကျောက်ဆောင်လည်း မူလပုံစံအတိုင်း ပြန်ဖြစ်လာသည်။

ထိုနေရာသည် မသေမျိုးများဖန်တီးခဲ့သည့် အမွှာမြစ်ကိုရှာနိုင်သည့် ဂိတ်တံခါးမှန်း ဘယ်သူမှရိပ်မိမည်မဟုတ်။

"ဝိညာဉ်စွမ်းအင်တကယ်သိပ်သည်းတာပဲ"

လုယန် တအံ့တဩ ရေရွတ်သည်။

မြက်ခင်းပေါ်ခြေချကြသည်။ မူလဇစ်မြစ်မသိနိုင်သည့် ကျယ်ပြန်သည့်မြစ်တစ်စင်းက သူတို့လမ်းတွင် ကန့်လန့်ခံနေသည်။

မြစ်ရေမျက်နှာပြင်တွင် ဝိညာဉ်စွမ်းအင်အလင်းများ ဖြာထွက်နေသည်။ လျှို့ဝှက်နယ်မြေ၏ ဤအပိုင်းကို အဟာရဖြည့်ပေးသည်။ မြစ်ဘေးမှ အပင်များက စိမ်းစိုနေသည်။ သက်တမ်းရင့်သစ်ပင်များ ချုံ့နွယ်များ မြက်ပင်စိမ်းများ ရှိသည်။

အားလုံးက လက်ရှိခေတ်သစ်တွင် မျိုးတုံးခဲ့ပြီဖြစ်သည့် ဝိညာဉ်ပင်များဖြစ်သည်။

ထို့ပြင် ထိုဝိညာဉ်ပင်အားလုံး နှစ်ခုတွဲစီရှိနေသည်။ အမွှာမြစ်၏ အဟာရဓာတ်ကြောင့်ဖြစ်မည်။ သူတို့၏ဆေးအာနိသင်က ပုံမှန်ထက် များစွာပိုထက်မြက်သည်။

မြက်ရေမျက်နှာပြင်တွင်လည်း အမွှာကြာပန်းများရှိသည်။ ကျင့်ကြံသူများကို ပထမအဆင့်ရွှေသန္ဓေ တည်ဆောက်နိုင်အောင် ကူညီပေးနိုင်သည်။

အမွှာကြာသည် မူလက အမွှာမြစ်၏ထွက်ကုန်ဖြစ်သည်။ အရင်က ညီအမကြာပန်းဟု ခေါ်ကြသည်။ နောက်ပိုင်းတွင် ယင်ထန်မသေမျိုးက နာမည်ပြန်ပြောင်းခဲ့သည်။

မသေမျိုးတစ်ဝက်အရှင်နှစ်ယောက်က ပို၍ပင်ရှင်းလင်းစွာခံစားမိသည်။ မြစ်ထဲတွင် နက်ရှိုင်းသည့်စွမ်းအင်များ ပါဝင်ကြောင်း အာရုံခံနိုင်သည်။ တာအို၏ အသန့်စင်ဆုံးသန္ဓေစွမ်းအင်များဖြစ်သည်။

မြစ်ဘေးတွင်တွေးတောစဉ်းစားနေရုံဖြင့် အရိယဖလတည်ဆောက်ဖို့ များစွာအထောက်အပံ့ရနိုင်သည်။

"ဟုတ်တယ်၊ ဒါဟာ ငါဖန်တီးခဲ့တဲ့ အမွှာမြစ်ပဲ"

နတ်မယ်က ခပ်ညှင်းညှင်းရယ်၍ မြစ်ကိုလက်ညှိုးထိုးပြသည်။

ပတ်ဝန်းကျင်က ရှေးဟောင်းခေတ်အနေအထားနှင့် ချွတ်စွပ်တူသည်။ အတိတ်ကအကြောင်းများကို သူပြန်သတိရမိသည်။

"ဒီလိုပုံစံမပျက်ရှိနေဦးမယ်လို့ ဘယ်ထင်မိမှာလဲ"

နတ်မယ် နည်းနည်းလည်းအံ့ဩနေသည်။

အမွှာမြစ်ပတ်ဝန်းကျင်တစ်ခုလုံးနီးပါး ရှိနေခြင်းဖြစ်သည်။ တိုက်နယ်ကို ပြန်ပြုပြင်သည့် စစ်ပွဲပြီးကြီးပြီးဆုံးပြီးနောက်တွင် ထိုသို့ပုံမပျက်ကျန်ရစ်နေသည်မှာ အံ့ဩစရာကာင်းသည်။

"နတ်မယ်။ ဟိုဟာ ခင်ဗျားနေတဲ့အိမ်လား"

လုယန် မြစ်ကမ်းပေါ်မှ ကျောက်သားအိမ်တော်တစ်ခုကို လက်ညှိုးထိုးပြသည်။ "မသေမျိုးအိမ်တော်"ဟူသည့်စာလုံးများ ရှေးဘာသာစကားဖြင့် ရေးထွင်းထားသည်။

အရွယ်အစားအရ မသေမျိုးအိမ်တော်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်မည်။

"သိပ်မှန်တာပေါ့။ ဒါပေမယ့် တစ်ခုခုတော့လွဲနေတယ်။ အမွှာမြစ်ဘေးမှာ မသေမျိုးအိမ်တော် ငါမဆောက်ခဲ့ဘူး"

နတ်မယ် သူ့ဘာသာတီးတိုးရေရွတ်နေသည်။ ထို့နောက် ရုတ်တရက် သဘောပေါက်သွားဟန်ရှိသည်။

"ငါနားလည်ပြီ။ ချင်ဟဲက ငါနတ်မယ်အတွက် ဒီအိမ်တော်ကို ထိန်းသိမ်းပေးထားခဲ့တာဖြစ်မယ်။ အဲဒီတုန်းက အားလုံးပရမ်းပတာဖြစ်နေမှာ။ ဒါကြောင့် အားလုံးကိုတော့ သူမထိန်းသိမ်းနိုင်ဘူး။

အမွှာမြစ်ရော မသေမျိုးအိမ်တော်ကိုရော အရေးပေါ်အခြေအနေမှာ ချင်ဟဲက ထိန်းသိမ်းခဲ့တာပဲ။ အထဲမှာဘာရှိလဲ သွားကြည့်ရအောင်"

မသေမျိုးအိမ်တော်တံခါးက သော့ပိတ်ထားသည်။ သို့သော်နတ်မယ်က သူ့ဝိညာဉ်ကို သော့အဖြစ်သုံး၍ ဖွင့်လိုက်သည်။

အိမ်တော်အတွင်းပိုင်းက အချိန်ကာလရပ်တန့်ထားသကဲ့သို့ဖြစ်နေသည်။ အစွန်းအထင်းမရှိ၊ ဖုန်မှုန့်မရှိ။ အိမ်ပိုင်ရှင် အမြဲရှိနေသည့်ပုံစံမျိုးဖြစ်သည်။

စာအုပ်စင်ပေါ်တွင် စာအုပ်မျိုးစုံရှိသည်။ စာအုပ်အဖုံးတိုင်းက အသစ်စစ်စစ်လို ဖြစ်နေသည်။

"ဒါ ငါမသေမျိုး စာဖတ်တဲ့နေရာပဲ"

စင်ပေါ်တွင် ထူးထူးခြားခြားဖြစ်နေသည့် စာအုပ်ငယ်တစ်အုပ်ကို လုယန်သတိထားမိသည်။ စာအုပ်နာမည်က "မသေမျိုးကျင့်စဉ်အတွေးအမြင်များ"။

စိတ်ဝင်စားလာသဖြင့် သူလှမ်းယူပြီးဖွင့်ကြည့်သည်။ အသိခက်သည့်ရှေးဟောင်းဘာသာစကားများ ပေါ်လာသည်။

ငါက ကောင်းကင်ဆန္ဒနဲ့မွေးလာတဲ့တာ။

ငါနတ်မယ်ကို ဆန့်ကျင်တဲ့သူတွေ ကွပ်မျက်ခံရမယ်။

သေမျိုးတွေကများ မသေမျိုးတွေကို ဆန့်ကျင်ရဲတယ်ပေါ့။

ကြီးမြတ်တဲ့စွမ်းအားတွေ ငါ့ကိုယ်ထဲမှာ ရှိတယ်။ ဒီစွမ်းအားတွေဖွင့်ထုတ်ချင်လာအောင် ငါ့ကိုဖိအားမပေးနဲ့။

နတ်မယ်ပင် သေချပြန်စဉ်းစားနေသည်။ ထိုစကားများကို ဘယ်သူပြောခဲ့သနည်း။ ယင်ထန်လော၊ ကိုးဆလော၊ ချီလင်လော၊ အချိန်မသေမျိုးလော။ ထိုလေးယောက်သာရှိသည်။

လုယန် စာအုပ်ကို အသာပြန်ပိတ်၍ သူ့နေရာသူပြန်ထားပြီး မမြင်ခဲ့သယောင် ဟန်ဆောင်နေလိုက်သည်။

********************************

All Chapters