← Chapters

အသိအကျွမ်းဟောင်း

Vol. 46 Ch. 681

အသိအကျွမ်းဟောင်း

Vol. 46 Ch. 681

ပြီးခဲ့သည့်တစ်ကြိမ်က ဖီးနစ်ဘိုးဘေးကိုခေါ်လာသည်။ လက်ခံနိုင်ပါသည်။ သို့သော်ယခု မသေမျိုးတစ်ဝက်နှစ်ယောက်ကို အကျဉ်းထောင်တောင်ထိပ်သို့ တိုက်ရိုက်ခေါ်လာသည်။

ငါက..ကူးဖြတ်ခြင်းအဆင့်ပဲ ရှိတာပါ။ မသေမျိုးမဟုတ်ဘူးလေ...

ထိုအတိုင်းဆက်သွားလျှင် နောက်တစ်ခေါက် ဘယ်လိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုး ခေါ်လာဦးမည်မသိ။

"ဟိုကောင်လေး လုယန်ပဲလား"

အငြိမ်းစားယူပြီးနောက်ပိုင်း အဆုံးမရှိသည့် အနှောက်အယှက်တို့၏ရင်းမြစ်ကို ဘိုးဘေးဆရာ နားလည်လာသည်။

"ရှောင်လုက အဲဒီ့နေရာမှာ တိုက်တိုက်ဆိုင်ဆိုင်ရှိနေခဲ့လို့ပါ""

ထောင်ထဲရှိအကျဉ်းသားများထံမှ ပင့်သက်ရှိုက်သံများ ပေါ်ထာသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း အကျဉ်းထောင်တောင်ထိပ်တွင် ထိန်းသိမ်းခဲ့သည့် အကျဉ်းသားအားလုံး လုယန်ဟူသည့်နာမည်နှင့် ဆက်စပ်နေသည်။

ထို့ပြင် နောက်ရောက်လာသည့် အကျဉ်းသားတိုင်း အရင်လူထက် ပိုကြောက်စရာကောင်းသည့်နောက်ခံမျိုး ရှိကြသည်။ အရင်ဆုံး အင်ပါယာယု၊ ထို့နောက် လောကကိုလွှမ်းမိုးဖို့ ယှဉ်ပြိုင်ခဲ့ဖူးသည့် မသေမျိုးတစ်ဝက်နှစ်ယောက်။

အကျဉ်းထောင်တောင်ထိပ်ကိုလည်း အင်အားစုတစ်ခုအဖြစ် တွေးကြည့်မည်ဆိုလျှင် နတ်ဆိုးနိုင်ငံနှင့် တန်းတူရှိပေလိမ့်မည်။ နတ်ဆိုးနိုင်ငံတွင် မသေမျိုးတစ်ဝက်အဆင့် နှစ်ယောက်သာရှိသည်။

သူတို့တစ်သက်တာတွင် လောကကိုအုပ်စိုးဖို့ကြိုးစားခဲ့သည့် အဓိပဓိနှစ်ယောက်ကို တွေ့ရမည်ဟု လုံးဝစိတ်ကူးမယဉ်ဖူးကြ။

ယုအင်ပါယာဝူယီထောင်က အိပ်မက်ဆိုးအရှင်ကိုကြည့်နေသည်။ သူ့အကြည့်က သိပ်မတည်ငြိမ်။

ဆဋ္ဌမယုအင်ပါယာဖြစ်၍ အိပ်မက်ဆိုးအရှင်၏စွမ်းအားကို သူကောင်းကောင်းသိသည်။ လောကအုပ်စိုးခွင့်ရဖို့ ယှဉ်ပြိုင်ခဲ့သည့် ဘိုးဘေးများထဲတွင် အိပ်မက်ဆိုးအရှင်သည် အထင်ရှားဆုံးပြိုင်ဘက်ဖြစ်ခဲ့သည်ကို ဘယ်သူမှမငြင်းနိုင်ပေ။

"အိပ်မက်ဆိုး၊ ဒီမှာနေခဲ့။ လေဟာနယ်ကို ခဏခေါ်သွားမယ်"

အိပ်မက်ဆိုးကို ဝိညာဉ်တံဆိပ်တစ်ခု ယွမ်ကျိခတ်နှိပ်ထားပြီးဖြစ်သည်။

ထွက်ပြေးဖို့ စိတ်ကူးလျှင် ထိုတံဆိပ်က အသက်ဝင်လာပြီး သေခြင်းတရားထက်ဆိုးဝါးသည့် နှိပ်စက်မှုမျိုး သူခံရမည်။

ထိုတံဆိပ်ရှိကြောင်းသိရပြီးနောက် ဘိုးဘေးဆရာ စိတ်သက်သာရာရလိုက်သည်။

ယွမ်ကျိက လေဟာနယ်အရှင်ကို ဂုတ်ပိုးမှဆွဲခေါ်လာသည်။ ဘယ်နေရာခေါ်သွားမည်မှန်း လေဟာနယ်အရှင်လုံးဝမသိ။

လေထုကိုဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ရည်ရွယ်ရာပန်းတိုင်သို့ ရောက်လာသည်။

တော်ဝင်နန်းမြို့တော်၏ အင်ပါယာနန်းတော်။

လေဟာနယ်အရှင်မျက်လုံးတွင် မနာလိုဝန်တိုသည့်အရိပ်များ ချက်ချင်းပေါ်လာသည်။

ကျန်းမိသားစုနှင့် မုန်မိသားစုကြောင့်သာမဟုတ်လျှင် ဤနေရာသည် သူ့နယ်မြေဖြစ်နေလိမ့်မည်။ မဟာရှားတစ်ခုလုံး သူ့အပိုင်ဖြစ်နေပေလိမ့်မည်။

နန်းတော်သို့မရောက်မီ ယွမ်ကျိက အင်ပါယာရှားကို အစေခံများရှင်းလင်းထားဖို့ ကြိုတင်အကြောင်းကြားခဲ့သည်။

သတင်းရရချင်းတွင် ချန်ကျန်းမြို့တော်မှ အစီရင်ခံစာများကို ဖတ်ရှုနေသည့် အင်ပါယာရှား လန့်ဖျတ်သွားသည်။ ထို့နောက် ချက်ချင်းနားလည်လာပြီး ကုန်းကုန်းများ အစေခံများကို ထွက်သွားကြဖို့ အမိန့်ပေးသည်။

ယွမ်ကျိက လေဟာနယ်အရှင်ကိုဆွဲ၍ တော်ဝင်ခန်းမသို့ ရောက်လာသည်။

ကျန်းပင်ကန်းနှင့်ရုပ်ချင်းနည်းနည်းဆင်သည့် အင်ပါယာရှားကိုမြင်သည်နှင့် လေဟာနယ်အရှင် မျက်မှောင်ကျုံ့သွားသည်။ ဒေါသအတော်ထွက်လာသဖြင့် အသက်ရှူနှုန်း မူမမှန်ဖြစ်ာလသည်။

"လောကကိုအုပ်စိုးဖို့ ကျုပ်ဘိုးဘေးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ လေဟာနယ်အရှင်ဆိုတာ သူပဲထင်တယ်"

အင်ပါယာရှားက လေဟာနယ်အရှင်ကို သေချာအကဲခတ်၍ တအံ့တဩ စုပ်သပ်နေသည်။ သူ့ဘိုးဘေး၏ပြိုင်ဘက်ကို တွေ့ရဖို့ဆိုသည်မှာ သိပ်မလွယ်လှ။

ယွမ်ကျိစွမ်းအားကို လေဟာနယ်အရှင် ကြောက်ပါသည်။ သို့သော် ရန်သူ၏ မျိုးဆက်ကိုမြင်နေရသည်။ အင်ပါယာရှား၏ကျင့်စည်အဆင့်ကလည်း သိပ်မမြင့်။ ထို့ကြောင့် လေဟာနယ်အရှင် သိပ်အရေးမစိုက်။

"ကျန်းပင်ကန်းက မကောင်းမှုတွေ အများကြီးလုပ်ခဲ့လို့ထင်တယ်။ သူ့မျိုးဆက်က နောက်ထပ်လေးငါးနှစ်ပဲနေရတော့မှာ"

အသက်ဓာတ်ကုန်ခမ်းနေသည့် အင်ပါယာရှားအခြေအနေကို သူချက်ချင်းရိပ်မိသဖြင့် လှောင်ပြုုံးပြံဒးနေသည်။

အင်ပါယာရှားမျက်နှာ ဖြူရော်သွားသည်။ ဤကိစ္စသည် သူအနာကျင်ရဆုံးပြဿနာဖြစ်သည်။

ဤလောကတွင် လောကဝိညာဉ်မြစ်ရှိကြောင်း နတ်မယ်ပြောဖူးသည်ကို ယွမ်ကျိ ရုတ်တရက် သတိရလာသည်။ မက်မွန်ပင်နှင့် ဆင်တူသည်။ တစ်ခြားသဘာဝဝိညာဉ်ပင်များနှင့် မတူ။ ထိုသစ်ပင်မှမွေးဖွားသည့် မက်မွန်သီးများသည် အသက်ရှည်စေသည်။ သို့သော် ထိုသစ်ပင် ဘယ်နေရာတွင်ရှိမှန်း မသိ။

ထို့ပြင် သူကြီးပြင်းခဲ့သည့် လျှို့ဝှက်နယ်မြေတွင် သားအမိမြစ်အပြင် မရေမတွက်နိုင်သည့် မက်မွန်ပင်များလည်း ရှိသည်။

ထိုအပင်များထဲမှ တစ်ခုသည် လောကဝိညာဉ်ဖြစ်နိုင်သလော...

ထိုသို့ဖြစ်ခဲ့လျှင် အင်ပါယာရှားကို ကယ်တင်နိုင်လိမ့်မည်။

ထိုကိစ္စက မသေချာသေး။ ထို့ကြောင့် အင်ပါယာရှားကို ထုတ်ပြောပြီး‌ မရေရာသည့်မျှော်လင့်ချက်မျိုး မပေးချင်။

လေဟာနယ်အရှင် အတော်စိတ်ဓာတ်တက်ကြွလာသည်။ အစက သူ့ကိုလှောင်ပြောင်ဖို့ ဂိုဏ်းချုပ်ယွမ်က ဤနေရာသို့ခေါ်လာသည်ဟု ထင်ခဲ့သည်။

ယခု ကြည့်ရသလောက် သူ့ကို နည်းနည်းပျော်ရွှင်စေလို‌၍ ဖြစ်ဟန်တူသည်။

မဟုတ်သေး...ဂိုဏ်းချုပ်ယွမ်နှင့် အင်ပါယာရှားတို့ အချင်းချင်းသိနေကြသည်။ သို့ဆိုလျှင် မဟာရှားသည် ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် နောက်ကွယ်တွင် ပူးပေါင်းနေကြသလော...

တစ်ခုခုတော့ လုံးဝမူမမှန်။

"ကျွန်မသူ့ကို လူတစ်ယောက်နဲ့တွေ့ဖို့ ခေါ်သွားမယ်"

ယွမ်ကျိ ပုံမှန်လေသံဖြင့်ပြောသည်။ သူ့စကားကြားပြီးနောက် အင်ပါယာရှားက ကိုယ်တိုင်တံခါးဖွင့်ပေးသည်။

လေဟာနယ်အရှင် နည်းနည်းတွေးရခက်သွားသည်။ ဘာကြောင့် တစ်ခြားလူတစ်ယောက်နှင် သူသွားတွေ့ရမည်နည်း။

ယွမ်ကျိက ရှင်းမပြ။ နန်းတော်နောက်ဘက်ခြံဝင်းထဲသို့ခေါ်သွားသည်။ ထိုနေရာကို ကုန်းကုန်းများ နန်းတွင်းအစေခံများက "တားမြစ်မြေ"ဟုခေါ်ကြသည်။

အနံရောင်နံရံ၊ အနီရောင်တံခါး၊ အစိမ်းရောင်အုတ်ကြွပ်များ။ နန်းတော်ထဲတွင် နေထိုင်သူများက တားမြစ်မြေကို ထိုသို့သာမြင်ကြသည်။

တားမြစ်မြေ၏ တကယ့်ပုံစံအစစ်ဘယ်လိုပုံရှိသည်၊ ဘာကြောင့် ဝင်ခွင့်မပြုသည်၊ အထဲတွင် ဘယ်သူနေထိုင်သည်ကို ဘယ်သူမှမသိကြ။

မြင့်မားသည့်အနီရောင်တံခါးများပေါကို ကြေးဝါနတ်ဆိုးဦးခေါင်းပုံနှစ်ခု ထွင်းထုထားသည်။။ တံခါးလက်ကိုင်ကွင်းများကို ပါးစပ်ထဲတွင် ထိန်းထားသည်။ ယွမ်ကျိ လက်ကိုင်ကွင်းကို သုံးကြိမ်လှုပ်လိုက်သည်။

"ဒေါက် ဒေါက် ဒေါက်"

ကြေးဝါနတ်ဆိုးသားရဲတို့၏မျက်လုံးများ အရောင်လက်လာသည်။ အသံတစ်ချက်မှမမြည်ဘဲ တံခါးပွင့်သွားသည်။

တားမြစ်နယ်မြေသို့ ဝင်ပြီးနောက် အတွင်းပိုင်းသည့် အပြင်ကမြင်ရသည်နှင့် မတူကြောင်း လေဟာနယ်အရှင်တွေ့ရသည်။

အပြင်ဘက်မှကြည့်လျှင် တားမြစ်နယ်မြေသည် အဆောက်အဦးများ တောင်ကုန်းများမရှိ။ အနီရောင်နံရံများထက်ပိုမြင့်သည့်အရာ ဘာမှမရှိ။

သို့သော် အတွင်းပိုင်းတွင် တားမြစ်နယ်မြေသည် အတိုင်းအဆမရှိကျယ်ပြန့်သည်။ မြစ်များ တောင်တန်းများရှိသည်။ တောင်တန်းများက ခပ်နိမ့်နိမ့်သာဖြစ်သည်။ အမြင့်ဆုံးတောင်တန်းသည် မီတာသုံးလေးဆယ်သာရှိသည်။ တောင်ပူစာများနှင့်တူနေသည်။

မြစ်များကလည်း အတော်ကျဉ်းသည်။ ကန်များကလည်း ငယ်သည်။ မိုးရွာပြီးချိန် ကျန်ရစ်ခဲ့သည့် ရေအိုင်များနှင့်တူသည်။

အပြင်ဘက်မှအရာများအားလုံး ဤနေရာသို့ရောက်လာသည်နှင့် ကျုံ့သွားသလိုဖြစ်နေသည်။ သူတို့နှစ်ယောက်သည် လောကကို ဖြတ်လျှောက်နေသည့် လူ့ဘီလူးကြီးများကဲ့သို့ပင်ဖြစ်သည်။

တောင်တန်းများကိုကြည့်လေ လေဟာနယ်အရှင်စိတ်ထဲ မြင်ဖူးသလိုခံစားရလေဖြစ်နေသည်။

"အဲ...ဟိုတောင်တန်းက ထိုက်အန်းတောင်ပဲ။ သူ့ဘေးမှာရှိနေတာက 'ဝါးတောရေကန်'လား..."

ဘေးပတ်လည်မြင်ကွင်းများကို တစ်ခုချင်းလိုက်ကြည့်ပြီးနောက် သူနားလည်လာသည်။

မဟာရှားနိုင်ငံ၏ ပုံစံငယ်များဖြစ်သည်။

"မိတ်ဆွေယွမ်ခေါ်လာတာ ဘယ်သူများလဲ။...ဪ...အသိအကျွမ်းတစ်ယောက်ပဲ"

တစ်နေရာမှာ လူငယ်တစ်ယောက်၏လေသံ ပဲ့တင်ထပ်၍ပေါ်လာသည်။

"ဒီအသံ..."

လေဟာနယ်အရှင် စိတ်မထိန်းနိုင်တော့။ သူ့မျက်နှာတွင် လူသတ်ရိပ်များ ပေါ်လာသည်။

အကြမ်းစားလျှော်ချည်ဝတ်စုံနှင့် ပေါက်ပြားတစ်လက်သယ်လာသည့် လူငယ်တစ်ယောက် လေထဲမှဆင်းလာပြီး လေဟာနယ်အရှင်ကို ပြုံးပြသည်။

ကြည်လင်ရွှင်ပြသည့် သူ့မျက်နှာက ခင်မင်နှစ်လိုဖွယ်ကောင်းသည်။

"လေဟာနယ်၊ မတွေ့ရတာ နှစ်တစ်သိန်းတောင်ကြာပြီနော်"

လေဟာနယ်အရှင်က လူငယ်ကို စားတော့ဝါးတော့မလို ကြည့်နေသည်။ သူ့တစ်သက် ထိုမျက်နှဦကို သူလုံးဝမေ့မည်မဟုတ်။

"ကျန်းပင်ကန်း၊ မင်းအသက်ရှင်နေသေးတယ်ပေါ့"

ကျန်းပင်ကန်းကြောင်းသာမဟုတ်လျှင် လက်ရှိအုပ်ချုပ်နေသည့် အင်ပါယာသည် သူသာဖြစ်လိမ့်မည်။ မဟာရှားသည် သူ့အပိုင်ဖြစ်လိမ့်မည်။

လူငယ်အပြုံးက ပို၍ဝေဆာလာသည်။

"မင်းတောင်မသေသေးတာ ငါကဘာလို့သေရမှာလဲ"

ထို့နောက် ကျန်းပင်ကန်း အနည်းငယ်ဦးညွှတ်အရိုအသေပေးသည်။

"မိတ်ဆွေယွမ်၊ သူ့ကိုလွှတ်ပေးလိုက်ပါ။ ခင်ဗျားနဲ့ကျုပ်ရှိနေရင် သူထွက်မပြေးနိုင်ပါဘူး"

ယွမ်ကျိ လေဟာနယ်အရှင်ကို လွှတ်ပေးလိုက်သည် လေဟာနယ်အရှင် လေထဲတွင် ကျွမ်းတစ်ပတ်ပစ်ပြီး မြေပေါ်သို့ တည်ငြိမ်စွာကျလာသည်။

"လေဟာနယ်၊ မင်းမကျေနပ်ဘူးဆိုတာ ငါသိပါတယ်။ ငါနဲ့မုန်မျိုးရိုး နှစ်ယောက်ပေါင်းတိုက်လို့ မင်းကိုနိုင်ခဲ့တာလို့ ထင်နေတယ်မဟုတ်လား"

မုန်မိသားစုဘိုးဘေးနာမည်က မုန်ကျန်းဇီဖြစ်သည်။

"တကယ်တော့ ငါတစ်ယောက်တည်းလည်း မင်းကိုအနိုင်ယူနိုင်ပါတယ်။ နှစ်ယောက်ပေါင်းတိုက်တော့ ပိုမြန်သွားတာပေါ့။ အဲဒါပါပဲ"

လေဟာနယ်အရှင် ထပ်ကာထပ်ကာ လှောင်ပြုံးပြုံးနေသည်။ လက်တွေ့ကိုသာ သူယုံနိုင်မည်။

"ဒီမှာ...ငါက လူလိမ်မဟုတ်ဘူး။ ငါတို့ချင်းလဲ တွေ့ရခဲတယ်။ မင်းကလည်း မကျေနပ်ဘူးဆိုတော့ နောက်တစ်ပွဲ နွှဲကြတာပေါ့။ ငါဘယ်သူ့ကိုမှ အကူမခေါ်ပါဘူး။ ကဲ ဘယ်လိုလဲ"

"ကောင်းပြီလေ"

လေဟာနယ်အရှင် ချက်ချင်းသဘောတူသည်။

"လေဟာနယ်လောက ဆင်းသက်မယ်"

မပွင့်တစ်ပွင့်ပြုံး၍ လေဟာနယ်အရှင် အော်ဟစ်လိုက်သည်။ လေဟာနယ်လောကပွင့်လာပြီး သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။ ယွမ်ကျိက အင်ပါယာပလ္လင်ကိုထုတ်၍ထိုင်ပြီး တိုက်ပွဲရလာဒ်ကို စောင့်နေသည်။

ထို့နောက် သိပ်မကြာမီ လေဟာနယ်အရှင် မပြုံးနိုင်တော့။

"ကျန်းပင်ကန်း၊ သောက်သုံးမကျတဲ့မင်းက မသေမျိုးဖြစ်နေပြီပေါ့"

**************************************

All Chapters