← Chapters

မသေမျိုးတာအို ကောင်းကင်မျက်လုံး

Vol. 46 Ch. 685

မသေမျိုးတာအို ကောင်းကင်မျက်လုံး

Vol. 46 Ch. 685

"တစ်‌ယောက်ယောက် အဆင့်တက်တော့မှာလား"

"တိမ်မည်းတွေစုတဲ့နေရာက ကောင်းကင်ဂိတ်တောင်ထိပ်မဟုတ်လား"

"အမယွမ် အဆင့်တက်ဖို့များလား"

"မင်းဘာတွေလျှောက်ပြောနေတာလဲ။ အမယွမ်အဆင့်တက်ရင် လျှပ်စီးမိုးကြိုးက ဒီအတိုင်းအတာလောက် ဘယ်ကမှာလဲ"

"ဂိုဏ်းချုပ်များလား"

"ဂိုဏ်းချုပ်ပြန်မလာတာ ဘယ်လောက်တောင်ကြာနေပြီလဲကွာ"

"ညီလေးလုလား...မဟုတ်ဘူး။ မဟုတ်လောက်ဘူး။ သူနတ်ဝိညာဉ်အဆင့်ကိုတက်တာ မကြာသေးဘူး"

"ဒါဆို အမကန်ထန်ပေါ့"

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ အကြီးအကဲများ ကောင်းကင်ဂိတ်တောင်ထိပ်မှ ကောင်းကင်ဆင်းရဲတိမ်တိုက်များကို သတိထားမိကြသည်။

မြစ်ဝိညာဉ်က မြစ်ရေမျက်နှာပြင်ပေါ် ခေါင်းပြူလာပြီး ကောင်းကင်ဂိတ်တောင်ထိပ်ဆီ လှမ်းကြည့်သည်။

ကောင်းကင်လျှပ်စီး ဆင်းလာနိုင်စေဖို့ ဂိုဏ်းအကာအကွယ်‌မှော်စက်ဝန်းကို အက်ကြောင်းတစ်ခု ယာယီဟ,ပေးထားလိုက်သည်။

ထိုမှော်စက်ဝန်းရှိနေလျှင် ကောင်းကင်လျှပ်စီးက ကန်ထန်ကို ထိမည်မဟုတ်။ မှော်စက်ဝန်းကိုသာ ရိုက်ခတ်လိမ့်မည်။

ထိုသို့ဖြစ်လျှင် ကောင်းကင်ဆင်းရဲက ပြင်ပအနှောက်အယှက်ဝင်သည်ဟု ယူဆပြီး စွမ်းအားထပ်တိုးလာမည်။

အကာအကွယ်မှော်စက်ဝန်းပင် ထိုကောင်းကင်ဆင်းရဲကြောင့် ပျက်စီးသွားနိုင်သည်။

လုယန် ပြိုင်ဘက်ကင်းနတ်ဝိညာဉ်ကို ပြန်သိမ်းလိုက်သည်။ ထိုသတ္တဝါလေး တကယ်အပြေးမြန်သည်။ လုယန်အကောင်းဆုံးကြိုးစားသော်လည်း မီအောင်မလိုက်နိုင်ခဲ့။ ဒုတိယနေရာသာ ယူရသည်။

ကြည့်ရှုသူများ ကောင်းကင်ဂိတ်တောင်ခြေတွင် တဖြေးဖြေးစုဝေးလာသည်။

တာအိုလမ်းစဉ်ဂိုဏ်းထဲတွင် လေဟာနယ်အဆင့်မှ စုစည်းခြင်းအဆင့်တက်သည့်အဖြစ်ကို မြင်ရခဲသည်။ ထိုအဖြစ်မျိုးပေါ်လာလျှင် အားလုံးကြည့်ချင်ကြသည်။

"အဆင့်တက်တာ ညီလေးလုလား"

"အမသုံးပါ"

"ဪ အမကန်ထန်လား"

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ အကြီးအကဲများ နောက်ဆုံးတွင် သိုးသားကင်ရောင်းနေသည့် ဈေးသည်များပင် ရောက်လာသည်။

"စုစည်းခြင်းအဆင့်ကို တက်နိုင်တဲ့ ငါးယောက်မြောက်တပည့်ပေါ်လာပြီပေါ့"

စတုတ္ထအကြီးအကဲက ပြုံး၍ပြောသည်။

ယွမ်ကျိ၊ ယဲ့ဇီကျင်း၊ တိုင်ပုဖန်၊ စတုတ္ထအကြီးအကဲ၏ အကြီးဆုံးတပည့် ကျိဟုန်ဝမ်။ ယခု ကန်ထန်။

"ဝေါင်း..အတော်ကြည့်ကောင်းတာပဲ။ ငါ့ဦးလေးအဆင့်တက်တုန်းကတောင် အဲလောက်မခမ်းနားဘူး"

မုန်ကျင်းကျိုး တအံ့တဩပြောသည်။

သူ့ဦးလေးအဆင့်တက်သည်ကို မြင်ဖူးသည်။ သို့သော် ထိုစဉ်က သူငယ်သေးသဖြင့် ဖြစ်စဉ်တစ်စိတ်တစ်ပိုင်းသာ မြင်လိုက်ရသည်။ ကောင်းကင်ဆင်းရဲအမျိုးအစားကိုပင် သေချာနားမလည်လိုက်။

ချန်ကျန်းမြို့အတွေ့အကြုံများ လောင်မာကို ပြောပြနေချိန်တွင် ကောင်းကင်ဂိတ်တောင်ထိပ်ဆီမှ ထူးခြားချက်များ ပေါ်လာသဖြင့် သူအမြန်ပြေးလာခြင်းဖြစ်သည်။

လေးနက်တည်ငြိမ်သည့်စကားသံတစ်ခု လုယန်နှင့်မုန်ကျင်းကျိုးနောက်ဘက်မှ ပေါ်လာသည်။

"ငါက မင်းတို့နှစ်ယောက်ကို ရှာနေတာ"

နှစ်ယောက်လုံး ချက်ချင်းနောက်လှည့်ကြည့်သည်။ မပွင့်တပွင့်ပြုံးနေသည့် တိုင်ပုဖန်ကိုမြင်ရသည်။

ချန်ကျန်းမြို့တော်အကြောင်း သတင်းကြားချိန်တွင် တိုင်ပုဖန်ဘယ်လိုခံစားရသည်ကို ဘယ်သူမှမသိနိုင်။ ထိုမြို့တော်သည် မုန်ကျင်းကျိုးကို သူပြောပြခဲ့သည့် မှောင်ခိုဈေးနှင့် မိုင်နှစ်ဆယ်သာဝေးသည်။

ထို့ပြင် ခြောက်လအတွင်း ပြဿနာမဖြစ်စေရပါဟု အာမခံထားသည်။

သို့သော် အစီရင်ခံစာကိုဖတ်ပြီးနောက် ထိုကိစ္စသည် လုယန်တို့နှစ်ယောက်ကို အပြစ်တင်၍မရကြောင်း သူသိလိုက်သည်။

နောက်ထပ်ထိုပြဿနာမျိုးပေါ်လာ၍မဖြစ်။

"လာမယ့်လတွေအတွင်း မင်းတို့ထိန်းထိန်းသိမ်းသိမ်းနေပါ။ မကြာခင် တပည့်သစ်တွေ ခေါ်တော့မှာ။ မင်းတို့နှစ်ယောက်က စံပြဖြစ်သင့်တယ်"

တိုင်ပုဖန်က သတိပေးသည်။

ရိုးသားသည့်လူနှစ်ယောက်က ခေါင်းငြိမ့်သည်။

"ဟိုမှာကြည့်၊ ကောင်းကင်လျှပ်စီး ဆင်းလာတော့မယ်"

လုယန် အော်ဟစ်၍ အထက်ကောင်းကင်ဆီ လက်ညှိုးထိုးပြသည်။

အပြာရောင်ကောင်းကင်လျှပ်စီးက လှိုင်းလုံးများ ထိုးထွက်နေသည်နှင့်တူသည်။ နက်မှောင်သည့်တိမ်ထုက အောက်ဘက်သို့နိမ့်ဆင်းလာသည်။ လေဟာနယ်တွန်လိမ်တုန်ခါနေသည်။

ကန်ထန် ကောင်းကင်လျှပ်စီးအောက်တည့်တည့်တွင်ရပ်နေသည်။ အမူအရာလုံးဝမပျက်။ မျက်လုံးအုပ်ထားသည့် ပဝါကိုလည်း ဖယ်ရှားမည့်ဟန်မရှိ။

တိုက်ပုဖန်က မှတ်ချက်ပေးသည်။

"ညီမကန်ထန်က အတော်ယုံကြည်မှုရှိတာပဲ။ သူ့မျက်လုံးတွေက ထူးခြားတယ်။ အားပြင်းတဲ့လက်နက်ပဲ။ ကောင်းကင်ဆင်းရဲဖြတ်ချိန်မှာတောင် သူကမျက်လုံးအုပ်ထားတာကို ဖွင့်မယ့်ပုံမရှိဘူး။ ဒီအတိုင်းခက်ခက်ခဲခဲဖြတ်ကျော်ဖို့ ပြင်ဆင်ထားပုံပဲ"

"အမသုံးရဲမျက်လုံးတွေက ဘယ်လိုထူးခြားတာလဲ"

လုယန် စပ်စုလိုက်သည်။

"ဒဏ္ဍာရီထဲက မသေမျိုးကောင်းကင်မျက်လုံးတွေလေ။ မသေမျိုးတွေပဲ ဒါမျိုးပိုင်ဆိုင်တယ်လို့ ပြောကြတယ်။ နတ်ဆိုးမျိုးနွယ်ရဲ့ ပုံစံအစစ်တွေ၊ သရဲတွေ၊ ဝိညာဉ်တွေကို ထိုးဖောက်မြင်နိုင်တယ်။ ရွှေရောင်အလင်းထုတ်လွှတ်ပြီး တောင်တွေ ကျောက်ဆောင်တွေကို ထိုးခွဲနိုင်တယ်။ ရေလှိုင်းတွေကို ဒီရေတွေကို ဖျက်ဆီးဖြတ်တောက်နိုင်တယ်။

တစ်ခြားဘယ်လိုထူးခြားချက်တွေရှိသေးလဲဆိုတာတော့ ငါမသိဘူး"

"နတ်မယ်၊ မသေမျိုးကောင်းကင်မျက်လုံးဆိုတာ ခင်ဗျားကြားဖူးလား"

လုယန် နတ်မယ်ကိုမေးသည်။

"တိုင်မျိုးရိုးပြောတာမှန်တယ်။ သူ့မှာ မသေမျိုးလမ်းစဉ်ရဲ့ ကောင်းကင်မျက်လုံးတွေပိုင်ဆိုင်ထားတာပဲ။ တကယ့်မသေမျိုးမျက်လုံးလို့ပြောဖို့တော့ ချဲ့ကားလွန်းရာကျပါတယ်။ ဘာလို့လဲဆိုတော့ မသေမျိုးမျက်လုံးရဲ့စွန်းအားကို ခံနိုင်ရည်ရှိဖို့ဆို ဒီကောင်မလေးရဲ့ကျင့်စဉ်အဆင့်က နိမ့်သေးတယ်လေ"

ကန်ထန်ကိုစတွေ့ကတည်းက ကောင်းကင်မျက်လုံးပိုင်ဆိုင်ကြောင်း သူသိသည်။

မျက်လုံးကို အဝတ်နက်ဖြင့်အုပ်ထားသော်လည်း မသေမျိုးဝိညာဉ်အာရုံကို မတားဆီးနိုင်။

"မသေမျိုးလမ်းစဉ်ရဲ့ ကောင်းကင်မျက်လုံးဟာ ထူးခြားတဲ့စွမ်းရည်တွေရှိတာ အမှန်ပဲ။ မသေမျိုးခန္ဓာကိုယ်လို ထူးခြားတဲ့ ရုပ်ဗီဇတစ်မျိုးလို့တွေးလည်း ရပါတယ်။ ကောင်းကင်မျက်လုံးပိုင်ဆိုင်တဲ့ ကျင့်ကြံသူတွေက တကယ်စွမ်းအားကြီးတယ်"

သူတို့စကားပြောနေစဉ် ကောင်းကင်လျှပ်စီးဆင်းလာသည်။ ဘာမှော်လက်နက်မှ အားမကိုးဘဲ ကန်ထန်က ရုပ်ခန္ဓာသက်သက်ဖြင့် ခုခံသည်။ အရိုးကျိုးကြေသံများကြောင့် လုယန်ကြက်သီးထမိသည်။

"ကောင်းကင်ဆင်းရဲဖြတ်ဖို့ ဒါဟာအကောင်းဆုံးနည်းလမ်းပဲလေ။ မှော်ရတနာတွေသုံးတာကို အညံ့စားလို့သတ်မှတ်တယ်။ ကောင်းကင်လျှပ်စီးစွမ်းအားနဲ့ ခန္ဓာကိုယ်ကိုသန့်စင်တာကသာ မှန်ကန်တဲ့လမ်းကြောင်းပဲ။ ယင်ထန်မသေမျိုးကလည်း အဲလိုရည်ရွယ်ပြီး တီထွင်ခဲ့တာ"

ကောင်းကင်လျှပ်စီးစွမ်းအားများ ရုတ်တရက် တိုးပွားလာသည်။ ကန်ထန်အငိုက်မိသွားသည်။

သူ့နှုတ်ခမ်းထောင်မှ သွေးတစ်ချို့ စီးကျလာသည်။ ပြင်းထန်သည့်လျှပ်စီးများ သူ့ကို ချက်ချင်းဝါးမျိုသွားသည်။

ကံကောင်းထောက်မစွာဖြင့် ထိုလျှပ်စီးလှိုင်း ပြီးဆုံးသွားသည်။ အဆုံးသတ်ခါနီးတွင် လျှပ်စီးစွမ်းအားပေါက်ကွဲထွက်ခဲ့ခြင်းဖြစ်သည်။

"သတိထား၊ နောက်ထပ်လျှပ်စီးလှိုင်းတစ်ခုလာနေပြီ"

လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် အပြာရောင်နဂါးက ကောင်းကင်တွင် ခွေနေသည်။ လက်သည်းငါးခုက အလွန်တရာထက်မြက်သည်။ တစ်ချက်ကွေးဆန့်ရုံဖြင့် လေဟာနယ်ကို ထိုးခွဲနိုင်သည်။

တိုင်ပုဖန်က စိုးရိမ်မကင်းဖြစ်နေသည့်လေသံဖြင့်

"ဆိုးတာပဲ။ ဒါက ကောင်းကင်ကိုးပါးနဂါးပြာလျှပ်စီးဖြစ်မယ်။ နဂါးဘိုးဘေးကို စံနမူနာပြုပြိး မိုးမြေကဖန်တီးထားတဲ့ ကောင်းကင်ဆင်းရဲလို့ပြောကြတယ်"

တစ်နည်းအားဖြင့် နဂါးဘိုးဘေး၏စွမ်းအားကို မိုးမြေက အသိအမှတ်ပြုသဖြင့် လောက၏ထာဝရအမှတ်အသားအဖြစ် ချန်ထားခြင်းဖြစ်သည်။

သို့သော် ထိုကိစ္စသည် မိုးမြေကအသိအမှတ်ပြုခြင်းမဟုတ်ဘဲ သူ့'ညီမ'ရှောင်လင်းကို ယင်ထန်က ကောင်းကင်ဆင်းရဲပုံရိပ်အဖြစ် တိုက်ရိုက်အသုံးချခြင်းဖြစ်ကြောင်း လုယန်သိသည်။

သာမန်လူများက ကောင်းကင်ဆင်းရဲကို ယင်ထန်ထိန်းချုပ်ထားကြောင်း မသိကြ။ ကောင်းကင်ဆင်းရဲသည် မိုးမြေက ပေးအပ်ထားသည့်စမ်းသပ်မှုဟု ယုံကြည်နေကြသည်။

ထိုယုံကြည်ချက်သည်လည်း ယင်ထန်၏ဆန္ဒများနှင့် ထပ်တူကျသည်။

စောင်းကြိုးတုန်ခါသံများ ပဲ့တင်ထပ်နေသည်။ ကြည်လင်သာယာသည့်အသံများပေါ်လာသည်။

ရုတ်တရက် ရွှေဖီးနစ်တစ်ကောင်ပေါ်လာသည်။ သံစဉ်များကြားမှ မွေးဖွားလာသလိုထင်ရသည်။ ကောင်းကင်ကိုးပါးနဂါးပြာလျှပ်စီးကို တိုက်ခိုက်ရန် ထိုးတက်သွားသည်.

ထိုမြင်ကွင်းကိုကြည့်၍ လူအုပ်ကြီး တအံ့တဩရေရွဝ်ကြသည်။

"နဂါးနဲ့ဖီးနစ် တိုက်ခိုက်မယ်ပေါ့။ နှစ်တစ်ထောင်မှာ တစ်ခါမြင်ရခဲတဲ့ မြင်ကွင်းပဲ"

"ဒါက နတ်ဆိုးနယ်မြေမှာ အမကန်ထန်ရခဲ့တဲ့ ဆုလာဒ်များလား"

"ကျင့်စဉ်လမ်းဟာ အမြဲတမ်း ရှေ့ပြေးလက္ခဏာတွေပြတယ်။ အမကန်ထန်က နဂါးနဲ့ဖီးနစ်လို ကောင်းကင်ကိုတက်ပြီး အဓိပဓိစွမ်းအားရှင်ဖြစ်လာမယ့်အဓိပ္ပါယ်လား"

"ဖြစ်နိုင်တယ်"

လုယန် အားလုံးကို အသံတိတ်ကြည့်နေသည်။ ဘာမှတ်ချက်မှမပေး။

ကောင်းကင်ကို သူပြန်ကြည့်သည်။ သို့သော် နဂါးနှင့်ဖီးနစ် တကယ်တိုက်ခိုက်ကြသည်နှင့်မတူဟု ခံစားရသည်။ ချီလင်မသေမျိုး၏ ဇနီးနှစ်ယောက် အိမ်တွင်းရေးကတောက်ကဆဖြစ်သည့် ပုံစံမျိုးနှင့် ပိုတူသည်။

နဂါးနှင့်ဖီးနစ်တိုက်ပွဲ အဆုံးသတ်သွားသည်။ ပုံရိပ်နှစ်ခုလုံး ပျောက်ကွယ်သွားသည်။

ကန်ထန်အသက်ရှူချိန်ပင်မရ။ လှောင်အိမ်နှင့်တူသည် အနက်ရောင်လျှပ်စီး ဆင်းလာသည်။ ထွက်ပေါက်အားလုံးကို ပိတ်ဆို့သည်။

"အကျဉ်းထောင်ကျလာပြီဟေ့။ အခြေအနေမကောင်းဘူး။ အဲဒါ အတွင်းနတ်ဆိုးဆင်းရဲပဲ"

တိုင်ပုဖန် မျက်နှာပျက်သွားည်။ အတွင်းနတ်ဆိုးကောင်းကင်ဆင်းရဲကျလာလျှင် ထွက်ပေါက်အားလုံး လှောင်အိမ်တစ်ခုလို ပိတ်ဆို့သွားသည်။

ဖြတ်ကျော်မှရသည်။ နောက်ဆုတ်၍မရ။

တိုင်ပုဖန် ကန်ထန်ကို စိုးရိမ်ပူပန်စွာကြည့်နေသည်။

အတွင်းနတ်ဆိုးဆင်းရဲသည် ပြင်ပသတင်းအချက်အလက်အားလုံးကို ပိတ်ဆို့သည်။ အပြင်လူများ သတိပေး၍မရ။ ကိုယ့်ကိုယ်ကိုသာ အားကိုးရသည်။

"အကိုတိုင်၊ အတွင်းနတ်ဆိုးဆင်းရဲဆိုတာ ဘယ်လိုမျိုးလဲ"

လုယန် အတွင်းနတ်ဆိုးဆင်းရဲကို မဖြတ်ကျော်ဖူးသေး။

တိုင်ပုဖန်က ဖြေးညှင်းစွာပြောသည်။

"အတွင်းနတ်ဆိုးဆင်းရဲအတွင်းမှာ မင်းချစ်တဲ့လူနဲ့ မင်းကြုံရမယ်။ အကောင်းဆုံးသူငယ်ချင်း၊ လက်တွဲဖော်၊ အကြီးအကဲ၊ ဒါမှမဟုတ် မင်းမမေ့နိုင်တဲ့ လူတစ်ယောက်ပေါ့။

အတွင်းနတ်ဆိုးတွေဆိုတာကို သိနေရင်တောင် အဲဒီ့လူတွေက လူအစစ်တွေနဲ့ ခွဲမရဘူး။ တိုက်ခိုက်ဖို့အတွက် မင်းအခက်တွေ့မှာပဲ"

အတွင်းနတ်ဆိုးပုံရိပ်များ အကျဉ်းထောင်ထဲတွင် ပေါ်လာသည်။

မြင်းမြီးကြာပွတ်ကိုင်ထားပြီး သူတော်စင်ဟန်ပန်ရှိသည့် မသေမျိုးအရောင်အဝါနှင့်လူတစ်ယောက်။

"ဆရာလား"

လုယန်မျက်နှာ ကြောင်တက်တက်ဖြစ်သွားသည်။ ထို့နောက် သူ့ဆရာပုံရိပ် အကျဉ်းထောင်ထဲပေါ်လာသည်မှာ မထူးဆန်းလှဟု တွေးမိသည်။

"အမသုံးက ဆရာ့ကို တိုက်ခိုက်နိုင်ပါ့မလား"

သူစိုးရိမ်နေစဉ်မှာပင် ကန်ထန်က လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ ရှေးဟောင်းဗျတ်စောင်းဖြင့် တာအိုရှင်ဝစီပိတ်ကို ရိုက်လိုက်သည်။ ထို့နောက် မျက်လုံးကိုဖုံးအုပ်ထားသည့် အဝတ်နက်ကို ဖယ်လိုက်သည်။

ကြည်လင်နက်ရှိုင်းသည့်မျက်လုံးတစ်စုံပေါ်လာသည်။ ထိုမျက်လုံးများမှ ရွှေရောင်အလင်း ထိုးထွက်လာသည်။

************************************

All Chapters