← Chapters

ယင်ယန်ကို ပြောင်းပြန်လှန်၊ ကောင်းကင်ကိုဆန့်ကျင်

Vol. 46 Ch. 687

ယင်ယန်ကို ပြောင်းပြန်လှန်၊ ကောင်းကင်ကိုဆန့်ကျင်

Vol. 46 Ch. 687

"ဗျတ်စောင်းလုပ်ဖို့ အချိန်မသေမျိုးရဲ့ခန္ဓာ(လောကသစ်ပင်)ကနေ သစ်ကိုင်းတစ်ခုချိုးရင်ကောင်းမလား"

နတ်မယ်က သိစိတ်အာရုံလှိုင်းဖြင့် အကြံပြုသည်။

ကန်ထန်က သူ့အကြောင်းမသိသေးသဖြင့် အသံထွက်၍ပေါ်တင်မပြော။

အချိန်မသေမျိုး၏ခန္ဓာကိုယ်က ကြီးမားကျယ်ပြန့်သည်။ သစ်ကိုင်းသစ်ခက်တစ်ခုပင် လေးငါးမီတာရှိသည်။

"အဲလိုလုပ်ရင် အချိန်အကြီးအကဲကို မလေးစားသလိုဖြစ်မလားလို့"

ယွမ်ကျိတုံ့ဆိုင်းနေသည်။

နတ်မယ်ကအရေးမစိုက်။

"ဘာလေးစားတာ မလေးစားတာတွေပြောနေတာလဲ။ သူက သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပစ္စည်းတွေသန့်စင်ဖို့ မကြာခဏသုံးတယ်။ သူ့အကိုင်းအခက်တွေက သူ့ဆံပင်လိုပဲ။ တစ်ခုတစ်လေယူသုံးတာ ဘာမှမဖြစ်ပါဘူး။

သူတောင်ဘာမှလုပ်စရာမရှိရင် အစိတ်အပိုင်းတွေနဲ့ အသုံးအဆောင်တွေ ဖန်တီးနေတာ"

ပစ္စည်းကုန်းကြမ်းများတွင် သက်တမ်းအရင့်ဆုံးဖြစ်သည့် လောကသစ်ပင်ထက်ကောင်းသည့်ပစ္စည်းမရှိနိုင်။

"ကိုးဆမသေမျိုးလည်း သူ့ခန္ဓာကိုယ်သူ အသုံးချပြီး ပစ္စည်းသန့်စင်ဖို့ စဉ်းစားခဲ့ဖူးတယ်။ သူက အပြောင်းအလဲကို ကိုယ်စားပြုတဲ့ ယင်ယန်အရိယဖလစွမ်းအားပိုင်ရှင်မဟုတ်လား။ ယင်နဲ့ယန်က အချင်းချင်းဖြည့်ဆည်းကြတယ်။ အဆုံးမရှိဖန်တီးမှုကို ထုတ်လုပ်နိုင်တယ်။ ကံကြမ္မာကို ပုံဖော်နိုင်တယ်။ အရိယဖလစွမ်းအားနဲ့ အသက်ကိုဖန်တီးနိုင်တယ်။

အစက သူ့နံရိုးတစ်ချောင်းကိုဆွဲထုတ်ပြီး အသက်ဖန်တီးဖို့ပဲ။ ဒါပေမယ့် ဖြစ်လာမယ့်လူက သူ့ညီအကိုမောင်နှမလား၊ သားသမီးလားဆိုတာ သူစဉ်းစားမိတယ်။ ဒီပြဿနာတွေးမရလွန်းလို့ ဖန်တီးဖို့ကိစ္စ လက်လျှော့လိုက်တာ"

လုယန် "..."

ခင်ဗျားတို့ ရှေးဟောင်းခေတ်ကလူတွေအားလုံးရဲ့ နည်းစနစ်တွေက အဲလောက်တောင်ကြမ်းတမ်းရက်စက်တာလား...

"အဲ...ဒါနဲ့ ရှောင်မုန်အခြေအနေကို ပိုတိုးတက်အောင်လုပ်နိုင်တဲ့နည်းလမ်း်တစ်ခု ငါ့မှာရှိတယ်"

နတ်မယ် ရုတ်တရက် အတွေးတစ်ခုရလာသည်။

"ဘာကိုတိုးတက်အောင်လုပ်မှာလဲ"

"ယင်နဲ့ယန် ပြောင်းပြန်လှန်ပြီး ကောင်းကင်ကို ဆန့််ကျင့်တဲ့ပညာဆိုတာကြားဖူးလား"

မယုံနိုင်လောက်အောင်စွမ်းအားကြီးသည့် နတ်စွမ်းအားတစ်ခုဖြစ်မည်ဟု လုယန် တွေးနေသည်။

"ဟုတ်တယ်၊ ကောင်းကင်ကိုဆန့်ကျင်ပြီး ကံကြမ္မာကိုပြောင်းလဲနိုင်တဲ့ နတ်စွမ်းအားပညာပဲ။ ဒါပေမယ့် ကိုယ့်အတွက်ကိုယ်ပဲသုံးလို့ရတယ်။ တစ်ခြားလူတွေအပေါ် သုံးလို့မရဘူး။

ရှောင်မုန်တာ ဒီပညာကိုတတ်ရင် သူ့တစ်ကိုယ်တော်ဝိညာဉ်မြစ်အခြေခံကို ပြောင်းလဲပစ်နိုင်တယ်။ သူ့ကံကြမ္မာကိုတောင် တိုးတက်အောင်လုပ်နိုင်လောက်တယ်"

"ဒီပညာမျိုး ခင်ဗျားတတ်တယ်ပေါ့"

"တတ်တာပေါ့။ ကဲပါ၊ နင်တို့နှစ်ယောက်လုံးကို သင်ပေးမယ်။ တတ်မတတ်ဆိုတာတော့ နင်တို့ပေါ်မှာပဲမူတည်တယ်"

ထိုနတ်စွမ်းအားပညာမျိုးသင်ခွင့်ရတော့မည်ဖြစ်၍ လုယန် ပါးစပ်မပိတ်နိုင်တော့။

နတ်မယ်၏စိတ်ကူးကို ယွမ်ကျိအား လုယန်ပြောပြသည်။ ယွမ်ကျိလည်း ဖြစ်နိုင်ခြေရှိသည်ဟု ယူဆသည်။

တစ်ခုတည်းသောပြဿနာက ထိုပညာသည် သင်ရခက်ခဲလွန်းသဖြင့် နတ်ဝိညာဉ်အဆင့်တွင် တတ်ဖို့မဖြစ်နိုင်။

"ကြိုးစားကြည့်လို့ရပါတယ်"

"နတ်မယ်၊ ဒီပညာကို ဘယ်လိုသုံးသလဲ ကျွန်မကိုပြောပြပါ။ မှတ်သားထားတာတွေချင်း နှိုင်းယှဉ်ကြည့်မယ်လေ"

ယွမ်ကျိလည်း ထိုပညာအကြောင်းသိသည်။ မုန်ကျင်းကျိုးအသုံးပြုနိုင်မည်ဟု မထင်ခဲ့သောကြောင့်သာဖြစ်သည်။

"ကောင်းပြီလေ"

အသိပညာချင်း သိစိတ်အာရုံမှ ဖလှယ်ကြသည်။ နှစ်ယောက်လုံးတတ်ထားသည့်ပညာချင်း အတူတူဖြစ်ကြောင်း အတည်ပြုပြီးနောက် ယွမ်ကျိ စိတ်ချသွားသည်။

ကန်ထန်က ကူးဖြတ်ခြင်းအဆင့်သို့ရောက်ပြီးဖြစ်၍ ကျင့်စဉ်အခြေခံတည်ငြိမ်အောင် တံခါးပိတ်ကျင့်ကြံနေသည်။ ယွမ်ကျိ၊ လုယန်နှင့် မုန်ကျင်းကျိုးတို့သာ ကောင်းကင်ဂိတ်တောင်ထိပ်တွင် ကျန်ခဲ့သည်။

နတ်စွမ်းအားပညာအကြောင်းကြားချိန်တွင် မုန်ကျင်းကျိုး အတော်ပျော်သွားသည်။

နောက်ဆုံးတွင် ကောင်းကင်က သူ့ကိုသနား၍ ဘဝကံကြမ္မာပြောင်းလဲခွင့်ပေးခြင်းဖြစ်မည်။

လုယန်ကလည်း စိတ်အားထက်သန်စွာပြောသည်။

"မင်းကျေးဇူးတင်ချင်တယ်ဆိုရင် ငါ့ကိုရှိခိုးလို့ရပါတယ်။ နတ်မယ်ကိုယ်စား ငါခံယူပေးမယ်"

"တော်စမ်းပါကွာ"

နတ်မယ်က လုယန်ကိုယ်ထဲမှ ပျံထွက်လာသည်။ အမူအရာက တည်ငြိမ်အေးချမ်းသည်။

လက်ချောင်းများကို ကြာပွင့်ကိုင်သည့်ဟန်ထား၍ အေးအေးလူလူပြောသည်။

"မင်းရဲ့ပါရမီကထူးခြားပြီး နောင်တစ်ချိန် အောင်မြင်မှုကြီးကြီးရလာမယ်ဆိုတာ ငါမြင်တယ်။ ဒီနေ့ မသေမျိုးလက်ဆောင်တစ်ခု ငါမင်းကိုချီးမြှင့်မယ်။ ရမရဆိုတာတော့ မင်းကံပေါ်ပဲမူတည်လိမ့်မယ်"

"မသေမျိုးအရှင်ကို မုန်ကျင်းကျိုး ကျေးဇူးတင်ပါတယ်"

ယွမ်ကျိက နတ်မယ်သင်ပြပုံကို ခဏစောင့်ကြည့်ပြီးနောက် အကျဉ်းထောင်တောင်ထိပ်သို့ စစ်ဆေးမေးမြန်းရန် ပြန်သွားသည်။

"ယင်ယန်ကိုပြောင်းပြန်လှန်ပြီး မိုးမြေကိုဆန့်ကျင်တယ်။ နေလတွေ ပုံမှန်အခြေကနေ ပြောင်းလဲသွားတယ်။ အမှန်နဲ့အမှား အဖြူကိုအနက် ပြောင်းလဲတယ်။

မဟာနတ်စွမ်းအားပညာတွေထဲမှာတောင် ဒီပညာကထိပ်တန်းပဲ။ လေ့လာဖို့ရည်ရွယ်ထားတယ်ဆိုရင် စိတ်ထဲကကြိုတင်ပြင်ဆင်ထားကြပါ။

ဒီပညာတတ်မြောက်ဖို့ အဓိကအကျဆုံးက ဝိညာဉ်အာရုံပဲ။ ကံတရားကိုကျော်လွန်ဖို့ ကံတရားဆိုတာကို အရင်ဆုံးယုံကြည်ထားရမယ်။

ယင်ယန်ပြောင်းပြန်လှန်တဲ့ အပေါ်ယံအကြောင်းအရာတွေ တတ်ပြီးရင် တစ်စိတ်တစ်ပိုင်းပဲ နင်တို့အသွင်ပြောင်းနိုင်မယ်။ မင်းရဲ့ သန့်စင်ယန်ကို ယင်ယန်ဝိညာဉ်မြစ်အဖြစ် အသွင်ပြောင်းဖို့ လုံလောက်ပါတယ်။

ဒီပညာအသုံးပြုတဲ့အခါ အလွန်အကျွံအားသုံးတာမျိုးကိုရှောင်ပါ။ မဟုတ်ရင် သန့်စင်ယန်ဝိညာဉ်ကနေ သန့်စင်'ယင်'ဝိညာဉ်မြစ်ကို ပြောင်းသွားလိမ့်မယ်"

လုယန်နှင့်မုန်ကျင်းကျိုးတို့ မယုံနိုင်လောက်အောင် အပိုးကျိုးနေသည်။ မြေပြင်တွင်ထိုင်၍ နတ်မယ်ပြောသည့်စကားတိုင်းကို စိတ်ပါလက်ပါအာရုံစိုက်၍ နားထောင်နေသည်။

"အမှန်တော့ ယင်ယန်ပြောင်းပြန်လှန်တဲ့ပညာကို သင်ချင်တယ်ဆိုရင် မင်းတို့မျက်လုံးရှေ့မှာ အကောင်းဆုံးနမူနာတစ်ခုရှိပါတယ်"

"ဘာနမူနာလဲ"

"နေမင်းပေါ့။ နေ့အချိန်ဟာ ယန်။ ညအချိန်က ယင်။ အရင်တုန်းကဖြစ်ဖြစ် အခုဖြစ်ဖြစ် ထိုက်ယင် ထိုက်ယန် အပြောင်းအလဲတွေဟာ ယင်နဲ့ယန်ပြောင်းလဲတဲ့သဘောတရားပဲ။ ဒါပေမယ့် လူတစ်ချို့ပဲ ဒါကိုနားလည်ကြတယ်"

သာမန်လူတို့ဉာဏ်နည်းသည်ကို စိတ်မကောင်းဖြစ်ဟန်ဖြင့် နတ်မယ်သက်ပြင်းချသည်။ မုန်ကျင်ကျိုးက ထိုအချက်ကိုအလွဝ်မပေးပဲ မြှောက်ပင့်ချီးကျူးသည်။

"ဒါကြောင့်လည်း အကြီးအကဲနတ်မယ်ဟာ သာမန်လူတွေမမြင်နိုင်တာကိုမြင်တယ်လို့ ပြောကြတာပေါ့"

"အဲ...အဲဒါက ငါကိုယ်တိုင်နားလည်ခဲ့တာမဟုတ်ပါဘူး။ ယင်ထန်မသေမျိုးက ပြောပြတာပါ"

မုန်ကျင်းကျိုး "...."

နတ်စွမ်းအားပညာ အခြေခံသဘောတရားများ နတ်မယ်ရှင်းလင်းသည်က တစ်နေကုန်ကြာသွားသည်။

"အခြေခံတွေတော့ ငါရှင်းပြပြီးပြီ။ နားလည်မလည်ဆိုတာတော့ မင်းတို့ပေါ်ပဲမူတည်တယ်။ နေနဲ့လပြောင်းလဲတာကို နင်တို့သေချာစောင့်ကြည့်သင့်တယ်။ အဲလိုလုပ်ရင် ဒီနတ်စွမ်းအားပညာကို ပိုနားလည်လာနိုင်တယ်"

"ဟုတ်ကဲ့ပါ"

နှစ်ယောက်လုံး သံပြိုင်ဖြေသည်။

နောက်ရက်များတွင် နှစ်ယောက်လုံး တစ်ခြားဘာမှမလုပ်ဘဲ လေ့လာသုံးသပ်မှုကိုသာ အာရုံစိုက်ကြသည်။ နတ်မယ်၏ပညာရပ်ကိုသာ အားစိုက်စဉ်းစားသည်။

ငါးရက်မြောက်နံနက် နေနှင့်လပြောင်းလဲချိန်တွင် ကောင်းကင်ကိုသူတို့မော့ကြည့်သည်။ ယင်အချိန်ကိုယ်စားပြုသည့် ငွေလဝန်းက မူလအရောင်အသွေးပျောက်သွားပြီး နီရဲလာသည်။ တောက်ပသည့်နေမင်းအဖြစ်ပြောင်းသွားသည်။ နေစွမ်းအားအမှတ်အသားသော်လာသည်။

ထိုအချိန်တွင် လုယန် နားလည်သွားသည်။ ပိတ်ထားသည့်မြူခိုးများ ရှင်းလင်းသွားသည်နှင့် ပမာတူသည်။

မျက်လုံးကို ဖြေးညှင်းစွာပိတ်၍ ခမ်းနားသည့် မနက်နှင့်ညအပြောင်းအလဲများကို အာရုံပြုသည်။

ယုံကြည်ချက်အပြုံးရိပ်တစ်ခု သူ့မျက်နှာတွင်ပေါ်လာသည်။

သူဉာဏ်အလင်းရသွားသည်။

သူ့ကံကြမ္မာအပြောင်းအလဲကို အာရုံခံမိသည်။

မုန်ကျင်းကျိုး စိတ်ပျက်လက်ပျက်ခေါင်းကုတ်သည်။ မှော်ပညာများအတွက် သူ့ပါရမီက ထိပ်တန်းအဆင့်ရှိသည်။ သို့သော် ထိုမျှအဆင့်မြင့်သည့် နတ်စွမ်းအားပညာမျိုးလေ့လာဖို့က ခက်ခဲလွန်နးသည်။

လုယန်ကို သူလှည့်မေးသည်။

"'လုယင်'၊ မင်းနားလည်သွားပြီလား"

လုယန်မျက်နှာမှအပြုံး အေးခဲသွားသည်။

"မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်"

"လုယင်လို့ခေါ်တာလေ။ ဘာဖြစ်လို့လဲ"

လုယန် ယွမ်ကျိနှင့်နတ်မယ်ကို ချက်ချင်းလှည့်မေးသည်။

"ကျုပ်ဘာဖြစ်သွားတာလဲ"

နတ်မယ်နှင့်ယွမ်ကျိက လုယန်၏ အပြောင်းအလဲများကို သတိထားမိသည်။

မှော်စွမ်းအင်တစ်မျိုး လုယန်ဆီရောက်လာသည်။ သူ့နာမည်ကို 'လုယင်'ဟု ပြောင်းလဲသည်။ ထိုနာမည်နှင့်မွေးလာသလိုဖြစ်သွားသည်။ ခါးတွင်ချိတ်ထားသည့် ကျောက်စိမ်းတံဆိပ်ပေါ်မှနာမည်ပင် "လုယန်"ဟု ပြောင်းသွားသည်။

နတ်မယ်လည်း တအံ့တဩ ခေါင်းကုတ်နေသည်။

"ယင်နဲ့ယန်ပြောင်းပြန်လှန်တဲ့ ကောင်းကင်ဆန့်ကျင်ပညာက လူတစ်ယောက်ရဲ့နာမည်ကို ပြောင်းလဲနိုင်တာလား"

"ဒါက တတ်သွားပြီးလို့ ပြောလို့ရလား"

*****************************************

All Chapters