ကျိုးကြောင်းဆက်စပ်မှု နတ်စွမ်းအားပညာ
Vol. 46 Ch. 688
လုယန် ဆယ့်ရှစ်နှစ် ရှင်သန်နေထိုင်ခဲ့သည်။ တစ်နေ့နေ့တွင် သူ့နာမည်ပြောင်းလဲသွားမည်ဟု တစ်ခါမှမတွေးခဲ့မိ။
မှော်ပညာကလည်း အစစ်အမှန်ဖြစ်သည်။ ကောင်းကင်အလိုဆန့်ကျင်နိုင်စွမ်းရှိသည်။
"ဒါဆို ဒီပညာ ကျုပ်တတ်သွားပြီလို့ပြောလို့ရလား"
လုယန်က နတ်မယ်ကို သံသယဖြင့််ကြည့်သည်။ စိတ်ထဲတွင်တစ်ခုခုလွဲနေသလိုခံစားရသည်။
နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ကျိုးကြောင်းခိုင်လုံစွာပြောသည်။
"ဘာလို့မရမှာလဲ။ နာမည်ဆိုတာ လူတစ်ယောက်ရဲ့ကံကြမ္မာကို ကိုယ်စားပြုတာပဲလေ။ နာမည်ပြောင်းသွားတာဟာ ကံကြမ္မာပြောင်းသွားတာပဲ။ နင့်နာမည်ပြောင်းသွားပြီဆိုရင် နင့်အနာဂတ်လည်းပြောင်းလဲသွားလိမ့်မယ်။ နောတစ်လှမ်းဆုတ်ပြီးတွေးကြည့်လိုက်။
ကျိန်စာတွေဆိုတာ လူနာမည်ကိုသုံးပြီး ကျိန်စာတိုက်ကြတာ။ နင်ကအခု အရင်လူမဟုတ်တော့ဘူး။ ကျိန်စာတွေ နင့်အပေါ်ကို မသက်ရောက်နိုင်တော့ဘူး။
ကျိန်စာတစ်ခု အစပြုရင် 'လုယန်'ဆိုတဲ့လူအပေါ် သက်ရောက်မယ်။ လုယန်ကနေ လုယင်ဖြစ်လာပြီဆိုတာနဲ့ အရင်ကကံကြမ္မာတွေ လုယန်အပေါ်မသက်ရောက်နိုင်တော့ဘူး"
နတ်မယ်အတွေးကို ယွမ်ကျိလည်းထောက်ခံသည်။
"မောင်လေးလုရဲ့ကျင့်ကြံနည်းဟာ ထင်ထားတာနဲ့ ကွဲလွဲနေသလားတော့ ကျွန်မမသိဘူး။ ကျောင်းကျိုးဆက်စပ်မှုအရကြည့်ရင် နာမည်ပြောင်းသွားတာဟာ ကံကြမ္မာပြောင်းလဲသွားတယ်ဆိုတာတော့ သေချာပါတယ်"
မုန်ကျင်းကျိုးတစ်ယောက်သာ အူကြောင်ကြောင်းဖြစ်နေသည်။ မဟာနတ်စွမ်းအားအကြောင်းလည်း မမှတ်မိ။ ဘာဖြစ်သွားသည်ကိုလည်း သူမသိလိုက်။
...ငါတစ်ခုခုများ လွတ်သွားတာများ ရှိနေသလား။
လုယန်က ရှင်းပြသည်။
"ဒါက ဒီလိုပါ။ ငါတို့က ယင်ယန်ပြောင်းလဲတဲ့ နတ်စွမ်းအားပညာကို လေ့လာနေတာလေ။ ငါအောင်မြင်သွားတယ်။ အရင်က ငါ့နာမည်ဟာလုယန်ပါ။ အခုငါက လုယင်လို့အခေါ်ခံနေရပြီမဟုတ်လား"
"..."
"ခဏနေပါဦး။ ငါခဏစဉ်းစားကြည့်ပါဦးမယ်"
မုန်ကျင်းကျိုး ဉာဏ်ကောင်းသော်လည်း ထိုကိစ္စကို နားမလည်နိုင်သေး။
"မင်းကိုအရင်က လုယန်လို့ခေါ်ခဲ့တယ်။ အခုလုယင်ဖြစ်လာတယ်။ ကျောက်စိမ်းတံဆိပ်ကနာမည်တောင် ပြောင်းသွားတယ်ပေါ့"
"ဟုတ်တယ်"
မုန်ကျင်းကျိုး ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထိုနတ်စွမ်းအားပညာက အဆင့်မြင့်လွန်းနေသည်။ လုယင် ထိုနတ်စွမ်အားသုံးသည်ကိုပင် သူမသိလိုက်။
ယွမ်ကျိက လုယန်ကို ခဏစိုက်ကြည့်သည်။
"မောင်လေးလုရဲ့အရည်အချင်းက တကယ်ထူးခြားပါတယ်။ နာမည်ကိုတောင် လုံးလုံးပြောင်းပစ်နိုင်တယ်။ ကြောင်းကျိုးဆက်စပ်မှုပညာကိုနားမလည်တဲ့ စုစည်းခြင်းအဆင့်တစ်ယောက်နဲ့ကြုံရင်တောင် လှည့်စားနိုင်မှာပဲ"
ကြောင်းကျိုးဆက်စပ်မှုကံကြမ္မာနှင့် အချိန်နှင့်စပ်ဆိုင်သည့်မှော်ပညာများသည် အသိခက်သည်။ နူးညံ့သိမ်မွေ့သည်။
ကြောင်းကျိုးအရိယဖလသန္ဓေပိုင်ဆိုင်ထားသည့် မဟာယုနိုင်ငံ့ဆရာလိုလူသည် အလွန်ရှားသည်။
အရိဖလသန္ဓေပိုင်ဆိုင်သည်ဆိုလျှင် ထိုအပိုင်း၌ ကျွမ်းကျင်သည့်သဘောဖြစ်သည်။ မဟာယုနိုင်ငံ့ဆရာ ပါရမီထူးခြားကြောင်း ထင်ရှားနေသည်။
လုယန်က ထိုပညာမျိုးကိုကျွမ်းကျင်သဖြင့် ယွမ်ကျိရက်အတော်ကြာ အံ့အားသင့်နေသည်။ လုယန်က သူ့ပညာကိုကျွမ်းကျင်ပိုင်နိုင်အောင် လုပ်နေချိန်တွင် မုန်ကျင်းကျိုးက နားလည်အောင်ကြိုးစားဆဲအဆင့်သာရှိသည်။
ခုနစ်ရက်ကြာပြီးနောက် လုယန်၏ ပညာရပ်အခြေခိုင်မာလာသည်။ မုန်ကျင်းကျိုးက ဘာမှနားမလည်သေး။ လုယန်ကို သူမမီကြောင်း မုန်ကျင်းကျိုး ဝန်ခံရသည်။
ကိစ္စမရှိ။ လုယန် နာမည်ပြောင်းလည်း ပြောင်းခွင့်ပေးလိုက်မည်။
...ငါမုန်သခင်လေးက နာမည်ပြောင်းစရာမှမလိုတာပဲ...
ထိုနှစ်ယောက် ဆက်ပြီးမကျင့်ကြံတာ့သဖြင့် ယွမ်ကျိ အကျဉ်းထောင်တောင်ထိပ်သို့သွား၍ အရှင်နှစ်ယောက်ကို စစ်ဆေးမေးမြန်းသည်။
....
နေမင်းဂိုဏ်းဌာနချုပ်။
နံရံများပေါ်တွင် နေမင်းတံဆိပ်ပုံရိပ်များက အရောင်လက်နေသဖြင့် စည်းဝေးခန်းမထဲ လင်းထိန်နေသည်။
ဂိုဏ်းချုပ်ချီက အရေးကြီးကိစ္စများဆွေးနွေးရန် အဆင့်မြင့်အဖွဲ့ဝင်များကိုဆင့်ခေါ်ထားသည်။
အားလုံးအသံတိတ်၍ ဂိုဏ်းချုပ်ပြောမည့်စကားကို နားစွင့်နေကြသည်။
"ပထမဆုံးကိစ္စကတော့ အားလုံးသိပြီးသားပါ။ နေစွမ်းအားကိုယူသုံးဖို့ ငါတို့ဂိုဏ်းလေ့လာနေတဲ့ကိစ္စက တိုးတက်မှုနှေးနေတယ်။ ငါတို့ဂိုဏ်းကလူတွေ နေမင်းဆီကိုတက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ဂိုဏ်းဝင်တွေသေသွားတယ်"
ယနေ့ခတ်နေဝန်းသည် ရှေးဟောင်းခေတ်ကလို ရွှေကျီးကန်းတစ်ကောင်အသွင်ပြောင်းထားသည့် နေမင်းမဟုတ်။ မျက်နှာပြင်အပူချိန်က အတော်မြင့်သည်။ အကာအကွယ်မှော်စက်ဝန်းများရှိနေသည့်တိုင် နေအပူရှိန်က ကြောက်စရာကောင်းသည်။
ထိုနေရာမျိုးတွင် စုစည်းခြင်းအဆင့်ကျင့်ကြံသူများပင် စက္ကန့်ပိုင်းလောက်သာခံသည်။ ပြာကျသွားသည်။
"နေမင်းဆီ ဆက်တက်ပြီး စမ်းသပ်တွေလုပ်နေရင် နောက်ထပ်ပြာကျမယ့်လူတွေက ငါတို့အကြီးအကဲတွေအလှည့်ဖြစ်လာမယ်။ ဒီတော့ ငါတို့နည်းလမ်းပြောင်းဖို့လိုပြီလို့ယူဆတယ်။ ညဘက်ကျမှ လဆီကိုတက်ရင် ဘယ်လိုနေမလဲ။ နေနဲ့လက တစ်ခုတည်းပဲဆိုတော့ နေအကြောင်းကို ငါတို့တိုက်ရိုက်လေ့လာခွင့်ရနိုင်တယ်"
အားလုံးကန့်ကွက်ကြသည်။
ဒုဂိုဏ်းချုပ်က အရင်ဆုံးကန့်ကွက်သည်။
"နေနဲ့လဟာ ဘယ်တော့မှ တစ်ချိန်တည်းမပေါ်ဘူး။ ဒီနှစ်ခုက တစ်ခုတည်းဆိုရင်တောင် ကွဲပြားခြားနားချက်ရှိနေတာတော့ သေချာတယ်။ ကျုပ်တို့ဂိုဏ်းက နေမင်းရဲ့စွမ်းအားကိုယုံကြည်တယ်။ 'ယင်အချိန်'ရဲ့စွမ်းအားကို ကျုပ်တို့ဘာလို့ဒူးထောက်ရမှာလဲ။ ဒါလုံးဝမဖြစ်နိုင်ဘူး"
တစ်ချို့အကြီးအကဲများကလည်း သူတို့သစ္စာခံမှုကိုပြကြသည်။
"သေသွားတဲ့လူတွေဟာ စစ်မှန်တဲ့ယုံကြည်ချက်မရှိလို့ နေမင်းရဲ့ထောက်ခံမှုမရခဲ့တာပဲဖြစ်ရမယ်။ ကျုပ်ကတော့ အရိုးစွဲယုံကြည်ထားသူဖြစ်လို့ ကျုပ်တစ်သက်လုံး နေမင်းကိုကိုးကွယ်ခဲ့တယ်။ စမ်းသပ်မှုတွေကို ခံနိင်ရည်ရှိပြီး နေမင်းဆီတက်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့် နောက်ထပ် နေမင်းဆီတက်မယ့်အုပ်စုထဲမှာ ကျုပ်ကိုထည့်ပေးပါ"
ဂိုဏ်းချုပ်က နေမင်းဂိုဏ်းအကြီးအကဲများကို စိတ်ပျက်လက်ပျက်ကြည့်သည်။
မင်းတို့ အကြောက်အရွံ့မရှိယုံကြည်ထားတာကို ငါလေးစားပါတယ်...ဒါပေမယ့် မင်းတို့အားလုံး ကိုယ်ဆန္ဒအလျောက် နေဆီကိုတက်သွားရင် ငါတို့နေမင်းဂိုဏ်းအကြီးအကဲတွေထဲမှာ ဘယ်သူကျန်ခဲ့တော့မှာလဲ...
သူ့အဆိုပြုချက်ကို လက်ခံကြမည်မဟုတ်မှန်း ကြိုတွက်မိပါသည်။
"နေမင်းဆီတက်မယ့်အစီအစဉ်ကို လောလောဆယ် ခဏဆိုင်းထားကြတာပေါ့။ ဒုတိယကိစ္စကို ဆက်ဆွေးနွေးရအောင်"
ဂိုဏ်းချုပ်ဆက်ပြောသည်။
"ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အမွေခံသူတော်စင်လုန်ကျင်းကျိုးရဲ့စွမ်းအားဟာ သန့်စင်ယန်စွမ်းအားပဲ။ သန့်စင်ယန်မသေမျိုးခန္ဓာထက်တောင် ပိုအားကောင်းနေတယ်။ ဒီတော့ ကောင်းကင်ရုံးတော်ဂိုဏ်းမှာ ထူးခြားတဲ့ကျင့်စဉ်နည်းလမ်းတစ်ချို့ ရှိနေတဲ့သဘောပဲ။
ပြီးတော့ လုန်ကျင်းကျိုးနဲ့ ဂိုဏ်းသခင်လုကြားမှာ ပဋိပက္ခတစ်ခုရှိတာကို ငါသတိထားမိတယ်။ ရှေးဟောင်းကောင်းကင်ရုံးတော်ကို အမွေဆက်ခံမယ့်ကိစ္စနဲ့ ပတ်သက်နေလိမ့်မယ်။ ဒီအခြေအနေကို အသုံးချပြီး လုန်ကျင်းကျိုးကို လျှို့ဝှက်စည်းရုံးနိုင်ရင်၊ ကောင်းကင်ရုံးတော်ဂိုဏ်းကို သွေးခွဲနိုင်ရင် ငါတို့အတွက်အကျိုးရှိလိမ့်မယ်"
ဂိုဏ်းအကြီးအကဲတစ်ယောက်က နားမလည်ဟန်ဖြင့် ပြန်မေးသည်။
"ကျုပ်တို့က ဘာလုပ်နိုင်မှာလဲ။ ရှေးဟောင်းကောင်းကင်ရုံးတော်က အင်အားကြီးပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သူတို့မှာ မသေမျိုးအဆင့်ဖြစ်တဲ့ ကောင်းကင်ပဲဝါအရှင်ရှိတယ်။ ကျူးထန်ကိုအနိုင်ယူခဲ့တဲ့ မသေမျိုးတစ်ဝက်အဆင့် ဖီးနစ်ဘိုးဘေးလည်းရှိတယ်။ ခြိမ်းခြောက်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ အကျိုးအမြတ်နဲ့ သူတို့ကိုစည်းရုံးဖို့မရနိုင်ဘူး"
ဂိုဏ်းချုပ် ခေါင်းခါသည်။
"မင်းနားလည်မှုလွဲနေပြီ။ ရှေးဟောင်းကောင်းကင်ရုံးတော်ဟာ အင်အားတောင့်တယ်။ စွမ်းအားကြီးပါတယ်။ ဒါပေမယ့် လုန်ကျင်းကျိုးကတော့ အဲလိုမဟုတ်ဘူးလေ။ ဘယ်အင်အားစုမှာမဆို အထောက်အပံ့ခွဲဝေတဲ့အခါ မညီမျှမှုတွေရှိမှာပဲ။
လုန်ကျင်းကျိုးရတဲ့ အထောက်အပံ့ဟာ ဂိုဏ်းသခင်လေးလုထက် သေချာပေါက်နည်းမှာပဲ။ အဲဒါ ငါတို့အတွက် အခွင့်အရေးပဲ။ ငါတို့ဂိုဏ်းအနေနဲ့ အပြည့်အဝထောက်ပံ့မယ်ဆို ကောင်းကင်ရုံးတော်က လုန်ကျင်းကျိုးအတွက်ပေးတဲ့ခွဲတမ်းထက် နည်းနိုင်ပါ့မလား။
ပြီးတော့ ငါတို့ဟာ နေမင်းကို နှစ်ပေါင်းသောင်းချီကြာအောင် လေ့လာခဲ့ကြတာ။ ငါတို့သိထားတာတွေက ကျင့်စဉ်လမ်းတွေအတွက် အများကြီးအကျိုးရှိတယ်။ လုန်ကျင်းကျိုးစိတ်မယိုင်ဘူးဆိုတာ ငါမယုံဘူး"
ဂိုဏ်းချုပ်စကား ယုတ္တိကျသည်ဟု အကြီးအကဲများ တွေးမိသည်။
"ကျုပ်တို့ စမ်းကြည့်လို့ရတာပဲ။ လုန်ကျင်းကျိုးကို ကျုပ်တို့ဘက်ပါအောင် စည်းရုံးနိုင်ရင် ကျုပ်တို့အနာဂတ်လှုပ်ရှားမှုတွေလည်း ပိုလွယ်ကူချောမွေ့သွားမယ်"
"ဟုတ်တယ်၊ ဟုတ်တယ်။ ကြိုးစားထိုက်တယ်"
အားလုံး သဘောတူကြသည်။
ထိုစဉ် အစောင့်တစ်ယောက် စည်းဝေးခန်းမထဲ ပြေးဝင်လာသည်။ ရလာသည့် သတင်းအစီရင်ခံစာကို ဂိုဏ်းချုပ်လက်ထဲထည့်သည်။
ချန်ကျန်းမြို့တော်တွင် ဂိုဏ်းချုပ်ယွမ်အစွမ်းပြခဲ့ပြီး ရှေးဟောင်းအဓိပဓိနှစ်ယောက်ကို ဖမ်းခေါ်သွားသည့်သတင်းဖြစ်သည်။ ယခု ထိုနှစ်ယောက် ဘယ်ရောက်နေသည်မသိရ။
ဂိုဏ်းချုပ်က အစီရင်ခံစာကို အောက်သို့ချသည်။
"လုန်ကျင်းကျိုးကို အကျိုးအမြတ်နဲ့မျှားခေါ်ဖို့အစီအစဉ်ကို ဖျက်သိမ်းရအောင်။ ဒီဒုတိယကိစ္စကို ပြန်ပြောင်းလဲကြတာပေါ့"
အကြီးအကဲအားလုံး သူတို့ဂိုဏ်းချုပ်ကို ပြိုင်တူလှည့်ကြည့်ကြသည်။ ဂိုဏ်းချုပ်က အားတက်သရောလေသံဖြင့်
"ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ကြိုးစားကြရင်ကောင်းမလား"
*****************************************