ခရီးသွား လမ်းညွှန်များ ခေါ်ယူခြင်း
Vol. 33 Ch. 493
ပက်ထရစ်စတားနှင့် စီနီယာ ဗိုလ်ကြီး ချယ်ရီတို့ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ နောက်သို့ လိုက်ပါကာ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ခရီးသွား ခဲ့ကြသည်။ ဂိမ်းမာများ၏ တစ်စိတ်တစ်ပိုင်းမှာတော့ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် မြေပေါ်ကမ္ဘာသို့ တက်ရောက်ပြီး ဗစ်တိုးရီးယားမြို့ ဘေးပတ်လည်ရှိ ဗစ်တိုးရီးယား မြို့သားများကို တိုက်ခိုက်ကြသည်။
၎င်းတို့မှာ ဗိုလ်ချုပ်ရှီဒန် ကြုံတွေ့ ခဲ့ရသော မြေအောက်လောက သတ္တဝါများပင်။
ပက်ထရစ်စတား သူ၏ ကဏ္ဍအသစ် အတွက် စာမူ ရေးသားခြင်းကို စတင်ခဲ့သည်။
...
ပက်ထရစ်စတား နေရာရွှေ့ပြောင်း ဝင်ပေါက်မှ ထွက်လာပြီး မှော်ဆေးရည်များနှင့် အမျိုးမျိုးသော မှော်ပစ္စည်းများ ထုတ်လုပ်နေသော အဆောက်အအုံ တန်းများနှင့် ကြီးမားသော စက်ရုံများကို မြင်တွေ့လိုက် ရသည်။
ထိုမှော်ပစ္စည်းများမှာ အဆင့်မြင့် မှော်လက်နက်များ မဟုတ်ပေ။ သူတို့မှာ မှော်မီးအိမ်များ ကဲ့သို့သော သာမန် နေ့စဉ်သုံး ပစ္စည်းများသာ ဖြစ်၏။ ထုတ်လုပ်ရန် ရိုးရှင်းသော်လည်း လက်ကား ရောင်းချသည့်အခါ အတော်အတန် အကျိုးအမြတ်များ ရှိနေခဲ့သည်။ စက်ရုံများမှာ အကျိုးအမြတ် ရရှိရန် ကုန်ကျစရိတ် နည်းနည်းနှင့် အရေအတွက် များများ ရောင်းချမှု စနစ်ကို အသုံး ပြုနေခဲ့ကြသည်။
ပက်ထရစ်စတားမှာ အမျိုးမျိုးသော စက်ရုံများကို စိတ်မဝင်စားပေ။ သူက ကင်းစခန်းရှိ လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများကိုသာ စိတ်ဝင်စားခဲ့သည်။
မြေပေါ်ကမ္ဘာမွန်းစတားများက မြေအောက်လောကသို့ မည်သည့် အချိန်က ရောက်ရှိ လာခဲ့ကြသနည်း။ ပက်ထရစ်စတားမှာ စိတ်ရှုပ်ထွေးပြီး ကြောက်ရွံ့မှု ကိုပင် ခံစားခဲ့ရသည်။ ၎င်းမှာ အိုဂါများကို မြင်တွေ့ရခြင်းထက် ပို၍ ကြောက်စရာ ကောင်းလှ၏။
အိုဂါများမှာ သွေးဆာပြီး ကြမ်းတမ်းသော်လည်း သူတို့မှာ သာမန် သတ္တဝါများသာ ဖြစ်၏။ သို့သော် လူသားများ၊ အက်လ်ဖ်များနှင့် ဖယ်ရီများ ကဲ့သို့သော မြေပေါ်ကမ္ဘာ မွန်းစတားများကိုမူ စာအုပ်များတွင်သာ မြင်တွေ့ ခဲ့ရဖူးသည်။ ရံဖန်ရံခါတွင်မူ အနည်းငယ် ဖမ်းဆီးခံရပြီး တိရစ္ဆာန်ရုံများတွင် အထူးအဆင့် ပြသပစ္စည်းများအဖြစ် ထားရှိခြင်း ခံခဲ့ရသည်။
၎င်းမှာ ကြောက်မက်ဖွယ် အတွေ့အကြုံ တစ်ခု ဖြစ်၏။ ပက်ထရစ်စတားမှာ သူ သူ၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းရာသို့ ရောက်ရှိသွားသည်ဟု ခံစားခဲ့ရသည်။
စီနီယာ ဗိုလ်ကြီး ချယ်ရီမှာလည်း သူမြင်တွေ့လိုက်ရသော အရာများကြောင့် ထိတ်လန့် သွားခဲ့သည်။ သူသည်လည်း လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ယခင်က မရောက်ဖူးခဲ့ပေ။
"စီနီယာ ဗိုလ်ကြီး ချယ်ရီ၊ ဒါတွေ... ဒါတွေက မြေပေါ်ကမ္ဘာ မွန်းစတားတွေမလား။"
သူတို့က မြေပေါ်ကမ္ဘာ မွန်းစတားများ ဖြစ်ကြောင်း ထင်ရှားသည်။ ဂိမ်းမာများကမူ ပက်ထရစ်စတားနှင့် ချယ်ရီတို့၏ ထိတ်လန့်နေသော မျက်နှာအမူအရာများကို မြင်တွေ့နောက် သူတို့ထဲမှ တစ်ဦးက ပြောလိုက်သည်။ "ဗစ်တိုးရီးယား ခွေးတွေ ငါတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့တုန်းကကျ ငါတို့စကားကို မယုံကြည်ခဲ့ကြဘဲနဲ့။"
ထိုဂိမ်းမာမှာ ဒေါသထွက် နေပုံ ရပြီး ဆက်ပြောလိုက်သည်။ "မင်းတို့ရဲ့ တပ်ဖွဲ့တွေကို စုစည်းပြီး လမ်းဆုံလမ်းခွ ကင်းစခန်းကို ပြန်ယူဖို့ ငါတို့ကို ကူညီကြစမ်းပါ။ သို့မဟုတ်ရင် ငါတို့ နေ့စဉ် မစ်ရှင်တွေ လုပ်တဲ့ အခါ သူတို့ကို အခွန်ဆောင် နေရလိမ့်မယ်။"
စီနီယာ ဗိုလ်ကြီး ချယ်ရီမှာ ဘာဖြစ်နေသည်ကို နားမလည်သော်လည်း ယခု အခြေအနေမှာ အရေးပေါ် ဖြစ်နေခဲ့သည်။ သူ ဤကိစ္စရပ်ကို ကုန်သည် မဟာမိတ် အဖွဲ့သို့ အရင်ဆုံး ကနဦး သတင်း ပေးပို့ရန် ဆုံးဖြတ် လိုက်သည်။
ပက်ထရစ်စတားမှာတော့ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ နောက်သို့ လိုက်ပါကာ ဤအံ့ဩဖွယ်သတင်းကို သတင်းရေး ပေလိမ့်မည်။ မြေပေါ်ကမ္ဘာ မွန်းစတားများက အမှန်တကယ်ပင် ရောက်ရှိ နေကြလေပြီ။
...
ဆောင်းတောင်ကုန်းမြို့၏ နောက်တစ်နေ့ နံနက်ခင်း....
ဆောင်းတောင်ကုန်းမြို့မှ နေထိုင်သူများ အလုပ်သို့ သွားရောက် နေခဲ့ကြသည်။ ဂိုဘလင်များ၊ ဂနိုမ်းများ၊ ဝံပုလွေ လူသားများနှင့် အော့ခ် ဆယ်ဂဏန်းမျှ ဘီးတယ်လ်မွန် မှတ်တိုင်တွင် ရှိနေ ခဲ့ကြ၏။ သူတို့ တန်းစီကာ ဘီးတယ်လ်မွန် ရောက်ရှိလာသည်ကို စောင့်ဆိုင်း နေခဲ့ကြသည်။
ကလေးငယ် တစ်ဦးက သတင်းစာထုပ်ကြီး တစ်ခုကို သယ်ဆောင်ကာ ရောင်းချ နေခဲ့သည်။ သူက ဘီးတယ်လ်မွန် မှတ်တိုင်သို့ လျှောက်သွားပြီး အော်ပြော လိုက်သည်။ "ဟေး။ သတင်းကြီးဗျို့။ မြေပေါ်ကမ္ဘာရဲ့ ဆိုးယုတ်တဲ့ တံခါး နောက်တစ်ကြိမ် ထပ်မံပွင့်လာပြီ။ မြေပေါ်ကမ္ဘာ မွန်းစတားတွေက မြေအောက်လောက,ကို ကျူးကျော်နေကြပြီ။ ထာဝရတိုင်းပြည်က သူတို့ကို မထိန်းထားနိုင်တော့ဘူး။ မွန်းစတားတွေက မကြာခင်မှာ ဆောင်းတောင်ကုန်းမြို့ကို ကျူးကျော် လာတော့မယ်။ မင်းတို့ ဘယ်လို ထင်သလဲ။"
ဘီးတယ်လ်မွန် မှတ်တိုင်ရှိ နေထိုင်သူများက အလျင်အမြန်ပင် ကလေးငယ် ပတ်လည်တွင် စုရုံးကာ သတင်းစာများ ဝယ်ယူခဲ့ကြသည်။
သတင်းစာပါ အကြောင်းအရာမှာ ပက်ထရစ်စတား၏ လမ်းဆုံလမ်းခွ ကင်းစခန်းတွင် မြင်တွေ့ခဲ့သော အရာများပင်။ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များက မြေအောက်လောက၏ လမ်းဆုံလမ်းခွ ကင်းစခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး အဆုံး မရှိပုံ ရသော ဗစ်တိုးရီးယား မြို့သားများက ကင်းစခန်းသို့ ရောက်ရှိလာ ခဲ့ကြသည်။ သူတို့က နေရာရွှေ့ပြောင်း ဝင်ပေါက် တစ်ခုပင်လျှင် တည်ဆောက်ထား ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ရဲရင့်သော စစ်သည်တော်များက လမ်းဆုံလမ်းခွ ကင်းစခန်းတွင် ဆိုးယုတ်သော မြေပေါ်ကမ္ဘာ မွန်းစတားများကို ဆက်လက်၍ ခုခံ ထိန်းသိမ်း ထားခဲ့ကြသည်။
ထာဝရတိုင်းပြည်ရှိ ထင်ရှားသော အဖွဲ့အစည်းများ၏ အဆိုအရဆိုလျှင် လက်ရှိ အခြေအနေမှာ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့တို့ ကြားမှ သဘောတူညီချက် တစ်ခုကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်၏။ မြေပေါ်ကမ္ဘာ မွန်းစတားများမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များကို ကြောက်ရွံ့ နေသောကြောင့် သူတို့ မြေအောက်လောက,ကို ဆက်လက် ကျူးကျော်ဝံ့မည် မဟုတ်ပေ။ ဤသည်မှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များက မြေအောက်လောက,ကို မြေပေါ်ကမ္ဘာ မွန်းစတားများ၏ ကျူးကျော်မှုဆီမှ ကာကွယ်ပေး နေခဲ့သည်ဟု အဓိပ္ပါယ်ရ၏။
အကယ်၍ သတင်းစာသာ ဤအမှန်တရားကို မဖော်ထုတ် ခဲ့ပါက ဆောင်းတောင်ကုန်းမြို့မှ နေထိုင်သူများမှာ အမှောင်ထဲတွင် ရှိနေဆဲသာ ဖြစ်ပေလိမ့်မည်။ သူတို့က သူတို့ ပျော်မွေ့နေသော ငြိမ်းချမ်းမှုမှာ ထာဝရတိုင်းပြည်မှ စစ်သည်တော်များ၏ သွေးဖြင့် လဲလှယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရှိလိမ့်မည် မဟုတ်ပေ။
သူတို့ အလွန် စိတ်လှုပ်ရှား သွားခဲ့ကြသည်။ သတင်းစာ ဖတ်ရှုနေသော နေထိုင်သူများ၏ အလားတူ မြင်ကွင်းများ မြို့၏ အဓိကလမ်းမကြီးများတွင် ဖြစ်ပွားခဲ့သည်။ ဆောင်းတောင်ကုန်းမြို့တွင် သတင်းဗီဒီယိုများ ပါသော မှော်ကိရိယာ အနည်းငယ်ပင် ပေါ်ထွက် လာခဲ့ပြီး ဆောင်းတောင်ကုန်းမြို့မှ နေထိုင်သူများက ကြည့်ရှု နေခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ရဲရင့်သော စစ်သည်တော်များက ဗစ်တိုးရီးယားမြို့မှ မွန်းစတားများကို ဆန့်ကျင် တိုက်ခိုက်နေသော သတင်းမှာ မီးလိုပျံ့နှံ့ သွားခဲ့သည်။
သတင်းမှာ မြေအောက်လောက အတွင်း ဒေသအစုံ ကုန်သွယ် သွားလာကြသော ဆောင်းတောင်ကုန်းမြို့ ကုန်သည်အဖွဲ့များ မှတစ်ဆင့် ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်၏။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာတော့ ထိုအကြောင်းကို မသိကြပေ။ သူတို့ သိခဲ့လျှင်ပင် ဂရုစိုက်နေမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့က ကမ္ဘာကြီးကို ကယ်တင်သူများ ဖြစ်ရသည်ကို အကျွမ်းတဝင် ရှိနေပြီ ဖြစ်သောကြောင့်ပင်။
နီကိုလပ်စ် သူ၏ ဆောင်းတောင်ကုန်းမြို့ ရုံးခန်းတွင် ထိုသတင်းကို ကြားခဲ့ရသည်။
"ဘာလဲ။ တကယ်ကြီးလား။ မြေပေါ်ကမ္ဘာ မွန်းစတားတွေက ထာဝရတိုင်းပြည်ကို ဝင်တိုက်ခိုက် ခဲ့ကြတာလား။" နီကိုလပ်စ် အံ့ဩစွာ မေးလိုက်သည်။ သူ၏ လက်ထောက်က အသေးစိတ် အစီရင်ခံ စာတစ်စောင်ကို သူ၏ စားပွဲပေါ်တွင် ချလိုက်ပြီး အသေးစိတ် ဗီဒီယိုများ ပါသော မှော်ကိရိယာ တစ်ခု ထုတ်ယူလိုက်သည်။
ဤဗီဒီယိုပစ္စည်းမှာ မူလက ဆောင်းတောင်ကုန်းမြို့ သတင်းစာ အတွက် ဖြစ်၏။ ကိရိယာပါ အကြောင်းအရာကို စစ်ဆေးကြည့်ပြီးနောက် သူတို့က ထိုမှော်ကိရိယာကို နီကိုလပ်စ်၏ ရုံးခန်းသို့ ပေးပို့ ခဲ့ကြသည်။
ဗီဒီယိုများမှာ မြေပေါ်ကမ္ဘာ မွန်းစတားများ အမှန်တကယ် တည်ရှိနေကြောင်း ပြသ နေခဲ့သည်။ ဤသည်မှာ မကြုံစဖူး အကျပ်အတည်း တစ်ခုပင်။
"အရှင်ရှားလော့ခ် ဘယ်မှာလဲ။ သူ ဘာပြောခဲ့သလဲ။ အရှင်ရှားလော့ခ်က ဒီလောက် ကြီးမားတဲ့ အကျပ်အတည်း အကြောင်း မသိခဲ့ဘူးလား။ သူ ခရီးထွက် နေတုန်းပဲလား။" နီကိုလပ်စ် စိုးရိမ်တကြီး မေးလိုက်သည်။
သူ၏ လက်ထောက်က လေးနက်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော် မသိပါဘူး။ အရှင်ရှားလော့ခ်က ခရီးသွား လမ်းညွှန် အနည်းငယ်တော့ ခေါ်ယူခဲ့ပါတယ်။"