← Chapters

ဗားရှင်း ၀.၃၉ အပ်ဒိတ်မှတ်တမ်း

Vol. 33 Ch. 482

ဗားရှင်း ၀.၃၉ အပ်ဒိတ်မှတ်တမ်း

Vol. 33 Ch. 482

"မင်းတို့ ဖိုရမ်ပေါ်က သတင်းတွေကို ဖတ်ပြီးပြီလား။ ဗစ်တိုးရီးယားမြို့ရဲ့ နောက်ဆုံး ဇာတ်လမ်းတွဲ ဗီဒီယိုတွေလေ။"

"ငါ ကြည့်ပြီးပြီ။ ဂိမ်းရုပ်ထွက်တွေက အလန်းစားပဲ။ ရှားလီက နည်းနည်း အားနည်းတယ်။ လီလို ပေါ်လာတာနဲ့ သူ ပြန်ဆုတ်ခွာသွားရော။ ဒါက ရှက်ဖို့ ကောင်းတယ်။ ငါ ဗစ်တိုးရီးယား မြို့သားတွေကို သေချာပေါက် အစုလိုက် အပြုံလိုက် သတ်ပစ်မှာ။"

"ဒါက တော်တော် မိုက်တာပဲ။ ဘေးကနေ ပွဲကြည့်နေတဲ့ ဗစ်တိုးရီးယားမြို့သား ဂိမ်းမာ ရာပေါင်း များစွာ ချက်ချင်း သေသွားကြတယ်။ ကံကောင်းတာက သူတို့ရဲ့ ပစ္စည်း ကိရိယာတွေ မပျက်မစီးဘဲ ကျန်နေခဲ့လို့ပေါ့။"

"ဗစ်တိုးရီးယားမြို့က ဇာတ်လမ်းတွဲက စိတ်လှုပ်ရှားစရာ ကောင်းတယ်။ ငါ ဗစ်တိုးရီးယားမြို့ကို သွားချင်စိတ်တောင် ပေါက်လာတယ်။"

"အဖွင့်ဘီတာ မတိုင်ခင် အဲ့ဒီ အကြောင်း မစဉ်းစားနဲ့။ ဗစ်တိုးရီးယားမြို့ အတွက် ခွင့်ပြုလူဦးရေက ပြည့်နေပြီ။ မင်းရဲ့ အုပ်စုကို ပြောင်းလို့ မရတော့ဘူး။"

ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ဗစ်တိုးရီးယားမြို့ရှိ ဇာတ်လမ်းတွဲ အကြောင်း ဆွေးနွေး နေခဲ့ကြသည်။

ဂိမ်းအရာရှိမှ ကြေညာချက် အသစ် တစ်ခု ထုတ်ပြန်ခဲ့သည်။

[ဗားရှင်း ၀.၃၉ အပ်ဒိတ်မှတ်တမ်း]

"ဘီတာစမ်းသပ်မှု သုံးကြိမ် အပြီးတွင် ကျွန်ုပ်တို့ ကစားနည်း အမျိုးမျိုးကို ပြုပြင် မွမ်းမံပြီး ဂိမ်းကစားမှု အတွေ့အကြုံကို တိုးမြှင့် ခဲ့ပါသည်။ ကျွန်ုပ်တို့ ဗားရှင်း ၀.၃၉ သို့ အပ်ဒိတ် လုပ်နေပါသည်။ ဤဗားရှင်းတွင် ဂိမ်းမာများ ကစားနည်း အသစ်များနှင့် အတွေ့အကြုံ အသစ်များကို ခံစား နိုင်ကြပေမည်။

ကျွန်ုပ်တို့ အလွန် မျှော်လင့်ထားသော အုပ်စုစစ်ပွဲကို မိတ်ဆက် ပေးနေပါပြီ။

အုပ်စုစစ်ပွဲမှာ လွင်ပြင်ရှိ ဂိမ်းမာများ ကြားမှ ပဋိပက္ခ မဟုတ်တော့ပေ။ မစ်ရှင် များစွာ နှင့် အမ်ပီစီ များစွာ ပင်လျှင် တိုက်ပွဲစစ်ဆင်ရေးတွင် ပါဝင်ကြ ပေလိမ့်မည်။ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ သူတို့၏ အုပ်စုများနှင့် အကျိုးစီးပွားများ အတွက် ကိုယ်စားပြု တိုက်ခိုက်ကြပြီး အနိုင်ရသော အုပ်စုမှ ဂိမ်းမာများက ရက်ရောသော ဆုလာဒ်များ ရရှိကြ ပေလိမ့်မည်။

ကျွန်ုပ်တို့၏ မြေပုံ မြင်ကွင်း အသစ်၊ ယော့ခ်နယ်မြေ- ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ယော့ခ်နယ်မြေကို သိမ်းပိုက်ပြီး ဖြစ်နေလေပြီ။ သူတို့က နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ထိုနယ်မြေသို့ ဝင်ရောက် နိုင်ကြပါသည်။ ကျွန်ုပ်တို့ ကျယ်ဝန်းသော နေရာ၊ မြို့များနှင့် အပြန်အလှန် ဆက်သွယ်နိုင်သော အမ်ပီစီများကို ဖန်တီးထား ပေးပါသည်။ ဂိမ်းမာများသည် ထိုနယ်မြေတွင် ကစားနည်း အသစ်များကို ခံစားနိုင် ကြပေမည်။

ကျွန်ုပ်တို့၏ ကစားနည်း အသစ်၊ ကုန်သွယ်ရေးစနစ်- ဂိမ်းမာများ ယခု ကုန်ပစ္စည်းများကို သတ်မှတ် နေရာများသို့ သယ်ယူပို့ဆောင်ရန် ကုန်သွယ်ရေး မစ်ရှင်များ ရယူနိုင်ကြလေပြီ။ ဆုများ အတွက် ဂုဏ်သတင်း ရမှတ်များနှင့် ဂိမ်းငွေကြေးများ ရှိနေ ပေလိမ့်မည်။

ကျွန်ုပ်တို့၏ ပစ္စည်း ကိရိယာ အသစ်၊ ယော့ခ်နယ်စားကြီး၏ အတွဲလိုက်ပစ္စည်း ကိရိယာ - ကျွန်ုပ်တို့ မြို့စားကြီး၏ သူရဲကောင်းများနှင့် စစ်သည်တော်များထံမှ အတွဲလိုက် ပစ္စည်း ကိရိယာများကို ဖန်တီးခဲ့ပါသည်။ သုံးမျိုးပါ အတွဲ၊ ခြောက်မျိုးပါ အတွဲ နှင့် ကိုးမျိုးပါ အတွဲလိုက် ပစ္စည်း ကိရိယာများ ရှိနေပြီး တစ်ခု ချင်းစီတွင် မတူညီသော အကျိုးသက်ရောက်မှုများ ရှိနေ၏။ ဂိမ်းမာများ ဂိမ်းထဲတွင် အကျိုးသက်ရောက်မှုများကို စမ်းသပ် ကြည့်ရှု နိုင်ကြပါသည်။

ကျွန်ုပ်တို့၏ အမ်ပီစီ အသစ်၊ ရွှေရောင် ဆံပင် ရှိသော ဂျော့ခ်ျ- ထိုသူမှာ ယော့ခ်နယ်စားကြီး၏ အားကောင်းသော သူရဲကောင်း တစ်ဦး ဖြစ်၏။ သူက ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် သူ၏ ယုံကြည်ချက်မှာ အကြီးအကျယ် ယိမ်းယိုင် သွားခဲ့သည်။ ထိုသူမှာ အုပ်စုစစ်ပွဲ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဖြစ်နိုင်ခြေ အရှိဆုံး ကိုယ်စားလှယ်လောင်း ဖြစ်၏။

ကျွန်ုပ်တို့ အမ်ပီစီအသစ်၊ မြို့စားပေါက်စီ- ထိုသူမှာ ယော့ခ်နယ်စားကြီး လက်အောက်မှ မြို့စား တစ်ဦး ဖြစ်၏။ သူက ဗစ်တိုးရီးယားမြို့နှင့် တိုက်ခိုက် ခဲ့သောကြောင့် ယခု ဖမ်းဝရမ်း အထုတ် ခံထားရပြီး လက်ရှိ မြို့စားကြီးမှ သူ၏ ခေါင်းပေါ်တွင် ဆုကြေး တစ်ခု ထုတ်ပြန် ထားသည်။ အုပ်စု စစ်ပွဲကြောင့် ဗစ်တိုးရီးယားမြို့မှာ သူ၏ ခေါင်းပေါ်တွင် ထုတ်ပြန်ထားသော ဆုကြေး (ဝရမ်းဆုကြေးငွေ)ကို ပြန်ပယ်ဖျက်ဖွယ် ရှိသည်။ ထိုသူမှာလည်း အုပ်စုစစ်ပွဲ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်စားလှယ်လောင်း တစ်ယောက်ပင်။

ကျွန်ုပ်တို့၏ အင်အားစု အသစ်၊ နတ်ဘုရားတိုင်းပြည်- ကျွန်ုပ်တို့ ဤတိုင်းပြည်အကြောင်း များများစားစား မသိရသေးပေ။ နတ်ဘုရားတိုင်းပြည်၏ ယော့ခ်နယ်စားကြီးမှာ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဗစ်တိုးရီးယားမြို့နှင့် နတ်ဘုရားတိုင်းပြည် အကြားတွင် ကြီးမားသော ရန်ငြိုးဖွဲ့မှု ရှိနေ၏။ ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည် ကြားမှ တိုက်ပွဲ ရှိနေခြင်းကြောင့် နတ်ဘုရားတိုင်းပြည် အနေဖြင့် ဗစ်တိုးရီးယားမြို့ကို ထောက်ပံ့ ပေးဖွယ် ရှိသည်။ ထိုသို့သော ထိရှလွယ်သော မဟာမိတ်အဖွဲ့က မည်မျှ ကြာအောင် တည်တံ့ နိုင်မည်နည်း။ မည်သူမျှ မသိနိုင်ပေ။ ဂိမ်းမာများ နတ်ဘုရားတိုင်းပြည် အကြောင်း မိမိကိုယ်တိုင်ကိုယ်ကျ ပိုမို ရှာဖွေ လေ့လာ ရပေမည်။

ကျွန်ုပ်တို့၏ အမ်ပီစီ အသစ်၊ ခရမ်းချဉ်သီး- နတ်ဘုရားတိုင်းပြည်၏ နန်းတွင်း အစောင့် တပ်မှူးချုပ်ဟောင်း၊ ယခုမူ ဝရမ်းပြေး တစ်ဦး ဖြစ်၏။ ထိုသူမှာ နဂါးမျိုးနွယ်သားအား ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် ပေးအပ်ခဲ့သော အမ်ပီစီ ဖြစ်ပြီး ယခုမူ နဂါးမျိုးနွယ်သား၏ ဆရာ ဖြစ်နေလေပြီ။ ခရမ်းချဉ်သီးနှင့် နဂါးမျိုးနွယ်သားတို့မှာ လက်ရှိ ဖယ်ရီများ၏ သစ်တောတွင် အကျဉ်းချ ခံထား ရသည်။ လောကသစ်ပင်မှာ နဂါးမျိုးနွယ်သား၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်အတွင်း ရှာဖွေ တွေ့ခဲ့ခြင်း ဖြစ်၏။

ကျွန်ုပ်တို့၏ အမ်ပီစီ အသစ်၊ ယော့ခ်နယ်စားကြီး အသစ်၊ ဂွီနီဗီယာ- ယခင် ယော့ခ်နယ်စားကြီးမှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဂွီနီဗီယာမှာ ယခု ယော့ခ်နယ်စားကြီး ဖြစ်နေလေပြီ။

ကျွန်ုပ်တို့၏ အကျပ်အတည်း အသစ်၊ အုပ်စုစစ်ပွဲ- လက်ရှိ အကျပ်အတည်း အဆင့်မှာ ၀% ဖြစ်၏။ အုပ်စု နှစ်ခုလုံး ပဋိပက္ခ အတွက် ပြင်ဆင်စ ပြုလာသည် နှင့်အမျှ အကျပ်အတည်း အဆင့်မှာ ၁၀၀% သို့ တဆင့်စီ တိုးမြင့်သွား ပေလိမ့်မည်။ ထို့နောက် ကြီးမားသော အတိုင်းအတာဖြင့် အုပ်စုစစ်ပွဲ တစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွား လာပေမည်။

ကျွန်ုပ်တို့၏ ဂိမ်းချို့ယွင်းချက် အသစ်- ပေါက်စီနှင့် ဂျော့ခ်ျတို့ နှစ်ဦးလုံးကို တိုက်ခိုက်၍ မရပေ။ သူတို့ကို တားဆီးရန် ကြိုးစားသော ဂိမ်းမာများ စိတ်ပျက်လက်ပျက် ဖြစ်သွားရ ပေလိမ့်မည်။

ကျွန်ုပ်တို့ ကြိုတင် မခန့်မှန်းနိုင်သော အချက် တစ်ခု ထည့်ပေးထားပါသည်။ အကယ်၍ ကျွန်ုပ်တို့ မဖော်ပြခဲ့သော အပ်ဒိတ် အသစ်များကို သင်တို့ သတိပြု မိခဲ့ပါက ဖိုရမ်ပေါ်တွင် အပ်ဒိတ် ပိုစ့်များကို လွတ်လပ်စွာ ဖန်တီး၍ တင်နိုင်ကြပါသည်။ သင်တို့၏ ပူးပေါင်းကူညီမှု အတွက် ကျေးဇူးတင်ပါသည်။

အနာဂတ်တွင် ကျွန်ုပ်တို့ ကစားနည်းများ ပိုမို ထောက်ပံ့ ပေးပါလိမ့်မည်။ လာမည့် အဖွင့်ဘီတာတွင် ဂိမ်းမာများ ပြိုင်ဆိုင်မှု ပြင်းထန်သော ပြိုင်ပွဲများတွင် ပိုမို၍ ပါဝင် ယှဉ်ပြိုင် နိုင်ကြပေမည်။ ကျွန်ုပ်တို့မှ ပူးပေါင်း ဆောင်ရွက်မှု အတွက် သင့်တော်သော ကုမ္ပဏီများကို ရှာဖွေနေဆဲပင်။ အကယ်၍ သင်တို့ မိမိကိုယ်ကို အကြံပြုလိုပါက တရားဝင် ဖိုရမ်ပေါ်တွင် စာတိုတစ်စောင် ချန်ထားခဲ့ပါ။ ကျွန်ုပ်တို့၏ အုပ်ချုပ်ရေးမှူးမှ သင်တို့ကို ချက်ချင်း ပြန်ကြားချက် ပေးပါ လိမ့်မည်။"

ဂိမ်းမာများမှာ အပ်ဒိတ် အသစ်များကို ထောက်ခံ ခဲ့ကြသည်။ အပ်ဒိတ် အသစ်များ ရှိလာသည့် အခါတိုင်း ဂိမ်းမာများမှာ ပွဲတော် တစ်ခု ကျင်းပနေ သကဲ့သို့ ပျော်ရွှင်နေကြ ပေလိမ့်မည်။ ဂိမ်းမာများမှာ အုပ်စုစစ်ပွဲ စတင်ခြင်းကို မျှော်လင့်နေ ခဲ့ကြသည်။

အုပ်စုစစ်ပွဲ စစ်ဆင်ရေးကို စတင်ရန် အတွက် နှစ်ဖက်စလုံးမှ ဂိမ်းမာများ အချင်းချင်း ရန်စနိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ကြသည်။ အာသာ၏ မြေပေါ်ကမ္ဘာရှိ ခံတပ်မှာ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ၏ ဝင်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများလည်း မြေအောက်လောကတွင် သူတို့၏ ခံတပ်များကို ပိုပိုတိုး၍ တည်ဆောက် ခဲ့ကြသည်။ သို့မှသာ သူတို့ ထာဝရတိုင်းပြည်ကို လွယ်ကူစွာ ဝင်တိုက်ခိုက်နိုင်မည် ဖြစ်၏။

အခြေအနေ တစ်ခုလုံးမှာ လွန်စွာ ကမောက်ကမ ဖြစ်နေသော်လည်း ဂိမ်းမာများမှာ ပျော်ရွှင်နေကြသည်။ သူတို့၏ နေ့စဉ် မစ်ရှင်များကို လုပ်ဆောင် ပြီးနောက် သူတို့က ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုကို စိန်ခေါ်ရန် သို့မဟုတ် ကစားသူ အချင်းချင်း ပြိုင်ဆိုင်မှု တိုက်ပွဲများတွင် ပါဝင်ရန် ရွေးချယ် နိုင်ကြသည်။ သူတို့ ကစားသူ အချင်းချင်း ပြိုင်ဆိုင်မှု တိုက်ပွဲများမှ ပစ္စည်း ကိရိယာများ ကိုလည်း လုယူ နိုင်သေးသောကြောင့် ဆုများမှာ ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုကို စိန်ခေါ်ခြင်းနှင့် အတူတူလောက်ပင်။ ထာဝရတိုင်းပြည်မှ ချမ်းသာသော ဂိမ်းမာ တစ်ဦးဆိုလျှင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ များစွာ၏ ဝိုင်းသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး သူ၏ အပြာရောင် အထက်တန်းစား ပစ္စည်း အားလုံးကို ဆုံးရှုံး သွားခဲ့ရသည်။

အကယ်၍ သူသာ ချမ်းသာနေခြင်း မရှိခဲ့ပါက စိတ်ပျက်လက်ပျက်ဖြင့် ဂိမ်းကို စွန့်ခွာသွား ပေရလိမ့်မည်။

All Chapters