ဗစ်တိုးရီးယားမြို့၏ လျှို့ဝှက် လက်နက်
Vol. 33 Ch. 484
လမ်းဆုံလမ်းခွ ကင်းစခန်း၏ ဝင်ပေါက်တွင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ကင်းစခန်း အတွင်းပိုင်းသို့ သွားရာ ဥမင်လိုဏ်ခေါင်းများကို ပိတ်ဆို့ရန် အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြု ထားခဲ့ကြသည်။
သူတို့က အဝေးပစ် တိုက်ခိုက်မှုများအား ကာကွယ်နိုင်သော ဘန်ကာများကို အချိန်တိုတိုဖြင့် ဖန်တီးနိုင်ရန် အမာကျောဆုံး ကျောက်တုံးများကို အသုံးပြု ခဲ့ကြသည်။ သူတို့က မြင်းတပ် တိုက်ခိုက်မှုများကို ရပ်တန့် တားဆီးရန် ဝင်ပေါက်ထား ဆူးချွန်စည်းရိုးများ ပြုလုပ်ရန် သစ်သားတိုင်များကိုလည်း ချွန်ထက်အောင် ပြုလုပ် ခဲ့ကြသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ သူတို့၏ မကြာသေးမီက တိုက်ပွဲများအတွင်း မြင်း များစွာ ရရှိထား ခဲ့ကြသည်။ ဖိုရမ်ပေါ်မှ ပိုစ့်များအရ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက မြင်းတပ်ယူနစ် တစ်ခုပင်လျှင် ဖွဲ့စည်းနေ ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဗစ်တိုးရီးယား မြို့သားများ သူတို့၏ မြင်းများကို စတေးရန် ဆန္ဒရှိ၊ မရှိကို မသိကြပေ။ အကြောင်းမှာ သူတို့တွင် အသက် တစ်သက်တည်းသာ ရှိသောကြောင့်ပင်။ သို့သော် ထာဝရတိုင်းပြည်မှ ဂိမ်းမာများအဖို့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းမှာ ပိုကောင်းသည်။ စစ်မြေပြင်မှာလည်း ဆူးချွန်စည်းရိုး များဖြင့် ပိုမို ကြည့်ကောင်း နေခဲ့သည်။
"အသား၊အရွက်နဲ့ ဆန်မဟာမိတ် အဖွဲ့ဝင်တွေ၊ နေရာလွတ် ကွက်လပ်တွေကို ဖြည့်ဖို့ ဒီကို လာကြပါ။"
"ဘယ်ဘက်ခြမ်းမှာ လူနည်းနေတယ်။ အဲ့ဒီကို တပ်ဖွဲ့တချို့ ဖြန့်လိုက်ပါ၊ အဖွဲ့အစည်းမဲ့ ဂိမ်းမာတွေ အပါအဝင်ပေါ့။"
"အဖွဲ့အစည်းမဲ့ ဂိမ်းမာတွေ၊ မြေအောက်လောက ဝင်ပေါက်မှာ ဗစ်တိုးရီးယားမြို့က ဂိမ်းမာတွေကို တတ်နိုင်သလောက် ကြာကြာ တားဆီးပေးကြပါ။"
လူစည်ကားသော လမ်းဆုံလမ်းခွ ကင်းစခန်း အတွင်းရှိ ဂိမ်းမာများ ပရမ်းပတာ အော်ဟစ် နေခဲ့ကြသည်။ သူတို့က ကာကွယ်ရေး ပုံစံကွက်များ ဖြန့်ကျက် ထားခဲ့ကြသည်။
သဘောထား မတိုက်ဆိုင်သော ဂိမ်းမာများပင်လျှင် အုပ်စုစစ်ပွဲနှင့် စစ်ဆင်ရေး ဆုလာဒ်များ အတွက် သူတို့၏ သဘောထား ကွဲပြားမှုများကို ဘေးဖယ်ထား ခဲ့ကြသည်။ သူတို့က အားထုတ်ကြိုးပမ်းမှု များစွာဖြင့် သိမ်းပိုက်ထားသော ကင်းစခန်းကို ကာကွယ်ရန် လက်တွဲလုပ်ဆောင် ခဲ့ကြသည်။
ချန်အန်းမြို့ အစည်းအရုံးနှင့် ရှေ့ဆောင်လမ်းပြ မဟာမိတ် အဖွဲ့ပင်လျှင် ယာယီ အပစ်အခတ်ရပ်စဲရေး ပြုလုပ် ခဲ့ကြသည်။ သူတို့၏ ဘုံရန်သူမှာ အားကောင်းသော ဗစ်တိုးရီးယားမြို့ ဖြစ်ပြီး အားနည်းချက်တိုင်းကို ရန်သူ့ဘက်မှ အသုံးချ ပေလိမ့်မည်။ သူတို့က မြေမျက်နှာသွင်ပြင်နှင့် အကွာအဝေး အားသာချက်ကို အသုံးပြု၍ လမ်းဆုံလမ်းခွ ကင်းစခန်းကို သိမ်းပိုက်ထားနိုင် ခဲ့သော်လည်း ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကလည်း ကင်းစခန်းကို အလွယ်တကူ လက်လျှော့လိမ့်မည် မဟုတ်ပေ။ ထို့အပြင် ဤသည်မှာ ဆုလာဒ်ကြီးများ ပါဝင်သော ပထမဆုံးအကြိမ် အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေးပင်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ သူတို့၏ အင်အားစုများကို စုစည်းခဲ့ကြသည်။ နေ့အချိန်တွင် သူတို့က သူတို့၏ အစည်းအရုံးဝင်များကို ဖြန့်ကျက်ကာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို နှောင့်ယှက် ခဲ့ကြသည်။
ညအချိန်၊ ရှစ်နာရီခန့်တွင် ဂိမ်းမာ အရေအတွက် အမြင့်ဆုံးသို့ ရောက်ရှိသည့်အခါ ဂိမ်းမာများ တပ်ရင်း စစ်ကြောင်း သုံးခုကို ဖြန့်ကျက်ခဲ့ပြီး ထိုတပ်ရင်းများကို နာမည်ကြီး ဂိမ်းမာများက တပ်မှူးများအဖြစ် ဦးဆောင်ခဲ့ကြသည်။ တပ်မှူး တစ်ဦး ချင်းစီတွင် ဒဏ္ဍာရီလာ မှတ်တမ်း တစ်ခု ရှိပြီး သူရဲကောင်းများ ဖြစ်ကြ၏။
ဗစ်တိုးရီးယားမြို့တွင် ဤနာမည်ကြီး တပ်မှူး သုံးဦးသာ ရှိနေ၏။ ထာဝရတိုင်းပြည်တွင်လည်း အလားတူ တပ်မှူးများ ရှိနေခဲ့သည်။ ဤတပ်မှူးများမှာ အစည်းအရုံးတိုင်း လိုလားသော အချစ်တော်များပင်။ ကောင်းမွန်သော စစ်သည်တော်များကို လေ့ကျင့်ပေးခြင်းဖြင့် ရနိုင်သော်လည်း ထူးချွန်သော နည်းဗျူဟာမှူးများနှင့် တပ်မှူးများမှာမူ အရည်အချင်းရှိမှ ရနိုင်ပေမည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာ ဗစ်တိုးရီးယားမြို့၏ ထိုးစစ် အတွက် ပြင်ဆင်ထား ခဲ့ကြသည်။ လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ဝင်ရောက်ရန် ဝင်ပေါက် နှစ်ခုသာ ရှိ၏။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများအနေဖြင့် ကင်းစခန်းသို့ ဝင်ရောက်ရန် ထိုဝင်ပေါက်နှစ်ခုကို အသုံးပြု ရပေမည်။ ထို့ကြောင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အနေဖြင့် အောင်ပွဲ ရရှိနိုင်ရန် ထိုဝင်ပေါက် နှစ်ခုကိုသာ စောင့်ကြပ်ထားရန် လိုသည်။ အုပ်စုစစ်ပွဲ စတင်သည့် အခါ နေရာရွှေ့ပြောင်း ဝင်ပေါက်များကို ပိတ်ချထားခဲ့ပြီး ယင်းက အုပ်စု နှစ်ခုလုံး လမ်းဆုံလမ်းခွ ကင်းစခန်းသို့ နေရာရွှေ့ပြောင်း ဝင်ပေါက်များမှ တစ်ဆင့် ဝင်ရောက်နိုင်ခြင်း မရှိတော့ဟု ဆိုလိုသည်။
ဤသည်က ဂိမ်းမာများ အသုံးပြုသော ပြန်လည် ရှင်သန်ရေး နည်းဗျူဟာများကို တားမြစ် ပေးခဲ့သည်။ အကြောင်းမှာ ဂိမ်းမာများအနေဖြင့် ကင်းစခန်းသို့ ရောက်ရှိရန် နာရီ များစွာ ခရီးသွားလာ ရသောကြောင့်ပင်။ ထို့ကြောင့် အကယ်၍ ဂိမ်းမာများသာ အသတ်ခံခဲ့ ရပါက သူတို့အနေဖြင့် တိုက်ပွဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိတော့ပေ။ ဂိမ်းမာများက တိုက်ပွဲအစတွင် သေဆုံးသွားပါက ၎င်းက ပြဿနာ မဟုတ်ပေ။
ညရှစ်နာရီ ဖြစ်ပြီး တိုက်ပွဲစစ်ဆင်ရေး ပြီးဆုံးရန် လေးနာရီ အလိုပင်။ ဂိမ်းမာများ၏ အသက်အားလုံးမှာ တန်ဖိုး ရှိလှ၏။ သူတို့က မဆင်မခြင် ပြုမူပြီး အသေဆုံးခံမည် မဟုတ်ပေ။ မည်သို့ဆိုဆို သေပါက သူတို့ တိုက်ပွဲ မပြီးဆုံးမီ တိုက်ပွဲထဲသို့ ပြန်လည် ဝင်ရောက်နိုင်မည် မဟုတ်ပေ။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက ဝင်ပေါက် နှစ်ခုတွင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အပေါ် သူတို့၏ တိုက်ခိုက်မှုများကို စတင် ခဲ့ကြသည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ သည်လည်း ကောင်းစွာ ပြင်ဆင်ထား ခဲ့ကြသည်။ သူတို့၏ ပစ္စည်း ကိရိယာများ၊ ရုပ်ပိုင်းဆိုင်ရာ အခြေအနေများနှင့် ခံတပ်များကို အလွန် ကောင်းမွန်စွာ ထိန်းသိမ်း ထားခဲ့သည်။ ဗစ်တိုးရီးယား မြို့သားများမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ ကာကွယ်ရေး ခံစစ်စည်းများကို ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ တတိယမြောက် နည်းလမ်းကို အသုံးပြု၍ ကင်းစခန်းသို့ ဝင်ရောက်ရန် စီစဉ်ထားပြီး ဖြစ်နေပြီ။
ထိုအရာမှာ ကောင်းကင်ပင်။
တိုက်ပွဲ ပြင်းထန်လာသည့်အခါ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက သူတို့၏ အောင်ပွဲကို အောင်ပွဲခံစ ပြုလာခဲ့ကြသည်။ ထို့နောက် လမ်းဆုံလမ်းခွ ကင်းစခန်းအပေါ်မှ ကောင်းကင်ယံတွင် မီးပုံးပျံကြီး တစ်လုံး ပေါ်ထွက် လာခဲ့သည်။
လူတိုင်း မီးပုံးပျံကို မှတ်မိလိုက်ကြသည်။
၎င်းမှာ သာမန် မီးပုံးပျံများနှင့် အနည်းငယ် ကွာခြား နေခဲ့သည်။ မီးပုံးပျံကြီး၏ နောက်ကွယ်တွင် ပန်ကာ တစ်ခု နှင့် ထိန်းချုပ်ရွက်တိုင် တစ်ခု ရှိနေ၏။
မီးပုံးပျံမှာ ရိုးရှင်းသော မှော်ယာဉ်ပျံကြီး တစ်ခု ကဲ့သို့ပင်။ ၎င်းတွင် မှော်အမြုတေ မရှိခဲ့ပေ။ ယင်းအစား ၎င်းမှာ အမြင့်သို့ တက်ရန် လေပူနိယာမကို အသုံးပြုထားပြီး ဦးတည်ချက် လားရာများကို ထိန်းချုပ်ရန် ပန်ကာနှင့် ထိန်းချုပ်ရွက်တိုင်ကို အသုံးပြု ထားခဲ့သည်။
ဤနည်းပညာဆိုင်ရာ အောင်မြင်မှုများက ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများအား ထိုးစစ်ဦးဆောင်မှုကို ပေးအပ်ခဲ့သည်။
ရိုးရှင်းသော ယာဉ်ပျံကြီး ရာပေါင်း များစွာက လမ်းဆုံလမ်းခွ ကင်းစခန်းသို့ ချဉ်းကပ် လာသည့်အခါ ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ယင်းတို့အား အလွန် နီးကပ်လာသည်အထိ မတွေ့ နိုင်ခဲ့ကြပေ။ ဥမင်လိုဏ်ခေါင်းများမှာ အလင်းရောင် တောက်ပနေသော နွယ်ပင်များဖြင့် ပြည့်နှက် နေသော်လည်း ယင်းတို့က အပေါ်မှ ကောင်းကင်ယံကိုတော့ ထွန်းလင်း စေနိုင်ခြင်း မရှိခဲ့ပေ။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ သူတို့၏ ယာဉ်ပျံကြီးများဖြင့် ဥမင်လိုဏ်ခေါင်း၏ အပေါ်သို့ ရောက်ရှိလာ ခဲ့ကြသည်။ သူတို့ အားလုံးမှာ ရိုးရှင်းသော လေထီး တစ်စုံစီဖြင့် ဝတ်ဆင်ထား ခဲ့ကြသည်။
မည်သူမျှ လေထီးများ၏ အလုပ်ဖြစ် မဖြစ်မှုကို စမ်းသပ်ခြင်း မပြုခဲ့ပေ။ သူတို့၏ ကောင်းကင်မှ တိုက်ခိုက်မှုကို ဖုံးကွယ် ထားနိုင်ကြောင်း သေချာစေရန် သူတို့ သူတို့၏ လှုပ်ရှားမှုများကို လျှို့ဝှက် ထားခဲ့ကြသည်။ ထို့ကြောင့် သူတို့ လေထီးများကိုပင် ကြိုတင်၍ မစမ်းသပ်ခဲ့ကြပေ။
ဤနည်းပညာဆိုင်ရာ အောင်မြင်မှုများ အားလုံးမှာ တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဟု ခေါ်သော ဗစ်တိုးရီးယားမြို့သား တစ်ဦးမှ ဦးဆောင် ဖန်တီးခဲ့ခြင်း ဖြစ်၏။ သူ့ကို ဗစ်တိုးရီးယားမြို့၏ ထိပ်တန်းအစည်းအရုံး သုံးခု နှင့် ထိပ်တန်းချမ်းသာသော ဂိမ်းမာ ဆယ်ဦးမှ ထောက်ပံ့ ပေးခဲ့သည်။
လက်ရှိတွင် ဗစ်တိုးရီးယား မြို့သားများ၏ ဝေဟင် တိုက်ခိုက်မှုမှာ အလုပ်ဖြစ်နေပုံ ရသည်။