မနက်ဖြန် ဆေးရုံမှ ဆင်းပြီးနောက် ပုံမှန်အပ်ဒိတ်များ
Vol. 33 Ch. 486
မှောင်မိုက်သော သစ်တောထဲတွင် နဂါးမျိုးနွယ်သား မျက်လုံး ဖွင့်ကြည့်လိုက်ရာ သစ်ရွက်အုပ်များ ကြားမှ ထိုးဖောက် ဝင်ရောက်လာသော နေရောင်ခြည်ကို မြင်တွေ့လိုက် ရသည်။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ပထမဆုံး အကြိမ်အဖြစ် သူ နေ့အချိန်တွင် အော့ဖ်လိုင်း ဆင်းနေခဲ့သည်။
သူ ခရမ်းချဉ်သီး နှင့်အတူ သင်ယူလေ့လာပြီး သူ၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင်ကို လုပ်ဆောင် နေသောကြောင့် သူ မစ်ရှင်မကျရှုံးစေရန် အွန်လိုင်းပေါ်တွင် ပိုမို ကြာမြင့်စွာ နေခဲ့သည်။ သူ သူ၏ လက်ရှိ ဆုများကို ရရှိရန် ဒုက္ခ များစွာ ခံစားခဲ့ရသည်။
သူ၏ ထူးဆန်းသော တွေ့ကြုံမှု မစ်ရှင် ယခု ကျရှုံးသွားမည်ဆိုလျှင်ပင် သူ ရရှိခဲ့သော ဆုများမှာ မျှော်လင့်ထားသည်ထက် အဆပေါင်း များစွာ သာလွန် နေလေပြီ။ သူ သေဆုံးသွားလျှင်ပင် သူ့တွင် နစ်နာဆုံးရှုံးမှု မရှိနိုင်ပေ။
သို့သော် လူဆိုသည်မှာ လောဘကို အတောမသတ်နိုင်ပေ။
နဂါးမျိုးနွယ်သား နေ့အချိန်တွင် အော့ဖ်လိုင်း ဆင်းခဲ့ရခြင်း အကြောင်းရင်းမှာ ဖိုရမ်ပေါ်ရှိ ဗစ်တိုးရီးယား မြို့သားများ လမ်းဆုံလမ်းခွ ကင်းစခန်းကို ကျူးကျော်ခြင်း ဗီဒီယိုများကို ကြည့်ရှုရန်ပင်။
သူ ဤ တိုက်ပွဲစစ်ဆင်ရေးကြီးတွင် ကိုယ်တိုင်ကိုယ်ကျ မပါဝင် နိုင်ခဲ့သော်လည်း သူ့ စိတ်ပျော်စေရန် ဗီဒီယိုများကို ကြည့်ရှုလိုခဲ့သည်။
"မင်း နိုးပြီလား။ အစားအစာ မကျန်တော့ဘူး၊။" ခရမ်းချဉ်သီး နဂါးမျိုးနွယ်သားကို လှမ်းပြောလိုက်သည်။ ဘေးတွင်တော့ အရိုးအကြွင်းအကျန် အချို့ ရှိနေ၏။
ခရမ်းချဉ်သီးက တိရစ္ဆာန်ငယ် တစ်ကောင်ကို အမဲလိုက် နိုင်ခဲ့သော်လည်း နဂါးမျိုးနွယ်သားမှာ အိပ်ပျော် နေသောကြောင့် သူ နဂါးမျိုးနွယ်သားကို မနှိုးခဲ့ပေ။ ခရမ်းချဉ်သီးမှာ နဂါးမျိုးနွယ်သား အိပ်ပျော်နေသည့်အခါ သူ့ကို ပြန်နှိုးရန် မဖြစ်နိုင်ကြောင်း သိနေသည်။
နဂါးမျိုးနွယ်သား၏ ဆရာအနေဖြင့် သူ နဂါးမျိုးနွယ်သားအား သင်ခန်းစာ တစ်ခု ပေးရန် ဆုံးဖြတ်ခဲ့သည်။
ထိုအရာမှာ နဂါးမျိုးနွယ်သားအား ဆာလောင်မွတ်သိပ်မှု ခံစားရစေရန်ပင်။
နဂါးမျိုးနွယ်သားမှာ ခရမ်းချဉ်သီး စားသုံးပြီးသည်နှင့် နိုးလာခဲ့သည်။
"အရည်အချင်း ရှိတဲ့ စစ်သည်တော် တစ်ယောက်က ထိန်းချုပ်တတ်ဖို့ သင်ယူရမယ်။ မင်းရဲ့ အိပ်စက်ချိန်ကိုတောင် မထိန်းချုပ်နိုင်ရင် မင်း ဘယ်လိုများ ကြီးမြတ်တဲ့ စစ်သည်တော် တစ်ယောက် ဖြစ်လာနိုင်မှာလဲ။ မင်း ဘုရင်အာလူး ၂ ကို လုပ်ကြံသတ်ဖြတ်ဖို့တောင် အရည်အချင်း မပြည့်မီဘူး။" ခရမ်းချဉ်သီး နဂါးမျိုးနွယ်သားကို လေးနက်စွာ ပြောလိုက်သည်။ သူ နဂါးမျိုးနွယ်သား၏ အပြုအမူအပေါ် အလွန် ဒေါသထွက် နေခဲ့သည်။
"တောင်းပန်ပါတယ် ဆရာ။"
နဂါးမျိုးနွယ်သား စိတ်ရင်းမှန်ဖြင့် ပြန်တောင်းပန် လိုက်သည်။ သို့သော် သူက သူ၏ မနိုးထနိုင်သော ပြဿနာကို မဖြေရှင်းနိုင်ပေ။ ခရမ်းချဉ်သီးမှာလည်း သူ နဂါးမျိုးနွယ်သားကို သူ၏ အိပ်စက်မှု အလေ့အထများကြောင့် သတ်ဖြတ်နိုင်မည် မဟုတ်ကြောင်း သိရှိနေခဲ့သည်။
သူတို့ လုံခြုံသော နေရာ တစ်ခု မတွေ့ရှိမချင်း ဆက်လက် ထွက်ပြေး ရပေမည်။ သူတို့ အနားယူရန် ရပ်တန့်၍ မရပေ။
နဂါးမျိုးနွယ်သား ပြန်မထွက်ခွာမီ သူ စိုးရိမ်စိတ်၊ စိတ်လှုပ်ရှားမှု နှင့် ပျော်ရွှင်မှုတို့ ရောနှောနေသည့် ကြည်လင် ပြတ်သားသော ကျီကျီ မြည်သံ တစ်ခုကို ကြားလိုက် ရသည်။ ၎င်းမှာ မိသားစုနှင့် ပြန်လည် တွေ့ဆုံရ သကဲ့သို့ပင်။ နဂါးမျိုးနွယ်သားမှာလည်း ပျော်ရွှင်ကြည်နူးမှုကို ခံစားလိုက်ရသည်။
သူ ထပ်ကြားလိုက်ရသည်။ "ကျီ။ ကျီ။"
...
လမ်းဆုံလမ်းခွ ကင်းစခန်းရှိ တိုက်ပွဲ ပြီးဆုံး သွားခဲ့သည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ ပိုမို ပြင်ဆင်ထားပြီး သာလွန်သော တိုက်ခိုက်ရေး နည်းဗျူဟာများ ရှိသောကြောင့် အနိုင်ရရှိ ခဲ့ကြသည်။
သူတို့ လမ်းဆုံလမ်းခွ ကင်းစခန်း၏ အုပ်ချုပ်ခွင့်ကို ရရှိခဲ့ပြီး ၎င်းမှာ နောက်တစ်ကြိမ် လမ်းဆုံလမ်းခွ ကင်းစခန်း တိုက်ပွဲ စစ်ဆင်ရေး ပြီးဆုံးသည်အထိ တည်တံ့ ပေလိမ့်မည်။ အုပ်ချုပ်ခွင့်၏ ကြာချိန်မှာ တိုတောင်း ပေလိမ့်မည်။ အုပ်စုစစ်ပွဲက ခုလေးတင် ပြီးဆုံး ခဲ့သော်လည်း ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများက ရနိုင်သမျှ နေရာအားလုံးတွင် ပဋိပက္ခအသစ်များ ရှိနေ ခဲ့ကြသည်။ အကျပ်အတည်း အဆင့်မှာ နောက်တစ်ကြိမ် ထပ်တိုးမြင့်လာခဲ့သည်...
ပထမ အုပ်စုစစ်ပွဲ တိုက်ပွဲစစ်ဆင်ရေးမှာ စမ်းသပ်မှု ပုံစံဖြင့်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်းက ရှားလော့ခ်အား တန်ဖိုး ရှိသော ဒေတာများနှင့် အတွေ့အကြုံများကို ထောက်ပံ့ ပေးခဲ့သည်။ တိတိကျကျဆိုရသော် ၎င်းမှာ ဘရု အတွက်ဆိုလျှင် ပိုမှန်၏။
ရှားလော့ခ်မှာ အုပ်ချုပ်သူ သူဌေး ဖြစ်ပြီး ဘရုမှာ ဂိမ်းမာများကို စီမံခန့်ခွဲခြင်းနှင့် ညွှန်ကြားခြင်း အတွက် တာဝန်ယူထားသော ဝန်ထမ်း ဖြစ်၏။
လက်ရှိ တိုက်ပွဲစစ်ဆင်ရေးမှာ ရှားလော့ခ်၏ အစီအစဉ်၏ နောက်တစ်ပိုင်း အတွက် အထူး ပြင်ဆင်ထားခြင်း ဖြစ်၏။ ကိစ္စများမှာ သူ၏ အစီအစဉ်အတိုင်း ဖွံ့ဖြိုးတိုးတက် နေခဲ့သည်...
...
နတ်ဘုရား တိုင်းပြည်တွင်။
သူတို့၏ သံခမောက်များ ပေါ်တွင် ရှည်လျားသော ငှက်မွှေးများ တပ်ဆင်ထားသော လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စစ်သားများ ရှိနေ၏။ ကြီးမားသော ရေနွေးငွေ့ တွန်းကန်စက်ကြီးများက အဝေးမှ နောက်ခံတွင် ရေနွေးငွေ့များ မှုတ်ထုတ် နေခဲ့ကြသည်။ ယင်းတို့က ဤဧရိယာတစ်ဝိုက်အတွက် စွမ်းအင်ကို ထောက်ပံ့ပေး နေခဲ့ကြသည်။
ဂျော့ခ်ျမှာ သူ၏ တပ်မှူးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး စစ်တပ်၏ ရှေ့တွင် ရပ်နေခဲ့သည်။ သူက အဝေးသို့ ချီတက်နေသော အဆုံး မရှိသော တပ်ဖွဲ့များ၏ လူတန်းရှည်ကြီးကို မြင်တွေ့လိုက် ရသည်။ ဘုရင်၏ နိုင်ငံသားများက စစ်တပ်ကို အားပေးရန် မြင့်မြတ်သော ကောင်းချီးသီချင်းများကို သီဆိုနေ ခဲ့ကြသည်။ သူတို့၏ မြင့်မြတ်သော အရှင်သခင် အပေါ် ပြင်းထန်သော ယုံကြည်မှုမှာ သူတို့ကို မြင့်မြတ်သော အလင်းတန်း ထုတ်လွှတ်စေလု နီးပါး ဖြစ်နေခဲ့သည်။
ယခင်ကဆိုလျှင် ဂျော့ခ်ျမှာ ဤမြင်ကွင်းကြောင့် စိတ်လှုပ်ရှားပြီး မြင့်မြတ်သော အလင်းတန်း၏ နွေးထွေးမှုကို ခံစားရရန် သင်္ချာပုစ္ဆာ အနည်းငယ်ပင်လျှင် တွက်ချက် ပေလိမ့်မည်။
သို့သော် အခုတော့ ဂျော့ခ်ျ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်များဖြင့် ပြည့်နှက် နေခဲ့သည်။ ကိစ္စများစွာ ကြုံတွေ့ ဖြစ်ပွားခဲ့ပြီးနောက်တွင် ဗစ်တိုးရီးယား မြို့သားများက နတ်ဘုရား တိုင်းပြည်၏ အင်အားဖြည့်တင်းမှုကို အသာတကြည် လက်ခံကြမည်လော။
သာမန် အခြေအနေများ အရဆိုလျှင် မြေအောက်လောကနှင့် တိုက်ခိုက်ရန် အင်အား ဖြည့်တင်းမှုကို မည်သူမဆို ဝမ်းမြောက်ဝမ်းသာ လက်ခံကြ ပေလိမ့်မည်။ သူက ဗစ်တိုးရီးယား မြို့သားများနှင့် ထာဝရတိုင်းပြည်မှ သတ္တဝါများ အချိန်ကြာမြင့်စွာ တိုက်ခိုက် နေခဲ့ကြသည်ကို သိရှိ ခဲ့သည်။ သူ ဗစ်တိုးရီးယား မြို့သားများ မြေအောက်လောကတွင် လှည့်လည် သွားလာနေပုံနှင့် မြေအောက်လောက သတ္တဝါများကို ဇွဲရှိရှိ တိုက်ခိုက်ပုံတို့မှ ထိုအရာကို မြင်တွေ့နိုင်သည်။
ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များမှာ ကြောက်ရွံ့နေခြင်း အလျဉ်း မရှိကြပေ။ မြေအောက်လောက သတ္တဝါများကို သတ်ဖြတ်ပြီးနောက် သူတို့က ယင်းတို့၏ လုယူပစ္စည်းများကို ပျော်ရွှင်စွာ ဖြုတ်ယူ သယ်ဆောင် သွားကြ ပေလိမ့်မည်။
သူတို့က မြေအောက်လောက သတ္တဝါများကို ခုခံ တိုက်ခိုက်နေပုံပင် မရပေ။ သူတို့က မြေအောက်လောက သတ္တဝါများကို လုယက်နေပုံ ရ၏။
ဗစ်တိုးရီးယား မြို့သားများ ဂျော့ခ်ျကို ပြုလုပ်ခဲ့သည့် အတိုင်းပင်။
သူ မျက်လုံးမှိတ်လိုက်ရာ သူ၏ အတွေးများက ဗစ်တိုးရီးယား မြို့သားများကို တိုက်ခိုက်ရန် ကြိုးစားခဲ့သည့် နံနက်ခင်းသို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။ သူ သူ၏ သူရဲကောင်း ၃,၀၀၀ နှင့်အတူ ချီတက် လာသည့်အခါတွင် ဗစ်တိုးရီးယား မြို့သားများ၏ ရယ်မောပြုံးရွှင်စွာဖြင့် အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ယင်းတို့မှာ ကြောက်မက်ဖွယ် အတိတ်ဆိုးကြီးများ ကဲ့သို့ပင်...
ဂျော့ခ်ျ မျက်လုံးဖွင့်လိုက်ပြီး ယင်းအမှတ်တရများကို ပြန်လည် မစဉ်းစား လိုတော့ပေ။
အတွေးလွန်နေခြင်းမှာ အသုံးမဝင်ပေ။ သူက ဤတစ်ကြိမ်တွင် ဗစ်တိုးရီးယား မြို့သားများကို တိုက်ခိုက်နေခြင်း မဟုတ်တော့ပေ။ သူက နတ်ဘုရား တိုင်းပြည်၏ စစ်တပ်မှ တပ်မှူး တစ်ဦး ဖြစ်ပြီး ဗစ်တိုးရီးယား မြို့သားများကို မြေအောက်လောက သတ္တဝါများနှင့် တိုက်ခိုက်ရာတွင် ကူညီ နေသည်။ သူက ဗစ်တိုးရီးယား မြို့သားများ သူတို့ကို အကျိုးအကြောင်းမဲ့ တိုက်ခိုက်မည် မဟုတ်ဟု မျှော်လင့် နေခဲ့သည်။
ထိုအရာမှာ သူ၏ တစ်ခု တည်းသော ဆန္ဒပင်။
...
စိုးရိမ်နေသော ဂျော့ခ်ျနှင့် နှိုင်းယှဉ်လိုက်လျှင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ ပျော်ရွှင်နေ ခဲ့ကြသည်။
ပထမ တိုက်ရိုက် တိုက်ပွဲတွင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို အနိုင်ယူ ပြီးနောက် သူတို့က ရက်ရောသော ဆုများ ရရှိ ခဲ့ကြသည်။ သူတို့ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ရှေ့တွင် မာနထောင်လွှားစွာ ရပ်တည်ပြ နိုင်ခဲ့ကြသည်။
ဗစ်တိုးရီးယားမြို့မှ တပ်မှူးများသည်လည်း နေ့ချင်းညချင်း ကျော်ကြားလာ ခဲ့သည်။ ဂုဏ်သတင်း အမြင့်ဆုံး ရှိလာသော ဂိမ်းမာမှာ တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်ပင်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ သူ ဖန်တီးခဲ့သော ရိုးရှင်းသော ယာဉ်ပျံကြီးများကြောင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။