ဒွိဟ
Vol. 33 Ch. 487
"မင်းတို့ တရုတ်နိုင်ငံ သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ဆိုတဲ့ ဂိမ်းမာအကြောင်း သိပြီးပြီလား။"
"သူက ဘယ်ကုမ္ပဏီ ဒါမှမဟုတ် အစည်းအရုံးကလဲ။"
"ဘာဖြစ်လို့ ငါတို့ သူ့ အကြောင်းအရင်က မကြားဖူး ခဲ့တာလဲ။"
"မသိဘူးလေ။ သူက အဲ့ဒီ မီးပုံးပျံတွေကို ဖန်တီး နိုင်လောက်အောင် ဉာဏ်ကောင်းတယ်။"
"ဘာ မီးပုံးပျံတွေလဲ။ အဲ့ဒါတွေက ယာဉ်ပျံကြီး တွေပါ။"
"ဘာ ယာဉ်ပျံကြီးတွေလဲ။ အဲ့ဒါတွေက ကီရော့ဗ် ယာဉ်ပျံကြီးတွေပါ။"
ထာဝရတိုင်းပြည် ဒန်ဂျင်တွင် မာနာအင်ဂျင်နီယာ ပညာရပ် သင်ကြားနေသော ဂိမ်းမာများက မာနာအင်ဂျင်နီယာ စီမံကိန်း ခန်းမဆောင်တွင် အုပ်စုစစ်ပွဲ အကြောင်း စကားပြောဆို နေခဲ့ကြသည်။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက ယာဉ်ပျံကြီးများနှင့် ဝေဟင်တပ်ဖွဲ့များကို ဖန်တီးရန် လျှို့ဝှက် ဆန်းကြယ်သော နည်းပညာကို အသုံးပြုကာ အောင်ပွဲ ရရှိ ခဲ့ကြသည်။
ယာဉ်ပျံကြီးများကို မောင်းနှင်ရန် နိယာမ သဘောတရားမှာ လူသိများလှ၏။ ပစ္စည်း ကိရိယာများနှင့် အဆောက်အအုံများ ရှိသော ပရော်ဖက်ရှင်နယ် ဂိမ်းမာများ ပင်လျှင် ယင်းတို့ကို ထုတ်လုပ်နိုင်ကြသည်။
သို့သော် မည်သူမျှ ယင်းတို့ကို စစ်ပွဲတွင် လက်နက်များအဖြစ် အသုံးပြုရန် မစဉ်းစား မိခဲ့ကြပေ။
လျှော်ကြိုးနည်းပညာရှင် ကဲ့သို့ ဉာဏ်ကောင်းသော ဂိမ်းမာ အများစုမှာပင် မှော်အက္ခရာများနှင့် မာနာအသိပညာအပေါ် တွင်သာ အာရုံစိုက် နေခဲ့ကြသည်။ သိပ္ပံပညာနှင့် နှိုင်းယှဉ်ကြည့်လျှင် မာနာအကျိုးသက်ရောက်မှုများ ထုတ်လုပ် ပေးနိုင်သော မှော်အက္ခရာများနှင့် မာနာပုံစံကွက်များမှာ သိပ္ပံပညာ နှင့် နည်းပညာထက် ပို၍ အသုံးတည့်လှ၏။
သို့သော် သူတို့ သိပ္ပံပညာမှာ မာနာစွမ်းအင်ထက် ပိုမို ရိုးရှင်းနိုင်သည် ဟူသော အချက်ကိုမူ လျစ်လျူရှု မိခဲ့ကြသည်။ လေပူနိယာမကို အသုံးပြုထားသော ရိုးရှင်းသည့် ယာဉ်ပျံကြီးများမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို အနိုင်ယူခဲ့သော ဗစ်တိုးရီးယား မြို့သားများ၏ လျှို့ဝှက် လက်နက် ဖြစ်လာ ခဲ့သည်။
ဤသည်က ဂိမ်းမာများ လျစ်လျူရှုထား မိသော သဘာဝသိပ္ပံပညာ များအပေါ် သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။
ရှုံးနိမ့်ရပြီးနောက် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ ပိုမို ကြိုးစားအားထုတ်ကာ ရေနွေးငွေ့ ဘွိုင်လာစက်များကို စတင်၍ သုတေသန ပြုလုပ်ခဲ့ကြသည်။
လက်ရှိ ပစ္စည်း ကိရိယာ များစွာကို အစားထိုး ရမည် ဖြစ်သောကြောင့် ၎င်းမှာ ပြောသလောက်တော့ မလွယ်ကူ ခဲ့ပေ။
အကယ်၍ ထိုအရာကို ပြုလုပ်နိုင် ခဲ့ပါကလည်း ၎င်းမှာ ကြီးမားသော အောင်မြင်မှု တစ်ခု ဖြစ်ပေလိမ့်မည်။ ခေတ်မီ စက်မှုလုပ်ငန်းမှာ ဤနည်းပညာအပေါ် အခြေခံ နေခဲ့သည်။
လျှော်ကြိုးနည်းပညာရှင် မှာလည်း စက်မှုလိုင်း ထုတ်လုပ်မှုကို ဖန်တီးရန် ရေနွေးငွေ့အင်ဂျင်များကို အသုံးပြုရန် စဉ်းစားခဲ့သည်။ သူက ရိုးရှင်းသော သေနတ်များ ဖန်တီးရန် မှော်အက္ခရာ မာနာနှင့် မာနာစွမ်းရည်များကိုပင် အသုံးပြု လိုခဲ့သော်လည်း ထိုလုပ်ငန်းစဉ်မှာ မာနာစွမ်းအင် အလွန်အကျွံ အသုံးပြုရပြီး ကုန်ကျစရိတ်မှာလည်း အလွန် မြင့်မားလှ၏။ နောက်ဆုံးတွင် ထိုစိတ်ကူးကို စွန့်လွှတ်ခဲ့ရသည်။ ဂိမ်းမာများမှာ ထိုမျှ ကုန်ကျစရိတ် မြင့်မားသော လက်နက်ကို လက်ခံကြမည် မဟုတ်ပေ။
ဂိမ်းမှာ နည်းပညာပြိုင်ဆိုင်မှု နှင့် လက်နက်ပြိုင်ဆိုင်မှု တစ်ခု ဖြစ်လာခဲ့ပြီ။ ဤဂိမ်း တစ်ခု တည်းတွင်သာ ထိုသို့သော ဆွဲဆောင်မှု ရှိနေ၏။
မြေပေါ်ကမ္ဘာတွင် နတ်ဘုရား တိုင်းပြည်၏ အဆုံး မရှိသော စစ်တပ် စစ်ကြောင်းက သူတို့၏ တပ်မှူး၏ ဦးဆောင်မှု အောက်တွင် ဗစ်တိုးရီးယားမြို့သို့ ခရီးဆက် နေခဲ့သည်။
စစ်တပ် ခရီးတစ်ဝက်ပင် မရောက်မှီ တပ်မှူးက ဘုရင်မ ဗစ်တိုးရီးယားထံမှ စာတစ်စောင် လက်ခံရရှိ ခဲ့သည်။
"ဘုရင်မ ဗစ်တိုးရီးယားက စာတစ်စောင် ပို့လာတာ ဘာအဓိပ္ပာယ်လဲ။ သူက ငါတို့ ဗစ်တိုးရီးယားမြို့ကို ရောက်လာတော့မယ် ဆိုတဲ့ သတင်း အချက်အလက်ကို ရခဲ့တာလား။" ပေါက်စီက အထက်တန်းစား ချပ်ဝတ် ဝတ်ဆင်ထားသော တပ်မှူး တစ်ဦးကို မေးလိုက်သည်။ ထိုတပ်မှူးမှာ ဗိုလ်ချုပ်ကြီးရှီဒန် ဖြစ်၏။
ဗိုလ်ချုပ်ကြီးရှီဒန်မှာ ပေါက်စီကို ပြန်မတုံ့ပြန်ခဲ့ပေ။ ယင်းအစား သူ စာကို ဖတ်ရှုလိုက်သည်။
စာမှာ ရိုးရှင်းလှ၏။ ၎င်းမှာ "ပိုက်ဆံပို့ပါ၊ စစ်တပ်မဟုတ်ဘူး" ဟူသော စာကြောင်းတစ်ကြောင်းပင်။
ထိုအရာက ဘာအဓိပ္ပာယ်နည်း။ ပိုက်ဆံ မလုံလောက်သလော။ စစ်တပ် မလိုအပ်သလော။ အကယ်၍ ပိုက်ဆံဖြင့် မြေအောက်လောက သတ္တဝါများကို အနိုင်ယူနိုင် မည်ဆိုပါက စစ်တပ်၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ၎င်းမှာ စော်ကားမှု တစ်ခုပင်။ တပ်မှူးမှာ ဒေါသထွက် နေခဲ့သည်။
ဗစ်တိုးရီးယား မြို့သားများမှာ ယော့ခ်နယ်စားကြီးကို လောလောလတ်လတ် အနိုင်ယူ နိုင်ခဲ့သောကြောင့် သူတို့က ထောင်လွှားနေခဲ့ကြသည်။ သူတို့က နတ်ဘုရား တိုင်းပြည်မှ အင်အားဖြည့်တင်းမှုကိုပင် ငြင်းပယ်ပြီး တပ်မှူးကို မရိုမသေ ဆက်ဆံခဲ့ကြသည်။ တပ်မှူးမှာ အစော်ကား ခံလိုက်ရသည်ဟု ခံစားလိုက် ရသည်။
အကယ်၍ ရွေးချယ်ခွင့်သာ ပေးခဲ့ပါက တပ်မှူးမှာ ဗစ်တိုးရီးယားမြို့ကို ဝင်တိုက်ခိုက်လိုသည်။ ထို့နောက် သူ ဘုရင်မ ဗစ်တိုးရီးယားကို ဆွဲထုတ်ပြီး အနိုင်ရသူက မည်သူ ဖြစ်သနည်းဟု မေးမြန်း ပေလိမ့်မည်။
သို့သော် သူ ထိုသို့ မလုပ်ဆောင် နိုင်ခဲ့ပေ။ သူ့ကို ဘုရင်မှ တိကျသော အမိန့်များ ပေးအပ်ထားပြီး သူတို့၏ ဘုံရန်သူမှာ မြေအောက်လောက သတ္တဝါများ ဖြစ်၏။ ၎င်းမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖွဲ့မှုများကို ဖြေရှင်းနေရန် အချိန် မဟုတ်ခဲ့ပေ။
"ငါတို့ ဘုရင်မ စာကို လျစ်လျူရှုပြီး ချီတက်မှုကို ဆက်လုပ်မယ်။ ဗစ်တိုးရီးယား မြို့သားတွေ ငါတို့ အကူအညီကို လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ မြေအောက်လောက သတ္တဝါတွေကို တိုက်ခိုက်တာက လူသားအားလုံး လုပ်ဆောင်သင့်တဲ့ အရာပဲ။"
ဗိုလ်ချုပ်ကြီးရှီဒန် သူ၏ စစ်တပ်ကို ဆက်လက် ချီတက်ရန် အမိန့်ပေးပြီး ဘုရင်မ ဗစ်တိုးရီးယား၏ သတိပေးချက်ကို လျစ်လျူရှု ခဲ့လိုက်သည်။ သူတို့ ဗစ်တိုးရီးယားမြို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။ စစ်တပ်မှာ မြေအောက်လောက သတ္တဝါများကို အနိုင်ယူရန် ထိုနေရာတွင် ရှိနေပြီး ဗစ်တိုးရီးယား မြို့သားများမှာ ထိုအရာနှင့် ပတ်သက်၍ မည်သည့် အရာမျှ ပြုလုပ်နိုင်ခြင်း မရှိပေ။
ဗိုလ်ချုပ်ကြီးရှီဒန် စစ်တပ်ကို သူတို့၏ စစ်ချီနှုန်းကို မြှင့်တင်ရန် အမိန့်ပေး ခဲ့လိုက်သည်။ ဂျော့ခ်ျနှင့် ပေါက်စီတို့သာ စိုးရိမ်နေခဲ့ကြသည်။
အကြောင်းမှာ သူတို့သာ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များ နှင့် ယခင်က တိုက်ခိုက်ခဲ့ ဖူးသောကြောင့်ပင်။
သို့သော် သူတို့လည်း ဘေးမှ ကြည့်ရှုနေရန်သာ တတ်နိုင်ခဲ့ကြသည်။ သူတို့ မည်သည့် အရာမျှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။ ဗစ်တိုးရီးယား မြို့သားများ နတ်ဘုရား တိုင်းပြည်၏ အကူအညီကို လက်ခံကြမည်ဟုသာ မျှော်လင့်နေရမည်။
...
"ဘာလဲ။ နတ်ဘုရား တိုင်းပြည်ရဲ့ စစ်တပ် ငါတို့ နယ်မြေထဲကို ဝင်ရောက် လာခဲ့တယ်လို့ နင် ပြောလိုက်တာလား။"
ဘုရင်မ ဗစ်တိုးရီးယား ရဲတိုက်ခန်းမဆောင်တွင် ထိုင်ကာ သတင်းပို့နေသော ဟမ်းစတားကို ကြည့်နေ ခဲ့သည်။ သူမ ဟမ်းစတား၏ စကားကို နားထောင်ပြီးနောက် ခေတ္တ ရပ်တန့်ပြီးမှ ပြောလိုက်သည်။ "သူတို့ ငါ့ စာကို မရခဲ့ဘူးလား။ သူတို့ကို ငါတို့ နယ်မြေထဲကို မဝင်လာဖို့ မပြောခဲ့ဘူးလား။"
ဘော့စ်အကြီး ဟမ်းစတားလည်း စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ "သခင်မ လီလို၊ ကျွန်တော် စာကို တပ်မှူးဆီကို ပေးခဲ့တယ်၊ ဒါပေမဲ့ သူ အရှင်မရဲ့ သတိပေးချက်ကို မနာခံဘူး။"
"အဲ့လိုဆိုရင်လည်း သူတို့ အားလုံးကို သတ်ပစ်လိုက်ပါ။" လီလို မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။
သို့သော် ဘော့စ်အကြီး လျင်မြန်စွာ ပြောလိုက်သည်။ "ခဏလေး နေပါဦး သခင်မ လီလို၊ အရှင်ရှားလော့ခ်ရဲ့ အစီအစဉ်အရဆို ကျွန်တော်တို့ နတ်ဘုရား တိုင်းပြည်နဲ့ မဟာမိတ် ဖွဲ့သင့်တယ်၊ သူတို့ကို မတိုက်ခိုက် သင့်ဘူး။ အုပ်စုစစ်ပွဲအရ ကျွန်တော်တို့က နတ်ဘုရား တိုင်းပြည်နဲ့ တစ်ဖက်တည်းမှာ ရှိနေတယ်လေ။"
"ကျစ်။"
လီလို မျက်မှောင် ကြုတ်ကာ မပျော်ရွှင်သော မျက်နှာထားဖြင့် ကြည့်နေ ခဲ့သည်။
"ဒါဆို သူတို့ကို ငါ့ အမိန့်မရှိဘဲ ဗစ်တိုးရီးယားမြို့ နယ်နိမိတ်ထဲကို မဝင်ဖို့ သတိပေးလိုက်ပါ။ သူတို့ ယော့ခ်နယ်မြေ ဒါမှမဟုတ် ဂိုးလ်ရှိုင်းယားမြို့မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား နိုင်တယ်။ ဒါက ငါ့ရဲ့ အကောင်းဆုံး ကမ်းလှမ်းချက်ပဲ။ သူတို့ ငါ့ အမိန့်ကို လျစ်လျူရှုရင် ဗစ်တိုးရီးယားမြို့က စစ်သည်တော်နဲ့ သူတို့ကို တိုက်ခိုက် ခိုင်းလိုက်ပါ။"
လီလို လက်ဝှေ့ယမ်းလိုက်ရာ ဘော့စ်အကြီး သူ၏ အမိန့်ကို ဆောင်ရွက်ရန် ပြန်ထွက်ခွာ သွားခဲ့သည်။
ဘော့စ်အကြီး စာကို ဗိုလ်ချုပ်ကြီး ရှီဒန်ထံသို့ ပို့ခဲ့သော်လည်း သူက လျစ်လျူ ထားရှုခဲ့သည်။
ဗိုလ်ချုပ်ကြီးရှီဒန် အတွက် သူက ဘုရင်၏ အမိန့်များကိုသာ နာခံရပြီး ဘွဲ့အမည်မဲ့ ဘုရင်မ ဗစ်တိုးရီးယား၏ အမိန့်များကို နာခံရန် မလိုပေ။
သူက မြေအောက်လောက,ကို တိုက်ခိုက်ပြီး ဤဂုဏ်ကျက်သရေ ရှိသော မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင် လိုခဲ့သည်။ သူက ဘုရင်မ ဗစ်တိုးရီးယား၏ အမိန့် တစ်ခုကြောင့် ဗစ်တိုးရီးယားမြို့၏ နယ်နိမိတ် အပြင်ဘက်တွင် အဘယ်သို့ ရပ်တန့် နေနိုင်မည်နည်း။