← Chapters

ဗစ်တိုးရီးယားမြို့သို့ ရောက်ရှိခြင်း

Vol. 33 Ch. 488

ဗစ်တိုးရီးယားမြို့သို့ ရောက်ရှိခြင်း

Vol. 33 Ch. 488

လရောင်သစ်တောတွင် တည်ရှိသော ဗစ်တိုးရီးယားမြို့၌။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ လရောင်သစ်တော၏ လေးပုံတစ်ပုံကို ရှင်းလင်းပြီး ဖြစ်နေပြီ။ ဧရိယာ၏ နှစ်ဆယ့်လေးပုံ တစ်ပုံမှာ အလယ်ဗဟို တည့်တည့်မှ ဖွံ့ဖြိုးတိုးတက်နေပြီး ဖြစ်သောကြောင့် သစ်တော၏ နယ်နိမိတ် အစွန်းမှ ကြည့်လျှင် ၎င်းမှာ ပုံမှန်ပုံစံ ဖြစ်နေခဲ့သည်။

ဗိုလ်ချုပ်ကြီး ရှီဒန် ဤလူသူကင်းမဲ့သော နေရာသို့ ရောက်ရှိသည့်အခါ သူ သစ်တောအပြင်ဘက်မှ တိတ်ဆိတ်ငြိမ်သက် နေသော လွင်ပြင်ကို စူးစမ်းသလို ကြည့်ရှု လိုက်သည်။ သူ စိတ်ရှုပ်ထွေး နေခဲ့သည်။ ဤသည်မှာ ယော့ခ်နယ်စားကြီးကို အနိုင်ယူခဲ့သော ဗစ်တိုးရီးယားမြို့ ဆိုသည်လော။

ကာကွယ်ရေး စည်းများမှာ အလွန် ပေါ့လျော့နေသည် မဟုတ်ပါလော။ သစ်တောထဲတွင် လျှို့ဝှက် ကာကွယ်ရေး အစီအမံများ ရှိနေသလော။

ပုံမှန်အားဖြင့် ဗစ်တိုးရီးယား တောအုပ်အပြင်ဘက်မှ လွင်ပြင်များမှာ အထိုင်ချ ခုခံ ကာကွယ်ရန် ကောင်းမွန်သော နေရာများ ဖြစ်၏။ သူတို့က လွင်ပြင်များသို့ ဝင်ရောက်လာသော ရန်သူများကို တိုက်ခိုက်ရန် သစ်တော၏ ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ကို အသုံးချနိုင်ကြသည်။

အကယ်၍ အမြောက် အနည်းငယ် ဖြန့်ကျက်ထားခဲ့ပါက မည်သူမျှ လွင်ပြင်များမှ ဝင်တိုက်ခိုက်ဝံ့မည် မဟုတ်ပေ။ အကယ်၍ ရန်သူများသာ သစ်တောထဲသို့ ဝင်ရောက်ခဲ့ပါက ထိခိုက်သေဆုံးမှုများ ပိုမို များပြား ပေလိမ့်မည်။

အမြောက်များလည်း ဖြန့်ကျက်ထားခြင်း မရှိခဲ့ပေ။ ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်တွင် ကင်းလှည့်နေသော ဗစ်တိုးရီးယားမြို့သား ကင်းထောက်များ ဟူ၍ပင် မရှိခဲ့ပေ။

ဗိုလ်ချုပ်ကြီး ရှီဒန်မှာ ဤဗစ်တိုးရီးယား မြို့သားများကို နားမလည်နိုင်ခဲ့ပေ။ သူတို့ သူတို့၏ ကာကွယ်ရေးများကို ပြင်ဆင်ထားရန် မလိုအပ်သလော။

"ဗိုလ်ချုပ်ကြီး ရှီဒန်၊ ဒါက ဗစ်တိုးရီးယား မြို့သားတွေရဲ့ နည်းဗျူဟာပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်စကားကို ယုံပါ၊ သစ်တောထဲမှာ ချောင်းမြောင်း တိုက်ခိုက်မှုတွေ မရှိပါဘူး။"

ဂျော့ခ်ျက သူ ဗစ်တိုးရီးယား မြို့သားများနှင့် တိုက်ခိုက်ခဲ့သော အတွေ့အကြုံကို ဗိုလ်ချုပ်ကြီး ရှီဒန်အား ပြန်ပြောပြလိုက်သည်။

သူ ယခင်က သူ၏ သူရဲကောင်းများကို ဗစ်တိုးရီးယား တောအုပ် အပြင်ဘက်မှ လွင်ပြင်များတွင် ဦးဆောင်ကာ အတွင်းဘက်သို့ ထိုးဖောက် ဝင်ရောက်ပြီး ဗစ်တိုးရီးယား မြို့သားများ အားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့သည်။

သူ အောင်ပွဲရယူရန် မျှော်လင့် ခဲ့သော်လည်း အဆုံးသတ်မှာ သူမျှော်လင့်ထားသည့် အတိုင်း မဟုတ်ခဲ့ပေ။ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များက မည်သည့် ချောင်းမြောင်းတိုက်ခိုက်မှုမျှ မပြုလုပ်ခဲ့ကြပေ။ ယင်းအစား သူတို့က အပျော်ခရီးထွက် နေသော ကျောင်းသားများကဲ့သို့ သစ်တောထဲမှ ပရမ်းပတာ ထွက်ပေါ်လာ ခဲ့ကြသည်။ စည်းကမ်း ဟူ၍ မမရှိ၊ နည်းဗျူဟာပုံစံကွက်များလည်း မရှိခဲ့ပေ။

ဂျော့ခ်ျနှင့် သူ၏ သူရဲကောင်းများမှာ ဗစ်တိုးရီးယားမြို့မှ စစ်သည်တော်များကို ဤနည်းလမ်းဖြင့်သာ ရှုံးနိမ့်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး ရှီဒန်မှာ သူ ရှုံးနိမ့်ခြင်း မကြုံရသေးသဖြင့် ယခင်က ဂျော့ခ်ျ ပြုမူခဲ့သည့် အတိုင်းသာ ပြုမူ နေခဲ့သည်။

"ဗစ်တိုးရီးယား မြို့သားတွေက သူတို့ရဲ့ ကာကွယ်ရေး တွေကို ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ပြဿနာ မရှိဘူး။ ငါတို့က သူတို့ကို တိုက်ခိုက်ဖို့ ဒီကို ရောက်လာခဲ့ကြတာ မဟုတ်ဘူး။ အဲ့အစား ငါတို့က မြေအောက်လောက သတ္တဝါတွေကို တိုက်ခိုက်တာမှာ သူတို့ကို ကူညီပေးဖို့ ဒီကို ရောက်လာခဲ့ကြတာ။ ဒါက ဂုဏ်ကျက်သရေ ရှိတဲ့ မစ်ရှင် တစ်ခုပဲ။ အမိုက်မဲဆုံး လူတစ်ယောက်တောင်မှ ငါတို့ရဲ့ အကူအညီကို ငြင်းပယ်မှာ မဟုတ်ဘူး။"

ဗိုလ်ချုပ်ကြီး ရှီဒန်မှာ ဂျော့ခ်ျကဲ့သို့ စိုးရိမ်မှုများ မရှိနေခဲ့ပေ။ သူက သတင်း အချက်အလက်များ စုဆောင်းရန်နှင့် ဗစ်တိုးရီးယား မြို့သားများနှင့် ဆက်သွယ်ရန် ရှေ့ပြေး ကင်းထောက်များ စေလွှတ်ခဲ့သည်။

သူ သူ၏ အမိန့်ကို ပေးပြီးပြီးခြင်း သစ်တောထဲမှ လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက် ရသည်။

ထိုသူမှာ ဗစ်တိုးရီးယားမြို့၏ နိုင်ငံသား တစ်ဦး ဖြစ်ပြီး သူ၏ ခေါင်းပေါ်မှ အစိမ်းရောင် သင်္ကေတများက ယင်းအချက်ကို သက်သေပြ နေခဲ့သည်။

ယုတ္တိဗေဒအရဆိုရလျှင် သူက သစ်တော အပြင်ဘက်တွင် စုရုံးနေသော တပ်ဖွဲ့ များစွာကို မြင်တွေ့သည့်အခါ ထွက်ပြေး ပေလိမ့်မည်။ သို့သော် ထိုသူမှာ ထွက်ပြေးခြင်း မရှိခဲ့ပေ။ ယင်းအစား သူက တပ်ဖွဲ့များဆီသို့ ချဉ်းကပ် လာခဲ့သည်။

"ဘာဖြစ်နေလဲ ဆိုတာ စုံစမ်းဖို့ သံတမန် တစ်ဦး စေလွှတ်လိုက်ပါ။" ဗိုလ်ချုပ်ကြီး ရှီဒန် သူ၏ လက်ထောက်ကို ပြောလိုက်သည်။

မြင်းစီးသူရဲတစ်စုံ စစ်ကြောင်း ပုံစံကွက်မှ ထွက်လာခဲ့သည်။ ခေါင်းဆောင်မှာ ပေါက်စီပင်။

ပေါက်စီ ထိုလူရှေ့သို့ သွားပြီး စိတ်လှုပ်ရှား နေပုံ ရသော ဗစ်တိုးရီးယားမြို့သားကို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။ သူ့ဘက်မှ စကားစ မပြောခဲ့ပေ။ ယင်းအစား သူက မြင်းစီးသူရဲများ ဘက်မှ မေးခွန်းများ မေးမြန်းလာရန် စောင့်ဆိုင်း နေခဲ့သည်။

"ဗစ်တိုးရီးယားမြို့သား၊ ငါ မင်းတို့ရဲ့ အကြီးမြတ်ဆုံး စစ်သည်တော်တွေနဲ့ ယော့ခ်နယ်မြေထဲမှာ တိုက်ခိုက်ခဲ့ဖူးတယ်။ မင်း ငါ့ကို မမှတ်မိလောက်ဘူး..."

ပေါက်စီ စကားကို ဗစ်တိုးရီးယားမြို့သားက ကြားဖြတ်ကာ ပြောလိုက်သည်။ "ငါ မင်းကို သိတယ်လေ။ ငါ မင်းရဲ့ မြင်းခြေထောက်ကို ဖြတ်ခဲ့လို့ မင်း ငါ့ကို ခေါင်းဖြတ်ခဲ့တာပဲ ဥစ္စာ။"

အခြေအနေမှာ အလွန် အဆင်မပြေ ဖြစ်နေခဲ့သည်။

ပေါက်စီမှာ ဗစ်တိုးရီးယား မြို့သားများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။ ဗစ်တိုးရီးယားမြို့သား ထိုသို့ ပြောလာသည့်အခါ သူအတွက် အဆင်မပြေ ဖြစ်ရသည်ပင်။

ပေါက်စီ ဘာလုပ်နိုင်မည်နည်း။ ဗစ်တိုးရီးယားမြို့သားက အမှန်တရားကို ထုတ်ပြောခဲ့ခြင်းသာ ဖြစ်သည်။

"ငါ ဒီကို အပျော်သက်သက် ရောက်လာခဲ့တာ မဟုတ်ဘူး။ မင်းတို့ ငါ့ကို တစ်ကြိမ် အနိုင်ယူခဲ့ပေမဲ့ ငါ မင်းတို့ကို ပြန်တိုက်ခိုက်ဖို့ ဒီကို ရောက်လာခဲ့တာ မဟုတ်ဘူး။ အရင်တစ်ကြိမ်က အခြေအနေတွေက ရှုပ်ထွေး နေခဲ့တယ်။ မင်း ငါ့ ဆိုလိုရင်းကို နားလည်ရဲ့လား။"

မြို့စားပေါက်စီမှာ သူ ဗစ်တိုးရီးယား မြို့သားများထံ ရှုံးနိမ့်ခြင်းကို မခံခဲ့ရကြောင်း သွယ်ဝိုက်သောနည်းဖြင့် ပြောလိုခဲ့သည်။ သူက အခြေအနေ မကောင်းသည်ကို မြင်တွေ့ပြီးနောက် ဆုတ်ခွာရန် ရွေးချယ်ခဲ့သည် မဟုတ်ပါလော။

ဂျော့ခ်ျမှ လွဲ၍ ထိုနေရာတွင် မည်သူမျှ မရှိနေခဲ့ပေ။

သို့သော် ဂျော့ခ်ျမှာ အခု သူ့ ဘေးတွင် မရှိနေပေ။ ပေါက်စီ၏ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရသည်ဟု အခိုင်အမာပြောဆိုနေသော ဗစ်တိုးရီးယားမြို့သား၏ စကားမှာလည်း ယုံနိုင်ဖွယ် မရှိပေ။ သေဆုံးသူ တစ်ဦးက မည်သို့ ပြန်လည် ရှင်သန်လာပြီး စကားပြောနေ နိုင်မည်နည်း။

ပေါက်စီ ပတ်ပတ်လည် ဝေ့ဝဲကြည့်ရှု လိုက်သော်လည်း မည်သူမျှ သူ့စကားကို ပြန်မချေပခဲ့ပေ။ ဗစ်တိုးရီးယားမြို့သားက ခေါင်းညိတ်ကာ သူ၏ သဘောတူညီမှုကို ပြသခဲ့သည်။

"ကောင်းပြီလေ၊ ငါက နတ်ဘုရား တိုင်းပြည်ကို ကိုယ်စားပြုတယ်၊ ပြီးတော့ မင်းတို့ ရှေ့က စစ်တပ်က နတ်ဘုရား တိုင်းပြည်ကပဲ။ မင်းတို့ မြေအောက်လောက သတ္တဝါတွေနဲ့ တိုက်ခိုက် နေကြတယ် ဆိုတာ ငါတို့ သိထားတယ်။ ငါတို့က မင်းတို့ကို တိုက်ခိုက်ဖို့ ဒီကို ရောက်လာခဲ့ကြတာ မဟုတ်ဘူး။ ငါတို့က မြေအောက်လောက သတ္တဝါတွေကို တိုက်ခိုက်ရာမှာ မင်းတို့ကို ဝင်ကူညီ ပေးချင်တယ်။" ပေါက်စီ ဖြောင့်မတ်စွာ ပြောလိုက်သည်။ သူ၏ ဘေးမှ သူရဲကောင်းကမူ ရင်ကော့ကာ မာနထောင်လွှားစွာ ငုံ့ကြည့်နေ ခဲ့သည်။ သူရဲကောင်း တစ်ဦးအတွက် ဒဏ္ဍာရီလာ မြေအောက်လောက သတ္တဝါများကို တိုက်ခိုက်ခွင့် ရနိုင်ရန်မှာ ရှားပါးသော အခွင့်အရေး တစ်ခုပင်။

သူတို့က သမိုင်းစာအုပ်များတွင် ရေးသားထားသည့် အတိုင်း ဖြစ်လာနိုင်ပေသည်။ ထိုအရာမှာ လူသားမျိုးနွယ်စု၏ ဂုဏ်ကျက်သရေ အတွက် မကောင်းဆိုးဝါးများကို ဆန့်ကျင် တိုက်ခိုက်ရန်ပင်။

သို့သော် စိတ်လှုပ်ရှား နေသော ဗစ်တိုးရီးယားမြို့သားမှာ အကူအညီကို လက်ခံရန် စိတ်ဝင်စားခြင်း မရှိပုံပင်။

သူ အံ့ဩ သွားခဲ့သည်။ ထို့နောက် သူ ပြောလိုက်သည်။ "မင်းတို့က ငါတို့နဲ့ တိုက်ခိုက်ဖို့ အတွက် ဒီကို လာခဲ့ကြတာ မဟုတ်ဘူးလား။ မင်းတို့ သေကော သေချာရဲ့လား။ မင်းတို့ ဒီလောက် ဝေးဝေးကနေ လာခဲ့ကြပြီးမှ ငါတို့ကို မတိုက်ခိုက်ဘူး တဲ့လား။ အဲ့အစား မင်းတို့က ထာဝရတိုင်းပြည်ကို တိုက်ခိုက်ချင် နေကြတယ်။ မင်းတို့က မင်းတို့ရဲ့ ပစ္စည်း ကိရိယာတွေကို ထာဝရတိုင်းပြည်ကို သွားပေးချင် နေကြတာလား။"

ပေါက်စီမှာ ဗစ်တိုးရီးယားမြို့သားက စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို သတိပြု မိလိုက်သည်။ ဗစ်တိုးရီးယားမြို့သားက သက်ပြင်း ချကာ ပြောလိုက်သည်။ "မင်းတို့က ငါတို့ တံခါးဝမှာတင် ရှိနေကြပြီးကို မင်းတို့က ငါတို့ကို မတိုက်ခိုက်ဘူးတဲ့။ ဒါက ကြေကွဲစရာပဲ။"

မြို့စားပေါက်စီဘေးမှ သူရဲကောင်းမှာမူ စိတ်ရှုပ်ထွေး နေတော့သည်။ ဗစ်တိုးရီးယားမြို့သားက ၎င်းကို ရှက်စရာ ဟု ခံစားနေခဲ့သလော။

"မင်းအထင်လွဲနေပြီ ထင်တယ်။ ငါတို့က ထာဝရတိုင်းပြည်ကို ပစ္စည်း ကိရိယာတွေ ထောက်ပံ့ဖို့ ဒီကို လာခဲ့ကြတာ မဟုတ်ဘူး။ ငါတို့က ဗစ်တိုးရီးယားမြို့ကို ပစ္စည်း ကိရိယာတွေ ထောက်ပံ့ပေးဖို့ ဒီကို ရောက်လာခဲ့ကြတာပါ။ မြေအောက်လောက သတ္တဝါတွေကို တိုက်ခိုက်ဖို့ဆို ပစ္စည်း ကိရိယာတွေနဲ့ ကုန်ကြမ်းတွေ အများကြီး လိုအပ်တယ်လေ။ မင်းတို့ အဲ့ဒါတွေ လိုအပ်တယ် ဆိုတာ ငါ သိပါတယ်။"

ဗစ်တိုးရီးယားမြို့သား၏ မျက်လုံးများ ချက်ချင်းပင် လင်းလက် သွားခဲ့သည်။

All Chapters