ဗစ်တိုးရီးယား မြို့သားများအကြောင်း ထောက်လှမ်းရေး
Vol. 33 Ch. 491
ဗိုလ်ချုပ်ရှီဒန် သူ၏ တပ်ဖွဲ့များကို ဦးဆောင်၍ စခန်းသို့ လျင်မြန်စွာ ပြန်ဆုတ်ခွာခဲ့သည်။ ဗစ်တိုးရီးယား တောအုပ်တွင်တော့ မြေအောက်လောက သတ္တဝါများ စတင်ခဲ့သော ပဋိပက္ခမှာ ပိုမို ပြင်းထန် လာခဲ့သည်။
ဗိုလ်ချုပ်ရှီဒန် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ထိုမြေအောက်လောက သတ္တဝါများကို ဝင်သတ်ဖြတ် လိုခဲ့သော်လည်း သူ၏ လက်ထောက်များက ထိုသို့ မပြုလုပ်ရန် ဖျောင်းဖျခဲ့ကြသည်။
"ဗိုလ်ချုပ်။ ကျွန်တော်တို့ ဗစ်တိုးရီးယားမြို့က အခြေအနေကို ကောင်းကောင်း မသိသေးဘူး။ ကျွန်တော်တို့ သစ်တောထဲကို ဝင်သွားရင် မြေအောက်လောက သတ္တဝါတွေရဲ့ ထောင်ချောက်ထဲကို ကျရောက် သွားနိုင်တယ်။ ကျွန်တော်တို့ ဂိုးလ်ရှိုင်းယားမြို့ကို အရင်ဆုံး ပြန်ဆုတ်ခွာပြီး ဘာဆုံးဖြတ်ချက်မှ မချခင် ကင်းထောက်တွေနဲ့ အရင် စုံစမ်းသင့်တယ်။"
သူ၏ လက်ထောက် အများစုတွင် ဤအတွေး ရှိနေခဲ့ကြသည်။ သေချာ စဉ်းစားပြီးနောက် ဗိုလ်ချုပ်ရှီဒန် သူ၏ လက်ထောက်များ၏ စကားကို နားထောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူ တပ်ဖွဲ့များကို ဦးဆောင်ကာ ဂိုးလ်ရှိုင်းယားမြို့ အနီးအနားသို့ ပြန်ဆုတ်ခွာခဲ့သည်။
ထို့နောက် သူ သတင်း အချက်အလက်များ စုဆောင်းရန် သူ၏ ကင်းထောက်များကို ဖြန့်ကျက်ခဲ့သည်။ မြေအောက်လောက သတ္တဝါများက ဗစ်တိုးရီးယား တောအုပ်၏ နယ်နိမိတ်ထဲတွင် ပေါ်ထွက် လာခဲ့သောကြောင့် ဗိုလ်ချုပ်ရှီဒန်မှာ ဗစ်တိုးရီးယားမြို့ ကျဆုံးသွားပြီဟု ထင်နေသည်။ ဗစ်တိုးရီးယား မြို့သားများက ထိုအခြေအနေတွင် သူတို့၏ ခံစစ်စည်းကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်နိုင်ရန် ခက်ခဲလှ၏။
ကင်းထောက်များ စုဆောင်းခဲ့သော သတင်း အချက်အလက်များမှာ ဗိုလ်ချုပ်ရှီဒန် ထင်သည်ထက် များစွာ ရိုးရှင်းလှ၏။ ဂိုးလ်ရှိုင်းယားမြို့တွင်ပင်လျှင် ဗစ်တိုးရီးယား မြို့သား အနည်းငယ် ရှိနေခဲ့သည်။ သူတို့ ပေးအပ်ခဲ့သော သတင်း အချက်အလက်များက ဗိုလ်ချုပ်ရှီဒန်ကို ထိတ်လန့် စေခဲ့သည်။
ဂိုးလ်ရှိုင်းယားမြို့ရှိ ဗစ်တိုးရီးယား မြို့သားများမှာ ဗိုလ်ချုပ်ရှီဒန် လာနေကြောင်းကို ကြိုတင် သိရှိနေ ခဲ့ကြသည်။ ဗိုလ်ချုပ်ရှီဒန်၏ ကင်းထောက်များ ချဉ်းကပ်လာသည့်အခါ ဂိုးလ်ရှိုင်းယားမြို့မှ နေထိုင်သူများက သူတို့ကို ဝန်းရံခဲ့ကြသည်။
ဂိုးလ်ရှိုင်းယားမြို့မှ နေထိုင်သူများမှာမူ စိုးရိမ်နေခဲ့ကြသည်။ သူတို့မှာ အမည်ခံ အားဖြင့် မြို့စားဂွီနီဗီယာ၏ နိုင်ငံသားများ ဖြစ်ကြ၏။ အကြောင်းမှာ ယခင်ယော့ခ်နယ်စားကြီးက ဗစ်တိုးရီးယားမြို့၏ အနိုင်ယူခြင်းကိုခံခဲ့ရပြီး ယော့ခ်နယ်မြေမှာ ယခု ဗစ်တိုးရီးယားမြို့ပိုင် ဖြစ်သွားပြီ ဖြစ်သောကြောင့်ပင်။ အခုတော့ နတ်ဘုရား တိုင်းပြည်မှ စစ်တပ်ကြီး တစ်ခု ပေါ်ထွက်လာခဲ့သဖြင့် နေထိုင်သူများမှာ စိတ်မသက်မသာ ဖြစ်နေခဲ့ရသည်။
နတ်ဘုရား တိုင်းပြည်၏ စစ်တပ် ပြန်လည် ထွက်ခွာ သွားခဲ့သော်လည်း သူတို့က သိပ်မကြာမှီပင် ပြန်လည် ရောက်ရှိလာ ခဲ့ကြသည်။ ဂိုးလ်ရှိုင်းယားမြို့မှ နေထိုင်သူများက အရေးကြုံလျှင် သုံးနိုင်ရန် သူတို့၏ လက်နက်များကို အဆင်သင့် ပြင်ဆင် ထားခဲ့ကြသည်။
သို့သော် ဗစ်တိုးရီးယား မြို့သားများမှာမူ အလွန် စိတ်လှုပ်ရှား နေခဲ့ကြသည်။ သူတို့ ဗိုလ်ချုပ်ရှီဒန်၏ စစ်တပ်ကို မြင်သောအခါ ဝမ်းသာအားရ ခုန်ပေါက်ကာ ရှေ့သို့ ပြေးဝင်၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။
ဂိုးလ်ရှိုင်းယားမြို့မှ နေထိုင်သူများမှာ ထိတ်လန့်သွား ခဲ့ကြသော်လည်း ၎င်းမှာ သူတို့အတွက် ဗစ်တိုးရီးယား မြို့သားများ၏ အရိုင်းဆန်သော အပြုအမူများကို ပထမဆုံး အကြိမ် မြင်တွေ့ရခြင်း မဟုတ်ပေ။
ဝိုင်ဗန်နဂါး ပေါ်ထွက်လာပြီး ဂိုးလ်ရှိုင်းယားမြို့မှ ဖြတ်သန်း သွားလာသူများ ခရီးသွားများကို တိုက်ခိုက်ခဲ့စဉ်လည်း ထိုဗစ်တိုးရီးယား မြို့သားများက ဝိုင်ဗန်နဂါးကို အမဲလိုက်ရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် သူတို့ထဲမှ အများစုမှာ ထိုသတ္တဝါ၏ အစားအစာ ဖြစ်သွား ခဲ့ကြသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ပြေးဝင် တိုက်ခိုက်လာသော ဗစ်တိုးရီးယား မြို့သားများကို စိတ်ထဲမထားခဲ့ပေ။ သူ သူတို့နှင့် ဆက်ဆံခြင်း ပြုနိုင်ရန် သံတမန် တစ်ဦးသာ စေလွှတ်ခဲ့သည်။
"မင်းတို့ ဘာဖြစ်လို့ ဂိုးလ်ရှိုင်းယားမြို့မှာ ရှိနေတာလဲ။"
"မင်းတို့ ထာဝရတိုင်းပြည်နဲ့ ဆက်ဆံဖို့ ဒီကိုရောက်နေကြတာ မဟုတ်ဘူးလား။"
"မင်းတို့မှာ အပိုပစ္စည်း ကိရိယာတွေ ရှိလား။ ငါ အဲ့ဒီ ထာဝရဝက်တွေကို တိုက်ခိုက်ရင်း အကြိမ်နည်းနည်း သေဆုံးခဲ့တာမို့ ပစ္စည်း ကိရိယာ နှစ်စုံစာ ဆုံးရှုံးခဲ့ရတယ်။ ကျေးဇူးပြုပြီး ငါ့ကို ပစ္စည်း ကိရိယာ အချို့ ပြန်ပေးပါ။"
ဗစ်တိုးရီးယား မြို့သားများ အနားရောက်လာသည် နှင့်အမျှ အော်ဟစ်စ ပြုလာ ခဲ့ကြသည်။
ဗစ်တိုးရီးယား မြို့သားများမှာ နတ်ဘုရား တိုင်းပြည်၏ စစ်တပ် အဘယ်ကြောင့် ထိုနေရာတွင် ရှိနေသည်ကိုပင် ကြိုတင်သိရှိ နေခဲ့ကြသည်။ သူတို့ ဗစ်တိုးရီးယား တောအုပ်မှ ထွက်ပေါ်လာသော စစ်တပ်ကြောင့် စိတ်ရှုပ်ထွေးနေခြင်း မရှိခဲ့ကြပေ။
ဗိုလ်ချုပ်ရှီဒန်မှာ ယခင်တိုက်ပွဲမှ အသက်ရှင် ကျန်ရစ်သူများက သူ၏ ရောက်ရှိလာခြင်း သတင်းကို ဖြန့်ဝေခဲ့သည်ဟု ကောက်ချက်ချခဲ့သည်။
သို့သော် ထိုသို့ကောက်ချက်ချရန်မှာလည်း အလွန် လျင်မြန်လွန်း နေသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ၎င်းမှာ မယုံနိုင်ဖွယ် ဖြစ်သည်ဟု ထင်မှတ် ခဲ့သော်လည်း သူ ဤသို့သာ ရှင်းပြနိုင်သည်။ ဗိုလ်ချုပ်ရှီဒန်မှာ ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။ မည်သို့ဆိုဆို သူက ဗစ်တိုးရီးယား မြို့သားများကို စွန့်ပစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သည်။ ယင်းအစား ဗစ်တိုးရီးယား မြို့သားများမှာတော့ ရဲရင့်ခဲ့ကြ၏။ သူတို့ မြေအောက်လောက သတ္တဝါများဆီသို့ "အမြန် ဆုတ်ကြ။ ငါတို့ မင်းတို့ရဲ့ ဆုတ်ခွာမှုကို ကာကွယ်ပေး ထားမယ်။"ဟု အော်ဟစ်ရင်း ပြေးဝင် တိုက်ခိုက်ခဲ့ကြသည်။
ရဲရင့်ပြီး မိမိကိုယ်ကို စတေးဝံ့သော ဗစ်တိုးရီးယား မြို့သားများမှာ ဗိုလ်ချုပ်ရှီဒန်၏ ကြောက်ရွံ့သော စစ်တပ်နှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
ဗိုလ်ချုပ်ရှီဒန်၏ မျက်နှာမှာ နီရဲသွားပြီး သူ၏ ဘေးမှ သူရဲကောင်းများမှာမူ ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။
ဗစ်တိုးရီးယား မြို့သားများမှာ ဗိုလ်ချုပ်ရှီဒန်၏ ပြန်ဆုတ်ခွာလာမှုကို မသိခဲ့ကြပေ။ သူတို့ ဗိုလ်ချုပ်ရှီဒန်၏ ရောက်ရှိလာခြင်းကို ကြိုဆို ခဲ့ကြသည်။
ဗိုလ်ချုပ်ရှီဒန်မှာ နောက်ဆုံးတွင် ဘာဖြစ်ပျက်ခဲ့သည်ကို နားလည် သွားခဲ့သည်။
ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည် စစ်ပွဲ စတင်ကတည်းက တိုက်ခိုက်ရေး ဦးဆောင်မှု အားသာချက်မှာ ထာဝရတိုင်းပြည်ဘက်တွင် ရှိနေခဲ့သည်။ သူတို့၏ စစ်သည်တော်များနှင့် ပစ္စည်း ကိရိယာများ၏ အရည်အသွေးမှာ ဗစ်တိုးရီးယား မြို့သားများထက် သာလွန် နေခဲ့သည်။ ထို့အပြင် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများက လမ်းဆုံလမ်းခွ ကင်းစခန်းတွင် အချိန်ကြာမြင့်စွာ နေထိုင် ခဲ့ရသောကြောင့် သူတို့က ထာဝရတိုင်းပြည်မှ ဂိမ်းမာများ၏ မြေပေါ်ကမ္ဘာသို့ ဝင်ရောက်လာခြင်းကို တားဆီးထားနိုင်ခြင်း မရှိခဲ့ပေ။
ဗစ်တိုးရီးယား မြို့သားများ အနေဖြင့် အဘယ်ကြောင့် ထာဝရတိုင်းပြည်မှ ဂိမ်းမာများ မြေပေါ်ကမ္ဘာသို့ လာရောက်ခြင်းကို တားဆီးထားရမည်နည်း။
သူတို့ ထာဝရတိုင်းပြည်မှ ဂိမ်းမာများ မြေပေါ်ကမ္ဘာသို့သာ လာရောက် စေလိုခဲ့ကြသည်။ သို့မှသာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများအတွက် သူတို့၏ ပြန်လည် ရှင်သန်ရေး နေရာနှင့် ဝေးကွာသွား ပေလိမ့်မည်။
ထာဝရတိုင်းပြည်မှ ဂိမ်းမာများ အနေဖြင့် ဗစ်တိုးရီးယားမြို့ကို သိမ်းပိုက်လို ခဲ့ကြသော်လည်း ၎င်းမှာ လွယ်ကူသော အလုပ်တော့ မဟုတ်ခဲ့ပေ။ လီလို၊ ဟမ်းစတား သုံးကောင်၊ လန်ဆလော့နှင့် ဂိမ်းမာ များစွာ ဗစ်တိုးရီးယားမြို့တွင် တပ်စွဲထား ခဲ့ကြသည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများမှာအနေဖြင့် ပတ်ဝန်းကျင် သစ်တောတွင် ဒုက္ခပေးရုံသာ တတ်နိုင် ခဲ့ကြသည်။
ဗစ်တိုးရီးယားမြို့နှင့် ထာဝရတိုင်းပြည်ကြားမှ တိုက်ပွဲငယ်များမှာ နတ်ဘုရား တိုင်းပြည်၏ စစ်တပ် ရောက်ရှိလာသည်အထိ ဆက်လက် ဖြစ်ပွား နေခဲ့သည်။
လှံထိုးခံရသူမှာ နတ်ဘုရား တိုင်းပြည်၏ စစ်တပ် ရောက်ရှိလာခြင်း သတင်းကို ဖိုရမ်ပေါ်တွင် ဖြန့်ဝေခဲ့သည်။ ထို့ကြောင့်ပင်လျှင် ထာဝရတိုင်းပြည်မှ ဂိမ်းမာများက သူတို့အား လျင်လျင်မြန်မြန် ချုံခို တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်၏။
နတ်ဘုရား တိုင်းပြည်၏ စစ်တပ် ရောက်ရှိလာခြင်းမှာ အလှည့်အပြောင်း တစ်ခု ဖြစ်ခဲ့သည်။ အကယ်၍ ဤစစ်တပ်သာ ဗစ်တိုးရီးယားမြို့နှင့် ပူးပေါင်းနိုင်ခဲ့ပါက ၎င်းမှာ ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့ နှစ်ခုလုံး အတွက် သတင်းကောင်း တစ်ခု ဖြစ်ပေမည်။
ဗစ်တိုးရီးယား မြို့သားများမှာ နတ်ဘုရား တိုင်းပြည်၏ စစ်တပ်က ထာဝရတိုင်းပြည်ကို အနိုင်ယူ သိမ်းပိုက် နိုင်လိမ့်မည်ဟု မမျှော်လင့် ထားကြပေ။ သူတို့မှာ နတ်ဘုရား တိုင်းပြည်က ယူဆောင်လာသော ထောက်ပံ့ရေး ပစ္စည်းများနှင့် ကုန်ကြမ်းများကိုသာ လိုချင်နေကြခြင်း ဖြစ်၏။ နတ်ဘုရား တိုင်းပြည်မှ စစ်သည်တော်များ ကျဆုံးသွားသည်နှင့် ပစ္စည်း ကိရိယာများမှာ ဂိမ်းမာများ အပိုင် ဖြစ်သွား ပေလိမ့်မည်။
ထိုအရာမှာ ထာဝရတိုင်းပြည်မှ ဂိမ်းမာများလည်း ဖြစ်စေချင်သည့် အရာပင်။
ဂိမ်းမာများ အားလုံးအဖို့ နတ်ဘုရား တိုင်းပြည်က သူတို့ကို ပစ္စည်း ကိရိယာများ ပေးပို့နေသည်ဟုသာ ခံစားခဲ့ရသည်။ သူတို့က ဤအမ်ပီစီများ ရောက်ရှိလာခြင်းကို အလွန် ကြိုဆို နေခဲ့ကြသည်။
ဗိုလ်ချုပ်ရှီဒန်မှာ ဂိမ်းမာများ သူ့ နှင့်သူ၏ စစ်တပ်ကို မည်သို့ ရှုမြင်ကြသည်ကို မသိပေ။ သူက ဗစ်တိုးရီးယားမြို့၏ ထောက်လှမ်းရေး သတင်းပို့ချက်ကိုသာ စိတ်ဝင်တစား နားထောင် နေခဲ့သည်။
ထိုကောက်ချက်မှာ ဗစ်တိုးရီးယားမြို့ မကျဆုံးခဲ့ပါ ဟူ၍ပင်။
ထို့နောက်တွင်တော့ သူတို့ ဗစ်တိုးရီးယားမြို့၏ တည်ရှိမှုကို လျစ်လျူရှု မထားနိုင်ခဲ့တော့ပေ။