← Chapters

နှံဟောင်းနေရာကို အစားထိုးဖို့ နှံသစ် မရှိသေးဘူး

Vol. 21 Ch. 304

နှံဟောင်းနေရာကို အစားထိုးဖို့ နှံသစ် မရှိသေးဘူး

Vol. 21 Ch. 304

မြင့်မားစွာ မျှော်လင့်ထားခဲ့သည့် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ ပြီးဆုံးသွားခဲ့သည်။ အဆုံးသတ်တွင် လုကျဲက ဝမ်ယွီထက် နှာတစ်ဖျားသာသွားကာ အနိုင်ရသွားခဲ့ပြီး တပ်သားသစ်များထဲတွင် ချန်ပီယံ ဖြစ်လာခဲ့သည်။

တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲထဲမှ ပရိတ်သတ်များက လူစုကွဲသွားခဲ့ပြီး လူတိုင်းသည် နောက်ဆုံးတိုက်ပွဲအကြောင်း စိတ်လှုပ်ရှားစွာ ပြောနေကြလေ၏။

ပြိုင်ကွင်က အဓိကအိမ်ယာအားလုံးနှင့် ချိတ်ဆက်ထားသည်ဖြစ်၍ အလွန်တရာပင် စည်ကားနေသည်။

လက်ရှိတွင် ယီယွင်က တိုင်အာနတ်မြို့သို့ ပြန်ရောက်နေပေပြီ။ လမ်းတစ်လျှောက်တွင် သူ လူများစွာကို သတိပြုမိခဲ့ပြီး အနည်းငယ်မျှ မှင်တက်မိစွာဖြင်..." ဘယ်လိုကြောင့် လူစည်ကားနေရတာလဲ "

ယီယွင်က တပ်သားသစ်များကို ကြောင်အစွာဖြင့် ကြည့်နေလျက်ရှိပြီး တပ်သားသစ်များကလည်း သူ့အား မှင်တက်မိစွာဖြင့် ကြည့်နေသည်။ အကြောင်းကမူ ယီယွင်၏ပုံစံက ဆိုးလွန်းနေသောကြောင့်ပင်။

တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲက အရေးပါသော အခါကာလဖြစ်ပြီး လူများစွာတို့က ဝတ်ကောင်းစားလှများ ဝတ်ဆင်ကြသည်။ ယီယွင်ကမူ တစ်ဆိုဒ်သေးနေသည့် အဝတ်စုတ်များ ဝတ်ထားလေ၏။ သူက ညစ်ပေနေသည့်အပြင် ဓားမောက်ကလည်း တစ်ဝက်ကျိုးနေသည်ဖြစ်၍ သူ့ပုံစံက သူတောင်းစားနှင့် တူနေလေပြီး တိုင်အာနတ်မြို့နှင့် လုံးဝပင် မသင့်တော်လှချေ။

ဒီလူက ဘယ်သူလဲ။

လူများစွာ၏ စိတ်ထဲတွင် ထိုအတွေး ဖြစ်ပေါ်လာ၏။ တိုင်အာနတ်မြို့ကသာ အခွင့်မရှိသောလူများ ဝင်ရောက်ခြင်းကို ပိတ်ပင်မထားပါက ယီယွင်ကို ပိုက်ဆံပစ်ပေးကြမည့် လူများပင် ရှိနိုင်လောက်သည်။

ထိုစဥ် မဝေးလှသောနေရာ၌ ဝမ်ယွီ ၊ လုကျဲ ၊ ချူရှောင်းရန် ၊ ချိုးနျိုတို့ ပါဝင်နေသည့် လူတစ်စု လျှောက်လာနေလေသည်။ စစ်သည်လောကတွင် သန်မာသူကိုသား လေးစားကြသည်ဖြစ်၍ သူတို့လေးယောက် သွားသည့်နေရာတိုင်းတွင် စံပြပုဂ္ဂိုလ်များပမာ ဆက်ဆံခံရသည်။

အထူးသဖြင့် ချူရှောင်းရန်နှင့် ချိုးနျိုတို့က လေးစားခံကြရသည်။ လမ်းပေါ်တွင် မည်မျှပင် လူများနေပါစေ သူတို့အတွက် လမ်းဖယ်ပေးကြလေ၏။

ယီယွင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ချိုးနျိုနှင့် ချူရှောင်းရန်တို့ မှင်တက်မိနေသည်။ အကြောင်းကမူ တစ်နှစ်နီးပါးအချိန်အတွင်း ယီယွင်က များစွာပြောင်းလဲသွားလေသောကြောင့်ပင်။ သူတို့က ယီယွင်ကို တစ်ချက်ကြည့်ရုံနှင့် မမှတ်မိနိုင်ကြပေ။

ယီယွင်၏မျက်နှာကို အတန်ကြာအောင် ကြည့်နေပြီးနောက် ချိုးနျိုနှင့် ချူရှောင်းရန်က တစ်ဦးနဲ့တစ်ဦး အံ့ဩဘနန်းဟန်ဖြင့် ကြည့်လိုက်ကြသည်။

တကယ်ကို သူပဲ။

" ဟားဟားဟား... ယီယွင်..." ချိုးနျိုက ကျယ်လောင်စွာ ရယ်လိုက်လေသည်။ ချိုးနျိုနှင့်ယီယွင်က သာမန်မိတ်ဆွေများသာ ဖြစ်သော်လည်း ဥက္ကာခဲချောက်ထဲတွင် သေခြင်းနှင့်ရှင်ခြင်းများကို အတူဖြတ်ကျော်ဖူးသည်ဟု ပြော၍ရလေ၏။ ထို့အပြင် ယီယွင်က ချိုးနျို၏အသက်ကို ကယ်ဖူးလေသည်။ သူတို့၏ ရင်းနှီးမှုက မတူညီတော့ပေ။

ချိုးနျို လူအုပ်ထဲမှ တိုးထွက်လာပြီး ယီယွင်ဆီသို့ လျှောက်သွားကာ ပခုံးအား ရိုက်လိုက်လေသည်။

" မင်းက လွယ်လွယ်နဲ့ မသေဘူးဆိုတာ ငါသိသားပဲ... ဟားဟားဟား " ယီယွင် အသက်ရှင်လျက် ပြန်ရောက်လာသည်ကို ချိုးနျိုက နှစ်နှစ်ကာကာပင် ပျော်မိသည်။

ယီယွင်ကလည်း အားပါးတရ ရယ်မောကာ..." ငါ ကံကောင်းသွားတာ။ ငါ မရဏတံခါးနဲ့ သီသီလေးပဲ လွတ်သွားခဲ့တာ "

တစ်နှစ်ခန့် အထီးကျန်နေခဲ့သည့် ယီယွင် ရင်းနှီးသောမျက်နှာများကို ပြန်မြင်ရချိန်တွင် ခံစားချက်များ လျှံတက်လာ၏။ ရွှေကျီးကန်းမျိုးစိတ်က လိုက်သည်ကို ခံရချိန်တွင် သူ အမှန်တကယ်ပင် သေလုနီးပါး ဖြစ်ခဲ့ရလေ၏။

" ယီယွင်...နောက်ဆုံးတော့ နင် ပြန်လာပြီ " ချူရှောင်းရန်က ယီယွင်ဆီသို့ လျှောက်သွားလိုက်သည်။ လွန်ခဲ့သည့်ဆယ်လခန့်က သူတို့ နှုတ်ဆက်ကြချိန်တွင် ချူရှောင်းရန်က ယီယွင်ထက် အနည်းငယ် အရပ်ပိုရှည်လေ၏။ ယခုအခါတွင် သူမက ယီယွင်ကို အနည်းငယ်ခန့် မော်ကြည့်နေရသည်။

သူမတို့ ခွဲခွာပြီးသည့်နောက် ယီယွင်က လုံးဝပြောင်းလဲသွားသည်ဟု သူမ ခံစားရသည်။ သူ၏ ရုပ်ရည်သွင်ပြင်သာမက အခြားကဏ္ဍများလည်း ပြောင်းလဲသွားခဲ့သည်။

" ယီယွင်... မင်း လေ့ကျင့်ရေးထွက်တာ အတော်ကြာသွားတယ်။ မင့်ရဲကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ " ချိုးနျိုက မေးလိုက်သည်။

" ခရမ်းသွေးနယ်ပယ် အထွတ်အထိပ် " ယီယွင်က ဖုံးကွယ်မထားပေ။

" ဟားဟားဟား... ဒါဆို မင်းက ငါတို့ထက် နှေးသွားပြီ။ ငါနဲ့ ရှောင်းရန်က ယွမ်အုတ်မြစ်ရဲ့ ကနဦးပုံစံကို ဖွဲ့စည်းပြီးနေပြီ။ ငါတို့က ယွမ်အုတ်မြစ်ချနယ်ပယ် တံခါးကိုဖြတ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ မင်း ယူဆလို့ရတယ်။ နှစ်လအတွင်းမှာ ငါတို့ ယွမ်အုတ်မြစ်ချနယ်ပယ်ကို သေချာပေါက် ချိုးဖျက်နိုင်လိမ့်မယ် " ချိုးနျို၏ မျက်ဝန်းများ တောက်ပနေ၏။ ဆယ်လအတွင်း၌ သူ ကြီးကြီးမားမား တိုးတက်ခဲ့သည်။ ယွမ်အုတ်မြစ်ချနယ်ပယ်သို့ ခြေတစ်လှမ်းအလို ရောက်ရှိချိန်တွင် ချိုနျို၏ နတ်နွားသိုးဘုရင်ခွန်အားနည်းစနစ်သည်လည်း တစ်ဆင့်တိုးတက်သွားခဲ့၏။

လက်ရှိတွင် ချိုးနျိုက ယုံကြည်ချက်များ ပြည့်ဝနေကာ မြင်သမျှလူတိုင်းနှင့် တိုက်ခိုက်ချင်နေသည်။

" ညီလေးယီ... ငါတို့တွေ ဘယ်အချိန်လောက်ကျ ပြိုင်ကွင်းထဲမှာ လေ့ကျင့်ကြမလဲ "

ယီယွင်က သေချာပေါက်ပင် သန်မာလိမ့်မည်ကို ချိုးနျိုက သိနေသည့်တိုင်အောင် ယုံကြည်ချက်ရှိနေသေးသည်။ သန်မာသော ပြိုင်ဘက်တစ်ဦးဖြစ်သည့် ယီယွင်ကို မြင်ရချိန်တွင် သူ့ကိုယ်သူအား မထိန်းနိုင်တော့ပေ။

ဘေးပတ်လည်မှ တပ်သားသစ်များမှာ ချိုးနျိုနှင့် ချူရှောင်းရန်တို့က ယီယွင်နှင့် ပျော်ရွှင်စကားပြောနေကြသည်ကို ကြည့်ကာ မှင်တက်မိနေကြလေ၏။

" ယီယွင်... ဒါက ပြီးခဲ့တဲ့နှစ် တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲရဲ့ ချန်ပီယံမလား "

တပ်သားသစ်အချို့က ယီယွင်ကို ကြားဖူးကြသည်။

" သူပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ဒီလူက တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ချူရှောင်းရန်ကို တကယ်ပဲ အနိုင်ရသွားခဲ့တာလား။ အဲ့ဒါက အမှန်ပဲလား "

လူတိုင်း မှင်တက်မိနေကြ၏။ ဤကောင်က သူတို့၏စိတ်ထဲတွင် ကြိုတွေးထားမိသည့် ကျွမ်းကျင်သူနှင့် လုံးဝကွဲပြားနေသည်။ ထိုကောင် ကျွမ်းကျင်သူဟန်ပန် မရှိဘဲနှင့်ပင် ချူရှောင်းရန်နှင့် ချိုးနျိုတို့ထက် ပိုသန်မာသည်တဲ့လား။

တပ်သားသစ်များက ယီယွင်ကို ပဟေဠိဖြစ်ခြင်း ၊ သံသယဖြစ်ခြင်းများနှင့် ကြည့်နေကြ၏။ ချူရှောင်းရန်နှင့် ချိုးနျိုတို့၏ စွမ်းအားကို လူများစွာ မြင်ဖူးကြလေပြီး ကြောက်စရာကောင်းချေသည်။

သူတို့၏ရှေ့မှ ထိုသူကမှ ဒုက္ခသည်စခန်းမှ ထွက်လာခဲ့သည့်ဟန် ရှိနေလေ၏။ ထိုသူက အမှန်တကယ်ပင် ချိုးနျိုနှင့် ချူရှောင်းရန်တို့ထက် သာလေသလော။

" ညီလေးယီ အားတဲ့အချိန်ကျရင် ပြိုင်ကွင်းကိုလာခဲ့။ မင်း သွားတော့မယ်ဆိုရင် ငါ့ကို အကြောင်းကြားလိုက် "ချိုးနျိုက ယီယွင်နှင့် လက်ရည်စမ်းမည့်ကိစ္စကို မမေ့ပေ။

ယီယွင်က ပြုံးကာ..." ကောင်းပြီ "

" ဟားဟား... ငါ့ကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့နော်။ မင်း မသိလောက်ဘူးထင်တယ်။ ချင်ဟောင်ထျန်း ၊ လီရှောင်း ၊ ချောင်ညီနောင်တွေက တိုင်အာနတ်မြို့ကနေ ထွက်သွားကြပြီ။ အခုက ပြိုင်ကွင်းထဲမှာ ပထမနေရာအချို့က လစ်လပ်နေတာဆိုတော့ လူတိုင်း မျက်စိကျနေကြတယ်။ ပထမနေရာကို လိုချင်ကြတဲ့ စီနီယာကျင့်ကြံသူအချို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ ပြီးတော့ မြို့သခင်ရဲ့ မွေးနေ့ကြောင့် ပြိုင်ကွင်းဆုလာဘ်တွေကလည်း မနည်းမနောတိုးလာတယ်လေ "

ချိုးနျိုက နောက်တွင်ရှိနေသည့် လူအုပ်ကို ညွှန်ပြကာ..." တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲကြောင့် ပြိုင်ကွင်းကို ခဏနားထားတာလေ။ မဟုတ်ရင်တော့ သာမန်ထက်ပိုတဲ့ လူတွေက တိုက်ခိုက်နေကြလိမ့်မယ် "

" ချင်ဟောင်ထျန်း ၊ လီရှောင်းနဲ အခြားသူတွေ ထွက်သွားကြပြီလား " ယီယွင် မှင်တက်မိသွားသည်။ ၎င်းတို့က တိုင်အာနတ်မြို့တွင် ရှိနေခဲ့သည်မှာ ခြောက်နှစ်ကြာသွားခဲ့ပြီဖြစ်ပြီး ထွက်သွားချိန်တန်သည်မှာ အမှန်ပင်ဖြစ်လေ၏။

နှမြောစရာပဲ... ။

ယီယွင် တိုင်အာနတ်မြို့သို့ ရောက်စဥ်ကတည်းက ချင်ဟောင်ထျန်း ၊ လီရှောင်းနှင့် အခြားသူများ၏ အမည်ကိုများ ကြားဖူးလေသည်။

ယီယွင်က အမြဲတမ်းလိုပင် ချင်ဟောင်ထျန်းနှင့် လက်ရည်ယှဥ်လိုခဲ့သည်။ သို့သော် လက်ရှိတွင် ယီယွင်က ခရမ်းသွေးနယ်ပယ် အထွတ်အထိပ်၌သာ ရှိသေးလေသောကြောင့် ချင်ဟောင်ထျန်းနှင့် ယှဥ်ပြိုင်၍မရပေ။ သူနှင့်ချင်ဟောင်ထျန်း အကြားတွင် မည်မျှကွာခြားသည်ကို ယီယွင်ကိုယ်တိုင်သာ သိလေ၏။

ယခုတွင် သူတို့က တိုင်အာနတ်မြို့မှ ထွက်သွားပြီဖြစ်၍ ယှဥ်ပြိုင်ရန် အခွင့်အရေးမရှိတော့ပေ။ နှမြောစရာဟုသာ ဆိုရချေတော့မည်။

" ဟုတ်တယ်... သူတို့တွေ ရှိနေမယ်ဆိုရင် ငါတို့အတွက် မြေအဆင့်ကို စိန်ခေါ်ဖို့က ခက်ခဲလိမ့်မယ် " ချိုးနျိုက ရယ်မောလိုက်လေ၏။ သူက ယီယွင်၏ အတွေးများကို အရေးမစိုက်ပေ။ သူအတွက်မူ ချင်ဟောင်ထျန်းကို စိန်ခေါ်လိုနေသည့် သူနှင့်တစ်နှစ်တည်း လူများက အိပ်မက်မက်နေကြခြင်းသာ ဖြစ်လေ၏။

" အခုတော့ ပြိုင်ကွင်းတစ်ခုလုံးရဲ့ အလုံးစုံစွမ်းအားက လျော့နည်းသွားပြီ။ ငါးနှစ်မြောက် ကျင့်ကြံသူအများစုက ချင်ဟောင်ထျန်းထက် အားနည်းကြတယ်။ နှစ်နှစ်လောက်အတွင်းမှာ ငါတို့က ကောင်းကင်အဆင့်နဲ့ မြေအဆင့် အဆင့် ၅ အတွင်းကို စိန်ခေါ်နိုင်လိမ့်မယ် " ချိုးနျို စိတ်လှုပ်ရှားနေသည်။ သူ၏ စတုတ္ထနှစ်တွင် တိုင်အာနတ်မြို့၏ အဆင့် ၅ ထဲသို့ ဝင်နိုင်ခဲ့ပါက ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ယီယွင် သက်ပြင်းချလိုက်၏။ တိုင်အာနတ်မြို့က နှစ်စဥ်နှစ်တိုင်းတွင် အလွန်ပါရမီထူးသည့် လက်ရွေးစင်များကို မွေးထုတ်ပေးနိုင်ခြင်း မရှိသည်မှာ အမှန်ပင်ဖြစ်လေ၏။ လက်ရှိ တိုင်အာနတ်မြို့က ချို့တဲ့နေလေသည်။

ယီယွင်က ပြိုင်ဘက်ကင်း ပါရမီရှင်များနှင့် တိုက်ခိုက်ရသည်ကို နှစ်သက်နေဆဲပင်။ ချင်ဟောင်ထျန်း ထွက်သွားပြီဖြစ်၍ လော့ဟော်အာသာ ကျန်ပေတော့သည်။ သို့သာ် သူမက ပြိုင်ကွင်းထဲတွင် ကြုံတောင့်ကြုံခဲသာ ပေါ်လာတတ်လေပြီး ကောင်းကင်အဆင့်နှင့် မြေအဆင့်များကိုလည်း စိန်ခေါ်ခြင်းမပြုပေ။ သူမ၏ စွမ်းအားကို မသိကြရပေ။

" ညီလေးယီ ပြန်လာဖို့က လွယ်ကူခဲ့မှာမဟုတ်ဘူး။ နတ်လစားသောက်ဆိုင်ကို သွားပြီး နှစ်ခွက်လောက် သောက်လိုက်ကြရအောင် " ချိုးနျိုက ယီယွင်နှင့် သောက်ချင်နေသည်။

ယီယွင်က ခေါင်းယမ်းကာ... " နောက်တစ်ခါမှ သောက်ကြတာပေါ့။ ငါ ထွက်သွားတာ အရမ်းကြာနေပြီ။ အခု ငါ တိုင်အာနတ်မြို့ကို ပြန်ရောက်လာပြီဆိုတော့ ဆရာသခင်ယွဲ့ဟွားနဲ့ အကြီးအကဲခန်းယန်တို့ကို အရင်နှုတ်ဆက်ဖို့လိုတယ် "

ထိုနှစ်ဦးအနက်မှ တစ်ဦးသည် သူ၏ဆရာတစ်ပိုင်းဖြစ်ပြီး ကျန်တစ်ယောက်ကမူ ဆရာမဟုတ်သော်လည်း သူ့အား များစွာပင် သင်ကြားပေးထားသူ ဖြစ်လေ၏။ ယီယွင်က စီနီယာများကို နှုတ်ဆက်လိုသည်မှာ မှန်ကန်လေ၏။

..........................

တစ်နာရီကြာပြီးနောက် နတ်အရိုင်းမြေမျှော်စင်၏ ၆၉ လွှာတွင်...။

" မမလေး...မမလေး..." တုန်းအာက လော့ဟော်အာ၏ လေ့ကျင့်ရေးမြေထဲသို့ အပြေးဝင်လာခဲ့လေ၏။

" အခုက ဘာပြဿနာဖြစ်ပြန်ပြီလဲ " လော့ဟော်အာက စိတ်မရှည်စွာ မေးလိုက်သည်။ သာမ၏ အစေခံမလေးက အသေးအဖွဲ့ ကိစ္စများကိုပင် အော်ကြီးဟစ်ကျယ် လုပ်တတ်လေ၏။

တုန်းအာက အမောဖောက်နေလျက်ဖြင့် ဆိုလေသည်..." မ....မမလေး မုန်းတီးနေတဲ့ ဟိုလူ... ပြန်လာပြီ "

လော့ဟော်အာက နှုတ်ခမ်းမဲ့သွားပြီး အလေးမထားဘဲ ဆိုလိုက်လေသည်..." ဒီမမလေး မုန်းတီးနေတဲ့သူတွေ အများကြီးတယ်။ ငါက အားလုံးကို မမှတ်မိဘူး။ နင်က ဘယ်သတ္တဝါကို ပြောနေတာလဲ "

" အဲ့...အဲ့ဒီလူက ယီယွင်ပါ " တုန်းအာက နဖူးထက်မှ ချွေးများကို ဝဖြိုးသော လက်ကလေးနှင့် သုတ်လိုက်လေ၏။

" ယီယွင်လား " လော့ဟော်အာ အံ့အားသင့်သွားသည်။ သူမ မသိလိုက်မိဘဲ မိသားစု၏ နှလုံးသားကျမ်းအား လေ့ကျင့်နေသည်ကို ရပ်လိုက်လေ၏။

သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဆယ်စက္ကန့်ခန့်မျှ ငြိမ်သက်သွားလေ၏။

တစ်နှစ်နီးပါး ပျောက်နေခဲ့သည့် ထိုလူယုတ်မာက အမှန်တကယ်ပင် ပြန်လာခဲ့ချေပြီ။

လော့ဟော်အာက တစ်ခဏမျှ တွေးပြီးသည့်နောက် ခပ်တင်းတင်း ဆိုလိုက်လေသည်..." လူကောင်းတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ သေကြရပြီး ၊ လူယုတ်မာတွေက နှစ်တစ်ထောင်လောက် အသက်ရှည်တယ်တဲ့။ ဒီကောင် လွယ်လွယ်နဲ့ မသေနိုင်ဘူးဆိုတာကို ငါ သိသားပဲ "

" အမှန်ပဲ... အမှန်ပဲ " တုန်းအာက ခေါင်းတဆတ်ဆတ်ညိတ်ကာ..." မမလေး သူနဲ့တွေ့ချင်လား။ အခု သူက ဆရာသခင်ယွဲ့ဟွားကို နှုတ်ဆက်နေတယ် "

လော့ဟော်အာက နှုတ်ခမ်းမဲ့ကာ..." ငါက သူနဲ့ ဘာလုပ်ဖို့ တွေ့ချင်ရမှာလဲ။ ရက်နည်းနည်းလောက်နေရင် ဒီဖားပြုတ်က ငါတို့ဘေးကို ရောက်လာလိမ့်မယ်။ နောက်ကျရင်လဲ ငါတို့က အကြိမ်ကြိမ် တွေ့နေရဦးမယ်။ တကယ်ကို နာကျင်စရာပဲ "

လော့ဟော်အာက သိုင်းပညာကို ပြန်လည်ကာ စတင်လေ့ကျင့်လေသည်။

သို့သော် သူမက ထိုအကြောင်းကို ထိန်းမရဘဲ တွေးမိလေသည်။ တွေးမိချိန်တွင် သူမ၏နှုတ်ခမ်း တွန့်ကွေးသွားပြီး မကောင်းဆိုးဝါး အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူမက ယီယွင်ကို တွေ့နေရသည်မှ အော့နှလုံးနာစရာဟု ရှုမြင်ထားသော်လည်း ထိုလူယုတ်မာ သည်ပုံစံအတိုင်း သေသွားမည်ကိုမူ မလိုလားပေ။

" ဘာကြောင့် ပြုံးနေတာလဲ မမလေး " တုန်းအာက သိလိုစွာဖြင့် မေးလိုက်သည်။

" ငါ ပြုံးနေတာလား "

လော့ဟော်အာ တစ်ခဏမျှ ငြိမ်သွားပြီးနောက် ခပ်ငေါက်ငေါက်ဆိုသည်..." ဒီလူယုတ်မာ ပြန်ရောက်လာလို့ ငါက ရီနေတာ။ ငါက ပျော်စရာအချို့ကို ထပ်ကစားရတော့မယ်။ ငါ ဒီကောင့်ကို ဘယ်လို အရူးလုပ်မလဲဆိုတာ စောင့်ကြည့်နေလိုက်... အဟင်းဟင်းဟင်း "

လော့ဟော်အာက ပျော်ရွှင်စွာ ရယ်မောလေသည်။ တုန်းအာကမူ ကြိုးစားကာ တွေးကြည့်နေလေ၏။ မမလေးက ယီယွင်ကို အရူးလုပ်ရာတွင် ဘယ်သောအခါကမျှ မအောင်မြင်ခဲ့ပုံပင်။

ဟုတ်သည်။ သူမက ထိုအတွေးကို ဘယ်သောအခါမျှ ထုတ်ပြောမည်မဟုတ်ပေ။

All Chapters