← Chapters

အရှက်တကွဲဖြစ်ခြင်း

Vol. 21 Ch. 311

အရှက်တကွဲဖြစ်ခြင်း

Vol. 21 Ch. 311

" ခန္ဓာကိုယ်မှ ဆေးမှင်ကြောင်အပြည့်နဲ့ကောင်ရဲ့ အကြောင်းကို မင်းက ပြောနေတာလဲ "

ယီယွင်က သူ့ထက် နှစ်ဝက်ခန့်ငယ်သော ဝမ်ယွီကို ကြည့်လိုက်သည်။ သူမက အားနည်းပုံရလေ၏။ သူက သူမနှင့် ဆက်ဆံမှုနည်းလေသောကြောင့် သူမက တိတ်ဆိတ်သည်ဟု မြင်မိသည်။

ဝမ်ယွီက ကြည်လင်သော မျက်လုံးရွဲကြီးများဖြင့် စူးစိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်၏။ သူမက ယီယွင်ကို မျှော်လင့်တကြီးကြည့်ကာ..." ဟုတ်တယ် စီနီယာယီ... သူ့ရဲ့အမည်က မြွေပွေး။ တိုက်ပွဲမတိုင်ခင်မှာ စီနီယာယီက သူနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို သိထားတယ်မလား "

ပြိုင်ဘက်က ကြောက်မက်ဖွယ်ကောင်းလွန်းနေ၍ လက်ရှိတွင် သူမသည် ယီယွင်က အနည်းငယ်ခန့်မျှ ပိုအားကောင်းပါစေဟု ဆုတောင်းမိနေလေ၏။ ယီယွင်က ပြိုင်ဘက်များကို ဂရုတစိုက် လေ့လာထားခဲ့ပြီး မြွေပွေးကို အနိုင်ရမည်ဟု ယုံကြည်ချက်ရှိနေခြင်းကြောင့်သာ မြွေပွေး၏စိန်ခေါ်မှုအား လက်ခံလိုက်သည်ဟု သူမ မျှော်လင့်နေမိသည်။

ယီယွင်က ဒုတိယနှစ်များထဲတွင် အသန်မာဆုံးသူဟု ကောလဟာလများ ရှိလေသည်။ ထိုကဲ့သို့ ဘုန်းတော်ဘွဲ့ရှိသည့် ယီယွင်က ယုံကြည်အားထား၍ ရနိုင်လောက်သည် မဟုတ်ပေလော။

ယီယွင်က ခေါင်းယမ်းကာ..." မြွေပွေးတဲ့လား။ ငါ တစ်ခါမှ မကြားဖူးဘူး။ သူက ကျော်ကြားလား "

ယီယွင်က မောက်မာနေခြင်း မဟုတ်ပေ။ မဟာမိတ်ပြိုင်ပွဲကို သူ ယမန်နေ့ညကမှ သိခဲ့ရခြင်း ဖြစ်သည်။ ခန်းယန်က ယီယွင်ကို သတင်းအချက်အလက်အချို့ ပြောပြခဲ့သော်လည်း ယီယွင်က ယွင်လုံစေတီ ၇၂ ခု၏ အသန်မာဆုံး လူများကိုသာ မှတ်ထားခဲ့သည်။

ယီယွင် အာရုံစိုက်ရန် လိုအပ်သည်မှာ လူအနည်းငယ်ခန့်သာ ရှိလေသည်။ မြွေပွေးကမူ ယီယွင် အာရုံစိုက်ရမည့် စာရင်းနှင့်ပင် မနီးစပ်ချေ။

ယီယွင်၏ တုန့်ပြန်စကားကြောင့် ဝမ်ယွီ ကြောင်အနေရ၏။ သူက တစ်ဖက်လူ၏အကြောင်းကို သိမထားဘဲ စိန်ခေါ်မှုကို လက်ခံလိုက်သည်တဲ့လား။

သူမ ပြောစရာမဲ့နေရသည်။ ဤပြိုင်ပွဲတွင် သူမက ယီယွင်နှင့်အတူ ရှိနေသည်ဖြစ်ပြီး ယီယွင်အား အခြားသူများက စိန်ခေါ်လာလျှင် ကာကွယ်ပေးရမည် ဖြစ်လေ၏။ ခေါင်းဆောင်ဖြစ်သူ ယီယွင်က စင်မြင့်ပေါ်သို့ မည်သူကအရင်သွားပြီး မည်သူက နောက်ဆုံးသွားရမည်ကို အဆုံးအဖြတ်ပေးရမည် ဖြစ်လေ၏။

ခေါင်းဆောင်ဖြစ်သည့် ယီယွင်က အရေးကြီးလေသည်။ ယီယွင်က ပြိုင်ဘက်ဖြစ်သူ မည်မျှသန်မာကြောင်းကိုပင် သိမထားဘဲ စိန်ခေါ်မှုကို ပေါ့ပေါ့ပါးပါးပင် လက်ခံခဲ့ချေ၏။

ဝမ်ယွီ ပါးစပ်ဟလိုက်သော်လည်း ပြောလိုသည့်စကားများ ထွက်မလာပေ။ သူမ အလွန်တရာပင် နိမိတ်မကောင်းစွာ ခံစားနေရလေ၏။ သူမက ချူရှောင်းရန်နှင့် ချိုးနျိုတို့ အဖွဲ့များကို လှမ်းကြည့်လိုက်သည်။ အဖွဲ့နှစ်ခုက အစည်းဝေးအသေးစား လုပ်ဆောင်ကာ မည်သည့်ပြိုင်ဘက်အား ရွေးချယ်ရမည်ကို ဆွေးနွေးနေကြလေ၏။

စွန့်ပစ်ခံထားရပြီးဖြစ်သည့် လီဟုန်၏ အဖွဲ့ကလည်း ပြိုင်ဘက်များကို အလွန်ဂရုတစိုက်ဖြင့် ရွေးချယ်နေသည်။

သူမ၏ဘက်တွင်မူ ယီယွင်က စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ခဲ့ချေ၏။

လက်ရှိတွင် ယီယွင်က ပြိုင်ပွဲဝင်ခုံတန်း၌ မျက်လုံးမှိတ်ကာ ထိုင်နေလျက်ရှိသည်။ ဤပုံစံအရဆိုလျှင် ယီယွင်က မွေးနေ့ပွဲ၏ စားပွဲများတွင် မထိုင်ရသည်မှာ တော်သေးချေ၏။ ထိုသို့သာမဟုတ်ပါက သူ စတင်ကာ စားသောက်နေလောက်ချေပြီ။

ထိုစဥ် ဝမ်ယွီ၏နံဘေးမှ ဂျူနီယာသုံးဦး အတူစုလာကာ စိုးရိမ်မကင်း မေးလိုက်ကြသည်..." စီနီယာဝမ်... စီနီယာယီက အရမ်းသန်မာလောက်တယ်မလား "

ထိုဂျူနီယာသုံးယောက်က ယီယွင်၏အဖွဲ့မှ ဖြစ်လေ၏။ သူတို့က ဝမ်ယွီထက် အားနည်းကြပြီး အိမ်ဖြည့်ပေးခြင်းမျှသာ ဖြစ်လေ၏။ သူတို့၏အခြေအနေကို သူတို့ သိကြလေသောကြောင့် တိုက်ပွဲကြီးအတွက် စိုးရိမ်နေကြသည်။

ဝမ်ယွီက ခါးသက်သက်ပြုံးကာ..." စီနီယာယီက မဆိုးပါဘူး။ သူက ပြီးခဲ့တဲ့နှစ်ရဲ့ တပ်သားသစ် အဆင့်သတ်မှတ်ချက်ပြိုင်ပွဲမှာ ချန်ပီယံပဲလေ။ ဂျူနီယာတို့ စိုးရိမ်မနေကြနဲ့။ ငါတို့တွေ အကောင်းဆုံးလုပ်ကြမယ် "

ဝမ်ယွီ၏စကားကြောင့် ဂျူနီယာများ စိတ်အေးသွားလေ၏ဓ

" ကောင်စုတ်လေး... မင်း ယုံကြည်ချက်ရှိနေတာလား "

ယီယွင် သမထထိုင်နေချိန်တွင် လူတစ်ဦးက အသံပို့လွှတ်လာသည်။ မသမာသောအဖိုးကြီး ခန်းယန်ဖြစ်သည်ကို ယီယွင် လှည့်မကြည့်ဘဲ သိလေသည်။

" ယုံကြည်ချက်ရှိနေတာက စီနီယာခန်းယန်ပဲလေ။ ဒီလိုစစ်သည်တွေ ပေးပြီး ကျုပ်ကို ရှေ့ပြေးဖြစ်အောင်လုပ်ခဲ့တယ်။ ဒါက ကျုပ်ကို အထင်ကြီးနေတာပဲ "

" ဟဲဟဲ... ငါ့ကို အမြတ်ထုတ်ဖို့ မကြိုးစားနဲ့။ မင်း မလုပ်ချင်တာကို လုပ်ခိုင်းတယ်ဆိုပြီး ယိုးမယ်ဖွဲ့ပြီးတော့ ငါ့ဆီကနေ အမြတ်ထုတ်ချင်နေတာလား။ ငါ့အကြောင်းကို မတွေးစမ်းနဲ့။ မင်းသာ ကောင်းကောင်းတိုက်ခိုက်ရင် မြို့သခင် ပေးလာမဲ့ ဆုလာဘ်တွေက ငါပေးနိုင်တာထက် ပိုများတယ်။ သူက ကျိကျိတက် ချမ်းသာတဲ့သူပဲ "

ခန်းယန် လေးနက်သွားကာ..." ကောင်လေး... ပြိုင်ဘက်တွေကို ပေါ့ပေါ့တန်တန် တွေးမထားနဲ့။ မင်းရဲ့ပြိုင်ဘက်တွေက အားမနည်းဘူး။ မြွေနဲ့ကောင်လေးက ခက်ခဲတဲ့လူတစ်ယောက်ပဲ။ လွယ်ကူတဲ့ တာဝန်တစ်ခုမှာ ဆိုးဆိုးရွားရွား မကျရှုံးစေနဲ့ "

" သိပါပြီ " ယီယွင် ရယ်လိုက်သည်။ ပြိုင်ပွဲ၏ အဓိကဒိုင်က နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ တက်လာပြီး ပြိုင်ပွဲစတင်ကြောင်း ကြေညာနေသည်ကို သူ ကြည့်နေသည်။

အုပ်စုငယ်အချို့၏ ပြိုင်ပွဲများကို တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်၏။

ယီယွင်၏ဘက်ခြမ်းက လူငယ်အဖွဲ့သာဖြစ်၍ နတ်အရိုင်းမြေစင်မြင့်ပေါ်သို့ မသွားရပေ။ သူတို့အား စင်မြင့်ရှစ်ဆီသို့ ပို့ဆောင်ခဲ့သည်။

လက်ရှိအချိန်၌ မြွေပွေးက ကြွက်တစ်ကောင်ကို ကြည့်နေသော ကြောင်တစ်ကောင်အလားပင်။ သူက ယီယွင်ကို စိတ်ဝင်တစား ကြည့်နေလေ၏။ ယွင်လုံစေတီ ၇၂ ခု၏ ယခုအသုတ် တပည့်များတွင် ပါရမီရှင်များ ပြည့်နေလေပြီး ယခင်အသုတ်ထက် အရည်အသွေးပိုမြင့်သည်။

" စွန်းလုံ... တက်သွားလိုက်။ ငါးပေါက်လေးတွေကို ဂရုစိုက်ပေးပြီး ယီယွင် လက်ပါလာရအောင် လုပ်ပေးလိုက်။ ပြီးရင်တော့ ငါကိုယ်တိုင် ကြီးကျယ်တဲ့ အချိန်သမယကို ခံစားမယ် "

မြွေပွေးက ရယ်နေလျက်ရှိပြီး ယီယွင်ကို စိတ်ထဲပင်မထားပေ။ သူက ယီယွင်ထက် တစ်နှစ်ပိုကြီးပြီး ကျင့်ကြံမှုအဆင့်ကလည်း နယ်ပယ်တစ်ခုလုံး ပိုမြင်နေပေရာ သူက မည်သို့များ ရှုံးနိုင်ပါမည်နည်း။

" ဟားဟားဟား... ငါ လက်ယားနေတာ ကြာပြီ။ နောက်ဆုံးတေု့ ငါ သွေးပြန်မြင်ရတော့မယ်။ ငါက ယီယွင်ကိုပါ ရှင်းပစ်နိုင်မလားဆိုတာကို ဘယ်သူသိနိုင်မလဲ "

စွန်းလုံက သံလက်သည်းကို ဝတ်ဆင်ကာ စင်မြင့်ပေါ်သို့ တက်သွားလေ၏။ သူက မြွေပွေးမျိုးနွယ်၏ ကျောရိုးတစ်ခု ဖြစ်လေသောကြောင့် မြွေပွေး၏နောက်သာ လိုက်ခဲ့လေသည်။ ထို့ကြောင့် သူ့ပုံစံက မြွေပွေးနှင့် ဆင်တူနေလေ၏။

" ငါ့ပြိုင်ဘက်က ဘယ်သူလဲ။ တက်ခဲ့ "

စွန်းလုံ ပြုံးနေသည်။ သူ လျှာထုတ်ကာ သံလက်သည်းကို လျှာနှင့်သပ်လိုက်လေ၏။

" စီနီယာယီ... ဘယ်သူ့ကို စေလွှတ်မလဲ "

စွန်းလုံကို မြင်ချိန်တွင် ဝမ်ယွီ ရင်ထိတ်နေ၏။ မြွေပွေး၏ လက်အောက်မှ လူများက ပေါ့သေးသေးမဟုတ်ကြပုံပင်။

" မင်းတို့သဘောကျ လုပ်ကြ။ ဘေးကင်းဖို့ကို ဦးစားပေးပါ "

ယီယွင်က ဆိုသည်။ စွန်းလုံက ပေါ့သေးသေး မဟုတ်ကြောင်းကို သူသည်လည်း ခံစားမိလေ၏။ သို့သော် သိုင်းပညာ လေ့ကျင့်နေသည့် စစ်သည်များအဖို့ အနာဂတ်တွင် စွန်းလုံထက် ပိုမိုရက်စက်သူများကို ကြုံလာရပေလိမ့်မည်။

တိုင်အာနတ်မြို့မှ လူငယ်မျိုးဆက်များ ကြီးထွားလာစေရန် သတ်ဖြတ်ခြင်းနှင့် ဖြတ်ကျော်ရပေမည်။

သို့သော် ယီယွင်၏အမိန့်ကြောင့် ဝမ်ယွီ စိတ်ဆိုးသွားရလေ၏။ " မင်းတို့သဘောကျ လုပ်ကြ။ ဘေးကင်းဖို့ကို ဦးစားပေးပါ " ဆိုသည်က မည်သည့်အဓိပ္ပါယ်နည်း။ ယင်းက ခေါင်းဆောင်တစ်ဦး ပြောသင့်သည့် စကားများပေလော။

" ရှောင်ကျန့်... တက်သွားလိုက် "

ဝမ်ယွီက စိတ်ဆိုးတကြီး အမိန့်ပေးလိုက်သည်။ ခေါင်းဆောင်က အရေးမစိုက်လေသောကြောင့် သူမကသာ တာဝန်ယူရပေတော့မည်။

ရှောင်ကျန့်က အရပ်ပုသော လူငယ်တစ်ဦး ဖြစ်လေ၏။ သူ အံကျိတ်ကာ စင်မြင့်ပေါ်သို့ တက်သွားလေသည်။

စွန်းလုံက.... " ရှီး... လတ်ဆတ်လိုက်တဲ့ သွေး... ငါ မင်းရဲ့သွေးကို မြည်းကြည့်ချင်တယ် "

စွန်းလုံ၏ ခန္ဓာကိုယ်တွင် လူသတ်လိုစိတ်တစ်ခု ထွက်ပေါ်လာ၏။ သူ၏ ယွမ်ချီများ ပေါက်ကွဲထွက်လာကာ လက်သည်းများက သွေးရောင်တောက်ပလာလေ၏။

" ငါက သတ်ဖြတ်ခြင်းဥပဒေသကို လေ့ကျင့်တယ်။ ငါ ပိုသတ်ပြီး လက်မှာ သွေးပိုစွန်းလာလေလေ ငါ ပိုသန်မာလာလေလေပဲ။ ဒီနေ့အထိ ငါ လူတွေနဲ့ ပျက်စီးခြင်းသားရဲတွေကို ဘယ်လောက်အထိ သတ်ခဲ့သလဲဆိုတာကို ငါ မေ့နေပြီ။ ပြိုင်ပွဲမှာ ငါ မင်းကို မသတ်မိအောင် မထိန်းနိုင်မှာကို စိုးရိမ်မိတယ် "

စွန်းလုံက အရိုင်းဆန်စွာ ရယ်နေခြင်းကြောင့် ရှောင်ကျန့် ဖြူလျော်သွားလေ၏။

စင်အောက်မှ ယီယွင်က အသာခေါင်းယမ်းလိုက်၏။ သူ့အတွက်မူ စွန်းလုံက ဘာမျှမဟုတ်သော်လည်း စွန်းလုံနှင့် ရှောင်ကျန့်က အနေအထားကွာလေ၏။

အကြောင်းကမူ စွန်းလုံနှင့် ရှောင်ကျန့်တို့က ကြီးပြင်းလာသည့် အတွေ့အကြုံများ မတူကြပေ။ ဒုတိယအချက်နေဖြင် တိုင်အာနတ်မြို့တွင် မကြာသေးမီက အသုတ်က ယခင်လူများထက် အားနည်းကြလေ၏။ ယွင်လုံစေတီ ၇၂ ခုမှ လူများနှင့် ရင်ဆိုင်ရချိန်တွင် တိုင်အာနတ်မြို့၏ စစ်သည်များ ယုံကြည်ချက်နည်ပါးကြလေ၏။

" သုံးကွက်..."

စွန်းလုံက လက်သုံးချောင်း ထောင်ပြကာ... " သုံးကွက်အတွင်းမှား မင်းရဲ့မျက်နှာ ညာဘက်ခြမ်း ပွင့်ထွက်စေရမယ်။ ပြီးရင်က ငါက မင်းရဲ့ညာဘက်နဲ့ ညာခြေထောက် အရွတ်ကြောတွေကို စုတ်ဖြဲပစ်မယ်။ ငါက ပြိုင်ဘက်ရဲ့ ညာဘက်ခြမ်းကို ဖျက်ဆီးရတာ သဘောကျတယ်။ ညာဘက်ခြမ်းကို တစ်စစီဖျက်ဆီးပြီးတော့ ဘယ်ဘက်ခြမ်းကိုပဲ အကောင်းအတိုင်း ချန်ပေးထားမယ်။ ဒါက အတော်ကို စိတ်ဝင်စားဖို့ကောင်းတယ်မလား။ ဟားဟားဟား "

စွန်းလုံက အလွန်မောက်မာလှသည်။ ထိုစကားကြောင့် ရှောင်ကျန့် ဒေါသထွက်သွားလေ၏။ ငါက အားနည်းနေလို့ သိုးတစ်ကောင်လို သတ်လို့ရမယ်လို့များ ဒီကောင်က ထင်နေတာလား။

" ဒါ လွန်လွန်းသွားပြီ "

ဝမ်ယွီ လက်သီးဆုပ်ထားပြီး သူမ၏မျက်နှာတွင် ဒေါသများ ပြည့်နေလေ၏။

ထိုစဥ်တွင် စွန်းလုံက လှုပ်ရှားလာသည်။ သူက အလွန်မြန်ဆန်လှပြီး လျှပ်တပြက်အတွင်းမှာပင် ရှောင်ကျန့်၏ရှေ့၌ ပေါ်လာလေ၏။ သူက ရှောင်ကျန့်၏ ညာဘက်မျက်နှာကို လက်သည်းနှင့် ကုတ်လိုက်လေ၏။

ရှောင်ကျန့် ထိတ်လန့်သွားသော်လည်း သူက တပ်သားသစ်များထဲတွင် အတော်ဆုံးများထဲမှ လူတစ်ဦး ဖြစ်လေ၏။ တိုက်ပွဲအစတွင် သူက အားနည်းသည့်ပုံစံ ဖြစ်နေသော်လည်း ဒေါသကြောင့် သူ၏စွမ်းအားအစစ်ကို ထုတ်ပြနိုင်လာသည်။

ပြိုင်ဘက်ကို အဘယ်သို့များ စိတ်ကြိုက်ပြုမူခိုင်းရပါမည်နည်း။ ယင်းက ရှက်ဖွယ်ကောင်းသည်။

သူ ဆုတ်ခွာသွားပြီး တစ်ချိန်တည်းမှာပင် စွန်းလုံ၏ လက်ဝါးကို ဓားနှင့်ထိုးလိုက်သည်။

လက်သည်းသည် အနီးကပ်လက်နက်ဖြစ်ပြီး ဓားထက် အကွာအဝေး တိုလေ၏။ ပိုရှည်လေ ပိုအားကောင်းလေပင်။ ထိုသို့ ထိုးလိုက်လျှင် ပြိုင်ဘက်က နောက်ဆုတ်သွားလိမ့်မည်ဟု သူ ယုံကြည်ထားသည်။

ရှောင်ကျန့် ထိုးလိုက်ချိန်တွင် စွန်းလုံ၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်သည် အံ့မခန်းပုံစံဖြင့် တွန့်လိမ်သွားလေ၏။

အား...။

ထို့နောက် ရှောင်ကျန့်၏ ထိတ်လန့်တကြားအော်သံ ထွက်ပေါ်လာကာ သွေးများ ဖြာဆင်းသွားလေ၏။

လက်သည်းသုံးခုအလင်းက ရှောင်ကျန့်၏ ညာဘက်မျက်နှာခြမ်းကို ဖြတ်သွားလေ၏။ လက်သည်းဓားသွားက သူ၏ ပါးပြင် ၊ နှာခေါင်း ၊ နားရွက်နှင့် မျက်လုံးထောင့်တို့ကို စုတ်ဖြဲသွားလေ၏။ သူ၏မျက်နှာတွင် နက်ရှိုင်းသော လက်သည်းရာသုံးခု ကျန်ခဲ့လေသည်။

ရှောင်ကျန့် မျက်နှာကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏လက်တွင် သွေးများပြည့်နေပြီး မျက်လုံးသည် သွေးပမာပင် ရဲရဲနီနေလေ၏။

သူ၏ညာဘက်မျက်နှာမှ အသားစများ ပြုတ်ကျသွားလေ၏။ စွန်းလုံ၏ တိုက်ခိုက်မှုက ရက်စက်လွန်းလှချေသည်။

All Chapters