← Chapters

စစ်ဆေးမှု ဝင်ရောက် ဖြေဆိုရန် သွားခြင်း

Vol. 19 Ch. 396

စစ်ဆေးမှု ဝင်ရောက် ဖြေဆိုရန် သွားခြင်း

Vol. 19 Ch. 396

"လောင်ရှစ်က တကယ် အရည်အချင်းရှိတဲ့သူပဲ။ ဒီလို အရည်အချင်းမျိုးကို ဘယ်သူက ယှဉ်နိုင်မှာလဲ။ အဲ့ဒီ ပုစ္ဆာကိုပဲ အခက်အခဲ နည်းနည်း တိုးလိုက်၊ ဂဏန်း သုံးလုံးကို တစ်ဆယ်အတွင်းကနေ အလုံး နှစ်ဆယ်အတွင်း၊ ဒါမှမဟုတ် ရာအတွင်းအထိ ပြောင်းလိုက်မယ်။ ပြီးမှ ချူနဲ့ ကျင်း သံတမန်တွေနဲ့ သွားပြိုင်ခိုင်းကြည့်၊ ချူနဲ့ ကျင်းဘက်က သံတမန်တောင် ဖြေနိုင်မှာ မဟုတ်ဘူး။"

လူတိုင်းသည် မင်းသမီး၆နှင့် လင်းရှောင်ယွဲ့ထံသို့ အသီးသီး လှမ်းကြည့်လိုက်ကြ၏။ မင်းသမီး၆သည် မျက်နှာချိုသွေး တွယ်ကပ်နေသည်မှာ အလွန် သိသာလွန်းလှ၏။ သို့သော် ဤသို့ ဖြစ်သည့်တိုင် လူတိုင်းသည် မင်းသမီး၆၏ စကားကို သံသယ ဝင်ခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လင်းရှောင်ယွဲ့၏ ဂဏန်းသင်္ချာ စွမ်းရည်မှာ အမှန်တကယ်ပင် အားလုံး မျက်မြင်ကိုယ်တွေ့ ဖြစ်သောကြောင့်ပင်။ အထူးသဖြင့် လျန်ချန်းချိုင်မှာမူ ပူးပေါင်းပါဝင်သည့်အလား ခေါင်းညိတ်လိုက်သေး၏။

"ဟားဟား၊ မင်းသမီး မြှောက်ပင့် နေပါပြီ" ဟု လင်းရှောင်ယွဲ့က ပြုံးရင်း ပြန်ဖြေလိုက်သည်။ "သာ့ယန်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိပါတယ။၊ တော်တဲ့သူအထက်မှာ ပိုတော်တဲ့သူ ရှိစမြဲပါ။ ဘယ်သူက ကိုယ့်ကိုယ်ကိုယ် နံပါတ်တစ်လို့ အသေအချာ ပြောရဲမှာလဲ။"

မင်းသမီး၆သည် ဤစကားကို ကြားသော် လင်းရှောင်ယွဲ့က ကျိုးနွံနေသည်ဟု ထင်လိုက်၏။ စကား အနည်းငယ် ထပ်မံ ပြောရန် ပြင်လိုက်စဉ် မင်းဆရာကြီး၏ စကားသံကို ကြားလိုက်ရလေသည်။

"ကိုယ့်ကိုယ်ကိုယ် နှိမ့်ချစရာ မလိုဘူး။ မနက်ဖြန် စစ်ဆေးမှုမှာ အစွမ်းကုန် ကြိုးစားမှ ဖြစ်မယ်။ သုံးရက်နေရင် လုပ်မယ့် ဆွေးနွေးပွဲမှာ မင်းက သာ့ယန်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်မှသာ ဒီအဘိုးကြီး စိတ်ချနိုင်မယ်။"

ဤစကား ထွက်လာသည်နှင့် လူတိုင်းသည် မင်းဆရာကြီးထံသို့ အသီးသီး လှမ်းကြည့်လိုက်ကြ၏။ တကယ်ကို ရှာမှရှားသည့်အခြေအနေပင်၊ မင်းဆရာကြီးကတောင် သခင်မလီ၏ အရည်အချင်းကို ဝန်ခံခဲ့၏။ ထို့အပြင် ဤမျှ မြင့်မားသော သုံးသပ်ချက်ကိုပါ ပေးအပ်ခဲ့သေးသည်။

လင်းရှောင်ယွဲ့သည် လျိုဝူကျီကို လှမ်းကြည့်လိုက်၏။ မင်းဆရာကြီး၏ အကြည့်ကို မြင်သော် စိတ်ထဲ၌ မတတ်နိုင်စွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဒီအဘိုးကြီးသည် သူမ မနက်ဖြန်တွင် တမင်တကာ လက်လျှော့ပြီး စစ်ဆေးပွဲ ပြိုင်ပွဲကို ရှုံးနိမ့်သွားမည်ကို စိုးရိမ်နေလေသည်။ ယခင်က သူမထံတွင် ဤသို့သော အတွေး အမှန်တကယ်ပင် ရှိခဲ့ဖူး၏။ မည်သို့ပင် ဆိုစေကာမူ စစ်ဆေးမှု ကျရှုံးပါက သူမသည် ရှေ့သို့ ထွက်ပေါ်လာရန် မလိုအပ်တော့ပေ။ ဧကရာဇ်ယန်သည်လည်း သူမနှင့် သူမ၏ဘေးမှ လူများကို ထိုမျှ လွယ်ကူစွာ အာရုံစိုက်မိတော့မည် မဟုတ်ပေ။ ဤသို့ဆိုလျှင် လီရှောင်နှင့် ချီဝူတပ်သားများမှာ ပို၍ လုံခြုံပေမည်။

သို့သော် မင်းဆရာကြီးက အမှန်တကယ်ပင် သူမအား စာအုပ် ရေးသားရန်၊ သူမအား ဩဇာအာဏာ တည်ဆောက်ပေးရန် အဆိုပြုခဲ့၏။ ဤ ဧကရာဇ်မင်း၏ အာဏာသာ အထွတ်အထိပ် ဖြစ်သော ခေတ်ကြီးထဲတွင် သူမနှင့် လီရှောင်သည် အမှန်တကယ်ပင် ဤသို့သော အကာအကွယ် အဆောင်လက်ဖွဲ့ တစ်ခု လိုအပ်နေ၏။ ဤသို့မှသာ နောင်တွင် အန်းယန်ဝမ် ထီးနန်း တက်ပြီးနောက် သူမနှင့် လီရှောင်အပေါ် အပြစ်ရှာလာခြင်းကို ရှောင်ရှားနိုင်ပေမည်။

ဤသို့ဆိုလျှင် မနက်ဖြန်၏ စစ်ဆေးမှုကို သူမ ရှုံးနိမ့်၍ မဖြစ်တော့ပေ။ မနက်ဖြန်၏ စစ်ဆေးမှုသာမက သုံးရက်နေလျှင် ချူ၊ ကျင်း သံတမန်များနှင့် ယှဉ်ပြိုင်ရာတွင်လည်း သူမ အစွမ်းကုန် ကြိုးစား၍ တစ်ဖက်လူကို အနိုင်တိုက်မှသာ ဖြစ်ပေမည်။

"ဟုတ်ကဲ့ပါ။ သေချာပေါက် အစွမ်းကုန် ကြိုးစားမှာပါ"

ဤအရာများကို တွေးမိသဖြင့် လင်းရှောင်ယွဲ့က မင်းဆရာကြီးအား ပြောလိုက်သည်။

လျိုဝူကျီသည် ထိုအခြေအနေကို မြင်မှ ထိုအခါမှ အနည်းငယ် စိတ်အေးသွား၏။

အပြင်ဘက် ပျော်ပွဲစားပွဲသည် ညမှောင်သည်အထိ ဆက်လက် ကျင်းပပြီးမှသာ ပြီးဆုံးသွား၏။ လူတိုင်း အရက် အပြည့်အဝ သောက်သုံးပြီး ထမင်း ဝလင်စွာ စားသုံးပြီးနောက် မေဟွားခြံမှ ထွက်ခွာချိန်တွင် အားလုံး အနည်းငယ် နှုတ်ဆက် ထွက်ခွာရန် တွန့်ဆုတ်နေကြ၏။

.....

ညဉ့်အချိန် ဖြစ်၏။

လင်းရှောင်ယွဲ့သည် ခဏမျှ လှုပ်ရှားပြီးနောက် မျက်နှာသစ် သန့်စင် ပြီးစီးသဖြင့် အိပ်စက်ရန် ပြင်ဆင်လိုက်၏။ ပြတင်းပေါက်မှမူ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

ခေါင်းလှည့်လိုက်သည်နှင့် ပြီးလျှင် လင်းရှောင်ယွဲ့သည် သူမထံသို့ လာနေသော သူမ၏ခင်ပွန်းကို တွေ့လိုက်ရ၏။ စိတ်ထဲတွင် ချက်ချင်း တည်ငြိမ်သွား၏။ လင်းရှောင်ယွဲ့သည် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ပြီး လီရှောင်၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်၏။

အင်း၊ မွှေးနေတာပဲ၊ ရေချိုးပြီးသွားပြီပေါ့...

လီရှောင်သည် သူ့ဇနီးလေးကို ပြန်လည် ပွေ့ဖက်လိုက်ပြီး မျက်နှာထက်တွင်လည်း ကျေနပ်သော အရိပ်အယောင်များ ပေါ်ပေါက်လာ၏။

"မနက်ဖြန်ကျရင် စစ်ဆေးမှု ရှိသေးတယ်။ စောစော အနားယူတော့"

ပြီးနောက် အမှန်တကယ်ပင် လင်းရှောင်ယွဲ့ကို ပွေ့ချီလိုက်ပြီး ကုတင်ဆီသို့ လျှောက်သွား၏။

လင်းရှောင်ယွဲ့သည် တစ်ချက် လန့်သွားပြီးနောက် မျက်နှာမှာမူ ချက်ချင်း နီမြန်းသွား၏။

ဒီလူ ဘယ်ကနေသင်လာတာလဲ။ မင်းသမီးလေး ပွေ့ချီနည်းပဲ...

လင်းရှောင်ယွဲ့ကို ကုတင်ပေါ်သို့ တင်ပေးပြီးနောက် လီရှောင်သည်လည်း လိုက်၍ တက်သွား၏။ ပြီးနောက် စောင်ပါးကို ဆွဲယူ၍ ဇနီးအား ခြုံပေးလိုက်၏။

လင်းရှောင်ယွဲ့မှာမူ မျက်လုံးကြီး တစ်စုံဖြင့် လီရှောင်ကို ဝိုင်းစက်သော အကြည့်ဖြင့် စိုက်ကြည့်နေပြီး မျက်လုံး မှိတ်မည့် အရိပ်အယောင် လုံးဝ မရှိပေ။

လီရှောင်သည် ရယ်မောမိသွား၏။

"ဘာကြည့်နေတာလဲ။ မအိပ်သေးဘူးလား" ဟု မေးလိုက်သည်။

လင်းရှောင်ယွဲ့၏နှလုံးသား လှုပ်ရှားသွား၏။

"ကျွန်မအိမ်က ရဲရင့် ခန့်ညားတဲ့ ယောက်ျားကို ကြည့်နေတာပေါ့" ဟု စနောက်လိုက်၏။

လီရှောင်၏အမူအရာ တောင့်တင်းသွားပြီးနောက် မျက်ဝန်းထဲတွင် ပူလောင်သော အရိပ်အယောင် ဖြတ်ပြေးသွား၏။ ယောက်ျားဖြစ်သူ တိုးကပ်လာတော့မည်ကို မျက်စိရှေ့တွင် မြင်တွေ့နေရ၏။ လင်းရှောင်ယွဲ့သည် စိတ်ထဲ၌ အခြေအနေ မကောင်းတော့ဟု အော်ဟစ်လိုက်ပြီး အလျင်အမြန် တစ်ပတ် လှိမ့်ကာ လီရှောင်ကို ရှောင်တိမ်းလိုက်၏။

ဒုက္ခပါပဲ၊ သူမ၏ခင်ပွန်းသည် စနောက်၍ မရသည်ကို မေ့လျော့သွား၏။

လီရှောင်၏ မျက်ဝန်းထဲတွင် ဆုံးရှုံးမှု အရိပ်အယောင် ဖြတ်ပြေးသွားပြီးနောက် မျက်နှာထက်တွင် အပြုံးတစ်ခု ထပ်မံ ပေါ်လာ၏။ ပြီးနောက် စောင်ပါးကို ဆွဲယူ၍ သူမကိုယ်ပေါ် ခြုံလိုက်ပြီး သူလည်း လှဲချလိုက်၏။

ထားလိုက်တော့၊ နေရာ မမှန်သေးပေ...

လင်းရှောင်ယွဲ့သည် စိတ်ထဲ၌ စိုးရွံ့နေစဉ် ခါးသိမ်သည် ရုတ်တရက် ခင်ပွန်းဖြစ်သူ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရပြီးလျှင် လူတစ်ကိုယ်လုံး ယောက်ျားဖြစ်သူ၏ ရင်ခွင်ထဲသို့ ကျရောက်သွား၏။ ပူလောင်လှသော်လည်း ကိုယ်နံ့မှာမူ သင်းပျံ့လှ၏။

ထိုအမျိုးသမီးသည် ချက်ချင်း နှလုံးခုန်သံများ မိုးကြိုးပစ်သကဲ့သို့ ဖြစ်သွားပြီး သူမ၏ ခုနက အပြုအမူကို အမှန်တကယ် နောင်တရသွား၏။

"ယွဲ့အာ၊ ကိုယ်..." ခဏအကြာတွင် လီရှောင်သည် နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ပြောလိုက်သည်။

"ရှင်... ဘာဖြစ်လို့လဲ" လင်းရှောင်ယွဲ့၏ မျက်နှာ နီမြန်းမှုသည် နားရွက်ဖျားအထိ ရောက်ရှိနေပြီဟု ခံစားလိုက်ရ၏။

ကိုယ်သည် တောင့်တင်းနေပြီး လှုပ်ပင် မလှုပ်ဝံ့ပေ။

"ကိုယ်တို့တွေ သာ့ရှီရွာကို ပြန်ရောက်ရင်၊ ဖြစ်နိုင်... ဖြစ်နိုင်..." လီရှောင်သည် လည်ချောင်း ခြောက်ကပ်နေသည်ကိုသာ ခံစားလိုက်ရပြီး အကြိမ်နှစ်ကြိမ် ဆက်တိုက် ကြိုးစားသော်လည်း မိမိ ပြောလိုသော စကားကို မပြောထွက်ခဲ့ပေ။

အလွန် နှိပ်စက်လွန်းလှ၏၊ သူ့ဇနီးငယ်လေးသည် သူ့ကို အမှန်တကယ် သံလူသားဟု ထင်နေတာလား။ ဤအတိုင်းသာ ဆက်သွားပါက သူ မိမိကိုယ်မိမိ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်မိ၏။

လင်းရှောင်ယွဲ့၏ နှလုံးသား ပူလောင်လာပြီး ချွေးပင် ထွက်လာတော့မည်ဟု ခံစားလိုက်ရ၏။

"အင်း..." ပြီးနောက် ခြင်အော်သံကဲ့သို့ အသံဖြင့် အမှန်တကယ်ပင် တစ်ခွန်း ပြန်ဖြေလိုက်၏။

လီရှောင်သည် ချက်ချင်း မှင်တက်သွားပြီး နားကြား မှားယွင်းသွားသည်ဟု ထင်လိုက်၏။

အတန်ကြာမှ လည်ချောင်း ခြောက်ကပ်စွာဖြင့် မေးလိုက်သည်မှာ၊ "ခုနက... ယွဲ့အာ၊ ခုနက မင်း... ပြန်ဖြေလိုက်တာလား"

လင်းရှောင်ယွဲ့သည် စိတ်ထဲ၌ ရှက်ရွံ့ ဒေါသထွက်သွား၏။

"ဘာကို ပြန်ဖြေရမှာလဲ။ ရှင် နားကြား မှားတာပဲ။ ညကြီးမင်းကြီး ဒီကိစ္စကို ဆွေးနွေးနေတယ်၊ အိပ်ပြီ" ဟု ဆိုပြီးနောက် လီရှောင်၏လက်ထဲမှ ရုန်းထွက်ကာ အနည်းငယ် ဝေးရာသို့ ရွှေ့လိုက်၏။

ဆောင်းဦးနှောင်းပိုင်းသို့ပင် ရောက်ရှိတော့မည် ဖြစ်ပြီး ရာသီဥတုမှာ ရှင်းလင်းစွာပင် တဖြည်းဖြည်း အေးမြလာပြီ ဖြစ်၏။ သို့သော် ထိုလူကြီး၏ ကိုယ်မှာမူ မီးဖိုတစ်ခုကဲ့သို့ပင်၊ အလွန် ပူလွန်းလှ၏။ သူမ အနည်းငယ် ဝေးရာသို့ ခွာလိုက်ခြင်းက ပို၍ အေးမြပေမည်။

လီရှောင်သည် ကြားပြီးသော် ဝမ်းနည်းခြင်း မရှိသည့်အပြင် မျက်နှာမှာမူ ဝင်းပသွား၏။ အလျင်အမြန် တိုးကပ်သွားပြီး သူ့ဇနီးလေးကို ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် ဆွဲသွင်းလိုက်၏။

"ကိုယ် အားလုံး ကြားလိုက်တယ်။ ဘာပဲဖြစ်ဖြစ်၊ မင်း နောက်ပြန်လှည့်လို့ မရဘူးနော်..." ဟု စိတ်ကျေနပ်စွာ ပြောလိုက်သည်။

မလွယ်ကူလှပေသည်၊ တစ်နှစ်ကျော် ကြာပြီးနောက် သူ နောက်ဆုံးတွင် တိမ်ကင်းစင်၍ လထွက်သည်ကို မြင်တွေ့နိုင်တော့မည် ဖြစ်၏။

"ဘာကို နောက်ပြန်လှည့်ရမှာလဲ။ ပူလို့ သေတော့မယ်၊ လွှတ်" ဟု မီးတောက်နှင့် နောက်တစ်ကြိမ် ထိတွေ့မိသဖြင့် လင်းရှောင်ယွဲ့က ရုန်းကန်ရင်း ပြောလိုက်သည်။

ရှက်ဒေါသကြောင့် အမှန်တကယ်ပင် ကြမ်းတမ်းသော စကားတစ်ခွန်း ထွက်ပေါ်လာ၏။ လီရှောင်မှာမူ ဂရုမစိုက်သည့်အပြင် ဇနီးသည်မှာ ပို၍ပင် ချစ်စဖွယ် ကောင်းသည်ဟု ခံစားမိ၏။ အမှန်တကယ်ပင် လင်းရှောင်ယွဲ့ကို သေမတတ် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားဆဲ ဖြစ်၏။

"ကျင့်သားရသွားရင် ကောင်းသွားမှာပါ... အခု ပူတယ်။ ဆောင်းရာသီ ရောက်တဲ့အခါကျရင် နွေးထွေးတယ်လို့ ခံစားရလိမ့်မယ်..."

"ရှင်..."

တံခါး အပြင်ဘက်တွင် မေဟွားခြံသည် တဖြည်းဖြည်း တိတ်ဆိတ်သွား၏။ အခန်းထဲတွင် ပင်ပန်းနွမ်းနယ်သွားသော လူအများ၊ တဖြည်းဖြည်း အိပ်မက် ကမ္ဘာထဲသို့ နစ်မြုပ်သွားကြ၏။

.......

နောက်တစ်နေ့။

လင်းရှောင်ယွဲ့ နိုးလာသောအခါ ဘေးတွင် လူ မရှိတော့ပေ။ စိတ်ထဲမှ ဆုံးရှုံးမှု ခံစားချက်ကို ရုတ်သိမ်းလိုက်ပြီး ကုတင်ပေါ်မှ ထလိုက်၏။

ကျောက်ရှန်းရှန်းသည် ရေနွေးကို ပြင်ဆင်ထားပြီးဖြစ်ရာ ပြုစုမည့်လူ ရှိသဖြင့် မကြာမီပင် လင်းရှောင်ယွဲ့သည် မိမိကိုယ်မိမိ သပ်ရပ်အောင် ပြင်ဆင်ပြီးစီးသွား၏။

"မနေ့က မင်းဆရာကြီးက ပြောတယ်။ နန်းတော်ထဲက စစ်ဆေးမှုက စစ်အချိန် (နံနက် ၉ နာရီမှ ၁၁ နာရီ) မှာ စတင်ရမယ်တဲ့။ ပြီးတော့ ဝင်ရောက်ဖို့လည်း အချိန် နည်းနည်း နှောင့်နှေးဦးမှာ။ မနက်စာ သုံးဆောင်ပြီးရင် သခင်မလေး ထွက်ခွာရတော့မယ်။"

"အင်း" လင်းရှောင်ယွဲ့က ပူးပေါင်းပါဝင်ဟန်ဖြင့် တစ်ခွန်း ပြန်ဖြေလိုက်၏။

ဤစစ်ဆေးပွဲကို အနိုင်ရရန် ဆုံးဖြတ်ပြီးစီးမှတော့ သူမ အစွမ်းကုန် ကြိုးစားပေမည်။

ကျောက်ရှန်းရှန်းသည် ထိုအခြေအနေကို မြင်သော် အနည်းငယ် စိတ်အေးသွား၏။ လျင်မြန်စွာပင် လင်းရှောင်ယွဲ့အား အဝတ်အစား လဲလှယ်၍ မျက်နှာသစ် သန့်စင်ပေးပြီးနောက် သူမအား အတော်အတန် တည်ကြည်သော မိတ်ကပ် အပြင်အဆင်မျိုး ပြင်ဆင်ပေးလိုက်၏။

မှန်ထဲမှ တည်ကြည်သော အမျိုးသမီးကို ကြည့်ရင်း လင်းရှောင်ယွဲ့သည် စိတ်ထဲ၌ ကျေနပ်သွား၏။ ဤမိတ်ကပ် အပြင်အဆင်သည် သူမ၏မျက်နှာထက်မှ ကလေးဆန်မှု အချို့ကို ဖုံးကွယ်ထားပြီး သူမအား အမှန်တကယ် မူရင်းအသက်ထက် အနည်းငယ် ပို၍ ကြီးရင့်သွားစေ၏။ ဤသည်မှာ အံကိုက်ပင်၊ ယခု သူမအတွက် "တည်ငြိမ်ခြင်း" ဟူသော စကားလုံး နှစ်လုံးမှာ အတော်အတန် အရေးကြီး၏။

အပြင်ဘက်အခန်းတွင် မနက်စာသည်လည်း ပြင်ဆင်ထားပြီး ဖြစ်၏။ လင်းရှောင်ယွဲ့သည် ဆန်ပြုတ် တစ်ပန်းကန်၊ ကြက်ဥ နှစ်လုံး သောက်သုံးပြီးနောက် ဆက်ပြီးမစားတော့ပေ။ စာမေးပွဲ သွားဖြေရမည် မဟုတ်လား၊ မစားလို့ မဖြစ်သလို အလွန်အကျွံ စားသုံးပြန်လျှင်လည်း ဦးနှောက် နှေးကွေးသွားစေနိုင်ပြီး ဆန့်ကျင်ဘက်အားဖြင့် စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်၏။ သင့်တင့်ရုံမျှ စားသုံးပြီး အနည်းငယ် ဆာလောင်မှု ခံစားချက်ကိုပင် ထိန်းသိမ်းထားမှသာ အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းထားနိုင်ပေမည်။

"သွားစို့" ပန်းကန်ကို ချလိုက်ပြီး လင်းရှောင်ယွဲ့သည် ထရပ်လိုက်၏။

"ဟုတ်ကဲ့" ကျောက်ရှန်းရှန်းက ပြန်ဖြေလိုက်၏။

ပြီးနောက် လင်းရှောင်ယွဲ့နောက်ကနေပြီး ထွက်လာခဲ့၏။

နှစ်ဦးသား အခန်းတံခါးမှ ထွက်လိုက်သည်နှင့် လီရှောင်လည်း ရောက်ရှိလာ၏။ လီရှောင်က ကျောက်ရှန်းရှန်းထံသို့ ကြည့်လိုက်ပြီးနောက် ကျောက်ရှန်းရှန်းသည် ချက်ချင်း သဘောပေါက်သွားပြီး မိမိ၏ သခင်မလေးကို သခင်လေးထံသို့ အပ်နှံကာ လှည့်ပြန်သွား၏။

နန်းတော်ထဲတွင် သွားလာ လှုပ်ရှားရန် အဆင်မပြေလှရာ လူအများအပြား သခင်မလေးနောက်သို့ လိုက်ပါရန် မသင့်တော်ပေ။ သခင်လေးက သခင်မလေးနှင့်အတူ လိုက်ပါသွားလိုမှတော့ သူမသည် မင်းဆရာကြီး၏ အိမ်တော်တွင်သာ နေခဲ့ရမည် ဖြစ်၏။

လင်းရှောင်ယွဲ့သည် လီရှောင်ကို တစ်ချက် ကြည့်လိုက်ပြီး များများ မပြောခဲ့ပေ။

မနေ့ညက ခင်ပွန်းဖြစ်သူက သူမကို ပြောထားခဲ့ပြီး ဖြစ်၏၊ ယနေ့ သူသည် သူ့အစ်မတော်နှင့် တွေ့ဆုံရန် နည်းလမ်း ရှာဖွေမည် ဖြစ်၏။ သူမ စစ်ဆေးမှု သွားရောက် ဖြေဆိုခြင်းမှာမူ သူ၏ အခွင့်အရေးကောင်း တစ်ခု ဖြစ်ပေမည်။

လင်မယားနှစ်ယောက်သည် အလွန် နားလည်မှုရှိကြပြီး ခဏအကြာတွင် ရှေ့ခန်းမဆောင်သို့ ရောက်ရှိလာကြ၏။ ဤအချိန်မှ လင်းရှောင်ယွဲ့သည် မင်းဆရာကြီး၊ မင်းသမီး၆ နှင့် လျန်ချန်းချိုင်တို့ အားလုံး ဤနေရာတွင် စောင့်ဆိုင်းနေကြသည်ကို သတိပြုမိလိုက်၏။

မျက်နှာထက်တွင် အားနာမှု အရိပ်အယောင် ဖြတ်ပြေးသွားပြီး လင်းရှောင်ယွဲ့သည် နောက်ကျနေခြင်းအတွက် အလျင်အမြန် တောင်းပန်လိုက်၏။

"ကိစ္စမရှိပါဘူး၊ ငါတို့တွေလည်း ခုမှ ရောက်တာ" လျိုဝူကျီက ပြုံးရင်း ပြောလိုက်သည်။ အကြည့်သည် တမင်တကာပင် လင်းရှောင်ယွဲ့၏ နောက်မှ လီရှောင်၏ကိုယ်ပေါ်သို့ "ဝေ့" သွားလိုက်၏။ "လူလည်း စုံမှတော့ ထွက်ကြတာပေါ့။"

"ဟုတ်ကဲ့" လူအများ ပြန်ဖြေလိုက်ကြ၏။

ထို့ကြောင့် လျိုဝူကျီသည် လူအများကို ခေါ်ဆောင်၍ မင်းဆရာကြီး၏အိမ်တော်မှ ထွက်ခွာခဲ့၏။ အိမ်တော် အပြင်ဘက်တွင် မြင်းလှည်းများ အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်သည်။ လူအများ မြင်းလှည်းပေါ်သို့ တက်လိုက်ကြပြီး လှည်းမောင်းသမားက မြင်းများကို မောင်းနှင်ကာ နန်းတော်ဥယျာဉ်ဆီသို့ ဦးတည် ထွက်ခွာသွား၏။

ဟုတ်သည်၊ ဧကရာဇ်ယန်သည် ဤစစ်ဆေးပွဲ၏နေရာကို နန်းတော်ဥယျာဉ်တွင် သတ်မှတ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ် စစ်ဆေးပေမည်။

မြင်းလှည်းပေါ်တွင် လင်းရှောင်ယွဲ့နှင့် လီရှောင်တို့သည် အချင်းချင်း စိုက်ကြည့်နေကြပြီး စကားတစ်ခွန်းမျှ မဆိုဘဲ အကြည့်များဖြင့်သာ ဆက်သွယ်နေကြသည်။

ခဏအကြာတွင် လီရှောင်သည် နောက်ဆုံးတွင် လင်းရှောင်ယွဲ့၏ လက်ကို ဆုပ်ကိုင်လိုက်၏။ အသံကို နှိမ့်၍ ပြောလိုက်သည်မှာ၊ "စိတ်ချ။"

နန်းတော်ဥယျာဉ်သည် နောက်ဘက် နန်းဆောင်များနှင့် သိပ်မဝေးကွာလှ။ ထို့အပြင် သူသည် အစ်မတော်နေသည့် အိပ်ဆောင် နန်းတော်၏ တည်နေရာကို သိရှိရာ သွားရောက် ရှာဖွေရန် မခက်ခဲပေ။

လက်ကို အဆုပ်ကိုင် ခံလိုက်ရသဖြင့် လင်းရှောင်ယွဲ့သည် အနည်းငယ် စိတ်အေးသွား၏။

"အချိန်ကို သတိထား။ စစ်ဆေးမှုက အများဆုံး သုံးနာရီ ပဲ ကြာမှာ။ တကယ်လို့ အချိန် နီးကပ်လာရင် အစ်မတော်ကို ရှာမတွေ့ဘူးဆိုရင်တောင် ရှင် အမြန်ဆုံး ဆုတ်ခွာ ပြန်လာခဲ့" ဟု လင်းရှောင်ယွဲ့က မှာကြားလိုက်၏။

စစ်ဆေးမှုသည် စစ်အချိန် (နံနက် ၉ နာရီ) တွင် စတင်ပြီး အများဆုံး ဝူအချိန် လေးဆယ့်ငါးမိနစ် (နေ့လယ် ၁၂:၄၅) အထိ ကြာမြင့်ပေမည်။ အဘယ်ကြောင့်ဆိုသော် ပြီးနောက်တွင် ဧကရာဇ်ယန်က စစ်ဆေးမှု အောင်မြင်သော ထိပ်ဆုံး သုံးယောက်အား စားသောက်ပွဲဖြင့် ဧည့်ခံရန် ရှိသောကြောင့် ဖြစ်၏။ ထိုအချိန်ကျမှ လီရှောင်သာ အချိန်မီ ပြန်မလာနိုင်ပါက သူတို့သည် နန်းတော်ဥယျာဉ်မှ ထွက်ခွာရမည်ဖြစ်ပြီး သူ နောက်ပိုင်းတွင် ပြဿနာ တက်ပေလိမ့်မည်။

"အင်း" လီရှောင်က လေးနက်စွာ ပြန်ဖြေလိုက်၏။

ခဏအကြာတွင် ဖြည်းညှင်း သက်သောင့်သက်သာ သွားလာနေသော မြင်းလှည်းသည် နောက်ဆုံးတွင် ရပ်တန့်သွား၏။

လင်းရှောင်ယွဲ့သည် မြင်းလှည်းပေါ်မှ ဆင်းလိုက်၏။ ထိုအခါမှ အနီးအနားတွင် မြင်းလှည်းများ မနည်းမနော ရပ်တန့်ထားသည်ကို တွေ့မြင်လိုက်ရပြီး မလှမ်းမကမ်းတွင် နန်းတော်ဥယျာဉ်သို့ ဝင်ရောက်ရန် လူများ တန်းစီစောင့်ဆိုင်းနေကြသည်ကိုပါ တွေ့လိုက်ရ၏။ သို့သော် သူတို့၏ မြင်းလှည်း ယာဉ်တန်း ပေါ်ထွက်လာသည်နှင့် လူတစ်ယောက် ကြိုဆိုရန် ရောက်ရှိလာ၏။ သဘာဝအတိုင်း သူမ၏မျက်နှာကို ကြည့်ခြင်း မဟုတ်ဘဲ မင်းဆရာကြီးနှင့် မင်းသမီး၆တို့ကြောင့် ဖြစ်၏။

မင်းဆရာကြီးနှင့် မင်းသမီး၆တို့ ရှိနေသဖြင့် လင်းရှောင်ယွဲ့သည်လည်း အထူးဆက်ဆံရလေသည်။ တန်းစီရန် မလိုအပ်ဘဲ လျင်မြန်စွာပင် မင်းဆရာကြီးနှင့် မင်းသမီး၆တို့နောက်သို့ လိုက်ပါ၍ နန်းတော်ဥယျာဉ်ထဲသို့ ဝင်ရောက်သွား၏။

တံခါး မဝင်မီ လင်းရှောင်ယွဲ့သည် နောက်ဆုံးအနေဖြင့် လီရှောင်ကို တစ်ချက် ကြည့်လိုက်၏။ လီရှောင်မှာမူ ပိုးပဝါပါးကို ဖြတ်သန်း၍ သူမအား ခိုင်မာသော အကြည့်တစ်ချက် ပေးလိုက်၏။

လီရှောင်၏ ကိစ္စကို ထပ်မံ စိတ်ပူပန် မနေတော့ဘဲ လင်းရှောင်ယွဲ့သည် စိတ်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး နောက်ဆက်တွဲ စစ်ဆေးမှုအတွက် အာရုံစူးစိုက် ပြင်ဆင်လေတော့၏။

နန်းတော်ဥယျာဉ်ထဲသို့ ဝင်ရောက်ပြီးနောက် မင်းဆရာကြီးသည် သုံးဦးသားကို ခေါ်ဆောင်၍ ခရီးတစ်ထောက်လျှောက်သွားပြီးနောက် ခြေလှမ်းများကို ရပ်တန့်လိုက်၏။

"အချိန် မစောတော့ဘူး။ မင်းတို့ သုံးယောက် အခုပဲ ဆိုင်းဘုတ် သွားယူကြ။ ပြီးရင် နေရာတွေမှာ သွားပြီး စစ်ဆေးမှု စတင်တာကို စောင့်နေကြတော့။ ငါ့နောက်ကို ထပ်လိုက်နေစရာ မလိုတော့ဘူး" ဟု လျိုဝူကျီက ပြောလေသည်။

ဟုတ်သည်၊ လင်းရှောင်ယွဲ့သာမက လျန်ချန်းချိုင်နှင့် မင်းသမီး၆တို့သည်လည်း ဤတစ်ကြိမ် စစ်ဆေးမှုတွင် စာရင်း ပေးသွင်းထားကြ၏။ ထို့အပြင် ထိုအထဲမှ အလားအလာ ရှိသော ပြိုင်ပွဲဝင်များလည်း ဖြစ်ကြ၏။ မနေ့က မတိုင်မီ မင်းသမီး၆သည် မူလက မိမိကိုယ်မိမိ ယုံကြည်မှု အပြည့် ရှိနေပြီး သူမ ပထမ မရနိုင်လျှင်တောင် ဒုတိယတော့ ရနိုင်သည်ဟု ထင်မြင်ခဲ့၏။ သို့သော် လင်းရှောင်ယွဲ့နှင့် တွေ့ဆုံပြီးနောက် သူမသည် ပထမနေရာကို လုံးဝ မျှော်လင့်ချက် မရှိတော့ဟု ခံစားမိ၏။ ယခု ဒုတိယ သို့မဟုတ် တတိယကိုသာ ကြိုးစားကြည့်ရတော့မည်။

"ဟုတ်ကဲ့" သုံးဦးသား တစ်သံတည်း ပြန်ဖြေလိုက်ကြ၏။

လျိုဝူကျီ ထွက်ခွာသွားသည်ကို စောင့်ဆိုင်းပြီးမှ မင်းသမီး၆သည် ပုံမှန် လှုပ်ရှား တက်ကြွမှုသို့ ပြန်ရောက်သွား၏။

"သွားစို့၊ လောင်ရှစ်။ ကျွန်မ ရှင့်ကို နံပါတ်ကတ်ပြား သွားယူဖို့ ခေါ်သွားမယ်" ဟု လင်းရှောင်ယွဲ့၏ လက်မောင်းကို လှမ်းဆွဲလိုက်၏။

လင်းရှောင်ယွဲ့၏ ကိုယ်သည် တစ်ချက် တောင့်တင်းသွားပြီး အရပ်လေးမျက်နှာ ရှစ်မျက်နှာမှ ကျရောက်လာသော အကြည့်များကို ရင်ဆိုင်ရင်း မင်းသမီး၆၏ ချစ်ကြည်ရင်းနှီးမှုကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။

သူမလို အာဏာ မရှိ၊ သြဇာ မရှိသော တောသူမတစ်ယောက်အား ကာကွယ်ပေးမည့်သူ ရှိခြင်းသည် ကောင်းသော ကိစ္စ ဖြစ်၏။

မင်းသမီး၆သည် လင်းရှောင်ယွဲ့၏တုံ့ပြန်မှုကို မြင်သော် မျက်နှာထက်တွင် ပြုံးလိုက်၏။

သူမသည် လောင်ရှစ် ဤခဏတွင် မည်သို့သော အတွေးများ ရှိနေသည်ကို ဂရုမစိုက်ပေ။ ဆရာက သူမအား ကပ်တွယ်ခွင့်ပြုပြီး အခြားသူများကို လောင်ရှစ်နှင့်သူမ၏ ဆက်ဆံရေးမှာ နီးစပ်ကြောင်း တွေ့မြင်စေလျှင် ဤသည်မှာ လုံလောက်ပြီ ဖြစ်၏။

နောက်မှ လျန်ချန်းချိုင်သည် ထိုအခြေအနေကို မြင်သော် ပြုံးလိုက်ပြီး များများ မပြောခဲ့ပေ။ မိမိသဘောအလျောက် နှစ်ဦးသားနောက်သို့ လိုက်ပါသွား၏။

မင်းသမီး၆အပြင် သူတို့ မင်းဆရာကြီး၏ အိမ်တော်သည်လည်း သခင်မလီအတွက် အားဖြည့်ပေးရမည် မဟုတ်လား။

လျင်မြန်စွာပင် သုံးဦးသားသည် နံပါတ်ကတ်ပြားများ ထုတ်ယူသည့် နေရာသို့ ရောက်ရှိလာကြ၏။ ကတ်ပြားများ ထုတ်ပေးသောသူသည် မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့ကို မြင်သော် အလျင်အမြန် အရိုအသေ ပေးလိုက်၏။ ပြီးနောက် သူတို့အား တန်းစီခိုင်းခြင်း မပြုဘဲ နံပါတ်ကတ်ပြားများကို ရှာဖွေ ထုတ်ယူ၍ သုံးဦးသားကို ပေးအပ်လိုက်၏။

"ဟားဟား၊ လောင်ရှစ်၊ ကျွန်မက နံပါတ်တစ်၊ ရှင်က နံပါတ်နှစ်။ တို့နှစ်ယောက် ကပ်လျက်ပဲ" မင်းသမီး၆က လင်းရှောင်ယွဲ့၏ နံပါတ်ကတ်ပြားကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဝမ်းမြောက်ဝမ်းသာဖြင့် မိမိ လက်ထဲမှ နံပါတ်ကတ်ပြားကို မြှောက်ပြလိုက်၏။

မြင်ရသည်မှာ ဘေးမှ လျန်ချန်းချိုင်မှာမူ မိမိ လက်ထဲမှ ကတ်ပြားကို တစ်ချက် ကြည့်လိုက်ပြီး မျက်နှာ အနည်းငယ် စိတ်ပျက်သွား၏။ သူ၏ နံပါတ်ကတ်ပြား နံပါတ်စဉ်မှာ ၁၀ ဖြစ်ရာ သူမတို့ နှစ်ဦးနှင့် အတော်အတန် အကွာအဝေး ရှိနေ၏။

လင်းရှောင်ယွဲ့က ပြုံးလိုက်၏။

"ခန့်မှန်းရသလောက်တော့ ငါတို့တွေက မိန်းကလေးတွေချည်းပဲ ဖြစ်နေလို့ ဖြစ်မယ်။ စစ်ဆေးမှု ဝင်ရောက်ဖြေဆိုတဲ့ မိန်းကလေးက နည်းတယ်။ ဒါကြောင့် ငါတို့တွေကို ရှေ့မှာ ထားလိုက်တာ ဖြစ်မယ်။"

ဤစကား ထွက်လာသည်နှင့် လျန်ချန်းချိုင်သည် ချက်ချင်း သဘောပေါက်သွား၏။ ဟုတ်ပေသည်၊ ကြားရသည်မှာ ယခင်က သခင်မလီ တစ်ဦးတည်းသာ ဤစစ်ဆေးပွဲကို ဝင်ရောက် ဖြေဆိုမည့် မိန်းကလေး ဖြစ်၏။ ပြီးနောက် မင်းသမီး၆က ဤကိစ္စကို ကြားသိသွားပြီး ဧကရာဇ်မင်းမြတ်ထံသို့ သွားရောက်ကာ အတင်းအကျပ် နာမည် ထည့်သွင်းခိုင်းခဲ့သည်ဟု ကြားသိရ၏။ အသုံးပြုခဲ့သော အကြောင်းပြချက်မှာလည်း အခြား မိန်းကလေးက စစ်ဆေးမှု ဝင်ရောက် ဖြေဆိုနိုင်လျှင် ဘာကြောင့် သူမကရော မဖြစ်နိုင်ရမှာလဲဟူ၍ ဖြစ်၏။ ဧကရာဇ်မင်းမြတ်သည် ခန့်မှန်းရသလောက် မင်းသမီး၆ကို နှစ်သိမ့်ရန်အတွက်သာ မင်းသမီး၆အား ပြိုင်ပွဲ ဝင်ရောက်ခွင့်ကိုပါ သဘောတူလိုက်ခြင်း ဖြစ်၏။

မင်းသမီး၆က ခေါင်းညိတ်လိုက်၏။

"ဆရာ ပြောတာ မှန်တယ်။"

ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူ၏။ မင်းသမီး၆၏ မျက်လုံးထဲတွင် အရောင်အဝါတစ်ချက် ပေါ်ပေါက်လာ၏။

"ကျွန်မတို့ မိန်းကလေး နှစ်ယောက်တည်းပဲ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုတာ။ လောင်ရှစ် ရှင် ပြောကြည့်။ တကယ်လို့ ကျွန်မတို့နှစ်ယောက်က ထိပ်ဆုံး နှစ်နေရာကို ယူလိုက်မယ်ဆိုရင် သူတို့ ဒီ ယောက်ျားတစ်အုပ်လုံးကို မျက်နှာ အိုးမည်း သုတ်လိုက်သလို ဖြစ်မလား။"

လျန်ချန်းချိုင်၏မျက်နှာ ချက်ချင်း တောင့်တင်းသွား၏။ အဘယ်ကြောင့်ဆိုသော် မင်းသမီး၆က "ယောက်ျားတစ်အုပ်" ဟု ထည့်သွင်း ပြောကြားချိန်တွင် သူ့ကို ကြည့်၍ ပြောနေသောကြောင့် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်မှ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုကြမည့် ပညာရှင်ကြီးများသည်လည်း မင်းသမီး၆၏ စကားကို ကြားလိုက်ကြ၏။ လူအများအပြားသည် အသီးသီး ထူးဆန်းသော အကြည့်များဖြင့် သူမတို့ထံသို့ လှမ်းကြည့်လိုက်ကြ၏။

လင်းရှောင်ယွဲ့သည် အနည်းငယ် ကျောထဲ စူးသကဲ့သို့ ခံစားလိုက်ရ၏။ ခေါင်းကို မော့မြဲ မော့ထားဆဲ ဖြစ်ပြီး အခြေအနေကို မသိရှိသေးသော သို့မဟုတ် လုံးဝ ဂရုမစိုက်သော မင်းသမီး၆ကို တစ်ချက် ကြည့်လိုက်၏။

"အဟမ်း အဟမ်း၊ ဒီနေ့ ပြိုင်ပွဲ ဝင်ရောက်မယ့်သူတွေ အားလုံးက သာ့ယန်ရဲ့ အထူးချွန်ဆုံး ဂဏန်းသင်္ချာ ပညာရှင်ကြီးတွေချည်းပဲ။ အနိုင်ရချင်တာက ဘယ်မှာ အဲ့လောက် လွယ်ကူမှာလဲ။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မာနထောင်လွှားလို့ မဖြစ်ဘူး" ဟု လင်းရှောင်ယွဲ့က ပြောလိုက်သည်။

မင်းသမီး၆သည် လင်းရှောင်ယွဲ့ ဤမျှ ကျိုးနွံသည်ကို ကြားသော် ပြန်လည် ချေပရန် ပြင်လိုက်၏။ သို့သော် လင်းရှောင်ယွဲ့က သူမအား အကြည့်တစ်ချက် ပေးသည်ကို မြင်သော် ထပ်မံ ရပ်တန့်လိုက်၏။

အယ်၊ သူမ မေ့သွားခဲ့တာပဲ။ လောင်ရှစ်သည် သူမနှင့် အဆင့်အတန်း မတူညီတာကြောင့် အမုန်းတရားများ ဆွဲယူလိုခြင်း မရှိပေ။ သူမသာ၊ ဆရာ့ထံသို့ ပြဿနာ ယူဆောင်လာခဲ့မိသကဲ့သို့ပင်။

ဤသို့ တွေးမိသဖြင့် မင်းသမီး၆သည် ဤကိစ္စကို ဆက်လက်၍ အငြင်းပွားခြင်း မပြုတော့ပေ။

All Chapters