← Chapters

အချိန်မတိုင်မီ စာရွက် လာတင်ခြင်း

Vol. 19 Ch. 397

အချိန်မတိုင်မီ စာရွက် လာတင်ခြင်း

Vol. 19 Ch. 397

"အချိန် နီးလာပြီ လောင်ရှစ်၊ ကျွန်မတို့တွေ အရင်ဆုံး နေရာမှာ သွားစောင့်နေကြရအောင်" ဟု မင်းသမီး ၆က ပြောလိုက်သည်။

"အင်း" လင်းရှောင်ယွဲ့က ပြန်ဖြေလိုက်၏။

သုံးဦးသား ထိုအခါမှ ပြင်ဆင်ထားသော စာမေးပွဲခန်းမဆီသို့ လျှောက်သွားကြ၏။

ကိုယ်ရံတော်က နံပါတ်ကတ်ပြားကို စစ်ဆေးပြီးစီးသွားပြီးနောက် လက်ဗလာဖြင့် စာမေးပွဲ ဧရိယာထဲသို့ ဝင်ရောက်သွားကြသည်။

စာမေးပွဲ ဧရိယာဟု ဆိုသော်လည်း နန်းတော်ဥယျာဉ်ထဲတွင် နေရာတစ်ခုကို သတ်မှတ် ပိုင်းခြားထားခြင်းသာ။ ပြီးနောက် ကွင်းပြင်ထဲတွင် သတ်မှတ်ထားသော အကွာအဝေးအလိုက် နိမ့်သော စားပွဲခုံများကို ချထားသည်။

စားပွဲခုံများပေါ်တွင် စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်တုံးတို့ကို ကြိုတင် ချထားပြီး ခဏနေလျှင် စစ်ဆေးမှု ဝင်ရောက် ဖြေဆိုမည့် လူများ အသုံးပြုရန် ဖြစ်၏။

စားပွဲခုံ၏ နောက်ဘက်တွင်မူ ဖျာများကို ခင်းထားပြီး အပေါ်တွင် ခပ်ပျော့ပျော့ကူရှင်တစ်ခုကို ထပ်မံ ချထား၏။ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုမည့် လူများသည် ပျော့သော ကူရှင်ပေါ်တွင် ထိုင်၍ ဖြေဆိုကြရမည် ဖြစ်၏။

လင်းရှောင်ယွဲ့တို့ သုံးဦး၏ နံပါတ်ကတ်ပြား နံပါတ်စဉ်များမှာ ရှေ့ဘက်တွင် ရှိရာ သုံးဦးသား များစွာ အားမစိုက်ရဘဲ သူတို့၏ နေရာကို ရှာဖွေ တွေ့ရှိသွားကြ၏။

လျန်ချန်းချိုင်သည် နှစ်ဦးသားနှင့် အတော်အတန် ဝေးကွာသော်လည်း လင်းရှောင်ယွဲ့မှာမူ မင်းသမီး၆နှင့် ကပ်လျက် ဖြစ်၏။

မင်းသမီး၆သည် နံပါတ်တစ် နေရာတွင် ထိုင်ချပြီးနောက် ဘေးသို့ စောင်းငဲ့၍ လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

"ဒီတစ်ခေါက် စစ်ဆေးမှုကို ခမည်းတော်က တော်တော် အလေးထားတယ်။ ကိုယ်တိုင်ကိုယ်ကျ လာပြီး ကြီးကြပ် စစ်ဆေးမှာ။ ပြီးတော့ စာမေးပွဲ မေးခွန်းတွေကိုလည်း ခမည်းတော်က ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ မင်းဆရာကြီးကို ပူးတွဲပြီး ထုတ်ခိုင်းထားတာ။ နောက်ဆုံးမှ သူက အဲ့ဒီထဲကနေ ရွေးချယ် သတ်မှတ်လိုက်တာ" မင်းသမီး၆က တက်ကြွစွာ ပြောလိုက်သည်။ "ကြားရတာ မေးခွန်းတွေက အရမ်း ခက်တယ်တဲ့"

လင်းရှောင်ယွဲ့သည် နှုတ်ခမ်းထောင့်များကို ကွေးညွှတ်လိုက်၏။

"အော်။ မင်းဆရာကြီးလည်း ပါဝင်ခဲ့တာလား" ဟု ပြုံးရင်း မေးလိုက်၏။

ယခင်က သူမ ကြားသိရသည်မှာ မင်းဆရာကြီး၏ ဂဏန်းသင်္ချာ စွမ်းရည်သည်လည်း အလွန် ထက်မြက်လှ၏။ သို့သော် ဤသို့ ဖြစ်ပါလျက် ဘာကြောင့်များ မင်းဆရာကြီးအား သာ့ယန်နိုင်ငံကို ကိုယ်စားပြု၍ ယှဉ်ပြိုင်စေခြင်း မပြုတာလဲ။ သူမ ရှင်းလင်းစွာ မသိသော်လည်း မင်းဆရာကြီး၏ ဂဏန်းသင်္ချာ စွမ်းရည်သည် မည်သို့သော အဆင့်သို့ ရောက်ရှိနေသည်ကို သူမ တိုက်ရိုက် ပြောပြနိုင်သည်မှာ သေချာပေါက် နိမ့်ကျမည် မဟုတ်ပေ။

"ဟုတ်တယ်၊ စစ်ဆေးမှုမှာသာ ထိပ်ဆုံး သုံးယောက်ထဲ ဝင်သွားရင် နောက်လာမယ့် နှစ်ရက်မှာ မင်းဆရာကြီးရဲ့ အိမ်တော်ကို သွားပြီး မင်းဆရာကြီးရဲ့ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုကို လက်ခံ ရရှိနိုင်တယ်။ ပြင်ဆင်မှုတွေ လုပ်ပြီးမှ နောက်ပိုင်းကျမှ ချူနဲ့ ကျင်းက သံတမန်တွေနဲ့ သွားပြိုင်ရမှာ"

ဤသည်မှာလည်း အဘယ်ကြောင့် သူမ ဤတစ်ကြိမ် စစ်ဆေးမှုကို ဤမျှ အလေးထားရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်၏။ အကယ်၍သာ ထိပ်ဆုံး သုံးယောက်စာရင်း ဝင်ရောက်နိုင်ပြီး မင်းဆရာကြီး၏ ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုကို ရရှိမည် ဆိုပါက နောက်ပိုင်းတွင် သူမ ချောမွေ့စွာ တပည့်အဖြစ် ခံယူနိုင်ဖွယ် ရှိ၏။

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။

"မင်းဆရာကြီးက ချူနဲ့ ကျင်း သံတမန်တွေနဲ့ ယှဉ်ပြိုင်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ မပါဝင်ဘူးလား"

မင်းသမီး၆သည် မျက်နှာထက်မှ အပြုံးကို နောက်ဆုံးတွင် ရုပ်သိမ်းလိုက်၏။

"မရဘူး။ ချူနဲ့ ကျင်းကလည်း ကျွန်မတို့ မင်းဆရာကြီးက ထက်မြက်တာကို သိတယ်။ တမင်တကာ အဆိုပြုထားတယ်။ မင်းဆရာကြီးကို အဲ့ဒီနေ့ ပြိုင်ပွဲမှာ တိုက်ရိုက် ပါဝင်ခွင့် မပြုဘူးတဲ့" မင်းသမီး၆က ဒေါသတကြီး ပြောလိုက်သည်။

သို့မဟုတ်ပါက ခမည်းတော်သည်လည်း ဤမျှ အင်အား စိုက်ထုတ်၍ တစ်နိုင်ငံလုံးမှ လူများကို ရွေးချယ်နေမည် မဟုတ်ပေ။

လင်းရှောင်ယွဲ့၏မျက်ဝန်းထဲတွင် ရှင်းလင်းစွာ နားလည်မှု အရိပ်အယောင် ဖြတ်ပြေးသွား၏။

ချူ နှင့် ကျင်းတို့သည်လည်း မင်းဆရာကြီးအား လုံးဝ မပါဝင်စေရန် တားဆီး၍ မရနိုင်မှန်း သိရှိပေမည်။ ထို့ကြောင့်မှ သူ့အား တိုက်ရိုက် မပါဝင်ရန် အဆိုပြုခဲ့ခြင်း ဖြစ်လောက်သည်။

ဟားဟား၊ မင်းဆရာကြီးကို ဒီလောက်တောင် ကြောက်နေကြတာလား...

သူမ နောက်ပိုင်း ချူ၊ ကျင်းတို့နှင့် ယှဉ်ပြိုင်ရာတွင် မင်းဆရာကြီး နောက်ကွယ်မှ ကူညီပေးမည်ကို သိရှိရသဖြင့် ဤအချိန်တွင် လင်းရှောင်ယွဲ့သည် အတော်အတန် စိတ်အေးသွား၏။

"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ၊ မင်းဆရာကြီး ကြွချီလာပါပြီ"

ဤအချိန်တွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

မူလက အနည်းငယ် ဆူညံနေသော နန်းတော်ဥယျာဉ်သည် ချက်ချင်း တိတ်ဆိတ်သွား၏။

လူတိုင်း အသီးသီး ဒူးထောက်လိုက်ကြပြီး ဧကရာဇ်မင်းမြတ်အား ဂါရဝပြုကြ၏။ လင်းရှောင်ယွဲ့သည်လည်း မင်းသမီး၏ အမူအရာအတိုင်း လိုက်၍ အရိုအသေ ပေးလိုက်၏။

ခဏအကြာတွင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ဧကရာဇ်ယန်သည် လင်းရှောင်ယွဲ့နှင့် မလှမ်းမကမ်းရှိ ပလ္လင်ပေါ်တွင် ဝင်ရောက် နေရာယူလိုက်၏။ လျိုဝူကျီမှာမူ ဧကရာဇ်ယန်၏ လက်အောက်မှ နေရာတွင် ထိုင်လိုက်၏။

"မတ်တပ်ရပ်ကြ" ဧကရာဇ်ယန်က ပြောလိုက်သည်။

"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်" ဟု လူတိုင်း တစ်သံတည်း ကျေးဇူးတင်စကား ပြောကြကာ အသီးသီး ထရပ်လိုက်ကြသည်။

ဧကရာဇ်ယန်၏ အကြည့်သည် အောက်မှ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုမည့် လူတစ်စုထံသို့ ဝေ့ဝဲကြည့်လိုက်၏။ မင်းသမီး၆ထံသို့ ကြည့်လိုက်သောအခါ သူ၏ ခြောက်ယောက်မြောက် သမီးတော်သည် သူ့အား ချစ်စဖွယ် မျက်တောင် တစ်ချက် ခတ်ပြသည်ကို တွေ့လိုက်ရ၏။

တည်ကြည်နေသော ဧကရာဇ်ယန်သည် ချက်ချင်း မထိန်းနိုင်တော့ဘဲ အမူအရာမှာ ခဏမျှ ပျက်ယွင်းသွား၏။ ပြီးနောက် မျက်နှာထားကို ပြန်လည် တင်းမာလိုက်ပြီး မင်းသမီး၆အား သတိပေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။ မင်းသမီး ၆ ကတော့ လျှာတောင်ပြန်ထုတ်ပြလိုက်သေးသည်။

ဧကရာဇ်ယန်သည် ခြောက်ယောက်မြောက် သမီးတော်ကို များများ ဂရုမစိုက်တော့ဘဲ ပြီးလျှင် အကြည့်သည် မင်းသမီး၆၏ ဘေးမှ လင်းရှောင်ယွဲ့ထံသို့ ရောက်ရှိသွား၏။

လင်းရှောင်ယွဲ့၏ မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့ပြီးနောက် မျက်ဝန်းထဲတွင် ခဏမျှ တုန်လှုပ်မှု ဖြစ်ပေါ်သွား၏။ ပြီးနောက် အမူအရာ မပျက်ဘဲ သူ့လက်အောက်တွင် ထိုင်နေသော လျိုဝူကျီကို တစ်ချက် ခိုးကြည့်လိုက်၏။

လျိုဝူကျီက လင်းရှောင်ယွဲ့ကို ပြုံးရင်း ကြည့်နေသည်ကို မြင်သော် မျက်မှောင်များ မသိလိုက်ဘဲ ကြုတ်သွား၏။ သို့သော် လျိုဝူကျီက ထူးခြားမှုကို ခံစားမိပြီး ဘေးသို့ စောင်းငဲ့၍ ဧကရာဇ်ယန်ထံသို့ ကြည့်လိုက်သောအခါ ဧကရာဇ်ယန်၏အကြည့်သည် လင်းရှောင်ယွဲ့၏ ကိုယ်ပေါ်မှ ရွှေ့ပြောင်းသွားပြီ ဖြစ်၏။

ဤအချိန်တွင် ဧကရာဇ်ယန်သည် တည်ကြည်သော အမူအရာသို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။

"စကြတာပေါ့" ဟု ဘေးမှ မိန်းမစိုးချုပ်ဟူအား တစ်ခွန်း ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ" ဟု မိန်းမစိုးချုပ်ဟူက အလျင်အမြန် ကိုယ်ကို ကိုင်းညွှတ်၍ အရိုအသေ ပေးလိုက်၏။

ပြီးနောက် မလှမ်းမကမ်းသို့ လက်တစ်ချက် ဝှေ့ယမ်းလိုက်၏။

နန်းတွင်း ကိုယ်ရံတော် တစ်စုသည် ချက်ချင်း စာမေးပွဲ စာရွက်များကို ယူဆောင်၍ လျှောက်လာကြ၏။ ပြီးနောက် တစ်ယောက်ချင်းစီ အစဉ်လိုက် ဝေငှကာ စာမေးပွဲ စာရွက်များကို ချပေးလိုက်ကြ၏။

မိန်းမစိုးချုပ်ဟူသည်လည်း နန်းတွင်း ကိုယ်ရံတော်များ စာမေးပွဲ စာရွက်များ ဝေငှ ပြီးစီးသည်ကို မစောင့်ဆိုင်းတော့ဘဲ လည်ချောင်းသံ ဟစ်၍ ပြောလိုက်သည်။

"စစ်ဆေးမှုက စုစုပေါင်း နှစ်ပိုင်း ခွဲထားပါတယ်။ ပထမ အပိုင်းက စာမေးပွဲ ဖြေဆိုခြင်း ဖြစ်ပါတယ်။"

"လူကြီးမင်းတို့ စာမေးပွဲ စာရွက် ရရှိပြီဆိုရင် ဖြေဆိုမှု စတင်နိုင်ပါပြီ။ ပြီးနောက် ၄၅မိနစ် ကြာရင် စာရွက် လာတင်ရပါမယ်။ စာရွက် လာတင်ပြီးနောက် နေရာမှာတင် စာရွက် စစ်ဆေးမယ့် သီးသန့်လူ ရှိပါတယ်။ ထိပ်ဆုံး အယောက် နှစ်ဆယ်ကို ရွေးချယ် ချန်ထားပြီး နောက်တစ်ဆင့် စစ်ဆေးမှုထဲကို ဝင်ရောက်စေပါမယ်။ ကျရှုံးသူများကတော့ မိမိသဘောအလျောက် ဆုလာဘ်များ ရယူပြီး ထွက်ခွာနိုင်ပါတယ်"

စကားဆုံးသော် မိန်းမစိုးချုပ်ဟူသည် များများ မပြောတော့ဘဲ ကိုယ်ရံတော်အား ရေနာရီကို ယူဆောင်လာရန် ညွှန်ပြလိုက်ပြီး အချိန် စတင် တိုင်းတာ၏။

အောက်မှ ဖြေဆိုသူများမှာမူ လင်းရှောင်ယွဲ့မှလွဲ၍ အပေါ်မှ အခြေအနေကို ဂရုပြုမိသူ တစ်ယောက်မျှ မရှိသလောက်ပင်၊ အားလုံး ဖြေဆိုမှု စတင်နေကြပြီ ဖြစ်၏။ လင်းရှောင်ယွဲ့၏ဘေးမှ မင်းသမီး၆ပင် ခြွင်းချက် မရှိပေ။

လင်းရှောင်ယွဲ့သည် အမှန်တကယ်တော့ ထို မ-ယူလာသော ရေနာရီကို အနည်းငယ် စူးစမ်းလိုစိတ် ရှိနေ၏၊ ရှေးခေတ် လူမျိုးများ၏ဉာဏ်ပညာသည် အလွန် မြင့်မားလှသည်ဟု အံ့ဩမိပြီး ဤသို့သော အချိန် တိုင်းတာသည့် နည်းလမ်းကိုပင် တွေးခေါ်နိုင်ခဲ့ပေသည်။

ဤမြင်ကွင်းမှာမူ ဧကရာဇ်ယန်၏ မြင်တွေ့ခြင်းကို တည့်တည့်မတ်မတ် ခံလိုက်ရ၏။ ဧကရာဇ်ယန်၏ မျက်မှောင်များ နောက်တစ်ကြိမ် ကြုတ်သွား၏။ လင်းရှောင်ယွဲ့အပေါ် အထင်အမြင်မှာ နောက်တစ်ကြိမ် အနည်းငယ် ဆိုးရွားသွား၏။

ယခင်ကတည်းက သူသည် မင်းဆရာကြီး၏အိမ်တော်က မိန်းမသားတစ်ယောက်အား ဂဏန်းသင်္ချာ စစ်ဆေးမှုသို့ ဝင်ရောက် ဖြေဆိုရန် ထောက်ခံခဲ့သည်မှာ အနည်းငယ် ယုတ္တိမတန်ဟု ခံစားခဲ့ရ၏။ ယခု လူကိုယ်တိုင်နှင့် တွေ့ဆုံမှ အနည်းငယ် နားလည်မှု ရရှိသွား၏။

အဲ့ဒီလိုဆိုတော့ရော။

ဂဏန်းသင်္ချာ စစ်ဆေးမှု၊ အရည်အချင်းရှိသူ ရွေးချယ်ခြင်းမှာ နိုင်ငံ့ ကိစ္စကြီး ဖြစ်ရာ မင်းဆရာကြီး ဤတစ်ကြိမ် အလွန် ပေါ့ဆ လွန်းလှ၏။

လင်းရှောင်ယွဲ့သည် ရုတ်တရက် အနည်းငယ် မူမမှန်ဟု ခံစားမိလိုက်ပြီးနောက် အကြည့်နောက်သို့ လိုက်ပါ ကြည့်လိုက်ရာ ဧကရာဇ်ယန်၏အကြည့်နှင့် ဆုံတွေ့သွား၏။

စိတ်ထဲ၌ တုန်လှုပ်သွားပြီး အလျင်အမြန် ခေါင်းငုံ့ချလိုက်၏။ ပြီးနောက် များများ မကြည့်ဝံ့တော့ဘဲ စာမေးပွဲ စာရွက်ကို ဆွဲယူလိုက်၏။

ဧကရာဇ်ယန်က ဒီလိုပုံစံရှိတာကိုး။ သူမအိမ်က ရှန့်ကုန်းနှင့် သိပ်မတူညီလှဘဲ အန်းယန်ဝမ်နှင့်မူ အနည်းငယ် ဆင်တူသော နေရာများ ရှိ၏။

ဟွန်း၊ ကံကောင်းလို့ ရှန့်ကုန်းနဲ့မတူတာ။ မဟုတ်ရင် တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းမှာ။

အတွေးများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး လင်းရှောင်ယွဲ့သည် များများ မတွေးတော့ဘဲ နောက်ဆုံးတွင် စာမေးပွဲ စာရွက်ပေါ်မှ မေးခွန်းများထံသို့ ကြည့်လိုက်၏။ ပြီးနောက် စုတ်တံကို ဆွဲယူ၍ မေးခွန်းများ စတင် ဖြေဆိုလေတော့သည်။

အပေါ်မှ မေးခွန်းများသည် လင်းရှောင်ယွဲ့အတွက် လုံးဝ မခက်ခဲပေ။ အကြီးမားဆုံး အခက်အခဲမှာ ဆန့်ကျင်ဘက်အားဖြင့် မေးခွန်း ဖတ်ရှုခြင်း ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သူမသည် ဤကမ္ဘာလောက၏ စာလုံးများနှင့် လုံလောက်အောင် ရင်းနှီး ကျွမ်းဝင်မှု မရှိသေးပေ။

ခန့်မှန်းခြေ မိနစ် သုံးဆယ်ကြာသော် လင်းရှောင်ယွဲ့သည် မေးခွန်း အားလုံးကို ဖြေဆိုပြီးစီးသွားသည့်အပြင် တစ်ကြိမ်ပါ ပြန်လည် တွက်ချက်စစ်ဆေးပြီး ဖြစ်၏။ ရလဒ်အနေဖြင့် ခေါင်းမော့လိုက်ရာ အစွန်အဖျား အကြည့်ဖြင့် သူမ၏ ဘယ်ဘက်မှ မင်းသမီး၆သည် စာကြမ်း စက္ကူပေါ်တွင် အပြင်းအထန် ရေးသားနေဆဲ ဖြစ်ပြီး မျက်မှောင်များမှာ တင်းတင်း ကြုတ်ထားသည်ကို တွေ့လိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူမ၏ ညာဘက်မှ အသက် လေးဆယ်၊ ငါးဆယ် အရွယ်ဟု ထင်ရသော လူလတ်ပိုင်း ယောက်ျားတစ်ဦးသည်လည်း မျက်နှာထား တည်ကြည်လျက် ခေါင်းငုံ့၍ တွက်ချက်နေ၏။

ပွဲတစ်ခုလုံး တိတ်ဆိတ်နေသည့် အခြေအနေအောက်တွင် သူမသည် နောက်ဘက်မှ ထွက်ပေါ်လာသော အကြမ်းစာရွက် လှန်လှောသံများကိုပင် ကြားနေရ၏။

လင်းရှောင်ယွဲ့သည် အနည်းငယ် ကြောင်သွား၏။

ဒါဆို၊ သူမ ဖြေဆိုသည့် နှုန်းက မြန်နေသေးတာလား။

လင်းရှောင်ယွဲ့ ကြောင်နေစဉ် အပေါ်မှ ဧကရာဇ်ယန်သည် သူမကို နောက်တစ်ကြိမ် သတိပြုမိသွား၏။ အခြားသူများ အားလုံး အလေးအနက် ဖြေဆိုနေကြချိန်တွင် သူမမှာမူ အနည်းငယ် ဂရုမစိုက်သော အမူအရာ ဖြစ်နေသည်ကို မြင်သော် ဧကရာဇ်ယန်၏ စိတ်ထဲတွင် ဒေါသစိတ်များ နောက်တစ်ကြိမ် ပေါ်ပေါက်လာ၏။

ဤမျှ ရှင်းလင်းသော အကြည့်ကို လင်းရှောင်ယွဲ့သည် မည်သို့ မခံစားမိဘဲ နေနိုင်ပါ့မလဲ။ ဧကရာဇ်ယန်နှင့် ထပ်မံ၍ မျက်နှာချင်းဆိုင်မိပြီးနောက် လင်းရှောင်ယွဲ့သည် လျင်မြန်စွာ နောက်တစ်ကြိမ် ခေါင်းငုံ့ချလိုက်၏။

ဘာအခြေအနေကြီးလဲ။ ဒီ ဧကရာဇ်ယန်၊ ဘာလို့ အမြဲတမ်း ဒီလို အကြည့်မျိုးနဲ့ သူ့ကို ကြည့်နေရတာလဲ။ သူမနဲ့ ရန်ငြိုး ရှိနေလို့လား။

ကောင်းပြီလေ၊ တိတိကျကျ ပြောရလျှင် အမှန်တကယ်ပင် ရန်ငြိုး ရှိသည်ဟု ဆိုနိုင်၏။ သို့သော် ဤလူသည် သူမ၏ခင်ပွန်းက နန်ကုန်းမိသားစုမှ လူ ဖြစ်သည်ကို မသိရှိသလောက်ပေ...

ဤအချိန်တွင် လျိုဝူကျီသည်လည်း နောက်ဆုံးတွင် ဧကရာဇ်ယန်နှင့် လင်းရှောင်ယွဲ့ကြားမှ အခြေအနေကို သတိပြုမိသွား၏။ ဧကရာဇ်ယန်၏ မျက်ဝန်း တစ်စုံသည် သူ့မြေးမလေးအပေါ် အလွန် မကျေမနပ်ဖြင့် စိုက်ကြည့်နေပြီး သူ့မြေးမလေးမှာမူ ခေါင်းပင် စားပွဲပေါ်သို့ မြှုပ်ထားလုနီးပါး ဖြစ်နေသည်ကို မြင်သော် လျိုဝူကျီ၏ စိတ်ထဲတွင်လည်း မကျေနပ်မှု စိတ်တစ်ချက် ပေါ်ပေါက်လာ၏။

"စာမေးပွဲ စာရွက် ဖြေဆို ပြီးစီးသွားရင် အချိန်မတိုင်ခင် စာရွက် လာတင်လို့ ရတယ်" ထို့ကြောင့် လျိုဝူကျီက ရုတ်တရက် ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် ဖြေဆိုသူများကြားမှ တိုးညှင်းသော အသံတစ်ချက် ထွက်ပေါ်လာ၏။

စာမေးပွဲက ဒီလောက်ခက်ခဲပြီး မေးခွန်းများကလည်း များပြားလှ၏။ စာမေးပွဲ စတင်သည်မှာ မကြာသေးပေ၊ ဤမျှ တိုတောင်းသော အချိန်အတွင်း ဘယ်သူကများ မေးခွန်း အားလုံးကို ဖြေဆို ပြီးစီးနိုင်မှာလဲ။'

ဧကရာဇ်ယန်သည် လျိုဝူကျီကို တစ်ချက် ကြည့်လိုက်၏။ သို့သော် များများ မပြောခဲ့ပေ။

ဤအချိန်တွင် လင်းရှောင်ယွဲ့သည် ဘယ်တစ်ချက် ကြည့်လိုက်၊ ညာတစ်ချက် ကြည့်လိုက် လုပ်နေ၏။ အချိန်မတိုင်မီ စာရွက် လာတင်သင့်၊ မတင်သင့်ကို တုံ့ဆိုင်းနေ၏။

ဧကရာဇ်ယန်က အန္တရာယ်ရှိသော အကြည့်ဖြင့် သူမအား အမြဲ ကြည့်နေသည်ကို တစ်ချက် တွေးမိပြီး သူမ၏ မေးခွန်းများမှာမူ ဖြေဆိုပြီးစီးသွားပြီ ဖြစ်ကာ တစ်ကြိမ်ပင် ပြန်လည် တွက်ချက် စစ်ဆေးပြီးပြီဖြစ်၍ ထိုင်နေလျှင်လည်း ပျင်းစရာကောင်းနေမည်ကို တစ်ချက် တွေးမိသွား၏။

ဒါကြောင့် စိတ်ပိုင်းဖြတ်လိုက်ပြီး ထရပ်လိုက်လေ၏။

ဧကရာဇ်ယန် မျက်မှောင်ကြုတ်သွားပြီး အသံထွက်၍ ဆူပူရန် ပြင်လိုက်၏။ ပြီးနောက် အမှန်တကယ်ပင် လင်းရှောင်ယွဲ့ ထရပ်ပြီးနောက် စာမေးပွဲ စာရွက်ကိုပါ ဆွဲယူလိုက်သည်ကို တွေ့လိုက်ရ၏။ ပြီးလျှင် ရှေ့ဘက်ဆီသို့ လျှောက်လှမ်းလာ၏။

ခဏအကြာတွင် လင်းရှောင်ယွဲ့သည် စာမေးပွဲ စာရွက်ကို မိန်းမစိုးချုပ်ဟူ၏ လက်ထဲသို့ ပေးအပ်လိုက်၏။ ပြီးနောက် ကိုယ်ရံတော်၏ ညွှန်ကြားမှုအောက်တွင် စာမေးပွဲ ဧရိယာမှ ထွက်ခွာသွား၏။

တုန်လှုပ်သွားပြီးနောက် ဧကရာဇ်ယန်၏အကြည့်သည် လျင်မြန်စွာပင် မထီမဲ့မြင် အမူအရာ အနည်းငယ် ပါဝင်လာ၏။

ဒါက သူ့ကိုယ်သူ မအောင်နိုင်မှန်းသိလို့ အဆုံးထိတောင် ဟန်ဆောင်ဖို့ ဆန္ဒမရှိတော့တာပဲ။ ဒါကြောင့်ပဲ အချိန်မပြည့်ခင် စာရွက်လာတင်သွားတာ။

လျိုဝူကျီသည် လင်းရှောင်ယွဲ့၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း အပြုံးအရိပ်အယောင်များ သန်းနေ၏။ ဂရုတစိုက် ကြည့်မည်ဆိုပါက ထိုအထဲတွင် မာနထောင်လွှားမှု အချို့ ပုန်းကွယ်နေသည်ကို တွေ့ရှိပေမည်။

သူ့မြေးမလေး၏ ဂဏန်းသင်္ချာ စွမ်းရည်သည် သာမန်လူများထက် များစွာ သာလွန်၏။ ဤမေးခွန်းများသည် သဘာဝအတိုင်း သူမကို မခက်ခဲစေနိုင်ပေ။

အောက်မှ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုသူများသည် အမှန်တကယ်ပင် တစ်စုံတစ်ယောက်က အချိန်မတိုင်မီ စာရွက် လာတင်သွားပြီး ထိုသူမှာ မိန်းမသားတစ်ယောက် ဖြစ်နေသည်ကို သတိပြုမိသော် စိတ်ထဲ၌ အသီးသီး အနည်းငယ် ထိတ်လန့်သွားကြ၏။

တစ်ယောက်ယောက်က အချိန်မပြည့်ခင် စာရွက်တင်သွားပြီဆိုတော့ ဒါ အချိန်ပြည့်တော့မယ်လို့ ဆိုလိုတာလား။

သို့သော် သူတို့တွင် မဖြေဆိုရသေးသော မေးခွန်းများ များစွာ ကျန်ရှိနေသေးသည်...

အခြား ဖြေဆိုသူများ ထိတ်လန့်သွားရုံသာမက မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့၏ စိတ်အခြေအနေသည်လည်း လိုက်ပါ၍ အနည်းငယ် မတည်ငြိမ် ဖြစ်သွားကြ၏။

သူတို့သည် လင်းရှောင်ယွဲ့က အမှန်တကယ် အချိန်မတိုင်မီ စာရွက် လာတင်သွားမည်ကိုမူ အံ့ဩခြင်း မဖြစ်မိကြပေ။ တစ်ချိန်တည်းမှာပင် ဤအခြေအနေကို မြင်သော် လင်းရှောင်ယွဲ့အတွက် အနည်းငယ် ဂုဏ်ယူမိကြသေး၏။ မည်သို့ပင် ဆိုစေကာမူ မင်းသမီး၆သည် ယခု လင်းရှောင်ယွဲ့ကို စံပြပုဂ္ဂိုလ်အဖြစ် သဘောထားနေပြီး လျန်ချန်းချိုင်မှာမူ ဧကရာဇ်ယန်ထံသို့ လင်းရှောင်ယွဲ့ကို ထောက်ခံခဲ့သူ ဖြစ်၏။

သို့သော် ကျန်ရှိနေသေးသော အချို့သော သူမတို့ မဖြေရှင်းနိုင်သေးသည့် မေးခွန်းများကို ရင်ဆိုင်ရသော် နှစ်ဦးသားသည်လည်း ကျပ်တည်းသော ခံစားချက်ကို ဖြစ်ပေါ်လာစေ၏။

ဒီနေ့စစ်ဆေးပွဲရဲ့ ပထမနေရာကတော့ သေချာပေါက် လောင်ရှစ်/သခင်မလီ ပဲ ဖြစ်မှာ။

သို့သော် ယခု ကြည့်ရသည်မှာ သူတို့ ဒုတိယ၊ တတိယ ရရှိရန်မှာလည်း လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ပေ...

စိတ်ထဲမှ ထိတ်လန့်မှုကို လျင်မြန်စွာ ဖိနှိပ်လိုက်ပြီး နှစ်ဦးသားသည် အာရုံကို အလျင်အမြန် စုစည်းကာ မေးခွန်းများကို ထပ်မံ ဖြေဆိုလေတော့သည်။

အပေါ်မှ ဧကရာဇ်ယန်သည် အောက်မှ လူအများ လင်းရှောင်ယွဲ့၏ သက်ရောက်မှု ခံလိုက်ရသည်ကို မြင်သော် မျက်နှာ အလွန် မကျေမနပ် ဖြစ်သွား၏။ စိတ်ထဲ၌ လင်းရှောင်ယွဲ့ကို ထပ်မံ၍ ဒေါသထွက်နေစဉ် ဤအချိန်တွင် လျိုဝူကျီသည် ရုတ်တရက် မိန်းမစိုးချုပ်ဟူကို လှမ်းကြည့်လိုက်၏။

"စာရွက် စစ်ဆေးမယ့် အရာရှိကော" ဟု မေးလိုက်၏။

မြေးမလေး၏ စာမေးပွဲအဖြေလွှာက အပ်ခဲ့ပြီဖြစ်ရာ ဘာကြောင့်များ အဖြေစစ်မယ့်သူကို မစီစဉ်ပေးရသေးတာလဲ။

မိန်းမစိုးချုပ်ဟူ စကားပြန် မဖြေရသေးမီ အပေါ်မှ ဧကရာဇ်ယန်သည် မျက်မှောင်ကြုတ်သွား၏။ ယခု စာမေးပွဲ စာရွက် တစ်စောင်တည်းသာ လာတင်ထားရာ အဖြေလွှာစစ်ဆေးမည့် အရာရှိက တစ်ချက် စစ်ဆေးလိုက်သည်နှင့် အမှတ် ထွက်ပေါ်လာနိုင်၏။ အမှတ် အနည်းငယ်မျှ မရရှိဘဲ ဟာသ ဖြစ်ပွားမည်ကို မကြောက်ဘူးလား။ မင်းဆရာကြီးသည် မင်းဆရာကြီးအိမ်တော်၏ မျက်နှာကိုပင် မလိုချင်တော့ဘူးလား။

လျိုဝူကျီသည်လည်း ဧကရာဇ်ယန်၏ မျက်နှာထားကို သတိပြုမိသော်လည်း ဂရုမစိုက်ခဲ့ပေ။

"စာရွက် စစ်ဆေးမယ့် အရာရှိကို စာရွက် စစ်ဆေးခိုင်းလိုက်၊ စောစောစီးစီး အဖြေ ထွက်လာရင် ပထမနေရာကို သတ်မှတ်လိုက်" ဟု လျိုဝူကျီက ဆက်ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် ဧကရာဇ်ယန်သည် နောက်ဆုံးတွင် မသည်းခံနိုင်တော့ဘဲ ဘေးသို့ စောင်းငဲ့၍ လျိုဝူကျီကို လှမ်းကြည့်လိုက်၏။

ပထမနေရာ ဟုတ်လား။

တကယ်ကို စကားကြီးစကားကျယ်တွေ ပြောရဲဆိုရဲနေတာပဲ။ မင်းဆရာကြီးက တကယ်ပဲ ထိုမိန်းကလေး ပထမနေရာရမယ်လို့ ထင်နေတာလား။ ဘယ်ကနေများ ဒီလိုယုံကြည်ချက်တွေ ရှိလာတာလဲ။

မိန်းမစိုးချုပ်ဟူမှာ ခက်ခဲသွား၏။ သို့သော် မင်းဆရာကြီး၏အကြည့်ကို မခံနိုင်သဖြင့် ဟုတ်ကဲ့ဟု တစ်ခွန်း ပြန်ဖြေလိုက်၏။ ပြီးနောက် ကိုယ်ရံတော်အား အဖြေလွှာစစ်ဆေးမည့် အရာရှိကို သွားရောက် အကြောင်းကြားခိုင်းလိုက်သည်။

အဖြေလွှာစစ်ဆေးမည့် အရာရှိ ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေသော ဤ အချိန်ခဏလေးအတွင်း လျိုဝူကျီ၏စိတ်ခံစားချက်မှာ အလွန် ကောင်းမွန်နေ၏။ ဧကရာဇ်ယန်၏ အကြည့်ကို လုံးဝ ဂရုမစိုက်သည့်အပြင် အမြဲတစေ ပြုံးရွှင်နေ၏။

ဤအချိန်တွင် ဧကရာဇ်ယန်သည်လည်း နောက်ဆုံးတွင် အနည်းငယ် တည်ငြိမ်သွားပြီး အချို့သော ထူးခြားမှုများကို သတိပြုမိလိုက်၏။ မင်းဆရာကြီးသည် ပုံမှန်အားဖြင့် တည်ငြိမ်၍ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ရှိပြီး၊ နှိမ့်ချသော စိတ်ထား ရှိကာ၊ အောင်မြင်မှု မသေချာသော အလုပ်ကို မလုပ်ပေ။ ယနေ့ ဤသို့ ဖြစ်ပျက်နေခြင်းသည် ထိုမိန်းကလေးနှင့် အနည်းငယ် ပတ်သက်မှု ရှိနေသော်လည်း ထိုသို့သောပတ်သက်မှု တည်ရှိနေသောကြောင့်ပင် ထိုတစ်ဖက်လူအပေါ် ဤမျှ ယုံကြည်မှု ရှိနေခြင်းမှာ အနည်းငယ် လွန်ကဲနေသေး၏...

ဒါဆို အကြောင်းအရင်းက ဘာဖြစ်မလဲ။

အဲ့ဒီမိန်းကလေးရဲ့သင်္ချာစွမ်းရည်က တကယ်ပဲ အရမ်းထက်မြက်နေလို့လား

ဒါမှမဟုတ်.... ဒီစစ်ဆေးပွဲမှာ မသမာမှုရှိနေတာလား။

နောက်တစ်မျိုး ဖြစ်နိုင်ခြေကို တွေးမိသော် ဧကရာဇ်ယန်၏ မျက်နှာသည် ချက်ချင်း လေးနက်သွား၏။ ပြီးနောက် သူ့ဒုတိယခန့်မှန်းချက်ကို ပြန်လည် တွန်းလှန်လိုက်၏။ မဖြစ်နိုင်ပေ၊ မင်းဆရာကြီးသည် တစ်စိတ်တစ်ဝမ်းတည်း နိုင်ငံတော်အတွက် ဖြစ်ရာ ဤသို့သော ကိစ္စကြီးတွင် မည်သို့ မိုက်မဲမှု ကျူးလွန်နိုင်ပါ့မလဲ။

သို့သော် ခဏမျှသာဖြစ်ပြီး ဧကရာဇ်ယန်သည် ထပ်မံ၍ သံသယ ဝင်မိပြန်၏။

အခြားသူများအတွက် ဆိုလျှင် ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော် ဤမိန်းကလေး၊ မင်းဆရာကြီး၏ ယခင်က ကွယ်လွန်သွားသော မိန်းမနှင့် အလွန်တရာ ဆင်တူလှသည်...'

မင်းဆရာကြီးမှာမူ ယခင်က ထိုမိန်းမအတွက် နိုင်ငံတော်၏ အရေးကိစ္စများကိုပင် စွန့်ပစ်ကာ နန်းတော်မှ ဂရုမစိုက်ဘဲ ထွက်ခွာသွားခဲ့ဖူး၏။ မဖြစ်နိုင်ဟု မဆိုနိုင်ပေ...

ဧကရာဇ်ယန်၏ အတွေးများ ရုန်းကန်နေစဉ် အဖြေလွှာစစ်ဆေးမည့် အရာရှိသည် နောက်ဆုံးတွင် ရောက်ရှိလာ၏။ ဧကရာဇ်ယန်နှင့် မင်းဆရာကြီးအား အရိုအသေပေးပြီးနောက် အဖြေလွှာစစ်ဆေးမည့် အရာရှိသည် လင်းရှောင်ယွဲ့၏အဖြေလွှာစာရွက်ကို စတင် စစ်ဆေးလေတော့သည်။

ဧကရာဇ်ယန်နှင့် လျိုဝူကျီတို့ နှစ်ဦးစလုံးသည် အဖြေလွှာစစ်ဆေးမည့် အရာရှိထံသို့ ကြည့်လိုက်ပြီး အဖြေကို စောင့်ဆိုင်းနေကြ၏။ ကွာခြားသည်မှာ တစ်ယောက်က အမှတ် နိမ့်သည်ကို တွေ့မြင်လိုပြီး တစ်ယောက်က အမှတ်မြင့်မားသည်၊ အမှတ်ပြည့် ရရှိသည်ကိုပင် တွေ့မြင်လိုခြင်း ဖြစ်၏။

စစ်ဆေးမှု ပြုလုပ်နေသည်နှင့်အမျှ နှစ်ဦးသားသည် အဖြေလွှာစစ်ဆေးမည့် အရာရှိ၏ မျက်မှောင်များ ကြုတ်သွားသည်ကို တွေ့ရှိလိုက်ရ၏။ ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားဟန်တူပြီး ပြီးလျှင် စာမေးပွဲ စာရွက်ကို လှန်လှောလိုက်သည်...

ဧကရာဇ်ယန်နှင့် လျိုဝူကျီတို့သည် အဖြေလွှာစစ်ဆေးမည့် အရာရှိ မည်သည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ကို မသိရှိကြသော်လည်း စိတ်ခံစားချက်မှာမူ လိုက်ပါ၍ အတက်အကျ ဖြစ်နေ၏။

ခဏအကြာတွင် အဖြေလွှာစစ်ဆေးမည့် အရာရှိသည် နောက်ဆုံးတွင် စာမေးပွဲ စာရွက်ကို စစ်ဆေး ပြီးစီးသွား၏။ သူ ခေါင်းညိတ်လိုက်သည်ကို တွေ့မြင်လိုက်ရပြီးနောက်မှ ထရပ်ကာ ဧကရာဇ်ယန်နှင့် လျိုဝူကျီတို့ထံသို့ လျှောက်သွား၏။

နှစ်ဦးသားအား ကိုယ်ကို ကိုင်းညွှတ်၍ အရိုအသေ ပေးလိုက်သည်နှင့် လျိုဝူကျီက ဦးစွာ မေးမြန်းလိုက်၏။ "အခြေအနေ ဘယ်လိုလဲ"

ဧကရာဇ်ယန်သည် လျိုဝူကျီကို တစ်ချက် ကြည့်လိုက်ပြီး အဖြေလွှာစစ်ဆေးမည့် အရာရှိထံသို့လည်း လှမ်းကြည့်လိုက်၏။ အကြည့်ဖြင့်ပင် အဖြေလွှာစစ်ဆေးမည့် အရာရှိအား အခြေအနေကို ပြောကြားရန် ညွှန်ပြလိုက်၏။

အဖြေလွှာစစ်ဆေးမည့် အရာရှိ မျက်နှာထက်တွင် ပြုံးလိုက်၏။

"အရှင်မင်းကြီးကို ဂုဏ်ပြုပါတယ်။ စစ်ဆေးမှုရဲ့ ပထမနေရာ ထွက်ပေါ်လာပါပြီ" ဧကရာဇ်ယန်အား အရိုအသေ ပေးရင်း ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် အောက်မှ ဖြေဆိုသူ အများအပြား အားလုံး တုန်လှုပ်သွားကြပြီး အနည်းငယ် ဆူညံသွားကြ၏။

ဘာ။ စာမေးပွဲ အချိန်ဖြင့် မကုန်သေးဘူး၊ ပထမနေရာ ထွက်ပေါ်လာပြီ ဟုတ်လား။

ပထမဆုံး စာရွက် လာတင်တဲ့ မိန်းမလား။ သူ့အမှတ်က အဲ့လောက်တောင် မြင့်တာလား။

အခြား ဖြေဆိုသူများ တုန်လှုပ်သွားရုံသာမက မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့လည်း အနည်းငယ် တုန်လှုပ်သွားကြ၏။

အဖြေလွှာစစ်ဆေးသည့် အရာရှိက လောင်ရှစ်/သခင်မလီက ပထမနေရာရသူလို့ တခါတည်းပြောလိုက်တာလား။ ဒါမျိုးဘယ်မှာရှိလို့လဲ။ အမှတ်ပြည့်များရနေလို့လား။

အမှတ်ပြည့်သာမရခဲ့ပါက သူမကို တခါတည်း ပထမနေရာဟု ပြောနိုင်မည်မဟုတ်ပေ။

စာမေးပွဲ စာရွက်ပေါ်တွင် လစ်လပ်နေသေးသော မိမိတို့ မဖြေရှင်းနိုင်ခဲ့သည့် မေးခွန်း အချို့ကို တစ်ချက် ကြည့်လိုက်ရာ ဤအချိန်တွင် နှစ်ဦးသား၏ စိတ်ထဲ၌ အမှန်တကယ်ပင် လေးစားမှုတို့ဖြင့် ပြည့်နှက်သွား၏။

တကယ်ကို လောင်ရှစ်/သခင်မလီ ဖြစ်ထိုက်ပေတယ်...

All Chapters