← Chapters

အရည်အချင်းစစ် အမှန်တကယ် ရှိခြင်း

Vol. 19 Ch. 398

အရည်အချင်းစစ် အမှန်တကယ် ရှိခြင်း

Vol. 19 Ch. 398

ဧကရာဇ်ယန်သည် ကြောင်ငေးနေဆဲဖြစ်သော်လည်း လျိုဝူကျီမှာမူ "ဟားဟား" ဟု အသံကျယ်ကြီး ထွက်ပေါ်လာအောင် ရယ်မောလိုက်လေပြီ။ မိမိ၏ မုတ်ဆိတ်ဖြူကို ပွတ်သပ်ရင်း မျက်နှာအပြည့် ကျေနပ်နေ၏။

"မဆိုးဘူး၊ မဆိုးဘူး။ အဲ့ဒီ မိန်းကလေး၊ အမှတ်ပြည့်ရတာမလား" ဟု စာရွက်စစ်ဆေးမည့်အရာရှိအား မေးလိုက်သည်။

စာရွက်စစ်ဆေးမည့်အရာရှိ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "မင်းဆရာကြီးက အရာရာကို ကြိုတင်သိမြင်တဲ့အတိုင်းပါပဲ။ အမှတ်ပြည့်ရတာ တကယ် မှန်ပါတယ်" ဟု လျိုဝူကျီအား အရိုအသေပေးရင်း ပြောလိုက်သည်။

ဤစကား ထွက်လာသည်နှင့် အောက်ဘက်တွင် နောက်တစ်ကြိမ် ဆူညံသွားပြန်၏။

'ဘာ။ ပထမဆုံး စာရွက်လာတင်တဲ့ မိန်းမက အမှတ်ပြည့်တောင် ရသွားတာလား။ မေးခွန်း အားလုံးကို တကယ် မှန်အောင်ဖြေနိုင်ခဲ့တာလား။'

မိမိ၏စာမေးပွဲ စာရွက်ပေါ်တွင် ကျန်ရှိနေသေးသော လစ်လပ်မှု အများအပြားကို တစ်ချက် ကြည့်လိုက်ရာ လူအများ စိတ်ထဲ၌ သက်ပြင်းချမိကြ၏။ သူတို့သည် ယခင်က တစ်ဖက်လူမှာ မိန်းမသားတစ်ယောက် ဖြစ်သည်ကို အထင်မြင်သေးနေခဲ့ကြသည် မဟုတ်လား။ သူတို့က သူမ စစ်ဆေးမှု ဝင်ရောက် ဖြေဆိုခြင်းမှာ မိမိကိုယ်မိမိ အင်အား မသိခြင်းဟု ထင်မြင်ခဲ့ကြ၏။ ယခု ကြည့်ရသည်မှာ...

ဧကရာဇ်ယန်သည်လည်း တုန်လှုပ်သွား၏။ ပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး လျိုဝူကျီကို မကျေမနပ် လှမ်းကြည့်လိုက်သည်။ စိတ်ထဲမှ သံသယမှာ အဆပေါင်းများစွာ မြင့်တက်သွား၏။

အမှတ်ပြည့် ဟုတ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ တမင်တကာ လေးဆယ့်ငါးမိနစ်စစ်ဆေးချိန် သတ်မှတ်ခဲ့ခြင်းမှာ လူများကို မေးခွန်းအားလုံး ဖြေဆို ပြီးစီးနိုင်စေရန်အတွက် မဟုတ်ပေ။ ဖြေဆိုသူများအား ကန့်သတ်ထားသော အချိန်အတွင်း တတ်နိုင်သမျှ များပြားသော မေးခွန်းများကို ဖြေဆိုစေရန် ဖြစ်၏။ သို့သော် ထိုမိန်းကလေး၊ တကယ်ကို အားလုံး ဖြေဆိုခဲ့ပြီး အဖြေမှာလည်း အားလုံး မှန်ကန်နေသေး၏။ ဒါ ဘာကိုဆိုလိုနေတာလဲ။

လျိုဝူကျီသည် ဧကရာဇ်ယန်ထံသို့ ပြန်လည် ကြည့်လိုက်သော်လည်း မျက်နှာအပြည့် အပြုံး ဖြစ်နေ၏။ သူ့ကိုယ်သူ တကယ်ကြီး ဧကရာဇ်ယန်၏ သံသယ ဝင်ခြင်းကို ခံလိုက်ရမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဧကရာဇ်ယန်သည် ထိုအခြေအနေကို မြင်သော် မင်းဆရာကြီးနှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ပြုလုပ်ရန် မကောင်းသဖြင့် သည်းခံလိုက်ရုံသာ တတ်နိုင်၏။ မည်သို့ပင် ဆိုစေကာမူ စာရွက်စစ်ဆေးမည့်အရာရှိက ထိုမိန်းကလေး အမှတ်ပြည့် ရရှိခဲ့သည်ဟု ပြောကြားပြီးပြီဖြစ်ရာ သူ ယခု သံသယ ဝင်လိုက်ပါက မင်းဆရာကြီး၏ မျက်နှာကို ဖြတ်ရိုက်ခြင်းသာ ဖြစ်ပေမည်။ သို့သော် သူ့အား ဒီအတိုင်းပင် မင်းဆရာကြီး၏ မဆင်မခြင် ပြုမူမှုကို ကြည့်နေစေရန်မှာလည်း သူ မလုပ်ဆောင်နိုင်ပေ။

ကံကောင်းစွာဖြင့် နောက်ဆက်တွဲတွင် နောက်ထပ် စစ်ဆေးမှုတစ်ရပ် ရှိသေး၏။ ဒုတိယအဆင့် စစ်ဆေးမှုတွင် သူ မေးခွန်းများကို ပြောင်းလဲပစ်မည်။ ထိုမိန်းကလေးအား ထပ်မံ အောင်မြင်ခွင့် ပြုတော့မည် မဟုတ်ပေ။

ဤအချိန်တွင် လင်းရှောင်ယွဲ့သည် အပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။ မုန့်လေးများ စားရင်း၊ မွှေးပျံ့သော အခါးရည်ကို သောက်သုံးရင်း အလွန်သက်သောင့်သက်သာ ရှိလှ၏။ နန်းတော်ဥယျာဉ်အတွင်း ဖြစ်ပွားခဲ့သော ကိစ္စများကို လုံးဝ သိရှိခြင်း မရှိပေ။

နောက်ဆုံးတွင် မောင်းတီးသံတစ်ချက်နှင့်အတူ ပထမအဆင့်စစ်ဆေးမှုအချိန် ပြီးဆုံးသွား၏။ ကိုယ်ရံတော်များသည် ရှေ့သို့တိုး၍ စာမေးပွဲ စာရွက်များကို စတင်သိမ်းဆည်းကြသည်။ ပြီးနောက် ဖြေဆိုသူများသည် အသီးသီး စာမေးပွဲခန်းမမှ ထွက်ခွာကြပြီး အပြင်ဘက်တွင် သွားရောက် စောင့်ဆိုင်းကြ၏။

မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့သည် အချိန် တော်တော်လေး တူညီစွာ ထွက်လာခဲ့ကြ၏။ ထွက်လာချိန်တွင် နှစ်ဦးသားသည် အချို့သော မေးခွန်းများ၏ အဖြေများကို တိုက်စစ်နေကြဆဲ ဖြစ်၏။ လင်းရှောင်ယွဲ့ကို မြင်ပြီးနောက် နှစ်ဦးသားသည် အလျင်အမြန်ပင် လင်းရှောင်ယွဲ့ထံသို့ လျှောက်သွားကြ၏။ အဖြေများ ဘာလို့ တိုက်စစ်နေဦးမှာလဲ။ လောင်ရှစ်/သခင်မလီကို တိုက်ရိုက် မေးလိုက်လျှင် ပြီးသွားပြီ မဟုတ်လား။ အမှတ်ပြည့်တောင်ရထားတာကို သူမကိုမေးလိုက်တာ အတိကျဆုံးပဲ။

ပြီးနောက် မကြာမီပင် လင်းရှောင်ယွဲ့သည် သူမ အမှတ်ပြည့် ရရှိခဲ့သည့် ကိစ္စကို သိရှိသွား၏။ မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့၏ ကြည်ညို လေးစားသော အကြည့်များအပြင် အခြားနေရာများမှ ကျရောက်လာသော ရှိသည်၊ မရှိသည် မသဲကွဲသော အကြည့်များကို ရင်ဆိုင်ရင်း လင်းရှောင်ယွဲ့၏ မျက်နှာထားမှာ တည်ငြိမ်နေ၏။ အမှတ်ပြည့်၊ မျှော်လင့်ထားတဲ့အတိုင်းပါပဲ...

လျင်မြန်စွာပင် မင်းသမီး၆နှင့် လျန်ချန်းချိုင်တို့သည် လင်းရှောင်ယွဲ့အား ထိုအထဲမှ အချို့သော မေးခွန်းများ၏ အဖြေများကို မေးမြန်းကြ၏။ မေးခွန်း နံပါတ်ကို ဆိုပါက လင်းရှောင်ယွဲ့သည် မမှတ်မိပေ။ သို့သော် နှစ်ဦးသား၏ မေးခွန်းအကြောင်းအရာကို ဖော်ပြသည်ကို ကြားပြီးနောက် သူမသည်လည်း မည်သည့် မေးခွန်း ဖြစ်သည်ကို တိုက်ညှိနိုင်၏။ ပြီးလျှင် မိမိ၏အဖြေကို နှစ်ဦးသားအား ပြောပြလိုက်၏။ နှစ်ဦးသား ကြားပြီးသော် တစ်ယောက်က ရယ်မောပြီး တစ်ယောက်က ဒေါသထွက်ကြ၏။

လျင်မြန်စွာပင် နှစ်ဦးသားသည် လင်းရှောင်ယွဲ့အား သူတို့ မဖြေရှင်းနိုင်ခဲ့သော မေးခွန်း အချို့ကို ထပ်မံ မေးမြန်းကြပြန်၏။ လင်းရှောင်ယွဲ့သည်လည်း သူမ၏ ဖြေရှင်းပုံ အတွေးအခေါ်ကို နှစ်ဦးသားအား ပြောပြလိုက်၏။ နှစ်ဦးသား ကြားပြီးသော် အသီးသီး အံ့ဩချီးကျူးကြပြီး လင်းရှောင်ယွဲ့အပေါ် ကြည်ညိုလေးစားစိတ်မှာ ပို၍ နက်ရှိုင်းသွား၏။

တစ်ချိန်တည်းမှာပင် အချို့သော ဖြေဆိုသူများသည်လည်း တဖြည်းဖြည်း တိုးကပ်လာကြပြီး လင်းရှောင်ယွဲ့၏ ဖြေရှင်းပုံ အတွေးအခေါ်ကို နားထောင်ကြသည်။ နားထောင်လေလေ၊ ပို၍ လေးစားမိလေ ဖြစ်၏။ မင်းဆရာကြီး၏အိမ်တော်မှ ထောက်ခံထားသူ ဖြစ်ထိုက်ပေသည်။ မင်းဆရာကြီး၏ မျက်လုံးများမှာ မီးရှူးမီးတိုင်ကဲ့သို့ပင်။ အစစ်အမှန် ဉာဏ်ပညာရှိသူကို မြင်တွေ့နိုင်စွမ်း ရှိပေသည်။ ဤအမျိုးသမီး၊ ပထမနေရာနှင့် ထိုက်တန်ပေ၏။

ခဏအကြာတွင် ဖြေဆိုသူများ၏ စိုးရိမ်တကြီး စောင့်ဆိုင်းမှုအလယ်တွင် အဆင့်စာရင်းသည် နောက်ဆုံးတွင် ထွက်ပေါ်လာ၏။

မျှော်လင့်ထားသည့်အတိုင်းပင် လင်းရှောင်ယွဲ့သည် ပထမနေရာကို သိမ်းပိုက်ထား၏။

ဒုတိယ နေရာမှာမူ မင်းသမီး၆ သို့မဟုတ် လျန်ချန်းချိုင် မဟုတ်ဘဲ မော့ဖေးဟု ခေါ်သော လူတစ်ယောက် ဖြစ်နေ၏။ တတိယ နေရာမှသာ လျန်ချန်းချိုင် ဖြစ်၏။ မင်းသမီး၆မှာမူ တကယ်တမ်း ပဉ္စမ နေရာ၌သာ ရပ်တည်ခဲ့၏။

အဆင့်စာရင်းကို မြင်သော် မင်းသမီး၆သည် ဒေါသထွက်၍ ငိုမတတ်ပင် ဖြစ်သွား၏။ တစ်ချက်တည်းဖြင့် လင်းရှောင်ယွဲ့၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်၏။

သူမ တကယ်ကြီး ထိပ်ဆုံး သုံးယောက်စာရင်း မဝင်ခဲ့ပေ။ မဝင်သည်ကို ထားလိုက်ဦး၊ အဆင့် ခြောက် နေရာတွင်သာ ဖြေဆိုနိုင်ခဲ့၏။ သူမ စိတ်ဓာတ်ကျသွား၏။

လင်းရှောင်ယွဲ့သည် ရယ်စရာကောင်းသလို မင်းသမီး၆၏ ကျောပြင်ကို ပုတ်လိုက်၏။ "တော်ပါပြီ၊ နိုင်ခြင်း ရှုံးခြင်းဆိုတာ စစ်သူကြီးတွေရဲ့ သာမန်ကိစ္စပါ။ တစ်ကြိမ် ရှုံးနိမ့်တာက ဘာမှ မပြောပလောက်ဘူး။ နောက်ဆက်တွဲ ဒုတိယအဆင့် စစ်ဆေးမှု ရှိသေးတာပဲ မဟုတ်လား။ ကြိုးစားပြီး ပြန်လိုက်မီအောင် လုပ်လိုက်ရင် ရပြီ။"

ဤစကားကို ကြားသော် မင်းသမီး၆သည် အမှန်တကယ်ပင် အနည်းငယ် နေသာထိုင်သာ ရှိသွား၏။ "အင်း။ ကျွန်မ သေချာပေါက် ကြိုးစားမယ်။ လောင်ရှစ်နဲ့ အတူတူ ချူ၊ ကျင်း သံတမန်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ကြိုးစားမယ်" ဟု မျက်လုံးထောင့်မှ မျက်ရည်ကို သုတ်လိုက်ပြီး မင်းသမီး၆က စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ပြုံးရင်း ခေါင်းညိတ်လိုက်၏။ "အင်း။"

ပြီးနောက် မိန်းမစိုးချုပ်ဟူ ပေါ်လာပြီး ကိုယ်ရံတော်များအား ကျရှုံးသူများကို နန်းတော်တံခါး အပြင်ဘက်သို့ ဖိတ်ခေါ်ထွက်ခွာစေသည်။ အဆင့်စာရင်းပေါ်မှ လူ အယောက် နှစ်ဆယ်ကိုမူ စာမေးပွဲခန်းမထဲသို့ ပြန်လည် ဝင်ရောက်စေ၏။

ဤတစ်ကြိမ်တွင် လူအားလုံးသည် အဆင့်အလိုက် ရပ်ကြပြီး အသီးသီး ရှေ့ဆုံးမှ စားပွဲခုံ အလုံး နှစ်ဆယ်၏နောက်တွင် ဝင်ထိုင်ကြသည်။

လင်းရှောင်ယွဲ့သည် ဤအချိန်မှ သတိပြုမိသည်မှာ မူလက ဒုတိယ ရရှိခဲ့သော မော့ဖေးသည် တကယ်တော့ အဘိုးအိုတစ်ယောက် ဖြစ်နေ၏။ ထို့အပြင် စာရင်းဝင်သော လူ အယောက် နှစ်ဆယ်ကို ကြည့်လိုက်လျှင် လူငယ်များမှာ အလွန် နည်းပါးလှပြီး အားလုံးနီးပါးမှာ သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းများသာ အများစု ဖြစ်၏။

မော့ဖေးသည် လင်းရှောင်ယွဲ့က မိမိထံသို့ လှမ်းကြည့်နေသည်ကို မြင်သော် သူမအား ခေါင်းညိတ်ပြလိုက်လေ၏။ ခုနက အပြင်ဘက်တွင် အဖြေ စောင့်ဆိုင်းနေစဉ် သူသည်လည်း အခြားလူများနှင့် အတူတူ တိုးကပ်သွားပြီး ထိုမိန်းကလေး၏ အချို့သော မေးခွန်းများအပေါ် ရှင်းလင်း ပြောကြားချက်ကို နားထောင်ခဲ့၏။ ဤတစ်ယောက်သည် အသက်ငယ်ရွယ်သော်လည်း ဂဏန်းသင်္ချာတွင် တတ်ကျွမ်းမှုမှာ အမှန်တကယ် မြင့်မားသည်ကို တွေ့ရှိခဲ့ရ၏။ သူသည်လည်း စိတ်နှလုံးထဲမှ လေးစားမိပေ၏။

လင်းရှောင်ယွဲ့သည် အနည်းငယ် ကြောင်သွားပြီးနောက် ပြီးလျှင် ထိုတစ်ဖက်လူအား ခေါင်းညိတ်ပြလိုက်၏။

"ဒူ..." ဤအချိန်တွင် မောင်းသည် နောက်တစ်ကြိမ် ထပ်မံတီးခတ်ခြင်း ခံလိုက်ရ၏။ လူတိုင်းအပေါ်သို့ မော့ကြည့်လိုက်ကြ၏။

မိန်းမစိုးချုပ်ဟူသည် လည်ချောင်းသံဟစ်၍ နောက်တစ်ကြိမ် ပြောလိုက်သည်။ "နောက်ဆက်တွဲကတော့ ဒုတိယအဆင့် စစ်ဆေးမှု ဖြစ်ပါတယ်။"

"ဒီအဆင့် စစ်ဆေးမှုကို အရှင်မင်းကြီးကိုယ်တိုင် မေးခွန်းရွေးချယ်ပြီး လူကြီးမင်းတို့အားလုံး တစ်ပြိုင်တည်း ဖြေဆိုရမှာ ဖြစ်ပါတယ်။ အခါးရည်တစ်ခွက်စာအချိန်အတွင်း အဖြေကို ရေးသားရပါမယ်။ အဖြေ မှန်ကန်သူသာ စစ်ဆေးမှုမှာ ဆက်လက် ပါဝင်ခွင့်ရရှိပြီး အဖြေ မှားယွင်းသူကတော့ ထွက်ခွာရမှာ ဖြစ်ပါတယ်။"

"စစ်ဆေးမှုက လူ သုံးယောက်သာ ကျန်ရှိတဲ့အထိ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။"

"တကယ်လို့ ရှုံးနိမ့် ထွက်ခွာပြီးနောက် ကျန်ရှိတဲ့ လူဦးရေက သုံးယောက် မပြည့်ဘူးဆိုရင်တော့ နောက်ဆုံး ရှုံးနိမ့်သွားတဲ့ လူတွေထဲမှာ အပိုပွဲစဉ် ပြန်လည်ယှဉ်ပြိုင်ပြီး လူဦးရေကို ရွေးချယ်ကာ စာရင်း ပြည့်မီအောင် ဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။"

စကားဆုံးသော် မိန်းမစိုးချုပ်ဟူသည် ပွဲအတွင်းမှ လူအများကို လှမ်းကြည့်လိုက်၏။

"လူကြီးမင်းတို့အားလုံး၊ နားလည် သဘောပေါက်ကြရဲ့လား"

"နားလည်ပါတယ်" ဟု လူများက ပြန်ဖြေလိုက်ကြ၏။

မိန်းမစိုးချုပ်ဟူသည် မျက်နှာထက်တွင် ကျေနပ်မှု ပေါ်လာပြီးမှ ဧကရာဇ်ယန်ထံသို့ လှမ်းကြည့်လိုက်၏။ ဧကရာဇ်ယန်က ခေါင်းညိတ်ပြလိုက်၏။ မိန်းမစိုးချုပ်ဟူသည် ထိုအခါမှ မလှမ်းမကမ်းမှ ကိုယ်ရံတော်ထံသို့ ထပ်မံ ကြည့်လိုက်၏။ "ပထမ မေးခွန်းကို တင်" ဟု ပြောလိုက်သည်။

စကားသံထွက်သည်နှင့် ကိုယ်ရံတော် နှစ်ယောက်သည် စာလိပ်တစ်လိပ်ကို ယူဆောင်လာခဲ့ပြီးနောက် ဖြန့်လိုက်၏။ စာလိပ်မှာ အလွန် ကြီးမားလှရာ ဖြေဆိုမည့် လူအများအားလုံး အပေါ်မှ မေးခွန်း အကြောင်းအရာကို ရှင်းလင်းစွာ မြင်တွေ့နိုင်စေ၏။ "ဒူ..." ဟူသော မောင်းတီးသံတစ်ချက်နှင့်အတူ မိန်းမစိုးချုပ်ဟူက ဖြေဆိုမှု စတင်နိုင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်၏။

လင်းရှောင်ယွဲ့သည် စာလိပ်ပေါ်မှ မေးခွန်းကို ကြည့်ရင်း မေးခွန်းကို တိတ်တဆိတ် စတင် ဖတ်ရှုလိုက်၏။ ဖတ်ရှုရင်း အဓိကအချက်များကို မှတ်သားနေ၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ ဖတ်ရှုနှုန်းမှာ အနည်းငယ် နှေးကွေးရာ အခြားလူများအားလုံး မေးခွန်း ဖတ်ရှုပြီး၍ ခေါင်းငုံ့ကာ တွက်ချက်နေကြပြီ ဖြစ်သော်လည်း သူမမှာမူ ခေါင်းမော့၍ မေးခွန်းကို ကြည့်နေဆဲ ဖြစ်၏။

ဤအခြေအနေကို မြင်သော် ဧကရာဇ်ယန်၏မျက်ဝန်းထဲတွင် သရော်လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ပိုမို ပါဝင်လာ၏။

'အံ့ဩသွားပြီ မဟုတ်လား။ မူလက သတ်မှတ်ထားတဲ့ မေးခွန်းများကို ကျန်းက လဲပစ်လိုက်ပြီ။ ဒီတစ်ကြိမ် လိမ်လည်လို့မရတော့ဘူး။ ကျန်းကြည့်ရသေးတာပေါ့။ မင်းဒီနေရာမှာ ဘယ်လိုဆက်ပြီးနေနိုင်ဦးမှာလဲ။'

လျိုဝူကျီသည် လင်းရှောင်ယွဲ့၏ မထိတ်လန့် မတုန်လှုပ်သော အမူအရာကို မြင်သော် အနည်းငယ် ထူးဆန်းသလို ဖြစ်သွားသော်လည်း အလွန် သဘောကျသွား၏။ ဤ တည်ငြိမ် အေးဆေးသော အမူအရာကို ကြည့်ပါဦး။ သူ့မြေးမလေးသည် သေချာပေါက် ရင်ထဲ၌ အစီအစဉ်ရှိပြီး ဖြစ်ပေမည်။

နောက်ဆုံးတွင် လင်းရှောင်ယွဲ့သည်လည်း မေးခွန်းကို ဖတ်ရှု ပြီးစီးသွား၏။ ပြီးနောက် နှုတ်ခမ်းထောင့်တစ်ချက် ကွေးလိုက်ပြီး စာကြမ်း စက္ကူပေါ်တွင် တွက်ချက်လေတော့၏။ ဤမေးခွန်းသည် အလွန်အမင်း မခက်ခဲလှပေ။ ယခင်တစ်ဆင့် စစ်ဆေးမှု စာမေးပွဲ စာရွက်ပေါ်မှ ထိုမေးခွန်းများနှင့် နှိုင်းယှဉ်ပါက ခက်ခဲသော မေးခွန်းများထဲမှ အလယ်အလတ် အဆင့်ဟုသာ သတ်မှတ်နိုင်၏။ ခဏမျှသာကြာမြင့်ပြီး လင်းရှောင်ယွဲ့သည် အဖြေကို တွက်ထုတ်နိုင်ခဲ့လေပြီ။

သေချာစေရန်အတွက် သူမသည် ဒုတိယ နည်းလမ်းကို အသုံးပြု၍ တစ်ကြိမ် ထပ်မံ တွက်ချက် စစ်ဆေးလိုက်သေး၏။ ပြဿနာ မရှိကြောင်း သေချာသွားမှ အဖြေကို စာမေးပွဲ စာရွက်ပေါ်တွင် ရေးချလိုက်၏။

အဖြေရေးပြီးနောက် လင်းရှောင်ယွဲ့သည် ခေါင်းမော့လိုက်ပြီး စာမေးပွဲ စာရွက် လာသိမ်းမည်ကို စောင့်ဆိုင်းနေလိုက်၏။ ဤအချိန်မှ သတိပြုမိသည်မှာ သူမမှလွဲ၍ လူအများမှာ မေးခွန်းကို တွက်ချက်နေကြဆဲ ဖြစ်ဟန်တူ၏။ သူမ၏ဘေးမှ မော့ဖေးပင် ခြွင်းချက် မရှိပေ။

အပေါ်တွင် နေရာယူထားသော ဧကရာဇ်ယန်သည် လင်းရှောင်ယွဲ့ ဤမျှ လျင်မြန်စွာ တွက်ချက် ပြီးစီးသွားသည်ကို မြင်သော် စိတ်ထဲ၌ အနည်းငယ် အံ့အားသင့်သွား၏။ ပြီးနောက် မထီမဲ့မြင် အမူအရာတစ်ချက် ဖြစ်သွားပြန်၏။

'သေချာပေါက် မတွက်တတ်လို့ ဖြစ်ကတတ်ဆန်း လျှောက်ရေးထားတာပဲဖြစ်ရမယ်။'

လင်းရှောင်ယွဲ့မှာမူ ဤအရာများကို မသိရှိဘဲ လိမ်မာစွာ ထိုင်လျက် စာမေးပွဲအချိန် ပြီးဆုံးသည်ကို စောင့်ဆိုင်းနေ၏။ အဓိကအားဖြင့် ဤ ဒုတိယအဆင့် စစ်ဆေးမှုသည် အလှည့်ကျ ရှုံးထွက် စနစ်ဖြစ်ရာ အလှည့်တစ်ခုစီကြားမှ ကြားကာလအချိန်မှာ အလွန် တိုတောင်းလှ၏။ သူမ အချိန်မတိုင်မီ စာရွက် လာတင်လျှင်ပင် နေရာတွင်ပင် စောင့်ဆိုင်းနေရမည်ဟု ခန့်မှန်းရ၏။ ဤသို့ ဖြစ်မည့်အစား ကိုယ်ရံတော်အား ခဏနေလျှင် အားလုံး တစ်စုတစ်စည်းတည်း စာရွက် လာသိမ်းသည်ကို စောင့်ဆိုင်းနေခြင်းက ပို၍ ကောင်းမွန်ပေဦးမည်။

ပျင်းရိစွာဖြင့် ခဏမျှ စောင့်ဆိုင်းပြီးနောက် "ဒူ..." ဟူသော အသံတစ်ချက်နှင့်အတူ မောင်းသည် နောက်ဆုံးတွင် တီးခတ်ခြင်း ခံလိုက်ရ၏။

ကိုယ်ရံတော်သည် ချက်ချင်း လာရောက်၍ စာရွက်များ သိမ်းဆည်း၏။ ပြီးနောက် အဖြေလွှာစစ်ဆေးမည့် အရာရှိက နေရာတွင်ပင် စာရွက်များကို စစ်ဆေး၏။ မေးခွန်းတစ်ခုတည်းသာ ဖြစ်သဖြင့် ဖြေဆိုလွှာမှာလည်း အစောင် နှစ်ဆယ်သာ ရှိရာ ခဏလေးအတွင်း အဖြေလွှာစစ်ဆေးမည့် အရာရှိသည် စာရွက်များကို စစ်ဆေး ပြီးစီးသွား၏။ စာရွက်များ စစ်ဆေး ပြီးစီးသွားသော် အဖြေလွှာစစ်ဆေးမည့် အရာရှိက ခွဲထုတ်ထားသော အဖြေ မှားယွင်းသည့် ဖြေဆိုလွှာများကို မိန်းမစိုးချုပ်ဟူထံသို့ ပေးအပ်လိုက်၏။

မိန်းမစိုးချုပ်ဟူက လှမ်းယူလိုက်ပြီး ချက်ချင်းပင် ရှုံးနိမ့်သူများ စာရင်းကို ကြေညာလိုက်၏။

ရလဒ်မှာ လင်းရှောင်ယွဲ့၏ မျှော်လင့်ချက်နှင့် အနည်းငယ် ကွဲလွဲနေ၏။ ဤ ပထမ အလှည့်တွင် တကယ်ပင် လူလေးယောက်၏ အဖြေများ မှားယွင်းခဲ့၏။ ဆိုလိုသည်မှာ ဖြေဆိုသူ အရေအတွက်သည် ယခု ၁၆ယောက်သာ ကျန်ရှိတော့၏။

ပို၍ အံ့အားသင့်သွားသူမှာမူ ဧကရာဇ်ယန် ဖြစ်၏။ သူ မူလက ထင်မှတ်ထားသည်မှာ လင်းရှောင်ယွဲ့ ဤတစ်လှည့်တွင်ပင် ရှုံးနိမ့် ထွက်ခွာရလိမ့်မည် ဖြစ်၏။ မည်သူက သိမည်နည်း၊ သူမ အမှန်တကယ်ပင် အဖြေကို မှန်ကန်အောင် ဖြေဆိုနိုင်ခဲ့၏။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကံစမ်းပြီး မှန်သွားတာလား။'

ဟုတ်တယ်၊ သေချာပေါက် ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ကံစမ်း၍ မှန်သွားခြင်း ဖြစ်ပေမည်။ မည်သို့ပင် ဆိုစေကာမူ ဤပထမ မေးခွန်း၏အဖြေမှာ ရှစ်ဖြစ်ပြီး တစ်ဆယ်အတွင်းမှ ဂဏန်းတစ်ခုမျှသာ ဖြစ်၏။ သူမ ကံစမ်း၍ မှန်သွားခြင်းမှာလည်း မဖြစ်နိုင်စရာ မရှိပေ။

ဤသို့ တွေးမိသော် ဧကရာဇ်ယန်၏ စိတ်ထဲတွင် အနည်းငယ် ပြန်လည် တည်ငြိမ်သွား၏။ တကယ်တော့ ဤသို့ ဖြစ်လျှင်လည်း ကောင်း၏၊ သို့မဟုတ်ပါက ဒုတိယအဆင့် စစ်ဆေးမှု၏ ပထမ အလှည့်တွင်ပင် ယခင်အဆင့် စစ်ဆေးမှု၏ ပထမနေရာရသူကို ရှုံးနိမ့် ထွက်ခွာစေလိုက်ပါက လူအများ၏သံသယကို ဆွဲဆောင်ရန် အလွန် လွယ်ကူလှ၏။

ကိုယ်ရံတော်သည် လျင်မြန်စွာပင် ရှုံးနိမ့်သူများကို ခေါ်ဆောင်၍ ထွက်ခွာသွား၏။ ပြီးနောက် ဒုတိယ အလှည့် စစ်ဆေးမှု ဆက်လက် ပြုလုပ်၏။

လင်းရှောင်ယွဲ့၏မေးခွန်း ဖတ်ရှုနှုန်းမှာ ယခင်အတိုင်းပင် အလွန် နှေးကွေးဆဲဖြစ်ပြီး ပွဲအတွင်း နောက်ဆုံးမှမေးခွန်းဖတ်ပြီးကာ ပြီးနောက်မှ ခေါင်းငုံ့၍ စတင်တွက်ချက်သူ ဖြစ်၏။ သို့သော် ယခင် အလှည့်ကဲ့သို့ပင် သူမသည် နောက်တစ်ကြိမ် အဖြေကို အရင်ဆုံး ရေးသား ထုတ်နိုင်ခဲ့သူ ဖြစ်ပြန်၏။

ဧကရာဇ်ယန်သည် ထိုအခြေအနေကို မြင်သော် မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။ လျိုဝူကျီမှာမူ ကျေနပ်စွာဖြင့် မုတ်ဆိတ်ကို ပွတ်သပ်နေပြီး ကျေနပ်ဂုဏ်ယူသော အရိပ်အယောင်များ မျက်နှာထက်တွင် ထင်ဟပ်နေ၏။

ပြီးနောက် လူအများ၏စိတ်ထဲတွင် အတွေးများမျိုးစုံနေစဉ် ဒုတိယအလှည့် ပြီးဆုံးသွား၏။ ဤတစ်ကြိမ်တွင် လူခြောက်ယောက် ထပ်မံ ရှုံးနိမ့် ထွက်ခွာသွားပြီး ပွဲအတွင်း၌ ကိုးယောက်သာ ကျန်ရှိတော့၏။ ဧကရာဇ်ယန်၏ မျှော်လင့်ချက်နှင့် ကွဲလွဲစွာပင် လင်းရှောင်ယွဲ့သည် အမှန်ပင် ရှုံးနိမ့် ထွက်ခွာသွားခြင်း မရှိသေးပေ။

ဤအချိန်သို့ ရောက်မှ ဧကရာဇ်ယန်သည် နောက်ဆုံးတွင် မူမမှန်သည်ကို ခံစားမိလိုက်၏။ သူ မေးခွန်းများကို လဲလှယ်ပစ်ခဲ့ပြီးဖြစ်ရာ သူမ ဘယ်လိုလုပ် မေးခွန်းများကို မှန်ကန်အောင် ဖြေဆိုနိုင်သေးတာလဲ။ ထို့အပြင် ဖြေဆိုနှုန်းမှာလည်း မြန်နေသေးသည်။

သူ့အောက်မှ မင်းဆရာကြီးကို မထိန်းနိုင်ဘဲ တစ်ချက် ကြည့်လိုက်ပြီး ဧကရာဇ်ယန်သည် မိမိ၏ ခန့်မှန်းချက်ကို လျင်မြန်စွာ ထပ်မံ ငြင်းပယ်လိုက်၏။ မဖြစ်နိုင်ပေ၊ သူ လဲလှယ်ခဲ့သော မေးခွန်းများ အားလုံးသည် မင်းဆရာကြီး ထုတ်ခဲ့သည် မဟုတ်ပေ။ထို့အပြင် ထိုစဉ်က သူ ဤမေးခွန်းများကို လက်ခံ ရရှိချိန်တွင် မင်းဆရာကြီးသည် နန်းတွင်း စာကြည့်ခန်းဆောင်တွင် ရှိမနေတော့ဘဲ မေးခွန်းများကို မျက်စိဖြင့်ပင် ကြည့်ရှုခဲ့ခြင်း မရှိပေ။ ဤသို့ဆိုလျှင် သူသည် ထိုမေးခွန်းများ ရှိနေသည်ကို ဘယ်လိုလုပ်သိနိုင်ပါ့မလဲ။ ဒီလိုသာဆို သူက ဒီမိန်းကလေးကို အသိပေးပြီ ဘယ်လိုလုပ် လိမ်လည်ဖြေခိုင်းလို့ရပါ့မလဲ။

မဖြစ်နိုင်ဘူး... ဒီမိန်းကလေးမှာ တကယ်ပဲ အရည်အချင်းစစ် ရှိနေတာလား။ လင်းရှောင်ယွဲ့ နောက်တစ်ကြိမ် ပျင်းရိစွာဖြင့် စုတ်တံကို ကစားနေသည်ကို ကြည့်ရင်း ဧကရာဇ်ယန်၏ မျက်မှောင်များ ကြုတ်သွား၏။ ဒါမှမဟုတ် အဖြေလွှာစစ်တဲ့အရာရှိမှာ ပြဿနာရှိနေတာလား။

ဤသို့ တွေးမိသဖြင့် ဧကရာဇ်ယန်သည် မလှမ်းမကမ်းတွင် ထိုင်နေသော အဖြေလွှာစစ်ဆေးမည့် အရာရှိထံသို့ လှမ်းကြည့်လိုက်၏။ အဖြေလွှာစစ်ဆေးမည့် အရာရှိသည် ချက်ချင်း အကြည့်တစ်ချက်ကို ခံစားမိလိုက်၏။ အကြည့်နောက်သို့ လိုက်ပါ ကြည့်လိုက်ရာ အမှန်တကယ်ပင် ဧကရာဇ်ယန်က သူ့ကို ကြည့်နေသည်ကို တွေ့သဖြင့် အကြည့်ကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး ရိုသေသော အမူအရာ ပြုလုပ်လိုက်၏။ တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အလွန် စိုးရွံ့သွား၏။ သူ့လုပ်ဆောင်မှုတွင် တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိသွား၍ ဧကရာဇ်မင်းမြတ်၏ မကျေနပ်မှုကို ဖြစ်ပေါ်စေမိသလားဟု အလျင်အမြန် ပြန်လည် တွေးတောလိုက်၏။

အဖြေလွှာစစ်ဆေးမည့် အရာရှိ၏ တုံ့ပြန်မှုကို မြင်သော် ဧကရာဇ်ယန်သည် အကြည့်ကို ရုပ်သိမ်းလိုက်၏။ သူ့မျက်စိရှေ့တွင်ပင် ဤသို့သော ကိစ္စမျိုးကို လုပ်ဆောင်၍ သူ့ကို လိမ်လည် လှည့်ဖြားဝံ့သူ တစ်ယောက်မျှ မရှိသင့်ပေ... သို့သော်...

ဧကရာဇ်ယန်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး စိတ်ထဲတွင် အတွေးအချို့ ပေါ်လာ၏။

ခဏအကြာတွင် မောင်းသည် နောက်တစ်ကြိမ် ထပ်မံတီးခတ်လိုက်ပြန်သည်။ ကိုယ်ရံတော်များ ရှေ့သို့ တိုး၍ စာရွက်များ သိမ်းဆည်းကြ၏။ မိန်းမစိုးချုပ်ဟူသည် စာမေးပွဲ စာရွက်ကို လက်ခံ ရရှိပြီး အဖြေလွှာစစ်ဆေးမည့် အရာရှိထံသို့ ပို့ဆောင်ပေးရန် ပြင်ဆင်လိုက်၏။

မထင်မှတ်ဘဲ ဧကရာဇ်ယန်သည် ဤအချိန်တွင် ရုတ်တရက် ပြောလိုက်သည်။ "ယူခဲ့၊ နောက်ပိုင်းစာရွက်တွေကို ကျန်းတိုင် စစ်ဆေးမယ်။"

လူတိုင်း အံ့အားသင့်သွားကြ၏။ လျိုဝူကျီသည်လည်း ဘေးသို့ စောင်းငဲ့၍ ဧကရာဇ်ယန်ထံသို့ ကြည့်လိုက်၏။ သူသည် အစောကြီးကတည်းက ဧကရာဇ်မင်းမြတ် ယနေ့ အနည်းငယ် ထူးဆန်းနေသည်ကို သတိပြုမိခဲ့ပြီး တစ်စုံတစ်ခုကို သည်းခံထိန်းချုပ်ထားပြီး ထုတ်ဖော်ခြင်း မရှိသကဲ့သို့ ဖြစ်နေ၏။ ယခု ဧကရာဇ်မင်းမြတ်၏စကားကို ကြားသော် သူ ရုတ်တရက် တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားလေသည်။ မျက်မှောင်ကြုတ်လိုက်ပြီး လျိုဝူကျီသည် သူ့မြေးမလေးကို တစ်ချက် ထပ်ကြည့်လိုက်ရာ စိတ်ထဲ၌ ဒေါကန်သွား၏။

'ဒါဆို၊ တကယ်ပဲ သူ့ရဲ့ လိမ်မာတဲ့ မြေးမလေးကို ပစ်မှတ်ထားနေတာပေါ့။'

လျိုဝူကျီ၏အမူအရာကို သတိပြုမိသဖြင့် ဧကရာဇ်ယန်သည် အနည်းငယ် မလုံမလဲ ဖြစ်သွား၏။ ပြီးနောက် လျိုဝူကျီကို မကြည့်တော့ဘဲ နေလိုက်၏။ စာမေးပွဲ စာရွက်များ ပို့ဆောင်လာသည်ကို စောင့်ဆိုင်းပြီးနောက် စာမေးပွဲ စာရွက်များကို စတင် စစ်ဆေးလေတော့၏။ အရည်အချင်းစစ် အမှန်တကယ် ရှိသလော၊ သို့တည်းမဟုတ် လိမ်လည် လှည့်ဖြားနေသလော၊ ချက်ချင်း သိရှိရပေတော့မည်။ အကယ်၍ လိမ်လည် လှည့်ဖြားနေပါက မင်းဆရာကြီးက မိန်းမသားတစ်ယောက်အတွက် အဖြေလွှာစစ်ဆေးမည့် အရာရှိကိုပင် လာဘ်ထိုးဝံ့သည်ဆိုလျှင် ထိုအချိန်တွင် သူ ဒေါသထွက်ခွင့် မရှိပေ။ အကယ်၍ ထိုမိန်းကလေးထံတွင် အမှန်တကယ် အရည်အချင်းစစ် ရှိနေပါက.... ထိုသို့ဆိုလျှင် သူနောက်ပိုင်း ထိုမိန်းကလေအပေါ် ပစ်မှတ်မထားတော့သ၍ ကိစ္စပြီးသွားလိမ့်မည်။

အနည်းဆုံးတော့ ချူ၊ ကျင်း သံတမန်များနှင့် မယှဉ်ပြိုင်မီ သူ သူမအပေါ် ထပ်မံ ပစ်မှတ်ထားတော့မည် မဟုတ်ပေ။ ဤအရာများကို တွေးမိသဖြင့် ဧကရာဇ်ယန်သည် ပထမဆုံး စာမေးပွဲ စာရွက်ကို ဖြန့်လိုက်၏။ ထိုသည်မှာ လင်းရှောင်ယွဲ့၏စာရွက်ပင် ဖြစ်၏။

အပေါ်မှ အဖြေကို မြင်တွေ့လိုက်ရသောအခါ ဧကရာဇ်ယန်သည် တုန်လှုပ်သွားသေး၏။ စာလုံးများ အနည်းငယ် အရုပ်ဆိုးသော်လည်း အဖြေမှာမူ မှန်ကန်နေ၏။

အောက်မှ လင်းရှောင်ယွဲ့ကို မထိန်းနိုင်ဘဲ တစ်ချက်လှမ်းကြည့်လိုက်ရာ ဧကရာဇ်ယန်၏ မျက်ဝန်းထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်နေသော်လည်း သူမကို အောင်မြင်ခွင့် ပေးလိုက်၏။

တကယ်ပဲ သူ လူကို အထင်သေးခဲ့မိပြီ၊ မထင်မှတ်ဘဲ ဂဏန်းသင်္ချာ လမ်းကြောင်းကို ကျွမ်းကျင်သော အရည်အချင်းရှိသူတစ်ဦး ဖြစ်နေပါပေသည်။

လင်းရှောင်ယွဲ့ထံတွင် အရည်အချင်းစစ် အမှန်တကယ် ရှိကြောင်း သေချာသွားသဖြင့် ဧကရာဇ်ယန်သည် များများအချိန်မဆွဲတော့ဘဲ နောက်မှ စာမေးပွဲ စာရွက်များကိုလည်း လျင်မြန်စွာ စစ်ဆေးလိုက်၏။ ပြီးနောက် မိန်းမစိုးချုပ်ဟူအား အဖြေကြေညာစေ၏။ ဤတစ်လှည့် စစ်ဆေးမှုတွင် အမှန်တကယ်ပင် လူလေးယောက် ထပ်မံ ရှုံးနိမ့် ထွက်ခွာသွား၏။ ယခု ပွဲအတွင်း၌ ငါးယောက်သာ ကျန်ရှိတော့၏။

လျင်မြန်စွာပင် နောက်တစ်လှည့် စစ်ဆေးမှု စတင်၏။ ဤတစ်ကြိမ် မေးခွန်းများ၏ အခက်အခဲမှာ နောက်ထပ် အဆင့်တစ်ဆင့်သို့ မြင့်တက်သွား၏။ လူများသည် မေးခွန်းကို မြင်တွေ့ပြီးနောက် အားလုံး အနည်းငယ် မျက်မှောင်ကြုတ်သွားကြ၏။

လင်းရှောင်ယွဲ့ တစ်ယောက်တည်းသာ မေးခွန်းကို အနောက်ဆုံးမှ ဖတ်ရှုပြီးစီးပြီးကာ ဖတ်ပြီးနောက် အမူအရာမှာ ပုံမှန်အတိုင်းပင်ဖြစ်ကာ အကြမ်းစက္ကူပေါ်တွင် ရေးသား တွက်ချက်လေတော့၏။ ပြီးနောက် မကြာမီပင် အဖြေကို ထပ်မံ ရေးသား ထုတ်နိုင်ခဲ့ပြန်သည်။

ဧကရာဇ်ယန်သည် ဤတစ်ကြိမ်တွင် တမင်တကာ လင်းရှောင်ယွဲ့ကို အာရုံစိုက်လိုက်ရာ သူမ မေးခွန်း ဖြေဆိုသည်မှာ ပေါ့ပါး လွယ်ကူနေသည်ကို မြင်တွေ့ရသဖြင့် သူမအပေါ် ယခင်က ထို မထီမဲ့မြင် ပြုသော စိတ်ခံစားချက် နောက်ဆုံးတွင် မရှိတော့ပေ။ ဆန့်ကျင်ဘက်အားဖြင့် အနည်းငယ် သဘောကျ နှစ်သက်မှုပင် ပိုမိုလာ၏။ ဒီမိန်းကလေက တကယ်ကို အခုပွဲထဲမှ လူများထဲတွင် အရင်အချင်းအမြင့်ဆုံးလူဖြစ်လောက်သည်။

လျင်မြန်စွာပင် တစ်ဆယ့်ငါးမိနစ် ပြည့်သွားလေသည်။

ကိုယ်ရံတော်က စာရွက်များ သိမ်းဆည်းပြီး လျင်မြန်စွာပင် စာရွက်များကို ဧကရာဇ်ယန်၏ လက်ထဲသို့ ထပ်မံ သိမ်းဆည်း ရောက်ရှိသွား၏။

ဧကရာဇ်ယန် မြင်တွေ့လိုက်ရသော ပထမဆုံး စာမေးပွဲ စာရွက်မှာ ယခင်အတိုင်းပင် လင်းရှောင်ယွဲ့၏ စာရွက် ဖြစ်၏။ လက်ရေးမှာ ယခင်အတိုင်းပင် အရုပ်ဆိုးသော်လည်း မျှော်လင့်ထားသည့်အတိုင်းပင် အဖြေမှာမူ ထပ်မံ၍ မှန်ကန်နေပြန်၏။

ဧကရာဇ်ယန်သည် မထိန်းနိုင်ဘဲ လင်းရှောင်ယွဲ့ကို ထပ်မံ ကြည့်လိုက်မိ၏။ လင်းရှောင်ယွဲ့က အလျင်အမြန် ရှောင်တိမ်းသွားသည်ကို မြင်သော် စိတ်ထဲ၌ ထိုမျှ ဒေါသထွက်ခြင်း မရှိတော့ဘဲ ဆန့်ကျင်ဘက်အားဖြင့် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ပိုမိုလာ၏။

All Chapters