← Chapters

ရှူးဖေးနှင့် တွေ့ဆုံခြင်း

Vol. 19 Ch. 400

ရှူးဖေးနှင့် တွေ့ဆုံခြင်း

Vol. 19 Ch. 400

အကြောင်းကတော့ အိမ်တော်မှ ဝက်အူချောင်းနှင့် အသားခြောက်များ စားသုံး၍ ကုန်သွားသဖြင့် အာသာပြင်းပြသည့်အခါ ယခု တစ်ခါတစ်ရံ 'ရူယီစားသောက်ဆိုင်' သို့ သွားရောက် စားသုံးလေ့ ရှိသောကြောင့် ဖြစ်၏။

အမှန်တကယ်ပင် မထင်မှတ်ခဲ့ပေ။ ဤမျှ အရသာ ရှိလှသော ဝက်အူချောင်းနှင့် အသားခြောက်များသည် တကယ်တမ်း လောင်ရှစ် ပြုလုပ်ထားခြင်း ဖြစ်နေလေသည်။

ဤသို့ဆိုလျှင် လောင်ရှစ်သာ နောင်တွင် မြို့တော်သို့ လာရောက်၍ သရေစာဆိုင် ဖွင့်လှစ်မည်၊ မြို့တော်တွင် အခြေချ နေထိုင်မည် ဆိုပါက၊ ဖြစ်နိုင်သည်မှာ ဝက်အူချောင်း အသားခြောက် အလုပ်ရုံပါ ရောက်လာနိုင်တယ်မဟုတ်လား။

ဤသို့ဆိုလျှင် သူမ စားကောင်းသောက်ဖွယ်များ စားသုံးရတော့မည်။ အိုး... မဟုတ်သေးဘူး၊ မြို့တော်မှ ပြည်သူများအားလုံး စားကောင်းသောက်ဖွယ်များ စားသုံးကြရတော့မည် ဖြစ်၏။

ဤသို့ တွေးမိသော် မင်းသမီး ၆၏ စိတ်ထဲတွင် ပို၍ပင် စိတ်လှုပ်ရှားလာ၏။

"တကယ်ပဲ ကျွန်တော်မျိုးမရဲ့ လက်အောက်က အလုပ်ရုံတွေက ထွက်တာပါ" ဟု လင်းရှောင်ယွဲ့က ပြုံးရင်း ပြန်ဖြေလိုက်သည်။

ဤစကား ထွက်လာသည်နှင့် လူအများ လင်းရှောင်ယွဲ့ကို ကြည့်သော အကြည့်များသည် ချက်ချင်း ပို၍ လေးစားသွားကြ၏။

သခင်မလီသည် အမှန်တကယ်ပင် ထက်မြက်လှပေစွ။

"သိပ်ကောင်းတာပဲ။ ဒါဆို လောင်ရှစ်လည်း မြို့တော်မှာ အလုပ်ရုံ လာဖွင့်ပါလား။ ကျွန်မတို့ မြို့တော်က ပြည်သူတွေက ဝက်အူချောင်းနဲ့ အသားခြောက်ကို သဘောကျကြတယ်လေ။ ကျွန်မ... ကျွန်မလည်း အရမ်း သဘောကျတာပဲ" ဟု မင်းသမီး ၆က အလျင်အမြန် ပြောလိုက်သည်။

ဝက်အူချောင်းနှင့် အသားခြောက်သည် 'ရူယီစားသောက်ဆိုင်' ၏ ယခု နာမည်ကြီး ဟင်းလျာများထဲမှ တစ်ခု ဖြစ်၏။ ထောက်ပံ့မှု ကန့်သတ်ထားသောကြောင့် ယခု သွားရောက် စားသုံးသော ဧည့်သည်များသည် စားပွဲတစ်ဝိုင်းလျှင် အသားခြောက်နှင့် ဝက်အူချောင်းနှင့် သက်ဆိုင်သော ဟင်းလျာများကို တစ်ပွဲစီသာ မှာယူနိုင်ကြပြီး အပို တစ်ပွဲ ထပ်မံ မှာယူ၍ မရနိုင်ပေ။

အကယ်၍သာ လောင်ရှစ်က မြို့တော်သို့ လာရောက်၍ အလုပ်ရုံ ဖွင့်လှစ်မည်ဆိုပါက ထိုအချိန်တွင် သူမ ဝက်အူချောင်းနှင့် အသားခြောက် ထပ်မံ စားသုံးလိုပါက များစွာ လွယ်ကူသွားပေမည်။

ကျန်ရှိသော လူများသည်လည်း အသီးသီး လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်ကြ၏။ အမှန်တကယ်ပင် အနည်းငယ် မျှော်လင့်တကြီး ဖြစ်နေကြ၏။ ဧကရာဇ်ယန်သည်ပင်လျှင် စိတ်ဝင်စားဟန်ဖြင့် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

လင်းရှောင်ယွဲ့သည် အားနာဟန်ဖြင့် ပြုံးလိုက်၏။

"ဒါက... ကျွန်မမှာ ယာယီအားဖြင့်တော့ ဒီလို အစီအစဉ် မရှိသေးပါဘူး"

ချင်းရှီမြို့၏ အသားခြောက် ဝက်အူချောင်း အလုပ်ရုံ လျင်မြန်စွာ ဖွင့်လှစ်နိုင်ခဲ့သည်မှာ ချီဝူတပ်သားများ ရှိနေသောကြောင့် ဖြစ်၏။ ထို့အပြင် ကျိုးရှီနှင့် လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းမှ လူများက သူမအား ဝက်အစိမ်းရင်းမြစ်အချို့ကို ဖြေရှင်းပေးရန် ကူညီခဲ့ကြ၏။ သို့သော် မြို့တော်သို့ လာရောက်ပါက အရာအားလုံးကို အစမှ ပြန်လည် စတင်ရပေမည်။ နေရာ၊ လူအင်အား၊ ထို့အပြင် ဝက်သားရင်းမြစ်၊ အားလုံးမှာ ပြဿနာ ကိစ္စများချည်းသာ ဖြစ်၏။

ဤစကား ထွက်လာသည်နှင့် မင်းသမီး ၆သည် ချက်ချင်း စိတ်ပျက်သွား၏။

လင်းရှောင်ယွဲ့ကို ဆွဲကိုင်၍ ထပ်မံ ဖျောင်းဖျရန် ပြင်လိုက်စဉ် သူမခမည်းတော်၏ သတိပေးသော အကြည့်တစ်ချက်ကို ခံလိုက်ရ၏။ မင်းသမီး ၆သည် ထိုအခါမှ ထိန်းချုပ်လိုက်ပြီး လိမ်မာစွာ ဘေးသို့ ရပ်နေလိုက်၏။

"ဟားဟား၊ ကျန်း ကြားရတာက အန်းယန်ဝမ်က အန်းယန်ခရိုင်မှာ မူဝါဒတစ်ရပ်ထုတ်ပြန်ပြီး အလုပ်ရုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျေးလက် မွေးမြူရေးကို အားပေးခဲ့တယ်" ဧကရာဇ်ယန်က ရုတ်တရက် ပြောလိုက်သည်။ "ဒီအရာအားလုံးက မင်း ဖွင့်လှစ်ထားတဲ့ အလုပ်ရုံ နည်းနည်းပတ်သက်နေသလိုပဲ" ဟု နားမလည်ဟန်ဖြင့် လင်းရှောင်ယွဲ့ကို လှမ်းကြည့်လိုက်၏။

လင်းရှောင်ယွဲ့၏အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ဧကရာဇ်ယန်အား လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။

"အရှင်မင်းကြီးကို ပြန်လည် လျှောက်တင်ပါတယ်၊ တကယ်ပဲ နည်းနည်း ပတ်သက်မှု ရှိပါတယ်။ ကျွန်တော်မျိုးမ အလုပ်ရုံ ဖွင့်လှစ်တာက ကုန်ကြမ်းပစ္စည်းတွေနဲ့ လူအင်အား လိုအပ်ချက်က နည်းနည်း ကြီးမားပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးမရဲ့ အရည်အချင်းက ကန့်သတ်ချက် ရှိနေတော့ ဒီအတွက် အမြဲတစေ စိတ်ညစ်နေခဲ့ရပါတယ်။

တိုက်ဆိုင်စွာပဲ လျန်မိသားစု ကုန်သွယ်ရေးလုပ်ငန်းက သခင်လေးလျန်က ကျွန်တော်မျိုးမ အလုပ်ရုံက ထွက်တဲ့ ပစ္စည်းတွေကို သဘောကျသွားပြီး ကျွန်တော်မျိုးမနဲ့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီခဲ့ပါတယ်။ သခင်လေးလျန်က ကျွန်တော်မျိုးမရဲ့ အခြေအနေကို သိရှိသွားပြီးတဲ့နောက် အမှန်တကယ်ပဲ ကျွန်တော်မျိုးမကို အန်းယန်ဝမ်နဲ့ မိတ်ဆက်ပေးခဲ့ပါတယ်"

လင်းရှောင်ယွဲ့၏ မျက်နှာထက်တွင် ကြည်ညို လေးစားသော အမူအရာ ပေါ်ပေါက်လာ၏။

"ဝမ်ရယ်က အဲ့ဒီတုန်းက အန်းယန်ခရိုင်ကို ရောက်ခါစပဲ ရှိသေးတယ်၊ အန်းယန်ခရိုင် ပြည်သူတွေအတွက် တစ်စိတ်တစ်ဝမ်းတည်း ကိစ္စတချို့ လုပ်ဆောင်ပေးချင်ခဲ့တယ်။ ကျွန်တော်မျိုးမရဲ့ လိုအပ်ချက်နဲ့ အတွေးအခေါ်တွေကို ကြားပြီးတဲ့နောက်မှာ ကျွန်တော်မျိုးမရဲ့ အကြံဉာဏ်က လုပ်ဆောင်လို့ ဖြစ်နိုင်တယ်လို့ ထင်မြင်ခဲ့တယ်။ ပြီးတော့ အန်းယန်ခရိုင်က အကြီးအကဲ လူကြီးမင်းတွေနဲ့ တိုင်ပင်ပြီးမှ ကျေးလက် အလုပ်ရုံ လုပ်ငန်းတွေကို ထောက်ပံ့ဖို့၊ ပြီးတော့ ရွာအသီးသီးရဲ့ အထူးစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေမယ့် ပြည်သူ့အကျိုးပြု မူဝါဒကို သတ်မှတ် ချမှတ်ခဲ့တာပါ"

ဧကရာဇ်ယန်၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှု အချို့ ပေါ်ပေါက်လာ၏။

"အော်။ ပြောကြည့်ပါဦး၊ တိကျတဲ့ မူဝါဒက ဘယ်လိုမျိုးလဲ။ မင်းအတွက်ရော ဘာအကူအညီ ရှိလဲ"

သခင်မလေးလင်းကို လူလွှတ်၍ စုံစမ်း စစ်ဆေးခဲ့ပြီး ဖြစ်သဖြင့် သူသည် သခင်မလေးလင်းနှင့် သူ့သားတော်ကြီးတို့၏ ဆက်ဆံရေးကို သိရှိပြီး ဖြစ်၏။ ယခင်က များများစားစား အလေးမထားခဲ့သော်လည်း ယခု သခင်မလေးလင်းနှင့် မင်းဆရာကြီး၏ အိမ်တော် ပတ်သက်မှု ရှိကြောင်း သိရှိရသဖြင့် သူ သတိထားရမည် ဖြစ်၏။

ယခင်က သူ အနည်းငယ် ထူးဆန်းနေမိသည်မှာ သခင်မလေးလင်းသည် တောသူမလေး တစ်ယောက်မျှသာ ဖြစ်လျက် ဘယ်လိုအရည်အချင်းများရှိ၍ လျန်မိသားစု၊ ထို့အပြင် အန်းယန်ဝမ်အိမ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်သနည်း ဟူ၍ ဖြစ်၏။ ယခုမူ သူမနှင့် မင်းဆရာကြီးအိမ်တော်၏ ဆက်ဆံရေးကို သိရှိသွားမှ ဤအရာအားလုံးမှာ အကျိုးသင့်အကြောင်းသင့် ရှိသွားသည်။

လင်းရှောင်ယွဲ့သည် လျင်မြန်စွာပင် အမှန်အတိုင်း ပြောကြားလိုက်၏။

မူဝါဒ အကြောင်းအရာ၊ အသုံးဝင်မှု၊ ထို့အပြင် သူမအတွက် လက်တွေ့ကျသော အကူအညီများကို ပြောကြားလိုက်၏။

လူတစ်စုသည် ကြားရသဖြင့် မျက်လုံးများ အရောင်တောက်လာကြ၏။ လျိုဝူကျီပင်လျှင် အံ့အားသင့်စွာဖြင့် သူ့မြေးမလေးကို လှမ်းကြည့်လိုက်၏။

'သူ့အဖိုးတန် မြေးမလေး၊ ဒီဦးနှောက်လေးက ဘယ်လိုများကြီးပြင်းလာတာလဲ။ တကယ်ကို ထက်မြက်လွန်းတယ်။'

ကျန်ရှိသော လူများမှာမူ မျက်နှာအပြည့် ကြည်ညို လေးစားနေကြ၏။

အန်းယန်ဝမ်က သူမ၏ ဖျောင်းဖျမှုကို ခံရပြီး သူမကို ထောက်ပံ့ရန် မူဝါဒ အမိန့်များပင် ထုတ်ပြန်ပေးခဲ့သည်မှာ မဆန်းကြယ်တော့ပေ။ သူမ၏ ဤအတွေးအခေါ်များသည် ဒေသတွင်း စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေရန် အမှန်တကယ်ပင် အလွန် ကောင်းမွန်လှပေသည်။

ချင်းရှီမြို့၊ အန်းယန်ခရိုင်ကိုသာ ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ဤမူဝါဒသည် သာ့ယန်တစ်နိုင်ငံလုံးတွင် ထားရှိလျှင်ပင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး ဖြစ်စေသော မူဝါဒကောင်းတစ်ခု ဖြစ်ပေသည်။

သူမ ဘာပြောသွားလဲ နားထောင်ကြည့်ပါဦး။

အလုပ်ရုံကြီး တစ်ခုသည် ရွာအနည်းငယ်မှ ရွာသူရွာသားများ၏ အသက်မွေးဝမ်းကျောင်းမှုကို ဖြေရှင်းပေးနိုင်၏။ ပတ်ဝန်းကျင်မှ ပြည်သူများသည် အလုပ်ရုံထဲသို့ အလုပ် သွားဆင်းနိုင်ပြီး ငွေရှာနိုင်၏။ အိမ်မှ ကျန်ရှိသော လူများသည် လယ်ထဲတွင် အလုပ်လုပ်ကိုင်ပြီး လယ်ထဲမှ အထွက်နှုန်းများကို အလုပ်ရုံသို့ ရောင်းချလျှင်လည်း ငွေရှာနိုင်သည်။'

အလုပ်ရုံ ပိုင်ရှင်သည် နေရာတွင်ပင် ပြည်သူများထံမှ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူ၍ ထုတ်လုပ်ရာတွင် အသုံးပြုသဖြင့် ကုန်ကြမ်းထောက်ပံ့မှုပြဿနာကို ဖြေရှင်းနိုင်ပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်၏။ အလုပ်သမားရရှိနိုင်သဖြင့် လူအင်အား ပြဿနာကိုလည်း ဖြေရှင်းနိုင်သည်။

အလုပ်ရုံ ပိုင်ရှင်ဘက်မှ စီးပွားရေးအတွက် စိုးရိမ်ပူပန်စရာ မရှိသရွေ့ အလုပ်ရုံထဲမှ လူအားလုံး၊ ထို့အပြင် ပတ်ဝန်းကျင်မှ အလုပ်ရုံသို့ ကုန်ကြမ်း ထောက်ပံ့ပေးသော ရွာသူရွာသားများကိုပါ ကျွေးမွေးထားနိုင်ပေမည်။

တစ်ချိန်တည်းမှာပင် အလုပ်ရုံ စီးပွားရေး ကောင်းမွန်လာပါက နန်းတော်သို့ ပေးဆောင်ရမည့် အခွန်အခများလည်း များပြားလာပေမည်။

ရွာသူရွာသားများ လက်ထဲတွင် ပိုက်ဆံ ရှိလာပါက နှစ်စဉ် နန်းတော်သို့ ပေးဆောင်ရမည့် စပါးအခွန် အစရှိသည်တို့ကိုလည်း နောက်ကျကြတော့မည် မဟုတ်ပေ။

တကယ်ကို သုံးဦးသုံးဖက် အကျိုးအမြတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ထို့အပြင် "ချမ်းသာလိုလျှင်၊ အရင်ဆုံး လမ်းပြင်။" ဟူသော အနှစ်ချုပ်မှာ အမှန်တကယ်ပင် ထိမိလှပေသည်။ သွားလာရေး ကောင်းမွန်သော နေရာသည် အမှန်တကယ်ပင် ဖွံ့ဖြိုးတိုးတက်ရန် ပို၍ လွယ်ကူလှသည်...

ဧကရာဇ်ယန်သည်လည်း ထိုစကားများကိုကြားပြီး မျက်လုံးများ အရောင်တောက်လာ၏။ လင်းရှောင်ယွဲ့က ဤအချက်များကို တွေးခေါ်နိုင်လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

လျင်မြန်စွာပင် အမှန်တကယ် လင်းရှောင်ယွဲ့နှင့် ဆွေးနွေးတိုင်ပင်လိုက်၏။ စားသောက်သည့် နေရာသို့ ရောက်ရှိသော်လည်း ရပ်တန့်မည့်သဘော မရှိသေးပေ။ လင်းရှောင်ယွဲ့နှင့် ဆက်ပြီးအဆင်ပြေပြေဆွေးနွေးနိုင်အောင် သူမအား သူ့ညာဘက် လက်အောက်မှ နေရာတွင် ထိုင်စေလေသည်။

ဧကရာဇ်ယန်၏ ဘယ်ဘက် လက်အောက်တွင် ထိုင်နေသော လျိုဝူကျီသည်လည်း ကန့်ကွက်ခြင်း မရှိဘဲ စူးစမ်းဟန်ဖြင့် သူ့မြေးမလေးကို စိုက်ကြည့်ရင်း သူမထံမှ နောက်ထပ် အမြင်များကို ကြားသိရန် မျှော်လင့်နေ၏။

"ဟားဟား၊ တကယ် မထင်မှတ်ခဲ့ဘူး။ သခင်မက ဂဏန်းသင်္ချာ စွမ်းရည် ထူးချွန်ရုံတင် မကဘူး ပြည်သူ့ရေးရာ ကိစ္စကြီးတွေအပေါ်မှာလည်း ဒီလောက်တောင် အမြင် ရှိလိမ့်မယ်လို့" ဧကရာဇ်ယန်က ချီးကျူးလိုက်၏။

တစ်ချိန်တည်းမှာပင် အကြည့်သည် သူ့ဘယ်ဘက် လက်အောက်တွင် ထိုင်နေသော မင်းဆရာကြီးထံသို့ မထိန်းနိုင်ဘဲ ကြည့်လိုက်မိ၏။

မင်းဆရာကြီး၏ မျိုးဆက် ဖြစ်ထိုက်ပေသည်။ မင်းဆရာကြီး၏ ပြုစုပျိုးထောင်မှုဖြင့် အလွန်ထူးချွန် ထက်မြက်လှ၏။

နှမြောစရာ ကောင်းလှသည်မှာ မိန်းကလေးတစ်ယောက် ဖြစ်နေခြင်းပင်။ မဟုတ်ပါက သူပင်လျှင် မင်းဆရာကြီးက သူမအား နောက်တစ်ဆက်ခံမည့်သူအဖြစ် ပြုစုပျိုးထောင်ခြင်းကို ကန့်ကွက်မည် မဟုတ်ပေ။

"အရှင်မင်းကြီး မြှောက်ပင့်လွန်းနေပါပြီ" လင်းရှောင်ယွဲ့က ကျိုးနွံစွာ ပြန်ဖြေလိုက်၏။

ဧကရာဇ်ယန်က လူတိုင်းအား တူများ လှုပ်ရှားရန် ဆိုမှသာ စတင်သုံးဆောင်ကြလေသည်။

စားပွဲတွင် ဧကရာဇ်ယန်သည် လင်းရှောင်ယွဲ့အား မေးခွန်းများ မနည်းမနော ထပ်မံ မေးမြန်းပြီး လင်းရှောင်ယွဲ့ကလည်း တစ်ခုချင်းစီ ဖြေကြားခဲ့၏။

အဆက်မပြတ် ထိတွေ့ ဆက်ဆံလာသည်နှင့်အမျှ ဧကရာဇ်ယန်သည် လင်းရှောင်ယွဲ့အပေါ် အထင်အမြင်မှာလည်း တဖြည်းဖြည်း ပို၍ ကောင်းမွန်လာ၏။

နေ့လယ်စာ သုံးဆောင်ပြီးနောက် ဧကရာဇ်ယန်သည် အချိန်အတော်ကြာ ထိုင်နေပြီးမှ မလိုလားစွာဖြင့် နှုတ်ဆက်ခဲ့လေသည်။။

ပြီးနောက် လင်းရှောင်ယွဲ့တို့ လူတစ်စုသည် မင်းဆရာကြီးနှင့်အတူ မင်းဆရာကြီး၏ အိမ်တော်သို့ ပြန်သွားကြ၏။ နန်းတော်ဥယျာဉ်မှ ထွက်သော် လင်းရှောင်ယွဲ့၏အကြည့်သည် ထိုအခါမှ အမူအရာ မပျက်ဘဲ အရပ်လေးမျက်နှာသို့ ဝေ့ဝဲ ကြည့်ရှုလိုက်၏။ လီရှောင် ပြန်မလာမည်ကို အလွန် စိုးရိမ်နေ၏။

ကံကောင်းစွာဖြင့် မကြာမီပင် လီရှောင် ပေါ်ထွက်လာ၏။ မြင်းလှည်းကိုပါ ဆွဲလာခဲ့သေးသည်။

ရင်ထဲမှကျောက်တုံးကြီးသည် ချက်ချင်း ပြုတ်ကျသွားပြီး လင်းရှောင်ယွဲ့သည် လီရှောင်အား အပြုံးတစ်ချက် ပေးလိုက်ကာ လျင်မြန်စွာ မြင်းလှည်းပေါ်သို့ တက်လိုက်၏။

မလှမ်းမကမ်းမှ လျိုဝူကျီသည် ထိုအခြေအနေကို မြင်သော် မျက်နှာထက်တွင် လိုက်ပါ၍ အပြုံးတစ်ခု ပေါ်လာပြီး သူသည်လည်း မြင်းလှည်းပေါ်သို့ တက်လိုက်၏။

မြင်းလှည်းယာဉ်တန်းသည် အတူတကွ မင်းဆရာကြီး၏ အိမ်တော်ဆီသို့ ဦးတည် ထွက်ခွာသွား၏။

မြင်းလှည်းပေါ်တွင် လင်းရှောင်ယွဲ့သည် မြင်းလှည်း လှည်းထောက်တိုင်နှင့် နီးကပ်သော နေရာသို့ ရွှေ့လိုက်၏။ အသံကို နှိမ့်၍ လီရှောင်နှင့် စကားပြောလိုက်၏။

"ဘယ်လိုလဲ။ အစ်မတော်နဲ့ တွေ့ခဲ့လား"

လီရှောင်၏ မျက်နှာဖုံးအောက်မှ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။ "အင်း၊ တွေ့ခဲ့တယ်။"

လင်းရှောင်ယွဲ့ မျက်နှာ ဝင်းပသွား၏။

"ဒါဆို... အစ်မတော် အခု ဘယ်လိုနေလဲ"

ယောက်မတော်ကို သူမ မမြင်ဖူးသော်လည်း လီရှောင်နှင့် ရှောင်ချင်တို့၏ ပါးစပ်ဖျားမှ အခြေအနေ အချို့ကို ကြားသိခဲ့ဖူး၏။

သူမ၏ယောက်မတော်သည် စိတ်နေသဘောထား နူးညံ့သိမ်မွေ့ပြီး ရုပ်ရည် ချောမောလှပကာ ရှားပါးလှသော အမျိုးသမီးကောင်းတစ်ဦး ဖြစ်သည်ဟု သူမ ကြားဖူးသည်။

ဤသို့ ဖြစ်သောကြောင့်မှ ဧကရာဇ်ယန်၏ 'ရှူးဖေး' ဟု ခန့်အပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ သဘောမှာ အရည်အချင်း ပြည့်ဝပြီး ကောင်းမွန်သော စိတ်ထား ရှိသည်ဟုဆိုသည်။

သူမသည် နောင်တွင် အိမ်၌ နူးညံ့သိမ်မွေ့သော အလှလေးတစ်ယောက် တိုးလာမည့် မြင်ကွင်းကို အနည်းငယ် မျှော်လင့်နေမိ၏။

"အဆင်ပြေပါတယ်။ ကွေ့ဖေးမယ်မယ်က ကြည့်ရှုစောင့်ရှောက်ထားလို့ သူ့ကို ဘယ်သူမှ အနိုင်မကျင့်ရဲဘူး" လီရှောင်က တိုးညှင်းစွာ ပြောလိုက်သည်။

လင်းရှောင်ယွဲ့က ခေါင်းညိတ်လိုက်၏။ "ဒါဆို ကောင်းတာပေါ့။"

"ဒါဆို ရှင် သူ့ကို ကျွန်မတို့တွေရဲ့ အစီအစဉ် ပြောပြခဲ့လား" လင်းရှောင်ယွဲ့က ထပ်မံ မေးလိုက်၏။

"ပြောခဲ့တယ်။ သူ့ကို အဆင်သင့် ပြင်ဆင်ထားဖို့၊ အချိန်အခါ ကျရောက်တာကို စောင့်ပြီး ကိုယ်တို့တွေ သူ့ကို လာကြိုခေါ်သွားမယ်လို့လေ။"

လင်းရှောင်ယွဲ့သည် လီရှောင်ကို တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် စိတ်အေးသွား၏။

"ဆက်သွယ်ပြီးသား ဖြစ်ရင် ရပါပြီ။ နောက်ပိုင်း၊ မလှုပ်ရှားခင်မှာ အန်းယန်ဝမ်ကို ကွေ့ဖေးမယ်မယ်ကို အကြောင်းကြားခိုင်းလိုက်။ ကွေ့ဖေးမယ်မယ်ကို အစ်မတော်နဲ့ ဆက်သွယ်ခိုင်းလိုက်။"

"အင်း။"

လင်းရှောင်ယွဲ့သည် မေးမြန်းပြီးစီးသွားသော် လီရှောင်က သူမအား နံနက်ခင်းတွင် ဖြစ်ပွားခဲ့သော ကိစ္စများကို ထပ်မံ မေးမြန်းလိုက်၏။ သူ့ဇနီးသည် အမှန်ပင် ပထမနေရာကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရသောအခါ လီရှောင်သည် မထိန်းနိုင်ဘဲ တိုးညှင်းစွာ ရယ်မောသံ ထွက်ပေါ်လာ၏။

"ကိုယ် သိသားပဲ၊ ယွဲ့အာက အတော်ဆုံးပဲ။"

လင်းရှောင်ယွဲ့သည် စိတ်ထဲ၌ ပျားရည်သုတ်လိမ်းထားသကဲ့သို့ ချိုမြိန်သွားပြီး အကယ်၍သာ အပြင်ဘက်တွင် မဟုတ်ပါက သူမခင်ပွန်း၏ရင်ခွင်ထဲသို့ တိုးဝင်သွားမိမည်ဟု တွေးလိုက်မိသည်။။

.......

လျင်မြန်စွာပင် လူတစ်စုသည် မင်းဆရာကြီး၏ အိမ်တော်သို့ ပြန်ရောက်လာကြ၏။

မင်းဆရာကြီးသည် မော့ဖေးကို လျန်ချန်းချိုင်အား တိုက်ရိုက် စီစဉ်စေခိုင်းပြီးနောက် ဝါးဥယျာဉ်သို့ ပြန်သွား၏။ လင်းရှောင်ယွဲ့နှင့် မင်းသမီး ၆တို့သည် နေ့ဝက်လောက် လှုပ်ရှားခဲ့ကြရသဖြင့် အနည်းငယ် ပင်ပန်းသွားကြပြီး အသီးသီး မိမိတို့၏ ခြံဝန်းသို့ ပြန်သွားကြ၏။

မေဟွားဆောင်သို့ ပြန်ရောက်သည်နှင့် လင်းရှောင်ယွဲ့သည် မထိန်းနိုင်ဘဲ လီရှောင်ကို အိမ်ခန်းထဲသို့ ဆွဲခေါ်သွား၏။ တံခါး ပိတ်လိုက်ပြီး လင်မယားနှစ်ယောက် စကားစမြည် ပြောဆိုကြလေတော့သည်။

.......

ညနေစောင်း။

လျိုဝူကျီသည် နောက်ဆုံးတွင် ခြံဝန်း အသီးသီးမှ လူများကို အဓိက ခန်းမဆောင်သို့ ညစာ သုံးဆောင်ဖို့ လာရောက်ရန် ဖိတ်ခေါ်စေသည်။ ထို့နောက်တွင်တော့ လင်းရှောင်ယွဲ့တို့ သုံးဦးအား အထူးလေ့ကျင့်မှု ပြုလုပ်ပေးမည့် ကိစ္စကို ကြေညာလိုက်၏။

မင်းသမီး ၆သည် ကြားပြီးသော် ချက်ချင်း သူမလည်း ပါဝင်လိုကြောင်း တောင်းဆိုချက်ကို တင်ပြလိုက်၏။ လျိုဝူကျီသည် မင်းသမီး ၆ကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူလိုက်၏။

"အထူးလေ့ကျင့်မှုက တစ်ရက်တည်းပဲ။ အချိန်က မနက်ချန်အချိန် (နံနက် ၇ နာရီ) ကနေ စစ်အချိန် (နံနက် ၁၁ နာရီ) အထိ၊ နေ့လယ်ပိုင်းကတော့ အခြေအနေအရ ကြည့်ပြီး သတ်မှတ်မယ်။ တကယ်လို့ နေ့လယ်ပိုင်းမှာ ပြောလို့ မပြီးသေးရင် ညဘက် ဆက်လုပ်မယ်" ဟု လျိုဝူကျီက ပြောလိုက်သည်။

သဘက်ခါသည် သာ့ယန်နှင့် ချူကျင်းသံတမန်တို့ ယှဉ်ပြိုင်ရန် သဘောတူထားသော နေ့ရက် ဖြစ်ရာ ယနေ့ည မလေ့ကျင့်ပါက မနက်ဖြန် တစ်ရက်တည်းသော အချိန်သာ ရှိတော့မည် ဖြစ်၏။ သို့သော် အချိန် ဤမျှ ကျပ်တည်းနေသဖြင့် သူသည်လည်း သူတို့ကို သင်ကြားပေးရန် အရာ များများစားစား မရှိပေ။ ပြိုင်ပွဲ စည်းမျဉ်းများနှင့် သတိပြုရမည့် အချက်များ အစရှိသည်တို့ကို ပြောကြားရုံမျှသာ ဖြစ်ရာ အချိန် များများစားစား ကုန်ဆုံးမည် မဟုတ်ပေ။

"ဟုတ်ကဲ့" လင်းရှောင်ယွဲ့တို့က ပြန်ဖြေလိုက်ကြ၏။

ထိုအခါမှ လျိုဝူကျီနှင့်အတူ ညစာ စတင်စားသောက်ခဲ့ကြသည်။

ထိုတစ်ညတွင် လူတိုင်းသည် မင်းဆရာကြီး၏ အိမ်တော်၌ အလွန် အေးချမ်းစွာ ဖြတ်သန်းခဲ့ကြ၏။ သို့သော် နန်းတွင်း စာကြည့်ခန်းဆောင်ဘက်မှာမူ ကွဲပြားခြားနား၏။

ဂဏန်းသင်္ချာတွင် ကျွမ်းကျင်သော အမတ်ကြီးတစ်စုသည် ဘေးနန်းဆောင်တွင် စုစည်းခြင်း ခံထားရပြီး ယနေ့ တစ်နေ့လုံး အလုပ်များနေကြ၏။ ထိုသည်မှာ အလွန် ခက်ခဲသော ဂဏန်းသင်္ချာ မေးခွန်းအချို့ကို ထုတ်ဖော်ရန်အတွက် ဖြစ်၏။ ဟုတ်သည်၊ သဘက်ခါ ချူကျင်းသံတမန်များနှင့် ယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် မေးခွန်းများ ပြင်ဆင်ရန် ဖြစ်၏။

နှစ်ဖက် ယှဉ်ပြိုင်မှု၏ စည်းမျဉ်းမှာ အချင်းချင်း အပြန်အလှန် မေးခွန်းများ ထုတ်ပြီး တစ်ဖက်လူက ဖြေဆိုရန်ပင်။ အဖြေမှန်ကန်လျှင် အမှတ်ရရှိပြီး အဖြေမှားယွင်းလျှင် အမှတ် မရှိပေ။ နောက်ဆုံးတွင် အမှတ် မြင့်မားသူက အနိုင်ရရှိပေမည်။

နေရာတွင်ပင် ဖြေဆိုရမည့် မေးခွန်းများကို သူတို့သည် ဂဏန်းသင်္ချာ စွမ်းရည် ထက်မြက်သောသူကို ရွေးချယ်၍ ဖြေဆိုခိုင်းနိုင်၏။ မေးခွန်းထုတ်သည့် ကိစ္စမှာမူ ကြိုတင် ပြင်ဆင်ထားနိုင်၏။ ဤအကြောင်းရင်းကြောင့်ပင် ဧကရာဇ်ယန်က လူများကို စီစဉ်၍ နန်းတွင်း စာကြည့်ဆောင် ဘေးမှ ဘေးနန်းဆောင်ထဲတွင် မေးခွန်းများကို အမြဲတစေ ပြင်ဆင်စေခဲ့ခြင်း ဖြစ်၏။

နန်းတွင်း စာကြည့်ခန်းဆောင် ဘေးနန်းဆောင်ထဲမှ လူများသာမက ဧကရာဇ်ယန်သည် အပိုအနေဖြင့် လျိုဝူကျီကိုပါ အမိန့်ချမှတ်လိုက်သေး၏။ သူ့အား မနက်ဖြန် ညမတိုင်မီ ခက်ခဲသော မေးခွန်း သုံးပုဒ်ကို ပြင်ဆင်၍ နန်းတော်ထဲသို့ ပို့ဆောင်စေ၏။

နန်းတွင်း စာကြည့်ခန်းဆောင် ဘေးနန်းဆောင်ထဲမှ အလုပ်များမှုနှင့် နှိုင်းယှဉ်ပါက ဤခဏတွင် ကွေ့ဖေး၏ နန်းတော်ထဲမှာမူ အေးချမ်း သာယာနေ၏။

အန်းယန်ဝမ်နှင့် အန်းယန်ဝမ်ဖေးတို့သည် ယနေ့ နန်းတော်ထဲသို့ ကွေ့ဖေးမယ်မယ်အား လာရောက် တွေ့ဆုံ ဂါရဝပြုကြရာ ရလဒ်အနေဖြင့် ကွေ့ဖေးမယ်မယ်၏ နန်းတော်ထဲတွင် ဆက်နေခွင့်ရခဲ့သည်။

ရှူးဖေးသည် ယခု ကွေ့ဖေးမယ်မယ်နှင့် ဆက်ဆံရေး ကောင်းမွန်ရာ ညဘက်တွင် အဖော်ပြုရန် ခေါ်ယူခြင်းကိုပင် ခံလိုက်ရ၏။

ရှူးဖေးသည် သူမ၏မောင်တော်နှင့် အန်းယန်ဝမ်အိမ်တော်၏ ဆက်ဆံရေးကို သိရှိပြီး ဖြစ်ရာ ကွေ့ဖေးမယ်မယ်နှင့် ရင်ဆိုင်တွေ့ဆုံချိန်တွင် များစွာ ရင်းနှီးသွား၏။ အန်းယန်ဝမ်တို့ဇနီးမောင်နှံအပေါ်တွင်လည်း လေးစားမှု အနည်းငယ် တိုးလာ၏။

"ဒေါ်လေးယွဲ့ ဒီလောက် အားနာနေစရာ မလိုပါဘူး၊ အားလုံး မိသားစုဝင်တွေချည်းပါပဲ" ရှူးဖေးက မိမိအား အရိုအသေ ပေးသည်ကို မြင်သော် အန်းယန်ဝမ်က ကိုယ်တိုင် ရှေ့သို့ တိုး၍ တစ်ချက် တွဲထူလိုက်သည်။

ရှူးဖေးသည် နာခံစွာ ထရပ်လိုက်၏။

မိသားစုဝင်တွေ ဟုတ်လား။ အန်းယန်ဝမ်က သူမမောင်ကို တစ်ဖက်တည်းရောက်အောင်ဆွဲဆောင်နေပြီး အန်းယန်ဝမ်ဖေးမှာမူ သူမ၏ယောင်းမလေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရှိနေ၏။ ယခု သူတို့၏ ဆက်ဆံရေးသည် အမှန်တကယ်ပင် သာမန် မဟုတ်တော့ပေ။

"ဝမ်ရယ် ကျွန်တော်မျိုးမကို မြှောက်စားလွန်းနေပါပြီ" ရှူးဖေးက ထိတ်လန့် ဝမ်းသာဟန်ဖြင့် ပြောလိုက်သည်။

"ဒေါ်လေးယွဲ့ကသာ သူစိမ်းဆန်နေတာပါ။" ဟု အန်းယန်ဝမ်က ရယ်မောရင်း ပြောလိုက်သည်။ "ရွှီယန်က မြို့တော်မှာ မရှိဘူး၊ မယ်တော်က နန်းတော်ထဲမှာ တစ်ယောက်တည်း ကြည့်ရှုစောင့်ရှောက်မယ့်လူလည်း မရှိဘူး။ ဒေါ်လေးယွဲ့ ရှိနေလို့ မယ်တော်ကို အဖော်ပြုပေးလို့သာ ရွှီယန် စိတ်အေးရတာ အများကြီးပဲ။"

အန်းယန်ဝမ်၏အပြုံးကို မြင်သော် ရှူးဖေးသည် အနည်းငယ် အားနာသွား၏။

"ကွေ့ဖေးမယ်မယ်က ကျွန်တော်မျိုးမကို ကြည့်ရှုစောင့်ရှောက်ပြီး နှစ်သိမ့်ပေးတာပါ။ ဝမ်ရယ်ဆီ ရောက်တော့မှပဲ အခြေအနေက... အိုက်ယား..."

"ဟဟ..." ကွေ့ဖေးမယ်မယ်သည် ရယ်မောမိသွားပြီး ရှေ့သို့ တိုးလာကာ ရှူးဖေး၏ လက်ကို ဆွဲကိုင်လိုက်၏။ "တို့နှစ်ယောက်က အချင်းချင်း အပြန်အလှန် ကြည့်ရှုစောင့်ရှောက်ကြတာပါ။ ညီမလေးလည်း သူနဲ့ အားနာမနေနဲ့တော့။ သူက မျိုးဆက်ငယ်တစ်ယောက်၊ မင်းကို ရိုသေလေးစားရမှာ သူ့အလုပ်ပဲ။"

အန်းယန်ဝမ်နှင့် အန်းယန်ဝမ်ဖေးတို့က အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။

ရှူးဖေးသည် ထိုအခါမှ လိုက်၍ ပြုံးရင်း ခေါင်းညိတ်လိုက်၏။ ပြီးနောက် မိသားစုနှင့်အတူ ညစာ သုံးဆောင်ရန် လိုက်ပါသွား၏။

စားပွဲဝိုင်းတွင် အန်းယန်ဝမ်သည် ကွေ့ဖေးမယ်မယ်အား ပျော်ရွှင်စေရန်အတွက် နန်အန်းခရိုင်နှင့် ချင်းရှီမြို့တွင် ဖြစ်ပွားခဲ့သော ကိစ္စများစွာကို ပြောကြားလိုက်၏။ ရှူးဖေး ရှိနေသည်ကို ထပ်မံ ထည့်သွင်း စဉ်းစားပြီး လင်းရှောင်ယွဲ့နှင့် လီရှောင်တို့၏ ကိစ္စများစွာကို ထပ်မံပြောပြလေသည်။ အထူးသဖြင့် လင်းရှောင်ယွဲ့၊ ဤတစ်ယောက်မှာ သူ့အား အကူအညီများစွာ ပေးခဲ့သည်။ အန်းယန်ဝမ်သည် သူမအကြောင်းကို အများဆုံး ထည့်သွင်း ပြောကြား၏။

အမြဲတစေ စကားနည်းသော အန်းယန်ဝမ်ဖေးပင်လျှင် စကား ဝင်ပြောပြီး လင်းရှောင်ယွဲ့၏ ကိစ္စ အချို့ကို ပြောကြား၏။ လေသံထဲတွင် လင်းရှောင်ယွဲ့အပေါ် အတော်အတန် လေးစားမှု ပါဝင်နေ၏။

ရှူးဖေးသည် သူမ၏ယောင်းမလေးက အမှန်တကယ် ဤမျှ အရည်အချင်း ရှိသည်ကို သိရှိရသဖြင့် စိတ်နှလုံးထဲမှပင် သူမမောင်အတွက် ဝမ်းသာမိသွားသည်။ တစ်ချိန်တည်းမှာပင် နောက်နောက်ပိုင်း ယောင်းမလေးနှင့် တွေ့ဆုံရန်လည်း မျှော်လင့်စိတ် အနည်းငယ် တိုးလာ၏။

"ဟားဟား၊ ဒီ သခင်မလေးလင်းက တကယ်ပဲ ထူးဆန်းတဲ့ လူတစ်ယောက်ပဲ။ တခြားဟာတွေ မပြောနဲ့၊ အဲ့ဒီ မာကျောက်ဆိုတဲ့ ပစ္စည်းလေးပဲ။ ငါ့စိတ်နှလုံးကို အတော်လေး ဖမ်းစားနိုင်တယ်" ဟု ကွေ့ဖေးမယ်မယ်က ရုတ်တရက် ရယ်မောရင်း ပြောလိုက်သည်။ "ဘယ်လိုလဲ။ ခဏနေရင် တို့တွေ နည်းနည်းပါးပါး ကစားကြမလား" ဟု ပြီးနောက် ကျန်လူများကို လှမ်းကြည့်လိုက်၏။

သားတော်က မာကျောက်ကို နန်းတော်ထဲသို့ ပို့ဆောင်ပေးပြီး သူမအား ကစားနည်းကို သင်ကြားပေးကတည်းက သူမသည် မာကျောက် ကစားရသည်ကို နှစ်သက်သွားခဲ့၏။ ပုံမှန် နေ့ရက်များတွင် ရှူးဖေးအပြင် အခြား ရင်းနှီးသော မိဖုရား၊ ကြင်ယာတော်များကို ဆွဲခေါ်၍ မာကျောက်ကစားလေ့ရှိ၏။

ယနေ့ သားတော်က ချွေးမတော်ကို ခေါ်ဆောင်၍ သူမထံသို့ လာရောက် ကြည့်ရှုရာ သူမ ကစားရန် အချိန် မရှိခဲ့ပေ။ အခုတော့ ကောင်းပြီ၊ တစ်ဝိုင်းစာ အံကိုက်ပဲ။

ရှူးဖေးက ပြုံးလိုက်ပြီး မငြင်းဆန်ခဲ့ပေ။ ယခု ကွေ့ဖေးမယ်မယ်သည် မိမိတို့ဘက်မှ လူ ဖြစ်ကြောင်း သိရှိရသဖြင့် သူမသည် သူနှင့်အတူ ကစားရန် ပို၍ပင် ပျော်ရွှင်မိ၏။

အန်းယန်ဝမ်ဖေးမှာမူ မျက်လုံးများ အရောင်တောက်သွားပြီး ဝမ်ရယ်ကို လှမ်းကြည့်လိုက်၏။ ရှင်းလင်းစွာပင် အလွန် သဘောတူလိုဟန် ရှိ၏။ သူမ နန်အန်းခရိုင်တွင် ရှိစဉ်က ကစားဖော် အချို့ ရှိသော်လည်း နေ့စဉ်နေ့တိုင်း စုစည်းနိုင်သည်တော့ မဟုတ်ပေ။ ယခု မယ်တော်က ဤသို့ တစ်ချက် ဆိုလိုက်သည်ကို ကြားသော် အနည်းငယ် လက်ယားလာ၏။

အန်းယန်ဝမ်သည် ဝမ်ဖေး၏ အမူအရာကြောင့် ရယ်မောမိသွားပြီး ပြုံးရင်း ခေါင်းညိတ်လိုက်၏။ "ဒါဆို မယ်တော်နဲ့ ဒေါ်လေးယွဲ့ကို နည်းနည်းပါးပါး ကစားဖော် ပြုပေးရတာပေါ့။"

မာကျောက်ကို ပြန်တွေးကြည့်လျှင် ပြီးခဲ့တစ်ခေါက် သူ ကစားခဲ့စဉ်က မနှစ်က နှစ်သစ်ကူး အချိန်က ဖြစ်သည်။ ဤစိတ်အပန်းပြေစေသည့်ကစားနည်းမျိုးကို သူသည်လည်း အလွန် သဘောကျ၏။ နှမြောစရာ ကောင်းသည်မှာ မင်းသားတစ်ပါး ဖြစ်သည့်အလျောက် သူသည် တစ်နေ့လုံး အရေးကိစ္စများစွာဖြင့် အလုပ်များနေရာ ကစားရန် အချိန် ဘယ်လိုများရှိပါ့မလဲ။

All Chapters