ထူးဆန်းသော လူငယ်
Vol. 125 Ch. 1740
ကံကြမ္မာကို တွေးတောမိသည်နှင့် မိန်းကလေး၏ နှုတ်ခမ်းလေးများမှာ တုန်ယင်လာခဲ့၏။ ရင်ဘတ် တစ်ခုလုံးက တင်းကြပ်လာကာ ငိုချင်လာမိသည်။ သူမ ခပ်မြန်မြန်ပင် မျက်ရည်များကို သိမ်းဆည်းလိုက်၏။
“ဆိုးရွားတဲ့ အခြေအနေတိုင်းမှာ ငိုတာက အသုံးမဝင်ဘူး... အဖေက ဒီလိုပဲ ပြောခဲ့ဖူးတယ်... ငါ အရှုံးပေးလို့ မဖြစ်ဘူး”
သူမ အံကို တင်းတင်းကြိတ်ရင်း သေးငယ် ပိန်လှီသည့် လက်မောင်းလေးများမှ သံကြိုးများကို လှုပ်ရှားဖို့ ကြိုးပမ်း ကြည့်လိုက်သည်။
အကြိမ် အနည်းငယ် ထပ်မံ ကျရှုံးပြီးနောက် မရှူနိုင် မကယ်နိုင် စိတ်ဓာတ်ကျမှုကို သူမ ခံစားလိုက်ရပြန်သည်။ ကြောက်ရွံ့ ထိတ်လန့်စိတ်က နှလုံးသားနှင့် အတွေးများ အတွင်း မင်းမူ လာခဲ့ပြန်၏။ သူမ စတင် ရောက်ရှိခဲ့ဉ် အခါက သစ်ပင်မှာ အညှောင့်ပေါက်ခါစ အရွယ်မျှသာ ရှိသေးသည်။ သို့သော်လည်း... ယခုတွင်တော့ မြို့ငယ် တစ်ခုလိုပင် ကြီးမား နေခဲ့ပြီ ဖြစ်သည်။
မည်သူမှ မလာခဲ့။ မည်သူမှ သူမကို လာမရှာခဲ့။
မိန်းကလေး၏ အတွေး အတွင်း ပုံရိပ် တစ်ခုက တဖြည်းဖြည်း ပေါ်လွင် လာခဲ့၏။
ငွေရောင် မျက်လုံးများနှင့် နွေးထွေးစွာ ပြုံးပြနေသည့် လူငယ်...
သူမ ပထမ တစ်ကြိမ် အဖမ်းခံခဲ့ရသည်က နေသွေးနီနီဂိုဏ်းတွင် ဖြစ်သည်။ ထိုမိစ္ဆာမမှာ သူမ၏ နှလုံးသွေးများကို နေ့စဉ် ထုတ်ယူကာ ကျင့်ကြံဖို့ အသုံးချခဲ့သည်။ ကံကောင်းထောက်မစွာပင် ဝေ့ဝူယင်မှာ ၎င်းကို တွေ့ရှိသွားခဲ့ကာ ဂိုဏ်းကို အကြောင်းကြားခဲ့သည်။ သူမကို လွတ်မြောက်စေခဲ့သည်။
ဒုတိယ တစ်ကြိမ် အဖမ်းခံခဲ့ရသည်ကတော့ အနန္တ ဧကရာဇ်ဂိုဏ်း ဖြစ်သည်။ သူမ ကွပ်မြက်ခံရလုဆဲ အချိန်တွင် ဝေ့ဝူယင်မှာ ရောက်ရှိလာခဲ့ကာ စကားတစ်ခွန်းတည်းဖြင့်ပင် အရာအားလုံးကို ပြေလည် စေခဲ့သည်။
သူ ဘာတွေများ လုပ်နေသနည်း။ ဤတစ်ကြိမ်တွင်ရော သူ လာဦးမည်လား။
ခရက်...
ရုတ်တရက် မိန်းကလေး၏ အရှေ့ရှိ ပုံသေ အာကာသမှာ ပွင့်လာခဲ့၏။ ထို့နောက် ပိန်ပိန်ရှည်ရှည်နှင့် လှပသည့် မိန်းကလေး တစ်ဦး ထွက်လာခဲ့သည်။ သူမက အလွန်ပင် သေးကျဉ်သည့် ခါးကို ပိုင်ဆိုင်ထားကာ မိန်းကလေးချင်းပင် ဖက်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာမှာ မလွဲမသွေပင်။ သူမ၏ ချွန်ထက်သည့် နားရွက်များတွင်တော့ နားကပ် တော်တော်များများ ရှိ၏။ ဘယ်ဘက်တွင် သုံးခုနှင့် ညာဘက်တွင် လေးခု ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ အလွန် လှပသည့် ရောင်စဉ်၊ လျှို့ဝှက် အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့ပေသည်။
“နောက်ဆုံး ရိတ်သိမ်းဖို့ အချိန်က နီးကပ်လာပြီ...”
အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေး ညင်သာစွာဖြင့် ရေရွတ်လိုက်လေ၏။
....
အာရုဏ်ဦး၏ ခမ်းနား ထည်ဝါလှသည့် သူရဲကောင်းကြီးမှာ ဖီဆန်ပေါက်စလေး၏ ကြွယ်ဝသည့် နေရောင်ခြည် အောက်တွင် နေပူဆာ လှုံရင်းအမှောင် ဟင်းလင်းပြင် တစ်လျှောက် မျောပါ နေခဲ့သည်။ အရှင်သခင် ကင်းမဲ့နေသည့် ကြယ်တာရာ နယ်မြေကို ကြီးကြပ်ရင်း ဝူယု၏ အသွင်အပြင်က ပြိုင်ဘက်ကင်း အုပ်ထိန်းသူ တစ်ပါး အလား ခန့်ညားလှသည်။
ရုတ်တရက်... သူ ကျင့်ကြံနေမှုကို ရပ်တန့်လိုက်ကာ အပြောကျယ်လှသည့် ကောင်းကင်ဆီ မော့ကြည့်လိုက်သည်။ လောက၏ အာကာသ တစ်လျှောက်လုံး၌ အပြောင်းအလဲများ ဆက်တိုက် ဖြစ်ပေါ်နေသည်ကို ခံစားမိလေရာ သူ၏ မျက်ခုံးများမှာ တွန့်ကွေး သွားခဲ့၏။
"ဘာတွေဖြစ်နေတာလေ..."
ဝူယု ဖြည်းညင်းစွာပင် မတ်တပ်ရပ်လိုက်၏။ အင်ပါယာ ကောင်းကင် အော်ရာက သူ၏ ခန္ဓာကိုယ် ပတ်လည်၌ လွှမ်းခြုံလာသည်။ မည်သည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်လာစေကာမူ ချက်ချင်း လှုပ်ရှားရန် သူ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ဝူယု တစ်ယောက်တည်းသာ မဟုတ်ပါချေ။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်ရှိ အားကောင်းသည့် ကျင့်ကြံသူ အားလုံး တုန့်ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဝှစ်... ဝှစ်... ဝှစ်...
မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် သူတို့မှာ လေထု အလွှာ အထက်ကို ရောက်ရှိလာကာ ပုံမှန် မဟုတ်သည့် အာကာသကို လေ့လာလိုက်ကြတော့၏။
...
အမှောင် ဟင်းလင်းပြင်မှာ အကန့်အသတ်မဲ့ဖြစ်နိုင်ကြောင်း ကောလဟာလသတင်းများ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး စင်စစ်အားဖြင့် အဆုံးမဲ့ဖြစ်သည်ဟု အခိုင်အမာ ပြောဆိုလေ့ရှိကြသော်လည်း ၎င်းက အမှန်တကယ် မှန်ကန်မှု ရှိ၊ မရှိသည်ကိုတော့ ကောင်းကင်ဘုံကသာ သိပေလိမ့်မည်။
ထိုကဲ့သို့ အတိုင်းအဆမဲ့ အကွာအဝေးနှင့် အပြောကျယ်လှသော နေရာအတွင်းတွင် သက်ရှိများ သို့တည်းမဟုတ် သေဆုံးပြီးသည့် ဝိညာဉ်များက နေအိမ်အဖြစ် ဖန်တီးထားသော ဧရိယာများ ရှိသည်။ အဇူရာ မူလ ဂလက်စီ နယ်မြေမှာ ထိုကဲ့သို့ ဧရိယာများထဲမှ တစ်ခု ဖြစ်သည်။
အပြောကျယ်လှသည့် ထိုနယ်မြေကြီး အတွင်းရှိ တစ်နေရာတွင်တော့ သန့်ရှင်းဖြူစင်သည့် သင်္ဘော တစ်စင်း ရှိနေခဲ့၏။ ၎င်းတါင် အဖြူရောင် ရွက်တိုင် လေးခုပါရှိကာ အလယ်ဗဟိုတွင် လျှို့ဝှက် သင်္ကေတများကို ရေးထွင်း၍ စက်ဝိုင်း သဏ္ဌာန် အလှဆင်ထားသည်။ သင်္ကေတများမှာ ဝိညာဉ် အလင်းများဖြင့် တောက်ပနေခဲ့၏။ ၎င်းတို့က ထူးဆန်းသည့် စွမ်းအားများကို ထုတ်လွှတ်နေကာ ရွက်လွှင့်ရာတွင် အထောက်အကူ ပြုသည့် ယာယီ လေများကို ဖြစ်ပေါ်စေခဲ့လေသည်။
သင်္ဘော၏ အဖြူရောင် ကိုယ်ထည်မှာ အပြစ်အနာအဆာ အနည်းငယ်မျှပင် မရှိဘဲ ချောမွေ့သန့်ရှင်းနေသည်။ ၎င်းမှာ အမှောင် ဟင်းလင်းပြင် အတွင်းကို ဖြတ်သန်းသွားစဉ် သေးငယ်သည့် အာကာသ လှိုင်းဂယက်လေးများကို ချန်ရစ်ခဲ့သည်။ သင်္ဘောဦးပိုင်းတွင်တော့ လူငယ် တစ်ဦး ခြေချရင်း ထိုင်နေခဲ့၏။ သူ၏ ညာဘက်လက်တွင် ဝိုင်ခွက် တစ်ခွက်ကို ကိုင်ထားကာ အရက်၏ ကြွယ်ဝသည့် အရသာကို မြည်းစမ်းရင်း စိတ်ဝိညာဉ်ကို နွေးထွေး သွားစေခဲ့လေသည်။
ဝိုင်ခွက်ကို နောက်တစ်ငုံ မော့လိုက်ရင်း လူငယ်၏ မျက်လုံးများမှာ အဝေးကို ငေးမောကြည့် နေခဲ့၏။ သူက လောကကြီးနှင့် အတူတကွ သောက်သုံးရင်း ပေါ့ပါးသည့် စကားဝိုင်း တစ်ခုကို ခံစား နေသကဲ့သို့ ရှိသည်။ အသေးစိတ် အချက်အလက်များက အရေး မကြီးပေ။ အရေးကြီးသည်က ထိုအခိုက် သူ့စိတ်အတွင်း ဖြစ်ပေါ်နေသည့် ခံစားချက်သာ ဖြစ်သည်။
လူငယ်မှာ အလွန်အမင်း ချောမောလှပခြင်း မရှိသလို၊ ကြည့်၍ မရလောက်သည် အထိ ရုပ်ဆိုးခြင်းလည်း မရှိပေ။ သူ့ထံတွင်တွင် ထင်ရှားသည့် ယောက်ျားဆန်ဆန် လက္ခဏာများ မရှိသလို လှပသိမ်မွေ့သည့် မိန်းကလေး ဆန်ဆန် လက္ခဏာများလည်း မရှိပေ။ ဤအချက်များကြားမှပင် သူက အလွန်ဆွဲဆောင်မှု ရှိနေသည်။
ပင်လယ်ရေစက် တစ်ခုမှ ဖန်တီးထားသည်ဟု ထင်ရသည့် သူ၏ စိမ်းပြာရောင် မျက်လုံးများက နက်ရှိုင်းစွာဖြင့် ထာဝရ တည်မြဲနေကာ အဆုံးမဲ့ ဆွဲဆောင်နိုင်စွမ်းဖြင့် တောက်ပနေသည်။ သူက ရှည်လျားသည့် ဆံနွယ်များကို ဂုတ်ထက်တွင် စည်းနှောင်ထားကာ ဘေးနှစ်ဖက်နှင့် နားထင် တစ်ဝိုက်တွင်တော့ အနည်းငယ် ပွယောင်းယောင်း ဖြစ်နေသလို ရှိသည်။
"ပင်လယ်က ငါ့ကို ရွေ့လျား စေတယ်...
လှည့်လည်ရှာဖွေစဉ် လောကရဲ့ စကားသံတွေက ချိုမြိန် ပေါ့ပါးနေတယ်"
ကဗျာဆန်ဆန် စကားလုံးများမှာ လူငယ်၏ နှုတ်ခမ်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။ ခဏအကြာတွင် သူက နောက်တစ်ငုံ သောက်လိုက်၏။ သူ၏ မျက်ခုံးများက အလိုမကျဟန်ဖြင့် အနည်းငယ် မျက်မှောင်ကြုတ် သွားခဲ့သည်။ သို့သော်လည်း ထိုမျက်မှောင်ကြုတ်မှုက ပျောက်ကွယ်သွားကာ နောက်ထပ်တစ်ငုံကို စိတ်မသက်မသာဖြင့် သောက်လိုက်သည်။ အရက်သောက်ခြင်းက မနက်ဖြန် အတွက် စိုးရိမ်ပူပန်မှုများကို ဖယ်ရှားပေးနိုင်သကဲ့သို့ပင်။
အမှောင် ဟင်းလင်းပြင်မှာ မင်ရည်ကျဲကျဲ အနက်ရောင် ဖြစ်နေသည်။ ၎င်းကို အရွယ်အစား အမျိုးမျိုးရှိသည့် ဂြိုဟ်များ၊ လများနှင့် နေကြယ်များဖြင့် ဆေးခြယ်ထား၏။ အပြောကျယ်လှသည့် အမှောင် ဟင်းလင်းပြင်မှာ ပန်းချီကား တစ်ချပ် ကဲ့သို့ပင်။
"အစစ်အမှန် အီသာ ကျောင်းရဲ့ တန်ခိုးရှင် ဂူသင်္ချိုင်း... သူ အဆင့်တက်နေတဲ့ အချိန်မှာ အကာအကွယ်ပေးဖို့ အတွက် ထားခဲ့တဲ့ အတုအယောင် တန်ခိုးရှင် အဆင့် ကောင်းကင် ရင်းမြစ် ချိပ်စည်းသာ မရှိခဲ့ရင် ဒီနေရာက...”
လူငယ်က ပေါ့ပေါ့ပါးပါး ရေရွတ်လိုက်ရင်း ခွက်အတွင်းမှ နောက်တစ်ငုံကို သောက်လိုက်သည်။ သူ၏ ပင်လယ်ပြာရောင် မျက်ဝန်းများကတော့ အဇူရာ မူလ ကြယ်စင်စု၏ တစ်စိတ်တစ်ပိုင်ကို တိတ်ဆိတ်စွာ ငေးမောကြည့်နေဆဲ ဖြစ်သည်။ ကမ္ဘာလောကမှာ အဆုံးအစ မဲ့သလို ဝိုင်ခွက်ထဲမှ အရက်များမှာလည်း အကန့်အသတ် ကင်းမဲ့ပုံ ရလေသည်။
ဝှစ်...
လူငယ် နောက်ထပ် လေးငါးကျိုက်ခန့် သောက်ပြီး နောက်၌ အရှေ့ရှိ အမှောင် ဟင်းလင်းပြင်ထဲတွင် ပုံရိပ် တစ်ခု ဖြည်းညင်းစွာ ပေါ်လာခဲ့သည်။ အာကာသနှင့် အချိန်တို့က လှုပ်ရှားခြင်း မရှိသလို မန်နာမှာလည်း လှိုင်းမထသည့် ရေပြင် အလား တည်ငြိမ် နေခဲ့၏။
ပုံရိပ်မှာ ပိန်သွယ်သွယ် ခန္ဓာ၊ မီးခိုးရောင် မုတ်ဆိတ် ရှည်များနှင့် မီးခိုးရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထးသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူ၏ ရုပ်သွင်က နူးညံ့ သိမ်မွေ့သည့် အဘိုးအို တစ်ဦး၏ ဆွဲဆောင်နိုင်စွမ်းကို ထုတ်လွှတ် နေခဲ့သည်။ သူက အမှောင် ဟင်းလင်းပြင်ကို မြေပြင်လို သဘောထား၍ ရပ်နေခဲ့သော်လည်း အန္တရာယ် ကင်းမဲ့ပုံ ရကာ လူငယ်ကိုသာ အေးဆေး တည်ငြိမ်စွာ စိုက်ကြည့် နေခဲ့သည်။ သို့သော်လည်း... သူ၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နှင့် ညှိုးခြောက်နေသော လက်များတွင် ထူးခြားသော စွမ်းအားလှုပ်ရှားမှုများ ထွက်ပေါ်ခြင်း မရှိပေ။
လူငယ်က အံ့အားသင့်ခြင်း မရှိပဲ နောက်ထပ်တစ်ငုံ သောက်လိုက်၏။ သူက ကြယ်များနှင့် ဂြိုဟ်များကို တည်ငြိမ်စွာ ငေးကြည့်နေဆဲ ဖြစ်သည်။
***