← Chapters

လွတ်မြောက်လာသူ (၂)

Vol. 125 Ch. 1749

လွတ်မြောက်လာသူ (၂)

Vol. 125 Ch. 1749

သက်တံ့လောက အကာအကွယ် အစီအရင်၏ တစ်ဖက် တစ်ချက်၌ ရှကျားနှင့် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်တို့မှာ မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့၏ အမူအရာများက တည်ငြိမ်ကာ ခံစားချက် ကင်းမဲ့ နေကြ၏။ တစ်ခဏမျှ ငြိမ်သက်ပြီးနောက် ခရမ်းရောင်ဝတ်က ဝိညာဉ် ဆက်သွယ်မှုမှ တစ်ဆင့် ပြောလိုက်သည်။

“ထျန်းတိုက်ကျုံး အချုပ်ခံ မထားရတော့ဘူး”

“...”

ထိုစကားလုံးများ စိတ်အတွင်း ဝင်လာသည်နှင့် တစ်ပြိုင်နက် ရှကျား၏ မျက်လုံးများက အပ်ပေါက်များ ကဲ့သို့ ကျဉ်းမြောင်း သွားခဲ့သည်။ သူမ၏ အကြည့်များက ချက်ချင်းပင် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဆီသို့ ရွေ့လျား သွားခဲ့၏။ ထို့နောက် အေးစက်စက်ဖြင့် ငြင်းချက်ထုတ်လိုက်သည်။

"မဖြစ်နိုင်ဘူး..."

“လျူယင်လန်းလည်း ရောက်နေပြီ...”

ခရမ်းရောင် ဝတ်ရုံဝတ်က ရှကျား၏ အဓိပ္ပာယ်မဲ့ သံသယကို ငြင်းခုံရန် ရည်ရွယ်ချက်မရှိသကဲ့သို့ ထပ်လောင်းပြောလိုက်သည်။ သူမ၏ လေသံက မယုံကြည်နိုင်လောက်အောင် မှုန်မှိုင်း နေခဲ့၏။

“...”

ရှကျား တစ်ယောက် တိတ်ဆိတ်သွားခဲ့သည်။ သူမ၏ မျက်ဝန်းများကတော့ သက်တံ့ရောင် အလင်းများနှင့် တောက်ပနေကာ ကျူးကျော်သူများနှင့် ပရမ်းပတာ ဖြစ်နေသည့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ဖြန့်ကျက် ကြည့်လိုက်သည်။

ထို့နောက် သူမ၏ အကြည့်က အင်ပါယာ မျိုးနွယ် တည်ရှိရာ နေရာကို ပြန်လည် ရွေ့လျား သွားခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကတည်းက တည်ရှိခဲ့သည့် အတိုင်းပင် ထျန်းတိုက်ကျုံး ပလ္လင်ထက်၌ ထိုင်နေသည်ကို သူမ ရှာဖွေလိုခဲ့သည်။

ကံဆိုးစွာပင် လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအား တစ်ခုက သူမအား စစ်ဆေးခြင်း မပြုနိုင်အောင် တားဆီးထားသည်။ ရှကျား၏ မှောင်မိုက်နေသည့် အမူအရာက ဖြူရော် သွားခဲ့၏။

“ဘယ်လို...”

ရှကျား၏ ဉာဏ်ရည်ဉာဏ်သွေးမှာ နိမ့်ကျခြင်း မရှိလေရာ ဖြစ်နိုင်ချေကို လက်ခံလိုက်ပြီ ဖြစ်သည်။ အကယ်၍ ၎င်းမှာ အမှန်တကယ် ဆိုပါက အကျိုးဆက်များမှာ လျစ်လျူရန် ခက်ခဲလှသည်။ အကယ်၍ အမှားဆိုလျှင်တော့ ထိုအရာက အဆင်ပြေသည်။

‘ဘယ်လို’ ဆိုသည့် အရာက အရေးမကြီးတော့ကြောင်း သဘောပေါက် လိုက်လေရာ ရှကျား ထိုမေးခွန်းကို ပြန်လည် ရုတ်သိမ်း၍ နောက်တစ်ခုကို မေးလိုက်သည်။

“လျူယင်လန်းနဲ့ အဆုံးမဲ့ ခရီးသွား နယ်မြေရော သိလား”

မဟာ စက်ဝန်း ကြယ်ကွင်းပြင် အနှံ့အပြား၌ ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်နေသော်လည်း ယခုအချိန် အထိ လောကရှန့်ထို တစ်ယောက်ကိုမှ သူမ မတွေ့ရသေး‌ချေ။

ချိပ်ပိတ်နယ်မြေကို လောကရှန့်ထိုများ ဝင်ခွင့် မပြုထားသောကြောင့် သူတို့က ကျင့်ကြံခြင်း အခြေခံကို မြေကြီး ရှန့်ထို အဆင့်နှင့် ချိန်ညှိနေရခြင်းလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ လျူယင်လန်းသာ ဤနေရာတွင် ရှိနေပါက ဖိနှိပ်ခံထားရသည့် အခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်သည်နှင့် ချက်ချင်း တိုက်ခိုက်လိမ့်မည် ဖြစ်သည်။

ခရမ်းရောင် ဝတ်ရုံဝတ်က ဖြည်းညင်းစွာပင် ပြန်ဖြေလိုက်၏။

"မသိကြဘူး... သူတို့က အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ စုဝေးနေကြတယ်"

ရှကျားနှင့် ခြားနားစွာပင် အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်မှာ ဘဲဥပုံသဏ္ဌာန် မှန်မှ တစ်ဆင့် ချိပ်ပိတ်နယ်မြေ အတွင်း ဖြစ်ပျက်နေသည့် အရာများစွာကို မဟာ ပုရောဟိတ် တစ်ယောက်လိုမျိုး တစ်ပြိုင်နက်တည်း စောင့်ကြည့်နိုင်သည်။ ထာဝရ နတ်ဘုရားတွင်လည်း အလားတူ ပစ္စည်းတစ်ခု ရှိသည်။

"ငါ့အမြင် ပြောရရင် ချိပ်ပိတ် အစီအရင်က လောကရှန့်ထို အဆင့် ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီ ထင်တယ်"

ရှကျား၏ ခန္ဓာကိုယ်လေးမှာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ စကားကြောင့် တုန်ရီ သွားခဲ့၏။

“ဘယ်... ဘယ်လို...”

သူမမှာ စကားလုံးများပင် ထစ်အ သွားခဲ့သည်။ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က ဖြည်းညင်းစွာပင် ခေါင်းကို ခါယမ်းလိုက်သည်။

“ငါ့မှာ သီအိုရီ တစ်ချို့ ရှိနေတယ်... အဲဒါက အဆုံးမဲ့ ခရီးသွား နယ်မြေက လျှို့ဝှက် အာဏာရှင်တွေကို ဆင်းသက်လာနိုင်ခဲ့တဲ့ အကြောင်းရင်းနဲ့ ဆက်စပ် နေနိုင်တယ်”

အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင် လိမ်ညာနေခြင်း ဟုတ်၊ မဟုတ် မသိသေးသော်လည်း ထိုပုဂ္ဂိုလ်၏ ပေါ့ပျက်ပျက် စကားများကြောင့် ချိပ်ပိတ်နယ်မြေ အတွင်း လောကရှန့်ထို အဆင့် ကောင်းကင် ကပ်ဘေးကို ဆင့်ခေါ်ရန် မဝံ့ရဲပါသေးချေ။ ၎င်းက သေခြင်းတရားကို တိုက်ရိုက် တောင်းဆိုခြင်း ဖြစ်နိုင်သည်။

သို့သော်လည်း... အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင် ပြောသည့် အတိုင်း ချိပ်ပိတ် အစီအရင်သာ လောကရှန့်ထိုများကို ကန့်သတ်မထားတော့ပါက အဆင့်တက်ဖို့ နှောင့်နှေးနေသည့် စက္ကန့်တိုင်းတွင် သူမ၏ အသက် အန္တရာယ်က ပိုမို၍ တိုးလာလိမ့်မည် ဖြစ်သည်။

ရှကျားထံတွင် သာမန် လောကရှန့်ထိုများနှင့် ရင်ဆိုင်ရန် ဝှက်ဖဲများစွာ ရှိသော်လည်း လျူယင်လန်းမှ တစ်ပါး အဆုံးမဲ့ ခရီးသွား နယ်မြ၏ လောကရှန့်ထို တစ်ဦး တစ်ယောက်ကိုမှ သာမန် ဟူ၍ ဖော်ပြလို့ မရပါချေ။

"ကျန်းကျဲ မျိုးနွယ်က လူတွေရဲ့ အခြေအနေကရော...”

သူမက မေးလိုက်၏။

"သူတို့လည်း အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ စုဝေးနေကြပုံရတယ်... ဒါပေမဲ့ ဘယ်နေရာလဲဆိုတာတော့ ငါ ဆုံးဖြတ်လို့ မရဘူး... သူတို့ ပုန်းအောင်းနေချင်ရင် ရှာဖွေဖို့ အရမ်း ခက်ခဲတယ်"

အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က ခဏမျှ ရပ်တန့်လိုက်ပြီးနောက် လေးနက်သည့် လေသံဖြင့် ဆက်ပြောလိုက်သည်။

"နင် ဘာစဉ်းစားနေလဲ ငါသိတယ်... ဒါပေမဲ့ ထျန်းတိုက်က်ကျုံးကတော့ တကယ် လွတ်မြောက်နေတာ"

“...”

ရှကျား တစ်ယောက် ဘာမှ ပြန်မပြောနိုင်ပဲ တိတ်ဆိတ် သွားခဲ့၏။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းကျော် ထျန်းတိုက်ကျုံး၏ ပြိုင်ဘက်ကင်း ထွန်းတောက်မှုကို ကြုံတွေ့ခဲ့ရသည့် လူတစ်ယောက် အနေဖြင့် ထိုသတင်းက သူမ၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍ မရနိုင်သည့် စိတ်ပျက်အားငယ်မှုနှင့် မှောင်မိုက်မှုတို့ကို စွဲထင်စေရန် လုံလောက်ပေသည်။

ထို့အပြင်... အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ အမူအရာနှင့် လေးနက်မှုတို့ အရ ထိုသတင်းမှာ ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း အထိ ရှိကြောင်း သူမ ကောက်ချက် ချလိုက်နိုင်သည်။ ထိုသို့သော ကိစ္စမျိုးကို လာညာတော့ရော ဘာအကျိုးရှိမည်နည်း။

“ဒါဆိုရင် သူတို့ အခု လှုပ်ရှားဖို့ လိုနေပြီ...”

ရှကျားက အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ဘက်သို့ ထွက်ခွာရန် ပြင်လိုက်၏။ သို့သော်လည်း သူမ၏ ခြေလှမ်းများက ချက်ချင်း ရပ့်တန့်သွားကာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေဘက်သို့ လှမ်းကြည့် လိုက်သည်။ သူမ၏ လက်များက အနည်းငယ် တုန်ယင် လာခဲ့၏။

ခေါင်းစွပ်အောက်ရှိ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ မျက်လုံးများမှာလည်း ညကွယ်ည၌ ထွန်းတောက်နေသည့် မီးပုံးနှစ်လုံး ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းအောင် တောက်ပလာခဲ့သည်။ ထို့နောက် သူမသည်လည်း လျှပ်စီး၏ အရှိန်ဖြင့် ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အဝေးရှိ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို စိုက်ကြည့်လိုက်၏။

"ဒါက ကိုယ်ပွား တစ်..."

သူမက ထိတ်လန့်တကြား အော်ဟစ်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူမ၏ စကား အဆုံးမသတ်နိုင်ခင်မှာပင်...

ဟူး... ဟူး...

လေပြင်းတစ်ချက်မှာ အမှောင် ဟင်းလင်းပြင် အတွင်း ကြမ်းတမ်း ခက်ထန်စွာ တိုက်ခတ် လာခဲ့၏။ သူမ၏ ဝတ်ရုံများမှာ အရှိန်အဟုန် ပြင်းစွာဖြင့် လွင့်ခါ လာခဲ့သည်။

ဘုန်း...

ထို့နောက် ရုတ်ချည်း ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ သွားခဲ့တော့သည်။ အဆုံးမဲ့ အုပ်စိုးရှင်ထံမှ အမိန့်တော်ကို လိုက်နာနေသည့် အလား မမြင်နိုင်သည့် လေပြင်းမှာ အားလုံးကို ဖျက်ဆီးပစ်လိုက်ကာ အကြွင်းအကျန် ဖုန်မှုန့်အပိုင်းအစ အားလုံးကို အမှောင် ဟင်းလင်းပြင်၏ နေရာ အနှံ့ လွင့်ပျံ သွားစေခဲ့သည်။ ထိုတစ်လျှောက်လုံး မည်သည့် ခုခံမှုမျှ မလုပ်ဆောင် နိုင်ခဲ့ပါချေ။

ရှကျား တစ်ယောက် အလွန်အမင်း တုန်လှုပ် ချောက်ချားကာ ခြေလက်များပင် တုန်ရီ နေခဲ့၏။ သူမ၏ ရင်အစုံက တဒိတ်ဒိတ် ခုန်နေခဲ့ကာ အသက်ရှူဖို့ပင် ခက်ခဲ နေခဲ့သည်။

နူးညံ့သိမ်မွေ့သော လေမှာ သက်တံ မျက်နှာဖုံးကို ထိုးဖောက်ဝင်ရောက်ကာ ရှကျား၏ နားသို့ ရောက်ရှိလာ၏။ ထိုလေသည် ကိုယ်ပိုင် နယ်မြေများ တစ်လျှောက် လှည့်လည် သွားလာ နေသည့် သက်ဦးဆံပိုင် ဧကရာဇ် တစ်ပါးနှင့် ဆင်တူသည်။ ၎င်း၏ လှုပ်ရှားမှုများကို မည်သည့်အရာကမျှ တားဆီးနိုင်ခြင်း မရှိပေ။ လေက ရှကျား အနားသို့ ရောက်ရှိလာသော သတင်းစကား တစ်ခုကို သယ်ဆောင်လာ၏။

"ဒီမှာ နေ... ဒါတွေအားလုံး ပြီးသွားရင် မင်းကို ငါ အိမ်ပြန်ခေါ်သွားမယ်"

အဆုံးမဲ့ ခမ်းနားခြင်းများနှင့် ပြည့်နှက်နေသည့် အသံမှာ သက်တံ့ မျက်နှာဖုံး၏ အတွင်းနှင့် အပြင် နှစ်ဖက် စလုံးကို တုန်ခါ သွားစေခဲ့၏။

"..."

ရှကျား တစ်ယောက် တိတ်ဆိတ်နေ၏။ သူမက ဝတ်ရုံကို လက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ လက်ရှိ ခံစားနေရသည့် ကြောက်ရွံ့မှုများကို မပေါ်လွင်စေဖို့ ကြိုးပမ်းနေသည်။

"နားလည်လား"

အသံမှာ မည်သည့် ငြင်းဆိုမှုကိုမျှ ခွင့်မပြုသော အာဏာဖြင့် ပေါက်ကွဲထွက်လာ၏။ ရှကျား တစ်ယောက် မျက်လုံးများကို မှိတ်ရင်း တဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့နောက် ခမ်းနားသော တည်ရှိမှုသည် လုံးဝ ပျောက်ကွယ်သွားခဲ့တော့၏။

ဘုန်း...

ထိုအခိုက်တွင်ပင် မိုးကြိုး ထစ်ချုန်း သကဲ့သို့ အသံကြီး တစ်ခု အမှောင် ဟင်းလင်းပြင် တစ်လျှောက် လွင့်ပျံ လာခဲ့သည်။ ၎င်းက ရှကျား၏ ဘဝတွင် အကြိမ်အနည်းငယ်မျှသာ ကြားဖူးသည့် အသံတစ်ခုဖြစ်ပြီး အလွန် ရင်းနှီးသော အသံလည်း ဖြစ်သည်။

အရိပ်ဥ ဖျက်ဆီးခံလိုက်ရသည့် အသံပင်။

သူမသည် လှည့်ကြည့်လိုက်၏။ သူက သူတို့အား သူ မည်သူ ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သတိပေးနေခြင်း ဖြစ်သည်။

ထျန်းတိုက်က်ကျုံး...

အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ...

သူကား အချုပ်အနှောင်မှ လွတ်လာခဲ့ပြီ ဖြစ်လေသည်။

***

All Chapters