အလွှာကြားက လောက ဆင်းသက်လာခြင်း
Vol. 125 Ch. 1742
တစ်ချိန်တည်း၌ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကြယ်တာရာ နယ်မြေများ၊ နယ်မြေဘုံများ၊ ဂြိုဟ်များမှာလည်း အမျိုးမျိုးသော ဝင်္ကပါ အစီအရင်များနှင့် ဖုံးလွှမ်း နေခဲ့ကြလေသည်။ သူတို့က ရရှိနိုင်သမျှ အာကာသ ကန့်သတ်ရေး နည်းလမ်းများကို အသုံးပြုခဲ့ကြသော်လည်း ဆက်လက်၍ ချိုးဖောက် ခံနေရဆဲ ဖြစ်သည်။
အချိန်နှင့် အမျှ ငွေရောင် အလင်းများနှင့် အာကာသ လှုပ်ရှားမှုများမှာ ပိုမို ပြင်းထန် လာနေခဲ့၏။ ငလျင်များ အဆက်မပြတ် လှုပ်ခတ်ခြင်း၊ ပင်လယ် သမုဒ္ဒရာများ ဆူပွက်ခြင်းနှင့် တောင်တန်းများပင် တုန်ရီ နေခြင်းတို့ကြောင့် များလှစွာသော မှီတင်း နေထိုင်သူများမှာ စိုးရိမ် ထိတ်လန့် နေကြပြီ ဖြစ်သည်။
“ကမ္ဘာပျက်တော့မှာလား...”
“မငိုနဲ့ ကလေး... ငါတို့မှာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ ရှိတယ်... မိုးပြိုရင်တောင် သူ ထိန်းထားပေးနိုင်တယ်...”
“ငါ လူပျို ဘဝကိုတောင် မကုန်ဆုံးရသေးဘူးလေ... အားလုံးက ခုလိုပဲ အဆုံးသတ်ရတော့မှာလား... ချီးပဲ ကောင်းကင်ရေ...”
အခြားနေရာများ အားလုံး ပရမ်းပတာ ဖြစ်နေစဉ်တွင် အာဏာရှင် ဆင့်ခေါ်ခြင်းမှ ဖြစ်တည်လာသည့် ငွေရောင် အလင်းတန်းများမှာ အတားအဆီး တစ်စုံတစ်ရာ မရှိပါပဲ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ထိုးဖောက် ဝင်ရောက် သွားခဲ့ကြ၏။ ထို့နောက်တွင်တော့ သူတို့ တစ်ဦးချင်းစီ၏ အော်ရာများမှာ အာရုံ ခံစားမှုများမှ ပျောက်ကွယ် သွားခဲ့လေတော့သည်။
"..."
ဝူယု စူးစိုက် တစ်ယောက် လေ့လာနေစဉ်မှာပင် သူ့ အနီးတစ်ဝိုက်၌ ပုံမှန် မဟုတ်သည့် အခြေအနေ တစ်ခုကို ခံစားလိုက်မိသည်။
ဝှစ်... ဝှစ်...
ထို့နောက်တွင်တော့ ပုံရိပ် နှစ်ခုမှာ ဝူယု၏ အနီးအနား၊ ဆယ်ပေထက် ပိုမဝေးသည့် ဧရိယာ အတွင်း၌ လေထဲမှ တိုးထွက်လာသလို ပေါ်လာခဲ့ကြ၏။ ချက်ချင်းပင် မဟာ သူရဲကောင်း၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့၏။ သို့သော်လည်း သူ မတိုက်ခိုက်ချေ။ ဝိညာဉ်နှင့် အာရုံ ခံစားမှု အားလုံးက မတိုက်ခိုက်ရန် သူ့ကို ညွှန်ကြား နေခဲ့သည်။
ခဏ အတွင်းမှာပင် ပုံရိပ်များမှာ ရှင်းလင်း လာခဲ့ကြ၏။ သူတို့က အခြားလူများ မဟုတ်... ဝေ့ဝူယင်နှင့် ရွှယ်ရီဖေးတို့ပင် ဖြစ်သည်။ သူတို့ နှစ်ဦးစလုံးမှာ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းကို ဖော်ထုတ်ထားကြကာ ဒဏ္ဍာရီများထဲမှ မသေမျိုး ကိန္နရီ၊ ကိန္နရာ စုံတွဲ အလား ထင်မှတ်ထားရသည်။
ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများနှင့် ရွှယ်ရီဖေး၏ ဟေဇယ်ရောင် မျက်ဝန်း နှစ်ခုစလုံးမှာ ငွေရောင် အလင်းတန်းများနှင့် အာကာသ လှုပ်ရှားမှုများကို အာရုံစိုက် နေခဲ့ကြသည်။ ဝူယုမှာ သူတို့ နှစ်ဦးကို တိတ်ဆိတ်စွာ စောင့်ကြည့် နေခဲ့၏။
တစ်ခဏ ကြာပြီးနောက်တွင်တော့ သူ လျှပ်စီးလို အရှိန်အဟုန်ဖြင့် နောက်ဆုတ် သွားခဲ့သည်။ ဝူယု၏ ကျောရိုးက မတ်နေဆဲ ဖြစ်သော်လည်း နှလုံးသားကတော့ တဒိတ်ဒိတ် ခုန်နေခဲ့သည်။ ဝေ့ဝူယင်ထံမှ လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် သွေးမျိုးဆက် စွမ်းအားကို သူ ခံစားရသည်။ အနီးအနား၌ ရပ်နေရုံဖြင့်ပင် ၎င်းက သူ၏ ကိုယ်ပိုင် သွေးမျိုးဆက်ကို လှုံ့ဆော်ပေး နေခဲ့သည်။
"ဒါက ရှင့်ရဲ့ အစီအစဉ်တွေကို အနှောက်အယှက် ဖြစ်စေမှာလား...”
ရွှယ်ရီဖေးက ညင်သာစွာ မေးလိုက်၏။ ဝေ့ဝူယင်က ခေါင်းခါလိုက်သည်။ အာဏာရှင် ဆင့်ခေါ်ခြင်း အစီအစဉ်ကို ရွှယ်ရီဖေးက အသက်သွင်းခဲ့ခြင်း ဖြစ်သည်။
မိန်းကလေးမှာ အစကတည်းကပင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ပြီးသည်နှင့် အာဏာရှင်များကို ပြန်လည် ဆင့်ခေါ်ကာ သီးသန့် ကျင့်ကြံခြင်း နယ်မြေများသို့ ပို့ဆောင်ရန်၊ ပြိုင်ပွဲ အတွင်း ရရှိထားသည့် ဉာဏ်အလင်းများကို ပြန်လည် သုံးသပ်ခြင်းဖြင့် တိတ်ဆိတ်သည့် ကျင့်ကြံခြင်း အခြေအနေထဲသို့ ဝင်ရောက်ရန် စီစဉ် ထားခဲ့ခြင်း ဖြစ်သည်။
အရာအားလုံးက သူမ ကြိုတင် ပြင်ဆင်ထားသည့် အတိုင်း ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။ အိမ်သို့ ပြန်ရာ လမ်းကြောင်းတွင် အခွင့်အရေးသမားများနှင့် တွေ့ဆုံရမည့် အဖြစ်မျိုး၊ အရေးကြီးသည့် ကျင့်ကြံခြင်း ကာလကို ဆုံးရှုံးရမည့် အဖြစ်မျိုး သူမ မလိုချင်ခဲ့ချေ။ မိန်းကလေး၏ ရည်ရွယ်ချက်က ကောင်းမွန် ခဲ့ပေသည်။ ထို့အပြင် ၎င်းကို ရပ်တန့်ဖို့ အတွက် သူမထံ၌ အခွင့်အရေး မရှိခဲ့ချေ။
တကယ်ဆိုလျှင် ကြယ်ကွင်းပြင် တစ်ဆယ့်ရှစ်ခုမှ အာရုဏ်ဦး ကြယ်တာရာ နယ်မြေသို့ ပြန်ခြင်း လုပ်ငန်းစဉ်မှာ လေ့ကျင့်ရေး အတွေ့အကြုံ တစ်ခု ဖြစ်နိုင်ခဲ့သည်။
"ဝူယု...."
ဝေ့ဝူယင်က ခေါ်လိုက်၏။
"ရှိပါတယ် သခင်လေး..."
အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် ဝူယုမှာ ဝေ့ဝူယင်ကို ‘သခင်လေး’ ဂုဏ်ပုဒ်ဖြင့် ခေါ်ဆိုသည့် တစ်ဦးတည်းသော လူဖြစ်သည်။ ဝေ့ဝူယင်ဘက်ကလည်း ထိုအရာကို စိတ်မရှိပါချေ။
ဝှစ်...
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း မတူညီသည့် ရောင်ဝါများ ထွန်းလင်းနေသော စက်လုံး သုံးခုကို အဂ္ဂိရတ် ဧဒင် ကြယ်စွမ်းအားဖြင့် ဖန်တီးလိုက်သည်။ ထို့နောက် သူက ၎င်းတို့ကို ဝူယုဘက်သို့ ပစ်ပေးလိုက်၏။
"ဒီသုံးယောက်ကို ရှာပါ... အသက်ရှင်လျက် ခေါ်လာခဲ့... ခင်ဗျားနဲ့ အတူ မြေကြီးရှန့်ထို ခြောက်ယောက်ကို ခေါ်သွား"
ဝူယုက စက်လုံးများကို ဖမ်းယူရင်း အတွင်း၌ ပါဝင်နေသည့် ရောင်ဝါများကို စစ်ဆေး လိုက်သည်။ နောက်ထပ် အမိန့်များ မလိုပါပဲ သူက ခေါင်းညိတ်လိုက်၏။
ဝှစ်...
ဝူယု ချက်ချင်းပင် ထွက်ခွာလာခဲ့ကာ အခြားလူ ခြောက်ဦးထံ ဝိညာဉ်အာရုံဖြင့် သတင်းပို့လိုက်သည်။ ချက်ချင်းပင် အခြား အော်ရာ ခြောက်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်း ရောက်ရှိလာခဲ့၏။ သူတို့က နေမီးတောက် ဘုရားကျောင်းမှ ပုပ်ရဟန်းမင်းကြီး ဟုန်ယန်၊ မဟာ ပင်လယ်ပြာ၏ နဝမမြောက် ဧကရီ ဟိုင်ရွှေလင်းနှင့် အခြား မြေကြီး ရှန့်ထို လေးယောက်တို့ ဖြစ်သည်။
မြေကြီး ရှန့်ထိုများ ပျံသန်း ပျောက်ကွယ် သွားခဲ့ပြီးနောက် ရွှယ်ရီဖေးက ဝေ့ဝူယင်ကို ငေးကြည့်လိုက်၏။ ရုတ်တရက် တစ်စုံတစ်ရာကို လိုချင်သော စိတ်ဆန္ဒတစ်ခု သူမ၏ နှလုံးသား အတွင်း ပေါ်လာခဲ့သည်။
သူမ များစွာ စဉ်းစားနိုင်ခြင်း မရှိခင်မှာပင် ဝေ့ဝူယင်၏ နှုတ်ခမ်းများမှာ သူမ၏ နှုတ်ခမ်းပေါ်သို့ ပြိုကျလာခဲ့၏။ ခဏတာမျှ အိပ်မက် ကမ္ဘာအတွင်း ရောက်ရှိသွားသလို ခံစားလိုက်ရသော်လည်း ရွှယ်ရီဖေးမှာ နောက်ဆုတ်ခြင်း မပြုပဲ ပြန်လည်၍ နမ်းရှုံ့လိုက်သည်။ တဒင်္ဂ အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ ကြမ်းတမ်း ခက်ထန်သည့် စစ်မြေပြင် တစ်ခု အတွင်း ကျရောက် သွားခဲ့၏။
ဝေ့ဝူယင်၏ လက်များက မိန်းကလေး၏ ထိလွယ်ရှလွယ် နေရာများကို ရောက်ရှိလာကာ ခပ်တိုးတိုး ညည်းသံလေးများကို ထွက်ပေါ်လာစေခဲ့သည်။ အချိန် အတော်ကြာပြီးသည့်နောက် ရွှယ်ရီဖေးမှာ အရှုံးကို ဝန်ခံလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေကာ မခံမရပ်နိုင်သည့် စိတ်ဆန္ဒ တစ်ခုက နှလုံးသားကို ယားယံစေသည်။ ဆက်လုပ် နေပါက သူမ တောင့်ခံနိုင်တော့မည် မဟုတ်ပါချေ။
ရွှယ်ရီဖေး ဝေ့ဝူယင်ကို မော့ကြည့်လိုက်၏။ ထိုအခါ လူငယ်၏ ငွေရောင် မျက်လုံးများမှာလည်း လုံးလုံးလျားလျား ဝါးမြိုပစ်လိုသည့် ဆန္ဒများနှင့် ပြည့်နှက် နေသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးက ခပ်တိုးတိုး အသံကလေးဖြင့်...
“ရှင်... လိုချင်လား...”
သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ ပူးကပ် နေခဲ့၏။ ဝေ့ဝူယင် ဝင်ရောက်ရန် ရည်ရွယ်ထားသည့် တစ်နေရာကို တစ်စုံတစ်က ထိနေကြောင်း ခံစားလိုက်မိသော အခိုက်၌ မိန်းကလေး၏ ကိုယ်အပူချိန်များက မြင့်တက်၍ပင် လာခဲ့သည်။ သူမ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။
ဝေ့ဝူယင်၏ မျက်လုံးများက အန္တရာယ်ရှိသော အလင်းရောင်ဖြင့် တောက်ပနေခဲ့သည်။ အောက်ဘက်မှ သတ္တဝါကလည်း ပိုမို၍ အန္တရာယ် ရှိလာကြောင်း သူမ ခံစားမိ၏။ ထိုအခိုက်၌ ဝေ့ဝူယင်မှာ ပုံမှန် အသိစိတ် ကင်းလွတ် နေသလိုပင်။
“ဟမ်...”
ရွှယ်ရီဖေးမှာ မည်သည့် အရာ ဖြစ်ပျက်နေသည်ကို ချက်ချင်းပင် သဘောပေါက် လိုက်သည်။ သူမက ခပ်မြန်မြန်ပင် အစစ်အမှန် နဂါး အသွင်ပြောင်းလဲခြင်းကို ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်း၌ သူမက လှုံ့ဆော် နေသည့် သွေးမျိုးဆက် အော်ရာကိုပါ နှိပ်ကွပ်လိုက်၏။
ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများက ပြန်လည် ကြည်လင် ရှင်လင်း သွားခဲ့၏။ သို့သော်ငြား... အောက်ဖက်ရှိ အန္တရာယ်ကောင်ကတော့ နည်းနည်းလေးမျှ နောက်ဆုတ်သွားခြင်း မရှိပါချေ။
"ရှင်... အဆင်ပြေရဲ့လား"
ရွှယ်ရီဖေးက ဝိညာဉ် အင်အားကို အသုံးပြုရင်း အသံကို ဝေ့ဝူယင်၏ အသိစိတ် ပင်လယ် အတွင်း ပဲ့တင်ထပ် စေလိုက်သည်။ ထိုနည်းဖြင့် လူငယ်၏ စိတ်များ ကြည်လင်သွားအောင် သူမက ကူညီပေးလိုက်ခြင်း ဖြစ်သည်။
ဤအချိန်ကလေးက အဖိုးတန်သည်။ သွေးမျိုးဆက်၏ လှုံ့ဆော်မှု သက်သက်ဖြင့် ကျူးလွန်မိခြင်းမျိုး သူမ မဖြစ်လိုချေ။ စိတ်တူကိုယ်တူသာ ဖြစ်စေလိုသည်။
“ဒီအတိုင်း ဆိုရင်ရော မင်းမှာ ဆွဲဆောင်မှု မရှိဘူးလို့ ထင်နေတာလား...”
ဝေ့ဝူယင်က ပြုံးလိုက်ရင်း ပိုမို တင်းကြပ်စွာပင် ဖက်လိုက်သည်။ ဝေ့ဝူယင် တစ်ယောက် အသိစိတ် လွတ်မသွားခဲ့ကြောင်း ရွှယ်ရီဖေး သဘောပေါက် လိုက်သည်။ သူမ အနည်းငယ် ရှက်သွေးဖြာ သွားခဲ့၏။
"အစစ်အမှန် နဂါး အသွင်ပြောင်းခြင်းက ရှင့်ကို လှုံ့ဆော်နေတာလို့ ကျွန်မ ထင်နေတာ...”
ရွှယ်ရီဖေးက နှုတ်ခမ်းလေးကို စူလိုက်သည်။ ဝေ့ဝူယင် ရယ်မောလိုက်မိသည်။ သူ လျှောက်လှမ်းနေသော ကျင့်ကြံခြင်း လမ်းကြောင်မှာ သွေးမျိုးဆက်၏ လှုံ့ဆော်မှု အောက်၌ အသိစိတ် ကင်းမဲ့ သွားရလောက်အောင် နုနယ်လှခြင်း မရှိပါချေ။
သို့စေကာမူ... ရွှယ်ရီဖေး၏ အစစ်အမှန် နဂါး အသွင်ပြောင်းခြင်း ပုံစံမှာ ခန္ဓာကိုယ် တည်ဆောက်ပုံမှ အစ၊ အကြေးခွံများ၏ အရောင်အထိ အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည်ကိုတော့ သူ ဝန်ခံရပေမည်။ အထူးသဖြင့်... သူမ၏ သေသပ် လှပသော နှုတ်ခမ်းရဲရဲ ကလေးများပင်။
"မင်း ဆက်လုပ်ချင်သေးလား"
ဝေ့ဝူယင် စနောက်လိုက်၏။ သူက အကာအကွယ် လုံခြုံခြင်း ရှိ၊ မရှိကို နှစ်ကြိမ် နှစ်ခါတိုင်တိုင် ထပ်၍ပင် စစ်ဆေး လိုက်သည်။ ရွှယ်ရီဖေးနှင့် သူ့အကြား ကိုယ်လက်နှီးနှောသည့် အခိုက်အတန့်များကို မည်သူ့ကိုမှ မြင်စေလိုခြင်း မရှိချေ။ ထိုနည်းဖြင့်... ကြယ်တာရာ နယ်မြေသားတို့၏ အမြင်တွင် သူမ၏ ပုံရိပ်နှင့် ဂုဏ်ရည်တို့ကို ချိုးနှိမ်လိုခြင်း မရှိချေ။
“ဒါပေါ့...”
ရွှယ်ရီဖေးက လုံးဝ နောက်မဆုတ်ခဲ့ချေ။ သူမက ခန္ဓာကိုယ်လေးကို ပိုမို၍ တိုးကပ်လိုက်ရင်း တစ်ချိန်တစ်ခါက ပိုးသား စစ်မြေပြင်ပေါ်တွင် စစ်သည်တော် ခုနစ်ဦးကိုပင် လွှမ်းမိုး အနိုင်ယူခဲ့သည့် နဂါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။
ဝေ့ဝူယင်၏ မျက်လုံးများက ပိုမို၍ တောက်ပလာခဲ့ကာ ရွှယ်ရီဖေး၏ အနည်းငယ် ရဲတက်နေသည့် မျက်နှာလေးကို ငုံ့ကြည့်လိုက်၏။ မူလယင်၏ သဘာဝ တန်ဖိုးမှာ ကျင့်ကြံခြင်းတွင် အလွန် အရေးကြီးလှလေရာ အချို့သော အရာများကို မလုပ်သင့်သော်လည်း သူတို့ လုပ်ဆောင်နိုင်သည့် အရာများစွာ ရှိပေသေးသည်။ မိန်းကလေး၏ ပြည့်တင်းပြီး စွဲဆောင်မှု ရှိသည့် နှုတ်ခမ်းနှစ်လွှာကို ကြည့်ရင်း အချို့သော အရာများမှာ ဝေ့ဝူယင်၏ စိတ်အတွင်း ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ပွက်...
ရုတ်တရက် ထူးဆန်းသော အသံတစ်ခုမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင် အလွန်ရင်းနှီးသော အသံတစ်ခုပင်...။
ရုတ်တရက်ဆိုသလိုပင်... အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှအပ ကြယ်ကွင်းပြင် တစ်ဆယ့်ရှစ်ခု လုံးတွင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများ စတင် ပေါ်လာကြသည်။ သူတို့က လူသား၊ တိုက်တန်နှင့် ကောင်းကင် မျိုးနွယ်များမှ ကျင့်ကြံသူများပင် ဖြစ်ကြသည်။
"သူတို့ ရောက်လာပြီ"
ဝေ့ဝူယင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ ရွှယ်ရီဖေးကလည်း အကာအကွယ်လွှာ အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။
“အလွှာကြားက လောက...”
***