← Chapters

အလွှာကြားက လောက ဆင်းသက်လာခြင်း (၂)

Vol. 125 Ch. 1743

အလွှာကြားက လောက ဆင်းသက်လာခြင်း (၂)

Vol. 125 Ch. 1743

ကြယ်ကွင်းပြင် တစ်ဆယ့် ရှစ်ခု အနက် ကာလကြာရှည် ကတည်းက စွန်ပစ်ခဲ့ကြပြီး ယခုအခါ အမှောင် ဟင်းလင်းပြင် သက်ရှိများနှင့် လွတ်မြောက်လမ်းကို ရှာဖွေ နေကြသည့် ရာဇဝတ်သားများ နေထိုင်နေကြသော နေရာ တစ်ခုတွင် ငွေရောင် အလင်း တစ်ခုနှင့် အတူ ပုံရိပ် တစ်ခု ပေါ်လာခဲ့လေသည်။

အမှောင် ဟင်းလင်းပြင် အတွင်း၌ ကိုယ့်ကိုယ်ကို ထိန်းညှိပြီးနောက် သူက အဝေးရှိ အဆုံးမဲ့ ကြယ်တာရာ အလင်းများကို ငေးမော ကြည့်လိုက်သည်။ တွက်ချက်မှု တစ်ချို့ အပြီး၌ သူ၏ မျက်လုံးများက နားလည် သဘောပေါက်မှုများနှင့် လင်းလက် လာခဲ့သည်။

“ငါက အခု အဝါရောင်နိဗ္ဗာန် ကြယ်ကွင်းပြင်ကို ရောက်နေတာပဲ... နေဦး... ဟိုနေကြယ် အသစ်က ဘာလဲ... နောက်ပြီး အဲဒါက အဆုံးမဲ့ ကောင်းကင် နေကြယ် မဟုတ်တာတော့ သေချာတယ်”

သူ၏ လက်ကောက်ဝတ်တွင်တော့ ဝိညာဉ်ကျောက်စိမ်းကို အသုံးပြု၍ ဖန်တီးထားသည့် အဖြူရောင် လက်ကောက် တစ်ခု ရှိနေခဲ့၏။ ၎င်းထံမှ တောက်ပသည့် အပြာရောင် ဝိညာဉ်အလင်းများ ထွက်ပေါ်လာသည်။ ၎င်းက သတင်းပို့ စာတစ်စောင် ဖြစ်သည်။

“လျူစုယင်... အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်ကို ချက်ချင်း လာခဲ့...”

လျူစုယင် နေကြယ်အသစ်ကို ခဏမျှ စိုက်ကြည့် နေခဲ့၏။ စိတ်ခံစားချက် ကင်းမဲ့သည့် သူမ၏ အမူအရာက အနည်းငယ် ပျက်စီးသွားကာ ရှင်းပြလို့ မရနိုင်စွာပင် ရုတ်တရက် မျက်ရည်များ စီးကျလာခဲ့သည်။ သူမ မျက်ရည်များကို သုတ်လိုက်ရင်း ချက်ချင်းပင် အကြောင်း ပြန်လိုက်၏။

"ဟုတ်ကဲ့ ဂိုဏ်းချုပ်"

ထို့နောက်တွင်တော့ သူမမှာ ငွေရောင် အာကာသ အလင်းတန်း တစ်ခု အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့သည်။

...

အလွှာကြားက လောကမှ ကျင့်ကြံသူများ ဆင်းသက်လာခြင်းမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု တစ်လျှောက်လုံး၌ အံ့သြထိတ်လန့်စရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပေသည်။ မရေမတွက်နိုင်သည့် လျှို့ဝှက် အာဏာရှင်များမှာ သူတို့ မည်သည့်နေရာတွင် ရှိနေသည်ကို မသိဘဲ အာကာသ၏ ဒိုင်မန်းရှင်း အမျိုးမျိုးမှ လူမနေသော ဧရိယာများထဲတွင် ရုတ်တရက် ပေါ်လာကြသည်။

အဆုံးမဲ့ ခရီးသွား နယ်မြေ၏ သေမျိုးများကတော့ သိသိသာသာပင် ပျောက်ဆုံး နေကြသည်။ သူတို့အထဲမှ များစွာကို အဆင့်မြင့် ကျင့်ကြံသူများက သူတို့၏ အတွင်းပိုင်း လောကများ၊ သက်ရှိများအား ရေရှည် ထိန်းသိမ်းရန် ဒီဇိုင်းထုတ်ထားသည့် ရှန့်ထို လက်စွပ်များထဲတွင် ထိန်းသိမ်း ထားကြသည်။ ထိုလက်စွပ်များ၏ မူလ ရည်ရွယ်ချက်မှာ သားရဲများကို ထိန်းကြောင်းရန်၊ ထူးခြားသော သက်ရှိများကို ထည့်သွင်းရန် ဖြစ်ပေသည်။ သို့သော်လည်း... ယခုအခါတွင်တော့ သေမျိုး ကလေးများ၊ လူကြီးများနှင့် သက်ကြီးရွယ်အိုများကို ဘေးကင်း လုံခြုံစွာ ရွှေ့ပြောင်းရန် အတွက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

...

“ငါ့ကို လွှတ်စမ်း... တိရစ္ဆာန်မ...”

ထိတ်လန့်တကြား အော်ဟစ်နေသည့် အချိန်သခင် တစ်ဦးကို မိန်းကလေး တစ်ဦးက ကိုင်မြှောက်ထား၏။ သူမ၏ ပိန်သွယ်သွယ် လက်မောင်းနှင့် ချယ်ရီရောင် ဆေးခြယ်ထားသည့် လက်သည်းနီတို့မှာ အလွန်တရာ ဆိုးယုတ်ကာ ရုန်းကန်လို့ မရနိုင်သည့် သိမ်းငှက် ခြေသည်းများ ကဲ့သို့ပင်။

အချိန်သခင်မှာ မည်မျှပင် ရုန်းကန်စေကာမူ... လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ချေ။ မိန်းကလေးထံတွင် ကြယ်သဏ္ဌာန် သူငယ်အိမ်များနှင့် အနီနှင့် လိမ္မော်ရောသော အမွေးဖွာဖွာ အမြီးတစ်ခု ရှိနေခဲံသည်။ သူမက ကောင်းကင် မျိုးနွယ်ဝင် တစ်ယောက်ပင်။

“တိရစ္ဆာန် ဟုတ်လား...”

မိန်းကလေးက လက်ကို လှည့်လိုက်ရင်း အချိန်သခင်၏ လည်ပင်းကို နောက်ပြန် လိမ်ချိုးလိုက်၏။ ထို့နောက် သူမက အလောင်းကို အမှိုက်အိတ် တစ်ခုလိုမျိုး ကုန်းပတ်ပေါ်သို့ ပစ်ချလိုက်သည်။

ထိုမြင်ကွင်းမှာ ပတ်လည်တွင် စုရုံးနေကြသည့် ရာပေါင်းများစွာသော သင်္ဘောသားများကို ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် နောက်သို့ ရှဲသွားစေခဲ့သည်။ သင်္ဘောထက်၌ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင်နေပေသည်။ သူတို့ အားလုံးမှာ သေမျိုးများ ဖြစ်ကြသည်။ ကလေးများ ဆိုလျှင် ကြောက်ရွံ့စိတ်ကြောင့် ငိုယို၍ပင် နေကြပြီ ဖြစ်သည်။

ကောင်းကင်မျိုးနွယ်ဝင် မိန်းကလေးမှာ ခရီးသည်တင် သင်္ဘော တစ်ခုထက်၌ ရှိနေခြင်း ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွင်း ထူးဆန်းသည့် ဖြစ်ရပ်များ ဖြစ်ပေါ်ပြီးနောက် တွန်းလှန်၍ မရနိုင်သည့် စွမ်းအားက သူမကို ဤနေရာသို့ ပို့လွှတ်လိုက်ခြင်း ဖြစ်သည်။

မိန်းကလေးက ကြောက်ရွံ့ထိတ်လန့်နေသည့် သေမျိုး ခရီးသည်များကို ဂရုမစိုက်ပဲ ပတ်ဝန်းကျင်ကိုသာ တစ်ချက် ဝှေ့ကြည့်လိုက်သည်။ သူမက လှပသည့် မိန်းမငယ်လေး တစ်ဦး ဖြစ်သော်လည်း အော်ရာကတော့ စိတ်ကူး မယဉ်နိုင်လောက်အောင်ပင် နက်နဲသည်။ သူမက ဒဏ္ဍာရီလာ လျှို့ဝှက် အာဏာရှင် တစ်ဦး ဖြစ်သည်မှာ ထင်ရှားပေသည်။

"ငါ ဘယ်ရောက်နေတာလဲ"

သူက လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ပါ ဧရာမ အရွယ် နေကြယ်ကြီးကို ကြည့်ရင်း မေးလိုက်သည်။ သူမ ဤနေရာကို မသိချေ။ အဝေးရှိ ဂြိုဟ်များ၊ လများနှင့် ကြယ်တာရာများ၏ အနေအထားကိုလည်း မမှတ်မိပေ။ ဤသည်မှာ သူမ၏ အိမ်မဟုတ်ပေ။

"ငါ ဘယ်ရောက်နေတာလဲ"

မိန်းကလေးက သေမျိုးများဘက်သို့ လှည့်လိုက်ရင်း ဖိအားပေးသည့် လေသံဖြင့် ထပ်မံ မေးလိုက်သည်။ အားလုံးမှာ ပိုမို၍ ကြောက်လန့်လာကာ နောက်သို့ ထပ်ဆုတ် သွားကြသည်။

ဆယ်စုနှစ်များစွာ ကုန်သည်အဖြစ် လုပ်ကိုင်ခဲ့သည့် ထိပ်ပြောင်ပြောင် လူအိုကြီး တစ်ဦးသာ ရှေ့သို့ လျှောက်လာခဲ့၏။ သူ၏ ကျင့်ကြံခြင်း အခြေခံက ကြယ်တာရာ အမြုတေ အဆင့်ငါး အလင်းပြန်ခြင်း အဆင့်တွင်သာ ရှိပေသည်။ သို့သော်လည်း အတွေ့အကြုံမှ ရသည့် တည်ငြိမ်မှုနှင့် အတူ သူက ပြန်ဖြေ လိုက်၏။

“မြင့်မြတ်တဲ့ ကျန်းမျိုးနွယ်ရဲ့ ဓားတစ်လက် နယ်မြေကို ရောက်နေတာပါ”

“ဓားတစ်လက် နယ်မြေ... မြင့်မြတ်တဲ့ ကျန်းမျိုးနွယ်...”

မိန်းကလေးမှာ ထိုနာမည် နှစ်ခုစလုံးကို တစ်ခါမှ မကြားဖူးချေ။

“ကြယ်ကွင်းပြင်ကရော... ဘယ်ကြယ်ကွင်းပြင်လဲ”

"အိုး..."

ကုန်သည်ကြီးမှာ သူ့အတွေးနှင့် သူ သဘောပေါက် သွားခဲ့၏။ ထိုမိန်းကလေးမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံး၌ ဖြစ်ပျက်နေသည့် အပြောင်းအလဲများကြောင့်ပင် ဤနေရာသို့ လမ်းမှား၍ ရောက်ရှိလာခြင်း ဖြစ်နိုင်သည်။ သူမ ပိုင်ဆိုင်ထားသည့် ခွန်အားနှင့် အမြီးတို့ကို ထည့်သွင်း စဉ်းစားရလျှင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ရှို့ရန် တစ်ယောက် ဖြစ်နိုင်သည်။ ကုန်သည်ကြီး၏ အမူအရာက ပိုမို၍ လေးစားမှု ရှိလာကာ တည်ငြိမ်လာခဲ့၏။ စောစောပိုင်းက ငမိုက်သားမှာ မိန်းကလေးကို “တိရစ္ဆာန်မ” ဟု ခေါ်ဝေါ်ကာ စော်ကားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူမက သူ့ကို သတ်ဖြတ်ပစ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"တန်ခိုးရှင် နတ်မိမယ်ခင်ဗျာ... ဒီခရီးသည်တင် သင်္ဘောက လောလောဆယ် မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ရှိနေပါတယ်"

သူက လေးစားစွာပင် အဖြေပေးလိုက်၏။

"မဟာစက်ဝန်း ကြယ်ကွင်းပြင်... ရှေးဟောင်း ချိပ်ပိတ် နယ်မြေတွထဲက တစ်ုခလား...”

မိန်းကလေးမှာ အနည်းငယ် အံ့ဩသွားခဲ့၏။ အချိန်ကိုက် ဆိုသလိုပင် စစ်ပွဲအပြင် တပ်ဆင်ထားသည့် ဟင်းလင်းပြင် သင်္ဘော အများအပြား အနီးအနားရှိ ဂြိုဟ်များမှ ထွက်ပေါ်လာသည်ကို သူမ သတိပြုလိုက်မိသည်။ ၎င်းတို့ကို အချိန်သခင်များ၊ ကြယ်တာရာ သခင်များနှင့် လျှို့ဝှက် ကြယ်တာရာ အဆင့် အချို့က ဦးဆောင် နေကြောင်း သတိပြုလိုက်မိသော အခိုက်၌ သူမ၏ မျက်လုံးများမှာ ဝိညာဉ် အလင်းရောင်များနှင့် တောက်ပလာခဲ့၏။ ထို့အပြင်... လျှို့ဝှက် အာဏာရှင် အချို့လည်း ထိုဧရိယာ တစ်လျှောက် ပျံသန်း လာနေသည်ကို တွေ့မြင်ခဲ့ကြရသည်။

မကြာခင်မှာပင် ဓားတစ်စင်း နယ်မြေတစ်ခုလုံးကို မှိုင်းညို့ညို့ မြူခိုးအလွှာတစ်ခုက ဖုံးလွှမ်းသွားကာ ကျယ်လောင်သည့် ကြေညာသံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"နေရာရွှေ့ပြောင်းလာတဲ့ နိုင်ငံခြားသားအားလုံး လိုက်နာရန် အမိန့်... သင်တို့ရဲ့ ခရီးသွားလာမှုကို ရပ်တန့်ပြီး ကျန်းမျိုးနွယ်ရဲ့ အာဏာတည်သူတွေထံ ချက်ချင်း အကြောင်းကြားရမယ်... ချိုးဖောက်သူနဲ့ ခုခံသူမှန်သမျှကို မညှာမတာ သတ်ဖြတ်ပစ်မယ်..."

အသံနှင့် အတူ သေမျိုး တစ်ပိုင်း အရှင် အဆင့် အော်ရာမှာ သတိပေးချက် တစ်ခုလိုမျိုး ဓားတစ်စင်း နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့၏။

“ဟမ်...”

ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးမှာ စိတ်ဝင်စား သွားခဲ့၏။ အော်ရာမှာ လူသား မျိုးနွယ် တစ်ယောက်ထံမှ ဖြစ်ကြောင်း ခံစားလိုက်မိသော အခိုက်၌ သူမ၏ ခပ်ပါးပါး နှုတ်ခမ်းထက်တွင် လှောင်ပြုံး တစ်ခု ပေါ်လာခဲ့သည်။

“အဲဒီ မြွေခေါင်းတွေဆီကနေ ဆိုရင် ငါ အဖြေပိုရလိမ့်မယ်”

ထိုကဲ့သို့ ရေရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မိန်းကလေးက ပြင်းထန်သည့် အော်ရာကို ထုတ်လွှတ်ကာ သင်္ဘော တစ်ခုလုံးရှိ သေမျိုးများ အားလုံးကို အရိုးအသားပါ မကျန် ဆုတ်ဖြဲ ပစ်လိုက်သည်။ ထို့နောက် သူတို့ အားလုံး၏ အလောင်းများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲ ပစ်လိုက်၏။ သေမျိုးများ အတွက် တုန့်ပြန်ရန် အချိန်ပင် မရလိုက်ပါချေ။ မကြာခင်မှာပင် သင်္ဘောတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကျသွားကာ မိန်းကလေး၏ ပိန်သွယ်သွယ် ပုံသဏ္ဍာန်သည်လည်း အသံလာရာ ဂြိုဟ်ဆီသို့ ပစ်ခတ် ပျံသန်းသွားခဲ့တော့သည်။

သူမ တစ်ဦးတည်းသာမက အခြား ရာပေါင်းများစွာသော ကျင့်ကြံသူများမှာလည်း တိကျသည့် အဖြေနှင့် အခွင့်အရေးများအတွက် လမ်းကြောင်းတစ်ခု ရှာဖွေသကဲ့သို့ ဓားတစ်စင်း နယ်မြေ၏ အဓိက ဂြိုဟ်ဆီသို့ ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ပျံသန်း သွားခဲ့လေသည်။ ကျန်းမျိုးနွယ်မှာ ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သေချာနေခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့သော ဖြစ်ရပ်များမှာ ကျန်းမျိုးနွယ် တစ်ခုတည်းတွင်ပင် ကန့်သတ်ထားခြင်း မဟုတ်ပါချေ။ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နယ်မြေ အများအပြား၌ ပြင်ပလူများ ရောက်ရှိလာခြင်းနှင့် အတူ ဂြိုဟ်ပေါင်း၊ မျိုးနွယ်ပေါင်း၊ အင်အားစုပေါင်း များစွာမှာ ပရမ်းပတာ အခြေအနေသို့ ကျရောက် သွားခဲ့လေတော့သည်။

***

All Chapters