အပြောင်းအလဲများ
Vol. 125 Ch. 1745
အာရုဏ်ဦး အာဏာရှင် အင်ပါယာ ရောက်ရှိ မလာခင် အချိန်တုန်းက ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၌ လျှို့ဝှက် အာဏာရှင် အဆင့် ဦးရေမှာ ဆယ်သန်းခန့်သာ ရှိခဲ့သည်။ ထိုအထဲမှ အများစုက ကြယ်တာရာ ဝိညာဉ်နှင့် လျှို့ဝှက် အမြုတေကို ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ကြယ်တာရာ အဆင့်များ ဖြစ်ကြသည်။ မြေကြီး ရှန့်ထို အဆင့်များကတော့ နှစ်ရာကျော်ရုံလောက်သာ ရှိသည်။
ထိုအရေအတွက်က မြင့်မားသလို ထင်ရသော်လည်း ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၏ လူဦးရေနှင့် နှိုင်းယှဉ်ရပါက မပြောပလောက်သည့် ပမာဏသာ ဖြစ်သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုတည်းတွင်ပင် လူဦးရေမှာ ကွမ်ထရီလျံ ဆယ်နှင့်ချီ၍ ရှိသည်။
ချိပ်ပိတ်နယ်မြေ၏ သမိုင်းကြောင်းက လွန်ခဲ့သည့် နှစ်ပေါင်း ရှစ်သောင်းလောက်ကမှ စတင်ခဲ့ခြင်း ဖြစ်လေရာ ထိုအရေအတွက်ကသည်ပင် အံ့မခန်း ဖြစ်ပေသည်။ အဆုံးမဲ့ နတ်ဘုရား အင်ပါယာ ဖြစ်သည့် ထျန်းတိုက်ကျုံးသည်ပင် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်သောင်းခန့်ကမှ မြေကြီး ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲံခြင်း ဖြစ်သည်။
လောကအားဖြင့် အဓိပ္ပာယ် ဖွင့်ရလျှင် ချိပ်ပိတ်နယ်မြေမှာ ရတနာသိုက် တစ်ခု ဖြစ်သည်။ သူတို့ထံတွင် ယခုထက် ပိုမို၍ ဖွံ့ဖြိုးနိုင်သည့် အလားအလာ များစွာ ရှိသည်။ သို့သော်လည်း အတွေ့အကြုံ နည်းပါးကြခြင်း၊ အဆင့်မြင့် ကျင့်စဉ် နည်းလမ်းများ ရှားပါးခြင်းနှင့် အဂ္ဂိရတ် တာအိုတွင် နိမ့်ကျခြင်းတို့ကြောင့် အဆင့်မြင့် ရင်းမြစ် များစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် နေကြယ်၏ တည်ရှိမှုကြောင့်ပင် အဖိုးတန် အရင်းအမြစ် များစွာမှာ နေရာတကာ၌ လွင့်မျောနေကြသည်။ ယုတ်စွ အဆုံး အမှောင် ဟင်းလင်းပြင် ကိုယ်တိုင်သည်ပင် ကျင့်ကြံခြင်း အတွက် အဖိုးမဖြတ်နိုင်သည့် ပတ်ဝန်းကျင် တစ်ခု ဖြစ်ပေသည်။
အလွှာကြားက လောကမှ ဆင်းသက်လာသူများနှင့် အလွှာအပြင်က လာသည့် ရွေးချယ်ခံများ အားလုံးမှာ ထိုအချက်ကို ချက်ချင်းပင် သတိပြုလိုက်မိကြသည်။
“ဘယ်လောက်တောင် ကြွယ်ဝလိုက်တဲ့ လျှို့ဝှက် အဆင့် နေကြယ် အမတေတွေလဲ...”
လျှို့ဝှက် ဝိညာဉ် အဆင့် ကောင်းကင် မျိုးနွယ်ဝင် ရွေးချယ်ခံ တစ်ယောက်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ နယ်နိမိတ်စည်းနှင့် မိုင်ပေါင်းသန်းချီ အကွာ၌ ရပ်ရင်း တအံ့တဩ ရေရွတ်လိုက်သည်။ ဤနေရာမှပင် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူများမှာ နေကြယ်၏ ခမ်းနားမှုများကို ခံစားနေနိုင်ခဲ့ပြီ ဖြစ်သည်။
“ပုံမှန် ကြယ်ကွင်းပြင် အများစုက အစီအရင်တွေနဲ့ သူတို့ရဲ့ နေကြယ် အမတေတွေကို ချိပ်ပိတ်ပြီး ဂြိုဟ်အမြုတေတွေ၊ လောကနယ်မြေတွေ၊ လျှို့ဝှက်နယ်မြေတွေမှာပဲ ထားလေ့ ရှိကြတယ်... ဒါပေမဲ့ ဒီတစ်ခုက... ငါကပဲ ကံကောင်းတာလား ဘာလား...”
လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ဖြင့် အတားအဆီးမဲ့ တောက်ပနေသည့် နေကြယ်ကို ကြည့်ရင်း ကျင့်ကြံသူက အံ့ဩတကြီး ရေရွတ်လိုက်သည်။ အလွှာအပြင်က လောကတွင် ဆိုလျှင် နေရာ အများစုမှာ အဆုံးမဲ့ အမှောင်ထုဖြင့်သာ ပြည့်နှက် နေလေ့ ရှိသည်။ အလင်းရောင် ရဖို့ ဝေလာဝေး...။ အမှာင် ဟင်းလင်းပြင်၏ အအေးဓာတ်နှင့် အပျက်အစီး မန်နာများသာ နေရာ အနှံ့ မင်းမူ နေလေ့ ရှိသည်။
ရှေးဟောင်း ချိပ်ပိတ်နယ်မြေမှာ ကျင့်ကြံခြင်း လူ့အဖွဲ့အစည်း၏ မေ့လျော့ခံ နေရာတစ်ခု ဖြစ်ကာ အာဏာရှင် အင်ပါယာများကပင် စွန့်ပယ်ထားသည့် လူရိုင်းများ နေထိုင်သော အသစ်အဆန်း လူ့အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း သူ ကြားဖူးခဲ့သည်။ ယခု... ဤမျှ အဖိုးတန်လှသော နေကြယ်ကိုပင် စည်းမဲ့ကမ်းမဲ့ ထားရှိခြင်းအား ထောက်ချင့်ရပါက ထိုကောလဟလက လုံးဝ မှန်ကန်နေသည့်ပုံ ရသည်။ မယုံကြည်နိုင်စရာပင်။
ဝှစ်...
ရွေးချယ်ခံက လှုပ်ရှားမှု ကျင့်စဉ် တစ်ခုကို ထုတ်ဖော်လိုက်၏။ ထို့နောက်တွင်တော့ လောဘတကြီး ရယ်မောသံနှင့် အတူ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ဆီ ရွေ့လျား သွားခဲ့တော့သည်။ အဖိုးတန် အရင်းအမြစ်များနှင့် ရင်ဆိုင်ရသည့် အခါ လျှို့ဝှက် အာဏာရှင်များပင်လျှင် သားရဲဆန်သည့် သဘာဝများကို ထုတ်ဖော်လာလေ့ ရှိကြသည်။
ကြယ်ကွင်းပြင် တစ်ဆယ့် ရှစ်ခုသို့ ရောက်ရှိလာကြသည့် လူတိုင်းမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်၏ တောက်ပမှုကို လှမ်း၍ မြင်တွေ့ နေကြရသည်။ ၎င်း၏ အရွယ်အစားက အလွန်ပင် သိသာ ထင်ရှားကာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကိုလည်း လူတိုင်းအား ပွင့်ပွင့်လင်းလင်း ပြသထားသည်။ တစ်ချက်မြင်ရုံဖြင့်ပင် မမှတ်မိသူ မဟုတ်ပါချေ။
ဒဏ္ဍာရီလာ လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ကို မည်သူက မသိပဲ နေပါမည်နည်း။
တဒင်္ဂ အတွင်းမှာပင် အလွှာကြားက လောကမှ လျှို့ဝှက် အာဏာရှင် သိန်းပေါင်းများစွာမှာ အဖိုး အထိုက်တန်ဆုံး ဖြစ်နိုင်ချေရှိသည့် ဧရိယာများကို စစ်ဆေးရန် သွားရောက်နေကြပြီ ဖြစ်သည်။ သူတို့အတွက်တော့ အဆုံးမဲ့ ကောင်းကင် နေကြယ်နှင့် ၎င်း၏ ပတ်ဝန်းကျင် ဧရိယာ တစ်ခုလုံးမှာ စိတ်ကူး မယဉ်နိုင်သော ရတနာများနှင့် ပြည့်နှက် နေသည့် ပတ်ဝန်းကျင်များ ဖြစ်သလို ရှေးဟောင်း ချိပ်ပိတ်နယ်မြေ ကိုယ်တိုင်မှာလည်း ရတနာမြေကြီး ဖြစ်ပေသည်။
အဆုံးမဲ့ ကောင်းကင် နေကြယ်နှင့် အလွန် ဝေးလံသည့် နေရာများသို့ ရောက်ရှိသွားကြသည့် လူများကတော့ သူတို့ကို ထိုနေရာများ အထိ ပို့လိုက်သည့် အာကာသ လေပွေကို ကျိန်ဆဲ နေမိကြသည်။ သို့စေကာမူ သူတို့က အံများကို ကြိတ်လိုက်ကြရင်း မည်သည့် နည်းလမ်းနှင့် မဆို ထိုနေရာကို အရောက်သွားဖို့ အားထုတ် လိုက်ကြတော့သည်။
...
တစ်ချိန်တည်း၌ အာရုဏ်ဦး ဖီဆန် နေကြယ်၏ အရွယ်အစားမှာ မူမမှန်သည်မှာ သေချာသော်လည်း အနီးအနား၌ ရှိသည့် လူများသာလျှင် ၎င်း၏ ထူးခြားမှုကို အနည်းငယ်သာ ခံစားနိုင်ကြသည်။ နေရောင်ခြည် ထုတ်လွှတ်မှုကို အတိုင်းအတာ တစ်ခု အထိ တားဆီးထားသည့် အကာအကွယ် အလွှာနှင့် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် ကင်းမဲ့ခြင်းတို့ကြောင့်ပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အနီးအနား၌ ပေါ်လာကြသူများမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်နှင့် အ ဆုံးမဲ့ ကောင်းကင် နေကြယ်တို့ထံကိုသာ လျှင်မြန်စွာ အာရုံပြောင်းသွားကြသည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်နှင့် နှိုင်းယှဉ်ပါက ဖီဆန် အာရုဏ်ဦး သိမ်းပိုက်ထားသည့် ဧရိယာမှာ သေးငယ် ကျဉ်းမြောင်းသည့် အပြင် ဂြိုဟ်များ နည်းပါးခြင်း၊ လောက အာရုဏ်ဦးကိုလည်း ဝင်္ကပါ အတားအဆီးများက နက်ရှိုင်းစွာ ဖုံးကွယ်ထားခြင်းတို့ကြောင့် လူအများမှာ အထူးတလှယ် သတိမထားမိကြခြင်း ဖြစ်သည်။
သို့သော်လည်း... အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ လူဦးရေ ထူထပ် များပြားလှသည့် အပြင် ဂြိုဟ်များ၊ လများနှင့် ကုန်းမြေတိုက်ကြီးများမှာ နေရာအနှံ့၌ ပြန့်ကျဲ နေကြသည်။ ထို့အပြင် ၎င်းတို့ တစ်ခုချင်းစီမှာ ကြွယ်ဝသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည့် ရောင်ဝါများကို ထုတ်လွှတ် နေကြသည်။ မည်သို့ပင် ဆိုစေ... ဤကောင်းကင်ခန္ဓာများမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ထိန်းချုပ် မထားသည့် နေအမတေများ အတွင်း နှစ်ပေါင်း သောင်းနှင့်ချီအောင် စိမ်ထားကြခြင်း ဖြစ်သည်။
အချို့မှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အကာအကွယ် ဝင်္ကပါကို တစ်ကြိမ် နှစ်ကြိမ်ခန့် စမ်းသပ် ကြည့်ခဲ့ကြသေးသည်။ သို့သော်လည်း... လုံးဝ မအောင်မြင်သည်ကို တွေ့မြင်ပြီး နောက်တွင်တော့ လက်လျှော့ကာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ဆီကိုသာ ဦးတည် ထွက်ခွာ သွားခဲ့ကြလေသည်။
...
ကြယ်တာရာမိုး အသိုက် အတွင်းရှိ လျှို့ဝှက် ဆန်းကြယ်စွာ အေးခဲနေသော မျက်နှာပြင်အောက်တွင် ခရမ်းရောင် အလင်း လှုပ်ရှားမှုများမှာ ပိုမို၍ ထင်ရှား လာခဲ့သည်။ မျက်နှာပြင်ထက်ရှိ ကြယ်တာရာ မိုးများမှာလည်း အတော်လေး ဂနာမငြိမ်ဖြစ်နေ၏။ ခဏကြာပြီးနောက် ၎င်းတို့အားလုံးမှာ အတူတကွ စုဝေးကာ တစ်ပြိုင်နက်တည်းပင် ထွက်ပေါက်ဆီသို့ ပျံသန်းလာကြသည်။
သို့သော်လည်း... ထွက်ခွာရန် ကြိုးစားလိုက်စဉ်မှာပင် ဝေ့ဝူယင်ကိုယ်တိုင် တပ်ဆင်ထားသည့် ဝင်္ကပါများမှာ တင်္ကပါ ကျွမ်းကျင် ပညာရှင်များ၏ ထိန်းချုပ်မှုနှင့် အတူ အသက်ဝင်လာခဲ့ကာ ၎င်းတို့ အားလုံးကို ပိုက်ကွန်ကဲ့သို့ ဆွဲယူလိုက်လေသည်။ ကြယ်တာရာ မိုးများမှာ ရုန်းကန်ဖို့ ကြိုးပမ်းရင်း သူတို့၏ ခန္ဓာကိုယ်များမှာ ပို၍ တောက်ပသော အလင်းရောင်များဖြင့် တဖျတ်ဖျတ် လင်းလက် လာကြ၏။ ကံမကောင်းစွာဖြင့် သူတို့၏ ရုန်းကန်မှုများ အားလုံးမှာ အသုံးမဝင်ပေ။
"နောက်ထပ် တစ်သုတ် ရောက်လာပြန်ပြီ... ဟူး... ဒီနေ့ ဒီကောင်တွေ အတော်လေးကို ပူးပေါင်းဆောင်ရွက်နေကြတယ်"
ထိပ်ပြောင်ပြောင်နှင့် ရှုပ်ပွ မည်းနက်သည့် မုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားသည့် အမျိုးသား တစ်ဦးက ဗိုက်ကို ပုတ်ရင်း ပြောလိုက်၏။ သူက လူနှစ်ရာ ပါသည့် အဖွဲ့သားများနှင့် အတူ ကောင်းကင် သင်္ဘော တစ်စင်းထက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ၏ လက်ထဲတွင်တော့ တဖျပ်ဖျပ် တောက်ပနေသည့် ဘဲဥ ပုံသဏ္ဌာန် ကျောက်တုံးတစ်တုံး ရှိနေခဲ့သည်။ ၎င်းမှာ ကြယ်တာရာ မိုးများအား ဖမ်းဆီးထားသည့် ဝင်္ကပါများ၏ ရောင်ဝါနှင့် ချွပ်စွပ်နီးပါး ဆင်တူပေသည်။
"ဒီနေ့ ငါတို့ရဲ့ သတ္တမမြောက် အသုတ် မလား... ဒါဆိုရင် တစ်လစာ ပြည့်သွားပြီ... တခြား ဧရိယာတွေရော ဘယ်လို ဖြစ်နေလဲ မသိဘူး"
မိန်းမငယ်လေး တစ်ဦးက မျက်လုံးများက တောက်ပကာ စိတ်လှုပ်ရှားနေသော်လည်း လက်များကို လောဘတကြီး ပွတ်သပ်နေခဲ့သည်။ သူမက အတွေ့အကြုံရှိသည့် တံငါသည် တစ်ယောက်နှင့် ဆင်တူနေကာ မိန်းကလေး တစ်ဦးတွင် ရှိသင့်ရှိထိုက်သည်ဟု ယူဆရသည့် ဣန္ဒြေများ ကင်းမဲ့နေပေသည်။
"ခုတစ်လော ကြယ်တာရာ မိုးတွေက နည်းနည်း ဂနာမငြိမ် ဖြစ်နေတယ်လို့ ကြားတယ်... ကျွန်မတို့ စိုးရိမ်သင့်လား ကပ္ပတိန်"
အရပ်ရှည်ရှည်နှင့် မျက်နှာတွင် အမာရွတ် ရှိသည့် အသက် ခပ်ကြီးကြီး အမျိုးသား တစ်ယောက်က မျက်ခုံးကို ပင့်ရင်း မေးလိုက်သည်။
"ဘာလို့ စိုးရိမ်ရမှာလဲ... အာဏာရှင်တွေနဲ့ အင်ပါယာ အရှင်က ခုထက်ထိ ဘာအပိုမိန့်မှ မပို့သေးဘူး... သူတို့တောင် စိတ်မပူဘူး ဆိုရင် ငါတို့က ဘာကို ပူရမှာလဲ... အဲဒီအစား ငါတို့ ပျော်ပွဲတောင် ကျင်းပသင့်သေးတယ်”
ကပ္ပတိန်ဟု အခေါ်ခံရသည့် ပုဂ္ဂိုလ်က ပိုက်ကွန်ကို သင်္ဘောပေါ်သို့ ဆွဲယူလိုက်ရင်း သိုလှောင်ခန်းကို ဖွင့်ကာ ကြယ်တာရာ မိုးများကို လောင်းထည့်လိုက်သည်။
သူတို့က မိုးကိုဖမ်းသည့် တံငါသည်များသာ ဖြစ်သည်။ မည်သည်ကို စိုးရိမ်သင့်သနည်း။ သူတို့ထံတွင် အလုပ်တစ်ခုတည်းသာ ရှိသည်။ သူတို့ မြေကြီးကို တူးဖော်နေစဉ်တွင် အာဏာရှင် အင်ပါယာမှာ ကောင်းကင်ကို ထိန်းထားလိမ့်မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ရေခဲပြင်အောက်ရှိ ခရမ်းရောင် အလင်းမှာ တစ်ခါတစ်ရံ မှိန်ဖျော့စွာ တောက်ပသည့် အနေအထားမှ သတိထားမိလောက်အောင် ပိုမို၍ စူးရှစွာ တောက်ပလာနေခဲ့သော်လည်း အဖွဲ့သားများမှာ ထိုမြင်ကွင်းကို လုံးဝ လျစ်လျူထားခဲ့ကြသည်။ သူတို့က ထိုဖြစ်ရပ် အပေါ် လုံးဝ စိတ်အနှောက်အယှက် မဖြစ်ကြချေ။ သူတို့၏ အမူအရာများ အရ ၎င်းမှာ ပုံမှန် ဖြစ်ပျက်နေကျ ဖြစ်ကြောင်း ပြောနိုင်ပေသည်။
ကြယ်တာရာ အသိုက် တစ်လျှောက်လုံးတွင်... အမျိုးမျိုးသော ကောင်းကင် သင်္ဘောများမှာ ‘ပိုးဖလံမျိုး မီးပုံတိုး’ သည့် အလား ထောင်ချောက်များဆီသို့ တိုးဝင်လာနေသည့် ကြယ်တာရာ မိုးများကို ပိုက်ကွန်များနှင့် ဆွဲတင် နေခဲ့ကြသည်။ ဤနေ့က သူတို့ အတွက် ကြီးမြတ်သည့် နေ့တစ်နေ့ ဖြစ်ပေသည်။
***