← Chapters

အပြောင်းအလဲများ (၂)

Vol. 125 Ch. 1746

အပြောင်းအလဲများ (၂)

Vol. 125 Ch. 1746

စစ်ဆေးရေးဂိတ်များထဲမှ တစ်ခု၏ အပြင်ဘက်တွင်တော့... ဒါဇင်နှင့်ချီ ပုံရိပ်များ ပါဝင်သည့် အဖွဲ့မှာ ဖြစ်ရပ်များကို စောင့်ကြည့်ရင်း အချိန် အတော်ကြာ စောင့်ဆိုင်းပြီးနောက် စိတ်ဓာတ်ကျနေဟန် ရှိသည်။ အချို့မှာ အံများကို ကြိတ်ထားကြကာ မြို့တွင်းရှိ သေမျိုးများ အောင်ပွဲ ကျင်းပနေသည်ကို ကြည့်ရင်း မျက်လုံးများက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။

“အခု လုပ်ကြရအောင်...”

အရပ် ခပ်ပုပု ပိန်သွယ်သွယ် မိန်းကလေး တစ်ဦးက သွားကြားမှ ထွက်လာသော လေသံဖြင့် ပြောလိုက်သည်။ သို့သော်လည်း... ခေါင်းဆောင် ဖြစ်သည့် အရပ်ရှည်ရှည် အမျိုးသားကတော့ တည်ငြိမ်စွာပင် ရှိနေသေးဆဲ ဖြစ်သည်။

“သူတို့က ကြယ်တာရာ ရိတ်သိမ်းသူတွေကို ထွက်ခွာခွင့် ပိတ်ထားတယ်... သူတို့ကို မတားရင် ငါတို့ ဘယ်လိုလုပ်ပြီ...”

အုပ်စု အတွင်းရှိ အခြား ပုဂ္ဂိုလ် တစ်ယောက်က မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။ သို့သော်လည်း စကားမဆုံးခင်မှာပင် ခေါင်းဆောင်က လက်ကို ဝှေ့ယမ်းကာ တားဆီးလိုက်၏။

“ငါ မြို့ကို လေ့လာပြီးပြီ... အလွှာသုံးခုပါတဲ့ ဝင်္ကပါ ရှိတယ်... တစ်ခုကို အလင်း ရိတ်သိမ်းသူတွေရဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဒီဇိုင်းထုတ်ထားတာ... ဒုတိယ တစ်ခုကတော့ လွတ်မြောာက်ဖိ့ အတွက်ပဲ... အဲဒီ အထဲမှာ အာကာသ စွမ်းအင်တွေ... ဟင်းလင်းပြင် စွမ်းအင်တောင် ပါဝင် ပါနေနိုင်တယ်... နောက်ဆုံးတစ်ခုကတော့ တိုက်ခိုက်ရေးအတွက်ပဲ... နောက်ပြီး လျှို့ဝှက် အာဏာရှင်တွေကို ဝင်ခွင့် ပိတ်ထားတယ်... အတင်းတင်ရင် အာကာသက ပြိုကျသွားလိမ့်မယ်... ဒါပေမဲ့ အာကာသ နည်းလမ်းတွေကို သုံးမယ် ဆိုရင်တောင့် ဖြစ်ကောင်း ဖြစ်နိုင်တယ်... နောက်ထပ် တစ်ချက် သတိထားရမှာက မြေကြီး ရှန့်ထို အဆင့် အစောင့်အရှောက် ရှိနေတယ်”

“ဒီတော့...”

မိန်းကလေးက ငြင်းခန်ဖို့ ပြင်လိုက်၏။

“ငါတို့တွေကလည်း မြေကြီး ရှန့်ထို တစ်ယောက်ကို ရင်ဆိုင်နိုင်လောက်အောင် သန်မာတာပဲ”

"..."

အုပ်စုမှာ ဆက်လက် တိတ်ဆိတ် နေဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့က ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူခြင်း ဖြစ်သည်။ ဤစစ်ဆေးရေးဂိတ်ကို မဖယ်ရှားနိုင်ပါက၊ ကြယ်တာရာ ရိတ်သိမ်းသူများ၏ အဓိက အစုအဝေးကို လွှတ်မပေးနိုင်ပါက သူတို့၏ အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။

"ဒီ မြေကြီးရှန့်ထိုနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်... ငါ သေချာ စစ်ဆေးကြည့်လိုက်ဦးမယ်..."

သို့သော်လည်း အရပ်ရှည်ရှည် ခေါင်းဆောင်ကတော့ သတိထားနေခဲ့သည်။ သူက ဘေးနားရှိ ခရမ်းရောင် ဆံပင်များနှင့် မိန်းကလေးကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်၏။

သူမ ပိုင်ဆိုင်ထားသည့် အလှတရားက နတ်ဆိုး တစ်ကောင်လို ထက်ရှသည်။ အဆုံးမဲ့ ဆွဲဆောင်နိုင်စွမ်း ရှိသည့် ချစ်စဖွယ် မျက်နှာ၊ နုပျိုသော အရှိန်အဝါများနှင့်လည်း ပြည့်နှက် နေသည်။ သူမ၏ သန့်စင် ကြည်လင်သော ခရမ်းရောင် မျက်လုံးများတွင် နက်နဲသည့် ဝိညာဉ် ညှို့ငင်အားများ ပါဝင်နေကာ၊ လူတစ်ဦး၏ စိတ်ခွန်အားကိုပင် ပျက်စီးစေနိုင်စွမ်း ရှိသည်။

“အစ်မကြီး ရှင်းယီရော ခုချိန် ဘယ်လိုနေမလဲ မသိဘူး”

မိန်းကလေး၏ အတွေးများက လက်ရှိ အခြေအနေနှင့် ကင်းကွာကာ စိတ်ပျံ့လွင့် နေပုံ ရသည်။ ထို့အပြင် တိုက်ခိုက်ကြမည် ဆိုလျှင်ပင် သူမ၏ ကျင့်ကြခြင်း အခြေခံက ဘောင်ဝင်တန်းဝင် အဆင့်အတန်း မဟုတ်ပါချေ။ ဘေးမှ ကူညီပြီး သင်ယူရုံသာ တတ်နိုင်ပေသည်။

အကယ်၍ နာ့ရှင်းရီသာ သူမ နှစ်ကာလများစွာ အပူတပြင်း ရှာဖွေနေခဲ့သည့် ညီမလေးကို ကြယ်တာရာမိုး အသိုက် အတွင်း ပြန်လည် တွေ့ရှိပါက အလွန်ပင် အံ့ဩသွားပေလိမ့်မည်။

မှန်ပေသည်။ သူမက အခြားသူ မဟုတ်။ လုံချန်၏ မွေးစားညီမ ဖြစ်သည့် လုံထျန်းယုပင် ဖြစ်လေတော့သည်။

...

စစ်ဆေးရေးဂိတ် အတွင်းရှိ စောင့်ကြည့်မျှော်စင်များထဲမှ တစ်ခုပေါ်တွင်တော့ သက်လတ်ပိုင်း အမျိုးသား တစ်ဦးမှာ တိတ်တဆိတ် ထိုင်နေခဲ့သည်။ သူက ရင်ဘတ်ထိ ရောက်အောင် ရှည်လျားသည့် မီးခိုးရောင် မုတ်ဆိတ်များကို ပိုင်ဆိုင်ထားသည်။ နားသယ်စတို့တွင် အနည်းငယ် ဖြူနေသော်လည်း ကျန်းမာ သန်စွမ်းကာ နက်မှောင်လှသည့် ဆံပင်ရှည်များက သူ၏ ဉာဏ်ပညာနှင့် အတွေ့အကြုံ၏ အော်ရာတို့ကို ပိုမို ထင်ရှားစေသည်။

လူကြီးမှာ သူ၏ နှုတ်ခမ်းမွေးများကို အလေ့အကျင့် အတိုင်းပင် ဆွဲကာ ပွတ်သပ် နေခဲ့၏။ သူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေကာ တွက်ချက်မှု အလင်းတန်းများနှင့် တဖျပ်ဖျပ် တောက်ပနေခဲ့သည်။ ရုတ်တရက် နက်ရှိုင်းစွာ ဖုံးကွယ်ထားသည့် နောက်ထပ် ဝိညာဉ် အာရုံ တစ်ခု ပေါ်လာသည်ကို ခံစားလိုက်မိသော အခါ သူ၏ မျက်လုံးများက ပို၍ပင် ကျဉ်းမြောင်းသွားခဲ့သည်။

အကယ်၍ အဆုံးမဲ့ ခရီးသွား နယ်မြေမှ လူများသာ ဤသက်လတ်ပိုင်း အရွယ် အမျိုးသားကို တွေ့ပါက ထိတ်လန့်ကာ စိတ်ရှုပ်ထွေး သွားကြလိမ့်မည် ဖြစ်သည်။ ပထမ တစ်ချက်... သူက ယခင်ကထက် များစွာ ပိုမို ငယ်ရွယ်နေသည်။ ဒုတိယ တစ်ချက်... သူက အချိန်လေပွေ အတွင်း ပိတ်မိနေသင့်သည်။

ဤပုဂ္ဂိုလ်မှာ သူတို့ သိထားသည့် လူပင် ဖြစ်ကြောင်း အတည်ပြုနိုင်သည့် တစ်ခုတည်းသော အရာက သူ၏ အော်ရာ ဖြစ်သည်။

မှန်ပေ၏။ လောကရှန့်ထို အော်ရာပင်။

သူသည် ရှုယုပင် ဖြစ်လေသည်။

မဟုတ်သေး...

ကျန်းယုပင်။

"ဒီ နတ်ဆိုးတွေ ထူးဆန်းတယ်..."

ကျန်းယုက မှတ်ချက်ပေးလိုက်ရင်း ဆက်သွယ်ရေး ကိရိယာကို အသက်သွင်းလိုက်လေ၏။

....

ဝမ်... ဝမ်...

အားနူ ဆွဲလာသည့် ဂြိုဟ်သိမ်ကလေးထက်တွင်တော့ ဝေ့ဝူယင်မှာ စစ်အဆောင်ထံမှ သတင်းစကား တစ်ခုကို လက်ခံ ရရှိလိုက်သည်။ ထိုသတင်းစကား အတွင်း၌ နတ်ဆိုးများ၏ ချောင်းမြောင်းနေမှုများ၊ ကြယ်တာရာမိုး အသိုက်အတွင်းမှ ကြယ်တာရာမိုးများ၏ တိုးပွားလာသော မငြိမ်သက်မှုများ အကြောင်းကို ဖော်ပြထားသည်။

သတင်းစကားကို လက်ခံရရှိသော်လည်း ဝေ့ဝူယင်၏ စိတ်အစဉ်မှာ အခြားတစ်နေရာတွင် ရောက်ရှိနေခဲ့သည်။ သူ၏ ဦးခေါင်းမှာ မိန်းကလေး တစ်ယောက်၏ အဆီအဆိမ့်ဆုံး နေရာ၌ နစ်မြုပ် နေခဲ့သည်။ သူ့ ခေါင်း၏ တစ်ဖက် တစ်ချက်တွင်တော့ တုန်ရီနေသည့် ပေါင်နှစ်ချောင်း ရှိနေကာ နားအတွင်း တိုးဝင်လာနေသည့် ကာမဂုဏ်ကို လှုံ့ဆော်ပေးနေသော ညည်းသံများကြောင့်ပင် သတင်းစကားကို စိတ်ဝင်စားဖို့ သူ အာရုံပျံ့လွင့်လွန်း နေခဲ့သည်။

"အ... ဟုတ်တယ်... အဲဒီနေရာ... အား...”

...

ဝေ့ဝူယင်ထံမှ သတင်းပြန်မှု မရရှိလေရာ ကျန်းယုမှာ သူ၏ တာဝန်ကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့သည်။ စစ်ဆေးရေးဂိတ်ကို မည်သည့်အရာ၊ မည်သူကမျှ ခြိမ်းခြောက်ခြင်း မရှိသရွေ့ သူ့တာဝန်က အခြေအနေကို ဆက်လက် စောင့်ကြည့်နေရုံသာ ဖြစ်သည်။ ပုံမှန်မဟုတ်သော လုပ်ဆောင်မှုများကို မှတ်တမ်းယူရုံသာ ဖြစ်သည်။ သို့သော်လည်း... ထိုနတ်ဆိုးများကတော့ ပြဿနာ တစ်ခု ဖြစ်လာစေရန် ပြင်ဆင် နေပုံ ရသည်။

"ကောင်းပြီ... သူတို့ ဘာပဲလုပ်လုပ် ငါ သူတို့အားလုံးကို ဖမ်းဆီးလိုက်မယ်"

ဝေ့ဝူယင် ယခင်က ပေးထားသော အမိန့်များကို ပြန်လည် တွေးတောလိုက်ရင်း သူ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ကာ တရားထိုင်နေလိုက်သည်။

မကြာသေးမီကပင် သူ၏ ကျင့်ကြံခြင်း အခြေခံမှာ တစ်စုံတစ်ရာသော ကန့်သတ်ချက်ကို ဖယ်ရှားလိုက်သကဲ့သို့ လောကရှန့်ထို အဆင့်သို့ ရုတ်တရက် ခုန်တက်သွားခဲ့သည်။ သူတို့လို စစ်သည်တော်များ၏ ကျင့်ကြံခြင်း လမ်းကြောင်းမှာ သာမန် ကျင့်ကြံသူများနှင့် ခြားနားကာ အဓိက တပ်မှူး သို့မဟုတ် စစ်အဆောင် ပိုင်ရှင်နှင့် ဆက်စပ် နေလေ့ ရှိသည်။

ကျန်းယုမှာ စီးဆင်းနေသော ရေအလျင် ကဲ့သို့ ချောမွေ့စွာပင် လောကရှန့်ထို အဆင့်သို့ သဘာဝအတိုင်း ရောက်ရှိခဲ့သည်။ သူက အစကတည်းကပင် အစစ်အမှန် လျှို့ဝှက် လောက ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ကာ လောကရှန့်ထို ဖြစ်လာရန် ကံကြမ္မာပါသူ တစ်ယောက်လိုပင်။ လျှို့ဝှက် လောက ရည်ရွယ်ချက်နှင့် ဖြစ်နိုင်သမျှ အပြည့်အဝ ပေါင်းစပ်ထားသည့် လောက သင်္ကေတ နှစ်ခုပင် သူ့ ခန္ဓာကိုယ် အတွင်း၌ ရှိနေခဲ့သည်။

သူ အတိတ်ဘဝကို မှတ်မိသော်လည်း ထိုအရာ အားလုံးမှာ သူ့အတွက် အရေး မကြီးတော့ချေ။ သူက စစ်သား ကျန်းယု ဖြစ်သည်။ ရှုယုက ဆက်လက် တည်ရှိခြင်း မရှိတော့ချေ။

...

ကြယ်တာရာမိုး အသိုက် အတွင်းရှိ နက်ရှိုင်းသော နေရာတစ်ခု၌...

ငွေရောင် ကိုယ်ရောင်ကိုယ်ဝါများနှင့် မိန်းမငယ်လေး တစ်ဦးမှာ ပျံသန်း နေခဲ့သည်။ သူမ၏ ဆံနွယ်များမှာ လရောင် ကဲ့သို့ တောက်ပနေကာ ခန္ဓာကိုယ် ပုံသဏ္ဍာန်မှာလည်း နတ်သမီးလေး တစ်ပါး ကဲ့သို့ ထူးခြား လှပလှသည်။ သူမ အသက်ရှူလိုက်တိုင်း ရေဓာတ် ပါဝင်နေသည့် အခြေတည်ချီ စွမ်းအင်များမှာ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်နေခဲ့သည်။

ခရမ်းရောင် ဧရာမ မြွေမျက်လုံးကြီး တစ်စုံက ဤပုံသဏ္ဍာန်ကို အောက်ဘက်မှ စောင့်ကြည့်နေခဲ့၏။ ၎င်း၏ ခပ်စောင်းစောင်း သူငယ်အိမ်များ အတွင်း၌ သတိထားသည့် အရိပ်အငွေ့ တစ်ချို့ ပါဝင်နေကာ မိန်းကလေးကို ကာကွယ်ရန် အစောင့်အရှောက်အဖြစ် လုပ်ဆောင်နေပုံ ပေါ်လေသည်။

...

မဟာစက်ဝန်း ကြယ်ကွင်းပြင်၊ သက်တံ့ လောက ကြယ်တာရာ နယ်မြေ...

တစ်ခုတည်းသော အဖြူရောင် နေကြယ်မှာ ဂြိုဟ် ခုနစ်လုံးပေါ်သို့ တောက်ပသည့် နေရောင်ခြည်များကို ပက်ဖျန်း ပေးနေခဲ့သည်။ ဂြိုဟ်တစ်လုံးချင်းစီတွင် သက်တံ၏ အရောင် ခုနစ်ရောင်ကို ကိုယ်စားပြုသည့် လေထု ရောင်ဝါတစ်ခုစီ ပါရှိသည်။ အဆိုပါ ကြယ်တာရာ နယ်မြေ၏ အစွန်အဖျားများတွင်တော့ သက်တံ လောက၏ နယ်နိမိတ်များကို ဖော်ပြသည့် တောက်ပသော သက်တံ မျက်နှာဖုံးတစ်ခု ရှိနေခဲ့လေသည်။

သက်တံ့လောက ကြယ်တာရာ နယ်မြေမှာ အလွန်အမင်း လှပကာ ခမ်းနားသည့် အရောင်အသွေးနှင့် တင့်တယ်မှုတို့ ရှိသော်လည်း ၎င်း၏ အပြင်ဘက်တွင်တော့ အကာအကွယ်လွှာ သက်တံ့ မျက်နှာဖုံးကို ရိုက်ခတ်နေသည့် ကျင့်ကြံသူ ရာပေါင်းများစွာ ရှိနေခဲ့လေသည်။

***

All Chapters