သက်တံ့လောက
Vol. 125 Ch. 1747
ဘုန်း... ဘုန်း... ဘုန်း...
မိုးခြိမ်း သကဲ့သို့ ပေါက်ကွဲသံများနှင့် တုန်ဟီးသံများမှာ သက်တံ့ အကာအကွယ်လွှာ၏ အတွင်းနှင့် အပြင် နှစ်ဖက်စလုံးတွင် ပဲ့တင်ထပ် နေခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများ၏ ရှေ့တန်း တစ်နေရာတွင်တော့ သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မြေကြီးရှန့်ထို တစ်ပါး ရှိနေခဲ့သည်။ သူက ပျမ်းမျှ အရပ်အမောင်းနှင့် သွေးနီရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ ပြင်းထန်သည့် အဂ္ဂိရတ် ရောင်ဝါများကို ထုတ်လွှတ် နေခဲ့သည်။ သူ၏ နံဘေးတွင်တော့ သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသည့် ကျင်ကြံသူများ ရှိနေခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှု အမျိုးမျိုးကို အကာအကွယ်လွှာဆီသို့ ထုတ်လွှတ်နေကြသည်။
သွေးနီရောင် ဝတ်ရုံ ဝတ်ထားသော မြေကြီးရှန့်ထို၏ မျက်လုံးများမှာ လောဘ မီးတောက်များနှင့် ပြင်းထန်စွာ လောင်ကျွမ်း နေခဲ့၏။
"ဒါက အစစ်အမှန် ရောင်ခြည် နေကြယ်ပဲ... ငါ့ အပိုင် ဖြစ်လာရမယ်... ရောင်းရင်းတို့... ဒါ ၊ မင်းတို့ရဲ့ အကူအညီအတွက် ငါ ဆုချမယ်... အာမခံတယ်..."
သူ၏ အဂ္ဂိရတ် သူရဲကောင်း ငါးဦးမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှကာ တစ်ဦးစီတိုင်းမှာ မြေကြီးရှန့်ထို အဆင့်တွင် ရှိကြသည်။ သူတို့ ဓားစွမ်းအားကို တစ်ချက် ထုတ်ဖော်လိုက်တိုင်း ဂြိုဟ်များ ထက်ခြမ်း ကွဲကာ နေကြယ်များပင် ငြိမ်းသေသွားမလား ထင်ရပေသည်။
အနီးအနားရှိ လူများမှာလည်း ကိုယ်ပိုင် အခွင့်အရေးများ အတွက် သွေးနီရောင် မြေကြီး ရှန့်ထိုကို ကူညီကာ တိုက်ခိုက်ပေး နေကြသည်။ သူက ခရီးသွား မျှော်စင်မှ သွေးနီရောင် လစာကြည့်တိုက်မှူး တစ်ယောက် ဖြစ်သည့် ရှီဖိန်ပင်...။
ရှီဖိန်မှာ မြေကြီး ရှန့်ထို သွေးနီရောင်ကြယ်၊ အဂ္ဂိရတ် ရှန့်ထို သွေးနီရောင်ကြယ် စသည့် နာမည်များဖြင့် လူသိများ ထင်ရှားပေသည်။ သူက အဆုံးမဲ့ ခရီးသွား နယ်မြေအတွင်း တရားဝင် ရာထူးဖြင့် နေထိုင်သော မြေကြီးရှန့်ထို အဆင့် အဂ္ဂိရတ် ပညာရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ပေသည်။ သူ ပိုင်ဆိုင်ထားသည့် စည်းစိမ်ကို လျှော့တွက်၍ မရပါချေ။
...
သက်တံ့လောက ကြယ်တာရာ နယ်မြေ၊ ဂြိုဟ်ခုနစ်လုံး အနက် မဲနယ်ရောင် ဂြိုဟ်၏ မျက်နှာပြင်ထက်တွင်တော့...
ကြယ်တာရာ နယ်မြေ၏ တစ်ဦးတည်းသော မြေကြီးရှန့်ထိုမှာ လျှို့ဝှက် အဆင့် ဆေးဖက်ဝင် အပင်များနှင့် ပန်းများ ပြည့်နှက် နေသည့် ဥယျာဉ် တစ်ခုထဲတွင် လမ်းလျှောက် နေခဲ့လေသည်။ သူမ၏ မျက်ဝန်းများက ကျူးကျော်သူများအပေါ် အာရုံစိုက်နေပြီး နွေးထွေးမှု လုံးဝကင်းမဲ့နေသည်။
"အရှင်မ ရှကျား... အရှင်မ ရှကျား..."
မိန်းမငယ်လေး တစ်ဦးမှာ ထိတ်လန့်တကြား အော်ဟစ်ရင်း ဥယျာဉ် အတွင်း ပြေးဝင် လာခဲ့သည်။ သူမက ခပ်သေးသေးနှင့် ချစ်စဖွယ် ကလေးမလေး တစ်ဦး ဖြစ်ပြီး ကျစ်ဆံမြီး နှစ်ခွနှင့် ပန်းပွင့် ဂါဝန်တို့ကို ဝတ်ဆင်ထားသည်။ သို့သော်လည်း သူမ၏ အမူအရာကတော့ လုံးဝ ဖြူရော်နေကာ အားကိုးရာကို ရှာဖွေသည့် အလား အလျင်စလို ပြေးလာခဲ့သည်။
ရှကျားဘေးနားသို့ အရောက်၌ မိန်းမငယ်လေးမှာ မတော်တဆ ချော်လဲတော့မလိုပင် ဖြစ်သွားခဲ့သည်။ သို့သော်လည်း... သူမက ကိုယ်ဟန်ကို ခပ်မြန်မြန် ထိန်းလိုက်ကာ အသံကို မတုန်အောင် ကြိုးစား ထိန်းရင်း ပြောလိုက်သည်။
“အနီရောင်ဂြိုဟ်မှာ တုန်ခါမှုလှိုင်းတွေကြောင့် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်... အသက် ဆုံးရှုံးမှုက..”
အနီရောင်ဂြိုဟ်မှာ တိုက်ခိုက်သူများ၏ အနီးဆုံး နေရာတွင် တည်ရှိနေသည့် ဂြိုဟ်တစ်စင်း ဖြစ်သည်။ သက်တံ့ မျက်နှာဖုံးမှာ လျှို့ဝှက် အဆင့် အကာအကွယ် ဝင်္ကပါ တစ်ခု ဖြစ်သော်လည်း လျှို့ဝှက် အာဏာရှင် ရာပေါင်းများစွာ၏ တိုက်ခိုက်မှုများကို မခံနိုင်ခဲ့ပေ။
ရှကျားမှာ ဆယ့်ခြောက်နှစ်အရွယ် မိန်းမငယ်လေး တစ်ဦး ကဲ့သို့ ငယ်ရွယ်နေသော်လည်း လူသန်းပေါင်းများစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို ကိုယ်တိုင်တွေ့ကြုံခဲ့ရသည့် သက်တမ်းရင့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူမ၏ တုန့်ပြန်ပုံက ခန့်မှန်းလို့ မရအောင် တည်ငြိမ်လှပေသည်။
“တကယ့် ပြဿနာကောင်တွေပဲ...”
ရှကျားက အေးစက်စက် လေသံနှင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် သူမက ဟူလန်ကို တစ်ချက် ကြည့်လိုက်သည်။
“ဒီမှာပဲနေ...”
သူမက စတင်၍ လမ်းလျှောက်လိုက်၏။ မှိန်ဖျော့ဖျော့ ရောင်ဝါက ဆေးဖက်ဝင် အပင်နှင့် ပန်းများ အပေါ် ညင်သာစွာ ရိုက်ခတ်သွားသည်။
"အရှင်မ ရှကျား...”
ဟူလန်က နောက်က ပြေးလိုက်လာရင်း အော်ဟစ်လိုက်၏။ သူမ၏ မျက်ဝန်းများက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
“အရှင်မ ရှကျား... ဘာလုပ်မလို့လဲ... ရူးရူးမိုက်မိုက် လုပ်လို့ မရဘူးနော်”
မိန်းကလေးမှာ သူမ၏ သခင်မလည်းဖြစ်၊ ဆရာသခင် သဖွယ်လည်း ဖြစ်သည့် ရှကျား တစ်ခုခု ဖြစ်သွားမည်ကို အလွန်အမင်း စိုးရိမ် နေတာ ရှင်းလင်းပေသည်။
ရှကျားက ရပ်တန့်လိုက်ကာ အပြစ်ကင်းစင်၍ နူးညံ့သောအပြုံးဖြင့် ဟူလန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဤသည်မှာ ပုံမှန် ဟူလန်ပင်ဖြစ်သည်။ မိန်းကလေးကို ကြည့်ရင်း သူမ၏ နှလုံးသားက နွေးထွေး လာခဲ့သည်။
"အားလုံး အဆင်ပြေသွားမှာပါ... ငါ သူတို့နဲ့ ဆွေးနွေးပြီး ဆုံးရှုံးသွားတဲ့ အသက်တွေကို ပြန်ပေးခိုင်းရုံပါပဲ... ငါ ချက်ချင်း ပြန်လာခဲ့မယ်... ရတယ်မလား"
ထိုကဲ့သို့ ပြောပြီးနောက် ရှကျား၏ ခန္ဓာကိုယ်က သက်တံ အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်ကို ထိုးဖောက်၍ ကျူးကျော်သူများဆီသို့ ဦးတည် ရွေ့လျား သွားခဲ့တော့သည်။
ရှကျား လေထု အလွှာ အတွင်းမှ ထွက်ခွာကာ ကျူးကျော်သူများထံ တစ်ဝက်တစ်ပျက် ရောက်ရှိ သွားပြီးသည့်နောက် ဟူလန်၏ လေးပင်သည့် အသက်ရှူသံများက ရပ်တန့်သွားကာ တုန်ယင်နေသည့် ပုံပန်းသဏ္ဍာန်သည်လည်း တဖြည်းဖြည်း ပြောင်းလဲသွားသည်။ သူမ၏ ချွေးပျံနေသည့် လက်ဖဝါးများက ခြောက်ကပ်သွားကာ ထိတ်လန့်မှုမှာလည်း တစ်ခါမှ မတည်ရှိခဲ့ဖူးသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ တဖြည်းဖြည်း ဝေးကွာသွားသည့် ကြယ်တံခွန်ကို ကြည့်ရင်း သူမ၏ မျက်လုံးများက လုံးဝ လျစ်လျူဟန် ဖြစ်လာခဲ့၏။ ဟူလန်၏ အော်ရာ တစ်ခုလုံးက ပြောင်းလဲ သွားခဲ့ပြီ ဖြစသည်။
ဖြစ်သည့် ကြယ်တံခွန်ကို ကြည့်ရင်း သူမ၏ မျက်လုံးများသည် လုံးဝ လျစ်လျူရှုဟန် ဖြစ်နေသည်။ သူမ၏ ရောင်ဝါတစ်ခုလုံး ပြောင်းလဲသွားသည်။
"အချိန်ကိုက် အာရုံပြောင်းခြင်းပဲ... အလုပ်စဖို့ အချိန်ရောက်ပြီ..."
ဟူလန် အမည်ရှိ မိန်းမငယ်လေးက အကြောဆန့်လိုက်ရင်း ဥယျာဉ်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားလိုက်သည်။ ဥယျာဉ်အတွင်း ထားရှိသော ဝင်္ကပါများမှာ သူမ၏ တည်ရှိမှုကို အန္တရာယ်မရှိသော ဆေးဖက်ဝင် အပင်တစ်ပင် အလား လျစ်လျူထား၏။
"နောက်ဆုံးတော့ တာဝန်ပြီးပြီ...”
ဝင်္ကပါ အမြုတေသို့ အရောက်၌ သူမက မီးခိုးရောင် စိန်သဏ္ဌာန် ပုံဆောင်ခဲ တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ၎င်းကို ပစ်ချလိုက်၏။
ပုံဆောင်ခဲမှာ သမုဒ္ဒရာ အတွင်း ဆင်းသက်သွားသည့် မိုးရေတစ်စက် အလား ဥယျာဉ်၏ မြေပြင်နှင့် ပေါင်းစပ်သွားကာ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။ ထိုဥယျာဉ်မှာ ဂြိုဟ် အစီအရင်ကို ထိန်းချုပ်ထားသည့် ဗဟို အချက်အချာ ကျသော နေရာပင် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ အဖြူရောင် နေကြယ် အပြင် ဂြိုဟ်ခုနစ်လုံးကိုပါ ဖြန့်ကျက်ထားသည့် ကြယ်တာရာ နယ်မြေ အစီအရင်နှင့်လည်း အပြန်အလှန် ချိတ်ဆက်ထားသည်။
"ကျန်တဲ့ ခြောက်ခုကို ငါ လုပ်ပြီးတာ ကြာပြီ... ဒါပေမဲ့ သူက ဒီဥယျာဉ်ထဲက တစ်ခါမှ မထွက်ဘူး... ထားလိုက်ပါလေ... ဘာပဲဖြစ်ဖြစ်... ငါ သူ့ကို သောက်ဂရုကို မစိုက်တာ... ဒီနေရာ တစ်ခုလုံးကိုလည်း သောက်ဂရုမစိုက်ဘူး... သွားဖို့ အချိန်ရောက်ပြီ”
ဟူလန်က လည်ချောင်းထဲကို လက်ထိုးထည့်လိုက်ရင်း တစ်စုံတစ်ရာကို ဆွဲထုတ်လိုက်၏။ လက်စွပ်တစ်ကွင်းမှာ သူမ၏ လက်အတွင်း ပါလာခဲ့သည်။ ၎င်းမှာ ဟင်းလင်းပြင် အလင်းများဖြင့် တောက်ပနေခဲ့၏။
ပြုပြင်ထားသည့် ရှန့်ထို လက်စွပ် တစ်ကွင်းပင်။
"အားလုံး ချီးပဲဟေ့... အထူးသဖြင့် မာနကြီးတဲ့ ခွေးမလေး... နောက်ဆုံးတော့ ငါ နင့်ကို သတ်နိုင်ပြီ”
သူက မုန်တီးစွာဖြင့် ပြောလိုက်ရင်း ရှန့်ထို လက်စွပ် အတွင်းမှ ခန္ဓာကိုယ် တစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် ဦးခေါင်းကို ဦးခေါင်းကို မညှာမတာ နင်းချေလိုက်ရာ ဦးနှောက်များမှာ ဥယျာဉ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့၏။ အကယ်၍ အနီးကပ် ကြည့်ရှုနေပါက... ကြေမွ မသွားခင် ထိုဦးခေါင်းမှာ မတ်တပ်ရပ်နေသည့် ဟူလန်နှင့် အတူတူ ဖြစ်နေသည်ကို တွေ့ရလိမ့်မည် ဖြစ်သည်။
"ဟား... ဟား..."
ခံစားချက် အားလုံးကို ဖော်ထုတ်ရင်း ဟူလန်က အော်ဟစ် ရယ်မောလိုက်၏။ သူမ၏ မျက်နှာက အလွန် ကျေနပ်မှုများနှင့် ပြည့်နှက် နေခဲ့သည်။
ရုတ်တရက်... သူမ၏ အမူအရာ ပြောင်းလဲသွားပြီး ရယ်မောခြင်းကို ရပ်လိုက်သည်။
"ရှယုရို ဘယ်လိုနေလဲ မသိဘူး"
ဟူလန်က နှုတ်ခမ်းကို အနည်းငယ် စူလိုက်ရင်း ဆက်လက် နှောင့်နှေးခြင်း မပြုတော့ပေ။ သူမက ရှန့်ထို လက်စွပ်အတွင်းမှ ဟင်းလင်းပြင် ဝင်္ကပါကို အသက်သွင်းလိုက်ကာ ရုတ်တရက် ပျောက်ကွယ် သွားခဲ့လေတော့၏။
***