လောကရှန့်ထိုများ စုဝေးခြင်း
Vol. 125 Ch. 1750
အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၊ ဗဟို အရိပ်ဥကြီး အတွင်း၌...
“အား...”
ခရမ်းရောင် ဝတ်စုံဝတ် ပုံရိပ်မှာ နာကျင်စွာ အော်ဟစ်လိုက်ရင်း မှန်မှ နောက်သို့ ဆုတ်ခွာကာ ရင်ဘတ်ကို ဖိထားလိုက်ရသည်။ ခန္ဓာကိုယ် ဒွါရပေါက်များမှ သွေးများ ယိုစီးကျလာကာ ကြမ်းပြင်ထက်၌ ရေအိုင်ငယ် တစ်ခု သဖွယ် ဖြစ်လာခဲ့သည်။
အဖိုးတန် အရင်းအမြစ်များဖြင့် နှစ်ထောင်ပေါင်းများစွာကြာအောင် ပြုစု ပျိုးထောင် ထားခဲ့သည့် ကိုယ်ပွားအား ဆုံးရှုံးလိုက်ရခြင်းမှာ သာမန် ကိုယ်ပွားတစ်ခုကို ဆုံးရှုံးရခြင်းထက် ဘေးထွက်ဆိုးကျိုး များစွာ ပိုမို ကြီးမားသည်။ ၎င်းက သူမ အတွက် ဒုတိယ အသက် တစ်ခု သဖွယ်ပင် ဖြစ်သည်။
ယနေ့၌ သူမ အသက် တစ်ခုကို ဆုံးရှုံးခဲ့ရသည်။ ထို့အပြင်... အဆိုပါ ကိုယ်ပွားမှာ မြေကြီး ရှန့်ထို အထွတ်အထိပ်များနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ထား၏။ သာမန် ကိုယ်ပွား တစ်ခုဆိုလျှင် သေမျိုးတစ်ပိုင်း အရှင် အဆင့်လောက်သာ ရှိပေလိမ့်မည်။
အသက်ကို ခက်ခက်ခဲခဲ ရှူရင်းကပင် သူမက ခပ်တိုးတိုးလေး ညည်းညူ လိုက်၏။
“သူက အဲဒီ အဆင့်ကို ရောက်နေပြီပဲ...”
အခြေအနေက တစ်စက္ကန့်ချင်းစီတိုင်း၌ ပိုမို၍ ဆိုးလာခဲ့သည်။ အရိပ်ဥ ပျက်စီးခြင်းအတွက်လည်း သူမ သက်ပြင်းတစ်ချက် ချလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
....
ဝေ့ဝူယင်မှာ ဂြိုဟ်သိမ်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းနေဆဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က အဝတ်အစား ကင်းမဲ့နေကာ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို သယ်ဆောင်ထားသည့် သန့်ရှင်းစင်ကြယ်သော ကြွက်သားများနှင့် ခန္ဓာကိုယ်တို့ကို ထုတ်ဖော်ပြသနေသည်။ သူက အလွန်အမင်း ကျေနပ်နေသည့် အမူအရာ တစ်ခုကို ဆင်မြန်းထား၏။
ဘုန်း...
ရုတ်တရက် အရိပ်ဥမှာ ပေါက်ကွဲထွက်သွားခဲ့သည်။ ဝေ့ဝူယင်၏ ပေါင်နှစ်လုံးကြားမှ ဦးခေါင်းလေး တစ်ခုမှာ ထိတ်လန့်သွားသော ယုန်ကလေးကဲ့သို့ ပေါ်လာ၏။
"အဲဒါက ဘာလဲ"
ရွှယ်ရီဖေးက စိုးရိမ်စွာဖြင့် မေးလိုက်၏။ သူမ၏ ပါးစပ်က ပလုတ်ပလောင်း ဖြစ်နေလေရာ အသံက အနည်းငယ် ပလုံးပထွေး နိုင်နေခဲ့သည်။
"ကလေးတစ်ချို့ ဆော့နေတာပါ..."
ဝေ့ဝူယင်က မျက်လုံးဖွင့်၍ပင် မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
ရွှယ်ယီဖေး၏ မျက်လုံးများ တောက်ပလာခဲ့၏။
"အင်း"
သူမ ညင်သာစွာ ပြောလိုက်ပြီး အောက်သို့ ပြန်ဆင်းသွားသည်။ ဝေ့ဝူယင်က စိတ်မပူလေရာ သူမလည်း စိုးရိမ်စရာ အကြောင်းမရှိပါချေ။
တစ်ချိန်တည်းမှာပင်...
တစ်ချိန်တည်းမှာပင် ဝူယုထံမှ ဝိညာဉ် ဆက်သွယ်မှုမှာ ရောက်ရှိလာခဲ့၏။ သူတို့က ပထမဆုံး ပစ်မှတ်ကို ရှာဖွေ တွေ့ရှိသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်မှာ တုန့်ပြန်ရန် ပျင်းရိနေကာ လှပ ဆွဲဆောင်မှုရှိသည့် နှုတ်ခမ်းများနှင့် ဖျတ်လတ်သော လျှာတို့၏ ခံစားချက်တွင်သာ နစ်မြုပ်နေခဲ့လေတော့သည်။
...
အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်...
အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ စွန့်ပစ်ခံ ကြယ်ကွင်းပြင် တစ်ခု ဖြစ်၏။ ၎င်းမှာ စာရေးသား သမိုင်း မတင်မီခေတ်ကာလက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အိမ်နီးချင်း ကြယ်ကွင်းပြင် ဖြစ်ပြီး ၎င်းတို့၏ နယ်နိမိတ်ကို မိုင်ပေါင်း သန်းနှင့်ချီသော နတ္ထိ ဟင်းလင်းပြင်ဖြင့် ပိုင်းခြား ထားခဲ့သည်။
အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ တစ်ချိန်က စည်ပင် ဝပြောခဲ့ကာ ဂြိုဟ်များ၊ လများ၊ တောက်ပသော နေကြယ်များနှင့် ပြည့်နှက် နေခဲ့သည်။ သို့သော်လည်း... ဤအရာအားလုံးမှာ ယခင် အင်ပါယာ မျိုးနွယ်၏ အုပ်စိုးမှုနှင့် သူတော်စင် ခုနစ်ပါး မျှော်စင်၏ အဆုံးမဲ့ ပဲ့တင်သံ ကြယ်တာရာ ဆေးလုံးအား တီထွင် ဖန်တီးခဲ့သည့် ကာလ အတွင်း ပြောင်းလဲ သွားခဲ့သည်။ ၎င်းမှာ နေကြယ်လုပွဲတွင် ပထမဆုံး သားကောင် ဘဝ သို့ ကျရောက် သွားခဲ့ရသည်။
ယခုအခါ အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ ယခင်ပုံစံ၏ အရိပ်အယောင်မျှသာ ကျန်ရှိတော့သည်။ ထို့အပြင်... လွန်ခဲ့သည့် နှစ်ကာလများ တစ်လျှောက် ဟင်းလင်းပြင် မုဆိုးများ၏ ပိုက်စိပ်တိုက် မွှေနှောက်ထားမှုကြောင့် အဖိုးတန်သည့် အပျက်အစီး၊ အကြွင်းအကျန်များပင် မရှိတော့ပေ။ ၎င်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် နီးကပ်နေသော်လည်း အမျိုးမျိုးသော ဝင်္ကပါ ၊ အစီအရင်များနှင့် ဖုံးကွယ်ထားသည့် ဟင်းလင်းပြင် ဓားပြ အခြေစိုက်စခန်းများသာ ရှိသည်။
လွန်ခဲ့သည့် နှစ်ကာလများ တစ်လျှောက်လုံး လူအနည်းငယ်သာ ဤနယ်မြေ အတွင်း စွန့်စား ဝင်ရောက်ကြပြီး အများစုတော့ ရှောင်ကွင်းသွားရန်သာ ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့်ပင် အမွှာ မီးပြတိုက် ကြယ်ကွင်းပြင်မှာ အမြဲတစေ လိုလို ခြောက်ကပ်နေလေ့ ရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း... လက်ရှိတွင်တော့ ထိုနေရာမှာ အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောက ရှန့်ထိုများ အတွက် ယာယီ စုဝေးရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
လူခုနစ်ဦးမှာ လျှို့ဝှက် စွမ်းအင်များနှင့် ဖုံးအုပ်ထားသည့် စက်ဝိုင်း ပုံသဏ္ဌာန် ကျောက်ဖြာကြီး တစ်ချက် ပေါ်တွင် ဝိုင်းဖွဲ့၍ ရပ်နေခဲ့ကြသည်။ သူတို့က တစ်စုံတစ်ရာကို ဆွေးနွေး နေခဲ့ကြခြင်း ဖြစ်၏။
"မင်း ပြောတာ မှန်တယ်... ဒါက ငါတို့ရဲ့ စစ်ဆင်ရေး အခြေစိုက်စခန်းအဖြစ် လုပ်ဆောင်ဖို့၊ နောက်ပြီး ကြယ်တာရာ နယ်မြေတစ်ခု တည်ထောင်ဖို့ နေရာကောင်းပဲ”
ထိုစကားလုံးများမှာ ရင့်ကျက်၍ ဆွဲဆောင်မှု ရှိသည့် အသက်လတ် အရွယ် မိန်းကလေး တစ်ဦး၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ သူမက လက်ဝန်း ရွေ့လျားသည့် ပုံများဖြင့် အလှဆင်ထားသည့် ငွေရောင် ဝတ်ရုံကို ဝတ်ဆင်ထား၏။ ၎င်းကပင် သူမ၏ ရုပ်ရည်နှင့် အလွန် ဆွဲဆောင်မှု ရှိလှသော ခန္ဓာကိုယ် ကောက်ကြောင်းများကို ပိုမို၍ ထင်ပေါ်စေသည်။
သူမက ဟူမေဖန် ဖြစ်သည်။ ငွေရောင် လစာကြည့်တိုက်မှူး တစ်ယောက် ဖြစ်ကာ အထွတ်အမြတ် စာကြည့်တိုက်၊ အထူးသဖြင့် အုပ်ထိန်းသူ မျှော်စင်ကို ကြီးကြပ်ရသည့် အဆင့်အမြင့်ဆုံး အဖွဲ့ဝင်များထဲမှ တစ်ဦး ဖြစ်သည်။
အထွတ်အမြတ် စာကြည့်တိုက် အတွင်း စာကြည့်တိုက်မှူးများ၏ အဆင့်အတန်းမှာ ရိုးရှင်းသည့် ကိစ္စများကို ကိုင်တွယ်ရသည့် ကိစ္စများမှ စတင်သည်။
အဇူရာ စာကြည့်တိုက်မှူးများမှာ အခမဲ့ စာဖတ်ခန်းနှင့် ချိပ်ပိတ် မျှော်စင်တို့ကို ကိုယ်တွယ်ရသည်။ သူတို့ အတွက် ကျင့်ကြံခြင်း အခြေခံက ကန့်သတ်ချက်က လျှို့ဝှက် အာဏာရှင် တတိယ အဆင့် (သေမျိုးတစ်ပိုင်း အရှင် အဆင့်) ဖြစ်သည်။
သွေးနီရောင် လစာကြည့်တိုက်မှူးများကတော့ ခရီးသွား မျှော်စင်ကို ကိုင်တွယ်ရသည်။ ရှကျား၏ သက်တံ့လောက ကြယ်တာရာ နယ်မြေကို တိုက်ခိုက်ခဲ့သည့် ရှီဖိန်မှာ ထိုကဲ့သို့ ရာထူးကို ပိုင်ဆိုင်ထားပေသည်။ သွေးနီရောင် စာကြည့်တိုက်မှူးများ အတွက် ကျင့်ကြံခြင်း အခြေခံ လိုအပ်ချက်မှာ မြေကြီး ရှန့်ထို အဆင့် ဖြစ်သည်။
ငွေရောင် လစာကြည့်တိုက်မှူးများ အတွက် လိုအပ်ချက်ကိုမူ အတည်မပြု နိုင်သော်လည်း လောကရှန့်ထို အဆင့် ဆိုသည့် ကောလဟလများ မကြာခဏ ဆိုသလို ပျံ့နှံ့ နေလေ့ ရှိသည်။
ဟူမေဖန်ထံမှ ထွက်ပေါ်နေသည့် အော်ရာ အရ ဆိုလျှင် ထိုကောလဟလက အမှန်တကယ် ဖြစ်နေသည့်ပုံ ရသည်။
"ဒါက ဘာလို့ နေရာကောင်း ဖြစ်ရမှာလဲ..."
ယောက်ျားသံ တစ်ခုက မကျေမနပ်ဖြင့် ထွက်ပေါ်လာခဲ့၏။ သူက ပျမ်းမျှ အရပ်အမောင်းနှင့် သာမန် ခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားသော်လည်း သံချပ်ကာ ဝတ်ရုံကို အပြည့်အစုံ တတ်ဆင်ထားသည်။ သူက အခြားလူ မဟုတ်...။ အုပ်ထိန်းသူ မြို့တော် သခင် စုနန်ကျူးပင် ဖြစ်လေသည်။
စုနန်ကျူးက ဆက်ပြောလိုက်၏။
"ငါတို့ ဟင်းလင်းပြင် ခရီးသွား ဂိုဏ်းရဲ့ လျှို့ဝှက် နယ်မြေကို သုံးသင့်တယ်"
"ဒီနေရာက ငါတို့ရဲ့ အနာဂတ် အတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်..."
အရပ်ရှည်ရှည် ဗလတောင့်တောင့်နှင့် ခါးအနည်းငယ် ကုန်းနေသည့် လူအိုကြီး တစ်ယောက်က တောင်ဝှေးကို တဒေါက်ဒေါက် ထောက်ရင်း ဝင်ပြောလိုက်သည်။ သူ၏ လက်ခုံများနှင့် မျက်နှာတို့မှာ အရေတွန့်များနှင့် ပြည့်နှက် နေသော်လည်း မျက်လုံးများကတော့ တက်ကြွသည့် အသက်ဓာတ်၊ ခွန်အားတို့နှင့် တလက်လက် တောက်ပနေခဲ့သည်။ သူက ဆံပင်များကိုတော့ ခေါင်းပေါ်တွင် စုထုံးထား၏။ လူအိုကြီး၏ ပုံစံက သပ်ရပ်သလို အနည်းငယ်လည်း ရှုပ်ပွပွ ဖြစ်နေသည်။
ကြွက်သား ပုံသဏ္ဍာန်ရှိသော၊ အရပ်ရှည်သော သက်ကြီးရွယ်အို အမျိုးသားတစ်ဦးက သူ၏ အဖြူရောင် ဝတ်ရုံကို ထောက်ထားသည့် ရှည်လျားသော သစ်သား ကြိမ်လုံးဖြင့် အနည်းငယ် ခါးကုန်းကာ ပြောလိုက်သည်။ သူ၏ အိုမင်း၊ ညှိုးနွမ်းနေသော မျက်နှာနှင့် လက်များ ရှိသော်လည်း သူ၏ မျက်လုံးများသည် မသက်မသာ ဖြစ်စေသော တက်ကြွသော အသက်နှင့် ခွန်အား ပမာဏဖြင့် ပြည့်နှက်နေပြီး သူ၏ ညှိုးနွမ်း၊ တွန့်လိမ်နေသော၊ ကျောက်မီးခိုးရောင် ဆံပင်များကို ထုံးထားပြီး ဘေးဘက်တွင် လျော့ရဲသော ဆံပင်အမျှင်များ ရှိနေခြင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူသည် ထူးဆန်းစွာ သပ်ရပ်သော်လည်း အလားတူ ရှုပ်ပွနေပုံရသည်။
စုနန်းကျူးက သူ့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ ထိုလူအိုကြီးမှာ အချိန်လေပွေ၏ ယခင် အုပ်ထိန်းသူပင် ဖြစ်ကာ ကလေးပေါင်းများစွာ မွေးဖွားခဲ့သူ အဖြစ် ကျော်ကြားသည်။ အဆုံးမဲ့ ခရီးသွား နယ်မြေ လူဦးရေ၏ ခုနစ်ရာခိုင်နှုန်းမှ ရှစ်ရာခိုင်နှုန်းခန့်မှာ ဤလူအိုကြီးမှ ဆင်းသက်လာသည် ဟူသော အတည်ပြုမပြုနိုင်သည့် ကောလဟလများလည်း ရှိသည်။
သို့သော်လည်း ၎င်းတို့မှာ အချက်အလက် မဟုတ်ပဲ အခြေအမြစ် မရှိသည့် ကောလဟလသာ ဖြစ်သည်။
သူ၏ နာမည်က ကျားယန် ဖြစ်၏။
***