← Chapters

အခန်း (၄၀၁)

Vol. 30 Ch. 401

အခန်း (၄၀၁)

Vol. 30 Ch. 401

ထိုအချိန်၌ ချန်ကျဲ့သည် လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ပြောသည်။

“လောင်ကျိုး စားစရာတစ်ခုခုရှိလား။ ငါ့ကို တစ်ခုခုယူပေးပါဦး၊ ငါဒီနေ့ည အစားသေချာ မစားရသေးဘူး”

ထိုစကားတွင် ကျိုးချူသည် တွေဝေသွား၏။ ထို့နောက် ပြောသည်။

“ခေါက်ဆွဲပဲရှိတယ်”

“ဒါဆိုလည်း ငါ့ကို ခေါက်ဆွဲတစ်ပွဲယူလာပေးပါ”

ချန်ကျဲ့သည် အမှန်တကယ်ပင် ညစာကို ဝဝလင်လင် မစားရသေးပါချေ။ သူသည် ယဲ့လုဖုန်း၏အိမ်တော်တွင် ဗိုက်အပြည့် သေရည်သောက်ခဲ့ရပြီး ဆာရှီမီကိုမူ တစ်ဖတ်သာ စားနိုင်ခဲ့သည်။

သို့ဖြစ်ရာ ဗိုက်ဟောင်းလောင်းဖြင့် အရက်သောက်ခဲ့ခြင်းနှင့် မခြားသောကြောင့် အစာအိမ်သည် ဆိုးဆိုးရွားရွား ပူလောင်နေခဲ့သည်။

ထိုအခါ ကျိုးချူမှ ပြောသည်။

“ဟားဟား အခုမင်းပြောတော့မှ ငါလည်း ဗိုက်ဆာလာပြီ။ ခဏစောင့်”

ထို့နောက် ကျိုးချူသည် နေရာမှ ထွက်သွားခဲ့ပြီး ခဏအကြာတွင် ခေါက်ဆွဲနှစ်ပွဲယူ၍ ပြန်လာခဲ့သည်။ ကျိုးချူသည် ချန်ကျဲ့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ရင်း ချန်ကျဲ့ရှေ့တွင် လက်လုပ်ခေါက်ဆွဲပွဲကြီးတစ်ပွဲကို ချပေးသည်။

အပေါ်တွင် အသားဖတ်များတင်ထားပေးသော လက်လုပ်ခေါက်ဆွဲသည် သားရည်ကျလောက်သော ရနံ့ကို ထုတ်လွှတ်နေသည့်အပြင် ကြက်ဥလည်း ပါဝင်သေးသည်။

ကျိုးချူ၏ ခေါက်ဆွဲသည်လည်း အတူတူပင်ဖြစ်သည်။ သူတို့နှစ်ဦးသည် ဟွားသျဲ့၏ရှေ့တွင် ခေါက်ဆွဲကို အသံများမြည်သံအထိ အားရပါးရ စားနေခဲ့သည်။

“ငါ့ကို ကြက်သွန်ဖြူတစ်ဖတ်လောက် ပေးပါဦး”

ချန်ကျဲ့သည် ကျိုးချူလက်ထဲမှ ကြက်သွန်ဖြူပန်းကန်ကို ယူလိုက်ပြီး ခေါက်ဆွဲပန်းကန်ထဲ လောင်းထည့်သည်။ ထို့နောက် အသား၊ ခေါက်ဆွဲ၊ ကြက်သွန်ဖြူတို့ ရောယှက်လျက် တစ်လုတ်ချင်းစီတိုင်းကို သေချာ အရသာခံနေခဲ့သည်။

ရှူး ရှူး…

ဟွားသျဲ့သည် သူတို့နှစ်ဦး စားသောက်နေသည်ကိုကြည့်ရင်း ဗိုက်မှ အသံများ မြည်လာခဲ့သည်။ ဟွားသျဲ့သည် မနက်စာပင် မစားခဲ့ရဘဲ ဝူဟုန်၏ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရေတစ်ငုံပင် သောက်ခွင့်မရဘဲ ရှည်လျားကြမ်းတမ်းသည့် ခရီးကို ဖြတ်သန်းခဲ့ရပြီးနောက်တွင် ဟွားသျဲ့သည် ခေါက်ဆွဲစားနေသည့် အမျိုးသားနှစ်ဦး၏မြင်ကွင်းကြောင့် အလွန်ဆာလောင်လာခဲ့သည်။ ဤသည်မှာ အမှန်တကယ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ဖြစ်ပါ၏။

ဟွားသျဲ့သည် အရမ်းလည်း ကြောက်လန့်နေခဲ့သည်။ သို့တိုင် တစ်ခွန်းတလေသော်မျှ မေးမြန်းခြင်းမပြုပေ။

ဒီလိုနှိပ်စက်မှုမျိုးကို ဘယ်သူက သည်းခံနိုင်မှာလဲ။

“ဟေး!”

ဟွားသျဲ့မှ ခေါ်လိုက်သည်။ သို့သော် ချန်ကျဲ့နှင့် ကျိုးချူတို့သည် သူမကို လျစ်လျူရှုလျက် ဆက်စားနေကြသည်။ ချန်ကျဲ့မှ ပြောသည်။

“ငါတို့ ဘာလိုနေတာလဲ”

ကျိုးချူ ခေါက်ဆွဲကို ပလုတ်ပလောင်း မျိုချလိုက်သည်။

“ရှာလကာရည်နည်းနည်းထည့်ရင် ကောင်းမယ်ထင်တယ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း ရှာလကာရည်ထည့်လိုက်ရင် ပိုကောင်းလောက်မယ်”

“ရှာလကာရည်ယူခဲ့ပေးပါဦး”

ကျိုးချူသည် အပြင်ဘက်ရှိလူကို အော်ပြောလိုက်ပြီးနောက် စွပ်ပြုတ်ရည်တစ်ငုံ သောက်လိုက်သည်။ သူတို့နှစ်ဦးသည် တခြားဘာကိစ္စမျှ မရှိနေသည့်အလား ဆက်လက်စားသောက်နေခဲ့သည်။

ဟွားသျဲ့သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးဖြင့် ပြောသည်။

“ရှင်တို့နှစ်ယောက် ကျွန်မကို ဖမ်းထားပြီး ဘာလုပ်နေကြတာလဲ”

ချန်ကျဲ့သည် ခေါက်ဆွဲဝါးနေရင်း ဟွားသျဲ့ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“မင်းက ဘာလို့အဖမ်းခံရလဲဆိုတာ မသိလို့လား”

“ကျွန်မက ဘာကိုသိရမှာလဲ။ ကျွန်မ ဘာမှမသိဘူး!”

ဟွားသျဲ့သည် ဆက်လက်ငြင်းဆန်နေမြဲပင်။ သို့သော် ချန်ကျဲ့သည် သူမကို လျစ်လျူရှုကာ ခေါက်ဆွဲအရည်ကို ဆက်သောက်သည်။ ထို့နောက် ပြောသည်။

“အို ဒါဆိုလည်း ကိစ္စမရှိပါဘူး။ အဲဒီအတိုင်း ထိုင်နေလိုက်ပါ”

ထိုစဉ် လူတစ်ယောက်သည် ရှာလကာရည်ယူလာပေးသည်။ ချန်ကျဲ့သည် ခေါက်ဆွဲထဲသို့ ရှာလကာရည်အနည်းငယ် လောင်းထည့်လိုက်ပြီးနောက် ကျိုးချူကို ကမ်းပေးလိုက်သည်။ ကျိုးချူလည်း ထည့်သည်။

သူတို့သည် ခေါက်ဆွဲဆက်စား၏။ ထိုအခါ ဟွားသျဲ့မှ ပြောသည်။

“ကျွန်မကို လွှတ်ပေး။ ကျွန်မ တကယ် ဘာမှမသိပါဘူး!”

ချန်ကျဲ့နှင့် ကျိုးချူသည် သူမကို လျစ်လျူရှုထားဆဲပင်။

“ဟေး ရှင်တို့ ကျွန်မပြောတာကို နားထောင်နေလား။ ကျွန်မကို ဘာလို့ ဒီလိုလုပ်နေရတာလဲ။ ကျွန်မက ခန်းမအရှင်သခင်ဖန်းရဲ့ မိန်းကလေးနော်!”

ခွမ်း!

ဟွားသျဲ့၏ ထိုစကားအဆုံးတွင် ကျိုးချူသည် ဒေါသတကြီးဖြင့် ခေါက်ဆွဲပန်းကန်ကို ရိုက်ခွဲလိုက်သည်။

“မင်း အောက်တန်းစားပြည့်တန်ဆာမ၊ မင်းက ခန်းမအရှင်သခင်ဖန်းရဲ့မိန်းကလေးဆိုတာကိုတော့ မှတ်မိသေးတယ်ပေါ့လေ? မင်း သူ့ကို အဆိပ်ခတ်တုန်းကတော့ မင်းက သူ့ရဲ့မိန်းကလေးဆိုတာ မေ့လျော့နေခဲ့သလား? မင်း…”

“တော်ပါ တော်ပါ၊ ခေါက်ဆွဲတွေ အလဟသဖြစ်ကုန်တာ နှမြောစရာကြီး”

ချန်ကျဲ့ ဖြည်းဖြည်းချင်း ခေါက်ဆွဲဆက်စားသည်။

ကျိုးချူသည် ဟွားသျဲ့ကို စိုက်ကြည့်နေခဲ့သည်။ ဟွားသျဲ့သည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေလျက် စကားထပ်မပြောရဲတော့ပေ။

ချန်ကျဲ့သည် နောက်ဆုံးခေါက်ဆွဲတစ်မျှင်အထိ စားလိုက်ပြီးနောက် လက်ဖက်ရည်တစ်ငုံဖြင့် ခံတွင်းရှင်းလိုက်သည်။

ထွီ..

ထို့နောက် စားပွဲပေါ်မှ လက်သုတ်ပုဝါကို ယူ၍ ပါးစပ်သုတ်လိုက်ပြီးနောက် ပြောသည်။

“မိန်းကလေးဟွားသျဲ့၊ နွေဦးလေပြေပြဇာတ်ရုံမှာ ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော်တို့နှစ်ယောက်စလုံး သိပါတယ်။ ကျွန်တော်က မွေးစားအဖေကို ဆုံးရှုံးလိုက်ရတဲ့အပြင် လူသတ်သမားလို့ပါ စွပ်စွဲခံလိုက်ရသေးတယ်။ အဲဒီကိစ္စရဲ့နောက်ကွယ်မှာ သေချာပေါက် ကြိုးကိုင်သူရှိမှာပဲ။ ပြီးတော့ အဲဒီသူကို မင်းသိတယ်၊ ငါလည်း သိထားတယ်။ ကျွန်တော်တို့ကြားထဲမှာ ပြောစရာစကား များများစားစား မရှိဘူး။ မင်းက ကျွန်တော့်ရဲ့ မွေးစားအဖေကို သေစေခဲ့တဲ့သူဖြစ်ပြီး ကျွန်တော်က လက်စားချေတဲ့အနေနဲ့ မင်းကို သတ်လိုက်ဖို့ပဲ လိုအပ်တာ”

ထိုစကားတွင် ဟွားသျဲ့၏မျက်နှာသည် အလွန်ဖြူဖျော့သွားခဲ့သည်။

“ဒါပေမဲ့ အခု ကိစ္စတွေက မတူတော့ဘူး။ ဘာလို့ဆို အခု အမှန်တရားကို သိချင်နေတဲ့သူက ကျွန်တော်မဟုတ်တော့လို့ပဲ။ အဲဒါကြောင့် မင်း သူတို့ကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ”

“ဝင်လာခဲ့ပါ လူကြီးမင်းတို့!”

ချန်ကျဲ့မှ လည်ချောင်းရှင်း၍ ပြောလိုက်သည်။ ထိုအခါ အပြင်ဘက်ရှိ တံခါးဘေးတွင် စောင့်ကြပ်နေသည့် မုလန်စစ်သည်အဝတ်အစားဖြင့် လူနှစ်ယောက်သည် ထင်းတဲထဲသို့ ဝင်လာသည်။

ထိုမြင်ကွင်းတွင် ဟွားသျဲ့၏နှလုံးအိမ် တုန်လှုပ်သွား၏။

ဘာလို့ မုလန်စစ်သည်တွေ ရောက်နေရတာလဲ။

ချန်ကျဲ့မှ ပြောသည်။

“မင်းရဲ့နောက်ကွယ်က လူက နန်ပါးထျန်းဆိုတာ ငါသိတယ်။ အဲဒါကြောင့်မို့ မင်းလည်း မင်းကိုယ်မင်း လုံခြုံတယ်လို့ ထင်နေလိမ့်မှာပဲ။ နန်ပါးထျန်းက မင်းကို ကာကွယ်ပေးလိမ့်မယ်လို့လေ”

“ဒါပေမဲ့ ဒီနေ့ကိစ္စက စီရင်စုအုပ်ချုပ်ရေးမှူးက သိချင်လို့ ဖြစ်လာရတာပဲ။ စီရင်စုအုပ်ချုပ်ရေးမှူးက ဘယ်သူလဲဆိုတာကိုတော့ ကျွန်တော် မင်းကို မိတ်ဆက်ပေးဖို့ မလိုပါဘူးနော်?’’

“ရှင်းလင်းအောင်ပြောရရင် နန်ပါးထျန်းက စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ ခွေးတစ်ကောင်သက်သက်ပဲ။ အခု ခွေးရဲ့သခင်က အမှန်တရားကို သိချင်နေတယ်။ အဲဒါကြောင့် ပြောပြလိုက်ပါ”

ချန်ကျဲ့သည် ဟွားသျဲ့ထံမှ အကြည့်မလွှဲပေ။

ဟွားသျဲ့၏မျက်နှာမှာ ကြောက်ရွံ့တုန်လှုပ်မှုများ ပြည့်နှက်သွားခဲ့ကာ သူမ၏ရှေ့ရှိ မုလန်စစ်သည်နှစ်ဦးကို ကြည့်နေခဲ့သည်။

ချန်ကျဲ့မှ ပြောသည်။

“အဲဒီတော့ မင်းအခု စပြောနိုင်ပါပြီ”

ဟွားသျဲ့သည် နှုတ်ခမ်းကို ဖိကိုက်ထားလျက် မျက်နှာသည်တော့ သွေးမရှိသည့်အလား ဖြူဆုတ်နေသည်။ သို့တိုင် သူမသည် ထုတ်ပြောရန် ငြင်းဆန်နေဆဲပင်။ ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“မပြောချင်ဘူးပေါ့၊ ဒါဆိုရင်တော့ စိတ်မကောင်းပါဘူး”

ချန်ကျဲ့ မတ်တပ်ထရပ်လိုက်ပြီး မုလန်စစ်သည်နှစ်ဦးကို ကြည့်လိုက်သည်.

“သူ့ကို ခင်ဗျားတို့လက်ထဲ ထည့်လိုက်ပြီ”

မုလန်စစ်သည်နှစ်ဦး၏ မျက်နှာထက်တွင် အပြုံးများ ချက်ချင်းဖြစ်တည်လာ၏။ ထိုအပြုံးကို အမျိုးသားတိုင်း နားလည်ပေလိမ့်မည်။

ဟားဟားဟားဟား…

ဟွားသျဲ့သည် တစ်ကိုယ်လုံး တုန်ယင်လာသည်။ ကျိုးချူ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ကျိုးချူသည် ၎င်းလုပ်ရပ်နှင့်ပတ်သက်ပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်မိပါသည်။ ချန်ကျဲ့လည်း ထို့အတူပင်။ သို့သော်ငြား ခြုံငုံလိုက်သော် ထိုစစ်သည်နှစ်ဦးသည် ချန်ကျဲ့အတွက် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်ပေသည်…

အောင်မြင်မှုကြီးကြီးမားမား ရယူမယ်ဆိုရင် သေးငယ်တဲ့အရာတွေအပေါ်မှာ စိတ်ပျော့ညံ့နေလို့ မဖြစ်ဘူး။

ချန်ကျဲ့ တံခါးသို့ လျှောက်သွားလိုက်ပြီးနောက် နောက်သို့ ခေါင်းလှည့်ကာ ပြောခဲ့သည်။

“ကောင်းကောင်းပျော်ပါးလိုက်ပါ”

မုလန်လူမျိုးများသည် သူတို့၏ချပ်ဝတ်တန်ဆာများကို စတင် ချွတ်နေခဲ့သည်။ ဟွားသျဲ့အတွက် အလွန်ပင်ပန်းဆင်းရဲရသည့် အချိန်ဖြစ်လိမ့်မည်မှာ သိသာထင်ရှားလှပါ၏။

ဟွားသျဲ့မှ စူးစူးဝါးဝါး အော်ဟစ်လာသည်။

“အား မလုပ်နဲ့… မလုပ်ပါနဲ့…”

“ချန် ချန်ကျိုစစ်ဦ ကျေးဇူးပြုပြီး သူတို့ကိုရပ်ခိုင်းပေးပါ။ ကျွန် ကျွန်မက ရှင့်မွေးစားအဖေရဲ့မိန်းကလေးနော်! ရှင့်ရဲ့ဒီလုပ်ရပ်ကို ခန်းမအရှင်သခင်ဖန်းကို ဘယ်လိုရှင်းပြမှာလဲ!”

ဟွားသျဲ့မှ အော်ဟစ်ပြောဆိုသည်။

ချန်ကျဲ့သည် ရုတ်တရက် ပြန်လှည့်လာပြီး ဒေါသတကြီး အော်ဟစ်၏။

“မင်းက ခန်းမအရှင်သခင်ဖန်းရဲ့မိန်းကလေးဆိုတာကိုတော့ သိသေးတယ်ပေါ့လေ? မင်း ဘယ်လိုလုပ်ရပ်ကို လုပ်ခဲ့လဲ။ မင်းက နန်ပါးထျန်း၊ ဖုန်းရွှမ်တို့နဲ့ ပူးပေါင်းပြီးတော့ သူ့ကို အဆိပ်ခတ်ပြီး သတ်ပစ်ခဲ့တယ်။ အဲဒါကို မင်းက သူ့နာမည်ကို ထုတ်ပြောရဲသေးတယ်ပေါ့လေ။ မင်းက လူမဟုတ်ဘူး၊ သားရဲတိစ္ဆာန်ကောင်ပဲ!”

“ဆက်လုပ်၊ သူ့ကို အကြမ်းတမ်းအရက်စက်ဆုံးနည်းလမ်းတွေ သုံးလိုက်။ အသက်ရှင်ဖို့အစား သေခွင့်ပြုဖို့ တောင်းဆိုတဲ့အထိ နှိပ်စက်ပစ်လိုက်!”

“အား… မလုပ်နဲ့ မလုပ်ပါနဲ့…”

All Chapters