သူက အတော်လေး တော်သားပဲ!
Vol. 30 Ch. 404
ခေါင်းဆောင်လျိုသည်လည်း မျက်လုံးမှေးကျဉ်းလိုက်ပြီး ဖချိုက်သည် အရည်အချင်းရှိသူတစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်သည်။ အထူးသဖြင့် ဓားသိုင်းပညာတွင် ဖြစ်သည်။
သူ့ကို ချန်ကျိုစစ်နဲ့ ယှဉ်ရင်တောင် လျှော့တွက်လို့မရဘူးပဲ။
ချောင်ဟုန်ယန်လည်း အာရုံစူးစိုက်လိုက်သည်။ သူမ ကိုယ်တိုင်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ဦးဖြစ်သည့်တိုင် သူမ စိတ်ထဲမှ တွေးလိုက်မိသည်။
“စိတ်ဝင်စားစရာပဲ။ သူ့ရဲ့ဓားအရှိန်အဝါက မျန့်ရွှေရဲ့ သံမဏိအရိုးအဆင့်သိုင်းပညာရှင်တွေထဲမှာ သေချာပေါက် ထိပ်တန်းသုံးဆင့်ထဲ ဝင်နိုင်တယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းလုနီးပါးတောင် ဖြစ်နေပြီပဲ။ ချန်ကျိုစစ်က သူ့ကို လက်ဗလာနဲ့ တိုက်ခိုက်နိုင်ပါ့မလား”
ထိုအခိုက်အတန့်တွင် နန်ပါးထျန်းသည်လည်း နှုတ်ခမ်းထောင့်တို့ အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။ ချန်ကျိုစစ်သည် အဆင်အခြင်မဲ့ ဝင်ရောက်လာခဲ့ပြီး ယခုတွင် သေလောက်အောင် တုံ့ပြန််တိုက်ခိုက်ခံနေရရာ နန်ပါးထျန်းအား စိတ်သက်သာစေသည်။
သို့သော် ထန်ဇီယွဲ့သည်တော့ မျက်မှောင်ကြုတ်ထားမြဲပင်။
‘ချန်ကျိုစစ်က အဲဲဒီလောက်အထိ တုံးအမိုက်မဲမှာ မဟုတ်ဘူး’ ထန်ဇီယွဲ့ တွေးလိုက်သည်။ တကယ်တမ်းသာ ချန်ကျဲ့သည် တုံးအမိုက်မဲပါလျှင် ကိုင်တွယ်ဖြေရှင်းရ လွယ်ကူလိမ့်မည်။ သို့သော် လက်ရှိအခြေအနေသည် ထိုမျှရိုးရှင်းသည်ဟု မခံစားရပါချေ။
ထန်ဇီယွဲ့ အတွေးထဲနစ်မြောနေစဉ် ဖချိုက်၏ဓားသွားသည် ချန်ကျဲ့သို့ အလွန်နီးကပ်စွာ ချဉ်းကပ်သွားခဲ့သည်။
ဖချိုက်၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
ငါ့သခင်ရဲ့ ပျော်ရွှင်ရမယ့် နေ့ကောင်းနေ့မြတ်မှာ မင်းက လာပြီး နှောင့်ယှက်ရဲတယ်ပေါ့လေ။ ချန််ကျိုစစ် မင်းသေသင့်တယ်!
ဝှစ်!
ဖချိုက်၏ မျက်လုံးအစုံတွင် ဓားရောင်ခြည်သည် ရောင်ပြန်ဟပ်သွား၏။ ထို့အတူ ချန်ကျဲ့ကိုလည်း ဖြတ်သန်းသွားခဲ့သည်။
ထိုအခိုက်အတန့်၌ ချန်ကျဲ့နှင့် ဖချိုက်တို့ မျက်လုံးချင်းဆုံသွားကြသည်။ ဖချိုက်၏ မျက်နှာအမူအရာမှာ ရှေးအစဉ်အလာသော စီရင်ချက်ကို ထမ်းပိုးထားရသူအလားပင်။ ချန်ကျဲ့သည် ဖုန်းရွှမ်တွင် ဤသို့သစ္စာစောင့်သိသူရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော်လည်း မတတ်သာပေ။ ဤလူသည် ဖုန်းရွှမ်ကို သစ္စာရှိလေရာ မြေအောက်ကမ္ဘာတွင် ဆက်ပြီး သစ္စာစောင့်သိစေလိုက်တော့မည်။
ဒီနေ့တွင် သူ၏လမ်းကို နတ်ဘုရားများမှ ပိတ်ပင်ပါက နတ်ဘုရားများကို သုတ်သင်ပစ်မည်။ ဗုဒ္ဓမှ နှောင့်ယှက်ပါကလည်း ဗုဒ္ဓကို ဖယ်ရှားရှင်းလင်းပစ်မည်။
သံမဏိလက်ဝါးသိုင်း!
ဘန်း!
ဘုန်း!
အားလုံးမှ ဖချိုက်၏ဓားကို အာရုံစိုက်နေကြစဉ် ချန်ကျဲ့၏လက်ဝါးရိုက်ချက်သည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့၏။ မည်သူမျှ ရှင်းလင်းစွာ မမြင်တွေ့လိုက်နိုင်မီ၌ပင် ဖချိုက်သည် လွင့်ထွက်သွားခဲ့သည်။
ကျယ်လောင်သည့်အသံကြီးနှင့်အတူ ဖချိုက်သည် အနီးရှိ စားပွဲပေါ်သို့ အရှိန််ပြင်းစွာ လွင့်ထွက်ပြုတ်ကျသွားခဲ့သည်။
အဟွတ်…
ဖချိုက်သည် ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်သွား၏။ သူ၏ရင်အုံသည် လုံးဝချိုင့်ဝင်သွားခဲ့ကာ ကိုယ်တွင်းအင်္ဂါများသည် လက်ဖဝါးတစ်ချက်တွင် ကြေမွပျက်စီးသွားခဲ့သည်။
သံမဏိအရိုးအဆင့်သိုင်းပညာရှင်တစ်ဦးသည် နေရာတွင် ပွဲချင်းပြီးအသတ်ခံလိုက်ရသည်။
ဒါ ဒါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ပဲ!!
ထိုမြင်ကွင်းတွင် အားလုံး မျက်လုံးပြူးသွားကြသည်– ထိုလက်ဝါးရိုက်ချက်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့် သေချာပါ၏။ မမှားယွင်းနိုင်ပေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်သာလျှင် ထိုသို့စွမ်းအင်မျိုးကို ထုတ်လွှတ်အသုံးပြုနိုင်ပေလိမ့်မည်။
ချန်ကျိုစစ် သူ သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီ!
ထိုအခိုက်အတန့်၌ ပွဲကြည့်ရှုသည်အားလုံးသည် မယုံကြည်နိုင်စွာဖြင့် အံ့ဩမင်သက်ကုန်ကြတော့သည်။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!
ရက်ပိုင်းလေးပဲရှိသေးတယ်၊ ချန်ကျိုစစ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီပေါ့လေ။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်က ဘယ်တုန်းကများ ဂေါ်ဖီထုပ်လို ပေါများသွားရတာလဲ။ ဒါ ဒါက လက်တွေ့မကျဘူးလေ။
ကျားဖြူခန်းမမှာ ဘယ်လိုဖုန်းရွှေအစီအရင်တွေများ ရှိနေတာလဲပဲ။
ကျားဖြူခန်းမမှာ မွေးစားသား၆ယောက်ရှိတာ၊ အရင်က တစ်ယောက်မှ စွမ်းအင်ပြောင်းလဲခြင်းအဆင့် မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ အခုကျ အချိန်တိုလေးအတွင်းမှာ ရုတ်တရက်ကြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့် နှစ်ယောက်တောင် ထွက်ပေါ်လာတယ်။
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ!
အားလုံး၏ ချန်ကျဲ့ကိုကြည့်သည့် အကြည့်များသည် အံ့အားသင့်မှုအဖြစ် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
အံ့အားအသင့်ဆုံးသူမှာ ဖုန်းရွှမ်ဖြစ်သည်။ ဖုန်းရွှမ်သည် ချန်ကျဲ့ကို မျက်လုံးပြူးဖြင့် ငေးစိုက်ကြည့်နေခဲ့ရင်း အံကို တင်းတင်းကြိတ်ထားခဲ့သည်။
ချန်ကျိုစစ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်သွားပြီ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!
ဘယ်လိုဖြစ်နိုင်မှာလဲ!!
ငါက စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ရောင်းခဲ့ရတယ်။ ငါ ဒါတွေအားလုံးကို ရဖို့အတွက် မွေးစားအဖေကို သစ္စာဖောက်ခဲ့ရတယ်။
မင်းကရော?
မင်း ဘယ်လိုလုပ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာလဲ။
မင်းရဲ့အသိစိတ်ကို ရောင်းခဲ့လား၊ ဂုဏ်သိက္ခာကို ရောင်းခဲ့လား.. မင်းဘာကိုမှ မဆုံးရှုံးခဲ့ရဘူး။ မင်းက ဘာကိုမှ မဆုံးရှုံးခဲ့ရဘဲ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို အလွယ်လေး တက်လှမ်းသွားခဲ့တယ်။
ဒါက ငါ့ကိုစော်ကားလိုက်တာပဲ!
ချန်ကျိုစစ် မင်းဘာလို့ ဒီတိုင်းသေမသွားလိုက်တာလဲ!
ချန်ကျိုစစ် မင်းက သေသင့်တဲ့လူပဲ!
ဖုန်းရွှမ်သည် ချန်ကျဲ့အပေါ် အမုန်းတရားများကြောင်း စိတ်လွတ်သွားတော့သည်။ သူ၏အတွေးများထဲတွင် ဤသို့ အကြံအစည်များဖြင့် သူကြိုးစားအားထုတ်ခဲ့သည့်တိုင်၊ အရာအားလုံး အဆင်ပြေချောမွေ့နေပြီဖြစ်သည့်တိုင်၊ ကျန်းချွမ်ကို သတ်ပစ်ခဲ့ပြီးသည့်တိုင်၊ ကျားဖြူခန်းမသည် နဂိုကတည်းက သူ့အပိုင်ဖြစ်သင့်သည့်တိုင် အဘယ်ကြောင့်များ အနှောင့်အယှက်တစ်ခု အမြဲရှိနေရသနည်းဟူသည့် အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
ပြီးတော့ ချန််ကျိုစစ် မင်းရောက်လာခဲ့ပြီးတော့ မွေးစားအဖေက မင်းကို အရမ်းချစ်မြတ်နိုးခဲ့တယ်။
မင်းသိလား၊ ကျားဖြူခန်းမကို စီမံခန့်ခွဲခွင့်အာဏာက ငါတစ်ချိန်လုံး ရရှိနိုင်ဖို့ အိပ်မက်မက်နေခဲ့ရတဲ့အရာပဲ။
ချန်ကျိုစစ် ဒါတွေအားလုံး မင်းကြောင့်ပဲ။ မင်းကြောင့်သာ မဟုတ်ခဲ့ရင် ငါ မွေးစားအဖေကို သတ်ဖို့လိုခဲ့မှာ မဟုတ်ဘူး။ ငါ့ကို ဖိအားပေးခဲ့တာ မင်းပဲ။ အကုန်လုံး မင်းကြောင့်ပဲ။ မင်းမရှိခဲ့ရင် ငါသည်းခံနိုင်ခဲ့မှာ။ မင်းမရှိခဲ့ရင် မွေးစားအဖေက သေဖို့မလိုအပ်ခဲ့ဘူး။
မင်းကြောင့် မွေးစားအဖေ သေခဲ့ရတာ။ မင်းက လူသတ်သမားပဲ! မင်းက လူသတ်သမားပဲ!
ဖုန်းရွှမ်၏မျက်လုံးများ သွေးနီရောင်ပြောင်းသွားခဲ့သည်။ ဖချိုက်၏ သေဆုံးမှုသည် သူ့ကို များများစားစား လှုပ်ခတ်သွားခြင်း မရှိပါချေ။ သို့သော် ချန််ကျဲ့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်နေခြင်းသည်တော့ သူ၏စိတ်ကို ပြိုလဲစေခဲ့သည်။
ဒါက ဘယ်လိုဖြစ််နိုင်မှာလဲ။ ငါ ငါ့ရဲ့ဂုဏ်သိက္ခာကို စွန့်ပစ်ခဲ့တယ်၊ ငါ့ရဲ့အသိစိတ်ကို ပစ်ပယ်ခဲ့တယ်၊ ခွေးတစ်ကောင်အဖြစ် ဆန္ဒရှိရှိ ခစားခဲ့တယ်၊ အဲဒီလိုတွေလုပ်ပြီးမှသာ ငါ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ။
ချန်ကျိုစစ် မင်းက ဘာလုပ်ခဲ့လို့လဲ။ မင်းဘာမှမလုပ်ခဲ့ဘူး။ အဲဒါကို မင်းက ဘာလို့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ရတာလဲ!
ငါဒါကို လက်မခံနိုင်ဘူး လက်မခံနိုင်ဘူး!
ဖုန်းရွှမ်သည် သူ၏သနားဖို့ကောင်းလှသော မနာလိုမုန်းတီးခြင်းကို ထိန်းချုပ်ရန်် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏မနာလိုမုန်းတီးခြင်းသည် ရှေးခတ်အခါက ကျိုးယွီ၏ ကျူးကယ်လျန့်အပေါ် မနာလိုမုန်းတီးခြင်းထက် ပို၍နက်ရှိုင်း၏။ ဖုန်းရွှမ်သည် မိမိကိုယ်ကိုယ် ရှုံးနိမ့်သွားသကဲ့သို့ ခံစားလိုက်ရကာ ကောင်းကင်တမျှကြီးမားသော မတရားသည့်ခံစားချက်သည့် သူ့ကို ပြင်းပြစွာ ဖြိုလှဲနေခဲ့သည်။
ဖုန်းရွှမ်သည် ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်အောင် မနည်းရုန်းကန်နေရ၏။
ငါ မရှုံးသေးဘူး။ ချန်ကျိုစစ်က စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းသွားပြီး ငါ့ကို အံ့ဩသွားစေခဲ့ပေမဲ့ အမှန်တရားက ငါ့လက်ထဲမှာ ရှိနေတုန်းပဲ။ ငါက ကျားဖြူခန်းမအရှင်သခင်ဖြစ်ပြီး ချန်ကျိုစစ်ကတော့ မွေးစားအဖေကို သတ်ခဲ့တဲ့ ဝရမ်းပြေးတစ်ယောက်ပဲ။ သူ့ကို လူတိုင်းက ရှုတ်ချကြလိမ့်မည်။
ထိုသို့အတွေးဖြင့် ဖုန်းရွှမ်သည် နန်ပါးထျန်းကို ကြည့်လိုက်သည်။
ဖုန်းရွှမ်သည် သူရရှိသည့် အရာအားလုံးကို နန်ပါးထျန်းထံ လက်လွှတ်ပေးအပ်ခဲ့ပြီးဖြစ်သည်။ ယခုတွင် နန်ပါးထျန်းမှ သူ့အတွက် ရှေ့ထွက်ပေးသင့်လေပြီ။
“ခေါင်းဆောင်၊ ဒီလူက ခန်းမအရှင်သခင်ဖန်းကို သတ်ခဲ့ပြီးတော့ ဒီနေ့မှာလည်း ငါးဖမ်းကုန်သည်အဖွဲ့သားတွေကို ထိခိုက်စေခဲ့ပြန်ပါတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်အနေနဲ့ ဒီကိစ္စကို လျစ်လျူမရှုလိုက်ပါနဲ့”
ဖုန်းရွှမ်မှ လက်သီးယှက်အရိုအသေပြု၍ ပြောခဲ့သည်။
“ကျေးဇူးပြုပြီး ခေါင်းဆောင်က ကျွန်တော်တို့ကျားဖြူခန်းမအတွက် တာဝန်ယူဖြေရှင်းပေးပါ!”
ထိုအခါ ချန်ကျဲ့၏ တိုက်ခိုက်ခြင်းမခံရသေးသည့် ကျန်အဖွဲ့သားများသည်လည်း အတူတကွ ဒူးထောက်၍ တောင်းဆိုကြသည်။
“ကျေးဇူးပြုပြီး ခေါင်းဆောင်က ကျွန်တော်တို့ကျားဖြူခန်းမအတွက် တာဝန်ယူဖြေရှင်းပေးပါ!”
“ကျေးဇူးပြုပြီး ခေါင်းဆောင်က ကျွန်တော်တို့ကျားဖြူခန်းမအတွက် တာဝန်ယူဖြေရှင်းပေးပါ!”
ဖုန်းရွှမ်၏ သစ္စာရှိနောက်လိုက်တစ်စုသည် မြေပြင်တွင် ဒူးထောက်လျက် နန်ပါးထျန်းမှ ကြားဝင်ပေးရန် တောင်းဆိုကြသည်။
နန်ပါးထျန်းမှ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“ချန်ကျိုစစ်!”
ချန်ကျဲ့ နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းသည် ဤအမှု၏ အဓိကစီစဉ်သူဖြစ်ကြောင်း သိထားသည့်တိုင် ချန်ကျဲ့သည် မကျေမချမ်းဖြစ်ဟန် စိုးစဉ်းမျှ ထုတ်ဖော်ပြသခြင်းမရှိပါဘဲ ချက်ချင်း အရိုအသေပြုလိုက်သည်။
“ခေါင်းဆောင်”