အခန်း (၄၀၅)
Vol. 30 Ch. 405
နန်ပါးထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ချန်ကျိုစစ်က ဘာလို့ ရုတ်တရက်ကြီး အရမ်းယဉ်ကျေးသွားရတာလဲ”
နန်ပါးထျန်းသည် ချန်ကျဲ့မှ မောက်မာထောင်လွှားစွာ ပြုမူလိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် မောက်မာထောင်လွှားနေသည့် ထိုကောင်စုတ်လိမ့်အား သူက လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ပစ်လိုက်မည်ဖြစ်သည်။
နန်ပါးထျန်းသည် ချန်ကျဲ့၏အင်အားကို စောင့်ကြည့်လေ့လာထားပြီး ဖြစ်သည်။ ချန်ကျိုစစ်သည် အမှန်တကယ်ပင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်ပါ၏။ သို့သော် သူနှင့် ယှဉ်ပြိုင်နိုင်ရန်တော့ အဝေးကြီးလိုအပ်သေးသည်။ ချန်ကျိုစစ်၏ သံမဏိလက်ဝါးသိုင်းသည် ဖန်းရှစ်ကျုံး၏ ဆယ်ပုံကိုးပုံခန့်ကို တတ်မြောက်ထားပြီးခြင်းဖြစ်သည့်တိုင် နန်ပါးထျန်းအတွက်မူ မျက်လုံးထဲထည့်လောက်စရာ မဟုတ်သေးပါချေ။
သို့သော် ချန်ကျိုစစ်သည် အလွန်လေးစားမှုရှိစွာ ပြုမူလာခဲ့ရာ သူလည်း အထိုက်အလျောက် ပြန်လည်တုံ့ပြန်ရန် လိုအပ်ပေသည်။
ကုန်သည်အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ရာ နန်ပါးထျန််းသည် ‘ငါမင်းကို သတ်ချင်တယ်’ဟု ဘွင်းဘွင်းရှင်းရှင်းကြီး ပြောလိုက်၍ မဖြစ်ပေ။ သို့ဆိုပါက မည်သို့ပုံစံဖြစ်သွားလိမ့်မည်နည်း။
ခေါင်းဆောင်တစ်ယောက်အနေဖြင့် အမှန်တရားဘက်တွင် မားမားမတ်မတ်ရပ်တည်ရပေမည်။
သို့ဖြင့် နန်ပါးထျန်း မျက်မှောင်ကြုတ်လျက် ပြောသည်။
“ချန်ကျိုစစ် မင်းက ကိုယ့်ရဲ့မွေးစားအဖေကို ပြန်သတ်ခဲ့ပြီးတော့ ဒီနေ့လည်း ကျားဖြူခန်းမကို ရောက်လာပြီး ပြဿနာရှာပြန်တယ်။ မင်းက ငါးဖမ်းကုန်သည်အဖွဲ့ကို ရွှံ့နဲ့လုပ်ထားတယ်လို့ ထင်နေရော့သလား”
“ခေါင်းဆောင် ကျွန်တော့်ကို မစွပ်စွဲပါနဲ့ဗျာ။ ကျွန်တော် မွေးစားအဖေကို မသတ်ခဲ့ပါဘူး။ ကျွန်တော် ဒီနေ့ ဒီနေရာကို ရောက်လာရတာကလည်း အဲဒီအကြောင်းအရင်းကြောင့်ပါပဲ။ ကျွန်တော်ကိုယ်တိုင်အတွက် တရားမျှတမှုကို ရှာဖွေပြီး လက်စားချေလို့ မွေးစားအဖေအတွက် အငြိုးအာဃာတကို ဖြေရှင်းပေးဖို့ပါ”
ချန်ကျဲ့သည် နှိမ့်ချခြင်းလည်း မမည်၊ ထောင်လွှားခြင်းလည်း မရှိသော အသံအနေအထားဖြင့် ပြောခဲ့သည်။
“ဟားဟား မင်းက မသတ်ဘူးလို့ ပြောတာနဲ့ပဲ မင်းမသတ်ခဲ့ဘူးလို့ မဆိုလိုဘူးလေ။ အဲဒီနေ့က မြင်လိုက်တဲ့သူတွေ အများကြီးရှိတာကို မင်းက ငြင်းဆန််ချင်နေတုန်းပဲလား”
ချန်ကျဲ့၏စကားအဆုံး၌ မနီးမဝေးတွင် ထိုင်နေသည့် ချင်းယင်မှ အထင်မြင်သေးစွာသော မျက်လုံးများဖြင့် ချန်ကျဲ့ကိုကြည့်လျက် ပြောလာခဲ့သည်။
ထိုအခါ နန်ပါးထျန်းမှလည်း ပြောသည်။
“အမှန်ပဲ။ ဒီအမှုက သေချာရှင်းလင်းနေပြီးသားပဲ။ မင်းက ဘယ်လိုလုပ် အခုအချိန်အထိ ငြင်းဆန်နေသေးတာတုန်း?”
ချန်ကျဲ့မှ ဆက်ပြောသည်။
“ဟားဟား ကျွန်တော်က မွေးစားအဖေကို သတ်ခဲ့တာပါဆိုပြီး တိုက်ရိုက်ဖော်ပြနေတဲ့သက်သေ ရှိပါလို့လား”
“သက်သေလိုချင်တာလား။ မင်း မသတ်ခဲ့ဘူးဆိုရင် မင်းဘာလို့ထွက်ပြေးလဲ”
ချင်းယင်မှ အထင်မြင်သေးစွာ ပြောသည်။ သူ၏ဆိုလိုရင်းမှာ ကိုယ့်ကိုယ်ကိုစိတ်မလုံလို့ ထွက်ပြေးတာပဲ၊ မင်းမသတ်ခဲ့ရင် ဘာလို့ထွက်ပြေးမလဲ’ဟူ၍ ဖြစ်သည်။
ဘယ်လိုတောင် အဆင့်မြင့်ကောင်းမွန်လိုက်တဲ့ စကားစုလေးလဲ။
သို့သော် ချန်ကျဲ့သည် အရိပ်အခြည်မသိသည့်လူတစ်ယောက် မဟုတ်ပေ။ ထိုစကားကိုကြားလိုက်သည်နှင့် နန်ပါးထျန်းသို့ လှည့်ကြည့်လိုက်ပြီး ပြောခဲ့သည်။
“ကျွန်တော် ထွက်ပြေးတာ မဟုတ်ပါဘူး။ ကျွန်တော်က သက်သေသွားရှာတာပါ”
“သက်သေတဲ့လား? ဟားဟား အဲဒီသက်သေက မင်းလုပ်ကြံဖန်တီးထားတာ ဟုတ်၊မဟုတ် ဘယ်သူသိနိုင်မှာလဲ။ ငါတို့ကို လှည့်စားဖို့ကြိုးစားနေတာလား”
ချင်းယင်မှ ပျက်ရယ်ပြုလျက် မှတ်ချက်ပြုသည်။
ထိုစကားကို ချန်ကျဲ့သည် တည်ငြိမ်အေးဆေးစွာ တုံ့ပြန်သည်။
“ဒါဆို ကျွန်တော့်ကို မျက််မြင်သက်သေခေါ်လာခွင့်ပြုပါ။ ပြီးရင် လူကြီးမင်းတို့အားလုံး ဆုံးဖြတ်ကြပါ”
“ဘာဆုံးဖြတ်စရာရှိလို့လဲ ဖခင်ကိုပြန်သတ်တဲ့ မျိုးမစစ်ကောင်! ငါတို့မှာ မင်းနဲ့ ငြင်းခုန်နေဖို့ အချိန်မရှိဘူး။ ခေါင်းဆောင် အမြန်အမိန့်ပေးလိုက်ပါ၊ ဒီသူခိုးကောင်ကို အတူတူဖမ်းဆီးကြရအောင်လို့။ ကျွန်တော်တို့ ကြီးမြတ်တဲ့ငါးဖမ်းကုန်သည်အဖွဲ့က ဒီလိုကောင်ရဲ့ခြိမ်းခြောက်တာကို မခံနေသင့်ပါဘူး”
ချင်းယင်မှ အော်ဟစ်ပြောဆိုသည်။
ထိုအခါ နန််ပါးထျန်းမှ ပြောသည်။
“ချန်ကျိုစစ်၊ မင်း ဒီနေ့ လေပြင်းမုန်တိုင်းတစ်ခု ဖန်တီးလာခဲ့ရင်တောင်မှ ငါတို့ မင်းရဲ့စကားတွေကို ယုံကြည်မှာမဟုတ်ဘူး။ မင်းက ဖခင်ကိုပြန််သတ်တဲ့ လူရမ်းကားကောင်ပဲ။ သူ့ကိုဖမ်းကြစမ်း!”
နန်််ပါးထျန်း၏ စကားအဆုံး၌ ဖုန်းရွှမ်နှင့် ချင်းယင်တို့သည် ချန်ကျဲ့ကို နှစ်ဦးပေါင်းတိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
နှစ်ယောက်တစ်ယောက်တိုက်ခိုက်မှာ ငါတို့လုံးဝ မရှုံးနိုင်ပါဘူး။
ထို့နောက် ရုတ်တရက်ပင် ချီမုကောမှ ထရပ်လိုက်ပြီး ပြောသည်။
“နေဦး”
“ဟမ်?”
ထိုအခါ အားလုံးသည် ချီမုကောကို ကြည့်လိုက်ကြသည်။
ချီမုကောသည် မုလန်လူမျိုးတပ်မှူးတစ်ယောက်ဖြစ်ပြီး စီရင်စုအုပ်ချုပ်ရေးမှူးကို ကိုယ်စားပြုသူဖြစ်သည်။ သို့ဖြစ်ရာ သူ့အား မည်သူကမျှ မထီလေးစား မပြုမူဝံ့ကြပေ။
ချီမုကော၏စကားတွင် အားလုံးသည် ချီမုကောကို ကြည့်နေခဲ့ကြသည်။ ချီမုကောမှ ဆက်ပြောသည်။
“ကျုပ်တို့မျန့်ရွှေစီရင်စုက အရေးကိစ္စတွေကို ဖြေရှင်းရာမှာ တရားမျှတမှုနဲ့ အမှန်တရားကို အာရုံစိုက်ကြတယ်။ မျန့်ရွှေမှာ ဘယ်သူကမှ မှားယွင်းစွပ်စွဲမခံရသင့်ဘူး။ ချန်ကျိုစစ်က သူ့မှာ သူက လူသတ်သမားမဟုတ်ကြောင်း သက်သေရှိပါတယ်လို့ ပြောနေတာကို ကျုပ်တို့က ဘာလို့ သူပြောတာကို နားမထောင်ကြည့်ရမှာလဲ”
“ရွှေအစစ်က မီးကို မကြောက်ရွံ့ဘူး။ ကျုပ်ကတော့ ချန်ကျိုစစ်ပြောတာကို နားထောင်ကြည့်ချင်တယ်။ ခေါင်းဆောင်လျိုရော ဘယ်လိုသဘောရလဲဗျ”
ခေါင်းဆောင်လျိုသည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်ရာ ချီမုကော၏ စကားအသွားအလာ၊ အသံအနေအထားတို့ကို အကဲခတ်ကြည့်နေခဲ့သည်။ ထို့နောက် ချီမုကောကို ကြည့်လိုက်ပြီး ရုတ်ချည်း ရယ်မောလျက် ပြောဆိုသည်။
“ဟားဟား တပ်မှူးချီမုကောပြောတာက အသင့်လျော်ဆုံးပါပဲ။ ချန်ကျိုစစ်က ညီနောင်ဖန်းကို သတ်ခဲ့သည်၊ မသတ်ခဲ့သည်က အခုထိ မသေချာသေးပါဘူး။ သေချာမဆုံးဖြတ်ရသေးတဲ့ ကိစ္စတစ်ခုမှာ ကိုယ့်ကိုယ်ကိုယ်ခုခံငြင်းဆန််ခွင့်ပေးသင့်ပါတယ်။ အဲဒါကြောင့် ကျုပ်လည်း ချန်ကျိုစစ်ပြောတာကို နားထောင်ကြည့်သင့်တယ်လို့ ထင်ပါတယ်။ မိန်းကလေးဟုန်ယန်ရော ဘယ်လိုသဘောရလဲမသိဘူး?”
ချောင်ဟုန်ယန်မှ ပြန်ပြောသည်။
“ကျွန်မက အမျိုးသမီးတစ်ယောက်ပါပဲ။ ကျွန်မအနေနဲ့ ဒီလိုသိုင်းလောကရဲ့ အရေးကိစ္စတွေမှာ ဝင်မပါလိုပါဘူး။ ဒါပေမဲ့ သူက သူ့မှာ သက်သေရှိတယ်လို့ ပြောနေမှတော့ ငါးဖမ်းကုန်သည်အဖွဲ့အနေနဲ့ သူ့ရဲ့သက်သေကို ကြည့်ကြည့်သင့်ပါတယ်။ မဟုတ်ရင် ငါးဖမ်းကုန်သည်အဖွဲ့က တစ်ခုခုကိုကြောက်ရွံ့နေတယ်လို့ လူတွေကို အထင်ရောက်စေနိုင်ပါတယ်”
သူမ၏ ထိုမှတ်ချက်တစ်ခွန်းသည် လုံလောက်ပါ၏။ ချောင်ဟုန်ယန်သည် ပရိယာယ်ကြွယ်ဝလှပေသည်။
ထိုအခါ ချီမုကောသည် နန်ပါးထျန်းကို ကြည့်လိုက်ပြီး ပြောသည်။
“ခေါင်းဆောင်နန် ခင်ဗျားရော ကျုပ်ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ထင်ပါသလား”
နန်ပါးထျန်း မင်သက်သွား၏။
ချီမုကောက ဒီအချိန်ကြီးမှာ ကြားဝင်နှောင့်ယှက်တာ သူဘာလုပ််ချင်နေတာလဲ။
ထိုအချိန်တွင် နန်ပါးထျန့်၏ ဗျူဟာမှုးထန်ဇီယွဲ့သည် ရည်ရွယ်ချက်ကို ဝေဝါးဝါး ခံစားမိနေခဲ့လေပြီ။ သူ၏စိတ်ထဲမှ အဖြေသည်လည်း ပို၍ ရှင်းလင်းလာခဲ့သည်။
ချန်ကျဲ့က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်နဲ့ ပူးပေါင်းထားတာပဲ ဖြစ်ရမယ်။
သူ့နောက်မှာ စီရင်စုအုပ်ချုပ်ရေးမှူးရှိနေတယ်ဆိုရင်တော့ အခြေအနေမကောင်းတော့ဘူး။
အဲဒီလိုဆို စီရင်စုအုပ်ချုပ်ရေးမှူးက ခေါင်းဆောင်နန်အပေါ် စိတ်မကျေနပ်ဖြစ်နေတယ်လို့ ဆိုလိုနေတာပဲ။
ဒါက အရမ်းအန္တရာယ်များတဲ့ အချက်ပြမှုကြီးပဲ မဟုတ်လား။
ထိုသို့အတွေးဖြင့် ထန်ဇီယွဲ့သည် ချက်ချင်း ရှေ့ထွက်ကာ ရယ်မောလျက် ပြောသည်။
“ဟားဟား တပ်မှူးချီမုကောပြောတာ အရမ်းကိုမှ မှန်ကန်သင့်လျော်ပါတယ်။ ချန်ကျိုစစ်မှာ သက်သေရှိတယ်ဆိုမှတော့ ခေါင်းဆောင်အနေနဲ့ တစ်ချက်ကြည့်ပေးသင့်တာပေါ့ဗျာ။ ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့က အမြဲတမ်း တရားမျှတပါတယ်”
နန်ပါးထျန်းသည် အံ့အားသင့်လျက် ထန်ဇီယွဲ့ကို နားမလည်နိုင်စွာ ကြည့်နေခဲ့သည်။
သို့သော် ထန်ဇီယွဲ့သည် နန်ပါးထျန်းအား ‘ခေါင်းမမာပါနဲ့၊ ဒီအခြေအနေက မူမမှန်ဘူး’ဟု အဓိပ္ပာယ်ဖော်ဆောင်သည့် အကြည့်တို့ဖြင့် ပြန်ကြည့်နေခဲ့သည်။
အချိန်ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက်တွင် နန်ပါးထျန်းမှ ပြောသည်။
“ကောင်းပြီ၊ မင်းရဲ့သက်သေကို ယူလာခဲ့ပါ”
ထိုအခါ ချန်ကျဲ့ပြုံးလိုက်ပြီး ပြောသည်။
“ကောင်းပါပြီ၊ သက်သေကို ခေါ်လာခဲ့ပါ”
ချန်ကျဲ့၏စကားအဆုံး၌ ချန်ကျဲ့၏နောက်လိုက်များသည် လူကို ခန်းမအတွင်းသို့ ခေါ်လာခဲ့ကြသည်။ ချန်ကျဲ့မှ ပြောသည်။
“နွေဦးလေပြေပြဇာတ်ရုံကို အားလုံးရင်းနှီးကြလောက်မှာပါ။ ဒါပေမဲ့ နွေဦးလေပြေပြဇာတ်ရုံမှာ လျှို့ဝှက်လမ်းကြောင်းရှိတဲ့အကြောင်းကို လူကြီးမင်းတို့ သိကြပါရဲ့လား”
“လျှို့ဝှက်လမ်းကြောင်း?”
အားလုံးသည် အံ့ဩသွားကြကာ ချန်ကျဲ့ကို ကြည့်နေကြသည်။ ချန်ကျဲ့မှ ဆက်ပြောသည်။
“ဟုတ်ပါတယ်၊ လျှို့ဝှက်လမ်းကြောင်းပါ။ အဲဒီလမ်းကြောင်းက နွေဦးလေပြေပြဇာတ်ရုံရဲ့ အတွင်းနဲ့အပြင်ကို တိုက်ရိုက်ဖောက်လုပ်ထားတာပါ။ ကျွန်တော့်ရဲ့ မွေးစားအဖေ ဖန်းရှစ်ကျုံးကွယ်လွန်ခဲ့ရတဲ့နေ့က အဲဒီအခန်းထဲက အိပ်ရာအောက်မှာ လျှို့ဝှက်လမ်းကြောင်းရဲ့ ဝင်ပေါက်ရှိနေပါတယ်”
“လူကြီးမင်းတို့ သွားစစ်ဆေးကြည့်နိုင်ပါတယ်”
“ဒီလူက နွေဦးလေပြေပြဇာတ်ရုံရဲ့ပိုင်ရှင်ပါ။ လျှို့ဝှက်လမ်းကြောင်းတည်ရှိကြောင်းကို ဒီလူက သက်သေခံပေးနိုင်ပါတယ်”
ချန်ကျဲ့သည် သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူကြီးကို ရှေ့သို့တွန်းပို့လိုက်ရင်း ပြောခဲ့သည်။ ထိုလူသည် နွေဦးလေပြေပြဇာတ်ရုံ၏ ပိုင်ရှင်ဖြစ်သည်။
ထို့နောက် ချန်ကျဲ့သည် ဝဖိုင့်ဖိုင့်လူကြီးကို လက်ညှိုးထိုးလျက် ပြောသည်။
“သူဌေးဝမ်၊ အားလုံးကို လျှို့ဝှက်လမ်းအကြောင်း ပြောပြလိုက်ပါ”
ထိုအခါ သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်လူကြီးသည် ရုတ်ချည်းတုန်ယင်လျက် အထစ်ထစ်ဖြင့် ပြောလာသည်။
“အဲဒီ လျှို့ဝှက်လမ်းကြောင်းက အဆောက်အဦ စတင်ဆောက်လုပ်ချိန်ကတည်းက ရှိနေတာပါ။ အဆောက်အဦရဲ့အပြင်ဘက်မှာလည်း အဆောက်အဦထဲကို ဝင်နိုင်တဲ့ဝင်ပေါက်တစ်ခု ရှိပါတယ်”